အစီအစဉ်နှင့်သူ ချထားလိုက်၏။ ဒေါ်ကြူးရင်ကလည်း အကြော်ကြော်ဖို့ မုန့်နစ် စပ်သည်။ ဘူးသီးစိပ် ထည့်သော ဗန်းကို အကြော်ဒယ်အနီးသို့ ပို့ထားသည်။ ပြီးမှပဲ ကြော်အိုးကို မ, ယူပြန်သည်။ ထို့နောက် မီးဖိုပေါ်တွင် တင် ထားသည့်ဒယ်အိုးထဲသို့ ဆီများ လောင်း ထည့်သည်။ဆီကျသည်နှင့်တစ်ပြိုင်တည်း ဘူးသီးစိပ်များကိုယူကာ မုန့်နှစ်ဖြင့် တွဲလျက် ဆီအိုးထဲသို့ ချသည်။ ရှဲခနဲမြည်သံ နှင့်အတူ ဘူးသီးစိပ်သုံးလေး မှောက်တွဲထားသည်။ မုန့်နှစ်ရေအနီးတွင် ပူစီဖောင်းကလေးများ အပြိုင်း အပြိုင်းထလာ၏။ သုံးလေးဥအထိ ဆက် တိုက်ထည့်ရင် ညက အဖြစ်သည်ခေါင်းထဲသို့ ...

ဖောက်ကြက်ကောသွေးကောကို သ်ချိုင်းကိုယူလာပြီးပညာအသစ်တက်ဖို့မကောင်းတဲ့နတ်ကိုလည်းဆက်သရတယ်မင်းတို့မီးရောင်အောက်မှာမဲမဲပုံကြီးကိုမြင်တယ်မဟုတ်လားအဲ့တာကြက်သေပုံကြီးပေါ့ကွာ” “ဒါဆိုကျုပ်တို့အိမ်ကကြက်တွေကိုဒီလူခိုးသွားတာပေါ့” “အေးလေငါ့အိမ်ကကြက်တွေတောင်ပါသွားသေးတယ်မဟုတ်လားးဟားဟား” “ဒါနဲ့ဒီလူကဉီးကြီးမောင်ရဲ့ကြက်တွေကိုတောင်ခိုးရဲတယ်နော်ပညာလေးဘာလေးမရိတ်စားမိတာလားမသိဘူး” ကျုပ်​ပြောလိုက်တော့လည်းဉီးကြီးမောင်ကဆခါင်းခါရင်းနဲ့လည်း “မဟုတ်ပါဘူးကွာပုံမှန်ဆိုရင်တော့ရိတ်စားမိမှာပေါ့ငါကလည်းလွန်ခဲ့တဲ့ရက်တွေကပညာတွေကိုသိမ်းထားခဲ့တယ်လေအဲ့တာကြောင့်လည်းဒီကောင်မရိတ်စားမိတာနေမယ်” ကျုပ်ကလည်းဉီးကြီးမောင်စကားဆုံးတော့ခေါင်းညိမ့်ထောက်ခံလိုက်ရင်းရေနွေးကြမ်းကိုသောက်နေတာပေါ့ ထိုအချိန်လည်း ဉီးကြီးမောင်အိမ်ထည်းကိုလူတစ်​ယောက်ဝင်လာတယ်ဗျ တခြားသူတော့မဟုတ်ပါဘူးအဖေပေါ့ “သောင်းတင်ပါလားလာလေကွာဘာကိစ္စရှိလို့လည်း” အဖေကလည်း ဉီးကြီးမောင်နဲ့မျက်နှာချင်းဆိုင်ကျုပ်ဘေးမှာလည်းဝင်ထိုင်လိုက်တာပေါ့ “အ​ကြောင်းကိစ္စရယ်လို့တော့မရှိပါဘူးဗျာဉီးကြီးမောင်ဆီမှာကျောက်ဖရုံသီးလေးများရှိသလားလာမေးတာပါ” “ဟေကျောက်ဖရုံသီးဟုလား ရှိတော့ရှိပေမယ့်အသီးလေး​တွေကနုသေးတယ်ကွဒါနဲ့မင်းကကျောက်ဖရုံသီးကို ဘာလုပ်မလို့လည်း” ဉီးကြီးမောင်မေးလိုက်တော့လည်းအဖေကမျက်နှာရှုံပြရင်းနဲ့ “ဆီးအောင့်နေလို့ဉီးကြီးမောင်ရဲ့အဲ့တာကျောက်ဖရုံသီးလေးများဘယ်အိမ်မှာရှိလည်းလို်က်ရှာနေတုန်းမြဒင်ကဉီးကြီးမောင်အိမ်မှာကျောက်ဖရုံသီးခပ်ရင့်ရင့်တွေမြင်တယ် ပြောလို့ရောက်လာတာ” “မင်းကတော့မြဒင်စကားကိုသွားယုံတာကိုးအသီးကတော့ရှိပေမယ့်မရင့်သေးဘူးကွမင်းလိုချင်ရင်တော့ခူးသွားလေကွာခြံအနောက်မှာရှိတယ်” “မယူတော့ပါဘူးဗျာအရမ်းနုရင်တော့ချက်စားဖို့လောက်ပဲကောင်းတာဗျ” “အေးလေမင်းမခူးချင်ရင်လည်းမခူးနဲ့ပေါ့ကွာဒါနဲ့မင်းတော်တော်အောင့်နေတာလားကွ” “နေကြပါအုံးဗျအဖေဆီးအောင့်တာနဲ့ကျောက်ဖရုံသီးနဲ့ကဘယ်လိုဆက်စပ်လို့လည်းဗျ​ပြောပြပါအုံး” ကျုပ်ကြားဖြတ်မေးလိုက်တော့ ဉီးကြီးမောင်နဲ့အဖေကစကားစရပ်သွားတာပေါ့ ဉီးကြီးမောင်ကလည်းရေနွေးကြမ်းကိုတစ်ချက်မော့လိုက်ပြီးတော့လည်း “မင်းကပညာတတ်သာဆိုတယ်ကွာဗဟုသုတလည်းတယ်နည်းသကိုးကွမသိရင်မှတ်ထားကျောက်ဖရုံသီးဆိုတာကချက်စားဖို့ပဲအသုံးတည့်တာမဟုတ်ဘူး ကျောက်ဖရုံသီးမနုမရင့်တစ်လုံးကိုရှာပြီးရင်လည်းထိပ်ပိုင်းကဖြတ်ပြီးအထည်းကအစေ့တွေအူတွေကိုထုတ်ပြစ်လိုက် ပြီးရင်တော့သကြားထည့် ထည့်ပြီးရင်လည်းခုနကဖြတ်ထားတဲ့ထိပ်နဲ့အုပ်ထားလို်က်ရတယ်တစ်ညအိပ်လောက်ကြာရင်တော့ ကျောက်ဖရုံသီးထည်းမှာအရည်လေးတွေမနည်းတွေ့ရလိမ့်မယ် အဲ့အရည်ကိုလည်းသောက်ပေးရင်ဆီးအောင့်တာပြောက်တယ်ကွဒါကြောင့်လည်းမင်းအဖေကဆီးအောင့်နေလို့ငါ့ဆီကိုကျောက်ဖရုံသီးလာတောင်းတာပေါ့နောက်တစ်မျိုးရှိသေးတယ်ကွဒါကတော့ ကျောက်ဖရုံကိုအခွံခွာပြီးရင်အထည်းကအူတိုင်တွေကိုထုတ်ပြစ်လိုက် ကျန်ခဲ့တဲ့ကျောက်ဖရုံသီးအသားကိုတော့ ဓားနဲ့၈စိတ်လောက်စိတ်ပြီးသကြားနဲ့တို့စားပေးလို့ရတယ်ဒီလိုစားရင်လည်းဆိးကောင်းတယ်ဆီးမှန်တယ်စားလို့လည်းကောင်းတယ်လေနောက်ထပ်လည်းအများကြီးရှ​ိသေးတယ်က​ွ” ဉီးကြီးမောင်ပြောမှပဲကျုပ်ကတော့ကျောက်ဖရုံအကြောင်းဆေးဖက်ဝင်ပုံကိုသိရတာပေါ့ “ဒါနဲ့ဉီးကြီးမောင်ဆီးအောင့်တာအတွက်​ပြောက်စေတဲ့ကျန်တဲ့နည်းလေးဘာလေးမရှိတော့ဘူးလားဗျ” ကျုပ်မေးလိုက်တော့လည်းဉီးကြီးမောင်ကပြုံးရင်းနဲ့ ...

