ထူးဆန်းသောမဟုရာကျောက်နသိုး

အစီအစဉ်နှင့်သူ ချထားလိုက်၏။
ဒေါ်ကြူးရင်ကလည်း အကြော်ကြော်ဖို့ မုန့်နစ်
စပ်သည်။ ဘူးသီးစိပ် ထည့်သော ဗန်းကို
အကြော်ဒယ်အနီးသို့ ပို့ထားသည်။ ပြီးမှပဲ ကြော်အိုးကို မ,
ယူပြန်သည်။ ထို့နောက် မီးဖိုပေါ်တွင် တင်
ထားသည့်ဒယ်အိုးထဲသို့ ဆီများ လောင်း
ထည့်သည်။ဆီကျသည်နှင့်တစ်ပြိုင်တည်း
ဘူးသီးစိပ်များကိုယူကာ မုန့်နှစ်ဖြင့်
တွဲလျက် ဆီအိုးထဲသို့ ချသည်။ ရှဲခနဲမြည်သံ
နှင့်အတူ ဘူးသီးစိပ်သုံးလေး မှောက်တွဲထားသည်။
မုန့်နှစ်ရေအနီးတွင် ပူစီဖောင်းကလေးများ အပြိုင်း
အပြိုင်းထလာ၏။ သုံးလေးဥအထိ ဆက်
တိုက်ထည့်ရင် ညက အဖြစ်သည်ခေါင်းထဲသို့ ဒိုင်းခနဲ ဝင်လာလေသည်။
သတိရလိုက်သည့်တစ်ခဏ၌ပင် ဒေါ်ကြူးရင်၏
ကျောထဲတွင် စိမ့်ခနဲ ရှိသွားသည်။ ကြက်သီး
မွေးညင်းများပင် ဖျန်းခနဲ ထသွားမိသေး၏။
ဘယ်လိုမှ တွေးမထားသော မစဉ်းစားမိသော၊
စိတ်မကူးမိသော အကြောင်းအရာတစ်ခုသည်ဘာကြောင့်
များ မိမိကို မြင်မက်လိုက်ရပါသနည်း။
ညက အိပ်မက်သည် အလွန်စင်းသည်။
အိပ်မက်ထဲ၌ ထူးခြားသော ပုဂ္ဂိုလ်တစ်ပါ၊
မိမိထံသို့ ရောက်လာသည်။ ဝတ်ဖြူစင်ကြယ်များ
ဝတ်ဆင် ထားသည်။ မုတ်ဆိတ်မွေး၊
ပါးသိုင်းမွေးများပင် ဆွတ်ဆွတ်ဖြူနေ၏။
လည် ပင်းတွင်လည်း ဆီးဖြူသီးခန့်
ထင်ရသော ပုတီးကြီးကို ဆွဲထားသည်။
ထိုပုဂ္ဂိုလ်ကြီးသည် ဒေါ်ကြူးရင်ရှေ့တွင်
ဘွားခနဲ ပေါ်လာ၏။ ပြီးလျှင် စူးရှတောက်
ပြောင်သော မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်နေသည်။
ထိုမျက် လုံးများသည် ခဏအကြာ၌ အ
ရောင်တွေ အမျိုးမျိုး တောက်နေပေသည်။
အစိမ်းတွေ၊ အနီတွေ၊ အပြာတွေ စသော
အရောင်မျိုးစုံတို့သည် မျက်လုံး အိမ်မှထွက်
လာပြီး မိမိကိုယ်ကိုရစ်ပတ်လာတော့သည်။
ဒေါ်ကြူးရင် လွန်စွာကြောက်လန့်သွားသည်။
ရင်တွေ တထိတ်ထိတ် ခုန်လာသည်။
ဦးကြည်ကို သတိရသည်။ အားကိုးသည်။ သူ့ကိုခေါ်သည်။
ခေါ်မရ။ အသံကုန်ဟစ်သည်။ ဟစ်မရ၊
ထိုပုဂ္ဂိုလ်ထူးသည် မိမိ၏အသံကိုပင်
ချုပ်ကိုင်ထားသလား မပြော တတ်။
ဝတ်ဖြူဗင်ကြယ် ဝတ်ထားသော်လည်း
မျက်လုံးမှ အရောင်လျှံများ ကြောင့် သူ
တော်စင်ဟုမိမိမယုံ။ သူတော်စင်ယောင်
