ထန်းသုံးပင်ကသရဲသုံးကောင်

ဖောက်ကြက်ကောသွေးကောကို သ်ချိုင်းကိုယူလာပြီးပညာအသစ်တက်ဖို့မကောင်းတဲ့နတ်ကိုလည်းဆက်သရတယ်မင်းတို့မီးရောင်အောက်မှာမဲမဲပုံကြီးကိုမြင်တယ်မဟုတ်လားအဲ့တာကြက်သေပုံကြီးပေါ့ကွာ” “ဒါဆိုကျုပ်တို့အိမ်ကကြက်တွေကိုဒီလူခိုးသွားတာပေါ့” “အေးလေငါ့အိမ်ကကြက်တွေတောင်ပါသွားသေးတယ်မဟုတ်လားးဟားဟား” “ဒါနဲ့ဒီလူကဉီးကြီးမောင်ရဲ့ကြက်တွေကိုတောင်ခိုးရဲတယ်နော်ပညာလေးဘာလေးမရိတ်စားမိတာလားမသိဘူး” ကျုပ်​ပြောလိုက်တော့လည်းဉီးကြီးမောင်ကဆခါင်းခါရင်းနဲ့လည်း “မဟုတ်ပါဘူးကွာပုံမှန်ဆိုရင်တော့ရိတ်စားမိမှာပေါ့ငါကလည်းလွန်ခဲ့တဲ့ရက်တွေကပညာတွေကိုသိမ်းထားခဲ့တယ်လေအဲ့တာကြောင့်လည်းဒီကောင်မရိတ်စားမိတာနေမယ်” ကျုပ်ကလည်းဉီးကြီးမောင်စကားဆုံးတော့ခေါင်းညိမ့်ထောက်ခံလိုက်ရင်းရေနွေးကြမ်းကိုသောက်နေတာပေါ့ ထိုအချိန်လည်း ဉီးကြီးမောင်အိမ်ထည်းကိုလူတစ်​ယောက်ဝင်လာတယ်ဗျ တခြားသူတော့မဟုတ်ပါဘူးအဖေပေါ့ “သောင်းတင်ပါလားလာလေကွာဘာကိစ္စရှိလို့လည်း” အဖေကလည်း ဉီးကြီးမောင်နဲ့မျက်နှာချင်းဆိုင်ကျုပ်ဘေးမှာလည်းဝင်ထိုင်လိုက်တာပေါ့ “အ​ကြောင်းကိစ္စရယ်လို့တော့မရှိပါဘူးဗျာဉီးကြီးမောင်ဆီမှာကျောက်ဖရုံသီးလေးများရှိသလားလာမေးတာပါ” “ဟေကျောက်ဖရုံသီးဟုလား ရှိတော့ရှိပေမယ့်အသီးလေး​တွေကနုသေးတယ်ကွဒါနဲ့မင်းကကျောက်ဖရုံသီးကို ဘာလုပ်မလို့လည်း” ဉီးကြီးမောင်မေးလိုက်တော့လည်းအဖေကမျက်နှာရှုံပြရင်းနဲ့ “ဆီးအောင့်နေလို့ဉီးကြီးမောင်ရဲ့အဲ့တာကျောက်ဖရုံသီးလေးများဘယ်အိမ်မှာရှိလည်းလို်က်ရှာနေတုန်းမြဒင်ကဉီးကြီးမောင်အိမ်မှာကျောက်ဖရုံသီးခပ်ရင့်ရင့်တွေမြင်တယ် ပြောလို့ရောက်လာတာ” “မင်းကတော့မြဒင်စကားကိုသွားယုံတာကိုးအသီးကတော့ရှိပေမယ့်မရင့်သေးဘူးကွမင်းလိုချင်ရင်တော့ခူးသွားလေကွာခြံအနောက်မှာရှိတယ်” “မယူတော့ပါဘူးဗျာအရမ်းနုရင်တော့ချက်စားဖို့လောက်ပဲကောင်းတာဗျ” “အေးလေမင်းမခူးချင်ရင်လည်းမခူးနဲ့ပေါ့ကွာဒါနဲ့မင်းတော်တော်အောင့်နေတာလားကွ” “နေကြပါအုံးဗျအဖေဆီးအောင့်တာနဲ့ကျောက်ဖရုံသီးနဲ့ကဘယ်လိုဆက်စပ်လို့လည်းဗျ​ပြောပြပါအုံး” ကျုပ်ကြားဖြတ်မေးလိုက်တော့ ဉီးကြီးမောင်နဲ့အဖေကစကားစရပ်သွားတာပေါ့ ဉီးကြီးမောင်ကလည်းရေနွေးကြမ်းကိုတစ်ချက်မော့လိုက်ပြီးတော့လည်း “မင်းကပညာတတ်သာဆိုတယ်ကွာဗဟုသုတလည်းတယ်နည်းသကိုးကွမသိရင်မှတ်ထားကျောက်ဖရုံသီးဆိုတာကချက်စားဖို့ပဲအသုံးတည့်တာမဟုတ်ဘူး