ကို ပုတ်လိုက်ရာ အော်၍ လက်ဖျံကို ကိုက်ခြင်း အမှုမပြုတော့ပေ။ထိုအခါမှ ဦးအုန်းသည်     “ကဲနောင်ကြီး ဒီကောင်မ အတော်ဆိုးနေပြီ။ကျုပ်ကို ခြေဆေးအိုးထဲက ရေခပ်ခဲ့ပေးပါ “     “ဟုတ်ကဲ့ ရပါတယ် ဆရာကြီး “       ဦးအုန်းသည် ‌ခြေဆေးရေခပ်ခိုင်းနေစဉ် သူ၏ လွယ်အိတ်ထဲမှ ကွမ်းအစ်ကို ထုတ်ပြီး ကွမ်းယာကာ ပါးစပ်ထဲထည့်၍ ဝါးနေလိုက်သည်။မကြာသောအချိန်တွင် အိမ်ရှင်လူကြီးသည် အုန်းမှုတ်ခွက်ဖြင့် ခြေဆေးရေခပ်လာလေသည်။ ဦးအုန်းသည် ထိုရေခွက်ကိုယူကာ သူ၏ ဝါးထားသော ကွမ်းတံတွေးတို့အား ထွေးထည့်ပြီး အော်ဟစ်နေသော မိန်းကလေးအား ...

အငွေ့တန်းတွေက မြွေတစ်ကောင်လိုရစ်ပတ်ထားလေ၏။   “တွေ့ပါတယ် ဘာလို့လဲ။”   “သူ့နာမည်က စိန်မြတဲ့…. ဒီနယ်တကြောမှာတော့ သူလည်းနာမည်ကြီးပဲ။ မွေးတည်းက ဂန္ဓဗ္ဗဘီလူးအစောင့်နဲ့မွေးလာတာ။ ဘယ်လိုပညာသည်မျိုးကမှ သူ့ကိုထိခိုက်အောက်မလုပ်နိုင်ဘူး။”   “အတော်ထူးဆန်းတဲ့လူပဲ… သူကဘယ်လိုနာမည်ကြီးလို့လဲ။”   “ဒီလူက အခုလိုသီတင်းကျွတ်လမှာ တစ်လလုံးတရားထိုင်ပုတီးစိပ်တယ်.. ဒါပေမဲ့ ကျန်တဲ့လမှန်သမျှမှာ မူးရူးရမ်းကားနေတာဗျ။ သူ့ရွာမှာတော့လူမိုက်ပဲ.. .. သူ့ကိုသတ်ဖို့ဆိုပြီး အောက်လမ်းပညာနဲ့တိုက်သတ်တာ… သွားသတ်တဲ့သဘက်တွေက ပြန်ပြေးလာပြီး အောက်လမ်းဆရာကို ပြန်သတ်သွားတာဗျို့။ ဒီအကြောင်းတွေကျုပ်ဘယ်လိုသိလဲဆို အောက်လမ်းဆရာရဲ့ကျွန်ဖြစ်ဖူးတဲ့ သရဲတစ်ကောင်ကို ကျုပ်ကမွေးထားလို့ သူ့ဆီကတဆင့်သိရတာဗျ။”   “ဪ အင်း ...

