အစိမ်းသေမရန်ငြိုး

စာထမင်းစားဖို့
ငါအဆင်သင့်လုပ်ထားလိုက်မယ်…”

“အင်းပါ”

မစိမ်းလဲ့ရေချိုးပြီးသွားတော့
ကိုအောင်မြင့်ကထမင်းဝိုင်းမှာ
အဆင်သင့်စောင့်နေလေသည်။

“လာမိန်းမ အားလုံးအဆင်သင့်ဖြစ်ပြီစားကြရအောင်

“ဟင်းတွေကမနက်ကတည်းက
ကျွန်မချက်ထားခဲ့တာရှင်ပြန်ပြီး
နွှေးထားတာလား…”

“ဟုတ်တယ်လေ မင်းပြန်လာရင်
အဆင်သင့်စားရအောင်လို့လေ”

“ရှင်ကတခြားယောက်ျားတွေနဲ့
မတူဘူးကိုအောင်မြင့်၊အဲ့ဒါကြောင့်
ကျွန်မကရှင့်ကိုလေးစားပြီး
ချစ်နေရတာပါရှင်……”

“ဘာကိုပြောချင်တာလဲမိန်းမ”

“ဟုတ်တယ်လေ
အခုပဲကြည့်ကျွန်မမနက်က
ချက်ထားတဲ့ဟင်းတွေကို
ရှင်ကအလိုက်တသိပြန်ပြီးနွှေးထားတယ်
တခြာယောက်ျားတွေဆို
ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဆိုပြီး
မိန်းမတွေကိုအပြစ်ရှာပြီး
ရန်ဆောင်တတ်ကြတယ်။
ဒါပေမယ့်ရှင်ကအဲ့သလိုမဟုတ်ဘူးလေ”

“သြော်…မိန်းမရယ်
ဒီလင်နဲ့ဒီမယားနှစ်ယောက်ပဲရှိတာ၊
ကိုယ့်အလုပ်သူ့အလုပ်ဆိုပြီး
ခွဲနေလို့မှမဖြစ်တာ။
အိမ်ထောင်တစ်ခုမှာဒါလေးတွေလည်း
အလိုက်သိဖို့လိုအပ်တယ်လို့
ယောက်ျားထင်တယ်……”

“ရှင့်ကိုအိမ်ထောင်ဘက်အဖြစ်
ရွေးချယ်ခဲ့တာသိပ်မှန်တာပဲ”

“ကဲထမင်းလေးစားလိုက်ဦးမိန်းမ
ဟင်းတွေအေးကုန်တော့မယ်…”

“အင်း…”

လင်မယားနှစ်ယောက်ရဲ့
ထမင်းဝိုင်းလေးကတော့အေးချမ်းစွာ
ပြီးဆုံးသွားခဲ့သည်။
မစိမ်းလဲ့လည်းနောက်တစ်နေ့
ရောင်းရန်အတွက်ဟင်းရွက်ကန်စွန်းရွက်များအားကြိုးဖြင့်စည်းလိုက်သည်။

တချို့ အရွက်များကိုတော့
အနုအကြမ်းခွဲပြီးရေစိုပုဆိုးဖြင့်
အုပ်ထားလိုက်သည်။
ရေစိုပုဆိုးဖြင့်အုပ်ထားပါမှ
မနက်ရောင်းသည့်အခါ အရွက်များက
ဝယ်သူအကြိုက်လန်းနေမည်ဖြစ်သည်။

ဆေးကြောစရာရှိတာဆေး
လုပ်စရာရှိတာလုပ်ပြီးမှအိပ်ရာ
ဝင်ခဲ့တော့သည်။

=============

အခန်း(3)

“မိန်းမရေအစောကြီးနိုးနေပြီလား”

“အင်းဟုတ်တယ်
မင်းနဲ့ဟင်းတော့ကျက်သွားပြီ၊
အခုထမင်းကြော်နေတာလေ
ရှင်အလုပ်သွားရင်စားရအောင်လို့…”

“ဒါဖြင့်ငါမျက်နှာသစ်ပြီးရင်
မအေးဆီအကြော်သွားဝယ်လိုက်မယ်”

“အင်းအင်း…ကောင်းသားပဲ”

ကိုအောင်မြင့်လည်းမျက်နှာသစ်ပြီး
ရွာထဲသို့အကြော်ဝယ်ရန်ထွက်လာ
ခဲ့တော့သည်။

အကြော်သည်မအေးကရွာအလယ်ပိုင်း
၌အကြော်ဆိုင်ထွက်လေသည်။
တစ်ရွာလုံးမအေး၏အကြော်ဆိုလျှင်
သိပ်ကြိုက်ကြသည်။

ဘူးသီးကြော်၊ပယာကြော်
ကြက်သွန်းပေါင်းကြော်၊တို့ဟူးကြော်
ပဲမုန့်ကြော်၊ကုလားပဲကြမ်းကြော်
ဆိုလျှင်လက်မလည်အောင်
ရောင်းရလေသည်။

ကိုအောင်မြင့်လည်းမအေးအကြော်
ဆိုင်သို့ရောက်လာခဲ့သည်။

“မအေးရေ အကြော်၃၀၀ဖိုးဗျို့  “

“အေးအေး အောင်မြင့်
အဲ့ဗန်းထဲကမင်းကြိုက်တဲ့အကြော်
ထည့်ယူသွား။
ငါဒီမှာလက်ကမအားလို့ဟေ့”

“ဟုတ်ရပါတယ်ဗျာ
ထည့်လိုက်ပါ့မယ်……”

“ဒါနဲ့နင့်မိန်းမစိမ်းလဲ့က
ဗိုက်ကြီးနေပြီဆိုအောင်မြင့်”

“ဟုတ်ပါ့ဗျာ”

“ဘယ်နှလရှိနေပြီတုန်းဟဲ့”

“၄လဲရှိပြီ မအေးရဲ့”

“၄လတောင်ရှိနေပြီလား
ငါလည်းသူ့ကိုမမြင်တာကို
ကြာပေါ့၊နေကောင်းတယ်မလား”

“ကောင်းပါ့ဗျာ ကောင်းပါ့
ရွာရိုးကိုးပေါက်လှည့်ပြီးစျေးရောင်း
နေလေရဲ့မအေးရေ”

“ငါကြားပါ့ ကြားပါ့
စိမ်းလဲ့ကအပျိုဘဝကတည်းက
အလုပ်တအားလုပ်တာဟဲ့။
မင်းလည်းသူ့ကိုဂရုစိုက်ဦး
သားဦးသမီးဦးမလားဒါကြောင့်သူ့ကို
သေချာလေးဂရုစိုက်ဟဲ့…”

“ဂရုစိုက်နေရတာပဲ မအေးရေ
အခုတောင်သူ့ကိုစျေးထွက်မရောင်းဖို့
ပြောနေတာပြောလို့မရဘူးဗျို့  …”

“ဟုတ်မယ်ဟုတ်မယ်
စိမ်းလဲ့ကသူများကိုအားကိုးပြီး
နေချင်တဲ့သူမဟုတ်တာငါသိတယ်။
အောင်မြင့်အကြော်တစ်ခု
အပိုထည့်သွား၊အချဉ်ရေကအထုပ်လေး
တွေထုပ်ထားတယ်လိုချင်သလောက်
ယူသွား……”

“ဟုတ်ယူသွားပြီနော် ဒီမှာတစ်ခု”

“အေးပါပြနေရမယ့်လူတွေမှ
မဟုတ်တာယူသာသွား……”