ကျောက်ဖရုံသီးမနုမရင့်တစ်လုံးကိုရှာပြီးရင်လည်းထိပ်ပိုင်းကဖြတ်ပြီးအထည်းကအစေ့တွေအူတွေကိုထုတ်ပြစ်လိုက် ပြီးရင်တော့သကြားထည့် ထည့်ပြီးရင်လည်းခုနကဖြတ်ထားတဲ့ထိပ်နဲ့အုပ်ထားလို်က်ရတယ်တစ်ညအိပ်လောက်ကြာရင်တော့ ကျောက်ဖရုံသီးထည်းမှာအရည်လေးတွေမနည်းတွေ့ရလိမ့်မယ် အဲ့အရည်ကိုလည်းသောက်ပေးရင်ဆီးအောင့်တာပြောက်တယ်ကွဒါကြောင့်လည်းမင်းအဖေကဆီးအောင့်နေလို့ငါ့ဆီကိုကျောက်ဖရုံသီးလာတောင်းတာပေါ့နောက်တစ်မျိုးရှိသေးတယ်ကွဒါကတော့ ကျောက်ဖရုံကိုအခွံခွာပြီးရင်အထည်းကအူတိုင်တွေကိုထုတ်ပြစ်လိုက် ကျန်ခဲ့တဲ့ကျောက်ဖရုံသီးအသားကိုတော့ ဓားနဲ့၈စိတ်လောက်စိတ်ပြီးသကြားနဲ့တို့စားပေးလို့ရတယ်ဒီလိုစားရင်လည်းဆိးကောင်းတယ်ဆီးမှန်တယ်စားလို့လည်းကောင်းတယ်လေနောက်ထပ်လည်းအများကြီးရှ​ိသေးတယ်က​ွ” ဉီးကြီးမောင်ပြောမှပဲကျုပ်ကတော့ကျောက်ဖရုံအကြောင်းဆေးဖက်ဝင်ပုံကိုသိရတာပေါ့ “ဒါနဲ့ဉီးကြီးမောင်ဆီးအောင့်တာအတွက်​ပြောက်စေတဲ့ကျန်တဲ့နည်းလေးဘာလေးမရှိတော့ဘူးလားဗျ” ကျုပ်မေးလိုက်တော့လည်းဉီးကြီးမောင်ကပြုံးရင်းနဲ့ “ရှိပါသေးသကွအဲ့တာကတော့သံပုရာသီးတစ်လုံးကိုဆားနည်းနည်းနဲ့နာအောင်ပွတ်ပြီးရင်လည်းခွက်တစ်ခုထည်းအရည်ညှစ်ထည့်ပြီးသကြားထည့်ဆားနည်းနည်းထည့်ပြီးတော့သောက်ဆီးအောင့်တာသက်သာတယ်ကွ” ကျုပ်ကလည်းဉီးကြီးမောင်ပြောပြသည်များကိုလည်းနားထောင်နေတာပေါ့ “ဟုတ်တယ်ငါ့သားရဲ့အဲ့တာကလည်းရိုးရိုးရှင်းရှင်းနဲ့ဆိးအောင့်တာကိုကုတဲ့နည်းလမ်းတွေပေါ့ဒါနဲ့ဉီးကြီးမောင်သံပုရာသီးကောရှိလားဗျ” အဖေကလည်းဉီးကြိးမောင်စကားများကိုထောက်ခံလိုက်ပြီးတော့လည်း စကားထပ်ဆက်လိုက်တယ်ဗျ “မရှိပါဘူးကွာဖိုးတေအိမ်မှာတော့ရှိတယ်လို့ကြားသေးတယ်” “အော်ဒါဆိုလည်းကျုပ်ဖိုးတေအိမ်ကိုသွားလိုက်အုံးမယ်ဗျာသွားပြီဗျို့ကျောက်ဖရုံသီးရင့်ရင်လည်းအသံပြုပါအုံးနော်သကြားနဲ့စားချင်လို့ပါ” “အေးပါကွာအေးပါ” အဖေကလည်းပြောရင်းနဲ့အိမ်ထည်းကထွက်သွားတာပေါ့ ဉီးကြီးမောင်ကလည်းခေါင်းညိတ်ကာပြန်ဖြေရင်းနဲ့လည်းရှိနေတာပေါ့ “သာလှနောက်မှရောက်တဲ့မင်းအဖေတောင်ပြန်သွားပြီအရင်ရောက်နေတဲ့မင်းကမပြန်သေးဘူးလားကွ” ဉီးကြီးမောင်ကလည်းရေနွေးတစ်ခွက်ကိုငှဲ့ရင်းနဲ့လည်းကျုပ်ကိုပြောတာပေါ့ “ဟဲဟဲကျုပ်ကပြန်ပြီးဘယ်သွားရမှာလည်းဗျကျုပ်မှာပျင်းလု့ိထွက်လာတဲ့ကိစ္စကို”

