ခပ်နွမ်းနွမ်းအဝတ်တွေနဲ့လူနှစ်ယောက်ဟာ ကိုယ်စီလျှောက်လာခဲ့တယ်။
“စောထူး ဘယ်ကိုအရင်သွားမလည်း”
“ဆယ်မောင် ငါအရက်သောက်ချင်တယ်ကွာ”
အေးကွာ ဒါဆိုလည်း ချက်နီအရက်ဆိုင်ကိုသွားကျတာပေါ့….။
“ထွီး……ငတ်နေလို့လားမသိဘူးကွာတအားသောက်ချင်နေပြီ ချက်နီရေ တစ်လုံးလောက်ကွာမြန်မြန်လေးလာချပေးပါအုံး”
စောထူးကအရက်မှာလိုက်တာကြောင့် ချက်နီလည်းအရက်လာချပေးလိုက်တယ်။
“ဆယ်မောင် ထောင်ကလည်းထွက်လာပြီမို့ ငါတို့ရှေ့ဘာဆက်လုပ်ကျမလည်းကွ”
စောထူးရဲ့အမေးကြောင့်ဆယ်မောင်က
“ငါကတော့ ဒီအလုပ်မလုပ်ချင်တော့ဘူးကွာ ငါမှာကညီမလေးရှိသေးတယ်”
“ငါလည်းမင်းလိုပဲစဉ်းစားထားတယ်ကွ”
“အေးကွာ တို့အတူ ကုန်ရောင်းကုန်ဝယ်လုပ်ကျတာပေါ့”….
စောထူးနဲ့ဆယ်မောင်လည်း ထိုသို့တိုင်ပင်ပြီး အချိန်လေးကရလာပြီမို့ ငွေရှင်းကာ အိမ်သို့ပြန်လာခဲ့လေတယ်။
ရွာရဲ့လမ်းခွတနေရာရောက်တော့ ပုခုံးဖက်ပြီးလာနေသော ဆိုးတူကောင်းဘက် သူငယ်ချင်းနှစ်ယောက်ကလမ်းခွဲကာ အိမ်သို့ကိုယ်စီလျှောက်လာခဲ့သည်။
“ကြာဖြူ ညီမလေး အကိုကြီးပြန်လာပြီ ညီမလေးရဲ့”
ဆယ်မောင်လည်းညီမဖြစ်သူကိုအော်ခေါ်တာမရသောကြောင့် နောက်ဘေးဘက်မှာအလုပ်များရှူပ်နေသေးလားဟု ထင်မှတ်ပြီး အိမ်ပေါ်သို့အတက် ကြိုးတလှန်းကြီးဖြင့်ဆွဲကြိုးချပြီး သေနေသော ညီမဖြစ်သူကို တွေ့လိုက်ရတဲ့အခါ ဆယ်မောင်တစ်ယောက် အသားတွေတစက်စက်တုန်ရီလာကာ ညီမဖြစ်သူရဲ့အလောင်းကိုအောက်သို့ချပြီး ပွေ့ဖက်ကာ ငိုကြွေးနေလေ၏….။
“ဟယ်..သနားပါတယ်ခုမှထောင်ကလွတ်တယ် လွတ်လွတ်ချင်း ညီမဖြစ်သူကဆွဲကြိုးချသေတယ်”
“လင်ကောင်မပေါ်ပဲမွေးမှာဆိုးလို့နေမှာပေါ့အေ့ အကိုကနွားသူခိုး ညီမဖြစ်သူက မိန်းမအိန္ဒြေမရှိဘူး အရမ်းစပ်စလူးထတယ်”
ဆယ်မောင်အော်သံကြောင့် လူတွေရောက်ရှိလာပြီး သုံးလေးယောက်လောက်ကအားမနာတမ်း အတင်းတုပ်ပြောဆိုနေကျလေသည်။
လူတစ်ယောက်ကအိမ်ရှေ့အပေါက်ကနေ ဆယ်မောင်၏အိမ်ထည်းသို့အရေးတကြီးပြေးဝင်လာခဲ့တယ် ထိုသူသည် မည်သူမှမဟုတ် စောထူးသာဖြစ်ပေတယ်။
“သူငယ်ချင်း ဆယ်မောင် ဘယ်လိုဖြစ်တာလည်းကွ ငါလည်းကြားကြားချင်းရောက်လာတာ”
“ငါလည်းမသိပါဘူးသူငယ်ချင်းရာ ကြာဖြူကိုအိမ်ရှေ့ကခေါ်တာ ပြန်မထူးတာကြောင့်အလုပ်ရှူပ်နေတယ်ထင်ပြီးအိမ်ထည်းကိုဝင်ကြည့်တာ ကြာဖြူကဆွဲကြိုးချပြီးသေနေတာကိုတွေ့ရတော့တာပါပဲကွာ”
*********
ဆယ်မောင်လည်းညီမဖြစ်သူရဲ့မရှူမလှသေဆုံးမှုကို အခဲမကျေဖြစ်နေခဲ့တယ် ။ညီမဖြစ်သူရဲ့ကိုယ့်ကိုကိုယ်သတ်သေရလောက်တဲ့အကြောင်းအရင်းကို အကိုဖြစ်သူဆယ်မောင်နဲ့အတူစောထူးတို့နှစ်ယောက်လိုက်ပြီး စုံးစမ်းနေကျတယ်။
လိုက်လံပြီးစုံစမ်းနေသော်လည်းသတင်းအစအနကလည်း မည်သို့မျှမကြားရပေ။
ဒီလိုနဲ့တစ်နေ့မှာတော့ အမှန်တရားကပေါ်ပေါက်လာဖို့အချိန်တန်လာခဲ့တယ်။
“အမလေး ကယ်ကျပါအုံးဗျ ကျွန်မသားလေးဘာဖြစ်လို့လည်းမသိဘူး”