ကိုအောင်မြင့်လည်းအကြော်
ဝယ်ပြီးအိမ်သို့ပြန်လာခဲ့သည်။

“ကိုအောင်မြင့်ပြန်လာပြီလား”

“ပြန်လာပြီ
အကြော်ဆိုင်မှာမအေးနဲ့စကားကောင်း
နေလို့ကြာသွားတာ…”

“ဟုတ်လား မအေးနဲ့တောင်
မတွေ့တာကြာပေ့ါ”

“သူကမင်းကိုတောင်မေးနေတာ
ကိုယ်ဝန်ဘယ်နှလရှိနေပြီလဲ
နေကောင်းလားဆိုပြီးမေးနေသေးတာ။
သားဦးသမီးဆိုတော့ကိုယ်ဝန်ကို
ဂရုစိုက္တဲ့…”

“ကျွန်မကတော့လေ
ကိုယ်ဝန်ရှိတယ်လို့ကိုမထင်ဘူး။
ဗိုက်ထဲမှာပေ့ါပါးနေတာပဲ”

“ထမင်းကြမ်းစားရအောင်
မင်းလည်းပြီးကြရင်စျေးရောင်း
သွားရဦးမှာမလား။
ယောက်ျားနဲ့တစ်ခါတည်းစားလိုက်…”

“အင်း…စားမှာပါ”

လင်မယားနှစ်ယောက်
ထမင်းကြမ်းအားအကြော်နှင့်စားလိုက်
ကြသည်။
ထမင်းစားပြီးသည်နှင့်မစိမ်းလဲ့လည်း
စျေးဗန်းအားရွက်ကာအိမ်မှထွက်လာ
ခဲ့သည်။

============

အခန်း(4)

တဖြည်းဖြည်းနှင့်မစိမ်းလဲ့၏
ကိုယ်ဝန်ကနေ့စေ့လစေ့ဖြစ်
လာခဲ့သည်။
မစိမ်းလဲ့လည်းမွေးခါနီးဖွားခါနီးမို့
အရင်လိုစျေးရောင်းမထွက်တော့ပဲ
အိမ်မှာသာနေခဲ့သည်။

ဤသို့ဖြင့် မစိမ်းလဲ့မီးဖွားမည့်နေ့ကို
ရောက်လာခဲ့သည်။
ရွာထဲမှလက်သည်မခိုင်က
မစိမ်းလဲ့အားမွေးပေးလေသည်။

“စိမ်းလဲ့ရေညှစ်ထား
ကလေးကမမြင်ရသေးဘူးအေ့
အားနည်းနည်းစိုက်ထား”

“အမယ်လေးနာလိုက်တာရှင်”

“အီး အား”

ကိုအောင်မြင့်လည်းအခန်းရှေ့ ၌
ပြာယာခက်နေတော့သည်။
အခန်းထဲမှာဇနီးသည်ကမွေးရဖွားရ
ခက်နေသည့်အတွက်အပူလုံးက
ထကြွနေလေသည်။

“အောင်မြင့်ရေ အောင်မြင့်”

အခန်းထဲမှလက်သည်ဒေါ်ခိုင်
ပြာပြာသလဲထွက်လာသည်။

“မခိုင်ဘာဖြစ်လို့လဲ ကျုပ်မိန်းမ
အဆင်ပြေလား”

“မပြေဘူး အောင်မြင့်ရေ
ငါလည်းအတတ်နိုင်ဆုံးမွေးပေးတာပဲ။
ကလေးကထွားလွန်းလို့ထင်တယ်
စိမ်းလဲ့မမွေးနိုင်ပဲဖြစ်နေတယ်။
လှည်းပြင်ပြီးမြို့ ကဆေးရုံကိုပို့မှ
ဖြစ်လိမ့်မယ်…”

“ဗျာ…”

“မြန်မြန်လုပ် အချိန်သိပ်မရှိဘူး
နောက်ကျရင်အသက်အန္တရာယ်
စိုးရိမ်ရတယ်…”

“ဟုတ် ဟုတ်ကဲ့”

ကိုအောင်မြင့်လည်းအိမ်ပေါ်မှ
ပြေးဆင်းလာခဲ့သည်။
အိမ်မှာကလည်းလှည်းမရှိသဖြင့်
လှည်းရှိသည့်အိမ်များအားအကူအညီ
လိုက်တောင်းရတော့သည်။

“ဦးကြီးဆွေ ဦးကြီးဆွေ”

“ဟေး အောင်မြင့်ဘာဖြစ်လို့လဲ”

“ကျုပ်ကိုလှည်းလေးငှားပါဦးဗျာ
ကျုပ်မိန်းမမီးမဖွားနိုင်လို့ဆေးရုံ
ပို့ချင်လို့ဗျ”

“ဟေအဲ့ဒါမှခက်ရော
ငါ့လှည်းကငါ့သားကြီးမောင်းသွားပြီ
မရှိတော့ဘူး။
မောင်သိန်းတို့အိမ်သွားမေးကြည့်ပါလား”

“ဟုတ်ကဲ့”

ကိုအောင်မြင့်လည်း မောင်သိန်းအိမ်သို့ပြေးရပြန်သည်။

“ကိုမောင်သိန်း ကိုမောင်သိန်း”

“ဟေးဘာလဲ အောင်မြင့်”

“ကျုပ်မိန်းမမီးမဖွားနိုင်လို့
ဆေးရုံပို့ရမှာ လှည်းငှားချင်လို့
ကိုမောင်သိန်း”

“အေးအေး ငှားရမှာပေါ့ကွ
နေဦးငါလှည်းကောက်လိုက်ဦးမယ်
မင်းအိမ်ကိုအရင်ပြန်နှင့်
ငါလှည်းကောက်ပြီးတာနဲ့
တစ်ခါတည်းလိုက်လာခဲ့မယ်”

“ဟုတ် ဟုတ်ကဲ့
ကျေးဇူးပါပဲ ကိုမောင်သိန်းရာ”

“ရပါတယ်ကွာ မလိုပါဘူး”

“ဒါဖြင့်ကျုပ်ပြန်ဦးမယ်”

“အေးအေး”

ကိုအောင်မြင့်လည်းအိမ်ကို
အပြေးတပိုင်းဖြင့်ပြန်ရောက်လာ
ခဲ့သည်။

“မခိုင် မခိုင်ကျုပ်မိန်းမဘယ်လိုနေသေးလဲ”

“နင့်မိန်းမကတစ်ချက်တစ်ချက်
သတိလစ်လစ်သွားတယ်။
လှည်းကောရခဲ့လား”

“ရခဲ့တယ် ကိုမောင်သိန်းလိုက်လာလိမ့်မယ်ဗျ”

“ဒါဖြင့်လိုအပ်မယ်ထင်တာတွေ
မြန်မြန်ထည့်လိုက် အောင်မြင့်”

“ဟုတ်ကဲ့”

“က်ြီ”

“အောင်မြင့်ရေ လှည်းရောက်ပြီဟေ့”

“ဟုတ် ဟုတ်လာပြီ
ကိုမောင်သိန်း”

“အောင်မြင့် နင်ကနင့်မိန်းမကို
လှည်းပေါ်ပွေ့ချီပြီးတင်လိုက်
ငါကဒီအထုပ်တွေကိုယူခဲ့မယ်”

“ဟုတ် မခိုင်”

ကိုအောင်မြင့်လည်းမစိမ်းလဲ့အား
ပွေ့ချီကာလှည်းပေါ်တင်လိုက်သည်။
လက်သည်မခိုင်ကအထုပ်များအား
လှည်းပေါ်တင်ပေးလေသည်။