“ဟေ့ကောင်တော်တော်မင်းပျင်းတိုင်းလာရအောင်ငါကမင်းသူငယ်ချင်းမဟုတ်ဘူးနော်ခွေးကောင်ပြန်တော့ငါလည်းနွားစာတွေကျွေးရအုံးမယ်” “ဉီးကြီးမောင်ကလည်းခင်လို့လာတာကိုအတင်းနှင်လွှတ်နေတယ်ပြန်မယ်ဗျာပြန်မယ်” ကျုပ်ကလည်းဉီးကြီးမောင်အိမ်ကထွက်လာခဲ့ပြီးတော့လည်း ဘယ်အိမ်ကိုဉီးတည်ရမလည်းတွေးနေတာပေါ့ ဉီးကြီးမောင်ကလည်းကောက်ရိုးတစ်ပွေ့ကိုပွေ့ယူလိုက်ပြီးတော့လည်းနောက်ဖေးကိုထွက်သွားတယ်ဗျ ကျုပ်ကလည်း ခနမျှစဉ်းစားပြီးတော့လည်း မရောက်တာကြာပြီဖြစ်တဲ့မြဒင်ရဲ့အိမ်ကိုလည်းထွက်လာခဲ့လိုက်တယ် “မြဒင်ရေမြဒင်” ကျုပ်ကလည်းမြဒင်ခြံရှေ့ရောက်တော့လည်းအော်ခေါ်လိုက်တာပေါ့ မြဒင်ကလည်းအိမ်အပေါ်ပေါက်မှခေါင်းပြူလိုက်ပြီးတော့လည်း “သာလှလာလေကွာအိမ်မှာမင်းကိုကိုက်မဲ့ခွေးမရှိတော့ပါဘူးကွ” “အေးအေးမရှိရင်တော့လာပြီဟေ့” ကျုပ်ကလည်းမြဒင်ရဲ့အိမ်ကခွေးများကိုကြောက်ရတယ်ဗျ ရန်လိုနဲ့အောင်နက် ကလည်းလူတွေ့တာနဲ့လိုက်ဆွဲတတ်လို့လည်း မြဒင်ရဲ့မိန်းမကတော့ သံကြိုးများနဲ့ချည်ထားရတာဗျ ထိုခွေးများကလည်းသခင်ရဲ့ယောက်ျားဖြစ်တဲ့မြဒင်ကိုတောင်ရန်လိုနေတတ်တာဗျ မြဒင်မိန်းမလာရင်တော့အမြီးလေးတွေနှမ့်ပြီးလျှာလေးထုတ်ထုတ်နေတတ်တာဗျ ခုတော့လည်းရန်လိုနဲ့အောက်နက်မရှိဟူ၍လည်း စိတ်ချလက်ချဝင်ခဲ့တာပေါ့ “ဒါနဲ့ဆိုစမ်းပါအုံးအောင်နက်နဲ့ရန်လိုကဘယ်ရောက်သွားတာလည်း” “အကုိကြွက်သိုးနဲ့တောထည်းအမဲလို်က်ပါသွားတယ်လေဒင်းတို့မရှိမှလည်းသံကြိုးတွေအနားပေးရတော့တယ်” ကျုပ်မေးလိုက်တော့လည်းမြဒင်ရဲ့မိန်းမကရေနွေးကြမ်းနဲ့အမြည်းလာချပေးရင်းနဲ့လည်းမြဒင်ကိုယ်စားဝင်ဖြေလိုက်ခြင်းဖြစ်ပါတယ် “ဒါနဲ့သာလှအိမ်အလည်သက်သက်ပဲလား” “အေးဆိုပါတော့ကွာမင်းလည်းငါတို့ဘက်ကိုမရောက်တာကြာလို့သာကြောင်းမာကြောင်းမေးရင်းနဲ့ပေါ့” “အေးကွာငါလည်းမရောက်ဆိုလို့ညောင်နှစ်ပင်ရွာကငါ့အသိနဲ့လည်းစိးပွားရေးတွေဖိလုပ်နေရတာနဲ့မလာဖြစ်တာပါကွာ” “အေးပါကွာရပါတယ်ဖိုးတုတ်တောင်မင်းအကြောင်းမေးနေသေးတယ်ကွ” “ငါလည်းသတိရပါတယ်စိတ်ကသာလာချင်နေတာလူကမလာအားပါဘူးကွာ”

“အေးပါဒါနဲ့ငါလည်းပြန်လိုက်အုံးမယ်ကွမနက်ကတည်းကအိမ်မကပ်သေးတော့အိမ်ပေါ်ကနှင်ချခံရမှာစိုးတယ်ကွ” ကျုပ်ပြောလိုက်တော့လည်းမြဒင်ကရီရင်းနဲ့ “ဟားဟား ဖြစ်ရမယ် အိမ်စောင့်နတ်တောင်မင်းအိမ်မှာမင်းနေတယ်ဆိုတာသိပုံမရဘူးကွ” “မင်း​ပြောသလိုပဲဖြစ်နေပြီလားမသိပါဘုးကွာဟားဟားပြန်ပြီဟေ့” ကျုပ်ကလည်းမြဒင်ကိုနှုတ်ဆက်ပြီးတော့လည်းပြန်လာခဲ့တာပေါ့ “အမယ် မယ်မင်းကြီးသားပြန်လာပြီပေါ့မနက်မိုးလင်းထမင်းစားပြီးတာနဲ့အိမ်ကထွက်နေ့လည်ကျပြန်လာပြီးရင်တစ်ခါထွက်ည​ေနကျပြန်လာနဲ့အလုပ်တွေတော်တော်ရှုပ်နေတာပေါ့ငါ့သားက”