နိုင်အောင် ဆုတောင်းနေကြ၏။ ဘမော်က ကွမ်းဝါးရင်း တင်ပလွှဲထိုင်သလို၊ ဖိုးတုတ်ကလည်း ဆေးလိပ်တုတ်ကြီးကိုဖွာရင်း တင်ပလွှဲထိုင်နေ၏။ ထို့နောက် ဖိုးတုတ်ကစလေ၏။ “မန်ကျည်းတောသားတွေ ဇရှိချက်က တောလည်ရင်း ကျားနဲ့ပက်ပင်းတိုးတာတောင် ခဲနဲ့လိုက်ထုခဲ့တာကွ။ ဘမော် မင်းတို့တစ်ပင်တိုင်သားတွေကတော့ ဟိုတနေ့က တို့ရွာက နီမ(ခွေး)လိုက်ဆွဲလို့ ပြေးကြရသေးဆိုကွ ဟေ။” “ဟားဟားဟား။” “မန်ကျည်းတောသား ကိုဖိုးတုတ်တဲ့ကွ။” “ဟေးးးး။” “ဖျောင်း!! ဖျောင်းဖျောင်းဖျောင်း!!!” ဖိုးတုတ်၏ သာသာနှင့်နာနာနှပ်လိုက်သော စကားကြောင့် မန်ကျည်းတောရွာသူ၊ ရွာသားတွေက လက်ခုပ်တီးအားပေးကြကာ၊ တစ်ပင်တိုင်ရွာက တကယ်ခွေးလိုက်ဆွဲလို့ ထွက်‌ပြေးခဲ့ရသည့် ကာလသားတစ်စု ‌ဇာတ်ပုသွားကြလေ၏။ ဘမော်က ...

ဖြစ်မယ်ကွ မနက်မှသွားရင်တော့ အချိန်မီမှာမဟုတ်ဘူး” “အေး ဒါလည်းဟုတ်တာပဲကွ အဲဒါဆို မင်းတိုအခုညပဲသွားလိုက်ကွာ မနက်ဖန်နေ့ခင်းဘက် ပြန်ရောက်ရင်ရပြီ ‌နောက်ပြီးအဲ့ဒီအမဲသားဖိုးကိုလဲ အရီးမြဆီကတောင်းပြီး ငါလုပ်အားခထဲကပဲ ခုနှိမ်ထားခိုင်းလိုက်ကွနော့် ဆန်လဲအဲ့ဒီအတိုင်းပဲယူခဲ့လိုက်” “အေးပါကွာ ငါအားလုံးမင်းပြောတဲ့အတိုင်းလုပ်ခဲ့ပါမယ် ဒါဆိုငါတို့လဲ အခုပဲသွားတော့မယ်ကွာ တော်ကြာနေရင် မိုးလည်းချုပ်တော့မယ်ဆိုတော့” “အေး သွားကြတော့လေကွာ ဒါနဲ့ ငပြူး မင်း ချက်ဖို့ပြုတ်ဖို့ အိုကြီးကြီး နှစ်လုံးပါယူလာခဲ့ဦးကွာ” “အေး ငါယူခဲ့မယ်ကွာ” ကိုပြူးလည်း ထိုသို့ပြောပြီး မောင်စိုးကို‌ေခါ်ကာ တဲမှထွက်သွားကြတော့သည်။ (၂) ကိုမြင့်ဆောင်လည်း ကိုပြူးနဲ့မောင်စိုးတို့ ထွက်သွားပြီးသည်နောက် တဲမှာ တစ်ယောက်တည်းကျန်ခဲ့ရင်း ...

ထတာထမရဘူးကွ။ အဲဒါနဲ့လေးလေးမောင်က ဘေးကိုလှိမ့်ချပြီး လေထဲမှာတစ်ခုခုကိုဆွဲထားတယ်.. ငါ့အထင် လေးလေးမောင်က တစ္ဆေကိုကိုင်ထားတာထင်တယ်။ လေ‌း‌ေလးမောင်က လက်ကိုအပေါ်မြှောက်ပြီး မြေကြီးပေါ်ချလိုက်တာ ဘုန်းခနဲအသံကြီးထွက်လာတာဟေ့.. တစ္ဆေကို လေးလေးမောင်က ကိုင်ပေါက်နေတာထင်တယ်။”   ” မင်းဟာကဟုတ်ရဲ့လား… ဒီတစ္ဆေကြီးကို တို့ရွာကနပန်းသမားတွေ တစ်ယောက်မှ မနိုင်ဘူးနော်။”   “ငါက ကိုယ်တိုင်မြင်ခဲ့ရတာကို‌ေြပာနေတာ တကယ်ကွ။ လေးလေးမောင်က ကိုင်ပေါက်ပြီး အပေါ်ကနေတက်ဖိတာကွ တံတောင်တွေနဲ့ထောင်း ဒူးတွေနဲ့တိုက်နေတာ… ပြီးတော့မြေကြီးပေါ်မှာဟိုလှိမ့်ဒီလှိမ့်နဲ့ နည်းနည်းကြာတော့ ရပ်သွားတယ်ကွ တစ္ဆေက သူ့ကို တွန်းထုတ်ပြီး ထပြေးသွားတယ်ဆိုလားပဲ။ မင်းအဲဒီသတင်းမကြားဘူးလား ရွာထဲမှာ ဒီနေ့မနက် ...

