ဘကြီးစိန်ရင်နဲဲ့ အဘွားစန်းတုတ်ရဲ့အသံံံံတွေက လွင့်လွင့်လာတာပဲဗျာ။ ငယ်ငယ်တုန်းကဆိုရင်တော့ ဘကြီးစိန်ရင်တို့လင်မယားရန်ဖြစ်သွားကို သွားသွားကြည့်မိတယ်ဗျ၊ ကလေးဆိုတော့လည်း ထူးဆန်းတာမြင်ရင်ကြားရင်နားထောင်ချင်တာပေါ့၊ ဘကြီးစိန်ရင်က ကျုပ်တို့ငယ်ငယ်ကတင် အသက်ရှစ်ဆယ်နီးပါး၊ အခုဆိုရင်တော့ ကိုးဆယ်နားကပ်ပြီပေါ့ဗျာ၊ တောသားဆိုတော့ သန်သန်မာမာပဲဗျ၊ ဘကြီးစိန်ရင်တို့လယ်မယားက ရွာလယ်က မန်ကျည်းသုံးပင်အနားက ဝိုင်းခြံံံမှာနေကြတယ်၊ ဘကြီးစိန်ရင်ရဲဲ့ မိန်းမကတော့ ဘွားစန်းတုတ်လို့ခေါ်တယ်ဗျ၊ အသက်ကတော့ မတိမ်းမယိမ်းပါပဲဗျာ၊ ငယ်လင်ငယ်မယားတွေပေါ့၊ သူတို့ဆီမှာ သားတစ်ယောက်ရှိတယ်ဗျ၊ သူ့သားက ရွာမှာထန်းရည်ရောင်းတဲ့ ကိုကြွက်နီပေါ့ဗျာ၊ သားတွေ မြေးတွေရနေပြီဆိုတော့ ဘကြီးစိန်ရင်က လယ်ယာလုပ်ငန်းခွင်တော့ ဆင်းမလုပ်တော့ဘူး၊ ဒါပေမယ့် အမြဲတမ်း ခြံံံံဝိုင်းထဲမှာ တံံမြက်လှည်းတာဖြစ်ဖြစ်၊ တောင်းယက်နေတာဖြစ်ဖြစ်၊ ...

ဦးစံလှသည်  သူ့ရွာသားများခံလာရသည့်အတွက် ဒေါသပုန်ထနေခြင်းဖြစ်သည်။သို့ပေမဲ့ အိမ်သူသက်ထား ဇနီးမယား၏ စကားကိုတော့ သူမလွန်ဆန်ရဲသဖြင့် ရေနွေးကြမ်းကို သောက်ရင်း မကျေမနပ်စကားကို ဆက်တိုက်ပြောနေသေးရာ ဇနီးဖြစ်သူ ဒေါ်သန်းခင်တယောက် အတော်ပင် နားပူနေပြီဖြစ်သည်။ ထိုစဉ် သူတို့အိမ်ဝိုင်းထဲသို့ လူတစု ဝင်လာလေသည်။ထိုလူတစုမှာ ဦးစံလှ၏ အမဲလိုက်အဖွဲ့ လေးပင်ဖြစ်သည်။     “ကိုစံလှ တောတက်မယ်ဗျာ ဇရပ်လေးဆောင်ဘက်မှာ ဂျီဟောက်သံ ကြားတယ်လို့ သာဒင်က ပြောတယ် “     “အေး မောင်ရဲ မင်းအိမ်က ယုန်ပိုက်တွေ ကောင်းသေးလား “     “ကောင်းပါတယ် ...

