ငါးကျက်၊ အစိမ်းကြော်၊
ခေါက်ဆွဲကြော်ထုပ်များပါလာလျှင်
ကားမလွယ်ရေးချမလွယ်….။
လိုက်၍ ဆွဲချနေလေတော့သည်။
ဤမျှ ကြောက်စရာကောင်းလောက် အောင် ဆို၊
ဆိုးဝါးဝါးကြီး ဖြစ်နေပါ တော့သည်။
သင်္ချိုင်းစောင့်မဖဲဝါကိုတော့ကြား
ဗူးကောင်းကြားဖူးကြပါလိမ့်မည်၊ ယခု
သူသည်ကား မဖဲဝါမဟုတ်။ထိုသရဲကြီး ကား တာတီးပင် ဖြစ်တော့၏။
သင်္ချိုင်း စောင့်၊တာတိ။ တာတိုးတစ်ယောက်
သင်္ချိုင်းစောင့်၊ ဖြစ်နေပြီဟု၊ ရွာနှစ်ရွာ လုံးမှ
သိနေကြပြီဖြစ်ပါတော့သည်။
တာတီးသည်အစားကြီးသည်။
အစားအသောက်ပက်စက်သည်။
မြွေ၊ ရှဉ့်၊ လိပ် အကုန်စားသည်။ ကင်၊
လိပ်လျှောကြီးကြီးဆိုလျှင်အရှင်မထား။
အလွတ်မပေ။ ဖွတ်၊ ပုတတ်ပါမချန်
မကျန်စေရ၊အကုန်စားသည်။
မြွေဆိုလျှင်အရေခွံဆုတ်၍ မီးကင် မီးဖုတ်ပြီး
အရက်နှင့်စိမ်၍ သောက် သည်။ အခြားအသားဆိုလျှင်
ပြောဖွယ် ရာမရှိ၊ တာတီးရှောင်တာ မစား တစ်ခုပဲရှိသည်။
ခြေလေးချောင်း ခုတင်ဖြစ်၏။
တာတီ၊မသတ်ဘူးတာမရှိ၊ ကျွဲ၊
နွား၊ ဝက်၊ ဆိတ် အကုန်သတ်သည်။
ရွာနှစ်ရွာလုံးမှ ကျွဲ၊ နွား၊ ဝက်ပေါ်လျှင်
တာတီးကို ခေါ်ကြရသည်။
အစားကြမ်း၏။ အနေကြမ်း၏။
အင်္ကျီမဝတ်ဘဲ ဗလာကျင်း၍ ကျော
အနေအထိုင်ပက်စက်၏။ အချိန်ပြည့်၊
ပြောင်ကြီးနှင့်နေသည်က များ၏။
အသားသည် မည်းမည်းဆိုတော့ တာ
တီ၊ဆိုလူမြင်တာနှင့် သိသည်။
တာတီ၊ အရက်သမား၊ အရက် သမား တာတီးကို မသိသူ မရှိ၊
လူသိ များသည်။တာတီးသည် သဘောမနော ကောင်းသူ ဖြစ်၏။
ကုသိုလ်ဆို၍ တာတီး၏သက်တမ်းတစ်လျှောက်တွင်ဘာ
တစ်ခုမျှမရှိ။ တစ်ပဲ၊ တစ်မတ်ဖို၊မျှပင်
မရှိ။ အကုသိုလ်နှင့် အချိန်ကုန်ခဲ့သည် က များသည်။
အကုသိုလ်အထုပ်ကြီး
ကြီးကို ပိုက်ထားသူ ဖြစ်၏။
တာတီး မိန်းမရှိသည်။ မိန်းမထက်
အရက်ကို ပိုကြိုက်သောကြောင့် ပို၍
ခင်တွယ်ပါသောကြောင့် တာတီးမိန်းမ
နှင့်ကွဲခဲ့သည်။ နောက်ထပ်အိမ်ထောင်
မပြုတော့၊ ပြုရန်လည်း သူလို အရက်
သမားကိုတာတီးလိုလူစားကိုမည်သည့်
မိန်းပကမှ မပေါင်းဖက်ချင်ကြ၊ သည်တော့
တာတီးသည် တစ်ခု လပ်ဘဝ၊ တစ်ခုလပ်၊တာထိ။
သာယာ ကုန်း ရွာသား။ သာယာကုန်းဇာတိ။
ငါး မျှား၊ ကိုင်းထောက်၊ ပိုက်တား သည့်
အလုပ်မှအပအခြားဘာအလုပ်မျှမလုပ်တော့၊
တာတီး အရက်ကို တစ်နေကုန် အောင် သောက်၏။
နေ့သောက်၏။ ည သောက်၏။
မိုးလင်းသည်နှင့်အရက်နှင့်
မျက်နှာသစ်သည့်ကိန်းဆိုက်နေပြီ၊
လူသည် အရက်ကို မနိုင်၊အရက်
သည်လူကိုနိုင်သွားပြီဖြစ်သည်။ အရက်
ကျေးကျွန်ဖြစ်၍ဧနချေပြီးတာတီးသည်