”ဗျာ!…အဲ့ဒီလိုလား…ကျွန်တော်ကအိပ်မက်မက်တယ်ထင်တာဆရာကျော်ရေ..” ”မင်းအခုမြင်လိုက်ရတဲ့သူက..ဘယ်မှာဒုက္ခရောက်နေတာလဲ” ”မသိဘူးလေ” ”ဟင်း….မင်းကပါရမီတော့ကောင်းပါရဲ့….စဥ်းစားဆင်ခြင်နိုင်စွမ်းအားနည်းတယ်ကွာ…..ထားလိုက်တော့….ငါတို့ကယ်ရမယ့်သူဆိုတာသေချာရင်….အထက်ပုဂ္ဂိုလ်ကြီးတွေကတာဝန်ပေးပါလိမ့်မယ်” ထို့နောက်စကားစပြတ်သွားကြတော့သည်။ ဆရာတီးနှင့်ဆရာကျော်မှာ ဇရပ်၏အစွန်လေး၌ အင်းများရေးဆွဲနေ၏။ သူရကတော့ ဆရာတွေနှင့်မလှမ်းမကမ်းမှာ အင်းဆွဲနေခဲ့သည်။ ထိုအချိန်တွင် သူရ၏နားထဲသို့ သြဇာအာဏာအပြည့်ပါသည့် အသံတစ်သံကိုကြားလိုက်ရပါတော့၏။ “သူရ…..ပျင်းမနားရွာကိုသွား…အဲ့ဒီမှာကျတ်တစ္ဆေတွေ…..ရွာကိုဒုက္ခပေး​နေကြတယ်…..လူတစ်ယောက်ရဲ့အမှားကြောင့်တစ်ရွာလုံးခံနေရတာ…မင်းတို့သွားဖြေရှင်းပေးလိုက်…..ပျင်းမနားရွာက..မင်းတို့နေတဲ့နေရာရဲ့….မြောက်ဘက်တည့်တည့်မှာရှိတယ်..” သူရသည် အင်းကိုစိတ်နှစ်ကာဆွဲနေသော်လည်း နားထဲသို့ကြားလိုက်ရသည့်အသံကြောင့် စိတ်ပျံ့လွင့်သွား၍ အင်းကျိုးသွားခဲ့သည်။ ကြားလိုက်ရသည့်စကားသံတွေကိုသေချာ ပြန်စဥ်းစားကြည့်ချိန်မှာတော့ အထက်ပုဂ္ဂိုလ်ကြီးများက တာဝန်ပေးတာမှန်း သိလိုက်ရတော့၏။ ဆရာတီးနှင့်ဆရာကျော်သည် အင်းဆွဲနေသောကြောင့် အင်းကျိုးသွားမည်စိုး၍ မပြောသေးပဲ အင်းဆွဲပြီးသည့်အထိစောင့်​နေလိုက်​တော့သည်။ ကွမ်းတစ်ယာညှက်ခန့်အကြာမှာတော့ ဆရာကျော်ဆွဲသည့်အင်းက ပြီးသွားလေ၏။ သူရလည်း ဆရာကျော့်အနားကို ကပ်သွားလိုက်လေသည်။ ”ဆရာကျော်…..ကျွန်တော်ခုဏကနားထဲမှာ…အထက်ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့…တာဝန်ပေးသံကြားလိုက်ရတယ်ဗျ” ”ဟေဟုတ်လား…..ဘာတဲ့လဲ” ”ပျင်းမနားရွာကိုသွားတဲ့….အဲ့မှာ…ကျတ်တစ္ဆေတွေ….ရွာကိုဒုက္ခပေးနေတယ်ဆိုဘဲဆရာကျော်ရ” ...