အမေကလည်းရွဲ့ပြောလိုက်တော့ကျုပ်ကသွားဖြီးရင်း “အမေကလည်းကျုပ်ကအလုပ်မရှိလို့အိမ်မှာမကပ်တာပါဗျာအလုပ်မရှိတဲအချိန်လေးလည်ရပတ်ရတာပါ” “အလုပ်မရှိလည်းအိမ်မှာအမေ့ကိုမီးဖိုချောင်ကိစ္စတွေဝင်ကူပေးပေါ့အမြဲတန်းထွက်နေတာပဲ” အမေကလည်းငရုပ်သီးထောင်းရင်းနဲ့လည်းကျုပ်ကိုပြောနေတာဗျ “နောက်နေ့မသွားတော့ပါဘူးအမေရယ်ဒါနဲ့ငရုပ်သီးကညက်ပြီလားမညက်သေးရင်ကျုပ်ထောင်းပေးမယ်လေ” ကျုပ်ကလည်းအမေ့အနားကိုသွားငုတ်တုတ်ထိုင်ပြီးပြောလိုက်တော့လည်း အမေကခေါင်းခါရင်း “မလိုပါဘူးဟယ်ငရုပ်သီးကညက်နေ​ပြီနင့်အကြိုက်ချဉ်ဟင်းလေးချက်ထားတယ်ဟို်အိုးလေးထည်းမှာသွားမြည်းကြည့်ပါလား” “ချဉ်ဟင်းဟုတ်လား” ကျုပ်ကလည်းအမေညွှန်ပြတဲ့အိုးလေးဆီသွားအဖုံးဖွင့်လိုက်တော့လည်းချဉ်ဟင်းရနံ့လေးကထွက်လာတာပေါ့ ကျုပ်ကလည်းချဉ်ဟင်းရနံ့လေးကိုတဝရှုလိုက်ပြီးတော့လည်း အရည်ကိုဇွန်းနဲ့ခပ်ပြိးတော့လည်းသောက်ထည့်လိုက်တယ် “အလားလားလား…” ကျုပ်ကလည်းပါးစပ်ကိုဟလက်ကိုခါရင်းနဲ့လည်းရေရွတ်လိုက်တယ် “ဘာဖြစ်တာလည်းသာလှရဲ့ဘယ်လိုနေလို့လည်း” “ချဉ်ဟင်းကတော့ကောင်းပါတယ်ပူပူကြီးကိုမမှုတ်ဘဲသောက်လိုက်မိတာလျှာကျွတ်သွားပြီဗျအလားလား…” အမေကလည်းကျုပ်အဖြစ်ကိုကြည့်ပြီးရီနေတာပေါ့ “ဖြစ်ရမယ်သာလှရယ်လုပ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်း” “အမေကလည်းဗျာကျုပ်ကလည်းပူတာကိုမေ့ပြီးသောက်လို်က်မိတာပါခုတော့လျှာကျွတ်သွားလို့အရသာဘယ်လိုခံရမှန်းတောင်မသိပါဘူးချဉ်ဟင်းလေးနဲ့တော့သွားပါပီ” ကျုပ်ကလည်းစိတ်ပျက်သွားတာပေါ့ ခဗျားတို့လည်းကြုံဖူးလောက်ပါတယ် ဟင်းရည်ပူပူကိုမမှုတ်ဘဲပူပူကြီးသောက်လိုက်ရင် လျှာမှာအပူများပြီး ထုံသွားတာလေဗျာ တခြားအရပ်တွေမှာတော့ လျှာကျွမ်းတယ်လို့ခေါ်ကြပေမယ့် ကျုပ်တို့ဘက်မှာက​တော့ လျှာကျွတ်တယ်လို့ခေါ်ကြတာပေါ့ ခနကြာတော့လည်းမိသားစုသုံးယောက်လုံး နေ့လည်စာစားကြတာပေါ့ အဖေနဲ့အမေကတော့ တရူးရူးတရှဲရှဲနဲ့စားနေကြပေမယ့်ကျုပ်ကတော့ ဘာအရသာရလို့ရမှန်းတောင်မခွဲနိုင်ဘဲ ထမင်းစားပြီးခဲ့တာပေါ့ “သာလှရေသာလှ” ကျုပ်ကလည်းထမင်းစားပြီးလို့ကွပ်ပြစ်မှာထိုင်နေတုန်းခြံရှေ့ကခေါ်သံကြားရခြင်းနဲအတူဖိူးတုတ်ကလည်းဝင်လာခဲ့တယ်ဖိုးတုတ်လက်ထည်းမှာလည်းငါးမျှားတံနှစ်ချောင်းနဲ့အတူ ငါးစာများထည့်ထားတဲ့ဗူးတစ်ခုလည်းပါတာပေါ့ “ငါးမျှားတံတွေနဲ့ငါးသွားမျှားမလို့လားကွ” “အေးလေအဲ့တာမင်းကိုလာခေါ်တာ” “ငါးမျှားဖို့ကငါလိုက်တာဟုတ်ပါပြီခုအချိန်ငါးကဘယ်နေရာမှာရှိလို့လည်း” “ငါးများပေါပါတယ်ကွာရိုးချောင်းထည်းမှာလည်းရေတွေကကျနေပြီကွအဲ့ကိုသွားမျှားရင်လည်းရလောက်တယ်” ဖိုးတုတ်ပြောတာလည်းဟုတ်တယ်ဗျ ခုချိန်ကရေတွေခမ်းနေတဲ့အချိန်ဗျ ကန်တော်တော်များများလည်းရေကျနေသလိုဘောင်တွေချောင်းတွေမှာလည်းရေတွေကဒူးလောက်ပဲရှိတော့တာဗျ “အေးလေဒါဆိုလည်းသွားကြတာပေါ့”

