အဖိုးနဲ့အိမ်ထောင်ကျလို့အဲ့ဒီရွာမှာလိုက်နေခဲ့တာလို့ အမေဖြစ်သူပြောပြ၍သူရသိရသည်။ သူရတို့လှည်းအဖွားဖြစ်သူခြံထဲဝင်လိုက်တော့ လူတော်တော်များများကိုတွေ့လိုက်ရတယ်။ သူရလည်း အိမ်ပေါ်သို့တက်ကာအဖွားဖြစ်သူအခန်းထဲဝင်သွားလိုက်တယ်။ အဖွားက မျက်လုံးလေးမှိတ်ပြီးကုတင်ပေါ်မှာပုတီးစိပ်နေလေတယ်။ သူရကအဖွားဖြစ်သူဘေးမှာထိုင်လိုက်ပြီး အဖွားလက်ကလေးကိုကိုင်လိုက်တယ်။ “အဖွား မြေးလေးရောက်ပြီနော်” အဖွားကမျက်လုံးဖွင့်ပြီးသူရကိုပြုံးပြလေတယ်။ အဲ့ဒီနောက်အခန်းထဲမှာရှိနေတဲ့သူတွေဘက်လှည့်ပြီး…။ “ငါ့မြေးနဲ့ ငါနှစ်ယောက်တည်းစကားပြောစရာရှိတယ် သားတို့သမီးတို့အပြင်ထွက်နေပေးပါ” အခန်းအတွင်းကလူတွေလည်းအဖွားစကားကြောင့်အခန်းထဲကအကုန်ထွက်သွားခဲ့တယ်။ သူရနဲ့ အဖွားဖြစ်သူပဲကျန်ခဲ့တယ်။ “မြေးလေး ” ”ဗျာအဖွားပြောလေ” ”အဖွားက သေနေ့စေ့နေပြီကွဲ့ အဖွားမသေခင်လေးမှာငါ့မြေးကို အမွေပေးခဲ့ချင်တာလေးရှိတယ်” ”ဟုတ်အဖွား” ” လာပါဦးအဖွားနားတိုးပါအုံး” အဖွားဖြစ်သူက သူ့လက်နှစ်ဖက်လုံးနဲ့သူရမျက်လုံးကိုအုပ်လိုက်လေတယ်။ ပြီးတော့ ပါးစပ်ကနေဥုံခံကာတစ်စုံတစ်ခုရွတ်ဖတ်နေတယ်။ သူရမှာ အဖွားဖြစ်သူလက်နဲ့အုပ်ထားတဲ့မျက်လုံးနှစ်ဖက်လုံးကပူရှိန်းရှိန်းဖြစ်လာတာကိုသတိထားမိလိုက်တယ်။ စိတ်ထဲမှာလည်း အဖွားဆေးလိမ်းပြီးလက်မဆေးဘူးနဲ့တူတယ်လို့ထင်နေခဲ့တယ်။ အဖွားဖြစ်သူက သူရမျက်လုံးကိုအုပ်ထားတဲ့လက်တွေဖယ်လိုက်ပြီး ...

အနည်းငယ်ယူစားမိလိုက်သေးတာရယ်။ ညနေပိုင်း ကိုလှထွေး မီးသွေးဖုတ်ရာကနေ ပြန်လာချိန်ကျတော့ မတင်မေ ချက်ထားတဲ့ ကြက်သားဟင်းနံ့က တစ်အိမ်လုံးကို မွှေးနေတော့တာကလား။ ကြက်ဖကြီးကိုတော့ မတင်မေက ခွေးဆွဲလို့ သေတယ်ဆိုပြီး ကိုလှထွေးကို ပြောလိုက်တာရယ်။ * * * * * ” ဘယ်လို…တင်မေ့ဆီမှာ ကိုယ်၀န်ရှိနေပြီ…ဟုတ်လား…” ကိုလှထွေး အံ့သြစိတ်နဲ့ မယုံကြည်နိုင်သေးဘဲ ထပ်မေးမိတာ။ မတင်မေက ရှက်ပြုံးပြုံးရင်း ခေါင်းကို ညိတ်ပြတော့ ကိုလှထွေး အတော့်ကိုပဲ၀မ်းသာသွားရတယ်။ ” ငါ…ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး။ ၀မ်းသာလိုက်တယ်ဟာ…” ကိုလှထွေးရဲ့ စကားကြောင့် ...