တို့စရာ များကို စောင့်ဆိုင်းယူနေလေ၏။ ထိုစဥျ…. “အိမ်ထဲဝင်နေကြဟေ့…တင်မောင် ရူးပြီးလူတွေလိုက်သတ်နေတယ်…….” “ဟင်……” “ဘွားကြားလား…ကိုတင်မောင်ရူးပြီးလူတွေလိုက်သတ်နေတယ်တဲ့ဗျ…….” “အေး…ကြားတယ်…ကြားတယ်…” “အမေ…ဘာဖြစ်တာတုန်း” အပြင်မှအသံများကြောင့် ဒေါ်ဝင်းထိတ်လန့်တကြား မီးဖိုထဲမှ ထွက်လာခဲ့၏။ “ရွာမြောက်ပိုင်းက ကိုတင်မောင်ရူးပြီး လူတွေလိုက်သတ်နေတယ်တဲ့အရီး……” “ဟယ်…..” ရွာထဲလည်း မည်သည့်အသံမှမကြားရတော့။ တိတ်ဆိတ်လို့နေ၏။ ဘွားမယ်စိန်တို့လည်း ခြံတံခါးပိတ်ထားပြီး အိမ်ထဲ၌သာထိုင်နေကြရသည်။ “အရီး…ကျုပ်အမေဘေးကင်းမှာပါနော်…..” “သူလည်းအသံတွေကြားရင်အိမ်ထဲနေမှာပါမောင်တိုးရယ်… စိတ်မပူပါနဲ့” “အင်းဗျာ…ဒီလူလည်း ဘယ့်နဲ့ဖြစ်သွားတယ်မသိဘူး” အချိန်သည် ညပိုင်းသို့ပင်ရောက်နေလေပြီ။ ရွာထဲ၌ မောင်အုန်းဦးဆောင်၍ ရွာကာလသားများစုဝေးနေကြသည်။ ထိုအထဲ မောင်တိုးလည်းလိုက်ပါသွား၏။ ရွာရှိအိမ်များကိုတော့ ခြံတံခါးသေချာစွာခတ်နေကြဖို့သတိပေးထားရလေသည်။ “ဘယ်လိုဖြစ်ရတာလဲကိုကြီးအုန်း” မောင်တိုးကမေးလေတော့… ...