စောထူးတို့ခြေရင်းဘက်သုံးအိမ်ကျော်လောက်က အကူအညီအော်ဟစ်တောင်းနေသည့်ကို စောထူးနှင့်တကွဆယ်မောင်ပါ ကြားလိုက်ရတယ်။
“ဆယ်မောင် အရီးလေးဒေါ်ပု အိမ်ကကွ ခဏသွားကြည့်ရအောင်”
“မင်းဘာသာသွားကြည့်ကွာ ငါမလိုက်ချင်ဘူး”
“ဟျောင့်ရာ ခဏလောက်လိုက်ခဲ့စမ်းပါဟ*
စောထူးလည်းဆယ်မောင်ကို့မရမက ဆွဲခေါ်ကာ ဒေါ်ပုအိမ်ရှေ့သိုရောက်ရှိလာခဲ့တယ်။
“ဆယ်မောင် တူလေး မင်းညီလေး အောင်ဘကိုကြည့်ပါအုံးကွဲ့ ခေါ်မရတော့လို့”
“ဘလိုဖြစ်တာလည်းဗျ အရီးလေး”
“အိပ်နေရင်း ကျွန်တော်ပြောပြပါ့မယ် ကျွန်တော်အမှန်တိုင်းပြောပြပါ့မယ် ဆိုပြီး ဘာတွေမှန်းမသိဘူး ပြောပြီး ငြိမ်ကျသွားတယ် အရီးလည်းလှုပ်နှိုးနေတာ အခုထိခေါ်မရတော့လို့ တူလေးတို့ကြည့်ပေးပါအုံးကွယ်”
လောကီပညာနဲ့ဆေးပညာကို ကျွမ်းကျင်တက်မြောက်ထားတဲ့ ဆယ်မောင်က အောင်ဘရဲ့အနားကိုကပ်ကာ နှလုံးခုန်သံကိုနားထောင်ကြည့်ရာ နှလုံးခုန်သံကအရမ်းမြန်တာကြောင့် တစ်စုံတခုကြောင့်ထိတ်လန့်ပြီး သတိမေ့သွားခဲ့သည်ဟု ကောက်မှတ်ချက်လိုက်လေသည်။
“စောထူး ကတတ်ခေါက်သွေးလိုက် ကျောက်ပြင်ပေါ်မှာ”
စောထူးလည်းအိမ်ရှေ့မှာလှမ်းထားသော ကတတ်ခေါ်ကိုပြေးယူကာ အလျင်အမြန်သွေးချလိုက်တယ်။
“ဆယ်မောင် အနှစ်တွေအများကြီးရလာပြီကွ”
“အရီးလေး ကျွန်တော်ကိုသံပရာသီးသွားယူပေးပါ”
“ဟုတ်ပြီ အဒေါ်အမြန်သွားယူလိုက်မယ်”
ဒေါ်ပုဆိုသူကနောက်ဘေးဘက်ကိုဝင်သွားကာ စက္ကန့်ပိုင်းအကြာမှာတင် သံပရာသီးကိုယူဆောင်လာကာ ပြန်ရောက်လာခဲ့တယ်။
“ရော့ ဆယ်မောင် ရပြီကွဲ့”
ဒေါ်ပုကမ်းပေးလိုက်တာကိုဆယ်မောင်ကလှမ်းယူပြီး စောထူးဆီသို့ပစ်လွတ်လိုက်တယ်။
“စောထူး မင်းသွေးထားတဲ့ ကတတ်ခေါက်အနှစ်ထည်းကိုသံပရာရေညှစ်ထည့်လိုက်”
စောထူးလည်းသံပရာသီးအား ညှစ်ထည့်ကာ ကျောက်ပြင်မှ ဆယ်မောင်အနားကိုယူလာခဲ့တယ်။ဆယ်မောင်လည်း ကတတ်အနှစ်နဲ့သံပရာရေရောထားသော နှစ်မျိုးစပ်အရည်ကို အောင်ဘပါးစပ်ထည်းသို့ တဖြေးဖြေးလောင်းချပေးလိုက်လေ၏….။
ငါးမိနစ်လောက်နေတော့ အောင်ဘတစ်ယောက် အလန့်တကြားဖြင့်သတိရလာကာ စောထူးနဲ့ဆယ်မောင်ကို သတိမထားမိပဲ
“ကြာဖြူ ကြာဖြူ ဘယ်ရောက်သွားလည်း ”
“ဟဲ့သား ဘယ်ကကြာဖြူလည်းကွဲ့”
“အောင်ဘ ငါ့ညီမလေးကသေတာကြာပြီလေ”
“ဟင် အကိုကြီးဆယ်မောင်တို့ရောရောက်နေတာလား”
ထိုအချိန်ဆယ်မောင်က အောင်ဘလည်းပင်းကအင်္ကျီကိုဆောင့်ဆွဲကာ
“ဟျောင့် အောင်ဘ ငါ့ညီမနဲ့ပတ်သက်တဲ့သတင်း မင်းသိနေတယ်မလား”
“ကျွန်တော် မသိ…မသိပါဘူးဗျ”
တုန်တုန်ရီရီဖြင့် ဘူးခံနေသောသူကြောင့် စောထူးကရိပ်မိသွားခဲ့ပြီး
ဆယ်မောင်ကိုစိတ်လျှော့ခိုင်းစေခဲ့ကာ အသာအယာမေးခဲ့လိုက်မှ အောင်ဘတစ်ယောက်လည်း အမှန်တရားကိုပြောပြခဲ့လေတော့သည်……။
**********
သူဌေးကြီးလှဆောင် ဆန်စက်ပွဲရုံ
ထိုဆန်စက်ထည်းသို့ အောင်ဘ ကြာဖြူ ဝိုင်းစိန် သူငယ်ချင်းသုံးယောက် အတူတူဝင်ရောက်လာခဲ့တယ်။
ကောင်နာမှာ စတစ်ကော်လံအဖြူ မည်းနက်နေသောမျက်ခုံး ကြည်လင်တောက်ပနေသောမျက်လုံး နှုတ်ခမ်းမွေးရဲ့ရဲ့နဲ့ ယောင်္ကျားပီသစွာတည်ကြည်ခန့်ညားတဲ့လူတစ်ယောက်ထိုင်နေခဲ့တယ်။
