သော်သော်လွင်တို့ မောင်နှမတွေကို ရုန်းကန်ကျွေးမွေး ခဲ့ရတယ် ဘယ်လောက် ရုန်းကန်ရ၊ ရုန်းကန်ရ၊ ဘယ်လောက်ပဲပင်ပန်း၊ ပင်ပန်း။ ဒေါ်ကြိုင်နှလုံးသားကို ဖိစီးနေတဲ့ အရာတစ်ခုကတော့ပျောက်ကွယ်မသွားခဲ့ဘူး။ အဲဒါကတော့ သော်သော်လွင်ဟာ သိုက်ကလာတာဆိုတဲ့အစွဲပဲ။ ဥစ္စာစောင့်ဆိုတာ လူ့ပြည်ကို ခဏတစ်ဖြုတ် အလည်လာရတာ။ သော်သော်လွင် လူ့ပြည်မှာ ဘယ်လောက်ပဲ ပျော်နေပျော်နေ အချိန်စေ့ရင် သိုက်ကို ပြန်သွားရမယ်။ သူ မပြန်ချင်လည်း သိုက်ကလာခေါ်မယ်ဆိုတာ ဒေါ်ကြိုင် စိတ်မှာ စွဲလန်းနေတယ်။ သော်သော်လွင် ကိုးနှစ်အရွယ်မှာ မရှိတဲ့ကြားက ကန်တော့ ပွဲပေးပြီး သိုက်ကြိုးဖြတ်ပေးခဲ့တယ်။နားလည် တတ်ကျွမ်းတဲ့ ပယောဂဆရာက ...

ဟာကွာ၊ မင်းဘာသိလို့လဲကွ၊ ဒီကောင်တွေကို လက်စားချေဖို့ ငါအကြံရလို့ပါကွ” “အကိုကြီး၊ ဟုတ်မှလဲလုပ်နော်၊ ဟိုလူတွေဆီမှာ ဓါးတွေ၊ လက်နက်တွေပါတာ အကိုကြီးတွေ့တယ်မဟုတ်လားဗျ” “ဒီလိုလူမိုက်နည်းနဲ့ လက်စားချေမှာမဟုတ်ပါဘူးကွာ၊ လူလိမ္မာနည်းနဲ့လက်စားချေမှာပါ” ကျုပ်လည်း အံ့အားသင့်သွားပြီး “ပြောစမ်းပါအုံးအကိုကြီးရာ” အကိုကြီးက လူတတ်ကြီးဂိုက်ဖမ်းရင်းနဲ့ “အလတ်ကောင်ရ၊ ဖဲရိုက်တယ်ဆိုတာ လောင်းကစားလုပ်တာပဲကွ၊ လောင်းကစားလုပ်တာ တရားဝင်သလား၊ တရားမဝင်ဘူးလား” “တရားမဝင်ဘူးလို့တော့ အဖေကပြောဖူးတယ်၊ ဒါပေမယ့် ရွာမှာလည်း ဖဲဝိုင်းတွေအများကြီးရှိတယ်မဟုတ်လား” “ဟာ၊ ဟေ့ကောင်၊ ဒါရွာမဟုတ်ဘူး၊ မြိုင်သာမြို့ကွ၊ ရွာမှာက ဖမ်းမယ့်ဆီးမယ့်သူမရှိပေမယ့် ဒီမှာက ဖမ်းမယ့်ဆီးမယ့် ရဲတွေရှိတယ်ကွ” အကိုကြီးပြောတာကို ...

ချောင်း၏ဘေးတဘက် တချက်စီတွင် အပင်မျိုးစုံနှင့် အုံ့ဆိုင်းနေလေသည်။ကျောက်တုံးကျောက်ခဲ ကြီများနှင့် နွယ်ပင်များက စည်သာချောင်းအား အလှဆင်ထားသည်။ သစ်ပင်ကြီးများ ဖြစ်သည့် ရေသဖန်းပင်အများဆုံး ပေါက်ရောက်သည်။ နွယ်ပင်မှတုတ်ခိုင်ကြီးမားသော နွယ်ကြိုးကြီး များသည်လည်း တပင်မှ တပင် တွယ်တန်းနေသောကြောင့် ဒန်းသဖွယ် ဖြစ်နေတော့သည်။ ” ဟေး……ပျော်လိုက်တာ။ ငါတို့ဒန်းစီးရတော့မယ်” မာလာသည် ပျော်ရွှင်စွာ အော်ဟစ်ရင်း နွယ်ပင်တန်းများဆီသို့ ပြေးလေသည်။ ”နန်းသီ …… ဒန်းသွားစီးကြမယ်။ငါလ ွှဲပေးမယ်။ ” သူငယ်ချင်း မလေးနှစ်ယောက်အား ဒန်းစီးစေပြီး ဒိုးညီမှ ဒိုင်ခံ လွှဲပေးနေတော့သည်။ ”ငါမစီးတော့ဘူးဒိုးညီ ...