ဆောင်လာသည့်နာနာ ဘာဝဖြစ်နိုင်သည်။
မဟုတ်ရင်တစ္ဆေတစ်ကောင်ကောင်ကသူ
တော်စင်လို အယောင်ဆောင်လာသလားမသိ။
ထိုအတွေးများကြောင့်မိမိသည်ကြောက်လာသည်။
ကေရွှေးများပြန် လာသည်။ ထွက်ပြေးလွတ်
မြောက်ဖို့ကြံသည်။ တစ်ဖန်ဦးကြည်ကို ဟစ်ခေါ်
သည်။ ထိုစဉ် သူတော်စင်လိုပုဂ္ဂိုလ်သည်
တစ်ကိုယ်လုံး မီးခိုးများကဲ့သို့ တဖြည်းဖြည်း
ပြောင်းလဲသွားပြန်သည်။ ပြီးလျှင် – တငွေ့ငွေ့အသွင်သို့
ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
နိုးလာသောအခါ၌ မိမိသည် မောနေ၏။
အိပ်ရာထဲ၌ ငုတ်တုတ်ထထိုင် မိသည်။
ကြောက်သည့်စိတ်က ပျောက်နိုင်အောင်ရှိသည်။ ပြန်၍လှဲအိပ်
သော်လည်း တော်တော်နှင့်အိပ်မပျော်။
တောင်တွေး၊မြောက်တွေးနှင့် ပိတ်
ချောက်ချားလျက် နေပါတော့သည်။
ဘယ်လိုပုဂ္ဂိုလ်များက မိမိအပေါ်၌ မကျေနပ်ရှိနေပါသနည်း။
“သမီးတို့ရေ-အဘဗိုက်ဆာလို့အကြော်
ကလေး နည်းနည်းစားလို့ရမလားကွယ်”
အသံကြားလို့ ဒေါ်ကြူးရင် ဆတ်ခနဲခေါင်း
ထောင်ကြည့်မိသည်။ ဆီအိုး ထဲမှကျက်ပြီး
သားကြော်များကို သံဆန်ကာဖြင့်ခပ်ဆယ်နေသည့်လက်
မှာ တန့်ခနဲဖြစ်သွားသည်။ ရင်မှာလည်း
ထိတ်ခနဲရှိသွား၏။တစ်ကိုယ်လုံးလည်း စိမ့်သွားလေသည်။
ဟုတ်ပါသည်။ ညကမြင်မက်ခဲ့သည့်အိပ်
မက်ထဲကအတိုင်းတစ်ကိုယ် လုံး ဝတ်
ဖြူစင်ကြယ်ဝတ်ထားသည်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး
တွေက လည်း ဆွတ်ဆွတ်ဖြူလို့။လည်
ပင်းမှာတော့ အလုံးကြီးကြီးဖြင့် ပြုလုပ်ထား သည့်ပုတီး
တစ်ကုံးဆွဲလို့။ ထူးဆန်းသည့်လူပုဂ္ဂိုလ်
မိမိဆိုင်ရှေ့၌မားမားကြီး ရပ်လျက်ရှိလေသည်။
ဦးကြည်ကရေနွေးကြမ်းသောက်နေ
ရာမှသွက်လက်စွာထရပ်ပြီးပြောသည်။
“ဪ – ရပါတယ် ခင်ဗျာ့။ အထဲဝင်ပါ။
အဘ- ဘာသုံးဆောင်မလဲ။ ပဲကြော်ရော၊
ဘူးသီးကြော်ပါရနေပါပြီ၊တို့ဟူးကြော်နဲ့ငှက်ပျောသီးကြော်က
တော့နည်းနည်းစောင့်ရလိမ့်ဦးမယ်။
ရေနွေးလည်းအဆင်သင့်ပဲ” “အေး-ပဲကြော်နဲ့ဘူးသီး
ကြော်ရရင်လည်း တော်လောက်ပါပြီကွယ်။
အဲ-တစ်ခုတော့ရှိတယ်။အဘမှာပိုက်ဆံမရှိဘူး။
လှူတဲ့သဘောထားရလိမ့်မယ်”
ဈေးဦးဈေးများတွင် အလကားစားမည့်
ပုဂ္ဂိုလ်နှင့် လာတွေ့နေသဖြင့် ဒေါ်ကြူးရင်