“ဟဲ့နွား သွားစမ်း”

“ဖြန်း”

ကိုမောင်သိန်းကလှည်းကို
ခပ်မြန်မြန်မောင်းကာရွာမှထွက်လာ
ခဲ့ကြသည်။

“မိန်းမ အားတင်းထားနော်
ဆေးရုံကိုသွားနေပြီ”

“အင်း…နာလိုက်တာ
ယောက်ျားရယ် ကျွန်မမရတော့ဘူး”

“ဟာဘာတွေလျှောက်ပြောနေတာလဲ
ခဏလေးသည်းခံပြီးစောင့်နော်
ရောက်တော့မှာပါ”

“အားကျွတ်ကျွတ်ကျွတ်”

“အမယ်လေး”

“မိန်းမ မိန်းမ သတိထားပါဦးကွာ”

“အင်းဟင်းဟင်း”

“ဟာ…လုပ် လုပ်ပါဦး
ကိုမောင်သိန်း ကျုပ်မိန်းမမျက်ဖြူလန်
နေပြီဗျ”

ိကိုမောင်သိန်းလည်းလှည်းမောင်းရင်း
နောက်သို့လှည့်ကြည့်လိုက်သည်။

“အင်းဟင်းဟင်း”

“မိန်းမ အဲ့လိုမလုပ်ပါနဲ့ကွာ
ငါရှိပါတယ်ကွ”

မစိမ်းလဲ့ကမျက်ဖြူကြီးလန်ကာ
သတိလစ်လစ်သွားလေသည်။

“အင်း”

“ဟင်…မိန်းမ မိန်းမ”

“လုပ် လုပ်ပါဦး ကိုမောင်သိန်း
ကျုပ်မိန်းမခေါ်လို့မရတော့ဘူးဗျ”

“မှန်းစမ်း”

ကိုမောင်သိန်းကမစိမ်းလဲ့၏
နှာခေါင်းဝအားလက်ဖြင့်တေ့ကြည့်
လိုက်သည်။

ပြီးမှစိတ်မကောင်းသည့်
မျက်လုံးများဖြင့်ကိုအောင်မြင့်အား
ကြည့်ကာခေါင်းရမ်းပြလိုက်သည်။

“ဟင်…ဖြစ်မှဖြစ်ရလေကွာ”

“စိတ်ကိုထိန်းပါ အောင်မြင့်ရာ
ငါတို့ရွာကိုလှည့်ပြန်မှဖြစ်မယ်”

“အင်းပါဗျာ
ကျုပ်မိန်းမအဖြစ်ဆိုးလိုက်တာဗျာ”

“စိမ်းလဲ့ရေ ကိုယ့်ကိုတစ်ယောက်တည်းထား
ခဲ့ပြီလားကွာ။
တို့ရဲ့ရင်သွေးလေးကိုတောင်တို့မြင်ခွင့်
မရေတာ့ပါလားကြာ”

ကိုအောင်မြင့်လည်းလှည်းပေါ်၌
ချုံးပွဲချကာငိုကြွေးနေတော့သည်။

မယားလည်းဆုံးကလေးလည်း
ဆုံးသွားသည်မို့ဖြေမဆည်နိုင်
ဖြစ်နေရတော့သည်။

ကိုမောင်သိန်းလည်းလှည်းကို
ရွာသို့လှည့်ပြန်ပြီးမောင်းလာခဲ့
သည်။

==============

အခန်း(5)

မစိမ်းလဲ့ကွယ်လွန်သွားသည့်
သတင်းကြောင့်တစ်ရွာလုံးက
စိတ်မကောင်းဖြစ်နေကြလေသည်။

ကျန်ရစ်ခဲ့သည့်ကိုအောင်မြင့်အတွက်
ပို၍စိတ်မကောင်းဖြစ်ကြရသည်။

ရွာထဲမှလူများကမစိမ်းလဲ့နာရေးအား
ဝိုင်းဝန်းပြီးလုပ်ကိုင်ပေးကြလေသည်။
ညနေ၃နာရီကျော်တော့မစိမ်းလဲ့
နာရေးအားတစ်ရွာလုံးလိုက်လံ
ပို့ဆောင်ကြလေသည်။

သုသာန်ထဲသို့ရောက်တော့
ကိုအောင်မြင့်တစ်ယောက်
သတိပင်လစ်သွားရလေသည်။
အားလုံးကသတိပြန်ရအောင်
ပြုစုပေးပြီးကိုအောင်မြင့်ကို
သုသာန်အတွင်းမှဆွဲခေါ်သွားကြ
လေသည်။

မစိမ်းလဲ့အားမြေချသည့်အချိန်
ကိုအောင်မြင့်တစ်ယောက်စိတ်ကို
မထိန်းနိုင်မည်စိုး၍ခေါ်သွားကြ
ခြင်းဖြစ်သည်။

နောက်ဆုံးမစိမ်းလဲ့အား
မြေမြှုပ်ရန်ရွာထဲမှ ကိုဖိုးကျော်၊ကိုခင်စံ
နှင့်ကိုသာခင်တို့သုံးယောက်သာ
ကျန်ခဲ့လေသည်။

“ကဲ…ငါတို့တွေစိမ်းလဲ့အလောင်းကို
မြှုပ်လိုက်ကြတာပေါ့ကွာ”

ကိုဖိုးကျော်ကပြောလိုက်သည်။

“နေဦး ငါမင်းတို့ကိုပြောစရာရှိတယ်”

“ဘာပြောမှာလဲ ခင်စံ”

“ဒီလိုသာခင်ရ……”

သုံးယောက်သားခေါင်းချင်းဆိုင်ကာ
တီးတိုးပြောဆိုနေကြသည်။

“ဖြစ်ပါ့မလား ခင်စံရ
တော်ကြာလူတွေသိသွားရင်
ဘယ်လိုလုပ်ကြမလဲ”

“အေးဟုတ်တယ်ခင်စံရ
လူတွေသိသွားရင်ငါတို့သုံးယောက်လုံး
ဒုက္ခရောက်လိမ့်မယ်ကွ။

“ဖိုးကျော်၊သာခင်မင်းတို့ကလည်း
ဘယ်သူကသိမှာလဲကွ။
ဒီသင်္ချိုင်းထဲမှာငါတို့ပဲရှိတာလေကွာ
မင်းတို့ပဲစဉ်းစားကြည့်ကြလေ”

“အင်းဒါလည်းဟုတ်တာပဲ
ဘယ်သူမှရှိတာမဟုတ်ဘူးကွ။
ဒါဖြင့်ရင်လည်းလုပ်ကြတာပေါ့ကွာ”

“ဖိုးကျော် မင်းရောဘယ်လိုလဲ”

“ပြီးရောကွာ ငါလည်းပါမယ်”

“ဒါဖြင့်ဒီကိစ္စကို မင်းတို့တွေ
နှုတ်လုံစေနော်”

“စိတ်ချစမ်းပါ
ဘယ်သူကကိုယ့်လည်ပင်းကို
ကြိုးနဲ့စွပ်မှာလဲကွ။

ဖိုးကျော်၊ခင်စံနဲ့သာခင်လည်း
မကြံကောင်းသည်ကိုကြံကြတော့
သည်။

=============

အခန်း(6)

“သြော် …စိမ်းလဲ့စိမ်းလဲ့
မင်းမရှိတဲ့ဒီအိမ်ကြီးဟာ
ငါ့အတွက်အဓိပ္ပာယ်မဲ့လိုက်တာ
မိန်းမရာ”

