အစိမ်းသရဲလည်စွဲ

ဓားပြအဖွဲ့တစ်ခုကလည်း ခွန်းဆောင်အိမ်ကိုဓားပြဝင်တိုက်ပြီးတော့လည်း ရှိသမျှအကုန်ယူသွားကြတယ်လေ ဒီထက်ဆိုးတာကလည်း ငွေချေးထားတဲ့ငွေရှင်များကလည်းငွေလာတောင်းကြတော့ပေစရာမရှိတာနဲ့ ကြာလာတော့ သူတို့နေတဲ့အိမ်ကို ေပးပြီး ညောင်လှကိုပြောင်းသွားကြတယ်ဗျ ညောင်လှမှာကလည်း ခွန်းဆောင်အမေရဲ့အမအိမ်ရှိတယ်လို့ပြောတယ်ဗျ မပြောင်းခင်တုန်းကတော့ခွန်းဆောင်နဲ့ကျုပ်နဲ့ကကစားဖော်ကစားဖက်တွေဗျ ကျုပ်ကတော့ခွန်းဆောင်ထက်တော့အသက်ကြီးတယ်ဗျ ကျုပ်ကိုလည်းအကိုကြီးအကိုကြီးခေါ်ကျ​ုပ်ကလည်းညီလေးညီလေးနဲ့အရမ်းတည့်ကြတဲ့သွေးမတော်ညီကိုတွေပေါ့ဗျာ မှတ်မှတ်ရရပြောရမယ်ဆို ကျုပ်တို့အိမ်ကိုမယ်သီလရှင်တစ်ပါးရောက်လာတုန်းကလည်း ဖြစ်ချင်တော့ ကျုပ်နဲ့ ခွန်းဆောင်ဆော့နေတဲ့အချိန်နဲ့လာတိုးတာဗျ မယ်သီလရှင်နဲ့ကျုပ်တို့နဲ့ကလည်းသိပ်မဝေးဘူးဗျ ခွန်းဆောင်ကလည်းသနပ်ခါးတုန်းကြီးကိုင်ပြီးဘာမပြောညာမပြောနဲ့မယ်သီလရှင်ဘက်ကိုပြစ်ထည့်လိုက်တာဗျ သနပ်ခါးတုံးကြီးကလည်းမယ်သီလရှင်ရဲ့နဖူးကိုတည့်တည့်မှန်တာပေါ့ မယ်သီလရှင်ကလည်း နဖူးကွဲသွားတာဗျ အဲ့အချိန်ကစပြီးတော့လည်း ကျုပ်တို့နှစ်ယောက်ကိုမျောက်မူးလဲနဲ့မျောက်ဖင်နီဆိုပြီးတော့လည်းနာမည်ပေးတော့တာပဲ ကျုပ်တို့ကလည်း ၂လ ကျော်လောက်ပဲတွေ့လိုက်ရပါတယ်

စိတ်မကောင်းစရာကိစ္စတွေဖြစ်သွားပြီးတော့လည်း ခွန်းဆောင်တို့သားအမိကညောင်လှကိုပြောင်းသွားကြတယ်​လေ ကျုပ်ကလည်းမြို့ကိုရောက်သွားတယ်ဗျ အဲ့အချိန်ကတည်းကမတွေ့ဖြစ်တော့တာကလည်းအခုမှပဲပြန်တွေ့ရတာပေါ့ “ညီလေးခွန်းဆောင်မင်းကခုဘယ်မှာအလုပ်လုပ်တာလည်း” ကျုပ်ကလည်း ခွန်းဆောင်ကိုမေးလိုက်တော့ “မြိတ်မှာလေကိုကြီးသာလှ၂နှစ်တစ်ခါလောက်တော့ညောင်လှကိုပြန်ရောက်ဖြစ်ပါတယ်ဟိုးအရင်နှစ်တွေကအလုပ်ပိတ်ရက်နည်းတော့လည်းပေါက်လှကိုမရောက်ဖြစ်တာ” “မြိတ်ဆိုတော့တော်တော်ဝေးတာပဲကွအေးပါဒါနဲ့မင်းတို့ကောအဆင်ပြေကြလား” “ပြေပါတယ်ကိုကြီးအလုပ်ကပင်ပန်းတယ်ဆိုပေမယ့်လည်းဝင်ငွေကတော့ကောင်းတယ်ဗျခုဆိုလယ်၇ဧကလောက်တော့စုမိထားပြီ” “ဒါများကွာမြိတ်ကိုသွားမနေပါနဲ့တော့ မင်းအမေနဲ့အတူနေပြီးလယ်ယာလုပ်ကိုင်စားပေါ့မင်းအမေကလည်းမင်းနဲ့အတူနေချင်နေလောက်ပြီကွ” “ကျုပ်သိပါတယ်ကိုကြီးသာလှ အမေနဲ့ခွဲနေရတာကလည်းခုနှစ်ကောဆို၆နှစ်ရှိပြီ” “အေးလေကွာငါပြောတာလည်းအဲ့တာပဲကွမိဘဆိုတာပိုက်ဆံချမ်းသာတာဆင်းရဲတာထက်သားသမီးနဲ့ပျော်ပျော်ရွင်ရွင်နဲ့စိတ်ချမ်းချမ်းသာသာနေချင်ကြတာကွငါကဒီလိုပြောလို့မင်းကိုဝင်ငွေကောင်းလို့မနာလိုဖြစ်လို့ပြောတာမဟုတ်ဘူးနော်” “ကျုပ်သိပါတယ်ဗျာကျုပ်လည်းကိုကြီးပြောသလိုတွေးနေတာဗျတော်ပြီဗျာကျုပ်မြိတ်ကိုမပြန်တော့ဘူးညောင်လှမှာပဲအမေနဲ့ပျော်ပျော်ရွင်ရွင်နေတော့မယ်” “ဝမ်းသာစရာပေါ့ကွာဒါနဲ့မင်းခုလာတာအလည်သက်သက်ပဲလားကွ” ကျုပ်မေးလိုက်တော့လည်း