ရမည်မသိကြတော့ပေ။ နောက်ရက်များ၌လည်း ဒေါ်ရွှေကြည်၏ သားနှစ်ယောက်ရန်ဖြစ်ကြသည်။ ဒေါ်ရွှေကြည်တို့လင်မယားမှာ သားနှစ်ယောက်ကို ဖျန်ဖြေကြရ၏။ “ကိုမောင်မြ…ကျုပ်တို့အိမ် ဘာဖြစ်နေတယ်မသိဘူးနော်…” “ဟ…ဘာဖြစ်လို့လဲကွ…သာမန်ပါပဲ…” “အို…တော်မသိဘူးနော်… တစ်နေ့စံပယ်ကိုသရဲပူးသလိုလို… ဘာလိုလိုဖြစ်သေးတယ်… နောက်ပြီး တစ်ခါမှခွန်းကြီးခွန်းငယ်မများဖူးတဲ့ ညီအစ်ကိုတွေလည်းရန်တွေဖြစ်ကြတယ်… အခုဆိုချွေးမနှစ်ယောက်ကလည်း မသင့်မြတ်ကြတော့သလိုပဲတော့်…” “လူပဲ ရွှေကြည်ရဲ့…ရန်ဖြစ်စကားများတာကတော့ အနည်းအကျဥ်းရှိမှာပေါ့…” “တော်မသိဘူးနော် ကိုမောင်မြ… ညဆိုလည်း ခွေးတွေက ကျုပ်တို့အိမ်ကိုပဲဝိုင်းဟောင်… ဝိုင်းအူနေကြသလိုပဲ…. ကျုပ်စိတ်ထဲမသန့်ဘူးတော့်…” “မင်းကလည်းကွာ…” “မင်းကလည်းမကွာနဲ့ကိုမောင်မြ… ကျုပ်တော့သောင်ထွန်းရွာကဘွားမယ်စိန်ကို အကျိုးအကြောင်းပြောပြီးပင့်ခဲ့ချင်တယ်… ဒါမှကျုပ်စိတ်ရှင်းမှာတော့်…” “အေးကွာ…မင်းသဘောပဲမရွှေကြည်… မင်းစိတ်ရှင်းချင်တယ်ဆိုလည်း ပင့်ပေါ့ကွာ…” *********************************** ထိုသို့ဖြင့် ဘွားမယ်စိန်နဲ့မောင်တိုးတို့ ရွာသစ်ရွာသို့ရောက်ရှိနေကြသည်။ ...

ဟူသောအကြည့်ဖြင့်ကြည့်ရှုတတ်ကြသည်။ မယားငယ် နှင့်နောက်အိမ်ထောင်မတူကြောင်းကို သဲသဲကွဲကွဲသိကြမည့်ပုံမရကြချေ။ ကိုပြည့်ဖြိုးအောင်ကွာရှင်းပြီး ၂နှစ်ကြာမှကျွန်မနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်သူဖြစ်နေ ၍ကျွန်မလက်ခံခဲ့ကြောင်း လူတော်တော်များများကို လိုက်ရှင်းပြနေရခြင်းအားကျွန်မစိတ်ပျက်ခဲ့မိသည်။ ခင်ပွန်းသည်နှင့် မမိုးစံအကြောင်းသိရှိထားသည့်လူရင်းများက ပိုဆိုးသည်။ သူတို့၏မျက်လုံးထဲတွင်ကျွန်မကို မသတီစရာကောင်းနေသလိုလို ကြည့်နေသည်အားမြင်မြင်နေရသည်။ ထို့ကြောင့်လည်း သူတို့နှင့်မဆုံချင်သဖြင့် ကျွန်မကပင်အရင်ရှောင်ထွက်ခဲ့သည်။ “” ကိုကို… “” ကိုပြည့်ဖြိုးအောင်က ကားသော့ကိုင်ရင်းအခန်းထဲမှထွက်လာသဖြင့်မမိုးစံဆီသွားမည်မှန်းမပြောဘဲကျွန်မသိနေခဲ့ပြီ။ “” ကိုကိုမကြာဘူး…ပြန်လာမယ်နော် “” ကျွန်မခေါင်းငြိမ့်ပြရုံကလွဲ၍ မတားဆီးလိုက်နိုင်ပါ။ ခင်ပွန်းသည်ထွက်သွားရာသို့ငေးမောကြည့်ရင်း အိမ်တံခါးလိုက်ပိတ်လိုက်သည်။ အချိန်က ညနေ ငါးနာရီခန့်ရှိနေလေပြီ။ ခင်ပွန်းသည်အပြန်နောက်ကျမည် ဖြစ်ပြီး ညစာပင်စားချင်မှပြန်စားပေလိမ့်မည်။ ထိုစဉ်ကျွန်မနှာခေါင်းထဲအနံ့အသက်တမျိုးကိုရလိုက်မိ၏။ ဆေးရုံနံ့လိုလို အနံ့မျိုးဖြစ်သည်။အိမ်တွင်လည်း ...