ကိုအောင်မြင့်တစ်ယောက်
အိမ်တိုင်ကိုမှီပြီးမစိမ်းလဲ့အား
လွမ်းဆွတ်တမ်းတနေမိသည်။

အိမ်ကြီးထဲမှာပျော်ပါးခဲ့ဖူးတဲ့
အမှတ်တရများကိုပြန်လည်
စဉ်းစားပြီးကျမျက်ရည်မဆည်နိုင်
ဖြစ်ရတော့သည်။

“အူ ဝူ ဝူး”

“အူဝူး ဝူဝူ”

ခွေးအူသံများကကြက်သီး
ထစဖွယ်လွင့်ပျံလာသည်။

ကိုဖိုးကျော်တစ်ယောက်အိပ်၍
မပျော်နိုင်ဖြစ်နေသည်။
အိပ်ရာထဲလူးလွန့်ရင်းဟိုတွေးသည်တွေး
တွေးနေမိသည်။

“တော်ပါပြီ ငါဒီအကြောင်းကို
မတွေးတာပဲကောင်းမယ်”

ကိုဖိုးကျော်လည်း
တွေးလက်စအတွေးကိုဖျောက်ပြီး
အိမ်အောက်သို့ဆင်းလာခဲ့
သည်။

အိမ်နောက်ဖေးသို့အပေါ့သွားရန်
အိမ်သာရှိရာသို့လာခဲ့သည်။

“က်ြီ”

အိမ်သာတံခါးကိုဖွင့်ပြီး
အိမ်သာထဲဝင်လိုက်သည်။

“ရှပ် ရှပ် ရှပ်”

“ဟင်…ခြေသံပါလား
အိမ်မှာကလည်းငါတစ်ယောက်ပဲ
နေတာပါ။
ဘယ်သူများပါလိမ့်……”

“အဟင်း အဟင်း ဘယ်သူလဲ “

“ရှပ် ရှပ် “

“ဘယ်သူလဲလို့မေးနေတယ်”

ကိုဖိုးကျော်လည်းအိမ်သာရေလောင်းပြီးဆင်းလာခဲ့သည်။

အိမ်သာမှအထွက်ခြေသံပိုင်ရှင်အား
လိုက်လံရှာဖွေကြည့်လိုက်သည်။

မည်သူမှရှိမနေ……

ကိုဖိုးကျော်လည်းနားကြားမှားသည်
အထင်ဖြင့်အိမ်ထဲဝင်ရန်ခြေလှမ်း
မည်အပြု ……

“နင် နင် လူယုတ်မာ”

“ဟင်……”

အသံလာရာနောက်သို့လှည့်ကြည့်
လိုက်ရာကိုဖိုးကျော်၏မျက်လုံးများ
ပြူးသွားရသည်။

ကြောက်မက်ဖွယ်မျက်နှာကြီးဖြင့်
စားမတတ်ဝါးမတတ်ကြည့်နေသည့်
မစိမ်းလဲ့ပင်ဖြစ်သည်။

“စိမ်း စိမ်း စိမ်းလဲ့”

“နင် နင်ငါ့အိမ်ထဲဘာလာလုပ်တာလဲ”

“သွား အခုထွက်သွား”

ကိုဖိုးကျော်တစ်ယောက်
တုန်တုန်ယင်ယင်ဖြစ်နေတော့သည်။

“နင်တို့တွေ ငါ့ကိုသေတာတောင်
ယုတ်မာခဲ့ကြတယ်”

“ငါမကျေနပ်ဘူး “

“နင်တို့ကိုငါပြန်သတ်မယ်”

“မလာနဲ့ မလာနဲ့ သွားသွား”

“ဟား ဟားဟားဟား”

“နင်သေရမယ်”

သရဲမစိမ်းလဲ့ကသူ၏သန်မာလှသည့်
လက်ကြီးနှစ်ဖက်ဖြင့် ကိုဖိုးကျော်၏
လည်မျိုအားညှစ်ထားလေသည်။
ကိုဖိုးကျော်လည်း မြေပေါ်မှ၂ပေခန့်
မြောက်တက်ပြီးခြေကားယားဖြစ်နေ
သည်။

“အု အ အ”

ကိုဖိုးကျော်တစ်ယောက်အသက်ရှူ
ကြပ်လာပြီးမျက်လုံးများပင်ပြာလာ
သည်။
မည်သို့ပင်ရုန်းကန်နေပေမယ့်
သန်မာလှသည့်စိမ်းလဲ့၏လက်ကြီးများမှ
လွတ်မြောက်နိုင်စွမ်းမရှိပေ။

တဖြည်းဖြည်းနှင့်ကိုဖိုးကျော်
ငြိမ်ကျသွားလေသည်။
သရဲမစိမ်းလဲ့လည်း အသက်မဲ့သွားသည့်
ကိုဖိုးကျော်၏ အလောင်းအားမြေပေါ်သို့
ပစ်ချလိုက်သည်။

===============

“ဟေ့ကောင် ခင်စံ ဖိုးကျော်သေပြီတဲ့”

“ဘာ…ဘာပြောတယ် ဖိုးကျော်သေပြီဟုတ်လား”

“ဟုတ်တယ်ကွ မနေ့ညကသူ့ဝိုင်းထဲမှာ
မျက်လုံးကြီးပြူးခုတ်ကြီးကျိုးပြီး
သေနေတာတဲ့ကွ။

“ဟင်…ဘယ်သူကများဖိုးကျော်ကို
သတ်သွားသလဲမသိဘူး”

“ငါ့အထင်ပြေရရင် ဟို ဟိုစိမ်းလဲ့များ
သရဲဖြစ်ပြီး သတ်သွားသလားမသိဘူး။
ဟိုကိစ္စကိုမကျေမနပ်ဖြစ်ပြီး”

“တော်စမ်း သာခင်”

ကိုခင်စံ၏အော်သံကြောင့်
အရက်ဆိုင်ထဲမှလူများကဝိုင်းပြီး
ကြည့်နေကြလေသည်။

“ဒီကိစ္စကိုမင်းလျှောက်ပြီးပြောလို့
ကတော့မင်းသေပြီသာမှတ် “

“ငါမပြောပါဘူးကွ ငါကထင်တာကို
ပြောတာပါကွာ”

“ထွီ…အဓိပ္ပါယ်မရှိလိုက်တာ
ဘယ်လိုလုပ်သရဲကလူသတ်လို့ရမှာလဲ
သာခင်ရ…
မင်းဦးနောက်မရှိဘူးလားကွ ဟမ်”

“ပြောမရဘူးလေ ဟုတ်ချင်လည်း
ဟုတ်နေမှာပေါ့ “

“တော် တိတ်ထပ်မပြောနဲ့တော့ သာခင်
မင်းကကိုယ့်လည်ပင်းကိုယ်ကြိုးစွပ်
မယ့်အကောင်ပဲ။

ကိုခင်စံကငေါက်လိုက်သဖြင့်
ကိုသာခင်လည်းထပ်မပြောရဲတော့ပဲ
အရက်ကိုသာသောက်နေမိသည်။

ကိုဖိုးကျော်သေဆုံးပြီးနောက်ပိုင်း
ကိုသာခင်နှင့်ကိုခင်စံလည်းဟန်မပျက်
နေခဲ့ကြသည်။

==============

“ကလေးကကိုယ်တွေပူပြီး
အဖျားတွေတက်နေတယ် ကိုသာခင်
ဆေးလေးသွားဝယ်ပြီး တိုက်မှဖြစ်မယ်”

“မင်းကလည်း ညကြီးမိုးချုပ်
ငါကရွာအနောက်ပိုင်းထိဆေးသွားဝယ်
ရမှာလားကွ။

“အိုတော်… ရှင်ယောက်ျားမဟုတ်ဘူးလား
ရွာအနောက်ပိုင်းလေးတောင်မသွားရဲဘူးလား။
ဘယ်လိုဖအေမျိုးလဲ ကိုယ့်သားသမီး
နေမကောင်းတာတောင် ဆေးလေးသွားဝယ်မပေးချင်ဘူး
အံ့သြပါ့တော်.

“ပေးပေး သွားဝယ်ပေးမယ်
ငါ့ကိုတော့နားငြီးအောင်လာမပြောနဲ့”

“ပြောမှာပဲ ရှင်လုပ်တာဟုတ်လို့လား”

“ရော့ ပိုက်ဆံသေချာကိုင်သွားဦး
အရက်သမားလက်ဆိုတော့ တုန်တုန်
ယင်ယင်နဲ့ကျနေဦးမယ်”

“သိပ်လျာရှည်တဲ့မိန်းမပဲကွာ”

ကိုသာခင်လည်းပိုက်ဆံယူပြီး
အိမ်ထဲမှထွက်ခဲ့သည်။

“စိတ်ပျက်စရာပဲ
သွားရမယ့်နေရာက ရွာအနောက်ပိုင်း
စိမ်းလဲ့နေခဲ့တဲ့နေရာကလည်း
ရွာအနောက်ပိုင်းဆိုတော့ အင်း
ယောက်ျားပဲကွာ မဖြစ်ဖြစ်အောင်တော့သွားရမှာပဲ”

ကိုသာခင်လည်းအားတင်းပြီး
ရှေ့ဆက်ခဲ့သည်။
ကိုသာခင်ကတခြားယောက်ျားများနှင့်
မတူသရဲတစ္ဆေဆိုသိပ်ကြောက်တတ်သူ
ဖြစ်သည်။

ကိုသာခင်လည်းပိုက်ဆံကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး
လျှောက်လာခဲ့သည်။

တဖြည်းဖြည်းနှင့်စိမ်းလဲ့နေသည့်
အိမ်နားမှဖြတ်လျှောက်လာခဲ့သည်။
မဝံ့မရဲဖြင့် စိမ်းလဲ့အိမ်ဘက်သို့
ကြည့်လိုက်မိသည်။
တစ်အိမ်လုံးမှောင်မည်းပြီးတိတ်ဆိတ်နေ
လေသည်။

“အိမ်ကြီးကတော့မှောင်မည်းနေတာပဲ
အောင်မြင့်တော့ ဘယ်လိုစိတ်နဲ့နေသလဲ
မသိဘူး”

ကိုအောင်မြင့်အတွက်ကြံဖန်ပြီး
ပူပေးနေမိသည်။

“ဟင်…နံလိုက်တာဘာအနံ့ကြီးလဲ”

“ပုပ်စော်ကြီးနံလိုက်တာ
ဘာကောင်သေနေတာလဲမသိဘူး”

ကိုသာခင်လည်းနှာခေါင်းကို
ပိတ်ပြီးပြစ်တင်ပြောဆိုနေမိသည်။

“ဘယ်သွားမလို့လဲ……”

“ဟင်…”

နောက်မှပြောလိုက်သည့်စကားသံ
ကြောင့်ကိုသာခင်၏ခြေလှမ်းများ
တုံ့ဆိုင်းသွားရလေသည်။

“နင်ငါ့ကိုဘာလုပ်ခဲ့သလဲ”

“ဟာ ဟာ မလာနဲ့ မလာနဲ့
စိမ်းလဲ့ နင် ငါ့အနားမလာနဲ့ သွား”

“နင်အခုမှကြောက်နေပြီလား ဟမ်
နင်တို့ငါ့ကိုဘာလုပ်ခဲ့ကြသလဲ”

“ငါမသိဘူး သွားသွား”

“ဟား ဟားဟား နင်လုပ်ပြီးမှ
မသိလို့ရမလား သာခင် နင်တို့အလှည့်
မကြာခင်ရောက်လာလိမ့်မယ်ဟေ့”

“ဟင်…”

သရဲမစိမ်းလဲ့လည်း ပြောချင်ရာပြောပြီး
ပျောက်ကွယ်သွားတော့သည်။
ကိုသာခင်လည်း ဖနောင့်နဲ့တင်ပါး
တသားတည်းကျအောင်ဆေးရောင်းတဲ့
အိမ်ကိုအတင်းပြေးလာခဲ့တော့သည်။

ဆေးဝယ်ပြီးအိမ်သို့ တုန်တုန်ယင်ယင်
့ဖြင့်ပြန်ရောက်လာသည်။

“ရှင်ဆေးသွားဝယ်တာလည်း
ကြာလိုက်တာရှင် ကလေးကတအား
ဖျားနေပြီရှင့်”

“ဆေးပေး”

“ရော့ ရော့”

“ဘာလို့လက်တွေတုန်နေတာလဲ
ကိုသာခင် ရှင်အရက်သောက်ချင်
ပြန်ပြီလား”

“အေး ဟုတ် ဟုတ်တယ်ဟ”

“ရှင့်မလည်းနော် အချိန်ပြည့်
ဒီအရည်ပဲမြိုချင်နေတယ်”

“မဟုတ်ပါဘူးကွာ
ငါ ငါအိပ်တော့မယ် မိန်းမ”

“အိပ်တော့မှာလားအစောကြီးရှိသေး”

“အေး အိပ်တော့မယ်”

“အင်း အင်းအိပ်လေ”

ကိုသာခင်လည်းခေါင်းအုံးပေါ်
လှဲပြီးအိပ်လိုက်သည်။
မအိပ်ခင် သရဲမစိမ်းလဲ့၏မျက်နာအား
ပြန်မြင်ယောင်နေမိတော့သည်။

“မလာနဲ့ မလာနဲ့သွားသွား ငါ့အနားမလာနဲ့ “

“ကိုသာခင် ကိုသာခင်
ဘာဖြစ်တာလဲ

“ငါ ငါကြောက်တယ် မိန်းမ”

“ဘာဖြစ်တာလဲ ဘာကိုကြောက်တာလဲ”

“ဟိုဟိုမှာ သရဲ သရဲမငါ့ကိုလိုက်ခြောက်နေတယ်”

“မရှိပါဘူးရှင် ဘယ်ကသရဲမလဲ
ရှင်ဘာဖြစ်လာတာလဲ”

“ငါကြောက်တယ် ငါ့အနားမှာနေပေးပါလား”

“ရှင့်အနားမှာပဲတစ်ညလုံး
အိပ်နေတာလေ ဘာမှမရှိပါဘူး
ကြောက်မနေပါနဲ့။

“မဟုတ်ဘူး ရှိနေတယ် ရှိနေတယ်
ခုနကခြင်ထောင်နားမှာမတ်တပ်ရပ်
နေတာငါမြင်လိုက်တယ်”

“ရှင်စိတ်ထင်နေလို့ဖြစ်မှာပါ မရှိပါဘူး”

“နေဦးနေဦး ရေမန်းလေးတိုက်ဦးမယ်”

ကိုသာခင်မိန်းမလည်းထသွားပြီး
ရေမန်းပုလင်းအားယူလာခဲ့သည်။

“ရော့ သောက်လိုက်ဦး လန့်နေတာ
ပျောက်သွားအောင်လို့ “

“အင်း အင်း”

