စိန်ရင်တစ်ခွက်စန်းတုတ်တစ်ခွက်

ဘကြီးစိန်ရင်နဲဲ့ အဘွားစန်းတုတ်ရဲ့အသံံံံတွေက လွင့်လွင့်လာတာပဲဗျာ။

ငယ်ငယ်တုန်းကဆိုရင်တော့ ဘကြီးစိန်ရင်တို့လင်မယားရန်ဖြစ်သွားကို သွားသွားကြည့်မိတယ်ဗျ၊ ကလေးဆိုတော့လည်း ထူးဆန်းတာမြင်ရင်ကြားရင်နားထောင်ချင်တာပေါ့၊ ဘကြီးစိန်ရင်က ကျုပ်တို့ငယ်ငယ်ကတင် အသက်ရှစ်ဆယ်နီးပါး၊ အခုဆိုရင်တော့ ကိုးဆယ်နားကပ်ပြီပေါ့ဗျာ၊ တောသားဆိုတော့ သန်သန်မာမာပဲဗျ၊ ဘကြီးစိန်ရင်တို့လယ်မယားက ရွာလယ်က မန်ကျည်းသုံးပင်အနားက ဝိုင်းခြံံံမှာနေကြတယ်၊ ဘကြီးစိန်ရင်ရဲဲ့ မိန်းမကတော့ ဘွားစန်းတုတ်လို့ခေါ်တယ်ဗျ၊ အသက်ကတော့ မတိမ်းမယိမ်းပါပဲဗျာ၊ ငယ်လင်ငယ်မယားတွေပေါ့၊ သူတို့ဆီမှာ သားတစ်ယောက်ရှိတယ်ဗျ၊ သူ့သားက ရွာမှာထန်းရည်ရောင်းတဲ့ ကိုကြွက်နီပေါ့ဗျာ၊ သားတွေ မြေးတွေရနေပြီဆိုတော့ ဘကြီးစိန်ရင်က လယ်ယာလုပ်ငန်းခွင်တော့ ဆင်းမလုပ်တော့ဘူး၊ ဒါပေမယ့် အမြဲတမ်း ခြံံံံဝိုင်းထဲမှာ တံံမြက်လှည်းတာဖြစ်ဖြစ်၊ တောင်းယက်နေတာဖြစ်ဖြစ်၊ မိုးတွင်းဆိုရင်တော့ မြက်နှုတ်၊ ပေါင်းရှင်း အမြဲလုပ်နေတတ်တဲ့လူကြီးပေါ့ဗျာ၊ လူက ခပ်ပိန်ပိန်၊ ပုပုပါပဲ၊ ခေါင်းမှာကတော့ ဖြူဖွေးနေတဲ့ဆံံံပင်တွေနဲ့ သျှောင်ထုံးကလေးတစ်ထံံုံးရှိသေးတယ်ဗျ။ သွားတွေတစ်ချောင်းမှ မရှိတော့ပေမယ့် ဘကြီးစိန်ရင်က ကွမ်းတော့စားချင်သေးတယ်၊ ကွမ်းသီးစိတ်ကလေးကို ပါးစပ်ထဲထည့်ပြီး သွားရည်တွေနဲ့ တမြုံ့မြလုပ်နေတတ်တာပေါ့၊ သွားရင်းလာရင်း ဘကြီးစိန်ရင်ကိုတွေ့ရင် ပါးစပ်ကလေး လှုပ်တုတ်တုတ်နဲ့ ကွမ်းသီးမြုံ့နေတာပေါ့ဗျာ။

ဘွားစန်းတုတ်ကတော့ နာမည်ကသာ တုတ်ပါပေမယ့် လူကတော့ ပိန်ပိန်ပဲ။ အသက်သာကြီးပေမယ့် သွားနိုင်လာနိုင်၊ လုပ်ကိုင်နေနိုင်တုန်းပဲဗျ၊ ကိုကြွက်နီက အိမ်ထောင်ကျပြီးတော့ ရွာအရှေ့ပိုင်းမှာ သူ့ဖာသာအိမ်ခွဲနေတယ်ဆိုတော့ ရွာလယ်ဝိုင်းမှာ ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်တို့ လင်မယားနှစ်ယောက်ပဲ နေကြတာပေါ့ဗျာ၊ ဘွားစန်းတုတ်က ထင်းရှာ၊ ထင်းကောက်၊ ထမင်းချက်ဟင်းချက်နဲ့ အိမ်မှုကိစ္စတွေလုပ်နိုင်သေးတယ်ဗျ၊ ရေထမ်းတာဘာညာကတော့ ကိုကြွက်နီကိုယ်တိုင်ဖြစ်ဖြစ် ကိုကြွက်နီသားအကြီးကောင်ဖြစ်ဖြစ် လာလာလုပ်ပေးတာပဲဗျာ၊

ကိုကြွက်နီထန်းရည်ကြိုက်တာကတော့ ဘကြီးစိန်ရင်ဆီက အမွေရတာဖြစ်မယ်ဗျ၊ ဘာလို့လဲဆိုတော့ ဘကြီးစိန်ရင်ကလည်း ထန်းရည်သိပ်ကြိုက်လို့ပဲဗျ၊ ဒီအသက်ဒီအရွယ်အထိ ထန်းရည်သောက်တုန်း၊ ကိုကြွက်နီက ထန်းရည်လာလာပို့ပေးရတယ်၊ နေ့တိုင်းတော့မဟုတ်ပေမယ့် တစ်ပတ်တစ်ခါ၊ နှစ်ခါလောက်ပေါ့ဗျာ။ ထန်းရည်သောက်တဲ့အခါ ဘကြီးစိန်ရင်တင်မဟုတ်ဘဲ ဘွားစန်းတုတ်ပါ သောက်တယ်ဗျ၊ အရင်ကတော ဘွားစန်းတုတ်ကြီးက ထန်းရည်မသောက်တတ်ဘူး၊ ဘကြီးစိန်ရင်အတွက် ညနေစောင်းဆိုရင် ထန်းရည်သောက်ဖို့ လုပ်ကိုင်ပေးရင်း ခွက်လှည့်ဘဝကနေ နောက်ဆံံုံးတော့ မောင်တစ်ခွက်၊ မယ်တစ်ခွက်ဘ၀ ရောက်သွားပါရောဗျာ။

ဒါကြောင့်ရွာထဲမှာ မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်တာကို “စိန်ရင်တစ်ခွက်၊ စန်းတုတ်တစ်ခွက်” လို့ တင်စားပြီးပြောခဲ့ကြတာ ခုထိပါပဲဗျာ၊ တကယ်လည်း သူတို့ပြောတဲ့အတိုင်းပဲ ထန်းရေမြူလေးရှေ့ချပြီးတော့ ဘကြီးစိန်ရင်က ထန်းမှုတ်နဲ့တစ်ခွက်သောက်လိုက်၊ ဘွားစန်းတုတ်က တစ်ခွက်ခပ်သောက်လိုက်နဲ့ လင်မယားနှစ်ယောက် အတွဲညီပါပေတယ်ဗျာ။

ထန်းရည်သောက်ပြီးရင်တော လင်မယားနှစ်ယောက် ရန်ဖြစ်ပြီပဲဗျာ၊ မူးမူးနဲ့ငယ်ကျိုးငယ်နာဖော်ရင်း ရန်ဖြစ်ကြတာဗျ၊ ရန်ဖြစ်တဲ့အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆဲကြဆိုကြပဲ၊ လက်တော့မပါဘူးဗျ၊ ပါးစပ်နဲ့ပဲ တုတ်တွေဓါးတွေထုတ်ပြီး ဆော်ကုန်တာ၊ သူတို့ရန်ဖြစ်တာလည်း ငယ်ငယ်တုန်းကကြည့်လို့ကောင်းသဗျ၊ မသိရင် ကွက်စိပ်ဟောတဲ့အတိုင်းပဲကိုး၊ တစ်ခါတစ်ခါ တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင်ပြောတာတွေနားထောင်ရင်း ကျုပ်တို့တော့ ဘေးကနေရယ်တာပေါ့ဗျာ။

(၂)

အခုလည်း စောစောစီးစီးရန်ဖြစ်နေပံံုံထောက်တော့ လင်မယားနှစ်ယောက် ထန်းရည်သောက်နေလောက်ပြီလို့ မှတ်လိုက်ပါတယ်၊ ဒါနဲ့ ကျုပ်လည်း ရွာလယ်ကိုထွက်လာခဲ့တာပေါ့ဗျာ၊ ကျုပ်ရောက်တော့ ရန်ပွဲကပြီးသွားပြီ၊ နောက်ဆုံးတော့ ယောက်ျားဖြစ်တဲ ဘကြီးစိန်ရင်က အလံဖြူပြပြီးတော့ အိမ်ထဲဝင်ပြီးအိပ်သွားပြီပေါ့။ ဘွားစန်းတုတ်သာ ကျန်တဲ့ထန်းရည်ကလေးလက်ကျန်ဖြတ်ရင်း ကွပ်ပျစ်ပေါ်မှာထိုင်နေတယ်၊ ဒါနဲ့ ကျုပ်လည်း သူ့အနားကပ်ခဲ့တာပေါ့ဗျာ။ ကျုပ်ခေါင်းထဲမှာ အတွေးတစ်ခုရတာက သူတို့အသက်က ရှစ်ဆယ်ကျော်၊ ကိုးဆယ်တွေဆိုတော ရှေ့မီနောက်မီလို့ ပြောလို့ရတယ်မဟုတ်လား၊ ဒီတော့ ဒေါ်ပျင်းကြီးအကြောင်းကို သူတို့ကောင်းကောင်းမီလိုက်မှာပေါ့။