ကျုပ်နဲ့ဖိုးတုတ်ကလည်း တက်ညီလက်ညီနဲ့ ရိုးချောင်းဆီကိုထွက်လာခဲ့တာပေါ့ “သာလှနဲ့ဖိုးတုတ်ပါလားလက်ထည်းမှာလည်းငါးမျှားပစ္စည်းတွေနဲ့ဆိုတော့ငါးသွားမျှားကြမလို့လား” ဉီးလေးဖိုးတေကလည်းကျုပ်တို့ကိုမြင်တော့မေးလိုက်တာဗျ “ဟုတ်တယ်ဗျဒီကောင်ဖိုးတုတ်လေကျုပ်ကိုငါးမျှားသွားမယ်လာအပူကပ် နေလို့လိုက်လာတာ” “အော်ဒါနဲ့မင်းတို့ကငါးသွားမျှားမယ်ဆိုတော့ဘယ်ကိုသွားမျှားမှာလည်းကွခုအချိန်တော့ငါးကြီးကြီးရဖို့ကမသေချာဘူးနော်” “ရိုးချောင်းဆီကိုသွားမလို့ဗျအဲ့မှာတော့ရေနည်းနည်းရှိသေးလို့ငါးတော့ရလောက်ပါသေးတယ်” “အေးရိုးချောင်းဆီမှာတော့ရလောက်သေးတယ်ကွရေကပေါင်မရှိတတ်ရှိတတ်လောက်တော့ကျန်သေးတယ်အဲ့တာတောင်ဘယ်နေ့ခမ်းမလည်းမသိရသေးဘူး” “ဟုတ်မယ်ဗျဒါနဲဉီးလေးဖိုးတေကကောဘယ်ကပြန်လာတာလည်း” “အော်ငါ့ခြံထည်းကကျောက်ဖရုံတွေရင့်ပြီလားသွားကြည့်တာကွမင်းအဖေကလည်းခပ်ရင့်ရင့်တစ်လုံးလောက်လိုချင်တယ်ပြောလု့ိလေ” ကျုပ်ကလည်းခေါင်းညိတ်ရင်း “ဒါနဲ့ရှိကောရှိလားဗျ” “ရှိတော့ရှိတယ်အရမ်းမရင့်းေသးပေမယ့်ဆေးစားလို့တော့ရလောက်ပြီကွမင်းညနေကျရင်လာယူခဲ့လေ” “ဟုတ်ဉီးလေးဖိုးတေဒါဆိုလည်းကျုပ်တို့သွားလိုက်အုံးမယ်” “အေးအေး” ကျုပ်တို့ကလည်းဉီးလေးဖိုးတေနဲ့ဆန့်ကျင်ဘက်ထွက်ခဲ့တာပေါ့ ရိုးချောင်းရောက်တော့လည်းရေကပေါင်လောက်တော့ရှိသေးတယ်ဗျ ကျုပ်တို့ကလည်းတစ်နာရီကျော်ကျော်လောက်ငါးမျှားနေကြပေမယ့် ငါးမရဘူးဗျ ခုမှကျုပ်တို့နှစ်​ယောက်ပေါင်းမှငါးက၅ကောင်ပဲရသေးတာဗျ ဖိုးတုတ်က၂ကောင်ကျုပ်က၃ကောင်ပဲရှိသေးတယ် ကျုပ်ကလည်းစိတ်ပျက်လာတာပေါ့ ဖိုးတုတ်ကလည်းငါးမျှားတံကိုတစ်ဖက်ကကိုင်လက်တစ်ဖက်နဲ့လည်းမေးကိုထောက်ထားရင်းနဲ့ရိုးချောင်းကိုလည်းကြည့်နေတာပေါ့ နောက်ထပ်တစ်နာရီလောက်ဆက်မျှားနေပေမယ့်လည်းငါး၃ကောင်လောက်ပဲရတာဗျ ရတဲ့ငါးကလည်းငါးခုံးမလေးတွေပဲရတာဗျ “ငါးကလည်းမျှားရတာအဆင်မပြေပါဘူးကွာဘာမှလည်းဟုတ်တိပတ်တိရတာမဟုတ်ဘူး” “အေးကွာငါးတွေအတွက်ပဲကံကောင်းနေတာလားတော့မသိဘူး” ကျုပ်စကားကိုလည်းဖိုးတုတ်ကထောက်ခံပြောဆိုပြီး​ပြောတာပေါ့ “ဒါနဲ့ဖိုးတုတ်တခြားငါးမျှားလို့ကောင်းမဲ့နေရာလေးဘာလေးမရှိဘူးလား” ကျုပ်မေးလိုက်တော့ဖိုးတုတ်ကတစ်ချက်စဉ်းစားလိုက်ပြီး “တခြားနေရာဆိုရင်တော့သဖန်းကုန်းရွာအစပ်နားမှာတော့ကန်ကြီးတစ်ကန်ရှိတယ်ကွအဲ့မှာကရေလည်းပေါသေးတယ်ငါးကောင်းကောင်းတွေလည်းရှိတယ်ကွ” “ဒါဆိုလည်းသွားကြမယ်လေကွာဒီမှာသာဆက်မျှားနေရင်တော့တနေကုန်မျှားရင်တောင်ဟင်းစားရမှာမဟုတ်ဘူးကွ” “ဝေးတော့နည်းနည်းဝေးတယ်နော်သဖန်းကုန်းရွာအစပ်နားမှာကန်က” “ဝေးဝေးပေါ့ကွာစကားပြောရင်းသွားရင်ခနပါပဲ” “အေးလေဒါဆိုလည်းသွားကြတာပေါ့” ကျုပ်နဲ့ဖိုးတုတ်ကလည်း ငါးမျှားတံတွေသိမ်းပြီးသဖန်းကုန်းရွာဘက်ကိုထွက်လာခဲ့တာပေါ့ သဖန်းကုန်းနဲ့ကျုပ်တို့ရွာနဲ့ကလည်းမနည်းတော့ဝေးတယ်ဗျ ခြေလျင်ဆို နာရီဝက်လောက်တော့သွားရတယ် ဖိုးတုတ်ကလည်းရှေ့ကသွားကျုပ်ကလည်းနောက်ကလိုက်ရတာပေါ့ ကျုပ်တို့ကလည်းမနည်းကြာကြာသွားပြီးတော့လည်း သဖန်းကုန်းရွာအစပ်ကရေကန်ကြီးကိုရောက်လာခဲ့တယ် “ဟာဖိုးတုတ်မင်းပြောတာဟုတ်တယ်ကွကန်ထည်းကိုကြည့်လိုက်ငါးကြီးတွေပွက်နေတာကွ” ကျုပ်ကလည်းကန်ထည်းကြည့်လိုက်တော့ငါးပွက်နေသည်ကိုမြင်တော့ပြောလိုက်တာပေါ့ “အေးလေငါပြောပါတယ်ကဲကဲလုပ်စရာရှိတာလုပ်အချိန်ကဖြင့်၃နာရီတောင်ရှိနေပြီကွ” ကျုပ်ကလည်းငါးမျှားတံများကိုငါးစာတပ်ပြီးတော့လည်း ငါးမျှားနေတာပေါ့ ၅မိနစ်လောက်ကြာတော့လည်း ကျုပ်ငါးမျှားတံကိုတစ်ခုခုကလာဆွဲတယ်ဗျ ကျုပ်ကလည်းအပေါ်ကိုဆွဲမြှောက်လိုက်တော့ငါးရံ့ကြီးတစ်ကောင်ပါလာတယ်ဗျ “ဖိုးတုတ်ဒီမှာကြည့်ကွငါးရ့ံကြီးဒီအတိုင်းဆိုမကြာခင်ပြန်လို့တောင်ရပြီ” “မင်းကပဲရသေးတာငါကတော့မရသေးဘူးကွခုအချိန်ထိလာတောင်မဟပ်ကြသေးဘူး” ကျုပ်တို့ကလည်းမျှားလိုက်စကားလေးပြောလိုက်နဲ့ရှိနေတာပေါ့ ငါးများကိုလည်းမြက်ရိုင်းနဲ့သွယ်ပြီး အနားကထန်းပင်အောက်မှာလည်း ထားလိုက်တယ် ကန်ကြီးဘေးမှာကလည်းထန်းပင်ကြီးသုံးပင်ကအတန်းလိုက်ပေါက်နေတာဗျ ကျုပ်တို့မှာကလည်းထည့်စရာပုံးတွေဘာတွေမပါတော့ အနားကထန်းပင်ကြီးအောက်မှာချထားလိုက်တာပေါ့ ကျုပ်တို့ကလည်း မျှားရင်းမျှားရင်းနဲ့လည်း၅နာရီတောင်ထိုးတော့မယ်ဗျ ကျုပ်ကလည်းငါးအတော်ရ​နေပြီ ဖိုးတုတ်ကလည်းအတော်အသင့်ရနေပြီဖြစ်လို့ ပြန်ဖို့စီစဉ်ကြတာပေါ့ ကျုပ်ကလည်းငါးများကိုလက်တစ်ဖက်ကဆွဲလိုက်ပြီးတော့လည်း ငါးမျှားတံကိုပုခုံးပေါ်တင်လိုက်ပြီးရွာဘက်ကိုခြေဉီးလှည့်လိုက်တာပေါ့ “သာလှဟိုမှာဘာကောင်ကြီးလည်းကွလုပ်ပါအုံး” ဖိုးတုတ်ရဲအလန့်တကြားအော်သံကြောင့်လည်းကျုပ်နောက်ကိုလှည့်ကြည့်လိုက်တော့ ဖိုးတုတ်ကလည်း ထန်းပင်ကြီးအပေါ်ကိုကြည့်ရင်းနဲ့အော်နေတာဗျ ကျုပ်ကလည်းထန်းပင်ပေါ်ကိုကြည့်လိုက်တော့ နီရဲရဲမျက်လုံးများနဲ့သရဲကြီးတစ်ကောင်ကလည်း