“ဆရာလေးသူရ ကျွန်တော်တို့သုံးယောက်ရောက်ပါပြီဗျ”
“အော် ကိုအောင်ဘ ထိုင်ဗျ”
အောင်ဘနဲ့ပါလာသောမိန်းကလေးနှစ်ယောက်က လွတ်နေတဲ့ထိုင်ခုံသုံးခုပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
“ဆရာလေး ကျွန်တော်တို့ အလုပ်လာဆင်းတာပါဗျ”
“ဟုတ်ကဲ့ပါဗျ ကိုအောင်ဘက စပါးခြွေတဲ့နေရာမှာကူပြီးတော့ ဒီကညီမတို့ကတော့ အရောင်းကောင်နာမှာနေလိုက်ပေါ့”
“ဟုတ်ကဲ့ပါ ဆရာလေး ဒါဆိုကျွန်တော်တို့လုပ်ငန်းခွင် ဝင်လိုက်ပါအုံးမယ်ဗျ”
“ကောင်းပါပြီဗျ ဂရုစိုက်လိုက်ကျပါ”
သူရရဲ့ရင်ဘတ်ထည်းမှာတော့ ကြာဖြူရဲ့အလှကြောင့် နှလုံးခုန်သံဟာ ရေကန်ထည်းသို့ခဲပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးတွေသဖွယ်ဆူပွက်လာခဲ့တယ်….။
သူရကမြိုကျောင်းမှာတက်ခဲ့တဲ့သူပါ မြို့ကြီးပြာကြီးမှာ အရမ်းချောမောလှပတဲ့မိန်းခလေးတွေရှိပေမဲ့ ရင်ခုန်ဖို့နေနေသာသာ သူ့နားကပ်လာတဲ့သူတွေတောင် အရေးတောင်မလုပ်ခဲ့ပါဘူး။
ဇာတိဖြစ်တဲ့ ဝင်းကရွာရွာလေးရောက်မှ တောသူမဖြစ်တဲ့ကြာဖြူရဲ့အလှကျမှ ကြွေဆင်းသွားခဲ့ရတယ်။
ကြာဖြူကလည်းတောသူမသာဆိုရပေမဲ့ အသားကဝင်းဝါနေပြီး ဖြူဖွေးအိဖက်နေတယ် တင်နဲ့ရင်နဲ့ကလည်းကြည့်ကောင်းနေပြီး ကျက်သရေရှိမိန်းမအင်္ဂါရပ်နဲ့ပြည့်စုံလှတဲ့ အလွန်ပင် အိန္ဒြေရှိတဲ့သူပင်ဖြစ်ပေသည်……။
“ကြာဖြူနဲ့ဝိုင်းစိန် အလုပ်လုပ်ရတာအဆင်ပြေရဲ့လား”
အနောက်ကနေသူရလှမ်းမေးလိုက်တာကြောင့်
“ပြေပါတယ် ဆရာလေးသူရ”
“ကိုသူရလို့ခေါ်ရင်ရပါပြီဗျ ဆရာလေးဆိုတာကြီးမထည့်စမ်းပါနဲ့ဗျာ”
“ဟုတ်ကဲ့ပါ ကိုသူရ”
ခပ်တိုတိုပြောလိုက်တဲ့ ကြာဖြူရဲ့စကားကြောင့် သူရတစ်ယောက် စကားစပ်ကပြတ်ထွက်သွားခဲ့တယ်။
နေ့လယ်ထမင်းစားချိန်ရောက်တော့ သူရကအလုပ်သမားတွေကို ထမင်းစားဖို့ပြောကာ အနားယူခိုင်းစေခဲ့တယ်။
“ကဲကဲ ကိုအောင်ဘတို့ ကိုမျိုးကျော်တို့ ထမင်းစားကျတော့လေ”
သူရရဲ့စကားကြောင့် စပါးချွေနေတဲ့အောင်ဘတို့တသိုက်က
“ဟုတ်ဆရာလေး ဒါလေးလုပ်ပြီး စားလိုက်မယ်ဗျ”
အလုပ်သမားတွေစားနေသောထမင်းဝိုင်းထည်းသို့ သူရတစ်ယောက် လျှောက်လာခဲ့တယ်။
“ကိုအောင်ဘဟိုဘက်နည်းနည်းတိုးဗျာ ကျွန်တော်ပါထိုင်စားမလို့”
“ဆရာလေးကျွန်ေတာ်တို့နဲ့ဒီလိုမစားပါနဲ့ဗျ”
အောင်ဘရဲ့စကားကြောင့်သူရတစ်ယောက်ပြုံးပြကာ
“ဘာဖြစ်လို့လည်း ကိုအောင်ဘရဲ့”
“ဆရာလေးကသူဌေးသားလေးဗျာ အဆင့်အတန်းကအများကြီးကွာခြားတယ်”
“ကိုအောင်ဘ သူဌေးသားလည်း ဒီလိုမစားရဘူးလို့ ဘုရားကဟောထားလို့လားဗျ”
“အ့လိုလည်းမဟုတ်ပါဘူးဗျ ဆရာလေးသိက္ခာကျမဆိုးလို့ပါ”
“ဒီမယ်ကိုအောင်ဘရ လူဆိုတာ မွေးတနေ့ သေတနေ့ပဲ မာနတွေထားပြီးရှေ့ဆက်နေရင် အမှားတစ်ဖက်ကမ်းကိုရောက်မှန်းမသိရောက်လာတက်တယ်”
“တားမရရင်လည်း ဝင်စားပါဗျာ”
“ဒါနဲ့ကိုအောင်ဘ ဟင်းပေါင်းဆိုတာ ဘလိုမျိုးလည်းဗျ”