ကြောက်တာပါ အခုဦးမြင့်ဆောင်ရှိနေတော့ သိပ်မကြောက်တော့ဘူး” “အေး ယောက်ျားပဲကွာ တစ်ခါတစ်လေ ဒီလိုဟာမျိုးတွေ ကြုံဘူးတော့လည်း ဗဟုသုတ ရတာပေါ့ ဒါပေမဲ့ မင်းမှတ်ထားရမှာက သူတို့က ကိုယ့်ထက် အဆင့်အတန်းနိမ့်တဲ့ သတ္တဝါတွေကွ မင်းကိုဘာမှ မလုပ်နိုင်ပါဘူး” “ဟုတ်လို့လားဗျာ ကျွန်တော်ကတော့ အခုမြင်တာနဲ့ကို တော်တော်လန့်နေပြီ” “ဟုတ်ပါတယ်ကွာ သူတို့အဲ့လောက်ပဲ လုပ်နိုင်တာပါ အဲ့ထက်ပိုလာရင် ငါနဲ့တွေ့သွားမှာပေါ့” ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ မောင်စိုး ဘာမှမပြောတော့ပဲ သစ်ပင်ကြီးကိုသာ ကြည့်နေသည်။ သူ့စိတ်ထဲမှာလည်း ကြောက်ရွံ့စိတ်သိပ်မဖြစ်တော့ပဲ သူလည်း ကိုမြင့်ဆောင်တို့နဲ့ အနေကြာလာပြီး သူတို့‌အကြောင်းသိနေ၍ဖြစ်သည်။ (၂) ...

ယဥ်းတော့မယ်ဆိုရင် ဒီကဝေကြီးကဒီထက်တောင်ပိုဆိုးလာနိုင်တယ်နော်ဆရာကြီး…” လို့ကျုပ်ကပြောတော့ဆရာကြီးကခေါင်းညိတ်ပြီး… “အေး…အဲ့တာကြောင့်ပဲ အထက်ကနေပြီး ကျုပ်ကို ဒီကဝေကောင်ကိုသွားရှင်းခိုင်းတာပေါ့ကွယ်… နောက်ပြီး…ဒီတစ်ခေါက်ခရီးမှာ ကျုပ်တို့ဆရာတပည့်… ရွှေဥဒေါင်း ရွာက ထွန်းကြိုင်ကိုလည်း သွားခေါ်ရလိမ့်မယ်ကွဲ့…” “ဗျာ…ဦးထွန်းကြိုင်…ဦးထွန်းကြိုင်ကလည်း ဆရာကြီးလိုပုဂ္ဂိုလ်ပဲလားဗျ…” ကျုပ်ကလည်းနာမည်ကြားလိုက်တာနဲ့ သိချင်စိတ်ကမနေနိုင်တော့မေးမိပြန်တယ်ဗျ။ ဆရာကြီးကလည်းခေါင်းညိတ်တယ်… “ထွန်းကြိုင်ဆိုတာ ကျုပ်နဲ့ညီအစ်ကိုလ်ိုနေလာတဲ့သူကွဲ့… ထွန်းကြိုင်ကအတော်ထူးတဲ့ကောင် ငါ့တပည့်ရဲ့…” “အတော်ထူးတာဆိုတော့…ဘာများထူးတာလဲဗျ” “အေး…နောက်လည်းသိမယ့်အတူတူ… ကျုပ်ပြောပြထားရမှာပေါ့ကွယ်… ဒီလိုကွဲ့…ထွန်းကြိုင်အမေက သာမာန်တောသူလေးတစ်​ယောက်ဆိုပေမယ့် ထွန်းကြိုင်အဖေကတော့ အတော်ဆိုးတဲ့ကဝေကြီးတစ်ကောင်ပဲ…” ဆိုပြီးဆရာကြီးက ကျုပ်ကိုအခုလိုပြောလာတယ်ဗျ… ရွှေဥဒေါင်းရွာလေးက အတော်အေးချမ်းတဲ့ ရွာလေးတစ်ရွာဖြစ်တယ်…။ တောရွာလေးဖြစ်တာကြောင့် တောင်ယာလုပ်ကိုင်၍သာ အသက်မွေးဝမ်းကြောင်းပြုကြ၏။ ထိုသို့အေးချမ်းတဲ့ရွာလေး၌… “သူကြီး…ကျုပ်တို့ကဆေးဆရာတွေပါ… ဒီရွာမှာဆေးရောင်းချင်လို့နှစ်ရက်၊သုံးရက်လောက် ...