“ဖြည်းဖြည်းသောက်ဦး
ရှင်အော်လိုက်တာ ကလေးတောင်လန့်
နိုးသွားပြီ”

“သောက်ပြီးရင်ပြန်အိပ်လိုက်ဦး
အစောကြီးရှိသေးတယ် “

“အင်း ငါ့ကိုသေချာကြည့်ထားနော်
မိန်းမ သူပြန်ရောက်လာမှာစိုးလို့”

“မရောက်ပါဘူး ရှိလည်းမရှိဘူး
စိတ်ချလက်ချနဲ့သာအိပ် “

ကိုသာခင်လည်းဟိုကြည့်သည်ကြည့်
ကြည့်ပြီးပြန်အိပ်လိုက်သည်။

ထိုနေ့ညကဘာသံမှထပ်မကြားပဲ
အိပ်ပျော်သွားသည်။

===============

“ခင်စံ ငါမင်းကိုပြောစရာရှိတယ်”

“ဘာလဲပြော”

“မနေ့ညက ငါ့ဆီကိုစိမ်းလဲ့ရောက်လာတယ်”

“ဘာ…စိမ်းလဲ့မင်းဆီရောက်လာတယ်”

“ဟုတ်တယ် မနေ့ကညကြီးအချိန်မတော်ငါ့သား
နေမကောင်းလို့ ရွာနောက်ပိုင်းကို
ဆေးသွားဝယ်တာ စိမ်းလဲ့ကငါ့ကို
ခြောက်လွှတ်လိုက်တယ်။
ငါ့ကိုပြောသွားသေးတယ်
မကြာခင်နင်တို့အလှည့်ရောက်လာတော့မယ်ဆိုပြီး”

“သွားစမ်းပါကွာ ပါးစပ်ရှိတိုင်းလာဖြီးမနေနဲ့
နောက်တစ်ခါ စိမ်းလဲ့နဲ့တွေ့ရင်ပြောလိုက် နောက်ထပ်
ငါစော်ကားတာမခံချင်ရင်
အသာနေလို့……”

“ငါပြောတာယုံပါ ခင်စံရာ
သူတကယ်ငါတို့ကိုမကျေနပ်ဘူး
ဖိုးကျော်ကိုသတ်တာလည်း
သူပဲဖြစ်မယ်ကွ။

“သာခင် မင်းမလည်းယောက်ျားကြီး
ဖြစ်ပြီးကြောက်တတ်လိုက်တာ
မင်းကြောက်နေရင် ဘာလို့အဲ့နေ့ကတည်းက လုပ်ခဲ့သေးလဲ”

“အဲ့ဒါက အဲ့ဒါကပေါ့ကွာ
ဒါပေမယ့် ငါအခုအဲ့လိုလုပ်မိလို့
နောင်တတွေရနေပြီ ခင်စံ”

“ဘာပြောတယ် နောင်တတွေရနေပြီ
ဟုတ်လား ဟား ဟား ဟား ဟား”

“ရယ်ရတယ် သာခင်ရာ
မသာကောင်ကိုဟိုဒင်းဟိုဟာပြုတာ
နောင်တရစရာဘာအကြောင်းမှမရှိဘူး
အသက်မဲ့နေတဲ့အလောင်းလေ
သူသိမှာလဲ သူဘာခံစားရမှာလဲ
သူဘာတွေနစ်နာသွားသလဲ ပြောစမ်းပါဦး သာခင်ရ”

“မသိတော့ဘူးကွာ သူညတိုင်းအဲ့သလိုသာလာခြောက်ရင်
ငါတော့ရူးတော့မယ် ခင်စံ”

“မင်းကြောက်ပြီး အကုန်ပေါ်ကုန်လို့တော့ မင်းကိုအရှင်
မထားဘူး သာခင် မင်းငါ့အကြောင်း
သိပါတယ်”

“သိပါတယ် ခင်စံရာ”

ကိုသာခင်လည်း ကိုခင်စံအကြောင်း
သိထားသဖြင့် ဘာမှမပြောတော့ပဲ
အသာငြိမ်နေလိုက်သည်။

===============

“အောင်မြင့်ရေ အောင်မြင့်”

“သြော် ကိုမောင်သိန်းပါလား
လာလေအိမ်ထဲ “

“စိမ်းလဲ့ဆွမ်းတရားနာအတွက်
ကူညီစရာရှိတာ ကူညီနိုင်အောင်
လာမေးတာ ဘာတွေလိုအပ်သေးလဲ”

“ရွာထဲကလူတွေအကုန်လုံးက
လာပြီးလုပ်ကိုင်ပေးကြလို့ အားလုံး
အဆင်ပြေပါတယ်ဗျ။
ဘာမှမလိုတော့ပါဘူး”

“အေးကွာ ငါလည်းမအားတာနဲ့
မရောက်ဖြစ်တာ မနက်ဖြန်စိမ်းလဲ့
ဆွမ်းတရားမှပဲ ငါလာခဲ့ဦးမယ်”

“ကျေးဇူးပါပဲ ကိုမောင်သိန်းရာ”

“ဒါနဲ့တစ်ခုတော့ပြောချင်သေးတယ်
အောင်မြင့်”

“ဘာလဲပြောလေ ကိုမောင်သိန်း”

“ဟုတ်မဟုတ်တော့ မသိဘူးကွာ
ငါလည်းနားစွန်နားဖျားကြားခဲ့တာပါ
မင်းစိတ်မဆိုးလောက်ဘူးလို့
ထင်ပါတယ်”

“စိတ်ဆိုးစရာလားဗျာ
ပြောမှာသာပြောစမ်းပါ ကိုမောင်သိန်းရ

“အေးဒီလိုကွ
ဖိုးကျော်သေတာမင်းသိတယ်မလား”

“အင်း သိတယ်လေ”

“ဖိုးကျော်ကရိုးရိုးသေတာမဟုတ်ဘူးတဲ့
အသတ္ခံရတာတဲ့”

“ဗျာ ဟုတ်လား ဘယ်သူကသတ်တာလဲ”

“ငါလည်းအဲ့ဒါကိုပြောမလို့ပဲ
ရွာထဲကတချို့ လူတွေပြောနာတော့
ဖိုးကျော်ကိုသတ်တာ စိမ်းလဲ့တဲ့”

“ဗျာ”

“ဟုတ်တယ် အဲ့လိုပြောနေကြတယ်
အကြောင်းအရင်းအတိအကျကိုတော့
ငါလည်းသေချာမသိဘူး။
စိမ်းလဲ့ကဘာကြောင့်ဖိုးကျော်ကို
သတ်ပစ်တာလဲ သတ်ပစ်ရလောက်အောင် ဘာတွေဖြစ်ခဲ့တာလဲ “

“တော်ဗျာ တော်တော် အကျိုးအကြောင်းမရှိတဲ့ဟာတွေကို
ကိုမောင်သိန်းဆက်မပြောပါနဲ့တော့
စိမ်းလဲ့ကဘာကြောင့်ကိုဖိုးကျော်ကို
သတ်ရမှာလဲ ပြီးတော့စိမ်းလဲ့က
ကျုပ်ကိုအရိပ်အယောင်လေးတောင်
ပြတာမဟုတ်ဘူးဗျ။
သရဲဖြစ်ဖို့ဆိုတာဝေလာဝေး”

