လက်တွေ့သင်ခန်းစာ

ချိုင့်ထဲ နှိက်စားလို့ရလို့လား ပြော”

“အေးကွ နည်းနည်းတော့ ခက်မယ် ဟ”

“‌အဲ့တာကြောင့် အဘကို ဖက်နဲ့ကျွေးတာ အဘလက်ကြီးနဲ့ စိတ်ကြိုက်စားစမ်း ကျုပ်သာ ချိုင့်နဲ့ အဘကိုစားလို့ပေးရင် အဘ ချိုင့်ထဲကို လက်နှိက်ရတာ အဆင်မပြေ ထမင်းစားလို့ ကလည်း ဝသလို မဝသလို”

“ကဲ ကဲ ကိုသာလိကာ  ငါဖက်နဲ့စားပါမယ်ကွာ ထမင်းထုပ်ဖြည်တော့ “

“အဘကိုထားတဲ့  ကျုပ်‌ေစတနာကို နားလည်စမ်းပါဗျာ “

“အေးပါ နားလည်ပါပြီ ဦးလေးဘိုးထင်ရယ် ထမင်းထည့်လာတာနဲ့တင် နားလည်ပါပြီကွာ”

ဦးအုန်းသည် ‌ပြုံးရယ်ပြီး မောင်ဘိုးထင်ကို ဦးလေးလို့ရွဲ့ခေါ်လိုက်‌လေတော့သည် ၊ မောင်ဘိုးထင်ကာ ထမင်းထုပ်ကို  ဖြည်ပြီး ဦးအုန်းအား ကမ်းပေးလိုက်ကာ  စစ်သုံးရေဘူးလေးမှ ရေများဖြစ်လက်ကို လောင်းချပေးလိုက်သည်  ထို့နောက်သူလည်း လက်ဆေးပြီး ဟန်းကောချိုင့်ကို ဖွင့်ကာ အတွင်းမှ ငှက်သားဟင်းကို ဦးအုန်း၏  ဖက်ထည့်မှာ ထည့်‌ထားသော ထမင်းများအပေါ်တင်ပေးလိုက်၏ ထိုအခါ ဦးအုန်းက

“မင်းလည်း အမဲသားဟင်းယူလေကွာ “

“အဘ အိမ်ရောက်ကတည်းက ကျုပ်အမဲသား ကြိုက်တဲ့သူတောင် အမဲသားမစားချင်တော့ဘူး “

“အေး ငါက အမဲသားက မဝယ်လို့မရဘူးလေကွာ “

“အင်းသိပါတယ် စားအဘ “

သူတို့ထမင်းစားလို့ပြီး ပြီဖြစ်သည်  ဦးအုန်းသည် ညောင်ပင်အောက်မှ  လှဲနေသည် ၊ မောင်ဘိုးထင်သည်က ညောင်ပင်ပေါ်မှ တွယ်တက်နေသော နွယ်ပင်များသည်  ပုခက်လို့ဖြစ်နေရာ ထိုအပေါ်သို့တက်အိပ်နေရင်း ညောင်ပင်အောက်မှလှဲနေသော ဦးအုန်းအားစကားလှမ်းပြောလိုက်သည်

“အဘ အပေါ်တက်ခဲ့ပါလား ဇိမ်ပဲဗျ ပုခက်စီးနေရသလိုပဲ “

“ရပါပြီငါ့ကောင်ရ မတက်ပါရ‌ေစနဲ့ “

“အင်း အသက်ကြီးလာတာမကောင်းဘူးလို့လူကြီးတွေပြောကြတာ အဘကြည့်ပြီးမှ သတိထားမိတော့တယ် “

ဦးအုန်း မှိတ်ထားသောမျက်လုံး ဖွင့်လိုက်ပြီး အပေါ်မှ မောင်ဘိုးထင်ကို ကြည့်လိုက်သည် ၊ မောင်ဘိုးထင်သည်လည်း သူ့အား ငဲ့စောင်းကြည့်ရင်းစကားပြောနေချင်းပင်၊ ယခုလည်းမောင်ဘိုးထင် ဆက်ပြီးစကားဆိုလာသည်

“အဘ ကျုပ်မသိလိာ့ တခုမေးမယ်နော် “

“မေးလေ ကွာ “

“အဘ ကျနော်လည်း အောက်လမ်းဖြစ်ပြီလား “

“ပညာတော့ မသင်ရသေးပေမဲ့ ဖြစ်ပြီလို့ပြောပါတော့ မင်းက ငါ့တပည်လေ “

“,ကျုပ်ကြားဖူးတာတော့ အောက်လမ်းတွေက ညစ်ပတ်တယ်တဲ့ ရေလည်း မချိူးဘူးပြောတယ်ကျုပ်တို့ကတော့ သန့်နေပါလား “

“ဟားးး မင်းပြောမှငါလည်းသတိထားမိတော့တယ် ညစ်ပတ်ပြီး စုတ်ပြတ်နေမှ အောက်လမ်းမဟုတ်ဘူးကွ “

“ဘယ်လိုမှအောက်လမ်းလည် “

“အဖြူ နဲ့ အမဲ ရှိတယ်ကွာ ငါတို့က အမဲတွေ နောက်ထပ်လူတွေက အဖြူတွေ “

“ဘယ်သူတွေလဲ အဘ “

“အထက်လမ်းတွေပေါ့ကွာ “

“ငါတို့မှာက သီလမရှိဘူး သိူ့ပေမဲ့ ကျင့်ဝတ်တော့ထားလို့ရတယ် မင်းဘာဘာသာကိုးကွယ်လဲ ကောင်လေး “

“ဘုရားအိုးစင် ကျုပ်ရွာက အိမ်မယ် ရှိ‌တယ်ဆိုတော့ ဘုရားကိုးကွယ်တယ်ထင်တယ်ဗျ”

မောင်ဘိုးထင်  စကားပြောလို့ပြီးသောအခါ ဦးအုန်းသည် ငုတ်တုပ် ပြန်ထိုင်လိုက်ပြီး ။

“ဘုရားလမ်းစဉ်နဲ့ ပြောင်းပြန်ဆန့်ကျင်ပြီး လုပ်နေလို့ အောက်လမ်းလို့ခေါ်တာ ကောင်လေး “

“ဘုရားလမ်းစဉ်က ဘာလဲအဘ “

“ငါလည်း မသိပါဘူးကွာ ထားလိုက် အဲ့တာတွေက တို့နဲ့ လားလားမျှမဆိုင်ဘူး  တခုရှိတာက အောက်လမ်းဆိုပေမဲ့ အကုန်လုံးမကောင်တဲ့သူမဟုတ်ဘူးကွ ဝါသနာကြောင့် အောက်လမ်းဖြစ်နေပေမဲ့ အကျင့်ကောင်းတဲ့သူတွေရှိပါတယ် “

“အဘ လိုလားဗျ”

“ဟ  ငါက ဘာအကျင့်ကောင်းလို့လဲဟ”

“အဘသာ အကျင့်မကောင်းရင် ကျုပ်ခုလို ကောင်းကောင်းနေ ကောင်းကောင်း မစားရပါဘူးဗျာ “

ဦးအုန်းသည် မောင်ဘိုးထင်ကို လှမ်းကြည်လိုက်သည် ၊ အမှန်တကယ်ကို သူအားကျေးဇူးတင်နေသော မျက်နှာဖြစ်စကားပြောနေလေရာ သူ၏ စိတ်ထဲတွင် အတော်ပင် ကျေနပ်နေမိသည်၊ ထိုနောက် ဦးအုန်းသည်

“ကောင်လေး ခဏ မှေးလိုက်ကွာ ပြီးရင် ခရီးဆက်ကြ‌ရအောင်လို့ “

“ဟုတ်ကဲ့ အဘ”