အကောင်ကြီးကြီးမသတ်ရသော်ကြက်၊
ငှက် သတ္တဝါသေးသေ၊ကိုတော့ သတ်
နေရမှုကျေနပ်သူဖြစ်၏။သူများအသက်
ကို မသတ်ရလျှင် တာတီးတစ်ယောက်
မနေတတ် မထိုင်တတ်အောင် ဖြစ်နေတော့၏။
တစ်နေ့…ထိုနေ့သည်ကား။
တာတီးအတွက် ကြမ္မာငင်သော
နေ့၊ ဂြိုဟ်ဆိုးဝင်သောနေ့ဟု ဆိုပါလျှင်၊
တာတီးသည် လဟာရက်ဇကျေးရွာ
တွင် အပေါင်းအသင်းများနှင့် ဝိုင်းဖွဲ့၍
အရက်သောက်ကြသည်။တာတီးသည်
အရက်ကိုမူးအောင်သောက်၏။အလွန်
အကျွံသောက်သည်။ ပြီးတော့ ရွာထဲမှ
အမဲပေါ်ဝိုင်း၍ တာတီးကိုယ်တိုင် အမဲ
ပေါ်ခဲ့ပါသေးသည်၊
အမဲပေါ်ခအဖြစ် ပေးလိုက်သော
ငွေစအနည်းငယ်ကို ပုဆိုးခါးပုံစတွင်
လိမ်ကျစ်၍ ထားလိုက်သည်။ အမဲသား
တစ်ပိဿာကို နိုးဖြင့် တုပ်ချည်ပြီး ကိုင်
လာ၏။ ဒယိမ်းဒယိုင်ဖြင့် မိမိနေထိုင်ရာ
သာယာကုန်းရွာသို့ ပြန်လာခဲ့သည်။
တစ်ကိုယ်လုံးမှာ ချွေးတွေနစ်လို့။
အပေါ်မှာ ဗလာကျင်းနေသည်။ ကျော
ပြောင်ကြီးနှင့်၊လမ်းခုလတ်၊ သင်္ချိုင်းကုန်းအနား
သို့ အရောက်တွင် ဘယ်ကဘယ်လို
ရောက်လာမှန်းမသိသောကျွဲဆိုးကြီး
တစ်ကောင်သည်တစ်ဟုန်ထိုးပြေးလာ
ပြီးယိမ်းဒယိုင်ဖြင့်အမဲသားတွဲစွဲလာ
သော တာတီးကို အရှိန်ဖြင့် ထိုးဝင်၍
ခတ်လိုက်လေတော့သည်။
တာတိ၊ခမျာလက်မှဆွဲလာသော
အမဲသားတွဲသည် လွင့်စဉ်၍ တစ်နေရာ
ရောက်သွား၏။ တာတိ၊သည်လည်း
အဝေ၊သို့ လွင့်စဉ်ပြီ၊ တစ်နေရာသို့ ကျ
သွားလေတော့၏။
တာတီး အသက်ပျောက်ပြီးတာ
တီ၊ ကျွဲခတ်၍ ပွဲချင်းပြီ၊ သေသွားရှာပြီ။
တာတီးဘဝဇာတ်သိမ်းမလှချေ။
တာတီ၊အလောင်းကိုသုံးရက်ထား
ပြီး ရွာမှ သင်္ဂြိုဟ်သည်။ သချိုင်းထိပ်၊
သင်္ချိုင်းစပ်နားတွင် တာတီးကို မြေမြှုပ် သည်
တာတီးမြေပုံ၏အနီးတွင် လူဝဝ ကြီး၏ သုံးဖက်စာမျှ ကြီးမားသော
သစ်ပင်ကြီးကြီး၊ ထီးထီးကြီးတစ်ပင်ရှိသည်။
(၇)ရက်ပြည့်ပြီး ရက်လည်တော့
ရက်လည်ဆွမ်းသွတ်သည်။(၇)ရက်နှင့်
(၇)ညလုံးလုံး တာတီး၏ဝိညာဉ်သည်
မိမိနေထိုင်ရာ သည်အိမ်၊ သည်ခြံ၊
သည်မြ၊ သည်ရွာ၊ သည်လယ်၊ သည်
ကွင်းများ သူသွားခဲ့ရာ လာခဲ့ရာ အလုပ်
လုပ်ခဲ့ရာ နေရာများတွင် ဝေ့၍၍ဝဲ၍
ဝဲ၍ကျင်လည်နေလေတော့သည်။
(၈)ရက်မြောက်သောနေ့တွင်
တာတီး၏အလောင်းမြှုပ်နှံထားသော
ရုပ်အလောင်းမကောင်ရှိရာ အမြပုံအနီး
တွင်ရှိသော ကြီးကြီးမားမားရှိသည့်
သစ်ပင်ထီးထီးကြီးတွင် တာတီး၏
ဝိညာဉ်သည် ပြိတ္တာဘုံအနွယ်ဝင်
သရဲအဖြစ်နှင့်ရှိနေပါဘော့သည်။
တာတီးသည် ဤသစ်ပင်ကြီး၌ သရဲအဖြစ်နှင့်
အစောင့်ဖြစ်နေပြီ။ သရ သည်တာတီးဖြစ်၏။