ချိုင့်ထဲ နှိက်စားလို့ရလို့လား ပြော” “အေးကွ နည်းနည်းတော့ ခက်မယ် ဟ” “‌အဲ့တာကြောင့် အဘကို ဖက်နဲ့ကျွေးတာ အဘလက်ကြီးနဲ့ စိတ်ကြိုက်စားစမ်း ကျုပ်သာ ချိုင့်နဲ့ အဘကိုစားလို့ပေးရင် အဘ ချိုင့်ထဲကို လက်နှိက်ရတာ အဆင်မပြေ ထမင်းစားလို့ ကလည်း ဝသလို မဝသလို” “ကဲ ကဲ ကိုသာလိကာ  ငါဖက်နဲ့စားပါမယ်ကွာ ထမင်းထုပ်ဖြည်တော့ “ “အဘကိုထားတဲ့  ကျုပ်‌ေစတနာကို နားလည်စမ်းပါဗျာ “ “အေးပါ နားလည်ပါပြီ ဦးလေးဘိုးထင်ရယ် ထမင်းထည့်လာတာနဲ့တင် နားလည်ပါပြီကွာ” ဦးအုန်းသည် ‌ပြုံးရယ်ပြီး ...

ကြီးတော်ကြီး”     “ငါ့ကို ခေါ်တာလား”     “ဟုတ်တယ်လေ”    “နင်က ငါ့ကို သိလို့လား”    “သိတာပေါ့”    “ကဲ ဆိုစမ်းပါဦး ငါဘယ်သူတုန်း”     “ကြီးတော်ကြီးက ဒီရထားကြီးကိုပိုင်တဲ့လူကြီးရဲ့မိန်းမမဟုတ်လား”    “မဟုတ်တာ ဒီရထားက ဂါးဗားမန့်ပိုင် “    “ကြီးတော်ယောက်ျား ဦးဂါးဗားမန့်ကြီးက ဘယ်သွားလို့လဲ”     “အယ် ဒီကောင်လေး ရူးများသွားလားမသိဘူး”    “ဪ ကြီးတော်က ကြီးတော်ရဲ့လင်ပိုင်တာမို့ သုံးယောက်စာ ခုံကို တယောက်ထဲထိုင်နေတာ မဟုတ်ဘူးလား” ...

လိုက်သလို တစ်ဖြေးဖြေးကြီးထွားလာခဲ့ပြီး ဘေးမှာပေါက်နေတဲ့ ညောင်မုတ်ဆိတ်ပင်အရွယ်အစားလောက် ဖြစ်သွားခဲ့တယ်။ အောင်မြတ်သာကတော့ အဆမတန်ကြီးမားသွားတဲ့ ဘီလူးမဲကျော်ကို တစ်ချက်မျှသာ မော့ကြည့်လိုက်ပြီး အေးတိအေးစက်အနေအထားနဲ့ ရပ်နေခဲ့တယ်။ဘီလူးမဲကျော်လဲ သူ့ကို တစ်ချက်မှ ကြောက်ဟန်မပြတဲ့အောင်မြတ်သာကိုမြင်တော့ ဒေါသတွေအလိပ်လိုက်တက်လာခဲ့ပြီး ဘေးမှာပေါက်နေတဲ့ သရက်ပင်ပျိုတစ်ပင်ကို ဆွဲနှုတ်ကာ ရိုက်ချပါလေရော။ “ဝုန်း”ဆိုတဲ့အသံနဲ့အတူ သရက်ပင်အမြစ်က အောင်မြတ်သာနဲ့ထိပြီး မြေစာခဲတွေ ဖွာထွက်လာခဲ့တယ်။ ဘေးမှာရပ်နေတဲ့ သက်ခိုင်နဲ့တောက်ရကတော့ လွင့်ထွက်လာတဲ့ မြေစာခဲတွေမထိအောင် ဘေးလွတ်ရာကိုရှောင်ပြီးကြည့်လိုက်တော့ မြေစာခဲတွေဘေးမှာ မလှုပ်မယှက်ရပ်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။ ဘီလူးမဲကျော်ကလဲ သူရိုက်လိုက်တဲ့အချိန် သရက်ပင်အမြစ်နဲ့ထိပြီး စိစိညက်ညက်ကျေပြီ အထင်နဲ့ကြည့်လိုက်တော့ ယောဂီအင်္ကျီပေါ်မှာဖုန်မှုန့်တစ်စမျှပင်မကပ်ပဲ ရပ်မြဲရပ်နေတဲ့ ...