မောင်ဘိုးထင်သည် ဦးအုန်း၏ စကားဆုံးသည် နှင့် ပုခက်လိုဖြစ်နေသော နွယ်များပေါ်‌မျက်လုံးကို မှိတ်ပြီး မှေးလိုက်သည်။ မလှမ်းမကမ်းမှ ဥဩငှက်သံလေးက လွမ်းမောဖွယ် ထွက်ပေါ်လာ၏ ၊ မောင်ဘိုးထင် တက်ပြီးအိပ်နေသော ပုခက်ပုံစံ နွယ်လေးများက တဖြည်းဖြည်း ပုခက် လွှဲသည့်အလား လှုပ်ရမ်းလာ‌ေလေသည်  မောင်ဘိုးထင်လည်း အိပ်ပျော်လို့သွားပြီဖြစ်သည် ၊ ညောင်ပင်အောက်တွင်ထိုင်နေသော ဦးအုန်းမှ မောင်ဘိုးထင် အိပ်နေသော နွယ်များကို လှုပ်ရမ်းပေးနေသော သူအား သေချာမြင်နေရသည် ၊  နနွမ်းများလိမ်းကျံထားပြီး ဆံပင်ဖားလျားချထားသည် ။  ဝင်းဝါနေသော မျက်နှာ၌ရှိ‌ေသာ မျက်လုံးမဲမဲများမှလည်း မျက်ရည်ဟု ထင်ရ‌ေသာ အမဲရောင်အရည်များကျနေပါလေတော့သည်။

▪️အခန်း-၂

ဦးအုန်း နှင့် မောင်ဘိုးထင် ခရီးဆက်လာကြသည် မှာ ညနေအချိန်သို့ပင် ရောက်လာပြီဖြစ်သည်၊ မကြာသော အချိန်တွင်တော့ သစ်စိမ့် ရွာ နှင့် အင်ကြင်းရွာကို သွားရသည့် လမ်းခွဲလေးသို့‌ေရာက်သောအခါ  ဦးအုန်းသည် ‌ရှေ့မှမောင်ဘိုးထင်အား

“ကောင်လေး မင်းရွာဝင်ဦးမှာလား “

မောင်ဘိုးထင် ခဏရပ်လိုက်သည် ၊ အချိန်သည်က ညနေစောင်းနေပြီဖြစ်၏ ထို့နောက် ခေတ္တစဉ်းစားကာ

“ဝင်လို့ အဆင်ပြေမယ်ဆိုရင်တော့ ခဏတော့ ဝင်ချင်သား အဘ “

“ရပါတယ် ကွာ ကဲကဲ သွားကြတာပေါ့ “,

ဦးအုန်း နှင့် မောင်ဘိုးထင် ရွာထဲဝင်လာသည် ရွာထဲ ရောက်သောအခါ တချို့သူများက မောင်ဘိုးထင်ကို နုတ်ဆက်ကြသလို တချို့သူများက မသိကျိုးကျွန်ပြုသွားကြသည် ၊ ထို့နောက် မောင်ဘိုးထင်သည် ဦးအုန်းအားလှည့်ပြီးစကာဆိုလိုက်ပြန်သည်

“အဘ ကျနော် အရက်ဆိုင်ခဏဝင်ချင်တယ်ဗျာ “

“ဟာ ကောင်လေး ငါအခုတ‌ေလာ အရက်မသောက်ဘူးကွ “

“အဘကို တိုက်မှာလည်းမဟုတ်ပါဘူ ဗျာ ကျနော့် ကို ငွေတဆယ်လောက် ပေးပါလား “

“အေးအေး ရတယ်ရတယ် “

မောင်ဘိုးထင်တောင်းသောငွေအား ဦးအုန်း မဆိုင်းမတွ ထုတ်ပေးလိုက်သည် ၊ ခဏ မျှလမ်းလျှောက်ပြီးချိန် တွင် သစ်းစိမ့်ရွာရှိ ကိုစိုးကြီး အရက်ဆိုင်သို့ရောက်လာ၏ ၊ဆိုင်ထဲမှ အရက်ချိန်ထည့်နေသော ကိုစိုးကြီးသည် မောင်ဘိုးထင်ကို မြင်သော အခါ

“ဘိုးထင် ရွာ အလည်လာတာလားဟ ဒီမှာ အိပ်မယ် ဆို ငါ့ဆီမှာ ထမင်းလာစားကွာ “

“အလည်လာတာ မဟုတ်ဘူးဗျ လမ်းကြုံလို့ဝင်လာတာ ကျုပ်ကို တပုလင်းပေးစမ်းပါဦး ရော့ ငွေ “

“အေးအေး မင်းက အရက်သောက်တက်နေတာလား “

“မဟုတ်ပါဘူး ဗျာ ကျုပ်အိမ်ခဏ ပြန်မလို့  အဖေအတွက် ဝယ်တာပါ”

“အဲ့လိုဆိုရင်တော့ ငါည သွားပို့စရာမလိုတော့ဘူးပေါ့ မင်းအဖေက ငါ့ကို ငွေပေးထားတာ ညနေတိုင်း တလုံး အမြဲသွားပို့ပေးရတယ် ဟေ့”

“အေးဗျာ ကျုပ်သွားဦးမယ် ဦးစိုးကြီး ရေ အင်ကြင်းရွာကိုလည်း သွားရဦးမှာမို့ဗျ “

“အေးအေး သွားသွား”

“မောင်ဘိုးထင်သည် အရက်ပုလင်းကို ယူကာ ဆိုင်ထဲမှ ထွက်လာပြီး ဆိုင်ဝတွင် စောင့်နေသော ဦးအုန်းကို ခေါ်ကာ သူ၏ အိမ်သို့ ခြေဦးလှည့်လိုက်ပါ‌ေတာ့သည် ။

▪️အခန်း-၃

မောင်ဘိုးထင် နှင့် ဦးအုန်း တို့နှစ်ယောက် မောင်ဘိုးထင်နေအိမ်သို့ရောက်လာပြီဖြစ်သည် အိမ်ရှေ့ကွပ်ပျစ်တွင်တော့ မောင်ဘိုးထင်၏ ဖခင် ဦးကောင်း အရက်တပုလင်းနှင့် အရက်ကိုဇိမ်ခံသောက်နေသည် မျက်နှာသည်ကလည်း ပွယောင်နေပြီဖြစ်သည် ၊ ဦးကောင်းသည် အိမ်ဝိုင်းထဲ ဝင်လာသော မောင်ဘိုးထင်အားတွေ့သောအခါ

“ဟ ဂြိုလ်ကောင်လေး မင်းဘာလုပ်တာလဲ အလုပ်မလုပ်ချင်လို့ပြန်ပြေးလာတာလား အဲ့လိုလုပ်ရင် မင်းငါ့အကြောင်းသိတယ်နော် “

“မဟုတ်ပါဘူးဗျာ ကျုပ်လမ်းကြုံလို့ ဝင်လာတာပါ ‌ ဒီမှာ ကျုပ်အလုပ်ရှင် ဦးအုန်းနဲ့ တူတူလာတာပါ “

“ဟုတ်လား လာ လာ ထိုင်ပါဗျာ”

ဦးကောင်းသည်  မောင်ဘိုးထင်၏ အလုပ်ရှင်ဟုပြောစကားကြောင့်  သူနှင့် မလှမ်းမကမ်းတွင်ရပ်နေသော  ဦးအုန်းအား လောကွပ်ပြုလိုက်သည်၊ ဦးအုန်းသည် ကွပ်ပျစ်လေးတွင်ထိုင်လိုက်သည် မောင်ဘိုးထင်သည်လည်း ဝယ်လာသော အရက်ပုလင်းကို ဦးကောင်းရှေ့တွင် ချလိုက်ပြီး

“ကျုပ်  အရက်ဝယ်လာတယ် “

“ဂြိုလ်ကောင်လေးက အလိုက်သိသားပဲ ကောင်းတယ်ကွာ “

မောင်ဘိုးထင်ဘာမှပြန်မပြောပေ ၊ ထို့‌‌ေနာက် ဦးအုန်းသည် အရက်ရီဝေမူးနေသော ဦးကောင်းကိုကြည့်ကာ

