မိဘပစ်မှားသူ

ရှက်ကာ သမီးက်ုစိတ်နာ၍လှည့်ပြန်သွားတော့သည် ့

့ သမီးကလဲမိုက်ရိုင်းပြီးလင်စိတ်မွန်နေတော့ကိုယ်ဘာလုပ်လို့လုပ်မှန်းမသိအောင်မိုက်မဲလေသည် ဒီလိုနဲ့ဒေါ်စိန်သမီးအကြီးမကိုအမွေဖြတ်၍အငယ်မကိုတော့သဌေးသားတယောက်နှင့်ပေးစားလိုက်သည် ကြည်ကြည်တယောက်မပြေလည်ဒုခ္ခရောက်နေသည်သတင်းကြားတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါ ့ ့

့ မိဘကိုကိုယ်ထိလက်ရောက်ပါးရိုက်ခဲ့သောကြည်ကြည်ဝဠ်လည်ပြီ ီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့ဘယ်ဘက်ပါးတွင်အနားကြီးတလုံးပေါာက်လာကာ ဆေးမီးတိုတွေနဲ့ကုပေမဲ့အနာကမသက်သာတနေ့တခြားဆိုးလာကာပါးပေါက်နာကြီးဖြစ်သွားလေသည် ့

့ ့ အားလုံးကအမေကိုစော်ကားလို့ကံကြီးထိုက်တယ်ဝိုင်းပြောတော့ ကြည်ကြည်ဒေါ်စိန်ကိုသွားကန်တော့ရန်သတိရသွားသည် ဒီလိုနဲ့အနာကြီးကအရည်တရွဲရွဲနဲ့ညတိုင်းအိပ်မရအောင်ကိုက်လာသည့်ကြည်ကြည်ကန်တော့ပွဲရွက်ကာသူ့အမေကိုလာတောင်းပန်တော့ ဒေါ်စိန်စိတ်မကောင်းဖြစ်ကာခွင့်လွတ်လိုက်သည် ့

့ ့ မိဘဆိုတော့သားသမီးဘယ်လောက်ဆိုးဆိုးခွင့်လွှတ်စမြဲမို့အခုလဲဒေါ်စိန်ကြည်ကြည်ကိုတတ်နိုင်သလောက်ကုပေးပေမဲ့ အစားမစားနိုင်သောကြည်ကြည်အိပ်ယာထဲလဲတော့သည် ဆေးကုသူများအားလုံးလက်ရှော့ကာဝဠ်နာကံနာလို့သတ်မှတ်လိုက်လေသည် အရင်ကချောလှပါတယ်ဆိုသောရုပ်သည်ပိန်ချုံးကာအနာကိုက်၍အော်ရင်းဆုံးပါးသွားလေသည် ့ ့

့ သမီးသေတော့ဒေါ်စိန်သံဝေဂများစွာရသွားလေသည်သမီးအလောင်းကိုကြည့်ကာဒေါ်စိန်ပြောလိုက်သည်” ”သမီးအမိုက်မရေအိပ်ရေးမဝတာကြာပြီဆိုတော့အခုတော့အိပ်တော့ဝအောင်အိပ်ပါတော့” ကြည်ကြည်ဆုံးတော့အနံ့အသက်မကောင်းပိုးများတွယ်နေတာကြောင့်နေချင်းချလိုက်သည် ့ ့

့ ကြည်ကြည်ဆုံးပြီးတော့အခြောက်အလှန့်ကြမ်းတယ်လို့ပြောကြတော့ဒေါ်စိန်စိတ်မကောင်းပြန် ဒေါ်စိန်တညမှာတော့အိပ်နေရင်းအပုတ်နံ့ကြီးနံကာလန့်နိုးသွားသည် ်ဒီအချိန်အိပ်ယာဘေးတွင်ရပ်နေသောကြည်ကြည်ကိုမြင်တော့ရင်တုန်ပန်းတုန်ဖြစ်သွားသည် ”

”အမေသမီးမကျွတ်သေးဘူး””’ ”””’ကြည်ကြည်သမီးမကျွတ်ဘူးလားအမေအမျှပေးတာမရဘူးလား—-”’ ””အမေသမီးသာဓုမခေါ်နိုင်ဘူး——–”” ””””ဒါဆိုမနက်ဘုရားမှာအမေသွားလူပေးမယ်သမီးလိုက်ခဲ့’—–””” ””သမီးဘုရားတွေဘုန်းကြီးကျောင်းတွေလိုက်လို့မရဘူးအမေသမီးအကုသိုလ်ကကြီးတော့သာဓုမခေါ်နိုင်ဘူး’—–”””” ”

”’သမီးအမိုက်မရယ်ဒုခ္ခတွေကြီးလိုက်တာအမေဘာလုပ်ပေးရမလဲ” ” ””’အမေသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးတပါးပင့်ပြီးကုသိုလ်လုပ်ကာအမျှဝေပါဒါမှသမီးဘဝကူးနိုင်မှာအမေ”

‘ ကြည်ကြည်ပြောပြီးပျောက်သွားးတော့ဒေါ်စိန်ငိုလေသည် နောက်နေ့မှာသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုန်းကြီးပင့်ကာကြည်ကြည်အတွက်ကောင်းမှု့ကုသိုလ်လုပ်ကာအမျှဝေလေသည် အဲဒီနောက်ပိုင်းကြည်ကြည်ခြောက်တဲ့အသံမကြားရတော့ပေ ကြည်ကြည်တစ်ယောက်ဘယ်ဘဝရောက်သွားသည်ကိုတော့ဘယ်သူမှမသိနိုင်ပါ ဒေါ်စိန်လဲဖြစ်ချင်းတိုင်းမဖြစ်သောကံတရားကြောင့်အသိတရားတွေရကာရိပ်သာဝင်လေသည် ——ပြီး——— **********D Moe Moe*********့