တာတီးသည် သရဲဖြစ်နေပါတော့
သည်။အမှန်ကိုဆိုရလျှင်… “သေသော
သူသည် သုသာန်သို့သွားသည်”မှာမှန်ပါသည်။
သေသောသူတိုင်း သုသာန်သို့
သွားကြရပါသည်။ ရုပ်အလောင်းကြီး
သည် မလွဲမသွေ သုသာန်သင်္ချိုင်းသို့
သွားကြရသည်။ သို့သော်….။
ဝိညာဉ်ကမူ ကုသိုလ် အကုသိုလ် ကိုလိုက်၍ “ကုသိုလ်ထုပ်ကြီးသူသည်”
အထက်ဘုံကောင်းသောဘုံ၊ မြင့်မြတ်
သောဘုံ၊မြင့်သည်ထက်မြင့်သောဘုံ၊
အမြတ်ဆုံးဘုံသို့ ရောက်ကြရသည်။
“အကုသိုလ်ထုပ်ကြီးသူ”သည်
အောက်ဘုံ၊ ယုတ်ညံ့သောဘုံ၊ နိမ့်ကျ
သောဘုံသို့ သွားကြရသည်။ ဆင်းကြရသည်။
ယခု တာတီ၊တစ်ယောက်ကမူ
အကုသိုလ်ထုပ် ကြီမားလွန်းသော
ကြောင့်အောက်ဘုံ(အနိမ့်ကျဆုံးယုတ် ညံ့သောဘုံ(ပြိတ္တာဘုံ)အနွယ်ဝင်၊ သရဲ
အဖြစ်နှင့်ပင် သူ၏ ရုပ်အလောင်းကြီး
ထားရှိရာတည်ရာ နေရာဖြစ်သော
သုသာန် သင်္ချိုင်းမြေ၏ မြေပုံအနီး၊ ထီး
ထီးကြီးရှိနေသော သစ်ပင်ကြီးကြီးတွင်
ဝိညာဉ်ကပါ သရဲအဖြစ်နှင့် ရှိနေသည်၊
ရုပ်အလောင်၊ကောင်သည် သူ
သာန်သို့ ရောက်နေသလို ဝိညာဉ်ကပါ
တစ်ပါးတည်း သုသာန်သို့ ရောက်သွား ခြင်းဖြစ်သည်။
သုသာန် (သို့မဟုတ်)သင်္ချိုင်းစောင့်တာတီး၊
တာတိးသည် သချိုင်းစောင့်ပါတကာ။
တာတီ။တစ်ခယာက် အကုသိုလ် ဝဋ်ကြွေး။
ကံကြွေး၊ မကုန်သေးသ၍ သချိုင်းစောင့်တာတီး
ဘဝနဲ့ ဘယ်အချိန် ဘယ်ကာလထိအောင်များ.
ဤကား သင်္ချိုင်းစောင့်တာတီး၏
အဖြစ်အပျက်များပင်တည်း။ထို့နောက်
ရွာသူစုန်းမကြီးအကြောင်းကို ဆက်၍ ဖော်ပြပါမည်။
ဝင်းဝင်းတောက်နေသောမီး (သို့
မဟုတ်) ရဲရဲနီနေသော မီးလုံးကြီး၊ မိး
လုံးကြီးသည် အိမ်ခေါင်မိုးတစ်ပြန်စာ
နစ်ပြန်စာမျှ တက်နိုင်၏။ လွန်စွာတက်
နိုင်သော် အိမ်ခေါင်မိုး သုံးပြန်နီးပါးမျှ
တက်နိုင်လိမ့်မည်ထင်၏။
သည့်ထက်ပို၍ မတက်နိုင်။
အမှန်ကို ဆိုရလျှင် မီးလုံးမဟုတ်။
မီးလုံးဟု ထင်ရခြင်းသာ ဖြစ်သည်။ ၎င်း
အလုံးကြီးသည် နိမ့်ချည်မြင့်ချည်တက်
ရည်ဆင်းရည်ပြုနေသည်။အချိန်သည်
ညသန်းခေါင်ယံ၊ နေရာသည် ဥယျာဉ်
ကုန်းကျေးရွာနှင့် မနီးမဝေ။မှာရှိသော
လယ်ကွင်း။ စပါးများ ရိတ်သိမ်းပြီးစအချိန်၊
လယ်ကွင်းပြင်၏ ကွင်းစပ်တစ်နေရာ၊
တစ်ခါတစ်ခါအခြားရွာများမှကွင်း
ပြင်ကွင်းစပ်များတွင် တက်ရည် ဆင်း
ချည်ပြုနေသောမီးလုံးဟု ထင်ရသည့်
ရဲရဲနီနေသောအလုံးများကို တစ်လုံး
မက၊ နှစ်လုံးသုံးလုံးမျှ တွေ့ရတတ်သည်။
တစ်ခါတစ်ရံ တစ်ညလုံး တွေ့နေ
ရ၏။ လူများ အိပ်ရာမှမထခင် သုံးချက် တီး၊