ကြည့်၍… “ကျုပ်…ဆရာကိုအပူကပ်စရာရှိတယ်ဗျာ…” “ဟေ…ဘာများတုန်း…။အထူးအဆန်းပါလားကွ” ဘိုးဟန်အံ့သြနေသည်။ သူကိုအမြဲပေးကမ်းတတ်သော တင်အောင်တစ်ယောက် မည်သည်ကိုအပူကပ်ချင်မှန်းသူစဥ်းစားမရခဲ့။ ဘိုးဟန် သူ၏ အဆီတဝင်းဝင်းမျက်နှာကြီးနှင့် မျက်ခုံးကိုတွန့်ချိုးကာ စဥ်းစားနေတုန်း တင်အောင်က… “အခြားမဟုတ်ဘူးဆရာ…ကျုပ် တစ်ဖက်ရွာက ကောင်မလေးတစ်ယောက်ကိုသဘောအကျကြီးကျနေလို့ပါ” တင်အောင်၏စကားကိုကြားသောအခါ ဘိုးဟန်သည် ခပ်ပြုံးပြုံးမျက်နှာဘေးဖြင့်… “ဒါများတင်အောင်ရာ… မင်းလည်းပိုက်ဆံရှိသူဌေးသားပေပဲ… အဲ့တော့ တစ်ဖက်ကျေနပ်အောင်တင်တောင်းပြလိုက်ပေါ့ကွာ” ဘိုးဟန်၏စကားကို တင်အောင်က ခေါင်းတသွင်သွင်ခါပြီး… “မရဘူးဆရာ…ကောင်မလေးက ကျုပ်ကိုအသေငြင်းထားတာ။ ဒါမို့ ကျုပ်လည်းဘာမှမတတ်သာဘူးဖြစ်နေတာ… သူ့မိဘများကလည်း ငွေရှင်ကြေးရှင်တွေပဲဗျ” တင်အောင်၏မျက်နှာသည်စိတ်ပျက်နေပုံပင်။ “ဒါဆို ဆရာက မင်းကိုဘာလုပ်ပေးရမှာတုန်း…” “ဟိုဗျာ…ကျုပ်ကို ဆရာတပည့်ကပြောတယ် ဆရာက ပီယဆေးတွေဘာတွေဖော်တတ်တယ်တဲ့။ ...

တယ်၊ ကျုပ်လည်း ဦးဘသာကြီးနဲ့စကားပြောဖြစ်တာပေါ့ဗျာ။ (၃) “ရွာထိပ်မှာ လူစိမ်းတွေရောက်နေတာဗျာ၊ ကျုပ်သွားမေးတော့လည်း သူတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးတဲ့ဗျာ၊ ပုံစံကြည့်fရတာကတော့ ဆေးဆရာလိုလို၊ အထက်လမ်းဆရာလိုလိုပဲဗျ” ဦးဘသာကြီးက ကျုပ်ကိုခပ်ပြုံးပြုံးနဲ့ကြည့်လိုက်ပြီး “မကောင်းတဲ့လူက သူ့ကိုယ်သူမကောင်းဘူးလို့ပြောမလားကွ၊ ဒါနဲ့ သူတို့ကဘယ်နှယောက်တုန်းကွ” “ငါးယောက်ဗျ၊ အသက်ကြီးကြီးနဲ့တစ်ယောက်က သာယာ၀တီကနေလာတာတဲ့၊ သူ့နာမည်ကတော့ ဦးဖီးဆိုပဲဗျ၊ ကျန်တဲ့လူလေးယောက်ကတော့ သူတို့ဖာသာအလုပ်တွေလုပ်နေတာဗျ၊ စကားလည်းမပြောဘူးဗျို့” ကျုပ်ပြောတာလဲကြားပြီးရော ဦးဘသာကြီးက မျက်မှောင်ကြုတ်နေတယ်ဗျ၊ နောက်ပြီးတော့နွားရိုက်တဲ့ ကြိမ်လုံးကို ဝှေ့ယမ်းနေသေးတယ်။ “ဦးဖီးဆိုပါလား၊ ငါကြားဖူးတာကတော့ သာယာ၀တီက သိုက်တစ်ထောင်ငဖီးဆိုတဲ့လူကို ကြားဖူးတာပဲ” “သိုက်တစ်ထောင်ငဖီးက ဘာလဲဗျ” “အိုကွာ၊ ...