စိတ်ပျက်သွားသည်။ထို့ပြင် ညကမြင်မက်ထားသောပုဂ္ဂိုလ်နှင့်
တစ်ထေရာတည်းတူနေသဖြင့်ဒေါ်ကြူးရင်
ရင်ထဲတွင်မယုံသင်္ကာဖြစ်လိုက်ရသေးသည်။
“ဪ-ရပါတယ်-အဘရယ်။ အဘဘယ်လောက်စားနိုင်မှာမို့လဲ။
ကျွန်တော်တို့ ကုသိုလ်ရပါတယ်။လာ-လာ- ထိုင်ပါ-အဘ”
ဦးကြည်က သူ့ဗီဇအတိုင်း သဘောကောင်း
လိုက်သည်။ ထို့နောက် ဦးကြည်သည်မုန့်ပွဲ၊
အချဉ်ရေ ရေနွေ၊အိုး စသည်တို့ကိုအဘဆိုသူ၏ရှေ့သို့
ရိုရိုသေသေ ချပေးသည်။ ထို့နောက် မနီးမ
ဝေးတွင်ဝင်ထိုင်နေသည်။ အဘဆိုသည့်ပုဂ္ဂိုလ်ကအကြော်
ကြော်နေသည့်ဒေါ်ကြူးရင်အားတစ်ချက်
လှမ်းကြည့်ရင်း အကြော်ကို စားမြဲစားနေသည်။ အကြော်
တစ်ခု နှစ်ခု ကုန်ခါနီးတွင် ထိုပုဂ္ဂိုလ်က
“ငါ့တူနဲ့ တူမကြီးတို့ကို အဘ အများကြီး
ကျေးဇူးတင်ပါတယ်။ ဒီဒါနပြု တဲ့အတွက်
လည်းသာဓုခေါ်ပါတယ်။ကျန်းမာချမ်းသာပြီးသတ္တဝါအ
ပေါင်းကို ကယ်တင်နိုင်တဲ့ ပုဂ္ဂိုလ်ထူး၊
ပုဂ္ဂိုလ်မြတ်တွေ ဖြစ်နိုင်ကြပါစေကွယ်”
ဆုတောင်းပေးနေသည်။
ဦးကြည်က အဘအတွက်ရေနွေးကြမ်း
ပေး ရင်း-“အဘက ဒီမြို့ကပဲလား”ဟု စပ်စုသည်။
“အဘကဒီကျိုက်ထိုမြို့ကတော့မဟုတ်
ဘူးကွယ့်။ အင်မတန်ဝေးလံတဲ့တစ်နေရာ
က ဆိုပါစို့။ ဒီမှာ ဓာတ်ကျလို့လာတာ။
အဘက ဂန္ဓာရီလှည့်တာလား”
“ဪ – ေဩာ် – မြင့်မြတ်တဲ့ပုဂ္ဂိုလ်
တွေကဒီလိုပဲလှည့်လည်ကြရတာ
“အေးပေါ့ကွယ်…ဒီကငါ့တူကြီးနဲ့တူး
ကြီးတို့ရဲ့နာမည်အဘမသိရဘူး
“ကျွန်တော့်နာမည်က ဦးကြည်ပါ။
ကျွန်တော့်အမျိုးသမီးရဲ့နာမည်က ဒေါ်ကြူးရင်ပါ အဘ
“ငါ့တူက ဦးကြည်ဆိုတော့ တနင်္လာပေါ့”
“မဟုတ်ဘူးခင်ဗျာ။ နာမည်ကသာတနင်္လာ၊
မွေးတာက အင်္ဂါပါ။ ကျွန် တော့်ဇနီးကမှ တနင်္လာပါ
“ဪ- ဪ …နေ့နာမ်နဲ့မမှည့်ဘဲကိုး။
အင်း – စကားလက်စနဲ့ ပြောရ ရင်တော့
အဘက သတ္တဝါတွေကယ်တင်ဖို့ ရှိတယ်။
ငါ့တူတို့မှာ အခက်အခဲ ရှိရင် အဘကိုပြောပါ။
အဘ – ကူညီမယ်”“ကျေးဇူးပါပဲ။ကျွန်တော်တို့မှာတော့ဘာ
မှမရှိပါဘူး။ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း
မှာတော့ အခက်အခဲရှိနေပါတယ်။
အဘကူညီနိုင်မယ်ဆိုရင် ကူညီပေးပါ”
စကားအဆုံး၌ အဘက ခေါင်းတညိတ်ညိတ်လေ၏။
ဦးထွန်းရှိန်က သူ့နှမလေး ဒီလိုဖြစ်ခဲ့ရသည်ကို