မြို့ကျောင်းမှာအနေများတာကြောင့် ဟင်းပေါင်းဆိုတာကိုသိချင်တာကြောင့် သူရတစ်ယောက် မေးလိုက်လေရာ
“ဆရာလေးရဲ့ ဟင်းပေါင်းဆိုတာက ဘုန်းကြီးကျောင်းကိုရွာထည်းကလူတွေလောင်းလူလိုက်တဲ့ဟင်းကို ဆရာတော်ဘုရားတွေ သီတင်းသုံးပြီးပိုတဲ့ဟင်းတွေကို အကုန်ပေါင်းပြီး ပြန်ချက်ထားတဲ့ဟင်းကို ဟင်းပေါင်းလို့ခေါ်တာ ဆရာလေး”
“ဪ…အဲ့လိုလား ခုမှပဲသိရတော့တယ်”
“မကြာဖြူစားဗျ” ဆိုပြီး သူရကချိုင့်ခွက်ထည်းကနေ ကြက်သားဟင်းတစ်တုံးကို ကြာဖြူပန်ကန်ထည်းသို့ ထည့်ပေးလိုက်တယ်။သူရရဲ့အပြူအမှုကြောင့် အာလုံးရဲ့မျက်လုံးအကြည့်က ကြာဖြူထံရောက်ရှိသွားခဲ့တယ်။
အသားဖြူတဲ့ကြာဖြူတစ်ယောက်က ရှက်သွေးဖြာပြီး မျက်နှာမှာနီရဲလာခဲ့တာကို သူရအပါအဝင်အကုန်လုံးမြင်တွေ့လိုက်ကျတယ်။
တစ်လခန့်အကြာမှာတော့ ကြာဖြူနဲ့ရင်းနှီးနေပြီဖြစ်တဲ့သူရက ရည်းစားစကားပြောရန် ကြာဖြူအလုပ်လုပ်တဲ့နေရာသို့ လျှောက်လာခဲ့လေတယ်…။
“ကြာဖြူ ဝိုင်းစိန်တစ်ယောက်မတွေ့ပါလား”
“ဟုတ်တယ် ကိုသူရ ဝိုင်းစိန်ကနေမကောင်းလို့ အိမ်မှာနေခဲ့တယ်”
“ဪ….ဒါနဲ့ကြာဖြူ ကြာဖြူကိုကိုယ် ပြောစရာရှိတယ်”
“ဟုတ် ကိုသူရ ပြောလေ”
“ကိုယ်လေကို မင်းကိုချစ်မိနေပြီ ကြာဖြူရဲ့”
“ရှင့်……..”
“ဟုတ်တယ်ကြာဖြူ ကိုယ်မင်းကိုအရမ်းချစ်တယ် ကိုယ့်အချစ်ကိုလက်ခံပေးပါနော် ကြာဖြူ”
မထင်မှတ်ပဲ ရည်းစားစကားအပြောခံလိုက်ရတာကြောင့် ရှက်ကို့ရှက်ကန်းဖြင့် မျက်နှာကနှီရဲတက်လာခဲ့တယ်။
“ကြာ..ကြာဖြူ စဉ်းစားလိုက်အုံးမယ် ကိုသူရ”
“စဉ်းစားရမှာပေါ့ကြာဖြူရဲ့ အကြာကြီးတော့ မစဉ်းစားနဲ့နော်”
“ဟုတ်ကဲ့ပါကိုသူရ”
သူရလည်း ရည်းစားစကားပြောပြီးတာမို့ စားပွဲသို့ပြန်လျှောက်လာခဲ့တယ်။
ကြာဖြူရဲ့ရင်ဘတ်ထည်းမှာတော့ တစ်မျိုးတဖုံဖြစ်နေကာ လျက်လျက်ဖြင့်ကာတဒိန်းဒိန်းနဲ့ ရင်ခုန်သံတွေကလည်း မြန်လာခဲ့တယ်..။
နောက်တစ်လအကြာမှာဖြင့် ကြာဖြူကသူရကို အဖြေပေးကာ သမီးရည်းစားအဆင့်သို့ရောက်ရှိလာခဲ့တယ်…..။
ဆန်စက်အတွင်းရှိသူများကလည်း သူရနဲ့ကြာဖြူတို့ကို သဘောတူကျလေသည်….။
“အကို အကို့မိဘတွေက ကြာဖြူကိုသဘောမတူရင်ဘလိုလုပ်မလည်း”
“စိတ်မပူမနေပါနဲ့ ကြာဖြူရဲ့ အခုလောလောဆယ်တော့ ဒါတွေခေါင်းထည်းကထုတ်ပစ်လိုက်ပါ”
“ကြာဖြူကပြောပြတာပါအကိုရဲ့”
“ဟုတ်ပါပြီ ကြာဖြူရဲ့ စိတ်မပူနဲ့ ကြာဖြူအရှေ့မှာ ကိုယ်တစ်ယောက်လုံး မားမားမတ်မတ်ရှိနေပေးမယ်”
သူရရဲ့စကားကြောင့်ကြာဖြူတစ်ယောက် အားအင်တွေတက်လာကာ
ရင်ခွင်ထည်း၌မှီပြီး တီတီတာတာအချစ်စကားလေးတွေပြောရင်း တစ်ရက်တာကို ကုန်ဆုံးစေခဲ့တယ်…..။
********
“သားသူရ အဖေမင်းရဲ့အိမ်ထောင်ရေးကို ချုပ်ချယ်တာမဟုတ်ဘူးကွဲ့ ကြာဖြူရဲ့အကိုက တချိန်ကအဖေတို့အိမ်ရဲ့နွားကိုခိုးဖူးတယ် သူ့အကိုဆယ်မောင်က ခုသထိထောင်ထည်းမှာကွဲ”
“ဒါတွေသားမသိဘူးဗျာ သားသိတာတော့ ကြာဖြူကိုလက်ထက်မယ်”
“တိတ်စမ်းသား အမေတို့ကသဘောမတူဘူးဆိုရင် မင်းရှေ့ဆက်တိုးဖို့ကိုမစဉ်းစားနဲ့”
ဖေအေဖြစ်သူကိုသာတုန်းလှန်နိုင်ပေမဲ့အမေဖြစ်သူသန်းခင်ရဲ့စကားကိုတော့ ငယ်စဉ်ကတည်းကတသွေတသိမ်းလိုက်နာခဲ့တာကြောင့် မတုန်းလှန်နိုင်ခဲ့ပါဘူး…..။
အမေနဲ့အဖေဖြစ်သူကသူရကိုအပြင်သို့ပေးမထွက်စေတော့ပဲ အစောင့်များထားကာ အခန်းထည်းပိတ်လှောင်ထားခဲ့လေတော့သည်….။
ဆန်စက်ကိုသူရတစ်ယောက်ယောက်မလာသောကြောင့် ကြာဖြူတစ် ယောက်သစ်ကုလားအုပ်လည်းပင်သကဲ့သို့ တမျှော်မျှော်ဖြင့်မျှော်မိနေခဲ့တယ်။
တစ်ရက်နဲ့လည်းမလာ နှစ်ရက်နဲ့လည်းပေါ်မလာ တစ်ပါတ်ပြည့်သည့်အထိပေါ်မလာသောကြောင့် သူရ၏လက်ထောက် ထက်ကြီးကိုအကျိုးအကြောင်းမေးမြန်းသောအခါလည်း တိတိကျကျဘာမှမရသဖြင့် ဗိုက်ထည်းက ကလေးအတွက်အနည်းငယ်စိတ်ပူလာမိခဲ့တယ်…။
တနေ့မှာတော့ လှဆောင်နဲ့သန်းခင်တို့လင်မယားဟာ ဆန်စက်ထည်းသို့ရောက်ရှိလာပြီး ကောင်နာစားပွဲပေါ်မှာအလုပ်ရှူပ်နေသောကြာဖြူရှိရာဘက်သို့ လျှောက်လာခဲ့ကျတယ်။
“ကြာဖြူ နင်ငါ့သားကို ဘလိုမာယာတွေနဲ့ သိမ်းသွင်းလိုက်တာလည်း”
ကြာဖြူလည်းအသံလာရာမော့ကြည့်ရာ သူရ၏အမေသန်းခင်ဖြစ်နေလေတယ်။ထိုအဖြစ်ကို အောင်ဘဆိုသူက မြင်တွေ့ရသဖြင့်အနားသို့လာကာ
“အန်တီတို့ ကိုယ်ချင်းစာတရားမရှိကျဘူးလားဗျ ဘယ်သူကဘယ်သူကိုသိမ်းသွင်းခဲ့တာလည်း ကိုယ့်သားကိုပြန်မေးကြည့်ပါအုံး”
“အမလေး ခွေးပါးစပ်ကနတ်စကားထွက်လို့”
“ဟာ ခဗျားကြီးမိုက်ရိုင်းလှချေလား အသက်ကြီးပြီးအချိန်မစီးတဲ့ ဟာမကြီး”
“ဟဲ့ကောင်မ နင်ငါ့သားနဲ့ဝေးဝေးနေ နင့်ဗိုက်ထည်းက ကလေးမွေးမို့ အကုန်ကျစရိတ် ဘလောက်ယူမလည်းပြောလိုက်”
ကြာဖြူလည်းလူတွေဝိုင်းအုံလာကြည့်နေတာကြောင့် အရှက်ကြီးတဲ့မိန်းကေလးမို့ ရင်မဆိုင်နိုင်တော့ပဲအိမ်ဘက်သို့ထွက်ပြေးသွားခဲ့ရာ အရှက်ကိုအသက်နဲ့ပင်လဲခဲ့လေတော့သည်…….။
********
“အတော်ယုတ်မာပါ့လား ငါ့ညီမသေတာ ဒင်းတို့မိသားစုကြောင့်ပေါ့ ဟုတ်လား အောင်ဘ”
“ဟုတ်….ဟုတ်ပါတယ်ကိုဆယ်မောင်”
“မင်းကွာ အစောကတည်းကလာပြောပါ့လား”
“သူတို့မိသားစုက ဖွင့်ပြောရင်ကျွန်တော်တို့မိသားစုကိုသတ်မယ်လို့ပြောထားတာကြောင့်ပါ”
“ဪ….တွေ့ကျသေးတာပေါ့ လှဆောင်…လှဆောင်| အောင်ဘမင်းငါကို့တစ်ခုကူညီပေးကွာ”
“ကူညီပေးပါ့မယ်ဗျ ပြောကျွန်တော်ဘာလုပ်ပေးရမလည်း”
“သူရရဲ့ခြေနင်းထားတဲ့မြေကြီးမှုန့်ကိုလက်တစ်ကုပ်ယူလာခဲ့ပေး”
“ရပါတယ်ကိုဆယ်မောင် အခုသွားယူလာခဲ့ပေးမယ်”
အောင်ဘလည်းသူရလုပ်နေတဲ့ဆန်စက်က်ရှိရာကိုပြေးထွက်သွားလေတယ်။ဆယ်မောင်လည်းစောထူးကိုခေါ်ကာ ဘုန်းကြီးကိုသွားကာ ဘုန်ကြီးကျောင်းပရဝန်အတွင်း၌မြေကြီးလက်တစ်ဆုပ်ကိုယူပြီး သင်္ချိုင်းရှိရာသို့တဖန်ထွက်လာခဲ့တယ်။
ယခင်နည်းအတိုင်းသင်္ချိုင်းမြေနတ်စင်ကေမြေတွကို လက်တစ်ဆုပ်ယူခန့်ယူကာ အောင်ဘပေးလိုက်တဲ့သူရရဲ့ ခြေရာမှုန့်တွေကိုရောနယ်ပြီး သင်္ချိုင်းကအခေါင်းပြင်ပေါ်တွင်တင်ကာ မီးဖြင့်မြိုက်နေလေသည်။