“ငါလည်း သူတို့စကားတွေကို
မယုံပါဘူး အောင်မြင့်ရာ ဒီအတိုင်း
ပြောပြတာပါ။
ငါသွားဦးမယ် မနက်ဖြန်မှငါလာခဲ့မယ်”

“အင်း…”

ကိုမောင်သိန်းထွက်သွားတော့
ကိုအောင်မြင့်တစ်ယောက်စိတ်ဆိုးပြီး
ကျန်နေခဲ့သည်။

“အလကား ပေါက်တတ်ကရ
သတင်းတွေလာပြောနေတယ်
ငါ့မိန်းမကဘာကြောင့် ကိုဖိုးကျော်
ကိုသတ်မှာလဲ၊ငါ့မိန်းမကဖြင့်ဘယ်ဘဝ
ရောက်နေပြီလဲတောင်မသိဘူး
အခြေအမြစ်မရှိလာပြောနေတယ်”

===============

“ကိုသာခင် မအိပ်ခင်ဘုရားလေး
ကန်တော့ဦး ပြီးတော့ရှင်ကထထအော်
နေတာ”

“အေးပါ ကန်တော့ပါ့မယ်”

ကိုသာခင်လည်းဘုရားစင်ရှေ့သွားပြီး
ကန်တော့လိုက်သည်။

“ရှင်ဘာမဟုတ်တာလုပ်ထားလို့
အခုတလောကြောက်လန့်နေတာလဲ
ကိုသာခင်”

“ဟာ ငါကဘာမဟုတ်တာလုပ်ရမှာလဲ
သူ့ဟာသူသရဲကလာခြောက်တာ
ငါဘယ်လိုလုပ်သိမှာလဲ။
တော်ပြီဟာ အိပ်တော့မယ် “

ကိုသာခင်၏ဇနီးလည်း
ဘာမှမပြောတော့ပဲအိပ်လိုက်သည်။

“နင်တို့ငါ့ကိုယုတ်မာကြတယ်
နင်တို့ငါ့ကိုသေပြီးတာတောင်
အလွတ်မပေးကြဘူး တဏှာရူးတွေ
ဒင်းတို့ကိုငါသတ်မယ် ငါသတ်မယ်”

“အား…ကြောက် ကြောက်ပါပြီ”

“မသတ်ပါနဲ့ တောင်း တောင်းပန်ပါတယ်

“ငါမှားပါတယ် စိမ်းလဲ့ရယ်
င့ါကိုမသတ်ပါနဲ့ “

“နင့်အလှည့်ရောက်မှကြောက်နေပြီလား
သတ်ကိုသစ်ပစ်ရမယ် နင်တို့သေမှအေးမယ် ဖိုးကျော်ဆိုတဲ့
အကောင်တော့ ငါသတ်လို့သေပြီ
နင်နဲ့ခင်စံပဲကျန်တော့တယ်။
နင်တို့လည်းကြာကြာမနေရဘူးမှတ်”

“ဟား ဟား ဟားဟား”

“မလာနဲ့ စိမ်းလဲ့ စိမ်းလဲ့ ငါ့ကိုမသတ်ပါနဲ့

“ကိုသာခင် ကိုသာခင်
ဘာတွေထအော်နေပြန်တာလဲ”

“အမေ အဖေဘာဖြစ်လို့ထအော်တာလဲ”

“ကိုသာခင် တစ်ကိုယ်လုံးလည်း
ချွေးတွေနဲ့ပါလား ရှင်အိပ်မက်ဆိုးတွေ
မက်ပြန်ပြီလား”

“ငါ့ကိုသရဲမသတ်ဖို့ ကြိုးစားနေတယ်”

“စိမ်းလဲ့လို့ပြောလိုက်တဲ့အသံကြားတယ်
ရှင်ဘာတွေလုပ်ထားတာလဲ
ကျွန်မကိုအမှန်အတိုင်းပြောနော်
ကိုသာခင်”

“ငါ ငါတောင်းပန်ပါတယ်မိန်းမရာ”

“ငါ့ကိုခွင့်လွှတ်ပါ “

“ရှင်ဘာလုပ်ခဲ့သလဲဆိုတာသာပြော
ရှင်ပြောမှကျွန်မသိရမှာပေါ့ ဘာဖြစ်ခဲ့သလဲပြော “

“ဒီ လိုပါဟာ……”

ကိုသာခင်လည်းဖုံးကွယ်မထားနိုင်
တော့ပဲ ဇနီးသည်အားအမှန်အတိုင်း
ဖွင့်ပြောလိုက်တော့သည်။

“ရှင်…ဘုရား ဘုရား ကိုသာခင် ရှင်မိန်းမကြီးရှိပါလျက်
အဲ့သလောက်နံ့ကြောထရသလားဟမ်
လူကြားလို့မှမကောင်းတော်
ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြရ
မလဲတော့”

“ငါလည်းအဲ့တုန်းကမူးမူးနဲ့
ဖြစ်သွားတာပါ မိန်းမရာ”

“တော်စမ်းပါရှင် မူးနေတယ်ဆိုတဲ့
အကြောင်းပြချက်ပေးပြီး ရှင့်အမှား
ကိုပေါ့အောင်လုပ်မနေစမ်းပါနဲ့
ဒီကိစ္စဘယ်လိုလုပ်ကြမလဲပြော”

“ငါဒီအတိုင်းဆက်ပြီးနေရင်
စိမ်းလဲ့ငါ့ကိုခြောက်လို့ ငါရူးရင်ရူး
မဟုတ်ရင် သူသတ်လို့ငါသေမှာဟ
ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုအမှန်အတိုင်း
ဖွင့်ပြောလိုက်တော့မယ်ဟာ”

“ရှင်ကြောင့် ကျွန်မတို့သားအမိ
ရွာထဲမှာဘယ်လိုမျက်နှာပြရတော့မလဲ
ကိုသာခင်ရယ် အီး ဟီးးဟီး”

“ငါမှားပါတယ် မိန်းမရာ ငါမှားပါတယ်”

“ရှင့်အမှားကိုရှင်သိရင်
ရှင့်အပြစ်ကိုခံယူပါ ကိုသာခင်”

“အေးပါ ငါခံယူပါ့မယ်
ငါ့ကြောင့်မင်းတို့သားအမိတွေ
အရှက်တကွဲဖြစ်ရလို့ တောင်းပန်ပါတယ်

“ဘယ်တတ်နိုင်မလဲရှင်
ဖြစ်လာမှတော့ခါးစည်းခံရုံပဲ
ရှိတော့တာပေါ့”

နောက်တစ်နေ့မနက်လင်းတော့
မစိမ်းလဲ့၏ဆွမ်းတရားနာပြုလုပ်
နေကြသည်။
ကိုမောင်သိန်းလည်းကူညီလုပ်ကိုင်ရန်
ရောက်ရှိနေလေသည်။

ရွာထဲမှအသိမိတ်ဆွေများက
မစိမ်းလဲ့၏ဆွမ်းတရားနာသို့ လာရောက်
ကြလေသည်။
နေမြင့်တော့လူသိပ်မရှိတော့ပေ
ဆွမ်းတရားနာမည့်သူအနည်းငယ်နှင့်
ကူညီလုပ်ကိုင်ပေးသည့်သူအနည်းငယ်သာကျန်နေခဲ့လေသည်။

ခဏနေတော့ ဘုန်းကြီးများကြွလာကြပြီး
မစိမ်းလဲ့အတွက်ရည်စူးပြီးတရားတစ်ပုဒ်ကိုဟောလေသည်။
တရားပြီးဆုံးသွားတော့ ကိုအောင်မြင့်က
ရေစက်ခွက်ကိုကိုင်ပြီးအမျှပေးသည်။