“မင်းဘာအလုပ် လုပ်လဲ “

“အခုတော့ ဘာမှမလုပ်ဘူး အမဲလေး ဝက်လေးဖော်ရင် တော့ အမဲဖျက်ကူတယ် ဝက်ဖော်ကူတယ်ပေါ့ဗျာ “

“ဒါနဲ့ မင်းသားကို ဘာလို့ ဂြိုလ်ကောင်လေးလို့‌ေခါ်တာလဲကွ “

“ကျုပ်‌မိန်းမသေရတာ သူ့ကြောင့်ဗျ “

ဦးအုန်း ပြုံးလိုက်သည် ထိုနောက် ဦးကောင်းအား စေ့စေ့ကြည့်ကာ

“မင်း ဆုံးရှုံးရတာက မင်းမိန်းမကွာ မင်းသား ဘိုးထင် ဆုံးရှုံးရတာက သူအမေ အပြစ်တင်ရမှာက မင်းကို သူကအပြစ်တင်ရမှာ “

“ဘာဆိုင်လဲ ဗျာ ကျုပ်ချစ်ရတဲ့ မိန်းမဆုံးတာ ကျုပ်ဒီလို အရက်သမား လုံးလုံးဘဝ ရောက်တာ အဲ့ဒီဂြိုလ်‌ေကာင်ကြောင့် “

“လူဖျင်းစကားတွေလာပြောနေပါလား မိန်းမဆို‌ မရှိ‌ေတာ့ရင် နောက်တယောက်ယူရင် မိန်းမ ပဲ‌ေလ ကွ  ဘိုးထင် ဆုံးပါးသွားတဲ့ သူ့အမေနေရာ မင်းပြန်ရှာပြီး အစားထိုးပေးစမ်း ရလား  ရရင်တောင် အမေ လို့မခေါ်တော့ဘူး မိထွေး လို့ပဲခေါ်တယ် “

ဦးအုန်း၏ ၏စကားများကို ဦးကောင်း မည်သို့သော ခွန်းတုန့်ပြန်မှု့မှ မလုပ်ပေ ထိာအခါ ဦးအုန်းဆက်ပြီး စကားဆိုလိုက်သည်

“ဟေ့ကောင် ငါပြောရဦးမယ် မင်းမိန်းမ သေလို့ နောက်ထပ် မိန်းမ ထပ်ယူရင် မိန်းမ ရတယ်လို့ပဲခေါ်တယ်ကွာ အလွန်ဆုံးခေါ် နောက်မိန်းမ မင်းသား ဘိုးထင် အမေသေလို့ မင်းက နောက်ထပ်မိန်းမ ထပ်ယူ ရင် နောက်အမေ လို့ ဘယ်သူမှ မခေါ်ကြဘူးကွ ၊ အစားထိုးလို့ မရတဲ့ ဆုံးရှံးမှုကို ကြုံခဲ့တဲ့ ငါ့ကောင်လေး ဘိုထင်က မင်းတို့ကို အပြစ်မတင်ရပဲ နောက်ထပ်အစားထိုးလို့ရတဲ့ မိန်းမ အခန့်မသင့်လိုသေတာကို မင်းက ငါ့ကောင်လေးကို ဂြိုလ်ကောင်လေးတဲ့လား  တော်တော် တရားကျဖို့ကောင်းတဲ့ကောင်တွေ ကွာ  “

ဉီးအုန်း၏ စကားကို ဦးကောင်းမည်သို့မှ ပြန်မပြောနိုင်ပေ ၊ ထိုအခါမှ ဦးအုန်းသည် မောင်ဘိုးထင်ကို သွားရအောင်ဆိုသည့်သဘော နှင့် မျက်စာပြစ်ပြလိုက်ပြီး ဦးကောင်း နှင့် သူ၏ အိမ်ကို ချန်ခဲ့ ကာ အင်ကြင်းရွာသို့ ခရီးဆက်လိုက်တော့သည်၊ ဦးကောင်းသည်က အရက်ပုလင်းကိုကိုင်ပြီး အိမ်ဝိုင်းထဲ မှ ထွက်ခွာသွားသော မောင်ဘိုးထင်အား ငေးကြည့်နေပါလေတော့သည်။

▪️အခန်း

ဦးအုန်း နှင့် မောင်ဘိုးထင် သစ်စိမ့်ရွာမှ ထွက်လာရာ  မိုးပင်အတော် ချုပ်နေပြီဖြစ်သည် ၊ ဦးအုန်း သည် မည်သည့်စကားမှမပြောပဲ ငြိမ်ချက်သားကောင်းနေသော မောင်ဘိုးထင်အား စကားဆိုလာသည်

“ကောင်လေး ငြိမ်လှချည်လားကွ “

“အဘအခုဏ က ကျုပ်အဖေကို ပြောသွားတဲ့စကားတွေကိုကြားပြီး အမေ့ကို အမှတ်ရလို့ပါ”

“အေးကွာ ငါနားလည်းပါတယ် ဒါပေမဲ့ မင်းအဖေက လွန်တယ်ကွာ “,

“ကျုပ်လည်းသိပါတယ် ဒါပေမဲ့ အမေ့ကို အတော်ချစ်တာပဲဆိုတဲ့ အတွေးနဲ့ ကျုပ် သူပြောတာ လုပ်တာတွေကို ဘာမှပြန်မပြောပဲ ကျေနပ်နေတာပါ အဘ ရာ”

“အော် မင်းအမေကို မင်းတော်တော် ချစ်သားကို “,

“ချစ်တာပေါ့ဗျ နေ့ခင်းက ညောင်ပင်အောက်အိပ်တုန်းကတောင် ကျုပ်အိပ်မက်မက်သေးတယ်  “

“ဘယ်လို မက်တာလဲ ကွ ပြောစမ်းပါဦး “

“ကျုပ်အိပ်မက်ထဲမှ ကျုပ်က ကလေးဗျ ပုခက်ထဲမှာ အိပ်နေတာ အမေက ကျုပ်အိပ်နေတဲ့ ပုခက်ကို ပြုံးကြည့်ပြီး လွှဲပေးနေတာ ကျုပ်က ကလေးသာဖြစ်တာ ပျော်နေတာ”

မောင်ဘိုးထင်သည် ပြုံးရွှင်ပြီးစကားပြောနေရာ ဦးအုန်းသည်လည်း ပြုံးပြီးနားထောင်ရင်း

“ကောင်လေး မင်းဗိုက်ဆာပြီလား “

“မဆာသေးဘူး အဘ “

“ငါတို့ အင်ကြင်းရွာက ဖုတ်ဝင်နေတဲ့ သူကို ဖုတ်ထုတ်ဖို့ သရဲတကောင်လိုတယ်ကွ “

“ဘယ်မှာ သွားရှာရမှယလဲအဘ “

“သရဲဆိုပေမဲ့ ကမ္မဇိန္ဓိ ကြီးတဲ့ ကောင်ကိုလိုချင်တာ “

“အဲ့တာဆို ကျုပ်တို့ ရွာသင်္ချိုင်းမှာရှိလောက်တယ် အဘ “

“သွားကြတာပေါ့ကွာ  “

ဦးအုန်းနှင့်  မောင်ဘိုးထင်လည်း သစ်စိမ့် ရွာ၏ သင်္ချိုင်းသို့ ထွက်ခွာသွားကြပါလေတော့သည်။

▪️အခန်း-၄

မောင်ဘိုးထင်သည် သူအမြဲထိုင်နေကြ အုတ်ဂူ‌ေပါ်ထိုင်လိုက်သည် ၊  အမှောင်ထုကြီးဆိုးသော ဒေသများဖြစ်သည့်အတွက် လရောင်က အင်မတန်ထွန်းလင်းနေသယောင် အေးမြသော လ၏အလင်းအရောင်နှင့် အတူ လေနုအေးလေးများ တိုက်ခက်‌ေနသောကြောင့် တိတ်ဆိတ်နေသော သင်္ချိုင်းသည် ဦးအုန်း နှင့် မောင်ဘိုးထင်အဖို့ နေလို့ပင်ကောင်သည်ဟုထင်နေသည်။