“ဘွားစန်းတုတ်၊ စောစောစီးစီးကောင်းနေပြီလား”

“ဘာကောင်းတာလဲ၊ မအေဘေးလေး”

ဘွားစန်းတုတ်က အရက်မူးလာရင်တော့ ဆဲဆိုပြီးစကားပြောတာဗျ၊ ကျုပ်လည်းသိချင်တာရှိတော့ သူ့ကိုကပ်မေးရတာပေါ့ဗျာ။

“ဟိုလေး ဘွားစန်းတုတ်၊ ဒေါ်ပျင်းကြီးကို မီလိုက်သလားဗျ”

ဘွားစန်းတုတ်က ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ကျုပ်ကိုကြည့်ပြီးတော့ ခေါင်းညိတ်တယ်ဗျ။

“သိတာပေါ့၊ မယ်ပျင်းတင်မဟုတ်ဘူး၊ မယ်ပျင်းရဲ့အမေ မမယ်ဖြူကိုတောင် မီလိုက်သပါ့”

“ဟာ၊ ဒေါ်ပျင်းအမေက မမယ်ဖြူတဲ့လား”

“အေးလေ၊ မမယ်ဖြူလည်းစုန်း၊ မယ်ပျင်းလည်းစုန်းပေါ့ဟဲ့”

“ဒါဖြင့််ရင် ကျုပ်ကိုပြောပြစမ်းပါအုံးဗျာ၊ မမယ်ဖြူဆိုတာတော့ ကျုပ်က အခုမှကြားဖူးတာဗျ”

ဘွားစန်းတုတ်က ဟိုဒီကြည့်ရင်း လက်အုပ်ချီပြီးတော့ ပွစိပွစိရွတ်နေသေးတယ်၊ ကျုပ်လည်း ထူးဆန်းနေတာပေါ့

“ဘွားစန်းတုတ်၊ လူက ထန်းရည်မူးနေပြီးတော့ ဘုရားရှိခိုးနေသေးတယ်”

“ဟဲ့ နင်ဘာသိလို့လဲ၊ မယ်ပျင်းအကြောင်းပြောမယ်ဆိုလို့ တောင်းပန်နေရတာဟေ့”

“ဟာဗျာ၊ ဒေါ်ပျင်းကြီးက သေတာကြာပြီမဟုတ်လား”

“အောင်မာ၊ နင်က ပေါ့ပေါ့တန်တန်မမှတ်နဲ့၊ မယ်ပျင်းက လူသာသေပေမယ့် သူက ဘီလူးဖြစ်သွားတာဟဲ့၊ သူ့အကြောင်းပြောတဲလူတွေကို ဖမ်းစား၊ ပြုစားတတ်တယ်ဆိုပြီးပြောကြတယ်”

ဒီတော့မှ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။

“ဟုတ်မယ်ဗျ၊ ဒါကြောင့်အမေတောင်မှ ဒေါ်ပျင်းအကြောင်းကို မပြောရဲဘူး”

“ရပြီ၊ ရပြီ၊ မမယ်ဖြူဆိုတာ တစ်ချိန်က ဖက်လိပ်ရွာဟောင်းမှာ သိပ်နာမည်ကြီးတဲ့သူပေါ့”

“သူက ဘာဖြစ်လို့နာမည်ကြီးတာလဲဗျ၊ စုန်းပညာတွေစွမ်းလို့လား”

“မဟုတ်ဘူး၊ သူက ငယ်ငယ်တုန်းက စုန်းမတတ်သေးဘူး၊ ရုပ်ရည်ကတော့ မမယ်ဖြူဆိုတဲ့အတိုင်း ဖြူဖြူဝင်းဝင်းနဲ့သိပ်ချောတယ်ဆိုပဲ၊ သူ့မှာ ညီမတစ်ယောက်ရှိတယ် သူ့ညီမကတော့ မမဲတူတဲ့၊ အသားကမည်းပြီး အရုပ်ဆိုးလို့ အဲဒီနာမည်တွင်နေတာပေါ့”

“ပြောပါအုံးဗျာ”

“မမယ်ဖြူအသက်ဆယ့်ခြောက်နှစ်လောက်ရောက်တော့ သိပ်လှတယ်ဆိုပဲ၊ ငါတို့ကတော့ မမယ်ဖြူငယ်ငယ်ကအချိန်ကို မမီခဲ့ပါဘူး၊ အဲဒီလိုသိပ်ချောသိပ်လှလို့ အနီးအပါးက ရွာတွေသာမက ဟိုးမြိုင်သာရွာကြီးက လူပျိုကာလသားတွေ ပိုးကြပမ်းကြတာ ချောင်းပေါက်မတတ်ဆိုပဲ၊ ဒီလိုနဲ့ မမယ်ဖြူသတင်းပြန့်နေလို့ မြိုင်သာရွာသူကြီးက လာကြည့်ရင်း တကယ်စွဲလမ်းသွားတာပေါ့၊ မြိုင်သာရွာသူကြီးကိုလည်း မမယ်ဖြူက ပြန်ချစ်တယ်ဆိုပဲ၊ မြိုင်သာရွာသူကြီးဆိုပေမယ့်လည်း အသက်က သိပ်မကြီးသေးဘူး၊ အဖေသေလို့ သားကတက်ဖြစ်တာဆိုတော့ အသက်နှစ်ဆယ်ကျော်ဝန်းကျင် သန်သန်မာမာနဲ့ တော်တော်ချောတယ်ဆိုပဲ၊ မြိုင်သာရွာသူကြီးနဲ့ မမယ်ဖြူက နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ်တာပေါ့”

“ဒါပေမယ့် မြိုင်သာရွာသူကြီးကို တစ်ဖက်သက်ကြိုက်နေတာက မမဲတူပဲ၊ ဒါနဲ့ မြိုင်သာရွာသူကြီးနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်နေတဲအချိန်မှာပဲ ဘုရင့်မူးမတ်တွေ၊ လူယုံတွေရောက်လာပြီးတော့ မမယ်ဖြူကို လာပြီးစစ်ဆေးကြတယ်”

“ဘယ်ဘုရင်လဲဗျ၊ မူးမတ်တွေကရော ဘာကိုလာစစ်ဆေးတာလဲ”

“သီပေါမင်းခေတ်ပေါ့၊ ရှေးက မိန်းမချောမိန်းမလှပေါ်တယ်လို့ကြားရင် ဘုရင့်လူတွေက အဲဒီမိန်းကလေးကိုသွားရောက်ကြည့်ရှုပြီးတော့ မိန်းမကောင်းဟုတ်မဟုတ် ဆန်းစစ်ရတယ်ဆိုတာပဲ၊ ဒါနဲ့ မမယ်ဖြူကိုစစ်ဆေးကြပြီးတော့ မိန်းမကောင်းအင်္ဂါစုံတယ်ဆိုပြီးတော့ တော်ကောက်ဖို့ စီစဉ်လိုက်တာပေါ့။ အိမ်ကိုချက်ချင်းသဲဖြူခင်း၊ ရာဇမတ်ကာပြီးတော့ ဘုရင့်တံခွန်စိုက်ပြီး သိမ်းယူသတဲ့”

“ဟာ၊ ဒါဆိုရင် သူကြီးတော့ သွားပြီပဲဗျာ”

“ဒါပေါ့၊ ရှင်ဘုရင်အမိန့်ဆိုတော့လည်း လွန်ဆန်မရဘူးပေါ့၊ မကြာခင်ပဲ မူးမတ်တွေက မမယ်ဖြူလေးကို နေပြည်တော်ကို ခေါ်သွားတာပေါ့၊ ဒီလိုဖြစ်အောင်လုပ်တာက မမဲတူလို့ပြောကြတယ်၊ မမဲတူက မမယ်ဖြူကိုပထုတ်လိုက်ပြီးတော့ နောက်သိပ်မကြာဘူး မြိုင်သာရွာသူကြီးမင်းနဲ့ လက်ထပ်ယူလိုက်ကြတယ်တဲ့၊ အများပြောတာကတော့ မမဲတူက စုန်းတစ်ယောက်ဆီကနေ ပညာနဲ့ပြုစားခိုင်းတယ်ပြောတာပဲ”

ကျုပ်လည်းခေါင်းညိတ်ပြိးတော့

“ဖြစ်နိုင်တယ်ဗျ၊ သူလုပ်တာပဲဖြစ်မှာ၊ မူးမတ်တွေရောက်လာတာကလည်းစေ့စပ်မယ့်အချိန်နဲ့ တိုက်ဆိုင်နေတယ်မဟုတ်လား၊ ပြီးတော့ သူ့လိုရုပ်ဆိုးတဲ့လူကို ရွာသူကြီးက ယူပါ့မလား”