သုံးနာရီထို၊ချိန်တွင် ထို ရဲရဲနီနေ သောအလုံးများကိုမမြင်ရ၊
မတွေ့ရတော့ရေ၊ဘယ်ရောက်လို့၊ ဘယ်ပျောက်
ကုန်မှန်း မသိတော့ပေ။
ကိုဖိုးအေး၊ဇိုးအေးသည် နာမည်နှင့်လိုက်
အောင်အေ၏။ ရိုး၏။ ရိုးလွန်းတော့
လည်း အသည်ဟု ပြောရမည်လား
မဆိုတတ်။ ပတ်ဝန်းကျင် အပေါင်း
အသင်း၊ ရောင်းရင်း၊ မိတ်ဆွေဓာတ်သိ
များမှပြောလာကြသည်။
“မင်းမိန်းမကိုလည်း မင်း လေ့လာ ဦးနော်၊မင်းမိန်းမ
ဘာဆိုတာကောသိ ရဲ့လား၊
ဘာကောင်ညာကောင်ဘာမည်း ကြီး ညာမည်းကြီးလို့
ငါတို့ကတော့ မပြောဘူး။ ပြောစရာလည်းမလိုဘူး။
မင်းကိုယ်တိုင်သိဖို့လိုတယ်။ သိအောင် ကြိုးစားဖိုးအေးရ
တစ်ခါမက ခဏခဏပြောသည်။
ပြောသူတွေက ပြောနေကြ၍ အမော
သာအဖတ်တင်လိမ့်မည်။
ဖိုးအေးခမျာမတုန်မလှုပ်၊ကျောက်ဆစ်ရုပ်၊
သည်တော့ ပြောနေကြသူများ မပြောကြတော့၊
ရေငုံနှုတ်ပိတ် ခပ် ဆိတ်ဆိတ်၊
တကယ်တော့ ဖိုးအေ၊သည် ဖတ်
ဝန်းကျင်ပြောကြ၊ ဆိုကြသည်ကို မယုံ၊
ဟုတ်သည်မဟုတ်သည် သိရန်လည်းမကြိုးစား။
“မိန်းမ ဘာကောင်ပဲဖြစ်ဖြစ်၊ ငါနှင့်
မဆိုင်၊ ငါ့မိန်းမဟာ ငါ့မိန်းမပဲ၊ ငါ သိဖို့မလိုဘူး”
လို့များထင်ထားသလား။ခံယူချက်
ထားနေသည်လား မပြောတတ်၊ မဆို
တတ်အောင်ပါပဲ၊ မိန်းမကို လည်း
အတော်ချစ်ပုံရသည်။ အိမ်ထောင်
သက်တမ်း (၇)နှစ်ရှိပြီ၊ ကလေးတစ်
ယောက်ရသည်၊ သားယောက်ျားလေး။
နာမည်သည် “ဇိုးတာ”တီတီတာတာ
ပြောတတ်၍ဖေဖေမေမေတို့၏အသည်း
စွဲ။ အဖေဖြစ်သူ ဗိုးအေ၊သည် အကဲဆုံး၊
အချစ်ဆုံးကြောင့် “ဖိုးတာ”ဟု အမည်
ပေးခြင်းဖြစ်၏။အသက်သည် ငါးနှစ်၊
ဖိုးအေ၊သည်နေ့ဘက်တွင်တစ်နေ့
လုံး ပင်ပင်ပန်းပန်းအလုပ် လုပ်ထား၍
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။
ဟောက်များပင် ဟောက်နေသေး၊
ဖိုးအေးသည် လယ်ကူလီစာရင်းငှားဖြစ် သည်။
ဦးဖြူလှ စာရင်းဒိုင်အိမ်တွင် အလုပ်လုပ်သည်။
ညအိပ်ချိန်တွင်တဲကိုပြန်၍ အိပ်သည်။
ဖိုးအေးနေသောတဲ
နှင့်ဦးဖြူလှနေသောအိမ်သည် မဝေးလှ
သောကြောင့် ဦးဖြူလှ ခွင့်ပြုထားခြင်း
ဖြစ်၏။ ဖိုးအေးနေထိုင်သောတဲသည်
သာယာကုန်းကျေးရွာရှိ ရွာထဲတွင်
မဟုတ်၊ ရွာပြင်ဝေးဝေးရှိ ကွင်းစ ်တွင်
သီးခြားနေထိုင်ကြသည်။
ဖိုးအေး၏တဲဘေးတွင် မည်သည့် တဲမျှ မရှိ၊
တစ်တဲနှင့် တစ်တဲ အတော် အလှမ်းဝေးသည်။
နံနက်အရုဏ်တက် ရွာဦးဘုန်း ကြီးကျောင်းမှ
လေးမောင်းတီ၊ လ၊ နာရီ အုန်းမောင်းခေါက်သံ
ကြားသည် နှင့် ဖိုအေးအိပ်ရာမှ အလူ၊အလဲထရ
စမြဲ။ အလုပ်ရှင် စာရင်းဒိုင်ဦးဖြူသူအိမ်