“အေးပြီး နေလို့ကောင်းလိုက်တာအဘရာ “

“အေးကွ ရွာထဲက လူတွေက ဘုရားရိပ်တရားရိပ်နေရတာ အေးချမ်းလိုက်တာလို့ပြောဘူးတယ် ငါလည်းသေချာမသိပါဘူးကွာ ဒါပေမဲ့ အခု သင်္ချိုင်းအရိပ်ပိုအေးချမ်းပြီးနေလို့ကောင်းတယ်ဆိုတာ အဲ့လူတွေ မသိခို့ဖြစ်မယ် “

“အဘက ပြောတော့မယ် ဗျာ  ဘယ်ချိန်သရဲ ဖမ်းမှာလဲ သင်ပြဦးဗျ”

“သင်ရတာ မခက်ခဲပါဘူး မင်းဆို ပိုမခက်တယ် မင်းလိုကြောက်ရလန့်ရမှန်းမသိတဲ့ကောင်က ဘာမှတောင် သိပ်သင်စရာမလိုဘူး မင်းကို ဆေးမှင်ကြောင်ထိုးတဲ့ အတက်နဲ့ မန္တန်အတက်ကတော့  နောက်မှ တဖြည်းဖြည်းသင်မယ် “

“ဟုတ်ကဲ့အဘ”

ဦးအုန်းသည် အုတ်ဂူပေါ် ခြေလွှဲချထိုင်လိုက်ပြီးနောက် မောင်ဘိုးထင်ကို ကြည့်ကာ

“အခုက သရဲ ဖမ်းတာမဟုတ်ဘူးကွ မွေးမှာ အရင်ငါလာတာက ဖမ်းတာ ကိုယ်တိုက်ချင်တဲ့ အိမ်ကို သရဲရဲ့ စိတ်စွဲလန်းဖူးတဲ့ အရာတွေကို ယူပြီး သွားမြှုပ်တာပေါ့ကွာ ပြီးတော့ အဲ့မှာရှိစေတာပဲ ဒေါသထွက်နေတဲ့ သရဲတွေက အဲ့အိမ်မှာခြောက်လှန့်ပေါ့ကွာ “

“အင်း သဘောပေါက်ပြီအဘ ခုဟာက မွေးမှာလား “

“ဟုတ်တယ် ငါတို့သူ့ကို ကျွေးမွေးပြီး နေရာတနေရာ ပေးထားမယ် လိုအပ်ရင် ခိုင်းမယ်ပေါ့ကွာ “,

“ဟုတ်ကဲ့အဘ “

“ကဲကဲ လူလေး သရဲရွေးပွဲလေးစလိုက်ရတာပေါ့ “

“နေဦးအဘ သူများတွေပြောတဲ့ သင်္ချိုင်းစောင့် မဖဲဝါဆိုတာကြီးနဲ့တွေ့ရဦးမှာလား “

“သင်္ချိုင်းတွေဒီလောက်များတာ မဖဲဝါ ဘယ်သင်္ချိုင်းနေလဲတောင်မသိဘူး ခေါ်ရင်တော့လာမှာပေါ့”,

“ဟုတ်လားအဘ လာရင်လည်း သူပဲဖမ်းသွားမလားလို့ ကျုပ်တွေးနေတာ “

မောင်ဘိုးထင်၏ စကားကြောင့် ဦးအုန်း မျက်လုံးပြုးကာ မောင်ဘိုးထင်အား  ကြည့်လိုက်သည်၊ မောင်ဘိုးထင်သည် အုတ်ဂူပေါ် ခြေထောက်အောက်သို့ လွှဲချထိုင်နေပါသည်၊ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်အား

“ကောင်လေး သရဲ တစ္ဆေတွေကို မွေးတော့မယ်ဆို ကတိတည်ရတယ် အဲ့ကောင်တွေက လူတွေလိုမဟုတ်ဘူး ကျွေးမယ်ဆိုကျွေးရတယ် နေပါဦး နောက်နေ့မှ လို့ပြောမရဘူး အဲ့တော့ ကတိမပေးခင် သေချာစဉ်းစားရမယ် ဖြစ်နိုင်၏ မဖြစ်နိုင်၏ပေါ့ “

“ဟုတ်အဘ “

“ပြီးတော့ သရဲမွေးတယ်ဆိုရာ မှာ ကမ္မဇိန္ဓိ အားကောင်းတဲ့ ကောင်တွေကို ရွေးမွေးရမယ် “

“အဘ ပြောတဲ့ ကမ္မဇိန္ဓိဆိုတာ ဘာကြီးလဲဗျ”

“တန်ခိုး စွမ်းအားပေါ့ကွာ ငါတို့က အားကြီးတဲ့ သရဲကိုမွေးနိုင်လေ ငါတို့ လုပ်ငန်းစောင်တာတွေ ပိုပြီးအောင်မြင်လေကွ”

“အဘပြောမှ သရဲတွေကို လက်ဝှေ့ပွဲလုပ်‌ေပးပြီး ရွေးခိုင်းရမလိုပဲ”,

“လုပ်ရမှာကွာ အဲ့လိုရွေးရမှာ “

“ဗျာ “

ဦးအုန်း၏  စကားကြောင့် မောင်ဘိုးထင် ကြောင်အမ်းအမ်းဖြစ်သွားရသည် ။ မောင်ဘိုးထင် ဖြစ်ပျက်သွားသည်ကို သဘောကျနေသော ဦးအုန်းမှ ဆက်ပြီး စကာဆိုလိုက်သည်

“ဒီလိုကောင်လေးရ  ဒီမှာ ရှိတဲ့ သရဲ သဘက် တစ္ဆေ  ပြိတ္တာ  မြေဖုတ်  အသူရကယ် ဆိုပြီး အများသားရှိလိမ့်မယ် ငါတို့က အဲ့ထဲက ဘယ်အမျိုးအစားကို မွေးရမလဲ အရင်တွေးရမယ် သရဲ ကိုအများဆုံးမွေးပါတယ် နိုင်နိုင်နင်းနင်းပေါ့ “

“ဟုတ်အဘ “

“အဲ့တော့ ဒီဝန်းကျင်က သရဲတွေကို ငါတို့ တက်နိုင်တာနဲ့ ကမ်းလှမ်းရမယ် ဘယ်နှစ်ရက် အမဲသား ဘယ်လောက်ကျွေးမယ် ဘာညာပေါ့ကွာ “

“ဟုတ်အဘ “

“အဲ့ အချိန်  နှစ်ကောင်လာရင်လာမယ် ဆယ်ကောင်လာရင်လာမယ် ကွာ အဲ့ကောင်တွေ အချင်းချင်းလုံးခိုင်း နောက်ဆုံး ဗိုလ်ရတဲ့ကောင်ကို ခေါ်မှာ “

” အဘ သရဲရွေးတာ ကျုပ်တောင်သဘောကျလာပြီး ဒိုင်တွေဘာတွေ လိုသေးလားအဘ “

“လိုတာပေါ့ ကွာ အခုမင်းနဲ့ငါက ဒိုင် ပဲ ပေါ့ကွာ”

“ကောင်းလိုက်တာအဘရာ “

ကြောက်ရွံ့မှုကင်းမဲ့စွာ အားရပါးရ စကားပြောနေသော တပည်ဖြစ်သူ မောင်ဘိုးထင်ကိုကြည့်ပြီး ဦးအုန်း သဘောကျနေသည် ၊ တပည်ရွေးတာ မှန်ကန်သည်ဟုလည်း တွေးနေပါလေတော့သည် ။

▪️အခန်း-၅

အုတ်ခုံ‌ေ‌ပါတွင် မောင်ဘိုး ထင်နှင့် ဦးအုန်း ထိုင်နေသည်။  လရောင်လင်းနေသော ‌အုတ်ဂုရှေ့မြေကွပ်လပ်ကို အာရုံစိုက်နေသည် ၊ ထိုနောက့် ဦးအုန်းသည် မန္တန်တခုကို ရွတ်လိုက်ပြီးနောက်