ဆရာကြီး အဘဆိုသူ အား အကြောင်းစုံ
ပြောပြနေသည်။ အဘသည်လည်း ဦးထွန်းရှိန်ပြော
နေ သမျှကိုနားစိုက်ထောင်ရင်းခေါင်း
တညိတ်ညိတ်လုပ်၍နေလေသည်။
“ဆရာကြီးရယ် -ကျွန်တော့်နှမကကျွန်တော့်
ထက် ဆယ်နှစ်လောက် ငယ်ပါတယ်။ သူက
အထွေးဆုံးပါ။ ကြားမှာတော့မောင်နှမငါးယောက်ပေါ့။
တစ်ယောက်မှ အဖတ်မတင်ပါဘူး။ သူ
တစ်ယောက်ပဲ။ ဒါကြောင့် – သူ့ကို နှမလေးလို၊သမီးလေးလို
ကျွန်တော်တို့ကချစ်နေတာပါ။ အမေ၊ အ
ဖေရှိတုန်း ကလည်းထွန်းရှိန် – ဒီကလေးကိုဂရုစိုက်ကြနော်လို့
တရစပ်မှာသွားကြတာ ပါ။ ကျွန်တော်တို့က
လည်းအမြဲဂရုစိုက်ကြည့်ရှုခဲ့ပါတယ်”
“ဖြစ်ချင်တော့ – တစ်ညမှာ ကျွန်တော်လည်း
သထုံကအပြန်မှာ တော် တော်ခရီးပန်းလာတယ်။
ကျွန်တော့်ဇနီး ထွေးမြကလည်းတစ်နေကုန် ရေး
ရောင်းရတော့မောမောနဲ့ အိပ်ပျော်သွားကြတယ်။
ကျွန်တော့်ညီမ ခင်သန္တာ က တစ်ရေးနိုးဒတာ့ အ
ပေါ့အပါးသွားချင်လာတယ်တဲ့။ ကျွန်တော်
တို့အိမ် သာကလည်းအိမ်ရဲ့ခြံထောင့်မှာရှိတာ။အိမ်နဲ့ဆို
အတော်ဝေးပါတယ်။သူက တစ်ယောက်
တည်းဆိုတော့ ထမသွားရဲဘူး၊ သူ့အမေ ထွေးမြကို နှိုးတယ်။
နှိုးမရဘူးတဲ့။ ဒါနဲ့ – ဒါနဲ့ “ အပြင်ထွက်ပြီး
တစ်ယောက်တည်း သွားတယ်တဲ့ ဆရာကြီး”
“ဒါပေမဲ့-အိမ်သာအထိ မသွားရဲဘူး။မှောင်
ကလည်းမှောင်နေတာကို။ အဲဒါကြောင့်အိပ်
နောက်ဖေးကတောင်ပို့နားမှာပဲထိုင်အပေါ့သွားမိတာတဲ့။
အပေါ့သွားတုန်းမှာပဲ သူ့တစ်ကိုယ်လုံး
ကြက်သီးမွှေးညင်းတွေ တဖြန်းဖြန်း ထလာ
တော့ကြောက်ကြောက်နဲ့အိမ်ထဲကမန်းကတန်းထပြေးလာပါတယ်။
အိမ်ရာထဲ ဝင်ပြီးလှဲအိပ်တယ်ဆိုရင်ပဲ
ချက်ချင်းအိပ်ပျော်သွားတယ်တဲ့။ အဲဒီမှာပဲ
အိပ်မက်လိုလို၊ တကယ်လိုလို သူ တွေ့ရတယ်လို့ ပြောပါတယ်။
တစ်ကိုယ်လုံး မည်းမည်းမှောင်နေတဲ့
နွားကြီးတစ်ကောင်က သူ့ကို အတင်း
တိုက်၊ အတင်းချွေတာတဲ့။ သူလည်း ကြောက်
အားလန့်အားနဲ့ပြေးရင်းအော် တာပါတဲ့ “ ဆရာကြီး”
ဟု ပြောပြလိုက်ပါသည်။ အဘသည် ဦးထွန်းရှိန်
၏ပြောပြချက်များကို အလေးအနက်နားထောင်နေသည်။ ပြီးမှမေးသည်။
“နေပါဦး – အဲ့သလို နွားနက်ကြီး လိုက်တယ်
ဆိုတာကို ငါ့တူတို့ ဘယ် လိုလုပ်သိနေတာလဲ”
“ဒီလိုပါ- ဆရာကြီး။ သူလန့်အော်တော့