မြင့်တာပေါ့ဗျာ၊ ကျုပ်တို့တက်နေတာကို ပေါက်တူးထမ်းပြီးတော့ လမ်းလျှောက်လာတဲ့ ဦးဘသာကြီးက တွေ့သွားတာပေါ့။ “ဟေ့ကောင်လေးတွေ ဘာလို့သစ်ပင်ပေါ်တက်နေတာလဲကွ” “မာလကာသီးလေးတွေ သီးနေလို့ တက်ခူးတာပါ ဦးဘသာကြီးရဲ့” “မင်းတို့မာလကာသီးလေးတွေက အကျစ်လေးတွေပါကွာ၊ မပွသေးပါဘူးကွ၊ တက်မနေပါနဲ့” “ကျစ်လည်း ကျစ်ကျစ်ဗျာ၊ စားမရရင်လည်း ဝါးပြီးထွေးထုတ်မယ်” ကျုပ်တို့ကလည်း အလျှော့မပေးဘဲနဲ့ ဆက်ပြီးတက်နေတာပေါ့၊ အဲဒီအချိန်မှာ ဦးဘသာကြီးက မာလကာပင်ပေါ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ “ကဲ၊ မင်းတို့အသီးအကျစ်လေးတွေ ပွသွားအောင်လို့ ငါလုပ်ပေးမယ်ဟေ့” လို့ပြောပြီးတော့ ဘာတွေလဲတော့မသိဘူး ရွတ်လိုက်တာ ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ မာလကာသီးတွေက တဖြည်းဖြည်းကြီးလာပြီးတော့ အရောင်ကလည်း ဝင်းလာတာဗျာ၊ ကျုပ်တို့ဖြင့် အံ့သြလို့မဆုံးဘူး၊ ...

ပေါများသည်။ အထူးသဖြင့် သူတို့ကိုင်ဆောင်သည့် လုပ်သေနတ်များမှာ အထူးပေါများသည်။ သူကိုင်သည့်သေနတ်မှာ တစ်လုံးထိုး ဘို့အက်ရှင် ရိုင်ဖယ်သေနတ်ဖြစ်ပြီး မှန်ပြောင်းကလေးတစ်ခုတပ်ဆင်ထားလေရာ အနီးကပ်ချိန်ရွယ်ရန်အတွက် အလွန်အဆင်ပြေလှသည်။ သေနတ်ကျည်အိမ်အတွင်း ကျည်ဆန်တစ်တောင့်ထည့်ပြီးသားဖြစ်သည်မို့ သေနတ်မောင်းကိုအသာဆွဲတင်လိုက်သည်။ အမဲဆီများဖြင့်ချောမွေ့နေအောင်ပွတ်ထားသည်မို့ သေနတ်amမာင်းတက်သွားသော်လည်း အသံမထွက်ဘဲတိတ်ဆိတ်နေသည်။ ထို့နောက် တောဝက်အုပ်ကိုသေနတ်ဖြင့်ထိုးချိန်လိုက်ပြီး သေနတ်အပေါ်တွင်တပ်ထားသည့် မှန်ပြောင်းကလေးမှတဆင့် မိမိပစ်မည့်သားကောင်ကို သေသေချာချာ ရွေးချယ်လိုက်သည်။ တောဝက်အုပ်က မျှစ်များ၊ ဝါးများကို ချိုးဖဲ့နေသဖြင့် တဖြောင်းဖြောင်းအသံမြည်ကာ ဆူညံနေသည်။ ကဲဒိုက ပစ်ခတ်မည့်အကောင်ကို အသေအချာချိန်ရွယ်ရင်း လိုက်ရှာရာ နောက်ဆုံးတွင် ဝက်တောင်းကြီးတစ်ကကောင်ကို အသေအချာချိန်လိုက်သည်။ “ဟာ၊ ဝက်စွယ်ကွင်းပိတ်ကြီးပါလား” ...