သို့အပြေးအလွှား သွားရသည်။
ဤသို့ ပြုနေသည်မှာ နှစ်ချီနေပြီ….လေ။
သည်ည။ ည (၁၂)နာရီထိုးနေပြီ။
ဖိုးအေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျနေ၏။အိပ်မက်များတောင်
မက်နေသည်လားမသိ၊ ဖိုးအေး၏ဇနီး
မငွေဇာသည် မအိပ်သေး။ သားလေး
ဖိုးတာလည်း အိပ်မောကျနေပြီ…ပဲ၊ သူ့
အဖေနားမှာ၊ ကွေးလို့။
မငွေ့ဇာသည် ယောက်ျားဖြစ်သူ
အိပ်နေသောကိုဖိုးအေးကိုခေါင်းမှသည်
ခြေဖျားထိ၊ ခြေဖျားမှသည် ဦးခေါင်းထိ
ဘေးမှရစ်၍ ( ၇)ပတ် ပတ်သည်။
ဤသို့ ပြုပြီးမှ မိမိအိပ်သောအိပ်ရာတွင် ဖက်
လက်အနေအထားနေရသည်။ ကြာ
လိုက်သည်မထင်ရ။ စက္ကန့်ပိုင်းအတွင်း
လေးမှာပင် မငွေဇာ၏ ဦးခေါင်းသည်
တိတိရိရိပြတ်ပြီ။ အမျှင်တန်းလန်းဖြင့်
အိပ်မောကျနသော ကို ဖိုးအေးကို
ဒုတိယအကြိမ် (၇)ပတ် ပြန်ပတ်ပြီ။
နိမ့်ချည်မြင့်ချည်ဖြင့် အိမ်၏အပြင်သို့
တဖြည်းဖြည်းချင်း ပဲ၍ပဲ၍ ထွက်ခွာသွားလေ၏။
ဤသို့ပင်ဇနီးဖြစ်သူ မငွေဇာသည်
ည (၁၂)နာရီထိုးပြီးနောက်ပိုင်း ခင်ပွန်း သည်
အိပ်မောကျနေချိန်တွင် တစ်လ လျှင် နှစ်ခါ၊
တစ်ခါတစ်ရံတွင် သုံးကြိမ် သုံးခါမျှပြုလုပ်နေကျဖြစ်၏၊
ပြုလုပ်နေသည်မှာအိမ်ထောင်
သက် ( ၇)နစ်အတွင်း အကြိမ်ကြိမ်အခါ
ခါမရေတွက်နိုင်တော့၊ဤသို့ပြုနေသည်
မှာ မငွေဇာအတွက် လွန်စွာမှ အပြစ် ကြီးသည်ကို
မငွေဇာ မသိမဟုတ်၊ သိသည်။
သိပ်ကို သိပါသည်။ သို့သော်
အချိန်ကျလာလျှင် မပြုလုပ်ဘဲကို မနေ
နိုင်။ သည်အချိန်ရောက်ပြီဆိုမှဖြင့်
မငွေဇာ စိတ်ဖောက်ဗောက်လာသည်
ဟု ဆိုရမည်။ ပြုလုပ်နေကျအတိုင်းကို
ပြုလုပ်နေမိသည်။
မြန်ဆန်လိုက်သည့်ဖြစ်ခြင်း၊
နိမ့် ချည်မြင့်ချည် ဆင်းချည်တက်ချည်ဖြင့်
အိမ်ခေါင်မိုး နစ်ပြန်စာ သုံးပြန်နီးပါးမျှ
မြင့်တက်သွားတတ်လေ၏။ ပြီးတော့
ပျောက်သွားသည်။ပျောက်သွားမှာပေါ့။
သူရောက်သွားသည်ကဟို.. ဝေးဝေး
တစ်နေရာ၊ ကွင်၊ဘေးကွင်းစပ်များရှိ
မစင်များ စွန့်ရာနေရာ၊အညစ်အကြေးစွန့်ရာဖြစ်၏။
ခေါင်းပြတ်ကြီးမှ တန်းလန်းကျနေ သော
အမျှင်တန်းသည် အူသိမ်၊ အူမ အူအခွေများဖြစ်သည်။
တစ်ဝစားမည်၊ တစ်ဝ ပျော်တော့
မည်။ အပြင်မှ အများအမြင်နှင့်ကြည့် သော် မီးလုံး၊
မီးလုံးကြီး၊ မီးဝင်းဝင်း တောက်နေသည့် ရဲရဲနီနေသောမီးလုံး။
သူတို့အဆို၊ သူတို့အပြောသိသူတွေ
(အမှန်)ပြောကြသည်မှာ “စုန်းကြူးသည်၊ စုန်းတောက်သည်”ဟု။
တစ်နေရာမှသည် တစ်နေရာသို့
အညစ်အကြေး မစင်ရှိရာနေရာများ၌
တစ်ညလုံး တစ်ဝစားပြီး အပျော်ကြီး