ဇောက်ထိုးကြီးလုပ်ပြီးဖိုးတုတ်ကိုကြည့်နေတာဗျ “သရဲသရဲ” ကျုပ်ကလည်းသရဲကြီးကိုမြင်တော့ငယ်သံပါအောင်အော်လိုက်တာပေါ့ ဖိုးတုတ်ကလည်းကျုပ်နဲ့ရောယောင်ပြီးအော်တယ်ဗျ နေဝင်ရီတရောအချိန်ရဲ့အလင်းရောင်ဖြော့ဖြော့အောက်မှာလည်းသရဲကြီးရဲ့မျက်လုံးများကနီရဲနေတာဗျ ကျုပ်ကလည်းအော်ဟစ်ရင်း ကန်ကြီးအပြင်ဘက်ကိုပြေးထွက်တာပေါ့ ပြေးမထွက်သူကလည်းဖိုးတုတ်လေ

ကျုပ်ကလည်းကန်အဝင်ဝရောက်တော့လည်းနောက်ကိုလှည့်ဖိုးတုတ်ကိုလည်းအော်လိုက်တာပေါ့ “ဖိုးတုတ်ပြေးလာခဲ့ကွဟိုမှာအကောင်ကြီးကဆင်းလာတော့မယ်မြန်မြန်” ကျုပ်အော်ပြောပေမယ့်လည်းဖိုးတုတ်ကတော့ငေးငေးငိုင်ငိုင်ကြီးနဲ့ဗျ ကျုပ်ကလည်းဖိုးတုတ်ကိုတစ်လှည့် ထန်းပင်ပေါ်ကသရဲကြီးကိုတစ်လှည့်ကြည့်နေရတာပေါ့ “အမေ့….” ရုတ်တရက်လည်းကျုပ်ပုခုံးကိုလက်အေးအေးကြီးတစ်ခုလာထိတာကြောင့်ကျုပ်ကလည်းအော်ဟစ်ရင်းထခုန်နောက်ကိုလှည့်ကြည့်လိုက်တော့လည်း သရဲကြီးတစ်ကောင်ကကျုပ်အနောက်မှာရပ်နေတာဗျကျုပ်ကလည်းကန်ထည်းကိုပြန်ပြီးပြေးဝင်လာမိတာပေါ့ ကြောက်စိတ်ဝင်တော့လည်းဉီးတည်ရာပြေးမိတာပေါ့ ဖိုးတုတ်ကလည်းရုတ်တရက်လှုပ်ရှားလာပြီးတော့လည်းကန်ထည်းကိုဉီးတည်ပြီးဆင်းသွားနေတာဗျ “ဟေ့ကောင်ဖိုးတုတ်ကန်ထည်းကိုမဆင်းနဲ့လေမင်းရေနစ်သွားမှာပေါ့ဟေ့ကောင်မဆင်းနဲ့လို့” ကျုပ်ကလည်း ဖိုးတုတ်အခြေနေကိုရိတ်စားမိလိုက်တယ် မကောင်းတဲ့အရာတစ်ခုကလည်းဖိုးတုတ်ကိုပူးကပ်ပြီးရေနစ်သေအောင်လုပ်မယ်မှန်းလည်းသတိထားမိတာပေါ့ ထန်းပင်ပေါ်ကသရဲကြီးကလည်းဇောက်ထိုးကြီးဆင်းလာကျုပ်ဆီကိုလည်းလေးဘက်ထောက်ကြီးလျှောက်လာတာဗျ ကျုပ်ကလည်းကြက်သီးမွှေးညင်းတွေထပြီးတော့လည်း အော်ဟစ်နေတာပေါ့ “ဟေ့ကောင်တွေရပ်လိုက်စမ်း” ရုတ်တရက်လည်းကန်အစပ်နားကဉီးကြိးမောင်အသံကြားရတယ်ဗျ “ဟိုကောင်ဖိုးတုတ်အပေါ်တက်ခဲ့စမ်းကွာ” ဉီးကြီးကန်အဝင်ဝကသရဲကြီးကလည်းကျုပ်ဆီကိုလေးဘက်ထောက်ပုံစံနဲ့ပဲလျှောက်လာတာဗျမောင်ကလည်း ဖိုးတုတ်ကိုလက်ညိုးထိုးပြီးတော့လည်းပြောလိုက်တော့ ဖိုးတုတ်ကအပေါ်ကိုပြန်တက်လာတယ်ဗျ တော်သေးတယ်ပြောရမယ်ဖိုးတုတ်ဆင်းသွားတာကလည်းခါးကျော်ကျောက်လောက်ပဲရှိသေးတာဗျ ဖိုးတုတ်ကလည်း ကန်ပေါ်ရောက်တော့လည်း ခွေကျသွားပြီးမေ့မျောနေတာဗျ ဖိုးတုန်ကိုယ်ထည်းကလည်းမဲမဲအကောင်ကြီးတစ်ကောင်ထွက်သွားပြီးတော့လည်း စောနကသရဲကြီးနှစ်ကောင်ဘေးကိုရောက်သွားပြီးသရဲကြီးနောက်တစ်ကောင်ဖြစ်သွားတာဗျ “ငါတို့လူသားစားခါနီးမှမင်းဝင်ရှုပ်တယ်မင်းကိုပါစားရမယ်” “အေးပေါ့ကွာမင်းတို့စားချင်ရင်လည်းလာစားကြပေါ့စားလို့လွယ်မလားတော့မသိဘူးနော်” ဉီးကြီးမောင် ကလည်းပြောလိုက်တော့ သရဲကြီးသုံးကောင်ကလည်းဉီးကြိီးမောင်ဆီကိုပြေးဝင်လာတာဗျ ဉီးကြီးမောင်နဲ့သရဲသုံးကောင်ကလည်း မနည်းတော့ဝေးတယ်ဗျ ကန်ရဲ့ဘောင်အတိုင်းလည်းသရဲသုံးကောင်ကပြေးဝင်လာဉီးကြီးမောင်ကလည်း လက်ခုပ်တစ်ချက်တီးလိုက်တော့ သရဲသုံးကောင်ကလည်း အနားမရောက်ခင်လက်တစ်ကမ်းအလိုမှာလည်းရပ်တန့်သွားကြတယ် ဉီးကြီးမောင်ကသာဘာမှမဖြစ်တာဗျ ကျုပ်ကတော့ ဉီးကြီးမောင်အစားလန့်မိနေတာပေါ့ သရဲသုံးကောင်ကလည်းမလှုပ်မယှက်ကျောက်ရုပ်ကြီးတွေလိုရပ်နေကြတယ် ဉီးကြီးမောင်ကလည်း သရဲသုံးကောင်ဘေးကကွေ့ပြီးတော့လည်း ကျုပ်တို့အနားကိုလာ ဖိုးတုတ်ရဲ့ခေါင်းကနေခြေအဆုံးထိလက်နဲ့သပ်ချလိုက်တော့လည်း ဖိုးတုတ်ကတော့သတိပြန်ရလာခဲ့တယ် “ဖိုးတုတ်မင်းလည်းသတိရပြီသာလှနဲ့အတူဟိုသရဲကြီးတွေကိုတောင်းပန်စကားဆိုလိုက်ဒီကောင်တွေကကန်စောင့်သရဲတွေကွမင်းတို့ကသူတို့စောင့်တဲ့ကန်ကိုငါးလာမျှားကြတော့တာဝန်အရလည်းမင်းတို့ကိုခြောက်လှန့်တာဖြစ်မယ်ဖိုးတုတ်ကိုတော့ဘာစိတ်ကူးပေါက်ပြီးသက်ဖို့ကြံရလည်းတော့မသိဘူးကဲကဲဟိုသရဲတွေကိုတောင်းပန်စကားပြောလိုက်” ဉီးကြီးမောင်ကလည်းကျုပ်တို့ကိုပြောရင်းနဲ့လည်းလက်ခုပ်တီးလိုက်တော့သရဲများကလည်းပြန်လည်လှုပ်ရှားလာကြပြီးကျုပ်တို့အနားကိုတစ်လှမ်းချင်းလျှောက်လာကြတယ်ဗျ ဒီတစ်ခါတော့လေဘက်ထောက်ကြီးမဟုတ်ပဲနဲ့မတ်တပ်ရပ်လျှောက်လာတာဗျ အနားကိုရောက်တော့လည်းဉီးကြီးမောင်က “ဒီကသရဲသုံးဖော်ကိုကျုပ်ကပဲဒိီကောင်လေးတွေကိုယ်စားတောင်းပန်ပါတယ်ခုနကလည်းမဖြစ်သာလို့ ပညာသုံးလိုက်တာပါသင်တို့လည်းခွင့်လွှတ်ပေးမယ်လို့မျှော်လင့်ပါတယ်” ဉီးကြီးမောင်ပြောလိုက်တော့လည်း ရှေ့ဆုံးကောင်ကြီးကခေါင်းညိတ်ရင်းနဲ့ “ဒီတစ်ခါတော့ကျုပ်တို့ခွင့်လွှတ်ပါတယ်နောက်တစ်ခါဆိုရင်တော့ကျုပ်တို့အဆိုးမဆိုနဲ့” “ရပါတယ်နောက်တစ်ခါဒီခလေးတွေကိုမလာစေရပါဘူးသင်တု့ိလည်းလိုရာသွားနိုင်ပါပြီ” ဉီးကြီးမောင်ပြောလိုက်တော့လည်းသရဲသုံးကောင်ကအနက်ရောင်အငွေ့တွေဖြစ်သွားပြီးတော့လည်းအငွေ့တစ်ခူဆီကထန်းတစ်ပင်ကိုဆီကိုဝင်ရောက်သွားတာပေါ့ “ကဲငနာမိတွေကံကောင်းလု့ိမသေတယ်လာလိုက်ခဲ့ကြနောက်တစ်ခါငါးမျှားထွက်ရဲရင်ထွက်ကြည့်သရဲသုံးကောင်အရင်ငါလုပ်လွှတ်လိုက်မယ်” ဉီးကြီးမောင်ကလည်းကျုပ်တို့နှစ်ယောက်ရဲ့နား တေွကိုလိမ်ဆွဲပြီးတော့လည်းပြောတာပေါ့ကျုပ်တို့ကလည်းအပြစ်လုပ်ထားတာမိုလို့ဇက်လေးပုပြီးဉီးကြီးမောင်အနောက်ကလိုက်ခဲ့တာပေါ့။