“ကဲ ဒီသင်္ချိုင်းမှာရှိတဲ့ သရဲအပေါင်းတို့ ကျုပ် အောက်လမ်းဆရာဦးအုန်းဖိတ်ခေါ်ပါတယ် သင်တို့ထဲက တဦးကို ငါ နဲ့ ငါ့တပည် ဘိုးထင် မွေးချင်ပါတယ်  ငါတို့ ခိုင်းတဲ့ လုပ်ငန်းအချို့ကိုလုပ်ပေးရပါမယ် အဖို့အခအနေနဲ့ ဆယ်ရက်ကို တကြိမ် အမဲသာ နှစ်ပိဿာကျွေးပါမယ်  ငါတို့ပြောတာလက်ခံရင် ငါတို့ရှေ့လာခဲ့ကြ”

ဦးအုန်း၏ စကားဆုံးသည်နှင့် လသည် တိမ်တိုက်အချို့ကို ထဲဝင်သွားပြီးမှောင်မဲသွာ၏ ထိုနောက် တိမ်တိုက်များကင်းစင်သွားချိန် လရောင်၏အလင်းရောင်ပြန်ပေါ်လာသည်  ၊ပြန်ပေါ်လာသော‌လရောင် အောက်တွင်တော့ ပုံသဏ္ဍန်စုံလှသော သရဲလေးကောင်ရောက်နေ၏ ထိုသရဲများကို ဦးအုန်းသေချာကြည့်လိုက်ပြီး မောင်ဘိုးထင်ဘက်လှည့်ကာ

“ကောင်လေး ငါသရဲ‌ေတွနာမည်တွေမေးမယ် မင်းမှတ်ထားဦး”

“ဟိုအစွန်က သရဲနာမည်က ငနက်အဘရ”

“ဟာ မင်းကသိတာလား “

“သိတယ်လေ အဲ့သရဲ ကျုပ်ဆီက အမဲသားတောင်းစားတာ “

“တခုသတိထား ကောင်လေး သရဲတွေ တစ္ဆေတွေနဲ့ စကားပြောရင် ငါလို့ပဲပြော ကျုပ်တို့ ကျနော် တို့နဲ့ မပြောနဲ့ ကြားလား ငါတို့က သူတို့ကို အပေါ်က ဆက်ဆံရမယ် သူတို့က ဆင်တွေကိုထိန်းရသလိုပဲကွ သတိတော့ထားရမယ် ကြားလား “

“ဟုတ်အဘ”

ဦးအုန်းသည် မောင်ဘိုးထင်အား တိုးတိုးပြောပြီးနောက်

“အခု ငါတို့ရှေ့ရောက်လာတာ ဘယ်သူတွေလဲ နာမည်ပြောကြစမ်း ဟို ကောင်”

ဦးအုန်းသည် အစွန်ဆံုးမှ သရဲကောင်ကစပြီး သရဲတကောင်ချင်းကို လက်ညှိုးထိုးပြီးမေးလိုက်သည်

“ဟိုကောင် နာမည်”

“ငနက်”

“မင်းနာမည်”

“စံပ”

“မင်းကော”

“ငတွက်”

“ဟိုကောင် “

“စိတ်တ”

‌”အေးအေး ကောင်းပြီ နင်တို့ နဘန်းလုံးရမယ်  နိုင်တဲ့ကောင် အချင်းချင်း ထပ်ချရမယ် ကြားလား “

ဦးအုန်းသည် သရဲများကို သေချာကြည့်ပြီး‌‌ေနာက် မောင်ဘိုးထင်ဘက်လှည့်ကာ

“ကောင်လေး ဘယ်ကောင် နဲ့ ဘယ်ကောင်ချခိုင်းရမလဲ “

“ကျုပ်ကတော့ ငနက်ကိုတန်းခေါ်ချင်တာ ဗျ”

“ရမလားကွ ပိုအားကြီးတဲ့ ကောင်ခေါ်ရမှ ဒါစည်းကမ်းပဲ မင်းဒိုင်ဖြစ်ပြီး မညစ်နဲ့ကောင်လေး “

“ကျုပ်ကပြောကြည့်တာပါ ကဲ ကျုပ်ရွေးမယ်  “

မောင်ဘိုးထင်သည် သရဲလေးကောင်ကို သေချာကြည့်ပြီး ဦးအုန်းအားစကားဆိုလိုက်သည်

“အဘ စံပ နဲ့ စိတ္တက အကောင်ကြီးတယ် သူတို့ကို ချခိုင်းဗျာ “

“အဲ့တော့ ငနက် နဲ့  ငတွက်က အကောင်ကွာတယ်ကွ ငနက်ကြီးက စံပ နီးပါးပဲ “

“အဘရယ် ထားလိုက်စမ်းပါ ကျုပ်ပြောသလိုပဲ လုပ်ဗျာ “

“ကောင်လေး မင်းဘောင်ထဲက ညစ်နေပြီ ငါသိတယ် နော် “

“နေစမ်းပါ ဒိုင်တွေပါဆို ခပ်တည်တည်နေဗျာ အဘနဲ့ လည်းခက်တယ် မျက်နှာ ပိုးကို မသေဘူး”

မောင်ဘိုးထင်၏ စကားကြောင့် ဦးအုန်း မျက်လုံးပါပင့်တက်သွားရသည် ၊ တယ်မလွယ်တဲ့ကောင်ပါလားဟုလည်းတွေးရင်း သရဲများဘက်လှည့်ကာ

“စံပ နဲ့ စိတ္တချ တော့ “

သရဲ နှစ်ကောင်လုံးထွေးနေသည် လျှင်မြန်လွန်းသည့်အတွက် အရိပ်မဲများသဏ္ဍန်သာ မြင်နေရသည် အတော်ကြာသောအခါ မောင်ဘိုးထင်သည် စိတ်မရှည်ဖြစ်ကာ

“အဘ ဒီကောင်တွေကို ဒီတိုင်းချခိုင်းနေရင် တသက်လုံးပြီးမှာ မဟုတ်ဘူး”

“တခါတနေ တရက်လောက်ကြာတယ် ကွ “

“အဲ့လောက် အကြာကြီး မစောင့်နိုင်ဘူးဗျာ စိတ်မရှည်ဘူး “

မောင်ဘိုးထင်သည် ပြောပြောဆိုဆို မက်တက်ထရပ်လိုက်ပြီး

“ဟေ့ကောင်တွေ ရပ်စမ်း “

မောင်ဘိုးထင်၏ စကားကြောင့် လုံးထွေးနေသော သရဲ စံပ နှင့် စိတ္တ ရပ်လိုက်ကြသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ထပ်ပြီးစကားဆိုလိုက်သည်

“မင်းတို့ကို  မရွေးဘူး ငနက် လာခဲ့ ‌မင်းကို ရွေးတယ် “

ငနက်သည် ဦးအုန်းတို့နားကပ်လာသည် ကျန်သော သရဲများက မကျေမနပ်ဖြစ်ကာနေရာ  မောင်ဘိုးထင်သည် ဦးအုန်းအား တိုးတိုးနှင့် စကားပြောလာသည်

“အဘ ဟိုကောင်တွေ မကျေနပ်လို့လာချရင် အဘ တားပေးဦးနော် “

“မင်းက စည်းဖောက်တာကို ဘယ်ကျေနပ်မလဲ “

“အဘ ပြောတော့ ဆင်တွေလိုပဲဆို ဒီကောင်တွေ ကျုပ်တို့စကား နား‌ကိုထောင်ရမယ် “

“အေးပါကွာ ငါက မင်းကို လက်တွေသင်ခန်းစာတွေ ပေးနေတာ မင်းက ငါ့ကိုတောင် ပညာတွေ ပြန်သင်နေပါ့လား “

“ဟုတ်တယ်လေဗျာ သူတို့ ချတာက အကြာကြီး မ‌ေစာင့်နိုင်ဘူး အခုတောင် အချိန် လင့်နေပြီ ဗိုက်လည်း ဆာနေပြီ  ကျုပ်က ငနက်ကိုတော့ ခေါ်လိုက်ပြီ ဘာထပ်လုပ်ရမှာလည်း “