စာထမင်းစားဖို့ ငါအဆင်သင့်လုပ်ထားလိုက်မယ်…” “အင်းပါ” မစိမ်းလဲ့ရေချိုးပြီးသွားတော့ ကိုအောင်မြင့်ကထမင်းဝိုင်းမှာ အဆင်သင့်စောင့်နေလေသည်။ “လာမိန်းမ အားလုံးအဆင်သင့်ဖြစ်ပြီစားကြရအောင် “ဟင်းတွေကမနက်ကတည်းက ကျွန်မချက်ထားခဲ့တာရှင်ပြန်ပြီး နွှေးထားတာလား…” “ဟုတ်တယ်လေ မင်းပြန်လာရင် အဆင်သင့်စားရအောင်လို့လေ” “ရှင်ကတခြားယောက်ျားတွေနဲ့ မတူဘူးကိုအောင်မြင့်၊အဲ့ဒါကြောင့် ကျွန်မကရှင့်ကိုလေးစားပြီး ချစ်နေရတာပါရှင်……” “ဘာကိုပြောချင်တာလဲမိန်းမ” “ဟုတ်တယ်လေ အခုပဲကြည့်ကျွန်မမနက်က ချက်ထားတဲ့ဟင်းတွေကို ရှင်ကအလိုက်တသိပြန်ပြီးနွှေးထားတယ် တခြာယောက်ျားတွေဆို ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဆိုပြီး မိန်းမတွေကိုအပြစ်ရှာပြီး ရန်ဆောင်တတ်ကြတယ်။ ဒါပေမယ့်ရှင်ကအဲ့သလိုမဟုတ်ဘူးလေ” “သြော်…မိန်းမရယ် ဒီလင်နဲ့ဒီမယားနှစ်ယောက်ပဲရှိတာ၊ ကိုယ့်အလုပ်သူ့အလုပ်ဆိုပြီး ခွဲနေလို့မှမဖြစ်တာ။ အိမ်ထောင်တစ်ခုမှာဒါလေးတွေလည်း အလိုက်သိဖို့လိုအပ်တယ်လို့ ယောက်ျားထင်တယ်……” “ရှင့်ကိုအိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့တာသိပ်မှန်တာပဲ” “ကဲထမင်းလေးစားလိုက်ဦးမိန်းမ ဟင်းတွေအေးကုန်တော့မယ်…” “အင်း…” ...

” ဆိုပြီး စကားစလာ ၏။ “ဟုတ်တယ်ကွ၊ ငါ အိပ်တောင်အိပ်ချင်လာပြီ၊ မင်း ဘာပြောမှာလဲ ပြောလေကွာ ” ကျနော် ပြောလိုက်ခြင်းဖြစ်၏။ ” ဟိုလေ အကိုတို့၊ ရယ်သော သူသည် အသက်ရှည်၏” ဆိုတဲ့ စကားကို အကိုတို့ ယုံကြလားဗျ “ ” ယုံတာပေါ့ဟ၊ မြင့်ရွှေရ၊ ဘာဖြစ်လို့လဲ ” ကျနော့်တူ တင်မြင့်ဦးက ပြော၏။ ” ကျုပ်တော့ မယုံဘူးဗျာ ” အောင်မြင့်ရွှေ ပုံစံက အတည်ပေါက်နှင့်။ “ဟမ်၊ ...

တင်တတ်သည်ဆိုသော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ ထိုမသာ တစ်ခေါက် သယ်ပေးခြင်းဖြင့် ငွေကြေး တော်တော်များများ ရသည်ကိုမက်မောမိ၍ ဒုက္ခတွေ့ရသည်များကို အောက်တွင် ဇာတ်လမ်းသဖွယ်ရေးသားဖော်ပြလိုက်ရပါတော့၏ ။ ******************** မသာလိုင်းကား ဆေးနံ့တွေ မွန်ထူနေသောအခန်းလေးတစ်ခန်း တွင်လူများ ငြိမ်သတ်လျက် ။ အဖြူရောင်long coat ကိုဝတ်ထားသော လူတစ်ယောက် က ခေါင်းကို အသာယမ်းပြလိုက်သည်နှင့်တစ်ပြိုင်နက် နံဘေးက လူနာရှင်ဖြစ်ဟန်တူ သော လူများ မျက်စိမျက်နှာပျက်ကုန်ကြလေတော့သည်။ တချို့လည်း မျက်ရည်များဝဲတက် လာကြလေ၏ ။ ”စိတ်မကောင်းပါဘူးဗျာ” ဟုတ်ပေသည် ထိုအခန်းလေးသည် လူနာအတွက် ...