ကျွန်တော်တို့ နိုးလာပါတယ်။ သူအခန်းထဲဝင်ပြီး
ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလည်းလို့မေးတော့ မောနေ
သေးတယ်။ ဒါနဲ့ – ရေတွေ၊ ဘာတွေတိုက်ပြီး
အမောပြေလောက်မှ ပြောပြ တာပါ။ အဲဒီနောက်ပိုင်း
တဖြည်းဖြည်း စိတ်ကြောင်သလိုလို၊ စိတ်မနှံ့
သလို လိုဖြစ်ပြီး ဝိုင်ချင်ရာဝိုင်၊ တွေးချင်ရာတွေး၊ ပြောချင်ရာ
ပြောနဲ့ ဖြစ်လာတော့ တယ်။ ကျွန်တော်တို့လည်း
သမားတော်အမျိုးမျိုးနဲ့ပြသကုပါတယ်။ခုဆိုနှစ်လ၊
သုံးလလောက်တောင်ရှိပါပြီ။ ရောဂါကမသက်သာဘူး – ဆရာကြီး၊
ဆရာကြီးအနေနဲ့ကယ်နိုင်ရင်ကယ်ပေးပါ။
ဆေးဖိုးဝါးခလည်းအားမနာပါနဲ့။ ကျွန်တော့်
ညီမလေး ကောင်းသွားရင် ကျွန်တော်တို့ စိတ်ချမ်းသာပါပြီ”
ဟုခယယတောင်းပန်နေရှာသည်။ အဘသည်
ဘာမျှမပြောသေးဘဲ ငြိမ်သက်နေသည်။ ဦးထွန်းရှိန်
၏မျက်နှာကို ခပ်စိုက်စိုက်ကလေး ကြည့်နေ ပြီးမှ –
“အဘကငွေကြေးနဲ့ကုတာတော့ မဟုတ်ပါဘူး။
မေတ္တာနဲ့သတ္တဝါတွေ ကို ကယ်တင်နေတာပါ။
တစ်ခုတော့ရှိတာ – ဝဋ်နာ၊ ကံနာဆိုတာမျိုးတော့
တတ်နိုင်ချင်မှ တတ်နိုင်ပေမပေါ့။ အင်း
ပယောဂဆိုရင်တော့အဘကြိုးစား
ကုရင် ရနိုင်ပါလိမ့်မယ်ကွယ်။ ဒါထက်
အဲဒီတောင်ပို့ဆိုတာကော ခုထိ ရှိနေတုန်းပဲလား”
ဟုပြောမေးမေးသည်။ဦးထွန်းရှိန်ကချက်ချင်းခေါင်းခါရင်း – “မရှိတော့
ပါဘူး။ ကျွန်တော် စိတ်တိုတိုနဲ့ ဖြိုလိုက်မိတယ်”
ဟု ပြောသည်။ အဘက မျက်မှောက်ကြုတ်ကာ ဆို၏။
“မင်းက ကံဇာတာကောင်းတာကိုး။ ကဲ
ဒါတွေထားလိုက်ပါတော့။ အဘ ခိုင်းတဲ့
အတိုင်း မင်းတို့လုပ်ပေးရလိမ့်မယ်။ လုပ်နိုင်ပါ့မလား”
ဦးထွန်းရှိန်ကလည်းချက်ချင်းဖြေသည်။
ကုန်ချင်သလောက်ကုန်ပါစေ။ကျွန်တော့်နှမကလေး
“ပြောသာပြောပါ။ပြန်ကောင်းလာရင် တော်ပါပြီ”
အားတက်သရော ပြောလိုက်ရင်းဘဲ အဘက ပြုံး၍ဆိုသည်။
“ကုန်ကျစရိတ် သိပ်မရှိဘူးကွယ်။ ပွဲငါးပွဲ
ထိုးရမယ်။ သာသနာတစ်ပွဲ ထိုးမယ်၊ ပြီး
တော့ – ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ ဒါပဲကုန်မယ် – ဟုတ်ပြီ
ဦးထွန်းရှိန်တို့သည် အဘပြောသည့်အတိုင်း
ပွဲများကို ပြင်ဆင်ပေးကြ သည်။ ကျိုက်ထို
မြို့ရေးကြီးအတွင်းမှ ကောင်းပေ့၊ လှပေ့ဆိုသည့်ငှက်