“စာ ချုပ် လုပ်ရဦးမယ် “

“ဟာ အဘ စာချုပ်လည်း ရှိသေးတာလားဗျာ အဘတို့လောက ကလည်း တကယ်အဆန်းတွေပဲဗျို့ “

ဦးအုန်း နှင့် မောင်ဘိုးထင် စကားပြောနေစဉ် ကျန်သော သရဲသုံးကောင်ထံမှ ခြောက်ကပ်ကပ်အက်ကွဲကွဲစကားသံများပေါ်လာသည်။

“မကျေနပ်ဘူး ငါတို့မကျေနပ်ဘူး “

ထိုအခါ မောင်ဘိုးထင်သည် ဦးအုန်းအနားကပ်သွားပြီး

“အဘ ဟိုကောင်တွေက မကျေနပ်ဘူးတဲ့ဗျ ဘယ်လို့လုပ်မလဲ “

“မင်းကကော ဘယ်လို လုပ်ချင်လဲ “

“ကျုပ်ကတော့ သူတို့ကို အမဲသား ငါးဆယ်သားစီကျွေးမယ်လို့ ညှိုချင်တယ်ဗျာ မတရားလည်း တအားမလုပ်ချင်ဘူး “

“တပိဿာတောင် မဟုတ်ပါလား မင်းက ‌ဇကောဇကကြီး “

“အဘကလည်းဗျာ အဘငွေကုန်သက်သာအောင်ပြောပေးရတာကို အ လိုက်တာဗျာ “

“အေးအေး ပါကွာ မရတော့လည်း ငါ့ပညာပြရ‌တာပေါ့”

ဦးအုန်းသည် အုတ်ဂူအခြေနားမှ မြေကြီးမှု့န့်များကို လက်နှင့် ကုပ်လိုက်ပြီး

“မင်းတို့ မကျေနပ်လည်း ငါလို ဆရာက ဂရုစိုက်စရာလား မင်းတို့ကို သနားလို့  တကောင်ကို မနက်ဖြန် အမဲသား ငါးဆယ်သားဆီ ကျွေးမယ် ကျေနပ်လား “,

“မကျေနပ်ဘူး မကျေနပ်ဘူး”

သရဲသုံးကောင်သည် ထိုသို့ပြောပြီး ဦးအုန်းတို့အနားတိုးလာရာ ဦးအုန်းသည် မြေမှုန့်များဆုပ်ကိုင်ထားသော သူ၏လက်ကို ပါးစပ်နှင့် တချက်မှုတ်လိုက်ပြီး

“ငါလိုဆရာကို သရဲစုတ်တွေက အံတုဝံ့နေတယ်ပေါ့ သေစမ်းကွာ “

ဦး‌အုန်းသည် ‌အရှေ့ကိုတိုးလာသော သရဲသုံးကောင်အား ပေါက်လိုက်ရာ မြေမှုန့်များသည် မီးစများသဏ္ဍန်ဖြစ်ကာ သရဲသုံးကောင်အားးတောက်လောင်လေရာ ကြောက်လန့်တကြားနှင့် သင်္ချိုင်းထဲရှိ သစ်ပင်များပေါ်သိူ့ ပြေးတက်သွားကြ‌ေ တောဘသည် ၊  ထိုအခါမှ မောင်ဘိုးထင် သက်ပြင်းချလိုက်ကာ

“အဘကိုတော့ ဒီကောင်တွေကြောက်သား “

“မင်းငါမရှိရင် ဘယ်လိုလုပ်မလဲ ကောင်လေး “

“ကျုပ်ကလည်း အဘရှိလို့ လုပ်ရဲတာပေါ့ဗျာ “

“မင်းကတော့လေ စာချုပ်ချုပ်ဖို့လုပ် ကြရအောင် မင်းက ငနက်ကို သဘောကျနေတာ ဆိုတော့ မင်းပဲငနက်နဲ့ စာချုပ် ချုပ်လိုက်ကွာ မင်းမွေးတာပေါ့ “

“အဘ ဘယ်မှာ ချုပ်ရမှာလဲ စာချုပ်လည်း မပါဘူးလေး “

“ဟကောင်ရ စာချုပ်ဆိုတာ စကားအရပြောတာ  မင်းကို ရှင်းပြနေရင် မိုးလင်းသွားမယ် လာလာ “

ဦးအုန်းသည် မောင်ဘိုးထင်ကို ခေါ်လိုက်ပြီး  မောင်ဘိုးထင်၏ လက်ကို ဆုပ်ကိုင်လိုက်သည် ၊ ထိုနောင် သရဲ ငနက်ကို ရှေ့လာခိုင်းပြီး

“ငနက် မင်းကို မြှ့ပ်ထားတဲ့ နေရာ ဘယ်မှာလဲ “

ငနက်သည် သူတို့ ထိုင်နေသည့် အုတ်ဂူအား လက်ညှိုးထိုး လိုက်သည်။

“ကဲ အဆင်ပြေတာပေါ့ ကောင်လေး နည်းနည်း နာမယ် နော် “

ဦးအုန်းသည်  ပြောပြောဆိုဆို သူ၏ လွယ်အိတ်အမဲကြီးထဲမှာ ဓါးမြှောင် အတိုလေးကို ထုတ်ပြီး မောင်ဘိုးထင်၏ လက်ညှိုးထိပ်ကို ဖောက်လိုက်သည် ထိုအခါသွေးများစိမ့်ထွက်လာရာ ဦးအုန်းသသည်  သူတို့ ထိုင်နေသော အုတ်ဂူကြီးအပေါ်ကျစေပြီး

“ကဲကောင်လေး လိုက်ဆို  “

“ဟုတ်ကဲ့ အဘ “

“ကျုပ် မောင်ဘိုးထင် သည်  သရဲ ငနက်အား ဆယ်ရက်ကို  အမဲသား  သုံးပိဿာကျွေးပါမည် မကျွေးခဲ့ပါ ကျုပ်နဲ့ ကျုပ်မိသားစုကို ငနက်ဒုက္ခပေးနိုင်ပါသည်   ကျွေးပါက ငနက်သည် ကျုပ်ခိုင်ရာကို လိုက်နာရမည်ဖြစ်သည်”

“ကျုပ် ဘိုးထင် နှင့် ဦးအုန်းသည် သရဲငနက်အား ဆယ်ရက်ကို အမဲသား သုံပိဿာကျွေးပါမည် မကျွေးပါက ကျုပ်နဲ့ ကျုပ်မိသားစုကို ငနက် ဒုက္ခပေးနိုင်ပါသည် ကျွေးပါက ငနက်သညါ ကျုပ်တို့ခိုင်းရာကို လိုက်နာရမည်ဖြစ်သည်”၊

“ကောင်လေး မင်းငါ့နာမည်ဘာလို့ထည့်တာလဲ ဟ”

“ကျုပ်မှာ ငွေမရှိဘူးလေ အဘက မကျွေးဘူးဆို ကျုပ်ဒုက္ခရောက်မှာပေါ့ဗျ အဲ့တာကြောင့် အဘကိုပါထည့်ရတာ “

“ကောင်လေး မင်းတော်တော် ညဏ်ပြေးတဲ့ကောင်ပဲ “

ဦးအုန်းသည် တပည်ကျော် မောင်ဘိုးထင်အား သဘာကျစွာ စကားဆိုလိုက်ပြီး ငနက်ကို ကိုယောင်ဖျောက်ပြီးလိုက်စေကာ အင်ကြင်းရွာသို့ ထွက်သွားကြပါလေတော့သည်။

▪️အခန်း-၆

ဦးအုန်း၏ပညာကြောင့် သရဲငနက် ရွာထဲသို့ အခက်အခဲမရှိလိုက်ပါနိုင်ပေသည် ၊ ရွာထဲတွင်တော့ အိမ်များမှ အလင်းရောင်မရှိတော့ပေ သို့ပေမဲ့ ရွာလယ်က အိမ်လေးတ‌လုံးတွင်တော့ မီးရောင် ရှိနေလေရာ ထိုအိမ်လေးထဲ ဝင်သွားလိုက်ကြသည် ၊ အိမ်ဝိုင်းထဲ ဝင်လိုက်သည်နှင့် စားပွဲ တန်းလျားမှ လူကြီးလေးယောက်‌မီးဖို ဖိုပြီး ထိုင်နေကြသည် ဦးအုန်းတို့ဝင်လာသည်ကို မြင်သောအခါ

“ဆရာကြီး ဦးအုန်းလားဗျာ “

“ဟုတ်ပါတယ် “

“နောက်ကျလိုက်တာ ဆရာကြီးရယ် မလာတော့ဘူးတောင်ထင်နေတာ “

ဦးအုန်းနှင့် ထိုလူကြီးများစကားပြောနေစဉ် မောင်ဘိုးထင်သည် ဦးအုန်း၏ ခါးကို တို့တို့နေရာ

“ဘာလဲကောင်လေး စကားပြောနေတယ်လေကွာ “

“အဘ ဗိုက်ဆာပြီဗျ အချိန်လည်းကြည့်ပါဦး “

မောင်ဘိုးထင်မှ တိုးတိုးတိတ်တိတ်ပြောပေမဲ့ တခြားလူကြီးများကြားသွားကာ

“ဟုတ်တာပေါ့ ဆရာကြီးတို့ အဝေးကြီးက လာရတာ ဗိုက်ဆာနေမှာပေါ့ သွားကြ တယောက်လောက် ထမင်းပြင်ကြစမ်းပါဦး “

ထိုင်နေသော လူကြီးများထဲမှ အသက်ပိုငယ်ဟန်ရှိသော လူကြီးသည် အိမ်ပေါ်သို့ အလျင်အမြန်တက်သွားလိုက်သည် ၊ ထိုအချိန် အိမ်ပေါ်မှ မိန်းမသံ တသံ ထွက်ပေါ်လာသည်

“အဲ့ကောင်တွေကို အဝင်မခံ နဲ့ အဲ့ကောင်တွေကို အဝင် မခံ နဲဟေ့ “

ထိုအသံကိုကြားသောအခါ ဦးအုန်းသည် နောက်သို့ လှည့်လိုက်ပြီး

“ငနက် အော်နေတဲ့ ကောင်ပါးစပ်ကို သွားပိတ်စမ်းကွာ ဒီလို ဖုတ်လောက်တော့ မင်းအေးဆေးပါ  ကျန်တာ ငါခိုင်းမှလုပ် ကြားလား”,

ဦးအုန်း၏ စကားဆုံးပြီး သိပ်မကြာမီ အိမ်ပေါ်မှအော်နေသောအသံသည် တိတ်ဆိတ်လို့သွား၏  ဦးအုန်းရှေ့ရှိနေသော လူကြီးများသည်ပင် ဦးအုန်းအား မဝံမရဲ ဖြစ်နေကြ၏။ ၊ အိမ်ပေါ်တက်ပြီး ထမင်းသွားပြင်သော လူကြီး ပြန်ဆင်းလာကာ

“ထမင်းစား လို့ရပါပြီ ဗျ “

ထိုလူ၏ အသံကြားသည်အခါ  မောင်ဘိုးထင် ပြုံးရွှင်သွားသည် ၊ ဦးအုန်းမှ ကျန်သော လူကြီးများနှင့် စကားပြောနေပြန်လေရာ ဦးအုန်း၏ လက်ကို ဆွဲ၍ အိမ်ပေါ်သို့ တက်ရန် မောင်ဘိုးထင်ဆွဲခေါ်နေ‌ပါလေတော့သည်။

▪️အခန်း-၇

ဦးအုန်နှင့် မောင်ဘိုးထင်သည် ထမင်းစားပြီး၍ အိမ်ရှေ့ခန်းရှိ ဖုတ်ဝင်နေသော သူနားမှာထိုင်နေသည် ၊ ဖုတ်ဝင်နေသည်ဟုပြောသော သူမှာ အ‌ေမအိုကြီးတယောက်ဖြစ်ပြီး ပိန်လှီနေပြီး မျက်လုံးတို့ပင် ဟောက်ပဲ့ဖြစ်နေပြီဖြစ်သည် အရိုးပေါအရေတင်ဖြစ်ကာ ကြောက်စရာ အသွင်ပင် ရှိနေ‌ေလ၏၊ ထိုအမယ်အို၏ မျက်လုံးများသည်က ပြူးကြောင်ကြောင်နှင့် ကိုယ်ခန္ဓာ နှင့် မလိုက်အောင် စူးရှနေပြန်သည် ၊ ဦးအုန်း ထိုအမယ်အိုကို သေချာကြည့်လိုက်သည် ဖုတ်ဝင်သည်က သေချာနေပြီဖြစ်သည် ၊ အနားတွင်‌‌ေတာ့  ထိုအမေအိုကြီး ၏ ဝိညဥ်သည် အမယ်အိုကြီး၏ ကိုယ်ခန္ဓာအနားတွင် ဝေ့လည်နေသည်  ၊ ထို‌့‌ေနာက် အမေအို၏ သားများနှင့် ချွေးမများအား စကားဆိုလိုက်သည်

“ဖုတ်ကတော့ အကြီးစားဝင်နေတာပဲ အနုနည်းနဲ့တော့ ထုတ်မရဘူး”

“ကျုပ်တို့လည်း အထက်လမ်းဆရာတွေကို ပင့်ပါတယ်ဗျာ သူတို့လည်း သူတို့နည်းလမ်းနဲ့ ထုတ်ပေးပေမဲ့ အဆင်မပြေပါဘူးဗျာ အဲ့တာကြောင့် ဆရာကြီးကို ပင့်လိုက်တာပါ “

“ကျုပ်ဖုတ်ထုတ်ပေးတာတော့ဟုတ်ပြီ ဖုတ်ထွက်သွားရင်တော့ တရက်လောက်ပဲ အသက်ရှင်နိုင်တယ် နော် “

“အခုပုံ နဲ့ တရက်လားဆရာ “

“မဟုတ်ဘူး ခင်ဗျားတို့ရဲ့ အမေ အနေနဲ့ပါ “

“ဘယ်တက်နိုင်မှာလည်းဆရာကြီးရာ  အခုလိုကြီး ဖြစ်နေတာထက်စာရင် ဘဝကူးသွားတာမှ တော်ပါသေးတယ် “

“ကျုပ် ခင်ဗျားတို့ အမေကို လက်နဲ့ မထိပါဘူး တော်ကြာ ကျုပ်ရိုက်ပုတ်လို့ ဆံုးတယ်လို့ အပြောမခံနိုင်ဘူး”

“ဟုတ်ကဲ့ပါ ဆရာကြီးနားလည်ပါတယ ်”,

ဦးအုန်းသည် အမယ်အိုကြီး၏သားများမှ ဖုတ်ထုတ်ဖို့ ခွင့်ပြုလိုက်သောအခါ  ဦးအုန်းသည် ‌ မောင်ဘိုးထင်‌ကို ခေါ်ကာ အိမ်အောက်ဆင်းရန်ဟန်ပြင်လိုက်ပြီး အမေကြီး၏ သားများအား

“ကျုပ်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ဦးမယ် ခင်ဗျားတို့ အိမ်ပေါ်ကပဲစောင့်ပါ “

“ဟုတ်ကဲ့ဆရာကြီး”

ဦးအုန်းသည် မောင်ဘိုးထင်ကို ခေါ်ကာအိမ်အောက်ဆင်းလာပြီး အိမ်ဝိုင်ထဲဝင်လာစဉ်က တွေရသော မီးဖိုအနားရှိ  တန်းလျာမှာ ထိုင်လိုက်ကာ  ဦးအုန်းမှ စကားဆိုလိုက်သည်

“ကောင်လေး ဖုတ်ထုတ်တယ်ဆိုတာ အစီအရင်နဲ့ထုတ်လို့ရတယ် အခုလို အစီအရင် မနိုင်တဲ့ဖုတ်‌ဆို သူကိုနိုင်တဲ့ ကောင်ကို ချခိုင်းပြီး ထုတ်ရတယ် ငါတို့က သူတို့အရှေ့မှာ ငနက်ကို ချခိုင်းလို့အဆင်မပြေဘူးလေ အဲ့တော့ “