ငါးကျက်၊ အစိမ်းကြော်၊ ခေါက်ဆွဲကြော်ထုပ်များပါလာလျှင် ကားမလွယ်ရေးချမလွယ်….။ လိုက်၍ ဆွဲချနေလေတော့သည်။ ဤမျှ ကြောက်စရာကောင်းလောက် အောင် ဆို၊ ဆိုးဝါးဝါးကြီး ဖြစ်နေပါ တော့သည်။ သင်္ချိုင်းစောင့်မဖဲဝါကိုတော့ကြား ဗူးကောင်းကြားဖူးကြပါလိမ့်မည်၊ ယခု သူသည်ကား မဖဲဝါမဟုတ်။ထိုသရဲကြီး ကား တာတီးပင် ဖြစ်တော့၏။ သင်္ချိုင်း စောင့်၊တာတိ။ တာတိုးတစ်ယောက် သင်္ချိုင်းစောင့်၊ ဖြစ်နေပြီဟု၊ ရွာနှစ်ရွာ လုံးမှ သိနေကြပြီဖြစ်ပါတော့သည်။ တာတီးသည်အစားကြီးသည်။ အစားအသောက်ပက်စက်သည်။ မြွေ၊ ရှဉ့်၊ လိပ် အကုန်စားသည်။ ကင်၊ လိပ်လျှောကြီးကြီးဆိုလျှင်အရှင်မထား။ အလွတ်မပေ။ ဖွတ်၊ ပုတတ်ပါမချန် ...

ကြီးဗျာ၊ နှာခေါင်းပွပွကြီးက အပေါ်ကိုလန်ပြီးကောက်နေသေးတယ်။ ပါးစပ်ပြဲပြဲကြီးနဲ့ နှုတ်ခမ်းလန်လန်ကြီးတွေကြားထဲမှာ အစွယ်ကြီးနှစ်ချောင်းက အောက်မေးရိုးကနေတိုးထွက်နေပြီးတော့ ပါးပင်မှာ တင်လို့ဗျ၊ ရုပ်ကြီးက ဘီလူးရုပ်ကြီးဆိုတော့ ကျုပ်လည်း လန့်သွားပြီးတော့ ဦးဘသာအနောက်ကိုပြေးကပ်လိုက်တာပေါ့ဗျာ။ ဦးသဘာက စုန်းမကျင်ရီကို အသေအချာကြည့်ရင်း “ဒါကြောင့် ညည်းမသေတော့တာကိုး၊ ညည်းက ဘီလူးနဲ့ထုံကူးထားတာပဲ” ကျုပ်လည်း ဘီလူးမကြီးကို လက်ညှိုးထိုးလိုက်ပြီး “ခင်ဗျားပြောတော့ ကုဋ္ဌနူနာ စွဲနေတာဆိုဗျ၊ အခုတော့ ဘီလူးခေါင်းကြီးနဲ့ပါလား” “ဟုတ်တယ်လေ၊ နူနာစွဲနေတယ်လို့ပြောမှ မင်းက မကြည့်မှာပေါ့၊ ကဲ အဘိုးကြီး လျာရှည်မနေနဲ့ ကျုပ်အစွမ်းကိုကြည့်ဟဲ့” စုန်းမကျင်ရီက ဦးဘသာကြီးဆီကိုပြေးလာတာဗျ၊ ပြေးလာတာလည်း ...