“မပြီးသေးဘူး၊ အဲဒီလိုနဲ့ မမယ်ဖြူမင်းနေပြည်တော်ရောက်တော့ ဘုရင်က နေ့ကောင်းနက္ခတ်ကောင်းရွေးနေတာမို့ နန်းတွင်းကို မဝင်ရသေးဘူးပေါ့၊ အဲဒီမှာ မမယ်ဖြူကို စုန်းမလို့စွပ်စွဲပြီးတော့ စမ်းသပ်ကြတယ်ဆိုပဲ၊ စုဖုရားတို့ အင်အားကောင်းနေတဲ့အချိန်ဆိုတော့ မမယ်ဖြူကို မနီးစပ်စေချင်တာလည်း ပါတာပေါ့”

“မမယ်ဖြူက စုန်းမှမဟုတ်တာ”

“ဒါပေမယ့်လည်း မင်းချင်းတွေနဲ့ ချောက်ချပြီးလုပ်တာဆိုတော့ မမယ်ဖြူလည်း မငြင်းနိုင်ပါဘူး၊ နောက်ဆုံးတော့ စုန်းမဆိုတာသိပြီး ရေချကွပ်မျက်သတဲ့”

“ရေချတယ်ဆိုတာ ဘာကိုပြောတာလဲ”

“မင်းနှယ်ကွယ်၊ ရေချတယ်ဆိုတာ ရာဇဝတ်သား၊ အပြစ်သားတွေကို ရေထဲနှစ်သတ်တာကိုခေါ်တာ၊ ပြီးတော့ စုန်းမတွေဆိုရင်လည်း မင်းမိန့်နဲ့ ရေချသတ်သတဲ့၊ စုန်းသတ်တာလည်း ရိုးရိုးရေချသတ်လို့မရဘူးနော်၊ သူ့ကိုစီရင်တဲ့နည်းက သတ်သတ်ရှိတယ်၊ အဲဒီနည်းကို သတ္တဝေဒ လို့ခေါ်တယ်”

ဒီအချိန်မှာပဲ အိမ်ပေါ်ကနေ ရယ်သံကြားရတယ်ဗျ၊ ဘွားစန်းတုတ်က ဒေါသထွက်သွားပြီး

“ကိုစိန်ရင် ရှင်ဘာရယ်တာလဲ”

“ဟား၊ ဟား မသိတဲ့လူကို မတတ်တဲ့လူက ဆရာလုပ်တယ်ဆိုတာ ဒါကိုပြောတာပဲဟေ့၊ သတ္တဝေဒ မဟုတ်ပါဘူးကွာ၊ သတ္တဝေဠုပါကွ”

ဘွားစိန်တင်က မျက်နှာကြီးစူပုတ်ပြီး

“အိုတော်၊ အသက်ကြီးနေပြီဆိုတော့ အမှတ်မှားတဲ့အခါမှာလည်း မှားမှာပေါ့၊ ရှင်ဒီလောက်သိနေရင် ရှင်လာပြောပါလား”

ဒီတော့ ဘကြီးစိန်ရင်က အိမ်ပေါ်ကနေဆင်းလာပြီး ကျုပ်နားလာထိုင်တယ်ဗျ၊ ဘွားစန်းတုတ်ကတော့ ဘကြီးစိန်ရင်ကို မျက်စောင်းတစ်ချက်ထိုးပြီးတော့ ထန်းရည်သောက်ထားတဲ့ မြူအိုးတွေ၊ ထန်းမှုတ်တွေကို သိမ်းပြီး နောက်ဖေးကိုဝင်သွားတော့တာပဲ၊ ဘကြီးစိန်ရင်က ရေတစ်ခွက်သောက်နေတာနဲ့

“ဘကြီးစိန်ရင်၊ အဲဒီ သတ္တဝေဠုဆိုတာ ပြောပြပါအးဗျာ၊ ကျုပ်တော့ တစ်ခါမှ မကြားဖူးဘူး”

“အေးကွ၊ ဟိုးဘုရင်ခေတ်က အရမ်းဆိုးသွမ်းတယ်လို့ နာမည်ကြီးတဲ့ စုန်းတွေ၊ ကဝေတွေဆိုရင် မင်းမိန့်နဲ့ဖမ်းဆီးပြီးတော့ ကွပ်မျက်လေ့ရှိသတဲ့၊ မင်းမိန့်က ဘယ်လောက်အာဏာပြင်းသလဲဆိုရင် အစွမ်းထက်လှပါတဲ့ ဇော်ဂနီတွေ၊ ကာကနီတွေတောင်မှ လာပြီးအဖမ်းခံံံကြရတယ်ကွ၊ အဲဒီလိုဖမ်းမိတဲ့စုန်းဆိုရင် နေပြည်တော်ကိုခေါ်လာပြီးတော့ ဘုရင်က သေမိန့်ပေးပြီး ခုနကလို ရေချပြီးကွပ်မျက်ကြတယ်၊ မီးနဲ့တိုက်တယ်လို့လည်းကြားဖူးတယ်၊ ဒါပေမယ့် ကုန်းဘောင်ခေတ်တော့ မီးမသုံးတော့ဘူး၊ မီးရှို့တာက ထင်းကုန်တာကိုးကွ၊ ဟား၊ ဟား”

“အဲဒါနဲ့ ဘယ်လိုရေချသလဲဗျာ”

“ရေချတဲ့နည်းကတော့ တော်တော်ရှုပ်တယ်ကွ၊ အရင်ဆံံုံး တံစူးဝါးကို ခုနစ်စိတ်ခွဲပြီးတော့ ဇီးသားနဲ့ခံံပြီးတော့ ဝါးကပ်တစ်ခုရက်လုပ်ရတယ်ကွ၊ လူသေတင်တဲ့ကပ်ပေါ့ကွာ၊ ပြီးတော့ အိမ်ခုနစ်အိမ်ကနေပြီး ကျင်ကြီးကျင်ငယ်တွေကို ခုနစ်ရက်တိုင်တိုင် အိုးကြီးတစ်လုံးနဲ့စုရသတဲ့၊ ဒါပဲလားဆိုတော့ မပြီးသေးဘူး၊ နောက်ထပ်တံစူးဝါးတစ်ချောင်းရှာပြီး အထက်ပိုင်းကို လေးလုပ်ရတယ်၊ အောက်ပိုင်းကိုတော့ မြားကြီးခုနစ်စင်း၊ မြားငယ်ခုနစ်စင်း ပြုလုပ်ရတယ်၊ အဲဒီမြားတွေမှာလည်း လင်းတတောင်နဲ့ အတောင်တပ်ရတယ်ဆိုပဲ”

“ခက်ခဲလိုက်တာဗျာ”

“အေးပေါ့၊ ရေချမယ့်နေ့ရောက်ရင် စုန်းမကို အဝတ်အစားတွေချွတ်ပြီး ထမီဖြူကြီးပတ်ပေးရတယ်၊ ပြီးတော ဆံပင်ကို ဆံံထံုံးခုနစ်ခုရအောင်ထုံးရသတဲ့၊ အဲဒီဆံံထံုံးခုနစ်ခုမှာ ခုနကလုပ်ထားတဲ့ မြှားငယ်ခုနစ်စင်းကို တစ်စင်းစီထိုးပေးရတယ်၊ ပြီးရင် အစောပိုင်းက လုပ်ထားတဲ့ကပ်မှာ ကပ်ပြီးတော့ သမန်းကြိုးနဲ့လက်တွေခြေတွေ ခါးတွေကိုချည်ပေးရသတဲ့၊ နောက်ပြီးလည်ပင်းမှာလည်း သမန်းကြိုးနဲ့ အထုံးခုနစ်ခုရအောင်ချည်နှောင်ရပြန်တယ်”

ဘကြီးစိန်ရင်က မောသွားလို့ထင်တယ်ဗျ၊ ရေတစ်ခွက်ကို ခပ်သောက်လိုက်ပြန်ရော။

“ပြီးရင် ရေခုနစ်တောင်နက်တဲ့ မြစ်ထဲမှာ လှေနှစ်စီးကို ဘေးချင်းယှဉ်ရပ်ထားရတယ်ကွ၊ အဲဒီလှေနှစ်စင်းရဲ့အလယ်မှာ စုန်းမကိုတင်ရတယ်၊ ပြီးတာနဲ့ လေးသည်တော်အလှည့််ရောက်လာပြီ လေးသည်တော်က တံစူးဝါးနဲ့လုပ်ထားတဲ့လေးကိုကိုင်ပြီးတော့ မြားကြီးခုနစ်စင်းထဲက လေးစင်းကို အရှေ့၊ အနောက်၊ မြောက်၊ တောင် အရပ်လေးမျက်နှာကိုပစ်လွှတ်လိုက်ရတယ်၊ ပစ်လွှတ်တဲ့အချိန်မှာလည်း အဲဒီစုန်းမကို အမျိုးစံုံဆဲရေးတိုင်းထွာရတယ်၊ ပြီးတော့ ကောင်းကင်ကိုတစ်စင်း၊ ရေထဲကိုတစ်စင်းလွှတ်ရတယ်၊ ကျန်တဲ့အစင်းကိုတော့ စုန်းမဆီကိုချိန်လွှတ်ပေးရသတဲ့၊ အဲဒါပြီးရင်တော့ ကျင်ကြီးကျင်ငယ်တွေ စုထားတဲ့အိုးကြီးနဲ့ စုန်းမတစ်ကိုယ်လုံးကို လောင်းချပြီးတော့ လှေဝမ်းဗိုက်တွေကို ထိုးဖောက်ပစ်ရသတဲ့၊ လှေရော စုန်းမရော အကုန်ရေအောက်နစ်ပြီးတော့ သေတာပေါ့ကွာ”