ခွန်းဆောင်ကခေါင်းခါရင်းနဲ့ “အလည်သက်သက်ပဲလာတာမဟုတ်ဘူးဗျစားဖို့ကောလာတာဘာဟင်းချက်လည်းဗျ” “ဘာဟင်းချက်လည်းတော့မသိဘူးကွအမေကတော့ရွာထည်းသွားတယ်မင်းကြိုက်တာပြောကွာချက်ပြီးအားရပါးရစာကြတာပေါ့” “ကျုပ်အကြိုက်ဆိုရင်တော့ပဲဟင်းနဲ့ငရုပ်သီးထောင်းလေးနဲ့ပေါ့ဗျာ” ကျုပ်တို့ကလည်းစကားများရေပက်မဝင်အောင်ပြောနေကြတယ်အဖေကတော့ဘယ်အချိန်ကျုပ်တု့ိအနားကထွက်သွားသည်မသိဘူးဗျ “ခွန်းဆောင်ရေဟိုမှာမင်းအရီးပြန်လာပြီ” အားလူးအိပ်ကိုတစ်ဖက်ကဆွဲပီးတစ်ဖက်ကလည်းဂေါ်ဖီများဆွဲလာတဲ့အမေ့ကိုမြင်တော့လည်း ခွန်းဆောင်ကိုလက်ကုတ်ပြီးပြောလိုက်တာပေါ့ ခွန်းဆောင်ကလည်း အိမ်အဝင်ဝတံခါးရွက်နောက်မှာလည်းပုန်းနေတာဗျ အမေ့ကိုလည်းစမယ်ထင်ပါတယ်ဗျ “အရီးစိန်” အမေကလည်းအိမ်ထည်းဝင်လို်က်တော့ တံခါးရွက်နောက်မှာပုန်းနေတဲ့ခွန်းဆောင်ကလ​ည်းလှန့်လိုက်တာဗျ “ဒါဒါ…ခွန်းဆောင်လား” အမေကလည်းခွန်းဆောင်ကိုမြင်တော့အစပထမလန့်သွားပေမယ်လို့သေချာကြည့်​ပြီးတော့လည်းကျုပ်ကိုလှမ်းမေးတာဗျ “မဟုတ်ပါဘူးအမေရယ်အဲ့တာမျောက်မူးလဲပါဗျ” ကျုပ်စကားကိုကြားတော့လည်း အမေ့မျက်နှာကပြုံးရွင်သွားတာဗျ ခွန်းဆောင်ငယ်ငယ်ကလည်းကျုပ်တို့အိမ်မှာသာအနေများတယ်လေအဲ့တာကြောင့်လည်းခွန်းဆောင်ကိုတော့အဖေကောအမေကောကချစ်ကြတယ် “အရီးစိန်တော်တော်အံသြ သွားတာလားကျုပ်ခွန်းဆောင်အစစ်ပါဗျ” “ခွန်းဆောင်နင်ဟာလေရွာကိုအခုမှပဲပြန်လာတော့တယ်” “မဟုတ်ပါဘူးအရီးစိန်ရယ်ညောင်လှကိုတော့နှစ်နှစ်တစ်ခါလောက်ပြန်ဖြစ်တယ် အလုပ်ပိတ်ရက်မရှည်တာကြောင့်ပေါက်လှဘက်ကိုခြေဉီးတောင်မလှည့်နိုင်တာ”

“အခုကောညောင်လှမှာ ဘယ်နှစ်ရက်နေမှာလည်း” အမေ့စကားကိုကြားတော့လည်းခွန်းဆောင်ကရီရင်းနဲ့ “တစ်သက်လုံးနေတော့မှာလေအရီးစိန်ရဲ့” “ဘယ်လိုတစ်သက်လုံးဟုတ်လားဒါနဲ့နင်မြိတ်မှာငါးဖမ်းအလုပ်လုပ်နေတာဆိုအဲ့ကိုကောပြန်မသွားတော့ဘူးလား” “အစကတော့​ပြန် သွားမလို့ပါပဲခုတော့မသွားတော့ဘူးအမေနဲ့မခွဲနိုင်တော့ဘူးဗျ” “အမလေးအေအခုမှအမေချစ်ကြီးဖြစ်နေလိုက်တာဘာပဲဖြစ်ဖြစ်ကောင်းပါတယ်ဒီမှာပဲလုပ်ကိုင်စားပေါ့ဟိုမှာကအန္တာရယ်လည်းများတယ် ဒါနဲ့နင်ထမင်းစားပြီးပီလား” “ဘယ်ကစားရအုံးမလည်းဗျာအဲ့တာမစားရသေးလို့အရီးစိန်တို့အိမ်လာစားတာဟဲဟဲ” “အမလေးစားပါအေစားပါငါကတော့အရင်လကတောင်သတိရနေသေးတယ်ဟိုကောင်လေးခွန်းဆောင်ဘယ်အရွယ်ရောက်နေပြီလည်းပေါ့နင့်သတင်းတွေကြားပါတယ်ညောင်လှကိုပြန်လာတဲ့သတင်းတေလည်းကြားတယ်” “သတင်းတွေကြားတာကနောက်ထားဗျကျုပ်အကြိုက်ပဲဟင်းလေးလုပ်ပေးပါအုံး” “ရစေရမယ်ဟေ့ရစေရမယ်ဒီမှာငါဘူးရွက်တွေသွားခူးတာကွပဲဟင်းထည်းထည့်ဖို့လေ” အဖေကလည်းဘူးရွက်များကို်င်ပြီးတော့လည်းပြောရင်းဝင်လာတာဗျ “ဟန်ကျပြီပေါ့ဉီးလေးရာကျုပ်ကတော့ထမင်းမကျန်စားမှာနော်” “စားတာကနောက်ထားရအုံးမယ်ကွခုတော့ပဲဟင်းကိုအားလုံးစပြီးချက်ကြစို့” “ကောင်းတာပေါ့ကိုကြီးသာလှရာ” ကျုပ်တို့၄ယောက်ကလည်းမီးဖိုချောင်ထည်းမှာရှိနေကြပီးတော့လည်း ပဲဟင်းကိုအတူတကွချက်နေကြတာပေါ့ ပဲဟင်းငရုပ်သီးထောင်း အားလူးဟင်းနဲ့အဝဆွဲလိုက်တာ ဗိုက်လည်းတင်းသွားတာပဲဗျ ခွန်းဆောင်ဆိုရင်ပုဆိုးတောင်တင်းတင်းမဝတ်နိုင်လို့ဖွထားရတယ်ဗျ “စားလို့မှကောင်းရဲ့လားမျောက်မူးလဲလေးဟမ်” ကျုပ်မေးလိုက်တော့လည်းခွန်းဆောင်ကသွားဖြီးရင်းနဲ့ “ကောင်းလားမကောင်းလားတော့ဗိုက်ကိုသာကြည့်ပါတော့ဗျာအကြောင်းမသိရင်တော့နေ့စေ့လစေ့မိန်းမကြီးကျနေတာပဲ” ခွန်းဆောင်ပြောလိုက်တော့လည်းကျုပ်တို့အားလုံးရီမောလိုက်ကြတာပေါ့ အမေနဲ့အဖေကတော့ ထမင်းစားပြီးလို့တရေးတမောတောင်အိပ်နေကြပီဗျ “ခွန်းဆောင်မင်းဉီးကြီးမောင်ကိုမှတ်မိလားကွ” ကျုပ်မေးလိုက်တော့လည်းခွန်းဆောင်ကတစ်ချက်စဉ်းစားလိုက်ပြီးတော့လည်း “မှတ်မိတာပေါ့ဗျာကျုပ်တို့ငယ်ငယ်ကပြောင်းဖူးတွေခနခနဖုတ်ကျွေးတဲ့ဉီးကြီးမောင်မဟုလား” “မင်းကတော့တော်တော်ညဏ္ကောင်းတဲ့ကောင်ပဲကွအားလုံးကိုမှတ်မိနေတယ်” “ညဏ္ကောင်းလို့မဟုတ်ပါဘူးဗျာရင်ထည်းမှာရှိနေလို့မှတ်မိတာပါ”

“ဒါဆိုလည်းဉီးကြီးမောင်ဆီကိုသွားကြရအောင်ကွာသူလည်းမင်းကိုတွေ့ရင်ဝမ်းသာနေမှာ” “ဒါဆိုလည်းသွားကြတာပေါ့ဗျာလမ်းလေးဘာလေးလျှောက်ရင်းနဲ့ပေါ့ဗျာ” ကျုပ်နဲ့ခွန်းဆောင်ကလည်းဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တာပေါ့ “ဉီးကြီးမောင်ဗျို့ဉီးကြီးမောင်” “ဝင်လာခဲ့လေကွာခေါ်မနေနဲ့ငါအထည်းမှာရှိတယ်” ဉီးကြီးမောင်အသံကြားတော့လည်းကျုပ်နဲ့ခွန်းဆောင်နဲ့အိမ်ထည်းဝင်လာခဲ့လိုက်တယ် “ဉီးကြီးမောင်ဒါဘယ်သူလည်းသိလားဗျ” ကျုပ်ကလည်းခွန်းဆောင်ပုခုံးကိုပုတ်ပြပီးမေးလိုက်တော့လည်းဉီးကြီးမောင်ကခွန်းဆောင်ကိုသေချာကြည့်ပြီးတော့လည်း “ဘယ်သူကြီးလည်းကွမျက်နှာပေါက်ကိုတော့မြင်ဖူးသလိုလိုရှိသား” “သေချာကြည့်ပါအုံးဗျာ” ဉီးကြီးမောင်ကလည်းသေချာထပ်ကြည့်ပြီးမျက်မှောင်ကြုပ်ရင်း “မျောက်မူးလဲလားကွ” ခွန်းဆောင်ကလည်းပြုံးရင်းခေါင်းညိတ်တာပေါ့ “ဟုတ်ပါတယ်ဗျာကျုပ်ခွန်းဆောင်ပါတစ်နည်းအားဖြင့်မျောက်မူးလဲပေါ့” “ဟာခွန်းဆောင်ရာမင်းတော်အတော်အရွယ်ရောက်လာပြီပဲမင်းရွာကထွက်သွားတာကြာပြီဆိုတော့တန်းပြိ်းမမှတ်မိဘူးကွ” “နောက်ဆိုရင်တော့မှတ်မိတော့မှာပါဗျာကျုပ်အလုပ်ကိုမပြန်တော့ဘူးဗျအမေနဲ့ပဲညောင်လှမှာတစ်သက်လုံးနေတော့မှာ” “ဟေကောင်းတာပေါ့ကွာပေါက်လှကိုလည်းမကြာမကြာလာလည်အုံးကွ” “လာခဲ့ပါ့မယ်ဗျာ” “ဒါနဲ့မင်းတို့ထမင်းစားပြီးပြီလားကွမစားရသေးရင်စားသွားကြလေကွာ” “စားပြီးပြီဗျအကိုသာလှအိမ်မှာစားခဲ့ပြီ” “အော်အေးအေးထိုင်အုံးကွာငါထန်းလျှက်သွားယူလိုက်အုံးမယ်” ကျုပ်တို့ကလည်းထန်းလျှက်​လေးစားလိုက်စကားလေးပြောလိုက်နဲ့ တကယ့်ကိုပျော်စရာပါဗျာ ကျုပ်တို့ကလည်းဉီးကြီးမောင်အိမ်မှာအချိန်ဖြုန်းနေတာ ညနေ၅နာရီတောင်ထိုးပြီဗျ “ဉီးကြီးမောင်ကျုပ်တို့ပြန်တော့မယ်ဗျ” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကခေါင်းညိတ်ရင်း “ခုနေ့တော့ညောင်လှကိုပြန်မနေနဲ့ငါ့အိမ်မှာလာအိပ်ကြသာလှကောခွန်းဆောင်ကောခုအိမ်ပြန်ရေမိုးချိုးပြီးပြန်လာခဲ့မင်းတို့ငယ်ငယ်ကဆိုဆော့ရင်းမိုးချုပ်သွားလို့မပြန်ရဲတာနဲ့ငါ့အိမ်မှာခေါ်သိပ်ခဲ့လိုက်ရသေးတယ်” ကျုပ်နဲ့ခွန်းဆောင်ကလည်းဉီးကြီးမောင်ပြောပြတဲ့အကြောင်းတွေကိုအရှင်းမှတ်မိနေတာဗျ ကျုပ်တို့ကလည်းကလေးပီပီအချိန်ကိုမကြည့်ဘဲဆော့ရင်းဆော့ရင်းနဲ့မိုးချုပ်သွားတာဗျ အိမ်ပြန်ရင်လည်းမိဘတွေရိုက်မှာကြောက်လို့ခလေးအတွေးနဲ့ဉီးကြီးမောင်အိမ်မှာဝင်နေရင်းကဉီးကြီးမောင်အိမ်မှာအိပ်ဖြစ်သွားတာပေါ့ ကျုပ်တို့ကလည်းအိမ်ပြန်ရေမိုးချိုးပြီးတော့လည်း ဆောင်နဲ့ခေါင်းအုံးယူပြီးဉီးကြီးမောင်အိမ်ကိုပြန်လာခဲ့တာပေါ့ ကျုပ်တို့ဉီးကြီးမောင်အိမ်ကိုရောက်တော့ မိုးတောင်ချုပ်နေပြီဗျ ညစာကိုတော့အိမ်မှာပဲစားခဲ့လိုက်တယ် “ရောက်လာကြပီလားကွဒါနဲထမင်းကောစားပြီးပြီလား” “စားပြီးပြီဗျ”

ခွန်းဆောင်ကလည်းထမင်းစားပြီးကြောင်းပြောတာပေါ့ “အေးလေဒါဆိုလည်းမင်းတို့ဆောင်တွေခေါင်းအုံးတွေအိမ်ပေါ်သွားထားလို်က်အုံးငါကွပ်ပြစ်မှာစောင့်နေမယ်” ကျုပ်တို့ကလည်းအိမ်ပေါ်ကိုတက်လိုက်တော့လည်းဖျာနှစ်ချပ်ကိုစပ်ပြီးခင်းထားတဲ့ အိပ်ယာကိုလည်းတွေ့ရတယ်လေ အိပ်ယာပေါ်ကိုလည်းစောင်တွေခေါင်းအုံးတွေချထားလို်က်ပြီးတော့လည်း ပြန်ဆင်းခဲ့တာပေါ့ “ကဲကဲလာထိုင်မင်းတို့ငယ်ငယ်ကသိပ်ကြိုက်တဲ့ပေါက်ပေါက်ဆုပ်တွေငါဝယ်ထားတယ်” ကျုပ်နဲ့ခွန်းဆောင်ကလည်းကွပ်ပြစ်မှာဝင်ထိုင်လိုက်တာပေါ့ “ဉီးကြီးမောင်ကိုကျုပ်သတိရပါတယ်အခြေနေအကြောင်းကြောင်းကြောင့်မရောက်လာဖြစ်တာပါစိတ်ထည်းမှာတော့အမြဲရှိပါတယ်တစ်ခါတလေတော့တွေးမိသားဗျဉီးကြီးမောင်ခုအချိန်ဘယ်အရွယ်ရောက်နေပြီလည်းပေါ့ဗျာ” စကားဝိုင်းကိုလည်းခွန်းဆောင်ကအစပြူလိုက်တာပေါ့ ဉီးကြီးမောင်ကလည်းရေနွေးပူပူကိုမှုတ်နေရင်းကလည်း ချလိုက်ပြီးတော့ “ငါကလည်းမင်းတို့နှစ်ယောက်ကိုဒီရွာမှာအချစ်ဆုံးကွ ရွာထည်းပြေးလွှားနေတဲ့ခလေးတွေတွေ့ရင်လည်းမင်းတို့ကိုပြေးပြေးသတိရမိတယ်ကွ” ခွန်းဆောင်ကလည်းခေါင်းတစ်ညိမ့််ရင်းရှိနေတာပေါ့ စကားဝိုင်းမှာဘာစကားမှဝင်မပြောပဲ ပန်းကန်ထည်းကပေါက်ပေါက်ဆုပ်များကိုတစ်လုံးပြီးတစ်လုံးစားလိုက်ရေနွေးလေးသောက်လိုက်နဲ့ဇိမ်ကျနေတဲ့ကျုပ်ကိုလည်း ဉီးကြီးမောင်ကကြည့်ရင်း “ခွန်းဆောင်ရေမင်းပုဆိုးတိုတိုစီးထားဖို့လိုပြီကွပြေးရမယ့်ကိန်းမြင်နေရတယ်က” ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်လည်းခွန်းဆောင်ကရေနွေးခွက်လေးနှုတ်ခမ်းဝမှာကပ်ရင်းကြောင်စည်စည်ဖြစ်သွားတာပေါ့ “ဘာဖြစ်လို့လည်းဉီးကြီးမောင်ရဲ့ဘာလို့ပြေးရမှာလည်း” ခွန်းဆောင်အမေးကိုလည်းဉီးကြီးမောင်ကပြူံးရင်းတန်းနဲ့ “ဘာရှိရမလည်းကွာမင်းနဲ့ငါ့ရှေ့မှာရှိတဲ့ပေါက်ပေါက်ဆုပ်တွေကုန်သွားမှာကြောက်ရမှာကွ” “ဗျာပေါက်ပေါက်ဆုပ်ကုန်မှာကိုကြောက်ရတယ်ဟုတ်လားဘာဖြစ်လို့လည်းဗျနောက်ထပ်မရှိတော့လို့လား” “မဟုတ်ပါဘူးကွာသာလှကပေါက်ပေါက်ဆုပ်တွေကုန်ရင်ငါတို့ကိုစားမယ်ထင်တယ်ကွအဲ့တာကြောင့်ပုဆိုးတိုတိုဝတ်ခိုင်းထားတာ” ဉီးကြီးမောင်ပြောလို်က်တော့လည်းခွန်းဆောင်ကရီတော့တာပေါ့ ကျုပ်ကလည်းခုမှမြှားဉီးကျုပ်ဘက်လှည့်မှန်းသိရတော့လည်း ပန်းကန်ထည်းနှိုက်လက်စလက်ကိုလည်းဖြည်းဖြည်းချင်းပြန်ရုတ်လိုက်တာပေါ့ ကျုပ်ကိုကြည့်ပြီးတော့လည်းဉီးကြီးမောင်ကရီသံနှောပြီးတော့လည်း “ငါကတမင်စလိုက်တာပါကွာစားစားနောက်ထပ်အများကြီးရှိပါသေးတယ်ဒါနဲခွန်းဆောင်စားလေးကွာဘာလည်းမ​ကြိုက်တော့လို့လား” ဉီးကြီးမောင်ကလည်းကျုပ်ကိုစတဲ့အကြောင်းပြောပြီးတော့လည်းခွန်းဆောင်ကိုထပ်ဆင့်ပြောလိုက်တာဗျ “ဉီးကြီးမောင်ရေနွေးကသောက်လို့ကောင်းနေလို့ပေါက်ပေါက်ဆုပ်မစားဖြစ်တာပါခုတော့စားကြည့်လိုက်အုံးမယ်ဗျ” ခွန်းဆောင်ကလည်းပြောရင်းနဲ့ပေါက်ပေါက်ဆုပ်တစ်ခုကိုယူပြီးစားနေတာပေါ့ ဉီးကြီးမောင်ကလည်းကျုပ်တို့နှစ်​ယောက်ကိုကြည့်ကြီးတော့လည်းပြုံးနေတာပေါ့ ဝိုင်းစက်နေတဲ့လမင်းရဲ့အလင်းရောင်ကြောင့်လည်း ကျုပ်တို့ကတစ်ယောက်နဲ့တစ်ယောက်သဲကွဲစွာမြင်နေရတာပေါ့ ကျုပ်တို့ကလည်းစကားပြောလိုက်ရီလိုက်နဲ့ပေါ့ ဉီးကြီးမောင်ကလည်း သူကြုံခဲ့ရတဲစိတ်ဝင်စားဖွယ်အကြောင်းများပြောပြတာပေါ့ ဉီးကြီးမောင်ပြောပြီးတော့လည်း ခွန်းဆောင်အလှည့်ပေါ့ ခွန်းဆောင်ကလည်းမြိတ်မှာအလုပ်လုပ်တုန်းကသူကြုံခဲ့ရတဲ့ ဒုက္ခများနဲ့ မုန်တို်င်းငယ်များကြုံတွေရပူံကိုလည်းပြောပြနေတာပေါ့ ကျုပ်တို့စကားပြောနေတုန်းခွန်းဆောင်ရဲ့လည်ပင်းနားကအစိမ်းရောင်တစ်ခုဝင်းကနဲလက်သွားတယ်ဗျ “ခွန်းဆောင်မင်းလည်ပင်းကဘာလေးလည်းကွခုနကအရောင်လက်သွားတယ်” ဉီးကြီးမောင်ကလည်းမြင်လိုက်တယ်ထင်ပါတယ်ခွန်းဆောင်ကိုလည်းမေးတာပေါ့ ခွန်းဆောင်ကလည်း