စောထူးကတော့ဆယ်မောင်လုပ်နေတာကိုနားမလည်သဖြင့် လုပ်နေတာတွေကိုသာကြည့်နေခဲ့ရတယ်….။
စောထူးကြည့်နေချိန်အတွင်းမှာပဲ ဝါးနဲ့ပြုလုပ်ထားတဲ့ ယောင်းမနဲ့မြေကြီးတွေကိုမွှေနေတာကိုတွေ့လိုက်ရတယ်။
ပါးစပ်မှလည်း တပွပွဖြင့် ဂါထာလိုလို မန္တုန်လိုလိုရွတ်ဆိုနေတာကိုကြားသိလိုက်ရတယ်။
ဆယ်မောင်လည်းမီးတွေကိုငြိမ်းကာ မြေကြီးခဲတွေကိုအအေးခံထားပြီး ပါလာသောလွယ်အိတ်ထည်းကဗူးလေးနှစ်ဗူးထုတ်ကာ ဗူးထဲကအရည်တွေကိုထိုမြေကြီးထည်းသို့ လောင်းထည့်ကာနယ်ပြီး အတုံးလေးတွေလုပ်ဆောင်နေတယ်။
“ဟျောင့် ဆယ်မောင် ဘာတွေလုပ်နေတာလည်း”
“စောထူး ဒါကိုခုနှစ်စင်အတိုက်လို့ခေါ်တယ်ကွ”
“ဘာ…ဘယ်လိုဆယ်မောင် ခုနှစ်စင်အတိုက်ဟုတ်လား”
“အေး…ဟုတ်တယ်စောထူး”
“နေပါအုံး ဒါတွေမင်းကဘလိုတက်တာလည်းကွ”
“ငါအငယ်တုန်းက ရှမ်းပြည်ရောက်ဘူးတယ်ကွ ရှမ်းဆရာကြီးတစ်ယောက်က သင်ပေးလိုက်တာ ဒါပေမဲ့ ငါထုတ်မသုံးဖူးဘူးစောထူး
အခုကငါညီမအတွက်ငါလက်စားချေချင်လို့ ဒီပညာတွေ ထုတ်သုံးရတာပဲ”
ကီစ္စအဝဝပြီးပြီဖြစ်တာကြောင့် သင်္ချိုင်းကနေနှစ်ယောက်သားပြန်ထွက်လာကာ ညရောက်တော့ ညအမှောင်ကိုအားကိုးကာ အထုတ်တစ်ထုတ်နဲ့အတူ စပါးလင်ပင် ကြက်ရှင်တစ်ကောင်နဲ့အတူ လှဆောင်ရဲ့ဝိုင်းထည်းသို့ ခိုးကြောင်ခိုးဝှက်ဖြင့်ထပ်မံရောက်ရှိလာခဲ့တယ်။
“စောထူး အလောက်ဆိုရပြီ မင်းခဏနောက်ဆုတ်နေ”
ကြွင်းတူနေတဲ့စောထူးကအသံခပ်တိုးတိုးဖြင့်လှမ်းပြောလိုက်တဲ့ ဆယ်မောင်အသံကြောင့် တူးနေတာကိုရပ်ပြီး အနောက်သို့ဆုတ်လိုက်လေသည်။
ဆယ်မောင်က ပါလာသောအထုတ်ကို ကြွင်းနက်ထည်းကိုထည့်ပြီး စပါးလင်ပင်က်ိုစိုက်ကာ မြေပြန်ဖို့လိုက်တာကိုစောထူးတွေ့လိုက်ရတယ်။
ကြက်ရှင်တစ်ကောင်ကို လည်ပင်းကနေလှီး၍ ကျလာသောသွေးများကို စပါးလင်ပင်ပေါ်သို့ လောင်းချလိုက်ပြီး ပါးစပ်မှ
“ဦးလှဆောင်မသန်းခင်တို့၏ ဆွေစဉ်မျိုးဆက်ခုနှစ်လုံးကို အသက်ဝိဉာဉ်ထုတ်ကာ စိတ်ကြိုက်ဖမ်းယူစားသုံးနိုင်ပါတယ်”……
*******
သုံးနှစ်ကြာသွားသောနောက်………………
“ကိုလှဆောင် ကိုလှဆောင် ”
မိန်းမဖြစ်သူသန်းခင်ရဲ့အော်သံကြောင့် ဆန်စက်ကိုသွားဖို့အလုပ်
အိမ်ဝိုင်းပေါက်ကိုရောက်နေတဲ့ ကိုလှဆောင်တစ်ယောက် အိမ်ထည်းသို့အဝင် သားဖြစ်သူအခန့်ရှေ့မှာ သန်းခင်ကိုဇက်ကြီးလိမ်နေပြီးသေဆုံးနေတာကိုတွေလိုက်ရတယ်။
လှဆောင်လည်းသားဖြစ်သူရှိရာ အခန်းထဲကိုလှမ်းကြည့်လိုက်ချိန် သားဖြစ်သူ သူရလည်း ထိုနည်းအတူ သေဆုံးနေတာကြောင့်
ဇနီးရောသားပါဆုံးရှူံးလိုက်ရတဲ့ လှဆောင်တစ်ယောက်ကတော့ ယူကြုံးမရဖြစ်ကာ ငိုကြွေးနေလေ၏…..။
“အမေ…..ဖေကြီးကဘယ်သွားနေလို့ပြန်မလာသေးတာလည်းဟင်”
သားဖြစ်သူရဲ့အမေးကြောင့် သူရ၏ဇနီးသယ်မခင်မေတစ်ယောက် ဘာပြောရမှန်းမသိဖြစ်နေချိန် လျှပ်တစ်ပြက်
“ဪ…မင်းအဖေက ဟိုဘက်ရွာကိုစပါးအဝယ်ထွက်သွားတယ်ကွဲ့ နည်းနည်းကြာမယ်ဆိုပြီး အမေကိုပြောသွားတယ်”