ဓားပြအဖွဲ့တစ်ခုကလည်း ခွန်းဆောင်အိမ်ကိုဓားပြဝင်တိုက်ပြီးတော့လည်း ရှိသမျှအကုန်ယူသွားကြတယ်လေ ဒီထက်ဆိုးတာကလည်း ငွေချေးထားတဲ့ငွေရှင်များကလည်းငွေလာတောင်းကြတော့ပေစရာမရှိတာနဲ့ ကြာလာတော့ သူတို့နေတဲ့အိမ်ကို ေပးပြီး ညောင်လှကိုပြောင်းသွားကြတယ်ဗျ ညောင်လှမှာကလည်း ခွန်းဆောင်အမေရဲ့အမအိမ်ရှိတယ်လို့ပြောတယ်ဗျ မပြောင်းခင်တုန်းကတော့ခွန်းဆောင်နဲ့ကျုပ်နဲ့ကကစားဖော်ကစားဖက်တွေဗျ ကျုပ်ကတော့ခွန်းဆောင်ထက်တော့အသက်ကြီးတယ်ဗျ ကျုပ်ကိုလည်းအကိုကြီးအကိုကြီးခေါ်ကျ​ုပ်ကလည်းညီလေးညီလေးနဲ့အရမ်းတည့်ကြတဲ့သွေးမတော်ညီကိုတွေပေါ့ဗျာ မှတ်မှတ်ရရပြောရမယ်ဆို ကျုပ်တို့အိမ်ကိုမယ်သီလရှင်တစ်ပါးရောက်လာတုန်းကလည်း ဖြစ်ချင်တော့ ကျုပ်နဲ့ ခွန်းဆောင်ဆော့နေတဲ့အချိန်နဲ့လာတိုးတာဗျ မယ်သီလရှင်နဲ့ကျုပ်တို့နဲ့ကလည်းသိပ်မဝေးဘူးဗျ ခွန်းဆောင်ကလည်းသနပ်ခါးတုန်းကြီးကိုင်ပြီးဘာမပြောညာမပြောနဲ့မယ်သီလရှင်ဘက်ကိုပြစ်ထည့်လိုက်တာဗျ သနပ်ခါးတုံးကြီးကလည်းမယ်သီလရှင်ရဲ့နဖူးကိုတည့်တည့်မှန်တာပေါ့ မယ်သီလရှင်ကလည်း နဖူးကွဲသွားတာဗျ အဲ့အချိန်ကစပြီးတော့လည်း ကျုပ်တို့နှစ်ယောက်ကိုမျောက်မူးလဲနဲ့မျောက်ဖင်နီဆိုပြီးတော့လည်းနာမည်ပေးတော့တာပဲ ကျုပ်တို့ကလည်း ၂လ ကျော်လောက်ပဲတွေ့လိုက်ရပါတယ် စိတ်မကောင်းစရာကိစ္စတွေဖြစ်သွားပြီးတော့လည်း ခွန်းဆောင်တို့သားအမိကညောင်လှကိုပြောင်းသွားကြတယ်​လေ ကျုပ်ကလည်းမြို့ကိုရောက်သွားတယ်ဗျ အဲ့အချိန်ကတည်းကမတွေ့ဖြစ်တော့တာကလည်းအခုမှပဲပြန်တွေ့ရတာပေါ့ “ညီလေးခွန်းဆောင်မင်းကခုဘယ်မှာအလုပ်လုပ်တာလည်း” ကျုပ်ကလည်း ခွန်းဆောင်ကိုမေးလိုက်တော့ “မြိတ်မှာလေကိုကြီးသာလှ၂နှစ်တစ်ခါလောက်တော့ညောင်လှကိုပြန်ရောက်ဖြစ်ပါတယ်ဟိုးအရင်နှစ်တွေကအလုပ်ပိတ်ရက်နည်းတော့လည်းပေါက်လှကိုမရောက်ဖြစ်တာ” “မြိတ်ဆိုတော့တော်တော်ဝေးတာပဲကွအေးပါဒါနဲ့မင်းတို့ကောအဆင်ပြေကြလား” “ပြေပါတယ်ကိုကြီးအလုပ်ကပင်ပန်းတယ်ဆိုပေမယ့်လည်းဝင်ငွေကတော့ကောင်းတယ်ဗျခုဆိုလယ်၇ဧကလောက်တော့စုမိထားပြီ” “ဒါများကွာမြိတ်ကိုသွားမနေပါနဲ့တော့ ...