သွေးစုံ ကျေးငှက်သာရကာအပေါင်းမှာ ဘာသာဘာဝ မာဂဓတေးသွားများကို ဟစ်ကြွေးနေကြလေသည်။ “ဟင် … ရှေ့နားမှာ ဘာတွေ ကျနေပါလိမ့်” သစ်ရွက်ကြွေတွေ ဖြန့်ခင်းထားသော မြေပြင်ပေါ် ကတော့ ဒူးလေးတစ်လက်။ မြားဗူးသည် လဲကျလျက်ရှိပြီး ခြားဗူးထဲမှ အဆိပ်လူးထားဟန်တူသော မြားကံတွေက ပြန့်ကျဲလျက်နေသည် ။ “ကယ်.. တော်..မူ.. ကြ.. ပါ” အသံပေါ်ထွက်လာရာနေရာကို သိလိုက်ပေပြီး “ကျင်းထဲက အသံပဲ” သည့်အတွက် ကျင်းဝသို့ လျှောက်လှမ်းသွားလိုက် သည်။ ကျင်းဝရောက်တော့ အောက်ကို ငုံ့ကြည့်သည်။ ထိုင် နေသော လူတစ်ဦး။ ...

ခပ်နွမ်းနွမ်းအဝတ်တွေနဲ့လူနှစ်ယောက်ဟာ ကိုယ်စီလျှောက်လာခဲ့တယ်။ “စောထူး ဘယ်ကိုအရင်သွားမလည်း” “ဆယ်မောင် ငါအရက်သောက်ချင်တယ်ကွာ” အေးကွာ ဒါဆိုလည်း ချက်နီအရက်ဆိုင်ကိုသွားကျတာပေါ့….။ “ထွီး……ငတ်နေလို့လားမသိဘူးကွာတအားသောက်ချင်နေပြီ ချက်နီရေ တစ်လုံးလောက်ကွာမြန်မြန်လေးလာချပေးပါအုံး” စောထူးကအရက်မှာလိုက်တာကြောင့် ချက်နီလည်းအရက်လာချပေးလိုက်တယ်။ “ဆယ်မောင် ထောင်ကလည်းထွက်လာပြီမို့ ငါတို့ရှေ့ဘာဆက်လုပ်ကျမလည်းကွ” စောထူးရဲ့အမေးကြောင့်ဆယ်မောင်က “ငါကတော့ ဒီအလုပ်မလုပ်ချင်တော့ဘူးကွာ ငါမှာကညီမလေးရှိသေးတယ်” “ငါလည်းမင်းလိုပဲစဉ်းစားထားတယ်ကွ” “အေးကွာ တို့အတူ ကုန်ရောင်းကုန်ဝယ်လုပ်ကျတာပေါ့”…. စောထူးနဲ့ဆယ်မောင်လည်း ထိုသို့တိုင်ပင်ပြီး အချိန်လေးကရလာပြီမို့ ငွေရှင်းကာ အိမ်သို့ပြန်လာခဲ့လေတယ်။ ရွာရဲ့လမ်းခွတနေရာရောက်တော့ ပုခုံးဖက်ပြီးလာနေသော ဆိုးတူကောင်းဘက် သူငယ်ချင်းနှစ်ယောက်ကလမ်းခွဲကာ အိမ်သို့ကိုယ်စီလျှောက်လာခဲ့သည်။ “ကြာဖြူ ညီမလေး အကိုကြီးပြန်လာပြီ ညီမလေးရဲ့” ဆယ်‌မောင်လည်းညီမဖြစ်သူကိုအော်ခေါ်တာမရသောကြောင့် ...