အခန်းတစ်ခန်းယူပေးတယ်။ ကျုပ်အတွက်တော့ အဲဒီ့နှစ်ရက်ဟာ တော်တော် ပျင်းရိစရာကောင်းပါတယ်။ တစ်ခါတစ်ရံတော့ ပင်လယ်ကြီးကို ကြည့်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးကို ကျောခိုင်းသွားတဲ့ ကျုပ်ဇနီးကို သတိရမိတာပေါ့လေ။ ဒီလိုနဲ့ ပြန်ဖို့ အချိန်ရောက်လာတော့တာပေါ့။ သူတို့သမီးသုံးယောက်ဟာ ငါးခြောက်တွေ၊ ငါးကင်တွေ၊ ကဏန်းတွေ၊ ကင်းမွန်းတွေ၊ ပင်လယ်စာတွေကို အစိုတွေရော အခြောက်တွေပါ အပြိုင်အဆိုင် ဝယ်တော့တာပဲ။ ရေခဲပုံးတွေနဲ့ ရေခဲရိုက်သယ်တာတွေလည်း ပါတာပေါ့။ ကျုပ်တို့လို ကိုယ်ပိုင်ကားနဲ့ ပြန်တဲ့လူတွေ ဒုနဲဒေးပါ။ ဘယ်သူမှ အစိုတွေကို ရေခဲရိုက် မသယ်ပါဘူး။ သူတို့သာ ကဲကဲသဲသဲဖြစ်နေကြတာ။ အဖေအမေကလည်း ...

တပ်လိုက်ကာ လယ်ထဲဆင်းပြီး လက်ညှိုးတချောင်းနှင့် တွင်းများကို စမ်းကာ ငါးရှဉ့်တွင်းလိုက်ရှာနေတော့သည်။ထို့နောက် ငါးရှဥ့်တွင်းထဲသို့ တီကောင်တပ်ထားသော နှီးလေးအား ထိုးထည့်ကာ ရှေ့တိုး နောက်ဆုတ်လုပ်ပေးနေရင်း ပါးစပ်မှလည်း     “တုတ် တုတ် တုတ် “      “တုတ် တုတ် တုတ် “     အတန်ကြာသောအခါ နှီးအားအရှိန်ဖြင့်ဆွဲထုတ်လိုက်သော အခါ တီကောင်တပ်ထားသော နှီးတွင် ငါးရှဉ့်ကြီးတကောင်ပါလာလေသည်။ထိုသို့ပါလာသောအခါ ပေတူးသည် လျင်မြန်သည့် အရှိန်ဖြင့် ညာဘက်မှ ကိုင်ထားသော ဓားနှောင့်ဖြင့် တချိန်တည်းမှာပင် ငါးရှဉ့်အားရိုက်ပြီး ဖြစ်သည်။ထို့နောက် မောင်ဘိုးထင်ကို  ...