“အတော်ခက်တဲ့နည်းပဲဗျ၊ ကျုပ်ဆိုနားထောင်ရင်း ဘာတွေမှန်းကိုမသိတော့ဘူး”

“အေး၊ အဲဒီနည်းကို သတ္တဝေဠု လို့ခေါ်တာပေါ့၊ မင်းဖတ်ချင်ရင် ဗမာမင်းအုပ်ချုပ်ပံံုံစာတမ်းမှာ ရေးထားတာရှိတယ်ကွ၊ ဒါပေမယ့် မမယ်ဖြူကို အဲဒီလိုလုပ်ပြီး သတ်ပေမယ့် မမယ်ဖြူက မသေဘူူးတဲ့ကွ၊ ဘာလို့လဲဆိုတော့ သူက ကျိန်စာတိုက်လိုက်တာ”

“ဘယ်လိုကျိန်စာတိုက်သလဲဗျ”

“ငါစုန်းမဟုတ်ဘဲနဲ့ ငါ့ကိုစုန်းလို့စွပ်စွဲကြတယ်၊ အဲဒါကြောင့် ငါစုန်းတစ်ယောက်ဖြစ်ပါစေ၊ ဆိုပြီးတော့ ကျိန်လိုက်တာပေါ့ကွာ၊ ထူးထူးဆန်းဆန်းပဲ လှေတွေရေနစ်သွားပေမယ့် မမယ်ဖြူက မနစ်ဘူးတဲ့ကွ၊ အဲဒီလို ရေချလို့မသေတဲ့စုန်းတွေဆိုရင် မင်းမိန့်နဲ့မြိုင်ရပ်ကိုနှင်လေ့ရှိတာကြောင့် မမယ်ဖြူကို မဟာမြိုင်တောကြီးထဲကို နှင်လိုက်တာပေါ့ကွာ”

“ဒါနဲ့ မမယ်ဖြူက စုန်းတတ်သွားရောလား”

“အေးပေါ့၊ မဟာမြိုင်တောကြီးထဲကို မိန်းကလေးတစ်ယောက်ထဲရောက်သွားတာပေါ့၊ အဲဒီမှာ မြို့ဟောင်းမြို့ပျက်ကြီးတစ်ခုရှိတယ်၊ အဲဒီမြို့ပျက်ကြီးမှာလည်း နယ်နှင်ခံံထားရတဲ့ စုန်းတွေနေကြသတဲ့၊ မမယ်ဖြူအဲဒီကိုရောက်သွားတော့ စုန်းထီးကြီးခုနစ်ယောက်နဲ့ ညားပါလေရော”

“ဟာဗျာ၊ ယောက်ျားတစ်ယောက်က မိန်းမအများကြီးကိုယူတယ်ပဲကြားဖူးတာ၊ သူ့အလှည့်ကျမှ မိန်းမတစ်ယောက်က ယောက်ျားအများကြိးကို ယူတယ်တဲ့လား”

“ဟေ့ကောင်လေးရ၊ တောထဲတောင်ထဲ ယောက်ျားသားတွေချည်းရှိတဲ့နေရာကို မိန်းကလေးတစ်ယောက်ထဲ ရောက်သွားတာကိုးကွ၊ အဲဒီမှာ မမယ်ဖြူလည်း စုန်းပညာတွေ တတ်သွားတာပေါ့ကွာ၊ နောက်တော့ ဒေါ်ပျင်းကိုမွေးတာပဲ၊ ထူးဆန်းတာတစ်ခုကတော့ ဒေါ်ပျင်းကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ စုန်းထီးကြီး ခုနစ်ယောက်စလံံုံးက တစ်လကို တစ်ယောက်နှုန်းနဲ့သေသွားတာပဲတဲ့ကွာ၊ ဒေါ်ပျင်း ကိုယ်ဝန်ခုနစ်လနဲ့ မမယ်ဖြူလည်းရွာကိုပြန်ခဲ့တယ်၊ အချိန်ကလည်း ကုန်းဘောင်မင်းဆက် ပါတော်မူပြီးတော့ အင်္ဂလိပ်တွေအုပ်ချုပ်နေတဲ့အချိန်ဆိုတော့ မင်းမိန့်လည်းမတည်တော့ဘူးမဟုတ်လား၊ ဒါနဲ့ ဖက်လိပ်ရွာကို ပြန်ရောက်လာတယ်ဆိုပါစို့ကွာ၊ ဒေါ်ပျင်းကိုတော့ ဟောဒီဖက်လိပ်ရွာမှာပဲ မွေးခဲ့တာကွ”

“သြော်၊ လတ်စသတ်တော့ဒီလိုကိုး၊၊ ဒါနဲ့ ဒေါ်ပျင်းအကြောင်းလည်း ဆက်ပြောပါအုံး”

“မင်းက ရွာထဲကလူတွေပြောတဲ့အတိုင်း သိပ်အမေးအမြန်းထူပြီး စကားရှည်တာပဲ၊ ဒေါ်ပျင်းအကြောင်းပြောရရင်တော့ သုံးရက်သုံးညတောင် ပြောလို့လောက်မှာ မဟုတ်ဘူးကွ၊ ပြန်တော့ကွာ၊ ငါလည်း အာညောင်းနေပြီ”

ဘကြီးစိန်ရင်က အတင်းနှင်လွှွှတ်တာနဲ့ ကျုပ်လည်းသူတို့ခြံံံံဝိုင်းထဲကနေ ပြန်လာခဲ့တာပေါ့ဗျာ၊ ဘာရယ်မဟုတ် ရွာပြင်ကိုသွားကြည့်တော့ ပူပြင်းလှတဲ့နေပူထဲမှာ လယ်ကွင်းတွေအကုန်လံုံးက ရိုးပြတ်တွေထိုးထိုးထောင်ထောင်နဲ့ပဲ ကျန်နေခဲ့တယ်ဗျ၊ ပဲစိုက်မည့်လူတွေကတော့ မကြာခင် ထယ်ထိုးကြတော့မယ့်အချိန်ပဲ၊ အောက်ခံမြေသားထဲမှာ ရေအစိုဓါတ်ကျန်နေအောင် ထယ်ထိုးကြရမှာပေါ့၊ ဒါပေမယ့် ကျုပ်တို့ကတော့ ရိတ်သိမ်းပြီးတာမကြာသေးဘူးဆိုတော့ ခဏလောက်နားနေတာပေါ့ဗျာ။

(၃)

ရွာအထွက်နားကိုလှမ်းငေးကြည့်တော့ တမာတန်းနားမှာ နွားနှစ်ကောင်နဲ့ ဦးဘသာကြီးကိုသွားတွေ့တယ်ဗျ၊ တော်တော်လှမ်းတယ်ဆိုပေမယ့် လူပံံုံကြည့်လိုက်တာနဲ့ ဘယ်သူလည်းဆိုတာ တန်းသိတာကိုးဗျ၊ ဒါနဲ့ကျုပ်လည်း နေပူကျဲတဲကြီးထဲမှာပဲ ဦးဘသာဆီကိုလာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ တမာပင်တန်းအောက်ထိုင်ရင်းနဲ့ နွားတွေကိုကြည့်နေတာပေါ့ဗျာ။

“ဟာ၊ ဦးဘသာ၊ ဘာထိုင်လုပ်နေတာလဲဗျ”

“မင်းအမျိုးတွေ စားသောက်နေတာကို ထိုင်ကြည့်နေတာဟေ့”

“ဟာဗျာ၊ ဦးဘသာကတော့ လုပ်ပြီ၊ တစ်ယောက်တည်းထိုင်နေတာ မပျင်းဘူးလားဗျ”

“ခုနကတော့ နည်းနည်းပျင်းသလိုပဲကွ၊ အခုတော့ မပျင်းတော့ပါဘူး၊ စကားများမဲ့ကောင် ရောက်လာပြီမဟုတ်လား”

“ဦးဘသာကတော့ ပြောတော့မယ်၊ ဒါနဲ့ တမာပင်အရိပ်လေးက တန်ဖိုးရှိလိုက်တာဗျာ၊ တမာရွက်က သေးတယ်ဆိုပေမယ့် အရိပ်ကတော့ အေးနေတာပဲ”

“ဒါပေါ့ကွ၊ ဒါနဲ့ ဒီတမာပင်တွေကို ဘယ်သူစိုက်ခဲ့တယ်ထင်လို့လဲ”

“မသိဘူးလေဗျာ”

ဦးဘသာက ပြုံးပြီးတော့

“ဟား၊ ဟား အဲဒါငါစိုက်ခဲ့တာကွ”

“ဟာ၊ တကယ်လား ဦးဘသာ”

“အေးပေါ့၊ ငါခုနစ်နှစ် ရှစ်နှစ်လောက်တုန်းက စိုက်ခဲ့တာပေါ့ကွာ၊ အဲဒီနေ့က . . . .”