ပျော အုန်းတို့ကိုဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဘုရားကျောင်းဆောင်ရှေ့တွင်ထိုပွဲများ ကိုလှပစွာ
ပြင်ထားသည်။ ဖယောင်းတိုင်များကိုလည်း
အညီအမျှထွန်းထား သည်။ သောက်တော်
ရေချမ်းများကိုလည်း တင်ထားသည်။
ထို့နောက် အဘသည် ဘုရားကျောင်းဆောင်
ရှေ့၌ ဆောင့်ကြောင့် ထိုင်ကာ ဘုရားရှိခိုးသည်။
ဘုရားရှိခိုးပြီးနောက်ဂါထာမန္တန်များကို
တစ်နာရီ ကျော်တွင် ရွက်သည်။ ပြီးလျှင်
အဘသည် သစ္စာအဓိဋ္ဌာန်ဆိုပြီးနောက် အဘအား စောင့်
ရှောက်သော ပုဂ္ဂိုလ်အသီးသီးအား တိုင်
တည်သည်။ ခွင့် တောင်းသည်။ပြီးလျှင်ကုန်းနေ၊ ရေနေ၊
လေနေသတ္တဝါအပေါင်းအား အမျှ ပေးဝေသည်။
ကိစ္စအားလုံးပြီးလျှင်အဘသည်ဝေဒနာရှင်
ခင်သန္တာအားအိပ်ခန်းထဲမှ ခေါ်ထုတ်လာ
စေရန် မိန့်ကြားသည်။ ဦးထွန်းရှိန်နှင့် ဇနီးဒေါ်ထွေးမြ
တို့သည် ခင်သန္တာအား တွဲ၍ခေါ်ထုတ်လာသည်။
ခင်သန္တာသည် စိတ်မနှံ့သော်လည်းရိုင်း
လည်း မရိုင်း၊ ကြမ်းလည်းမကြမ်းသဖြင့်
ခေါ်လာရလွယ်သည်။ အဘရှေ့မှောက်
တွင် ထိုင်ခိုင်းသည်။ ဘုရားကို ဝတ်ပြုစေသည်။
ထို့နောက်အဘသည်ရေချမ်းခွက်တစ်ခွက်
ကိုယူ၍လက်ငါးချောင်းဖြင့်ရေခွက်ထဲသို့
လက်နှိုက်သည်။ ထို့နောက်လူ
နာ၏ထိပ်တည့်တည့်မှတောက် လျက်
အမိန့်ပြန်သလို ဩဇာသံဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်အား
မေတ္တာရပ်ခံ လိုက်သည်။ ထိုကလေးအား
ခြောက်လှန့်ခြင်း၊ ထိတ်လန့်အောင်လုပ်ခြင်း
များမှ ခွင့်လွှတ်ပါစေရန် မေတ္တာရပ်ခံသည်။
အဘသည် နှုတ်မှ ပြောဆိုရွတ်ဖတ်လိုက်၊
ရေစက်များ ဖွားခနဲ ဖွားခန် နေအောင်
တောက်ခါလိုက်လုပ်လေသည်။ ငါးမိနစ်၊
ဆယ်မိနစ်ခန့်အကြာ တွင် လွန်စွာအံ့ဩဖွယ်
ကောင်းလှသောအဖြစ်နှင့်ကြုံရလေသည်။
ခင်သန္တာသည် ဘာမပြော၊ ညာမ
ပြောဘဲသည်းထန်စွာငိုရှိုက်နေသည်။
အတန်ကြာအောင်ငိုနေပြီးမှနေရာတွင်
ဘုန်းခနဲ လဲကျအိပ်စက်သွားတော့သည်။
ခင်သန္တာသည် ဒီရက်ပိုင်းအတွင်းမှာထူးခြား
စွာ အခြေအနေကောင်း လာသည်။ အစားမှန်၊
အအိပ်မှန်လာသည်မကစကားကိုပင်
ကောင်းကောင်း မွန်မွန် ပြောဆိုလာတော့၏။
အဘ၏ကျေးဇူးကြောင့်ယခုကဲ့သို့ကောင်းမွန်