တိုးဝှေ့ပြီး အိပ်ခဲ့ရတယ်။ နောက်တစ်နေ့မှာ ပြင်ဦးလွင်က ရွာခံလူကြီး တွေပြောပြမှ အဲဒီနေရာဟာ ဂျပန်ခေတ်တုန်းက ဂျပန်စစ်သားတွေ အတုံးအရုံး သေခဲ့ဖူးတဲ့ နေရာလို့ သိရတယ်။ အိမ်နောက်ဖေးဘက်မှာ ဂျပန်တွေ ပုန်းခိုခဲ့ကြတဲ့ ဗုံးခိုကျင်းဟောင်းတွေ ရှိနေတုန်းပဲ။ တချို့ကျင်းတွေထဲမှာ ဂျပန် စစ်သားတွေရဲ့ ဦးထုပ်တို့လို အသုံးအဆောင်ပစ္စည်းတွေ တွေ့ရဖူးတယ်လို့ လည်း ပြောကြတယ်။ လူကြီးတွေလည်း ညဘက်အိပ်ရာသွားတဲ့အခါ (အိမ်သာက အိမ်နဲ့ အတော်လေးလှမ်းတယ်) နောက်ကနေ သစ်ရွက်ခြောက်တွေနင်းပြီး လိုက်လာတဲ့ ခြေသံကြားရတာမျိုးတွေလည်း ရှိလာခဲ့တယ်။ အဲဒီတုန်းက တကယ်သရဲခြောက်ခံရတာလို့ ပြန်မှတ်မိခဲ့တယ်။ သို့သော် ...

အောက်လမ်းအကျင့်လာကျင့်တဲ့ မောင်မဲဇာကြီးနေခဲ့သေးတယ်မဟုတ်လား (ထိုအကြောင်းကို စုန်းမျိုးတစ်ရာ မောင်မဲဇာတွင် ဖော်ပြပြီး)။ ကြောက်စိတ်ထက် သိချင်စိတ်က များနေတာနဲ့ ကျုပ်လည်း အဲဒီဘုရားငုတ်တိုနားကို ချောင်းကြည့်လိုက်တာပေါ့ဗျာ၊ ဒီတော့ အပေါ်က အင်္ကျီအနက်၊ အောက်ကလည်း ရှမ်းဘောင်းဘီလို ဘောင်းဘီအနက်ကြီးဝတ်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ၊ အဲဒီလူက ကျုပ်ကိုလှည့်ကြည့်တယ်၊ ကျုပ်ကိုလည်းမြင်ရော ဖြတ်ခနဲပျောက်သွားတာပဲဗျာ၊ တကယ်ပါ၊ ကျုပ်ဆို မျက်တောင်တောင်မခတ်မိဘူး၊ နောက်တော့မှ ဒီလိုပျောက်သွားတာ လူမဖြစ်နိုင်ဘူးလို့ တွေးမိပြီးတော့ အပြေးတစ်ပိုင်းနဲ့ ပြေးထွက်ခဲ့တာပေါ့ဗျာ။ (၂) ကိုခင်မောင် ရုက္ခစိုးမှော်ကျင့်နေတဲ့ ညောင်ပင်ကြီးနားရောက်တာတောင် ကျုပ်လန့်နေတုန်းပဲဗျ။ ဒီနေ့တော့ ကိုခင်မောင်က ဘုရားမရှိခိုးတော့ဘဲ ထူးထူးဆန်းဆန်းထိုင်နေတယ်ဗျာ၊၊ ...