ဦးဘသာက ပြောနေရင်းနဲ့ ငိုင်ကျသွားတာဗျ၊ သူ့မျက်နှာက ကျောက်ရုပ်ကြီးတစ်ရုပ်လို အသက်မဲ့သွားတာ၊ ကျုပ်လည်း သူ့ကိုသေချာကြည့်ရင်း

“ဦးဘသာ၊ အဲဒီနေ့က ဘာဖြစ်တာလဲဗျ”

ကျုပ်မေးနေပေမယ့် ဦးဘသာကြီးက ဘာမှပြန်မဖြေဘူးူဗျ၊ ဒီအချိန်မှာပဲ ကောင်းကင်ကြီးက တဖြည်းဖြည်းအုံ့မှိုင်းလာပြီးတော့ ဝါဝါကျင်ကျင်ကြီးဖြစ်လာတယ်ဗျာ၊ ဦးဘသာရော၊ နွားနှစ်ကောင်ရော ဖြတ်ခနဲပျောက်သွားတာဗျ၊ ကျုပ်လည်းသိလိုက်ပါပြီ၊ ဦးဘသာ ငယ်ဘဝအကြောင်းပြန်တွေးနေတာ ဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့ဗျာ။ ပတ်ဝန်းကျင်က ချက်ချင်းပဲပြောင်းသွားတယ်ဗျ၊ ကျုပ်တို့ရွာသုဿန်အနားမှာ အိမ်ကလေးတစ်လုံးတွေ့လိုက်ရတယ်။ အိမ်ကလေးက ခြံနဲ့ဝန်းနဲ့သပ်သပ်ရပ်ရပ်ကလေးပါ၊ အဲဒီအိမ်ထဲကနေ ကောင်လေးတစ်ယောက်နဲ့ အဒေါ်ကြီးတစ်ယောက်ထွက်လာပြန်တယ်။

သူတို့က ကျုပ်ဘက်ကိုလမ်းလျှောက်လာရင်း တဖြည်းဖြည်းနီးလာတော့မှ ဒေါ်ပျင်းကြီးနဲ့ ဦးဘသာဖြစ်နေတာဗျ၊ ဦးဘသာငယ်ငယ်က သာစံပေါ့ဗျာ။ ဒေါ်ပျင်းက တောင်းပြဲကြီးတစ်ခုရွက်လာတယ်၊ ဦးဘသာကတော့ ခွဲတောင်းကလေးတစ်ခုပိုက်လို့ဗျ။ ကျုပ်ထိုင်နေတဲ့အနားမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်းကြီးဗျာ၊ ကျုပ်အရှေ့နားရောက်တော့ ဒေါ်ပျင်းကြီးတို့ သားအမိထိုင်ချလိုက်တယ်ဗျ။

အဲဒီနေရာက ကုန်းနည်းနည်းဆန်တယ်၊ ဒေါ်ပျင်းကြီးက တောင်းပြဲကြီးထဲကို ကျောက်တံံုံးတွေကောက်ထည့်တယ်ဗျ၊ သာစံံံကလေးကတော့ ဘေးကနေကြည့်နေတာပေါ့ဗျာ။

“ဟဲ့ကောင်လေး၊ ဘာရပ်ကြည့်နေတာလဲ၊ သွားစမ်း ကျောက်တံံုံးသွားကောက်ပေးအုံး”

ဦးဘသာကလည်း ကျောက်တုံးတွေကို ပြေးကောက်ပေးတယ်ဗျ၊ တောင်းပြဲကြီးထဲထည့်ရင်း တော်တော်ရသွားတော့မှ။

“အေး၊ ရပြီ၊ ရပြီ၊ ဒီလောက်ဆိုတော်ပြီ”

ဒေါ်ပျင်းက တောင်းပြဲထဲက ကျောက်တုံးတွေကို လက်နဲ့အသာကလေးပွတ်နေရင်း ပါးစပ်က တစ်ခုခုကိုရေရွတ်နေတယ်ဗျ၊ မကြာပါဘူးဗျာ၊ အဲဒီကျောက်တံံုံးတွေအားလးက ခရမ်းချဉ်သီးတွေ၊ အာလူးတွေဖြစ်ကုန်ရောဗျို့။ တောင်းပြဲကြီးကို ပြည့်လုနီးနီးဖြစ်သွားတယ်၊ ဒေါ်ပျင်းက ပုဆိုးပိုင်းကို ခေါင်းဖုအဖြစ်ခွေလိုက်ပြီးတော့ တောင်းပြဲကြီးကိုရွက်ပြီး ကျုပ်ထိုင်နေတဲ့အနောက်ဘက်ကို သားအမိနှစ်ယောက်ဆက်သွားတယ်ဗျ၊ ကျုပ်ထိုင်နေတာ့အနောက်မှာတော့ ရွာကြီးတစ်ရွာဗျ၊ အဲဒါ ဖက်လိပ်ရွာကြီးနေမှာပေါ့။

သူတို့သားအမိ ရွာထဲဝင်သွားတာနဲ့ ကျုပ်လည်းလိုက်လာခဲ့တယ်၊ ဟောဗျာ၊ ရွာထိပ်က ရေတွင်းပျက်ကြီးက အခုတော့ အမိုးတွေ၊ ပြဿဒ်တွေနဲ့ အုတ်စီထားတဲ့ရေတွင်းကြီးဖြစ်နေပါရော၊ သူတို့သားအမိဆက်သွားရင်းနဲ့ ရွာထိပ်ရောက်တော့ ဒေါ်ပျင်းကထအော်တယ်။

“မယ်ပျင်းလာပြီဟေ့၊ ခရမ်းချဉ်၊ အာလူးတွေရောင်းမယ်နော်”

အဲဒီလိုအော်လိုက်တာနဲ့ ရွာလမ်းမှာဆော့ကစားနေတဲ့ ကလေးတွေအားလုံး နီးရာခြံံံံဝိုင်းထဲ ပြေးဝင်ကုန်ကြတာပဲဗျာ၊ အိမ်ထဲမှာ အလင်းရောင်နည်းလို့ အိမ်ပြင်ထွက်ပြီး သန်းရှာနေကြတဲ့မိန်းမတွေလည်း အကုန်အိမ်ထဲဝင်ပြေးတော့တာပဲ၊ ဒေါ်ပျင်းက ဆက်လျှောက်လာရင်း ရွာစွန်က အိမ်တစ်အိမ်ရှေ့မှာရပ်လိုက်တယ်။

“အမကြီး၊ ဘယ်မှာသွားပုန်းမလို့လဲ၊ ခရမ်းချဉ်သီးတွေအားပေးပါအုံး”

အဒေါ်ကြီးတစ်ယောက်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းညိတ်တယ်ဗျ၊

“ဝင် . . . ခြံံံထဲဝင်ခဲ့လေ မယ်ပျင်း”

“သြော်၊ အမနှယ်၊ ခြံထဲဝင်ခဲ့လည်းပြောသေးတယ် ခြံံတံံံခါးကိုလည်း ပိတ်ထားပါရောလား၊ ရပါတယ်၊ ရောင်းချင်တဲ့ ကျုပ်ကပဲ တံခါးဖွင့်ရတော့မှာပေါ့”

ဒေါ်ပျင်းကြီးပြောလိုက်တာနဲ့ ဝါးခြမ်းတွေနဲ့လုပ်ထားတဲ့ ခိုင်ခိုင်မာမာခြံံံံတံံခါးက ဝုန်းခနဲပွင့်ထွက်ပြီးတော့ အပြားလိုက်ကြီးလဲကျသွားတယ်ဗျ၊ ဒေါ်ပျင်းကတော့ ခပ်ပြုံးပြုံးပဲ၊ လဲသွားတဲ့ ခြံတံခါးကိုနင်းပြီးတော့ အိမ်ထဲကိုဆက်ဝင်သွားတယ်၊ သာစံလည်း တောင်းကလေးပိုက်ပြီး အနောက်ကနေလိုက်သွားတာပေါ့ဗျာ။

“အမကြီး၊ ခရမ်းချဉ်သီးတွေလတ်တယ်နော်၊ တစ်ပိဿာမှ ဆယ်ပြားထဲပါ”

“လတ်တာတော့ လတ်ပါတယ် မယ်ပျင်းရယ်၊ ဒါနဲ့ ညည်းတို့ဆီမှာ ကိုင်းလည်းမရှိ၊ ယာလည်းမရှိဘဲ ဒီခရမ်းချဉ်သီးတွေက ဘယ်ကထွက်တာလဲ”