“အားလုံးကြားကြားသမျှ အမျှအမျှ အမျှ
ယူတော်မူကြပါကုန်လော့ သာဓုသာဓုသာဓု “

“အားလုံးကြားကြားသမျှ”

“ကိုအောင်မြင့် ကိုအောင်မြင့်”

အမျှဝေနေရင်း မိန်းကလေးတစ်ယောက်ကငိုကြီး
ချက်မဖြင့်ထခေါ်သဖြင့်အားလုံး
တိတ်ဆိတ်သွားလေသည်။

“ကိုအောင်မြင့် ကျွန်မစိမ်းလဲ့ပါ”

“ဟင်…”

“ဟာ”

“ကျွန်မစိမ်းလဲ့ပါ ပြောစရာရှိလို့
ကျွန်မရောက်လာရတာပါ “

“ဘာပြောချင်လို့လဲ မိန်းမ ယောက်ျားကိုပြောလေ”

“ကျွန်မမကျေနပ်ဘူး မကျေနပ်ဘူး”

“ဘယ်သူ့ကိုလဲ ပြောလေ”

“ဟိုလူယုတ်မာတွေ ကျွန်မကို
သေပြီးတာတောင် စော်ကားကြတယ်”

“ဟင်”

“ဟာ”

“ဘာ ဘာပြောတယ် “

“ရွာထဲက ဖိုးကျော်၊ခင်စံနဲ့သာခင်တို့
ကျွန်မကိုသေပြီးတာတောင်
အလွတ်မပေးပဲ စော်ကားကြတယ်”

“တောက် ခွေးမသားတွေကတော့”

“ဒကာကြီးစိတ်လျှော့ပါ ဒကာမကြီး
ပြောတာကိုဆုံးအောင်နားထောင်ပါဦး”

ဆရာတော်တစ်ပါးမှတားလိုက်သဖြင့်
ကိုအောင်မြင့်စိတ်ကိုလျှော့ထားလိုက်
သည်။

“ဖိုးကျော်ကို ကျွန်မလက်စားချေခဲ့ပြီးပြီ
ကျန်တဲ့၂ယောက်ကိုလည်း ကျွန်မ
မကျေနပ်ဘူး သူတို့ကိုသတ်ပြီးမှ
သာဓုခေါ်မယ် ကိုအောင်မြင့်ရေ”

“ဟင်…ဒါဆိုဖိုးကျော်ကိုသတ်တာ
စိမ်းလဲ့ဆိုတာမှန်နေပြီပေါ့”

“အေး ဒါကြောင့်ဖိုးကျော်
အသေဆိုးနဲ့သေတာပေါ့အေ့”

ဆွမ်းတရားနာနေကြသည့်
လူများကအမျိုးမျိုးပြောဆိုနေကြသည်။

“ဖြစ်မှဖြစ်ရလေ မိန်းမရာ”

“ဒကာမကြီး ဘုန်းဘုန်းပြောတာကို
နားထောင်ပါ ဒီရှေ့ကိုလာခဲ့ပါ “

ဆရာတော်ကမိန့်ကြားသဖြင့်
မစိမ်းလဲ့ဝင်ပူးထားသောမိန်းကလေးက
ဆရာတော်ကြီးရှေ့သို့ ရောက်လာသည်။

“ဒကာမကြီးဘာကြောင့်လူတွေကို
ထပ်သတ်နေဦးမှာလဲ၊ဒီလိုသာ
ကြီးမားတဲ့အကုသိုလ်ကို ဆက်ပြီးပြုလုပ်နေမယ်ဆိုရင်
ဒကာမကြီးဒီဘဝကကျွတ်လွတ်နိုင်ပါ
တော့မလား။
သေချာစဉ်းစားပါ ဒကာမကြီး
အပြစ်ရှိတဲ့သူကိုအပြစ်ရှိတဲ့အတိုင်း
အပြစ်ပေးဖို့တရားဥပဒေဆိုတာ
ရှိပါတယ် ဒါကြောင့်မကောင်းတဲ့
အကုသိုလ်တွေကိုမလုပ်မိဖို့
ဆရာတော်တားမြစ်ပါရစေ ဒကာမကြီး”

“တင်ပါ့ဘုရား တပည့်တော်မ
သေပြီးတာတောင် သူတို့တွေ
အခုလိုပြုလုပ်ကြတယ် ဘုရား
တပည့်တော်မခွင့်မလွှတ်နိုင်ဘူးဘုရား”

“အင်း…ဒါဟာအကြောင်းတရားကြောင့်
အကျိုးတရားဆိုတာဖြစ်လာတာပဲ
ဒကာမကြီး ဒါကြောင့်အငြိုးအတေးတွေကို
လျှော့ပြီးသာဓုခေါ်ပါ
အပြစ်ရှိသူကအပြစ်၏အကျိုးကို
ခံစားရပါလိမ့်မယ်”

“ဟုတ်တယ် စိမ်းလဲ့ အပြစ်ရှိသူကို
အပြစ်ပေးရမှာပဲ”

“ဟင် သူကြီး”

“ဟုတ်တယ် အခုလေးတင်ပဲ
သာခင်ကအားလုံးဝန်ခံပြီးသွားပြီ
ခင်စံကိုလည်းဖမ်းမိထားပါတယ်။
သွားရမယ့်လမ်းကိုနောက်ဆံမတင်းပဲ
ဖြောင့်ဖြောင့်သွားပါလို့ သူကြီးပြောချင်တယ်၊ဒီ၂ကောင်ကိုလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုပေးဖို့ စီစဉ်ထားပါတယ် စိမ်းလဲ့”

“ကျွန်မ သိပ်ကျေနပ်တယ် သူကြီး
ဒါကြောင့် ကျွန်မနောက်ဆံမတင်းပဲ
သာဓုခေါ်ပါတော့မယ်ရှင်”

“ကိုအောင်မြင့် ကျွန်မမရှိတော့လို့
ကျွန်မကိုအမြဲလွမ်းဆွတ်တမ်းတနေမယ့်
အစား အကောင်းမွန်ဆုံးဖြစ်အောင်
နေပြီးရှင်သန်နေပေးပါနော်”

“စိတ်ချပါဟာ ငါအကောင်းဆုံး
ဖြစ်အောင်နေထိုင်ပါ့မယ် “

“ကဲ…ဒကာကြီး ရေစက်ခွက်ကိုကိုင်
ဒကာမကြီးက နောက်ကလိုက်ပြီးဆို
ပြီးရင်သာဓုခေါ်ရမယ်”

“တင်ပါ့ဘုရား”

“ဒကာမစိမ်းလဲ့နှင့်တကွအားလုံး
ကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့”

“သာဓု သာဓု သာဓု”

အမျှဝေသံပြီးဆုံးသွားသည်နှင့်
မစိမ်းလဲ့လည်းသာဓုသုံးကြိမ်ခေါ်ဆို
လေသည်။
ကိုအောင်မြင့်ကိုပြုံးပြပြီး ထွက်ခွာသွားလေတော့သည်။

မသာတောင်အငြိမ်မနေရသည့်
တရားခံကိုသာခင်နှင့်ကိုခင်စံလည်း
သူတို့ကျူးလွန်သည့်ပြစ်မှုကြောင့်
ထောင်ဒဏ်နှစ်များစွာကျခံလိုက်ရ
လေသည်။

ပြီးပါပြီ။
#အောင်ဓူဝင်အားလေးစားလျက်