လုပ်စရာရှိတာလုပ်လိုက်နှင့် အလုပ်ရှုပ်နေလေသည်။ “သမီးကြီး မအိပ်သေးဘူးလား ” “ဟုတ်မအိပ်သေးဘူးအမေ မနက်အတွက် အဆင်သင့်ဖြစ်အောင်လုပ်နေတာအမေရဲ့ ပြီးတော့အငယ်မကိုလည်းစောင့်ရင်းပေါ့” “အင်း ငါ့သမီးကြီးလည်းအတော့်ကိုပင်ပန်းနေပြီ နားရတယ်လို့ကိုမရှိဘူး” “သြော် အမေရယ် မပင်ပန်းပါဘူး ဘဝဆိုတာကတော့ဒီလိုပါပဲ” ထိုစဉ် “အမေ အမ သမီးပြန်လာပြီ” “အေးသမီးပြန်လာပြီလား စာတွေရော ရခဲ့လား” “ရခဲ့တယ် အမေ အမမအိပ်သေးဘူးလား” “အိပ်တော့မှာ အမက ညီမလေးကို စောင့်နေလို့မအိပ်သေးတာ” “ဟုတ်ဒါဆို ညီမလေး အိပ်နှင့်တော့မယ်နော်” “အေးအေး ” သားအမိ၃ယောက်အိပ်ရာဝင်ခဲ့ကြတော့သည်။ ပြည့်ပြည့်စုံစုံမနေနိုင်ပေမယ့် အခုလိုမိသားစုတွေ အတူတူနေရတာကိုပင် မမိစိုးအရမ်းပျော်နေမိတော့သည်။ ...

စကားပြောနေရင်းမောသွားဟန်တူတဲ့ပေါက်ကျော်က သက်ခိုင်ဘေးမှာချထားတဲ့ ရေဘူးထဲကရေကိုတစ်ကျိုက်မော့လိုက်ပြီး ” ကျုပ်ဖြင့် နတ်ရေတွင်းရေခမ်းတာတစ်သက်နဲ့တစ်ကိုယ်မကြုံခဲ့ဖူးဖူး” ” ရေတွင်းပဲဗျာ ခပ်တာများရင် ကုန်မှာပေါ့ ဒါမှမဟုတ်ရေထွက်ပေါက်ပိတ်သွားတာလဲဖြစ်မှာပေါ့” ” ခင်ဗျားပြောတဲ့အတိုင်းပဲကျုပ်တို့တွေးခဲ့ကြတယ် အဲဒါကြောင့် ကာလသားတွေက ရေတွင်းထဲကို ဆင်းပြီး ရေထွက်ပေါက်ပိတ်မပိတ်ကြည့်ခဲ့ကြတယ် ရေတွင်းထဲဆင်းတဲ့ ရွာသားတွေထဲက ကြက်ရိုးလို့ခေါ်တဲ့ကာလသားက ရေတွင်းအောက်ခြေမှာရှိတဲ့ ကြွေပြားတစ်ချပ်ကိုအပေါ်ဆယ်တင်လာခဲ့တယ် အဲဒီကြွေပြားပေါ်မှာရေးထားတဲ့အရာတွေက ကျုပ်တို့တစ်ခါမှမမြင်ဖူးတဲ့စာတွေအပြင် အတွန့်အကောက်တွေနဲ့ စာလုံးတွေလဲပါသေးတယ်” ” ဆက်ပြောပါဦး နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ” ” ကျုပ်တို့လဲရလာတဲ့ ကြွေပြားကို ရွာမှာအသက်အကြီးဆုံးဖြစ်တဲ့ အဖိုးရွှေခင်ဆီသွားပြကြတယ် အဖိုးရွှေခင်က ကြွေပြားကိုမြင်တော့ မင်းတို့ဒီရေတွင်းမှာရေဆက်မခပ်ကြနဲ့တော့လို့ပဲပြောတယ် ကျွန်တော်တို့ကလဲ ...