သားဖြစ်သူစိတ်ကျေနပ်အောင်လိမ်ပြောရပြီး ချော့သိပ်ကာ အိပ်ပျော်သွားသည့်အချိန်မှ မခင်မေတစ်ယောက် တိုးညင်းစွာငိုရှိူက်သံထွက်ပေါ်လာခဲ့တယ်…..။
မနက်ရောက်တော့ ယောက္ခထီးဖြစ်သူလှဆောင်ကို ဘယ်ဘက်ရင်အုံမှ အပေါက်ကြီးဖြင့် မခင်မေတစ်ယောက်တွေ့ရသဖြင့် လန့်ဖြန့်ကာပတ်ဝန်းကျင်ကိုအော်ခေါ်ပြီးအကူညီတောင်းတာကြောင့် အနီးနားကလူတွေရောက်ရှိလာခဲ့တယ်…..။
“ဟဲ့….လှဆောင်ရဲ့နှလုံးကြီးကိုဖောက်ထုတ်သွားတာတဲ့”
“သူ့သားနဲ့မယားကဖောက်ထုတ်ပြီးစားသွားလားမှမသိတာ”
ဆိုတဲ့စကားသံကို ဝိုင်းကြည့်နေသောလုပ်အုပ်ကြီးထံမှကြားလိုက်ရတယ်…..။
“သမီးမခင်မေ ဟောဒီကချည်မန်းကွင်းကိုဆောင်ထားကွဲ့”
အိမ်နီးချင်းဖြစ်တဲ့ဦးရာကျော်က မခင်မေတစ်ယောက်ကို ချည်မန်းကွင်းကမ်းပေးလိုက်သဖြင့် မခင်မေလည်းမငြင်းသာတော့ပဲလှမ်းယူကာ လည်ပင်း၌ဆွဲထားလိုက်လေတော့သည်…….။
တစ်နေ့တာကိစ္စအဝဝကိုလုပ်ပြီးညရောက်တော့ သားအမိနှစ်ယောက်အိမ်ယာဝင်ခဲ့လေတယ် မခင်မေလည်းစိတ်ပင်ပန်းနေသဖြင့်တွေးတောနေတဲ့အချိန်အခန်းဝကခြေလှမ်းသံကြားရသဖြင့် မခင်မေတစ်ယောက်အိပ်ရာပေါ်ကထကာ အခန်းတံခါးဖွင့်ပြီးထကြည့်လိုက်တဲ့အချိန် မည်းနက်နေတဲ့အကောင်တွေအများကြီးတွေ့လိုက်ရတယ်….။
အကောင်တွေကတဖြည်းဖြည်း မခင်မေအနားကိုတိုးကပ်လာခဲ့တာကြောင့် မခင်မေလည်းသတိမေ့လဲသွားလေတော့သည်…….။
နေကထန်းတစ်ဖျားရောက်တဲ့အချိန်မှာဆိုရင်ဖြင့် မခင်မေတစ်ယောက်သတိပြန်ရလာခဲ့တယ်…..။
ခေါင်းကတစ်ဆစ်ဆစ်နဲ့ကိုက်ခဲ့နေသော်လည်း သားဖြစ်သူကိုစိတ်ပူနေတာကြောင့် ချက်ချင်းထကာသားဖြစ်သူစီအခန်းသို့ဝင်ပြီး သားဖြစ်သူကအိပ်ပျော်နေတာတွေ့သဖြင့် အနားသို့သွားပြီး လှုပ်နှိုးကြည့်လိုက်ရာ မျက်တောင်ကတဖြေးဖြေးခပ်ကာမျက်လုံးအစုံကပွင့်လာခဲ့တယ်….။
“အမေ…သားကြောက်တယ် အကောင်မည်းမည်းတွေ”
ပြောပြောဆိုဆို အမေရဲ့ရင်ခွင်ထည်းကိုဝင်ပြီးကြောက်အားလန့်အားဖြင့်တင်းကြပ်စွာဖက်ထားလိုက်လေတယ်။
မခင်မေလည်းအိမ်မှာနေရာတာမလုံခြုံဖြစ်တာကြောင့် ဆွေမျိုးရင်ချာရှိရာ ဝင်းကရွာရွာရဲ့ကျောင်းထိုင်ဦးဇင်းတစ်ပါးဖြစ်တဲ့ဦးဇင်းစန္ဒီမာထံသို့ရောက်ရှိလာခဲ့တယ်…….။
ဦးဇင်းစန္ဒီမာစီရောက်တော့ ဖြစ်ပျက်ခဲ့သမျှကိုအကျိုးအကြောင်းပြောပြလိုက်တော့
” ဒါဆိုဒကာမလေးတို့အိမ်မှာ လူသေတာငါးယောက်ရှိပြီပေါ့”
“ဟုတ်ပါတယ်ဘုရား…တပည့်တော်မရဲ့ခင်ပွန်းသူရအပါအဝင် သူရဲ့အဖေ|အမေ| သူတို့ရဲ့တူထက်ကြီး|ထက်ကြီးရဲ့ဇနီးပါ အကုန်လုံးတစ်ပုံစံထည်းသေဆုံးသွားတာပါဘုရား”
“ဒီကအစ်မတို့ညကကံကောင်းသွားတာ ဒီချည်မန်းကြိုးကြောင့်လွှတ်သွားတာပဲ”
ယောဂီရောင်ဝတ်ဆင်ထားပြီးလူနှစ်ယောက်ထည်းက ဆံပင်ကိုသျှောင်တစောင်းထုံးထားပြီး နှာတံဆင်းဆင်း မျက်နှာဖြောင့်ဖြောင် ယောက်င်္ကျားပီသတဲ့လူက ထိုသို့ပြောလိုက်သဖြင့် မခင်မေကချည်မန်းကြိုးလေးကိုကိုင်ကြည့်ကာ
“ဒီကြိုးလေးက ဦးရာကျော်ပေးခဲ့တာနဲ့ဝတ်ထားလိုက်တာ”