ပျော်သည် ထင်၏။
ဟော…အခု။ (၃)နာရီတောင် ထိုး
တော့မှာပါလား။အသိဝင်လာသည်နှင့်
မငွေဇာအိမ်သို့ အမြန်ပြန်ခဲ့ပြီ…လ၊
အိပ်မောကျနေသောကိုဖိုးအေး၏
နံဘေးရှိအိပ်ရာတွင် ခေါင်းမရှိသော
ခန္ဓာကိုယ်ကြီးသည် ပက်လက်အနေ အထားဖြင့် ဆန့်ဆန့်ကြီး၊
ခုတော့ဖြင့် ခဏလေးအတွင်းမှာ
ပင် ခေါင်းနှင့်ကိုယ် ဆက်သွားပြီဖြစ် သည်။
အူသိမ်၊ အူမ၊ အူအစွဲများသည် သူ့နေရာနှင့်သူ နေသားတကျ၊
“ကိုဖိုးအေး..ကိုဖိုးအေး ထတော့ လေလေးနာရီထိုးတော့မယ်”
မငွောလှုပ်နှိုးတော့မှ ကိုဖိုးအေ၊
ခရာ မြူးတူးပြဲတဲဖြင့် လူးလဲထကာ
ကပျာကယာ မျက်နှာသစ်ပြီး စာရင်းဒိုင်
အိမ်သို့ မပြေးရုံတစ်မည် သွားရပါပြီကော
ကိုဖိုးအေးကို အလုပ်သွားရန် နှို၊
သည်အချိန်သည် လေးမောင်းဘီ။
လေးနာရီတိတိပေါ့။ ဟော….အုန်းမောင်း
ခေါက်သံကြားနေရပြီ..
ည၊ယနေ့ညသည် မငွေဖာအတွက်
ကံဆိုးမိုးမှောင်ကျသောနေဟု ဆိုရပါတာ့မည်။
အချိန်သည် ညသန်းခေါင်ယံ၊
ည (၁၂)နာရီတိတိ၊ထုံးစံအတိုင်း၊
မငွေ့ဇာ သည်ခင်ပွန်းဖြစ်သူကိုဖိုးအေးကို
ခေါင်းမှ ခြေ ရစ်၍ (၇)ပတ်ပတ်ပြီးအိပ်ရာပေါ်
တွင် ပက်လက်အနေအထားအတိုင်းနေလိုက်၏။
စက္ကန့်ပိုင်းအတွင်းမှာပင်
ခေါင်း သည်တိတိရိရိပြတ်သွားပြီးအမျှင်တန်း
လန်းဖြင့် ဒုတိယအကြိမ် ကိုဖိုးအေးကို ( ၇) ခါပတ်ပြီးမှ
နိမ့်ချည်မြင့်ချည်ဖြင့် အိမ်အပြင်သို့
တဖြည်းဖြည်၊ ဝဲ၍ဝဲ၍ အညစ်အကြေး
မစင်များရှိရာနေရာသို့ ရောက်ရှိသွားလေ၏။
သည်ညသည် မငွေဇာကိုယ်တိုင်
ထူးခြားနေသည်ဟု ထင်၏။ စားနေရ
သော်လည်းမဝ၊ ပျော်နေသော်လည်း အားမရ။
သည်တော့ရှေ့သို့တိုး၍တိုး၍
သွားသည်။ နေရာဟောင်းမှသည်
နေရာ သစ်ကို ရှာလာသည်။ ဟော… တွေ့ပြီ
ကြီးမားလွန်းသောရုံကြီးတစ်ရုံအောက်
တွင် အညစ်အကြေးမဝင်တွေ၊ အများပါပဲ။
ကြီးမှအများကြီး၊တကယ်ကိုအများကြီး
မငွေ့ဇာ စားသည်၊ မဝသေး၍ ဝ အောင်စားပစ်သည်။
ပြီးတော့ ပျော်ရသည်မှာ အားမရဖြစ်နေ၍အားရပါးရ ကြီးကို
သည်နေရာမှာ ပျော်ပစ်လိုက် မည်။ အားခဲထား၏။
မငွေဇာသည် စားချင်သည့်စိတ်၊
စားလိုသည့်ဇော၊ လောဘာတစ်ခုပဲ
သိ၏။ အန္တရာယ်ကိုမသိ၊ အစာကိုသာ မြင်၏။
အန္တရာယ်ကိုမမြင်၊အစာရှိနေ
သောရုံ၊ ကြီးမားလွန်းသောရုံကြီးသည်
ကား… ကြတ်ဝါးရုံ၊ဝါးချိုကြီးသာဖြစ်၏။
ကြီးသော၊ ချွန်ထက်သော ကြခတ်ဆူး
ကြီးများသည် များလှပါဘိတော့၊ တစ်
ရုံလုံးတစ်ချုံလုံးလိုလို။
တစ်ဝစားပြီးသည်နှင့် အပျော်ကြီး
ပျော်ရန်အားမာန်အပြည့်နှင့် အားကုန်