ဦးအုန်းသည် ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး

“ငနက် လာစမ်း  ခိုင်းစရာရှိတယ် “

ငနက်ရောက်လာသည်နှင့် ဖုတ်ဝင်နေသော အမယ်အိုမှာ ဦးအုန်းတို့အား ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုနေပါတော့သည် ၊ ထို‌ေနာက်ဦးအုန်းသည် ငနက်အား

“ငနက် လူခန္ဓာထဲ ဝင်နေတဲ့ကောင်ကို မင်းနိုင်လား “

“နိုင်ပါတယ် “

“နိုင်ရင် အဲ့ကောင်ကို မောင်းထုတ်လိုက်တော့ကွာ ကြားလား “

ဦးအုန်းထိုသို့ပြောလိုက်သည်နှင့် ငနက်အိမ်ပေါ်ပြန်တက်သွားသည် ၊ ငနက်ပြန်တက်သွားသည် နှင့် ဦးအုန်းအားဆဲဆိုနေသော ဖုတ်ဝင်နေသည် အမေကြီး၏ အသံလည်းတိတ်ဆိတ်သွားသည် ၊ ထိုနောက် ဦးအုန်း နှင့် မောင်ဘိုးထင် အိမ်ပေါ်ပြန်တက်လာကာ ထိုအမေကြီးနားတွင်ထိုင်လိုက်သည် အမေကြီးမှာ မျက်လုံးများပြူးကျယ်နေသည် ခဏကြာသော အခါ ငနက်သည် အမဲ ကိပ်သဏ္ဍန်တခုအား လည်ဂုတ်မှ ကိုင်ပြီး အမေကြီး၏ ကိုယ်ထဲမှာ ဆွဲပြီးထုတ်လာကာ အိမ်အပြင်သိူ့ ၊ထွက်ခွာသွားပါလေတော့သည် ၊ ငနက်တို့ထွက်သွားသည်နှင့် အမေအို၏ ဝိညဥ်သည် သူမ၏ ကိုယ်မှ ဆွဲယူလိုက်သည်အလား ဝင်ရောက်သွားကာ အမေကြီးမှ  ချောင်းဆိုးသံ စတင် ထွက်ပေါ်လာတော့သည်

“အဟွတ် အဟွတ်  သားတင်ခိုင် “

“အမေ ကျုပ်တို့အနားမှာ ရှိပါတယ် “

အမေအိုကြီး၏ လက်အားသူ၏ သားများကိုင်လိုက်ချိန်တွင်တော့

“အား အမေအသားတွေ နာလိုက်တာ ကျွတ်ကျွတ်သေပါပြီ သားရယ်”

အမေအို၏ ပြောစကားကြားသောအခါ အ‌ေမအို၏ သားများသည် ဦးအုန်းအား အကူညီတောင်ဟန်ကြည့်လာရာ ဦးအုန်းသည် အကြီးဆုံးဖြစ်ဟန်တူသော သားအနားသွာကာ အသံတိုးတိုးနှင့်

“ကျုပ်ပြောထားသလိုပါပဲ အခုဟာက ခင်ဗျာတို့အမေပါ  သူအသားတွေနာတယ်ဆိုတာ လူမို့လို့ပါ ဆုံးကာနီးလူတွေရဲ့ ထွက်သက်ကာ နာကျင်ပါတယ် ခင်ဗျာတို့ သူရဲ့ အသားတွေကို သွားမထိပါနဲ့ အစားအသောက်တွေ မကျွေးပါနဲ့ ကျန်တာတော့ ကျုပ်လည်း မပြောတက်ဘူး ‘

“တရား တရားနားခိုင်းရမှာ လားဆရာကြီး “

“ကျုပ်တိုအိပ်ချင်ပြီ ဒီအိမ်မဟုတ် တဲ့ တခြားအိမ်ကို စီစဉ်ပေးနိုင်မလား “

“စီစဉ်ထားပါတယ်  ဆရာကြီး အဖို့အခလေး ဘယ်လောက်ကန်တော့ရမလဲ ခင်ဗျာ “

“နှစ်ဆယ်လောက်တော့ပေးပေါ့ ဗျာ “

“ကျေးဇူးတင်ပါတယ် ဆရာကြီးရယ် “

ထို‌ေနာက်လူကြီး တယောက်သည် ယခုအိမ်နှင့် တအိမ်ကျော်မှ အိမ်တလုံးကို ပို့ဆောင်ပေးးလိုက်တော့သည် အိမ်ပေါ်တွင်တော့ ခေါင်းအုံး နှင့် စောင်များ အသင့်ပြင်ပေးထားရာ ဦးအုန်း နှင့် ျမာင်ဘိုးထင် ဝင်အိပ်လိုက်ကြသာ် မောင်ဘိုးထင်မှ ဦးအုန်းအားစကားဆိုလာသည်

“အဘ အမေကြီးက သနားစရာ‌ပဲေနာ်”

“အခုမှ သူကိုယ်ခန္ဒာထဲ ပြန်ဝင်ရတာလေ  ဒါပေမဲ့ သူရဲ့ ကိုယ်ခန္ဓာက အသက်ဆက်ဖို့အတွက် အားမရှိတော့ပါဘူး”

“ဟုတ်ပါ့ဗျာ သူကြည့်ရတာလည်း ပိန့်လှီနေတာပဲ ဘယ်လိုများ အသက်ရှင်နေတာ အံဩတယ် “

ဦးအုန်း မည်သည်စကားမှပြန်မပြောပဲ မျက်လုံးကို မှိတ်ထားလိုက်သည် ၊ စင်စစ် အမေကြီးသည် သေဆုံးနေပြီဖြစ်သည်။  သို့ပေမဲ့ သူ့၏ သားများအားစွဲလန်းစိတ်ကြောင့် မကျွတ်မလွတ်ပဲ ဖုတ်ဝင်‌ေနသော သူမ၏ ကိုယ်ခန္ဓာအနားတွင် ဝေ့လည်နေလေရာ သားများနှင့် စကားပြောနိုင်ရန် ဦးအုန်း တရက်မျှ ကိုယ်ခန္ဓာထဲနေ့ခွင့်ပေးထားချင်ဖြစ်သည် ၊ ထို့နောက် လမ်မှာတွေ့ခဲသော ညောင်ပင်ကြီးမှ တ‌ေစ္ဆအ‌ေကြာင်းကို တွေးနေမိ၏ ၊ ဦးအုန်း တော်တော် နှင့် အိပ်မပျော်ပေ ၊ မောင်ဘိုးထင်သည်က ပင်ပန်းသည်ထင်၏ ခဏနှင့် အိပ်ပျော်သွားသည် သူအိပ်ပျော်နေရင်းမှ ယောင်ယမ်းပြီးစကားပြောလာ၏

“အမေ အမေ ကျနော့်ကို ရယ်ပြလေဗျာ “

‌ဦးအုန်း တခုသတိရသွား၏ မောင်ဘိုးထင်အိပ်နေသော ညောင်ပင်မှ နွယ်များအား လွှဲပေးနေသည့် ၊ တ‌ေစ္ဆ၏ သဏ္ဍန်သည်ကလည်း မီးနေသည်ပုံစံဖြစ်နေရာ ဦးအုန်း တွေးရင် ပါးစပ်မှာ ယောင်ယမ်းပြောမိသွားသည်

“ကောင်လေးအမေများလား”

ဦးအုန်းသည် ထိုသို့ အတွေးပေါင်းများစွာဖြစ် အတန်ကြာသောအခါ တဖြည်းဖြည်း အိပ်ပျော်လို့သွားပါလေတော့သည် ။

▪️အောက်လမ်းဘိုးထင် နှင့် လက်တွေ့သင်ခန်းစာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့်  တစ္ဆေအမေ အမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်။

📝မောင်တင်ဆန်း