ရှက်ကာ သမီးက်ုစိတ်နာ၍လှည့်ပြန်သွားတော့သည် ့ ့ သမီးကလဲမိုက်ရိုင်းပြီးလင်စိတ်မွန်နေတော့ကိုယ်ဘာလုပ်လို့လုပ်မှန်းမသိအောင်မိုက်မဲလေသည် ဒီလိုနဲ့ဒေါ်စိန်သမီးအကြီးမကိုအမွေဖြတ်၍အငယ်မကိုတော့သဌေးသားတယောက်နှင့်ပေးစားလိုက်သည် ကြည်ကြည်တယောက်မပြေလည်ဒုခ္ခရောက်နေသည်သတင်းကြားတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါ ့ ့ ့ မိဘကိုကိုယ်ထိလက်ရောက်ပါးရိုက်ခဲ့သောကြည်ကြည်ဝဠ်လည်ပြီ ီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့ဘယ်ဘက်ပါးတွင်အနားကြီးတလုံးပေါာက်လာကာ ဆေးမီးတိုတွေနဲ့ကုပေမဲ့အနာကမသက်သာတနေ့တခြားဆိုးလာကာပါးပေါက်နာကြီးဖြစ်သွားလေသည် ့ ့ ့ အားလုံးကအမေကိုစော်ကားလို့ကံကြီးထိုက်တယ်ဝိုင်းပြောတော့ ကြည်ကြည်ဒေါ်စိန်ကိုသွားကန်တော့ရန်သတိရသွားသည် ဒီလိုနဲ့အနာကြီးကအရည်တရွဲရွဲနဲ့ညတိုင်းအိပ်မရအောင်ကိုက်လာသည့်ကြည်ကြည်ကန်တော့ပွဲရွက်ကာသူ့အမေကိုလာတောင်းပန်တော့ ဒေါ်စိန်စိတ်မကောင်းဖြစ်ကာခွင့်လွတ်လိုက်သည် ့ ့ ့ မိဘဆိုတော့သားသမီးဘယ်လောက်ဆိုးဆိုးခွင့်လွှတ်စမြဲမို့အခုလဲဒေါ်စိန်ကြည်ကြည်ကိုတတ်နိုင်သလောက်ကုပေးပေမဲ့ အစားမစားနိုင်သောကြည်ကြည်အိပ်ယာထဲလဲတော့သည် ဆေးကုသူများအားလုံးလက်ရှော့ကာဝဠ်နာကံနာလို့သတ်မှတ်လိုက်လေသည် အရင်ကချောလှပါတယ်ဆိုသောရုပ်သည်ပိန်ချုံးကာအနာကိုက်၍အော်ရင်းဆုံးပါးသွားလေသည် ့ ့ ့ သမီးသေတော့ဒေါ်စိန်သံဝေဂများစွာရသွားလေသည်သမီးအလောင်းကိုကြည့်ကာဒေါ်စိန်ပြောလိုက်သည်” ”သမီးအမိုက်မရေအိပ်ရေးမဝတာကြာပြီဆိုတော့အခုတော့အိပ်တော့ဝအောင်အိပ်ပါတော့” ကြည်ကြည်ဆုံးတော့အနံ့အသက်မကောင်းပိုးများတွယ်နေတာကြောင့်နေချင်းချလိုက်သည် ့ ့ ့ ကြည်ကြည်ဆုံးပြီးတော့အခြောက်အလှန့်ကြမ်းတယ်လို့ပြောကြတော့ဒေါ်စိန်စိတ်မကောင်းပြန် ဒေါ်စိန်တညမှာတော့အိပ်နေရင်းအပုတ်နံ့ကြီးနံကာလန့်နိုးသွားသည် ်ဒီအချိန်အိပ်ယာဘေးတွင်ရပ်နေသောကြည်ကြည်ကိုမြင်တော့ရင်တုန်ပန်းတုန်ဖြစ်သွားသည် ” ...

နေအိမ်ရောက်တော့ ဒေါ်ရွှေကြည်နဲ့ဦးမောင်မြတို့လင်မယားနဲ့အတူ သားနှစ်ယောက်၊ချွေးမနှစ်ယောက်ရယ်ကလည်း ဘွားမယ်စိန်တို့ကိုဝမ်းသာအားရပင်ကြိုဆိုကြ၏။ သားနှစ်ယောက်နဲ့ချွေးမနှစ်ယောက်ကတော့ အချင်းချင်းကြည်ပုံမရသော်လည်း ဘွားမယ်စိန်ကိုတော့အားကိုးကြပုံရ၏။ “ဘွား…ဒါကျုပ်သားအကြီးနဲ့သူ့မိန်းမ… ဒါကအငယ်ကောင်နဲ့သူ့မိန်းမပါ…” ဟု…ဒေါ်ရွှေကြည်ကဘွားမယ်စိန်ကို မိတ်ဆက်ပေးလေသည်။ “ကဲ…ဘယ်လိုတွေဖြစ်ကြတာလဲ… မျက်နှာတွေကလည်းမကြည်မလင်နဲ့ပါလား…” ဟုဘွားမယ်စိန်ကဆိုလေတော့ ဒေါ်ရွှေကြည်မှ… “ဘွားကိုကျုပ်ပြောပါရဲ့… အိမ်သားတွေလည်း အကြောင်းမဟုတ်တာလေးနဲ့ ရန်တွေဖြစ်နေကြတယ်ဆိုတာလေ…” ဟု…ပြောသောဒေါ်ရွှေကြည်စကားကို ဘွားမယ်စိန်ကခေါင်းလေးညိတ်လိုက်ရင်း… “အင်း…ဒါဆိုဘွားဒီအိမ်ကိုသေချာစစ်ကြည့်ပေးမယ်… ဆန်ကိုပန်ကန်းပြားထဲထည့်ပြီးယူလာပေး… ဆန်မန်းနဲ့အရင်ဆုံးပတ်ကြည့်ဦးမယ်အေ့…” “ဟုတ်ကဲ့ဘွား…” ဒေါ်ရွှေကြည်ကဆန်များအပြည့်ထည့်ထားသော ပန်းကန်တစ်ချပ်ကိုဘွားမယ်စိန်ကိုပေး၏။ “အိမ်တံခါးတွေအကုန်ဖွင့်ထားပေးကြ…. ပရိတ်ကြိုးတွေအိမ်ပတ်ပတ်လည်မှာ ချည်ထားမိရင်လည်း ဖြုတ်ပေးကြဦးကွဲ့…” ဟု…ဘွားမယ်စိန်ကမှာကြားလေတော့ ဒေါ်ရွှေကြည်၏ သားနှစ်ယောက်က ချက်ချင်းပင်ပြတင်းတံခါးများကို ဖွင့်လို့ထားပေးကြ၏။ ဘွားမယ်စိန်ကဆန်ပန်းကန်ကိုကိုင်ကာမန်းမှုတ်လေသည်။ မောင်တိုးကတော့ဘွားမယ်စိန်၏အနောက်၌ ရပ်ကာကြည့်နေသည်။ ယခုတစ်ခေါက်မောင်အုန်းလိုက်ပါမလာနိုင်ပေ။ ...