သူ့လည်ပင်းကတစ်ခုခုကိုစမ်းပြီးတော့လည်း “ဒီသစ်သားလုံးလည်ဆွဲလေးကဖြစ်မယ်ထင်တယ်ဗျဒါလေးကလည်းတစ်လကိုတစ်ခါအရောင်တောက်တယ်ဗျ” ခွန်းဆောင်ကလည်း ပြောရင်းနဲ့သူ့လည်ပင်းကတစ်ခုခုကိုလည်းချွတ်ပြီးတော့လည်း ဉီးကြီးမောင်လက်ထည်းထည့်ပေးတာပေါ့ “သာလှမီးအိမ်ယူလိုက်စမ်းကွာလရောင်နဲ့ကသေသေချာချာမမြင်ရဘူးကွ” ကျုပ်ကလည်းကျုပ်တို့စကားဝိုင်းအနားမှာချထားတဲ့မီးအိမ်လေးကိုလည်း ယူလိုက်ပြီးမီးထွန်းလိုက်တာပေါ့ ဉီးကြီးမောင်မြင်ရအောင်လည်း ဉီးကြီးမောင်လက်အနားကိုကပ်ပြပေးတာပေါ့ ဉီးကြီးမောင်လက်ထည်းမှာလည်းလည်ဆွဲလေးတစ်ခုဗျသစ်သားကိုအလုံးလေးလုပ်ပြီးတော့လည်းကြိုးနဲ့သီပြီလုပ်ထားတဲ့လည်ဆွဲလေးဗျ ဉီးကြီးမောင်ကလည်း လည်ဆွဲကိုသေချာစိုက်ကြည့်ပြီးတော့လည်း “ခွန်းဆောင်ဒါမင်းကိုဘယ်သူပေးထားတာလည်းငါ့ကိုပြောစမ်း” ဉီးကြီးမောင်မျက်နှာကလည်းတည်တည်ကြီးဖြစ်သွားတာဗျ “ဘာဖြစ်လို့လည်းဉီးကြီးမောင်ရဲ့လွန်ခဲ့တဲ့၃လလောက်ကမြိတ်ကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ပေးထားတာကျုပ်လည်းလှတာနဲဆွဲထားလိုက်မိတာဘာဖြစ်လို့လည်းဗျ”

ဉီးကြီးမောင်ကလည်းခွန်းဆောင်ကိုသေချာကြည့်ပြီးတော့လည်း “မကောင်းတော့ဘူးဒီလည်ဆွဲကသာမန်လည်ဆွဲမဟုတ်ဘုးကွအောက်လမ်းပညာနဲ့စိရင်ထားတဲ့ လည်ဆွဲပဲကွမင်းကတော့ဘုမသိဘမသိနဲ့သေတော့့မှာပဲကွာ” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့လည်ဆွဲကိုလည်းဘယ်လက်ထည်းထည့်ပြီးတော့လည်းလက်နဲ့အုပ်ထားတာဗျ ခွန်းဆောင်နဲ့ကျုပ်ကလည်းထိပ်ထိပ်ပြာပြာဖြစ်သွားတာပေါ့ “ဗျာ…အောက်လမ်းနဲ့လုပ်ထားတဲ့လည်ဆွဲဟုတ်လားကျုပ်ကိုလုပ်ဖော်ကိုင်ဖက်တစ်ယောက်ပေးထားတာဗျကျုပ်ကလည်းမထင်မိဘူးလေအဲ့တာကြောင့်ယူထားလိုက်တာ” “ငါပြောပြမယ်ခွန်းဆောင်ဒီလည်ဆွဲကိုအစိမ်းသေရဲ့သွေးနဲ့စီမံထားတာကွလပြည့်ညရောက်ရင်သွေးဆာလာလိမ့်မယ်မင်းကိုပေးထားတာဘယ်လောက်ကြာပြီလည်း” “၃လ၄လလောက်တော့ရှိပြီဗျဘာဖြစ်လို့လည်း” “နေစမ်းပါအုံးငါသေချာကြည့်လိုက်အုံးမယ်” ဉီးကြီးမောင်ကလည်းလည်ဆွဲကိုပြန်ကြည့်ပြီးတော့လည်း “ဒီမှာ၄လု့ိရေးထားတယ်ကွဒီလိူဆိုတော့မင်း…မင်းကိုပေးထားတာ၄လရှိပြီပေါ့မင်းကတော့ငါသိတာမြန်လို့ပေါ့မဟုတ်ရင်မင်းသေနေပြီဒီနေ့ကလပြည့်နေ့ဆိုတော့လည်ဆွဲရဲ့အစီအရင်ကအသက်ဝင်လာပြီအချိန်ကိုကြည့်စမ်းသာလှမြန်မြန်” ကျုပ်ကလည်းလတ်တလောဖြစ်နေတဲ့အခြေနေများကိုလည်းဘာမှနားမလည်ပေမယ့်နာရီကိုပြေးကြည့်ရတာပေါ့ “၁၀ နာရီထိုးပြီဗျ” “အချိန်တော့မှီသေးတယ်မင်းတို့နားလည်အောင်ငါပြောပြမယ်လည်ဆွဲကိုလုပ်တဲ့သူကလည်ဆွဲမှာ၄လို့ရေးထားတယ်ဒီနည်းလမ်းက၄လပြည့်ရင်အစိမ်းသရဲထွက်လာပြီးအစီ်ရင်လုပ်ထားတဲ့သူကိုမခံမရပ်နိုင်အောင်ခြောက်လှန့်ပြီးသွေးပြက်သေအောင်လုပ်တာကွသရဲမကြောက်ပါဘူးဆိုတဲ့သူတောင်အဲ့အစီအရင်ကိုတောင့်မခံနိုင်ဘူးကွတစ်ချို့ဆိုရူးပါရူးတတ်တယ်မင်းကံကောင်းသေးတယ်ပြောရမယ်အစီအရင်လုပ်တုန်းက၄ပတ်မကျတာပဲကံကောင်းတယ်ပြောရမယ်၄ပတ်ကျရင်လည်းမင်း၄ပတ်ပြည့်တာနဲ့သေပြီပဲကွ” ဉီးကြီးမောင်ပြောလိုက်တော့လည်းခွန်းဆောင်ကအံသြ ထိ​တ်လန့်နေတာဗျ “ဒါ…ဒါဆိုကျုပ်ခုညသေရတော့မှာလားဟင်ဉီးကြီးမောင်ကျုပ်မသေချင်သေးဘုးနော်” “မင်းမသေရပါဘူးတကယ်ဆိုရင်တော့ဒီနေ့မင်းသေမှာငါရှိနေတဲ့အတွက်မင်းမသေစေရဘူးဒိအစိမ်းသရဲကညသန်းခေါင်ရောက်မှအသက်ဝင်လာပြီးလည်ဆွဲထည်းကထွက်လာလိမ့်မယ်ဒီတော့သချ်ိုင်းကိုသွားကြရအောင်အစိမ်းသရဲအစီအရင် ကိုသချ် ိုင်းမှာဖြတ်တာကလည်းအကောင်းဆူံးပဲမင်းဘာမှမကြောက်နဲ့ခွန်းဆောင်ငါရှိတယ်မင်းမှဲ့တစ်ပေါက်မစွန်းစေရဘူး” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့လည်းလည်စွဲကိုသေချာကြည့်နေတာပေါ့ ခွန်းဆောင်ကလည်းခုနကရီမောနေနိုင်ပေမယ့်ခုတော့လည်းကြောက်ရွံထိတ်လန့်မူတွေကမျက်နှာမှာအတိုင်းသားပေါ်နေတာပေါ့ ကျုပ်ကလည်းအတွေးတစ်ခုဝင်လာခဲ့တယ် “ဉီးကြီးမောင်လည်စွဲကိုမီးထည်းထည့်လို်က်ရင်ကောမရဘုးလား” “မရဘူးကွအဲ့လိုလုပ်ရင်ပိုဆိုးသွားလိမ့်မယ်သရဲမကလွတ်မြောက်ပြီးခွန်းဆောင်ကိုဒုက္ခမပေးနိုင်တော့ရင်တောင်တခြားရွာသားတွေကိုဒုက္ခပေးနိုင်တယ်ဒီတော့အစီအရင်ကိုလုပ်တဲ့နေရာနဲ့တူတဲ့သချိုင်းမှာပဲအဆုံးသတ်ပေးရတာပေါ့ဒီတော့ခုကတည်းကသချိုင်းကိုသွားကြရအောင်နောက်ကျလို့မဖြစ်ဘူးကွနောက်ကျသွားရင်ငါလည်းမထိန်းနိုင်လောက်ဘူး” ကျုပ်တို့စကားဝိုင်းကလည်းပျော်ရွင်ခြင်းတွေနေရာမှာကြောက်ရွံမူစိုးရိမ်မူတွေဝင်လာတာပေါ့ ကျုပ်တို့သုံးယောက်ကလည်းမိးအိမ်များဓာတ်မီးများထိုးပြီးတော့လည်းတိတ်ဆိတ်နေတဲ့ညမှာရွာအပြင်သချိုင်းကိုထွက်လာခဲ့တာပေါ့ “ကဲခွန်းဆောင်မင်းကပလ္လင်ခွေထိုင်လိုက်သာလှမင်းကငါ့​ဘေး မှာနေ” ခွန်းဆောင်ကလည်းပုလ္လင်ခွေထိုင်လိုက်ပြီးတော့လည်းခွန်းဆောင်ထိပ်ကို ဉီးကြီးမောင်ကကိုင်ရင်းနဲ့လည်း ပွစိပွစိနဲ့မန်းမူတ်နေတာဗျ “သာလှဒီလည်စွဲကိုရှေ့ကဂူပေါ်တင်လိုက်ကွာ” ကျုပ်ကလည်းကျုပ်တို့ရှေ့ကဂူပေါ်ကိုလည်စွဲတင်ပေးလိုက်တာပေါ့ “ခွန်းဆောင်ငါမင်းကိုစည်းကာထားလိုက်ပြီမင်းဘာပဲမြင်မြင်ဘာပဲကြားကြားထွက်မပြေးနဲ့နော်မင်းစိတ်ထည်းမှာသိထားရမှာကငါ့ကိုလှည့်စားနေတာလို့သိထား” ဉီးကြီးမောင်ပြောလိုက်တော့လည်းခွန်းဆောင်ကခေါင်းညိတ်ပြတာပေါ့ အချိန်များကလည်းဘယ်လိုကုန်သွားသည်မသိသန်းခေါင်ကျက်တွန်သံကိုလည်းကြားလိုက်ရတယ် ကျုပ်လည်စွဲတင်ထားတဲ့ဂူပေါ်ကလည်းအရိပ်ကြီးတစ်ခုထွက်လာတယ်ဗျ အရပ်ကလည်း၇ပေလောက်ရှိမယ်ထင်တယ် ဆံပင်များကဖွာလန်ကြဲပိးတော့လည်း သွေးစွနိးနေတဲ့မျက်နာနဲ့သရဲမကြီးကလည်းကြောက်စရာကောင်းလှတာပေါ့ ကျုပ်ကလည်းထိုသရဲမကြီးကိုမြင်တော့အော်ဟစ်နေတာပေါ့ကျုပ်နဲ့နည်းတူပါပဲခွန်းဆောင်ကတော့ငယ်သံပါအောင်အော်နေတာဗျ “မင်းတို့မျက်စိတွေမှိတ်ထားကြငါပြောသလိုပဲဘာမြင်မြင်ဘာကြားကြားမယုံနဲ့စိတ်ကိုချုပ်ထား” ဉီးကြီးမောင်ကလည်းကျုပ်တို့ကိုအော်ပြောနေတာပေါ့ခွန်းဆောင်ကလည်းမျက်လုံးများကိုပိတ်ချလိုက်တယ် ကျုပ်ကတော့ကြောက်ပေမယ့်လည်းမပိတ်ဘူးလေ ဒါမျိုးဆိုကြောက်ပေမယ့်ကြည့်ချင်မိတာလေဗျာ ချက်ချင်းဆိုသလိုကျုပ်ကြည့်နေတုန်းမှာပဲ သရဲမကြီးကဖျောက်ခနဲပြောက်သွားတယ်ဗျ “သာလှအဲ့တာစိတ်ထည်းဝင်ပြီးခြောက်တာကွမင်းခွန်းဆောင်ကိုထိန်းထားလိုက်ဒီကောင်ထွက်ပြေးရင်သေမှာ” ကျ်ုပ်ကလည်းခွန်းဆောင်ကိုတော့မသေစေချင်ဘူးလေ ခွန်းဆောင်ရဲ့အတွေးထည်းမှာလည်းဘယ်လိုတွေကြုံနေလည်းမသိရဘူးလေ ခွန်းဆောငိမျက်လုံးပြန်ဖွင့်ရင်လည်းထိုသရဲမကြီးကပြန်ပေါ်လာသလိုမှတ်လိုက်ရင်လည်းပြောက်ပြောက်သွားတာဗျ

ဉီးကြီးမောင်ကလည်းကျုပ်တို့အနားပြန်ပြေးလာ​ပြီးတော့လည်းခွန်းဆောင်ရဲ့ဘယ်လက်ကိုကိုင်ထားတာပေါ့ “ခွန်းဆောင်မင်းတကယ်ကြုံနေရတာမဟုတ်ဘူးစိတ်ကိုထိန်းစမ်း” “ခွန်းဆောင်မင်းအဲ့သရဲမကိုမယုံနဲ့ကွမင်းစိတ်ကိုထိန်းထားစမ်း” ဉီးကြီးမောင်ပြောတော့လည်းကျုပ်ကပါရောယောင်ပြီးပြောနေတာပေါ့ “သာလှမင်းမှော်…မှော်” ဉီးကြီးမောင်ကလည်းအထိတ်တလန့်နဲ့ကျုပ်ကိုယ်လုံးကိုလက်ညိုးထိုးပြီးပြတာဗျကျုပ်ကိုယ်ထည်းကလည်းအဖြူရောင်အမျှင်တွေထွက်လာပြီးတော့လည်း ခွန်းဆောင်ရဲ့နားထင်ကနေခေါင်းထည်းကိုဝင်သွားတာဗျ “ဉီးကြီးမောင်ဉိီးကြီးမောင်…” ခွန်းဆောင်ကလည်းအော်ဟစ်ရင်းနဲ့မျက်စိပွင့်လာတယ်ဗျဘေးဘီဝဲယာကိုကြည့်​ပြီးတော့မှလည်းသက်ပြင်းချလိုက်တယ် “သာလှမှော်ကယ်လို့သာပေါ့မဟုတ်ရင်နောက်တစ်နာရီလောက်မင်းကိုဒီအတိုင်းချုပ်ထားရမှာခုတော့အားလုံးပြီးသွားပြီသာလှရဲ့မှော်ကအစိမ်းသရဲသတ်မှော်ကွဒီသရဲမလောက်က​ျေတာ့အသာလေးနိုင်လိမ့်မယ်လာလာအိမ်ပြန်ကြမယ်” “ဉီးကြီးမောင်သေကောသေချာပြီလားဗျကျုပ်မှော်တွေကခွန်းဆောင်ရဲ့ခေါင်းထည်းဝင်သွားတာနော်” “ရတယ်သာလှမင်းမှော်ကသရဲမကိုတခြားရပ်ဝန်းတစ်ခုကိုခေါ်သွားပြီခွန်းဆောင်နဲ့မပက်သက်တော့ဘူးအိမ်ပြန်လို့ကြရအောင်မနက်ရောက်မှပဲအားလုံးသေချာရှင်းပြတော့မယ်” ကျုပ်တို့သုံး​ယောက်ကလည်းသချိုင်းကနေထွက်လာခဲ့တာပေါ့ ခွန်းဆောင်ကလည်းအိမ်ရောက်သည်အထိလည်းကြောက်နေတုန်းလေ ပရိတ်ရေတိုက်လိုက်တော့မှလည်းတော်တော်သက်သာသွားတယ် ကျုပ်တို့ကလည်းတညလုံးအိပ်လု့ိမရတော့ဘူးလေမိုးလင်းသည်အထိလည်းထိုင်စောင့်နေမိတာပေါ့။