“အို အမကြိးကလည်း မဟုတ်တာတွေမေးနေပြန်ပါပြီ၊ ဝယ်မှာလား၊ မဝယ်ဘူးလား”

အဒေါ်ကြီးက ခေါင်းညိတ်ရင်း

“ဝယ်၊ ဝယ်ပါ့မယ်ဟယ်၊ နင်ဘယ်လောက်သားရောင်းမလဲ”

“သုံးပိဿာတော့ယူလိုက်ပါရှင်၊ အချင်းချင်းတွေပဲ ပိုထည့်ပေးမှာပေါ့”

ဒေါ်ပျင်းက တောင်းထဲက ခရမ်းချဉ်သီးတွေကို လက်နဲ့နှိုက်နှိုက်ပြီးတော့ ကြမ်းပေါ်ကိုချပေးတယ်ဗျ၊ ချိန်ခွင်မပါ ဘာမပါနဲ့ဆိုတော့ သံုံးပိဿာကို ဘယ်လိုပြည့်သလဲတော့ မသိပါဘူးဗျာ။

“ကဲရပြီ၊ ပေး၊ ပြားသုံးဆယ်”

အဒေါ်ကြီးက ငွေပြားလေးနှစ်ပြားကို ထုတ်လိုက်တယ်ဗျ။

“ပြားသုံးဆယ်တော့ မရှိဘူးအေ၊ ပြားနှစ်ဆယ်ပဲရှိတယ်၊ ပြားနှစ်ဆယ်ပဲ ထားလိုက်ပေါ့မယ်ပျင်းရယ်”

ဒေါ်ပျင်းက ငွေပြားနှစ်ပြားကိုလှမ်းယူပြီးတော့ သေချာပွတ်ကြည့်ရင်း

“ရပါတယ်၊ ဒီလိုဆိုတော့လည်း ကျန်တဲ့ဆယ်ပြားရအောင် လုပ်ရသေးတာပ”

အဒေါ်ကြီးက လန့်သွားပြီးတော့ လက်ကာကာ ခြေကာကာနဲ့ြုဖစ်သွားတယ်။

“အောင်မယ်လေး၊ မလုပ်ပါနဲ့ မယ်ပျင်းရယ်၊ ဒီလိုလုပ်ပါလား၊ ငါ့သမက်ယာထဲက ပြန်လာရင်လေ၊ သူ့ကိုဆယ်ပြားကျန်တာပေးခိုင်းလိုက်ပါ့မယ် ဟုတ်ပြီလား”

“ရပါတယ်၊ အချင်းချင်းတွေပဲ”

ဒေါ်ပျင်းက ပြံုံးနေရင်း အိမ်အောက်မှာပုန်းနေတဲ့ လေးငါးနှစ်လောက်အရွယ်ရှိမယ့် ကလေးလေးတစ်ယောက်ကို လက်ညှိုးထိုးလိုက်တယ်၊ ကလေးလေးက မကြာခင် အော်ဟစ်ပြီးတော့ လက်မှာဝက်မွှေးတွေလို အမွှေးကြမ်းကြီးတွေပေါက်လာတယ်ဗျာ၊ ပြီးတော့ ပုဆိုးအောက်ကနေလည်း အမြီးတစ်ချောင်းက ထိုးထိုးထောင်ထောင်ထွက်လာပါရော။ ဒေါ်ပျင်းက တောင်းပြဲကြီးကို ခေါင်းပေါ်ကောက်ရွက်လိုက်ပြီး

“ဘာမှမပူပါနဲ့အမကြီးရယ်၊ ဒီညနေ အမကြီးသမက်သာ ငွေဆယ်ပြားလာမပေးလို့ကတော့ ဒီကလေးတစ်သက်လုံး အမြှီးတစ်ချောင်းနဲ့ နေသွားရမယ်လို့သာ မှတ်ထားပေတော့”

အဒေါ်ကြီးက ကြိတ်ပြီးငိုတော့တာပဲဗျာ၊ ဒေါ်ပျင်းကတော့ ရင်ကော့ပြီးခြံဝိုင်းထဲကနေထွက်သွားလေရဲ့၊ သာစံတစ်ယောက်ကတော့ မသာမယာတဲ့မျက်နှာနဲ့ အဒေါ်ကြီးကိုကြည့်ရင်း ကျန်ခဲ့တယ်၊ ဒေါ်ပျင်းခြံထဲက ထွက်သွားတော့ အဒေါ်ကြီးလဲ သူ့မြေးဖက်ပြီး ငိုတော့တာပဲဗျာ၊ ပြီးတော့ ခရမ်းချဉ်သီးတွေကိုလည်း ခြေထောက်နဲ့ကန်ချလိုက်သေးတယ်။

“ဒီစုန်းမတော့၊ မြန်မြန်သေပါစေ၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ၊ ဒီစုန်းမကိုအရှင်မထားပါနဲ့၊ မြန်မြန်သတ်ပေးကြပါ”

ဒီအခါ ဒေါ်ပျင်းကြီးက နောက်ပြန်ကြီးလမ်းလျှောက်လာပြီးတော့

“အမကြီးဘာပြောတာလည်း၊ ကျွန်မအကြောင်းပြောလိုက်တာများလား”

အဒေါ်ကြီးက ခေါင်းခါပြီးတော့ ဆက်ပြီးငိုနေတော့တာပဲ၊ ဒေါ်ပျင်းကတော့ ရပ်ကြည့်နေတဲ့ သာစံံကိုငေါက်ပြီးတော့ ဆက်လျှောက်သွားတာပဲဗျာ၊ ကျုပ်လည်းသိချင်တာနဲ့ ဆက်လိုက်ခဲ့တယ်၊ ဒီလိုဆိုတော့လည်း ဖက်လိပ်ရွာက ရွာကြီးဗျ၊ တစ်ချို့အိမ်ကြီးတွေဆိုရင် တိုင်လုံးကြီးတွေနဲ့ ဆောက်ထားကြတာ၊ ဒီလိုနဲ့ ခပ်ကျယ်ကျယ်ခြံကြီးထဲကို ဝင်သွားတာပဲ။

“ဘွားတင်၊ အာလူးသီးတွေ အားပေးပါအုံးတော့”

အိမ်ကိုခေါ်ပေမယ့် ဘယ်သူမှမထွက်လာဘူးဗျ၊ ဒေါ်ပျင်းက ထရံံကိုတစ်ချက်စိုက်ကြည့်လိုက်တော့ ထရံချပ်ကြီးက အချပ်လိုက်ကြီး ဘုန်းခနဲကွာထွက်သွားတာဗျာ၊ ခြေတံရှည်အိမ်ကြီးရဲ့ အရှေ့ဘက်က ထရံတစ်ခြမ်းလုံးကို ဒေါ်ပျင်းက ပညာနဲ့ဖြုတ်လိုက်တာဗျ။ ထရံံပြုတ်သွားတော့အိမ်ထဲပုန်းနေတဲ့လူတွေ ပေါ်လာတာပေါ့ဗျာ။ ဒီအချိန်မှာပဲ ဖျာလိပ်ကြီးတစ်လိပ်က လဲကျသွားတယ်၊ အထဲက အဘွားကြီးတစ်ယောက်ထွက်လာတယ်ဗျ။

“ဟော၊ ဘွားတင်၊ မကြီးမငယ်နဲ့ ဘာလို့ဘုတ်ဝှက်တမ်း(တူတူပုန်း) ဆော့နေတာလည်း”

“မဟုတ်ပါဘူးဟာ၊ ငါကြမ်းပိုးရှာတာပါဟ”

ဘွားတင်ဆိုတဲ့အဘွားကြီးက တုန်တုန်ယင်ယင်နဲ့လှေကားပေါ်က ဆင်းလာတယ်ဗျ၊ ထုံးစံအတိုင်း ဒေါ်ပျင်းက ဈေးရောင်းတော့တာပေါ့၊ ဈေးရောင်းတယ်ဆိုပေမယ့် သူက ဓါးပြတိုက်သလိုပဲဗျ။

“အာလူးတွေအကုန်ယူလိုက်ပါတော့၊ ပြားသုံးဆယ်လောက်ပဲပေး”

ဘွားတင်က သူဝတ်ထားတဲ သျှင်မီးအင်္ကျီအိတ်ထဲက ငွေပြားတွေထုတ်ပေးတယ်ဗျ၊ ဒေါ်ပျင်းက ငွေပြားတွေရတာနဲ့ တောင်းပြဲကြီးကို မြေပေါ်ကိုပစ်ချလိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ တောင်းပြဲကြိးက ထန်းရွက်စုတ်ကြီးတစ်ရွက်ဖြစ်သွားပြီးတော့ အာလူးတွေကလည်း အကုန်လုံးကျောက်ခဲတွေဖြစ်ကုန်တာပေါ့၊ ဒေါ်ပျင်းက ရယ်ကျဲကျဲနဲ့