လာသည်ဟုအားလုံးက ယုံကြည်လေးစား
နေကြသည်။ ထို့ကြောင့် အဘအားအိမ်ဦးခန်း၌ထားကာ
လိုလေသေးမရှိပြုစုကြပါသည်။ သို့သော်
အဘသည်မည်မျှပင်ဂရုစိုက်ပြုစု ပေမယ့် အဘက မနေနိုင်။
“အင်း- မင်းတို့ကလည်း အဘအပေါ်မှာ
တာဝန်ကျေကြပါရဲ့ကွယ်။ ဒါပမဲ့-အဘက
ကြာကြာမနေနိုင်ဘူးလေ။အဘ သွားရလိမ့်မယ်။ အထက်
ကတာဝန်ပေးနေပြန်ပြီ၊ ပြီးတော့သမီးလေး
လည်း ခုဆို ကောင်းနေပြီပဲ” “အို-အဘရယ်
နေနိုင်မယ်ဆိုနေပါဦး။ ကျွန်တော်တို့ကျေးဇူးဆပ်ရင်
သေးလို့ပါမောင်ကြည် ဒီနေရာကို ဘူးပေတော့။ ဒါပေမဲ့
တအားစပေါက်ဖို့ မဟုတ်ဘူးနော်။ ခပ်ဖြည်း
ဖြည်းနဲ့ နက်အောင်တုံးစွဲရမှာ၊ ကံ-လုပ်ပေတော့
ဦးထွန်းရှိန်ကဆောင်းပန်သည်။ အားလုံးက
တားကြသော်လည်းအဘ က ခေါင်းခါသည်။
မသွားလို့မဖြစ်တော့ကြောင်း ပြောသည်။ နောက်ဆုံး၌
တားမရတော့ကြောင်း သိသဖြင့် နောက်ဆုံး
အနေဖြင့် တစ်ညလောက် နေပေးပါရန်
မေတ္တာရပ်ခံလိုက်ရတော့သည်။
“ဒီလောက်တောင်းပန်နေမှတော့ အဘက
လိုက်လျောရတော့မှာပေါ့ ကွယ်။ ကဲ-ကဲ-ဒီတစ်ညပဲနော်
“ကျေးဇူးတင်လိုက်တာ – အဘရယ်”
“ဒါထက် – မောင်ကြည်လည်း ရောက်နေ
တယ်ဆိုတော့-အဘ – မင်း တို့ကို ပြောရဦးမယ်။
အဘ – ဒီရောက်တဲ့နေ့ကစပြီး သမီးလေးကြုံခဲ့ရတဲ့
တောင်ပို့နေရာကိုတောင် မတွေ့ရသေးဘူး။
အဘ- အဲဒီ့နေရာကိုရှင်းလင်း ပေးခဲ့ချင်သေးတယ်”
ဦးထွန်းရှိန်က ဝမ်းသာအားရပင်..
”ဟာ – ကောင်းတာပေါ့ … အဘရယ်။
အဲဒီ့နေရာရှင်းရှင်းလင်းလင်း ဖြစ် သွားရင်
ပိုကောင်းပါတယ်။ လာ-လာ-အဘ။ ကျွန်တော်လိုက်ပို့ပေးမယ်။
ကိုကြည် – ခင်ဗျားလည်း လိုက်ခဲ့ဖျာ”
ဟူ၍ ဦးကြည်ကိုပါ အပါခေါ်လိုက်သည်။
အိမ်ရှေ့ခေါင်းရင်းမှပတ်ကာ ခြံနောက်သို့
ထွက်လာခဲ့တော့သည်။ တောင်ဘို့ဟုထင်
ရသော မြေကွက် လပ်ကလေးအနီးသို့
ရောက်လျှင် ဦးထွန်းရှိန်က လက်ညှိုး
ညွှန်လျက်… “ဒီနေရာပဲ – အဘ။
တောင်ပို့ကိုကျွန်တော်ဖြိုပြီးမြေစိုင်ခဲတွေ
ကိုတော့ ဟောဟိုခြံထောင့်က ဝါပင်အောက်ကို သွားပစ်လိုက်
တာပါ် ဟုရှင်းပြသည်။အဘကဘာမှမပြော။
ပေါက်ပြားများဖြင့်ပေါက်၍ရှင်း ထားသော
မြေကွက်ကို စိုက်ကြည့်နေသည်။ နှုတ်မှလည်း တတွတ်
တွတ် ရွတ်နေသည်။ အတန်ကြာလျှင် ….