သတ်တာ••• မင်းကိုမကျေနပ်ဘူး••အီးးးးအား””” ဟုအော်ကာအသက်ပျောက်သွားလေသည်။ ဦးဘခက်မှမိမိကတရားခံမို့••• မှင်သက်သွားမိသည်။••••စပယ်ယာသာဦးက “”ဘယ်လိုဖြစ်တာလဲ••မောင်နီကကားအမိုးပေါ်မှာပါ ဘယ်လိုလုပ်ကားအောက်ရောက်နေတာလဲ””” ထိုစဉ်ခရီးသည်ထဲမှအသက်ကြီးကြီး အမျိုးသားတစ်ယောက် ထွက်လာကာ••• “”ဒီလူကျုပ်ပြောစကားနားမထောင်လို့ဘေးတွေ့တာ”” “”ပြောပါဦးအဘရယ်ဘယ်လိုဖြစ်တာလဲ”” “”ဒီလမ်းဘေးတောထဲမှာ အဘတို့ငယ်ငယ်တည်းကဘုရားပိက်တစ်ခုရှိတယ် နတ်ကြီးတယ်လို့ပြောကြတယ်တကယ်လည်းဟုတ်တယ် ဘုရားကိုအသစ်မွမ်းမံပူဇော်ချင်တဲ့သူတွေရှိပေမယ့် အစောင့်အရှောက်တွေကလက်မခံဘူးတူပါရဲ့ အမျိုးမျိုးနှောင့်ယှက်လို့••ဘယ်သူမှမပြုပြင်ရဲဘူး ဒီစပယ်ယာကောင်လေးက အပေါ့သွားဖို့လာတာ အဘကဒီနားမှာမသွားနဲ့တခြားသွားပြောတာ•• အဘကိုကလန်ကဆန်လုပ်ပြီး ဘုရားပျက်ဘက်လှည့်ပြီးအပေါ့သွားတယ်လေ••• အဲဒါသူ့ကိုအစောင့်အရှောက်တွေ ဒဏ်ခတ်တာဖြစ်မယ်••• လူအကောင်းတိုင်းကြီးတစ်ယောက်က ကားအောက်မှာဘယ်လိုမှသွားအိပ်နေမှာမဟုတ်ဘူး”” စပယ်ယာသာဦးက “”ဖြစ်နိုင်တယ်အဘသူက ဘုရားတရားဆိုတာအယုံအကြည်ရှိတာ မဟုတ်ဘူး••ခုတော့ကိုယ်ကျိုးနည်းပြီ”” “”ကဲဖြစ်လာပြီးမှမတတ်နိုင်ဘူး အလောင်းဆေးရုံပို့ကြတာပေါ့”” အလောင်းကိုအနီးဆုံးဆေးရုံပို့ပြီးပြန်လာတော့ ဦးဘခက်ရော••စပယ်ယာသာဦးပါကားဂိတ်တွင် အိပ်ကြလေသည်။••• သာဦးမှာ••ညရောက်သည်နှင့်ဗိုက်ထဲတရစ်ရစ် ထိုးအောင့်ကာနာလာလေသည်။••• တစ်နေကုန်ကားမောင်းနေရသော ဦးဘခက်ကိုနိုးရအားနာတာမို့ ...

။အဘယ်ကြောင့်ဆိုသော်သူကြီး၏တပည့် ငပြဲအား သရဲတစ်ကောင်မှဝင်ပူးနေသည်မဟုတ်ပါလား။ မြသန်းလည်း လူများသွားနေကြသော ငပြဲအိမ်သို့ သွားနေသည်။ ငပြဲ၏အိမ်သို့ရောက်သောအခါ ငပြဲမှာ မျက်ထောင့်နီကြီးနှင့် အံကြိတ်နေ၏။ရွာသူရွာသားများထဲမှ သိနားလည်သော လူကြိးတစ်ယောက်က မေးလိုက်၏။ ” မင်းဘယ်သူလဲ ဘာကြောင့် ဒီလို လုပ်တာလဲ” ငပြဲမှာ ဘာမှမပြောချေ။ထို့ကြောင့်  ထပ်မေးလိုက်ရပြန်၏။ “အခု ပူးကပ်နေတာ ဘယ်သူလဲ ဘာကြောင့် သူ့ကိုအခုလို ဝင်ပူးနေရတာလဲ ” ”  ငါ့နာမည် ကျွဲနီ ဒီကောင် ငါနေတဲ့နေရာကိုလာပြီး စော်ကားတယ် ငါသတ်မယ်သူ့ကို” ငပြဲက ပြောနေရင်း လူအုပ်အားကြည့်လိုက်၏။သူသည် မြသန်းကိုတွေ့လိုက်သောအခါ ...