“အဝသာစားတော့ ဘွားတင်ရေ၊ စားမကုန်ရင် အိမ်နီးနားချင်းတွေကိုလည်း ခွဲကျွေးလိုက်ပါအံုံး”

အဲဒီလိုပြောပြီးတော့ ထွက်သွားတော့တာဗျာ၊ သူလည်းထွက်သွားရော ဘွားတင်ဆိုတဲ့အဘွားကြီးက ခွေလဲကျသွားလို့ အိမ်ပေါ်ကလူတွေဆင်းလာပြီးတော့ ဝိုင်းပွေ့ထားကြတယ်။ ဘွားတင်ကတော့

“အဲဒါပြောတာပေါ့၊ ဒုက္ခက အိမ်ပေါက်ဝအထိရောက်လာတယ်ဆိုတာ၊ ငါတို့အိမ်တော့ ဒီနေ့ ဂြိုလ်ဆိုးဝင်တာပဲဟေ့”

ဒေါ်ပျင်းသားအမိနောက်ကို ကျုပ်လည်းပြေးလိုက်ခဲ့တာပေါ့၊ ရွာလယ်နားရောက်ခါနီးတော့ ခွေးတစ်ကောင်ကထွက်လာပြီးတော့ ဒေါ်ပျင်းကြီးကိုကြည့်ရင်း ထိုးဟောင်တာပဲဗျာ၊ ဒေါ်ပျင်းက အဲဒီခွေးကိုခါးထောက်ကြည့်ရင်း

“အောင်မာ၊ ခွေးက ခွေးပါးဝလို့၊ ငါ့များလာဟောင်နေရသေးတယ်”

ဒေါ်ပျင်းမျက်စောင်းထိုးလိုက်တာနဲ့ အဲဒီခွေးကြီးက ပါးစပ်ကနေအမြှုပ်တွေစီးကျလာပြီးတော့ ခွေခွေလေးလဲကျပြီး ဆန့်ငင်ဆန့်ငင်နဲ့ သေသွားတော့တာပါပဲဗျာ၊ ကျုပ်ဖြင့် ဒေါ်ပျင်းကြီးလုပ်ရပ်တွေကိုကြည့်ပြီးတော့ တော်တော်ကိုကြောက်နေမိတာ၊ နောက်ဆုံးတော့ ဒေါ်ပျင်းက သာစံကိုကြည့်လိုက်တယ်။

“ကဲ သား၊ ဘကြီးစံံတင်တို့အိမ်ကိုဝင်ပြီးတော့ ဆန်တစ်စိတ်လောက် တောင်းခဲ့စမ်းပါ၊ စပါးမလိုချင်ဘူးနော်၊ စပါးဆိုရင် ဖွပ်ရဘာရနဲ့ရှုပ်တယ်၊ ဆန်ပဲလိုချင်တယ်”

သာစံက ခေါင်းညိတ်ပြီးတော့ ထွက်သွားတယ်ဗျ၊ ခပ်လှမ်းလှမ်းက အိမ်တစ်အိမ်ရှေ့ရောက်တော့ တောင်းလေးပိုက်ပြီးတော့

“ဘကြီးစံတင်၊ ဘကြီးစံတင်၊ အမေက ဆန်တစ်စိတ်တောင်းခိုင်းလိုက်လို့”

အဲဒီအခါ အဘကြီးတစ်ယောက်က ပြာပြာသလဲနဲ့ပြေးလာတယ်။

“သြော်၊ သာစံံပါလား၊ အေးအေး၊ ပေးမယ်ကွ၊ ဒီမှာစောင့်နေနော်၊ ခြံံထဲမဝင်ပါနဲ့ကွာ”

“အမေက မှာလိုက်သေးတယ်၊ စပါးမလိုချင်ဘူး၊ ဆန်ပဲလိုချင်တယ်တဲ့”

အဘကြီးမျက်နှာကတော့ တော်တော်ပျက်သွားတယ်ဗျ၊၊ ဒါပေမယ့်လည်း တောင်းယူပြီးတော့ ဆန်တွေထည့်ပေးလိုက်တာပေါ့ဗျာ၊ သာစံကိုကြည့်ရင်း

“မင်း အမေကိုပြောလိုက်နော်၊ ဘကြီးတို့ ဘာမှမမှားမလုပ်ပါဘူး၊ ဘကြီးတို့ကို ချမ်းသာပေးပါလို့”

သာစံလည်း တောင်းထမ်းပြီးပြန်သွားတော့တာပဲ၊ နောက်တော့ သားအမိနှစ်ယောက် နေပူကြီးထဲပြန်လာခဲ့ကြတာပေါ့၊ ရေတွင်းနားရောက်တော့

“အမေရာ၊ သားကတော့ အမေ့ကိုဒီလိုမျိုးတွေ ဆက်မလုပ်စေချင်တော့ဘူး”

အရှေ့က သွားနေတဲ့ ဒေါ်ပျင်းက ရပ်သွားတယ်ဗျ။ နောက်တော့ သာစံံကိုလှည့်ကြည့်ပြီး

“ဟဲ့၊ ငါက ဘာတွေလုပ်နေလို့လဲ”

“အမေက ကျောက်တးတွေကို အာလူးဆိုပြီးရောင်းတယ်မဟုတ်လား၊ တကယ်ဆိုရင် သားတို့ကရော သူများတွေလို မြေလွတ်မှာ သီးနှံတွေစိုက်ပျိုးပြီးတော့ ခူးဆွတ်ရောင်းလို့ရတယ်မဟုတ်လား”

“အောင်မာ၊ ဒီကောင်လေးတော့ ငါကျွေးတဲ့ထမင်းစားပြီး ငါ့ကိုလာဆရာလုပ်နေသေးတယ်၊ ငါတို့က ပညာသည်ဟဲ့၊ ငါတို့က သူများတွေလို ပင်ပင်ပန်းပန်းလုပ်စားစရာအကြောင်း မရှိဘူး၊ လုပ်စားစရာလည်းမလိုဘူး၊ ပညာရှိတဲ့လူက ပညာနဲ့ပဲ အသက်မွေးရသတဲ့”

“ဒါဆိုလည်းအမေရာ၊ ထမင်းချက် ဟင်းချက်တဲ့အခါ အဲဒီကျောက်တုံးတွေကို အာလူးအဖြစ်ပြောင်းပြီးတော့ စားလိုက်လို့မရဘူးလား”

ဒေါ်ပျင်းက သာစံအနားကိုလာရင်း

“နင်ဟာလေ၊ တော်တော်အမေးအမြန်းထူပြီး ဘုဂလန့်တိုက်တဲ့ကောင်လေးပဲ၊ လာခဲ့၊ နင်နဲ့ငါနဲ့အိမ်ရောက်မှတွေ့မယ်”

ဒေါ်ပျင်းက ဘောက်ဆတ်၊ ဘောက်ဆတ်နဲ့ လမ်းလျှောက်သွားပါရောဗျာ၊ အိမ်ပြန်ရောက်တော့ သူ့အဘွားမမယ်ဖြူကြိးနဲ့တွေ့တယ်၊ သူတို့အိမ်က ရွာပြင်မှာဗျ၊ အရင်တစ်ခါတော့ အိမ်က ရွာထဲမှာ၊ အခုဘာလို့ရွာပြင်ရောက်နေသလဲဆိုတာတော့မသိပါဘူးဗျာ၊ မောမောပန်းပန်းနဲ့ပြန်လာတဲ့ သာစံကို အဘွားကြီးဖြစ်နေတဲ့ ဘွားမယ်ဖြူက ရေတစ်ခွက်ခပ်တိုက်တယ်။

“နေပူလိုက်တာအဘွားရာ၊ ဒီကနေရွာကို အရိပ်ထဲကနေသွားရရင် သိပ်ကောင်းမှာ”

ဒီတော့ ဘွားမယ်ဖြူကြီးကကြည့်ရင်း

“အရိပ်လိုချင် သစ်ပင်စိုက်ပေါ့ငါ့မြေးရဲ့”

“ဘာသစ်ပင်စိုက်ရမလဲ”

ဘွားမယ်ဖြူက တစ်နေရာထသွားပြီးတော တမာစေ့တွေ ယူလာတယ်။

“ရော့၊ အဲဒီမှာ တမာစေ့တွေ၊ နေ့ချင်းညချင်းကြီးအောင်လို့ အဘွားလုပ်ပေးမယ်”

သာစံက တားပြီးတော့ ဘွားမယ်ဖြူလက်ထဲက တမာစေ့တွေကို လှမ်းယူတယ်ဗျ။

“မလုပ်ပါနဲ့ဘွားဘွားကြီးရာ၊ ပေးပါ၊ သားဖာသာ ပျိုးပြီးစိုက်ပါ့မယ်၊ အမေနဲ့ဘွားဘွားကြီးနဲ့က အားအားရှိ ပညာ၊ ပညာနဲ့ပဲ ပြောနေတော့တာ၊ သားကတော့ အဲဒီလိုမလုပ်ချင်ဘူး”

“အောင်မယ်၊ ငါ့မြေးက ပညာမတတ်သေးလို့ပါ၊ ပညာတတ်သွားရင် ဒီလိုတောင်နေမှာမဟုတ်ဘူး”