“မောင်ကြည်က နာမည်ကသာ တနင်္လာနာမ်ကွယ်။
နေ့နာမ်အစစ်က အင်္ဂါဖြစ်တယ်။ အဲ့ဒါကြောင့်
မောင်ကြည်ရေ – ပေါက်ပြား သွားရှာကွယ်”
ဟု ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သည်။
ဦးကြည်မှာ ခပ်ကြောင်ကြောင် နှင့်ပင်
ဦးထွန်းရှိန်အား ပေါက်ပြားထားသည့်
နေရာကို မေးစမ်း၍ သွားယူခဲ့ လေသည်။
အဘက တောင်ပို့ကွက်လပ်ကို လက်ညိုးညွှန်ကာ
“မောင်ကြည်ရေ- ဒီနေရာကို ထူးပေတော့။
ဒါပေမဲ့ – တအားပေါက်ဖို့ မဟုတ်ဘူးနော်။
ခပ်ဖြည်းဖြည်းနဲ့ နက်အောင်တူးဆွရမှာ။ ကဲ – လုပ်ပေ တော့”
ဟု စနစ်ကျအောင် သင်ပြပြောဆိုလေသည်။
ဦးကြည်သည်အဘပြော သည့်အတိုင်း မြေကို
ပေါက်ပြားဖြင့် သာသာယာယာခုတ်၍တူးလေသည်။
ကျင်းအတော်နက်လာသောအခါ၌တရက်
ရက်နှင့်အသံမြည်လာသည်။ ထို့ကြောင့် ပေါက်ပြားအသွားနှင့်
မထိဖို့ လှိုက်၍တူးဖော်လိုက်ရာ အင်မတန်
ထူးသည့် ကြွေအိုးကလေးတစ်လုံးထွက်လာလေသည်။
အဘလက်သို့ လှမ်းပေးလိုက်သည်။ တရုတ်
ပန်းအိုးနှင့် ခပ်ဆင်ဆင် တူသော အိုးကလေးကို အဘက
ဖွင့်လိုက်၏။ ထို့နောက် အထဲမှအရာများ
ကိုခေါ်ထုတ်သည်။ ရွှေဒင်္ဂါးလေးဆယ့်ငါးပြားထွက်
ကျလာသည်။ အဘက ခေါင်းညိတ်နေရာမှ ပြောသည်။
“မောင်ကြည်ရေ “ ဒါနဲ့ မပြီးသေးဘူးကွယ့် … ဆက်တူးပေဦး”
ဦးကြည်လည်း ဆက်၍တူးသည်။ အတော်
ကြာသောအခါ၌ မယုံနိုင် စရာကောင်းလှသည့်
ကျောက်နွားရုပ်ကလေးတစ်ခုထပ်မံရလိုက်ပြန်သည်။
အရောင်အဆင်းမှာ ပကတိနက်မှောင်ပြီး
မဟူရာကဲ့သို့တောက်ပနေသည်။ အဘက
ကျောက်နွားကိုကြည့်ရင်းပြုံးနေ၏။
“အင်း … ခုမှပဲ – ရှင်းလင်းသွားတော့တယ်။
ဒီကျောက်နွားသိုးကြောင့် သမီးကလေး
အထိတ်တလန့်ဖြစ်နေရတာကိုး။
ကဲ – ကဲ .. ဒါတွေ – အဘပဲ
သိမ်းသွားပါ့မယ်။ ဒါမှ – မင်းတို့ တစ်အိမ်
သားလုံး အန္တရာယ်ကင်းကြမှာ”
အဘသည် နောက်တစ်နေ့ နံနက်စောစောတွ
င် ထွက်ခွာသွားတော့ သည်။ ကျောက်နွားသိုး
နှင့်ရွှေဒင်္ဂါးအနည်းကိုယူဆောင်၍မထွက်သွားခင်က
ဦးကြည်အား ရွှေဒင်္ဂါးဆယ့်ငါးပြားပေးရင်း…
“မောင်ကြည် – မင်းတို့က အင်မတန်ဆင်းရဲသကွယ်။
ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသကိုး။ ကဲ
ဒီရွှေဒင်္ဂါးဆယ်ပြားတော့ယူထား။လိုတာ သုံးပေ တော့
ဟု လှမ်းပေးရင်း ပြောကြားလေသည်။ အဘ
ပေးခဲ့သည့် ရွှေဒင်္ဂါးပြား ကလေးများကို
လက်ဝယ်ဆောင်ထားသည်။ ထိုနေ့၊ထိုရက်မှစ၍ဦးကြည်၊
ဒေါ်ကြူးရင်တို့၏အကြော်ဆိုင်ကလေးမှာ
ကျော်ကြားလာတော့သည်။ ရောင်းရသည်မှာလည်း လက်
မလည်အောင် ဖြစ်လာတော့သည်။ တစ်စ
တစ်စ ကိုယ့်အိုးကိုယ့်အိမ်နှင့် အိမ်ပိုင်ဖြစ်ခဲ့ရပေတော့သည်။
သို့ရာတွင်အဘနှင့်ကျောက်နွားသိုးတို့ကား
တစ်ကြိမ်တစ်ခါမျှပင်ပြန် လည်၍မရောက်
လာကြတော့ပေ။ ဘယ်ရပ်၊ ဘယ်ဌာနေသို့
ရောက်နေပြီကို ကားမည်သူမျှ မသိနိုင်တော့ပါတကား။