“ဒကာမလေးဟောဒီကလူငယ်နှစ်ယောက်ကလောကီဆရာတွေကွဲ့ ဒကာမလေးတို့ကိုကူညီနိုင်လောက်တယ်”
“တင်ပါ့ဘုရား…တပည့်တော်တို့လည်းဘာမှကိုနားမလည်တော့ပါဘူး ဒီကနားလည်တဲ့ဆရာတွေထံကိုပဲအပ်ပါတယ်ဘုရား”
“ကဲ့ဒကာလေးခွင့်ပြုချက်ရပြီမို့ ဒကာလေးတို့သင့်တော်သလိုဆောင်ရွက်ပါ”
“တပည့်တော်တို့ အမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးပါ့မယ်ဘုရား”
*********
မောင်သူရိန်နှင့်ရှိန်းမော်လည်းဆရာတော်ကိုကတော့ကာ မခင်မေတို့အိမ်ကိုထွက်လာခဲ့လိုက်တယ်။
အိမ်ရှေ့ရောက်တော့
“ဆရာဆရာ…အိမ်ထည်းကိုအရိပ်တစ်ခုပြေးသွားတာမြင်လိုက်ရတယ်ဗျ”
ရှိန်းမော်ရဲ့စကားကြောင့်မောင်သူရိန်လည်းခြံထည်းကိုဖောက်ထွက်ကာ အရိပ်ရှိရာအနောက်သို့လိုက်သွားချိန် စပါးလင်ခင်ထည်းရောက်ချိန်မှာဆိုရင်တော့ အရိပ်ဟာပျောက်သွားတာကိုသတိထားမိလိုက်တယ်။
မောင်သူရိန်လည်း သံကွန်ခြာအင်းကိုလက်ဝါးပေါ်တင် ဂါထာတစ်ပုဒ်မန်းမှုတ်ကာ အင်းကအသက်ဝင်လာပြီဖြစ်သောကြောင့် စပါးလင်ခင်းထည်းသို့ပစ်လွှတ်လိုက်လေသည်။
သံကွန်ခြာအင်းကအရိပ်မည်းမည်းအကောင်တွေအပေါ်ကအုပ်မိုးထားသဖြင့် အပြင်ကိုမထွက်နိုင်တော့ပဲ သံကွန်ခြာအင်းရဲ့အပူမီးကိုအလူးအလိမ့်ခံစားနေရလေတယ်။
မောင်သူရိန်လည်း မျက်လုံးကိုမှိတ်ကာသင်္ချိုင်းရှင်မ မဖဲဝါကိုဖိတ်ခေါ်ပြီး သူရဲ့လက်အောက်ငယ်သားတွေကိုပြန်အပ်လိုက်တယ်။
မဖဲဝါလည်း သူရဲ့လက်ဝါးကြီးဖြင့်နာနာဘာဝအကောင်တွေကို တဗုန်းဗုန်းဖြင့်ရိုက်ကာ ခေါ်ဆောင်သွားလေတော့သည်။
မောင်သူရိန်တို့လည်းဆရာတော်စီပြန်ပြီးအကျိုးအကြောင်းပြောပြကာ ချက်ချင်းစပါလင်ခင်းကြီးကို ရွာသားငါးယောက်လောက်ခေါ်ပြီး တူးခိုင်းစေခဲ့တယ်….။
“ဆရာလေးဒီမှာ အထုတ်တစ်ထုပ်ဗျ”
တူးနေတဲ့လူတွေထည်းက လူတစ်ယောက်က အထုတ်တစ်ထုပ်ကိုမောင်သူရိန်ထံပြပြီး မောင်သူရိန်လည်းရွာသားတွေကိုမီးရှိူ့ခိုင်းစေခဲ့ပြီး ခုနှစ်စင်အတိုက်ဖြစ်ကြောင်းရှင်းပြလိုရာ အကုန်လုံးထိန့်လန့်သွားခဲ့တယ်။
ထိုအတိုက်ကိုဘယ်သူလုပ်ဆောင်တာကိုမောင်သူရိန်မှအပမည်သူတစ်ဦးတစ်ယောက်မှမသိရှိခဲ့ပေ။
(ဒါပေမဲ့စာဖတ်နေတဲ့ပရိတ်သိပ်ကကြီးတော့သိမှာပေါ့ဗျာ ဆယ်မောင်ကအသဲကင်ဆာနဲ့ဆုံးပါးသွားတာကြောင့်အစွဲကိုခေါ်ဆောင်ဖို့မဖြစ်နိုင်သဖြင့် မဖဲဝါစီကိုသာနာနာဘာဝအကောင်တွေ ပြန်အပ်လိုက်ချင်းပင်ဖြစ်ပေသည်…။
ရှိန်းမော်ကအိမ်အပေါ်ထပ်ဆန်မန်းရေမန်းသဲမန်းတွေပတ်ဖြန်းကာ ပြန်ဆင်းလာတယ် ဆရာတပည့်နှစ်ယောက်လည်းဝင်းကရွာရွာမှပြန်ထွက်လာခဲ့ပြီး ပဲခူးရိုးမဘက်ကကိုးထောင်စဉ်ရွာလေးကိုခရီးဆက်ခဲ့လေတော့သည်..။
**
ပရိတ်သပ်ကြီးခဗျာ မောင်သူရိန်မှကိုးထောင်စဉ်ရွာရဲ့လူနာများကိုကုသစေခဲ့ပြီး ထင်သလောက်မရိုးရှင်းခဲ့ပဲ နဂါးကဝေဖိုးတေဖြင့်တိုက်ခိုက်ခဲ့ရပုံကို “မောင်သူရိန်နှင့်နဂါးကဝေဖိုးတေ”ဆိုတဲ့ဇာတ်လမ်းလေးမှာဖတ်ရှူပေးကျပါအုံးနော် အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်..။
Leave a Reply