သာစံကပြေးထွက်သွားပြီးတော့ သောက်ရေအိုးစင်အောက်နားက အိုးခြမ်းပဲ့ထဲကို တမာစေ့လေးတွေထည့်နေတယ်ဗျ၊ နောက်တော့ တမာပင်လေးတွေက တစ်တောင်လောက် တစ်မိုက်လောက်ဖြစ်သွားတော့ သာစံက တူရွင်းလေးယူပြီးတော့ ထွက်လာတယ်၊ အခုမြင်နေရတဲ့နေရာမှာ တမာပင်လေးတွေကို တန်းစီပြီးစိုက်နေတာပေါ့ဗျာ။

“ကဲ တမာပင်လေးတွေရေ၊ မြန်မြန်ကြီးပြီးတော့ မြန်မြန်အရိပ်ဖြစ်စမ်းပါ”

လို့လည်းပြောနေသေးတာ၊ ကျုပ်လည်း သာစံအပင်စိုက်တာကို ပြုံးပြီးကြည့်နေရင်း ဗြုန်းဆို သာစံပျောက်သွားပြီးတော ကျုပ်အရှေ့မှာ နွားကြီးပေါ်လာတာပဲဗျာ၊ ကျုပ်သတိရလို့ ဘေးဘီကိုကြည့်လိုက်တော့ တမာပင်တန်းအောက်မှာဖြစ်နေတဲ့၊ ဦးဘသာက ခပ်လှမ်းလှမ်းမှာ ငူငူကြီးထိုင်နေလေရဲ့ဗျာ။ ကျုပ်လည်း တမာပင်တွေကိုမော့ကြည့်လိုက်တယ်။ သာစံံံံစိုက်စ တုန်းကလောက်တော့ အပင်မကျန်ပေမယ့် တမာပင်တွေက အတန်းကလေးဖြစ်ပြီးတော့ အေးမြနေတာပါပဲဗျာ။

ကျုပ်တို့နွားတွေသိမ်းပြီး အိမ်ပြန်လာတော့ ရွာထဲမှာ လူတွေဆူနေပြန်ရောဗျ၊ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ ဘကြီးစိန်ရင် ပွဲကြမ်းနေသတဲ့၊ ကျုပ်ကတော့ ထံံုံးစံံံံအတိုင်း ပါးစပ်သေနတ်ပစ်တယ်ထင်နေတာပေါ့ဗျာ၊ ဘကြီးစိန်ရင်အိမ်ရှေ့ရောက်တော့မှ လူတွေကိုအံုံခဲနေပါရော။

“အောင်မယ်လေးဗျ”

အကိုကြီးက အိမ်ထဲကနေလိမ့်ကျပြီး အိမ်ရှေ့ကိုဒလိမ့်ခေါက်ကွေးကျလာတာပဲဗျာ၊ ကျုပ်လည်း အကိုကြီးကိုပြေးထူလိုက်တာပေါ့။

“အကိုကြီးဘာဖြစ်တာလဲ”

“ဘကြီးစိန်ရင်က တစ်ခုခုတော့ တစ်ခုခုပဲကွ၊ အခုပဲ ငါ့ကိုတွန်းထုတ်လိုက်တာနဲ့ ငါအိမ်အောက်ကိုကျတာပဲ”

ကျုပ်လည်း မနက်က အကောင်းကြီးစကားပြောခဲ့တာဆိုတော့ ထူးဆန်းနေတာပေါ့ဗျာ၊ ဒါနဲ့ အိမ်ပေါ်ကိုပြေးတက်လိုက်တော့ ဘကြီးစိန်ရင်က အိမ်ပေါက်ဝကို ကျောပေးပြီးတော့ ထိုင်နေတယ်ဗျ။ ကျုပ်လည်း သူ့အနားကိုသွားပြီး

“ဘကြီးစိန်ရင် ဘာဖြစ်တာလဲ”

ဘကြီးစိန်ရင်က နီရဲနေတဲ့မျက်လုံးတွေနဲ့ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ သူ့အရှေ့မှာတော့ ထန်းရည်မြူအိုးသုံးလုံးချထားတယ်။ နောက်တော့ ကျုပ်ကိုလက်ပြန်နဲ့ရိုက်ထည့်လိုက်တာ ကျုပ်ဖြင့် နွားဝှေ့ခံံရသလို ခံလိုက်ရပြီးတော့ အိမ်ထောင့်ကိုလွင့်သွားတာပဲဗျာ၊ ဘကြီးစိန်ရင်က ထန်းရည်အိုးကိုမြှောက်ကိုင်ပြီးတော့ ပါးစပ်ထဲကိုလောင်းထည့်တယ်ဗျ၊ ဒီအချိန်မှာပဲ ဦးဘသာက အိမ်ပေါ်တက်လာတယ်။

“ဦးဘသာ တစ်ခုခုလုပ်ပါအုံးဗျာ”

ဦးဘသာက ဘကြီးစိန်ရင်ကို သေသေချာချာကြည့်ပြီး

“အဘိုး၊ တော်ပါတော့”

ကျုပ်တောင်အံ့သြသွားတာဗျ၊ ဘကြီးစိန်ရင်နဲ့ ဦးဘသာက အသက်သိပ်ကွာတာမဟုတ်ဘူးမလား”

“အဘိုး၊ တော်လိုက်ပါတော့၊ သူလည်းအသက်ကြီးနေပြီ၊ အဘိုးထန်းရည်ဒီလောက်သောက်ချင်ရင် ကျုပ်လာတိုက်ပါ့မယ်၊ သူ့ကိုဆက်ပြီး မနှောင့်ယှက်ပါနဲ့တော့”

ဘကြီးစိန်ရင်က မျက်လုံးရွဲကြီးတွေနဲ့ ဦးဘသာကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ မတ်တပ်ရပ်ထပြီးတော့ ဦးဘသာကြီးဆီကိုတစ်လှမ်းချင်းလျှောက်သွားတယ်၊ ကျုပ်လည်း ကြောင်ပြီးကြည့်နေမိတာပေါ့ဗျာ၊ ဘကြီးစိန်ရင်က ဦးဘသာကို တစ်ခုခုများလုပ်လေမလားဆိုပြီးတော့ပေါ့၊ ဒါပေမယ့် ဘာမှမလုပ်ဘူးဗျ၊ ဦးဘသာမျက်နှာကိုသေချာပွတ်သပ်ကြည့်ရင်း

“ငါ့မြေးတောင် တော်တော်အရွယ်ရောက်နေပြီပေါ့၊ ထန်းသံုံးမြူနဲ့ ပဲလှော်ယူပြီးတော့ အဘိုးတို့ဆီကိုလာခဲ့ပါငါ့မြေး”

အဲဒီလိုပြောပြီးတာနဲ့ ဘကြီးစိန်ရင်တစ်ယောက် ဇက်ကျိုးပြီးခွေကျသွားတာပဲဗျာ၊ ကျုပ်လည်း ဘကြီးစိန်ရင်ကိုပြေးပွေ့ပေးထားရတာဗျ၊ ဦးဘသာကတော့ အိမ်ပေါ်ကနေတစ်လှမ်းချင်းဆင်းသွားတယ်၊ အကိုကြီးတို့တက်လာပြီးတော့ ဘကြီးစိန်ရင်ကို သေချာလှဲသိပ်ပေးထားခဲ့ရတာပေါ့ဗျာ။ ကျုပ်ထင်တာကတော့ ဘကြီးစိန်ရင်က ထန်းရည်သောက်တယ်ဆိုတော့ ထန်းရည်ကြိုက်တဲ့သရဲတစ်ကောင်က သူ့ကိုဝင်ပူးပြီးတော့ သောက်တယ်လို့ထင်တာပဲဗျ၊ ညနေကပဲ ဘကြီးစိန်ရင်က ကိုကြွက်နီအိမ်ကိုသွားပြီး ထန်းရည်တစ်မြျူသောက်ခဲ့သေးတယ်တဲ့၊ နောက်တော့ အိမ်မှသောက်မယ်ဆိုပြီး နှစ်မြူထပ်ယူသွားတာတဲ့ဗျာ။

ကျုပ်ကတော့ အိမ်ပေါ်ကဆင်းလာရင်း တွေတွေကြီးလမ်းလျှောက်သွားနေတဲ့ ဦးဘသာရဲ့နောက်ကျောကို ငေးကြည့်နေမိတယ်၊ အဘိုးဆိုတာ ဘယ်သူလဲ၊ သူနဲ့များ ဘာဆိုင်နေတာလဲဆိုတာကို စဉ်းစားနေမိတယ်၊ ဒီအချက်ကတော့ ကျုပ်နောက်ထပ်ဖော်ရမယ့် ပဟေဠိတစ်ခုပေါ့ဗျာ။

ပြီးပါပြီ။
စာရေးဆရာ မျိုးခန့်(စကားဝါမြေ)၏ ဆောင်းပါးတစ်ပုဒ်အား မှီငြမ်းရေးသားထားပါသည်။ စာရေးဆရာအားလည်း အထူးလေးစားလျက်