တာပေါ့ကွာ ” “ဟာ ကောင်းတာပေါ့ ကိုဂျာအေးရာ၊ သိပ်ကောင်းတာပေါ့ဗျာ၊ နို့ အိမ်ထောင်ရက်သားရော ကျပြီလားဗျ” “မကျပါဘူးကွာ၊ ငါက အေးအေးဆေးဆေးပဲ နေချင်တာကွ” “နေပါဦးဗျ၊ ကိုကြီးဂျာအေးရ၊ ရန်ကုန်မြို့မှာ အလုပ်တစ်ခုကို တည်ထောင်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူးဗျ။ ကိုကြီးဂျာအေးက ဘာအလုပ်တွေလုပ်လို့ ဒီလောက်ကြီးပွား သွားတာတုံးဗျ” “အေး အဲဒါကို ပြောပြချင်တာကွ၊ ဒါကလည်း မင်းလိုသူကိုပဲ ပြောလို့ရမှာ၊ တခြားသူဆိုရင်တော့ ဘာမှကို နားလည်မှာ မဟုတ်ဘူးကွာ ” “ကိုကြီးဂျာအေး ပြောတာ ဘယ်လိုတုံးဗျ” “ဒီလိုကွ၊ ...

ချိန်လိုက်ကြသည်။ “ဟာ” “အမလေး” အားလုံးအထိတ်တလန့်ဖြစ်ကာ ထအော်မိကြတော့သည်။ ထိုအခါ သေနတ်ဖြင့် ထိုးချိန်ထားသည့် လူသုံးယောင်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက “အားလုံးပါးစပ်ပိတ်ထားကြစမ်း။အသက်ရှင်ချင်သေးတယ်ဆိုရင် အဲဒီနေရာမှာပဲဝပ်နေကြ” ယင်းသို့ခပ်မာမာ အမိန့်ပေးလိုက်တော့ မန်နေဂျာနှင့်တကွ ဝန်ထမ်းများအားလုံးလည်း ငွေရေတွက်သည့်နေရာ၌ပင် ဝပ်နေလိုက်ကြတော့သည်။ ထိုအခိုက်တွင် ကျော်စိုးကို သေနတ်ဖြင့်တေ့ချိန်ထားသည့်လူက ခါးကြားထဲတွင် ထိုးထည့်ထားသည့် မြွေရေခွံအိတ်ကို ပေးလိုက်ရင်း “ဟေ့ကောင်။ကောင်တာအနောက်ကိုသွား။ ဒီအိတ်ထဲကို ပိုက်ဆံတွေထည့်လာခဲ” “ဗျာ” “ဘာလဲ။ငါပြောတာမကြားဘူးလား။မင်းရဲ့နားထဲကို ကျည်ဆံထည့်ပေးလိုက်ရမလား” “ကြား ကြားပါတယ်ခင်ဗျ” “ကြာူရင် မြန်မြန်လုပ်” “ဟုတ် ဟုတ်ကဲ့” ကျော်စိုးလည်း မြွေရေခွံအိတ်ကိုယူပြီး ကောင်တာအနောက်သို့ဝင်လာကာ ...