မိမိကင်မရာမျက်နှာပြင်လေးအတွင်းရှိ အစောပိုင်းကရိုက်ကူးလာသော မိန်းကလေး၏ဓာတ်ပုံလေးအားကြည့်ရင်း ပြုံးနေမိ၏။ ထိုအချိန်၌ ” မောင်အောင် အိမ်ပေါ်မတက်ပဲ ကွပ်ပျစ်ပေါ်မှာ ဘာတွေကြည့်ပြီးပြုံးနေတာတုံး “ ” ဟို…အယ်…ဒီလိုပါဒေါ်လေး ဓါတ်ပုံပြိုင်ပွဲအတွက် ရိုက်ကူးထားတဲ့ ပုံလေးတွေကြည့်နေတာပါ “ ” ငါ့တူလေးက ဓါတ်ပုံတွေကြည့်ရင်း ပြုံးနေတယ်ဆိုတော့က … မဟုတ်မှလွဲရော မိန်းကလေးပုံတွေမဟုတ်လား “ ” ဟဲ…ဟဲ ..ဟုတ်တယ်ဒေါ်လေးရေ ဒေါ်လေးပြောတဲ့မိန်းကလေးပုံပဲဗျ….မိန်းကလေးမှ တခြားမိန်းကလေးမဟုတ်ဘူး ဒေါ်လေးတို့ရွာသူပဲဗျို့.. “ ” ဟေ ဟုတ်လား … အဒေါ့်ကိုပြပါအုံး  “ ဟုပြောကာ  ဒေါ်နန်းမူတစ်ယောက်လည်း ...

သူ၏ သောက်ဖော် သောက်ဖက် ဖြစ်သူ ချက်ဖောင်းမှာတော့ ပြေကြီးအား ပြုံးကာကြည့်ရင်း “မင်းအတော်သောက်နိုင်တာပဲ … ပြေကြီးရ … အေ့ ” “ဟက်ဟက် … ဒါလောက်ကတော့ အပျင်းပါ ချက်ဖောင်းရာ ….” ပြေကြီး ထိုသို့ပြောလိုက်တော့ ချက်ဖောင်းလည်း စောဒက တက်ကာ ပြေကြီး၏ အနာဟောင်းကို ဆွသည့် စကားတစ်ခွန်းက မထင်မှတ်ဘဲ ပြော ထွက်မိ‌ တော့သည်။ “ဒါတောင် … ဟိုးတစ်လောက … သူကြီးသား ထွန်းရွှေ နဲ့ ထန်းရည် ...

မည်သည့်စကားမှမပြောကြပဲ နုတ်ဆိတ်လို့သာ လမ်းလျှောက်နေကြသည် ၊ အတန်ကြာသောအခါ ချောင်းဟမ်သံတချက်ပေးပြီး ဦးအုန်းမှ စကားဆိုလာသည်     “အဟမ်း… ကောင်လေး လူဆိုတာ သေမျိုးကွ မင်းလည်း သေမယ် ငါလည်းသေမယ် နောက်‌ကကောင်တွေလည်း သေမဲ့ကောင်တွေ”     ဦးအုန်း၏ စကားကြောင့် နောက်မှ လမ်းလျှောက်နေသော ဖိုထွေးသည် ၊ ဦးအုန်း၏ နောက်ကျောကို ကြည့်ပြီးမဲ့ပြူံတချက်ပြုံးလိုက်သည် ၊ ဦးအုန်းသည် သူအားမကျေမနပ်ဖြစ်နေသော ဖိုးထွေးအား သူမမြင်ပါ ထို့ကြောင့် ဆက်ပြီး စကားဆို လေသည်     “ကောင်လေး မင်း ...