အပေါ်သို့ တစ်ရှိန်ထိုး တက်လိုက်ရာ…။
အူသိမ်၊ အူမဲ၊ အူအခွေတို့နှင့်အတူ
ခေါင်းကြီးတစ်ခုလုံးကြီးမားသောဝါးရုံ
ကြားတွင် ညပ်၍ နေလေတော့၏။ ကြီး
သော၊ ချွန်ထက်သောကြခတ်ဆူးကြီး
များသည်အူသိမ်၊အူမ၊ အူအခွေများကို
ထိုးဖောက်ပြီးသား ဖြစ်သွားသည်။
အဆိုးဝါးဆုံးသည်မျက်လုံးနှစ်လုံးစလုံး
ပေါက်ထွက်သွားသည်။
မငွောပျော်ပျော်ကြီးနိမ့်ချည်မြင့်
ချည် တက်ချည်ဆင်းချည်ဖြင့် စုန်းမျိုး
တော့မည်။ စုန်းတောက်မည်ဟု အားခဲ
ထားခါမှ မမြူးနိုင်ရှာတော့၊ ကံဆိုး
မိုးမှောင်ကျလေပြီ။
ခင်ပွန်းသည်အပေါ်တွင် မိုက်မဲစွာ ပြုခဲ့သောအကုသိုလ်ကံ၏ အပစ်ဒဏ်
ကို မငွေ့ဇာတစ်ယောက် ဆိုးဆိုးဝါးဝါးခံလိုက်ရရှာပြီ။
နှစ်ရှည်လများ ခင်ပွန်းသည်
အပေါ်တွင်ပြုခဲ့သော အပြစ်ကြွေးများ
ကိုမငွေ့ဇာအသက်နှင့်လဲပြီး ဆပ်လိုက် ရပြီ.တင့်၊
မဂ္ဂဇာဆုံးရှာပြီ။ မငွေဇာဝ ဇာတ်သိမ်းမလှ။
“ဖိုးအေး.. ကိုဖိုးအေး ကျုပ်
လေ-တော့်ကို အရေးကြီးတာတစ်ခု
ပြောစရာရှိလို့၊ သဓသရာရာနား
ထောင်နော်၊ ကျုပ်သား တော်သား
လေးကို ရှင်ပြုပေးလိုက်ပါ သင်္ကန်း
အမြန်စည်းပေးလိုက်ပါတော်….ကျုပ်
…ကျပ်သားလေးဖို့၊တာကိုရှင်သာ
မဏေအဖြစ်နဲ့ တွေ့ချင်မြင်ချင်လွန်းလို့
ပါတော်…။ ကျုပ် စိတ်ပါရစေနော်..။
ပြောလက်စနဲ့ မထူးတော့ပါဘူး။ ကျပ်
ဘဝမှန်ကိုဖွင့်ပြောပါတော့မယ်။ ကျုပ်
လကျပ်နေ့ဘက်မှာဘော်ရဲ့သားလေး
ရယ် အတူတူ ပျော်ပျော်ကြီး စံနေရ ပေမယ့်ညညကျရင်တော့..။
တော်တို့ပြောတဲ့ ရွာသူပေါ့ရှင်း ရွာသူစုန်းပါ။
ကျုပ်က သင်လို့တက်လာတဲ့စုန်းမ မဟုတ်ဘူ။
သင်လည်းမသင်ချင်ပါဘူး။ အမေမွေ၊ကတဲက
မသင်ဘဲတက်လာတဲ့မွေးရာပါစုန်း၊ဝမ်းတွင်းစုန်းပါ။
ကျပ်ကအနိမ့်စားရေးစားစုန်းရယ်ပါတော်။
ကျုပ်ဘဝနဲ့ ကျပ်ပဲရှိပါစေတော့..။
ညညတွေမှာရေးစားပြီးအပျော်ကြူးလို့ စုန်းမြူးရတဲ့အဖြစ်ပါ။
ကျုပ်မှာအပြစ်တွေ ရှိပါတယ်။
ကျုပ်ကိုခွင့်လွှတ်ပါနော်။ အခုကျုပ်လေ
ကျုပ်လူ့ဘဝမှာ မရှိတော့ဘူး၊ တော်တို့ နဲ့ ဘဝခြားနေပြီ၊
နောက်ဆုံးအနေနဲ့ ကျုပ် တော့်ကို ကန်တော့ခဲ့ပါတယ်။
ကျုပ်ပြောတာ မမေ့နဲ့နော်၊ သား လေးဖိုးတာကိုသင်္ကန်းစည်းဖြစ်အောင်
စည်းပေးပြီးကျပ်ကိုရေစက်ချအမျှပေး
ဝေပါ၊ အမျှဝေပါ… အမျှဝေပါ… အမျှဝေပါ။
ကိုဖိုးမအေး အိပ်ရာမှ ပြူးတူးပြဲတဲ ဖြင့် အလူ၊အလဲထသည်။
မျက်နှာတွင် ချွေးတွေပြန်နေ၏။ ဖောချွေးများဖြစ် သည်။
တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရွှဲနစ်နေ၏။
အချိန်… အရုဏ်တက် လေးနာရီ။
“ငါ…ငါ…. အိပ်မက်တွေမက်နေပါ လား။
သားလေးကို ရှင်ပြု၊ သင်္ကန်း စည်းပေးလိုက်ပါတဲ့၊
ပြီးတော့ ကျုပ်ကိုရေစက်ချအမျှဝေပါတဲ့”
ကိုဖိုးအေးသည် အိပ်မက်ကို
တွေး နေရင်းမှ ချက်ချင်းဆို သလို လက်
ကလည်း အမှောင်ထဲတွင် စမ်းကြည့် လိုက်မိ၏…။
“ခေါင်းမရှိသောကိုယ်”
ကိုဖိုးအေး လန့် ဖျပ်သွားသည်။
စိတ်ကိုတည်ငြိမ်အောင်ထားပြီး မီးခွက်
တွင် မီးထွန်းညှိလိုက်၏။ အလင်း
ရောင်ကြောင့် ကိုဖိုးအေး ပီပီပြင်ပြင်မြင်နေရပြီ။
ခေါင်းမရှိသောခန္ဓာကိုယ်ကြီး
သည် ဆန့်ဆန့်ကြီး၊ ခေါင်းမရှိသော
သူ၏မိန်းမ မငွေဖာအလောင်းမှန်းချက် ချင်းသိလိုက်ရပြီ။
ကြောက်သည်၊ လန့်သည်ဆိုခြင်း ထက် ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ပူ
ဆွေးခြင်း၊ ယူကျုံးမရဖြစ်ခြင်း များစွာ များစွာဖြင့်..။
ဖိုးအေး၏ ပါးပြင်ပေါ်သို့ မျက်ရည် စက်များ
တစ်ပေါက်ရင်… တစ်ပေါက်
ချင်..။ ဗို၊အေ၊ ကြေကွဲပြီး ငိုနေမိပြီပဲ။
သားလေးဖိုးတာ ကွေးကွေးလေးအိပ်
ကောင်းနေဆဲ၊အိပ်မောကျနေသော
သားလေးဖိုးတာ၏မျက်နှာကို ကြည့်ပြီ။
ဖိုးအေး ရင်ထဲတွင် မရှိ။
“ကိုဖိုးအေး-ခင်ဗျားမိန်းမမငွေဇာ ရဲ့ခေါင်းပြတ်ကြီးဟိုဘက်၊
ဒူးစပ်ရွာက ကြခတ်ဝါးရုံကြီးမှာငြိနေတယ်။
မျက်လုံးတွေ ပေါက်ထွက်နေပြီ၊ သွားယူ လိုက်ဦး၊
မြန်မြန်သွားယူ – တော်ကြာ
လင်းတစာဖြစ်နေမယ်”
မိုးတောင်ကောင်းကောင်းမလင်း
သေး ရွာမှ ရွာသားတစ်ဦး လာပြောသည်။
ကိုဖိုးအေ သိလိုက်ပါပြီ။ မငွေ့ဇာ
ကိုယ်တိုင်လည်း အိပ်မက်ထဲမှာ လာ ပြောနေပြီပဲ။
“အင်း…မငွေဇာဆုံးရှာပြီပဲ။အမှိုက်
မကြီးမငွေဇာ ဆုံးသွားရှာပြီကိုး။ မိုးထိန်
ထိန်လင်းတာနဲ့ မငွာရဲ့ခေါင်းကိုသွာ
ယူပြီး ခေါင်းနဲ့ကိုယ် ပြန်ဆက်ထားရ
မယ်၊ရွာကလူကြီးတွေအကြောင်းကြား
ပြီးမငွေ့ဇာကို ရွာက သင်္ချိုင်းမှာကောင်း
ကောင်းသင်္ဂြိုဟ်ရမယ်။ အရေးကြီးတာ
က သားလေးပို့တာကို ငါရဆောင်၊
ထားတဲ့ငွေနဲ့မြင့်မြတ်တဲ့ရဟန်းဘောင်
သင်္ကန်း စည်းပေးရမယ် ၊ ပြီးတော့
မငွောကြားနိုင်အောင်၊ သာဓုခေါ်နိုင်
အောင် ရေစက်ချ၊ အပူဝေရမယ်၊အမျှ ဝေရမယ်၊အမျှဝေရမယ်”
ကိုဖိုးအေးသည် မျက်ရည်တွေတွေ ကျနေရင်းမှ တွေးနေမိခြင်းဖြစ်သည်။
တစ်ဆက်တည်းမှာပင် စိတ်ထဲမှလည်း
“အမိုက်မ မငွေဇာ၊ စုန်းမကြီးရေ၊
ဘဝဆက်တိုင်း…ဘဝဆက်တိုင်း သည် လိုအဖြစ်မျိုး… အဖြစ်ဆိုးကလွတ်ပါစေ၊ကျွတ်ပါစေ..”
ဆုတောင်းရင်း ဆုတောင်းရင်း…
Leave a Reply