ခင်ဗျာ…” “အေးချမ်းမှုကိုဖျက်ဆီးတဲ့သူပုန်တွေ ရှိရင်လည်းပြောပါ… အဲ့သည်လိုကောင်တွေကိုသာဖမ်းမိရင် ခင်ဗျားလည်းဆုချီးမြှင့်ခံရမှာပါ…” “ဟုတ်ကဲ့ အရာရှိမင်း… ကျုပ်ရွာမှာအဲ့သည်လိုလူတွေရှိလာရင်လည်း ကျုပ်ဘက်က အရာရှိမင်းကိုပြောဖို့လက်မနှေးပါဘူးခင်ဗျာ…” သူကြီးဦးနောင်ချိုစကားကြောင့် အရာရှိမင်းကပြုံးသွားသည်။ သူကြီးကတော်ပြင်ဆင်ပေးထားသော ဆီရွဲရွဲစိမ်ထားသည့် ဆိတ်သားခြောက်ဖတ်များကိုနှိုက်စားယုံတင်မက ရေနွေးကြမ်းလေးကိုလည်းမော့သောက်နေခဲ့၏။ စားသောက်နေရင်းမှ… “ကျုပ်…ဒီကိုလာတာအကြောင်းရှိတယ်…” “ဟုတ်ကဲ့…” “ခင်ဗျားရွာမှာ…ဘွားမယ်စိန်ဆိုတဲ့ အမေကြီးရှိတယ်မဟုတ်လား…” “ဟုတ်…ရှိ…ရှိပါတယ်ခင်ဗျာ… ဘွားနဲ့ဘာအကြောင်းများရှိလို့လဲဆိုတာ ကျုပ်သိလို့များရမလား…” “ရတာပေါ့… ကျုပ်တို့ကဒီအမေကြီးကိုလာခေါ်တာပါ” “ခင်ဗျာ…” အရာရှိမင်းစကားကြောင့် သူကြီးဦးနောင်ချို မျက်လုံးပြူးသွားသည်။ ဘွားမယ်စိန်ကိုတစ်ခုခုကြောင့်များလာဖမ်းလေခြင်းလားဟု စိုးရိမ်သွားခဲ့၏။ “မလန့်ပါနဲ့သူကြီး… ကျုပ်တို့က…ဒီအမေကြီးကို အကူအညီတောင်းချင်လို့လာခေါ်ရတာပါ…” “သြော်…ဟုတ်ကဲ့ခင်ဗျ…” အရာရှိမင်းကဆက်ပြောလေမှသူကြီးဦးနောင်ချို စိတ်ထဲမှ တော်ပါသေးရဲ့ဟု ပြောရင်း ...
ဆင်းရဲခြင်းမှ ရုန်းထွက်ချင်လာကြ၍မတားဆီးမိကြတော့။ သို့သော် ဖမ်းဆီးခံရမည်ဆိုးသောကြောင့် အနည်းငယ်ကိုသာ ထုတ်ယူသုံးစွဲနေကြရ၏။ “ငါသိပြီ…။ငါ့သူငယ်ချင်းရွာကို သွားကြမယ်…။အဲ့သည်ရောက်မှအခြေအနေကို ဆက်ပြီးစဥ်းစားကြတာပေါ့” “အင်းပါတော်…အဲ့သည်နည်းက ကျုပ်တို့ အတွက်အဆင်ပြေမှာပါနော်…” “စိတ်ချစမ်းပါကွာ…ငါတစ်ယောက်လုံးရှိပါတယ်… ဘာကိုမှမပူနဲ့ ဟုတ်ပြီလား” “မပူတော့ဘူးတော်…ရှင့်ကိုပဲအားကိုးလိုက်တော့မယ် ကိုမြဖေရေ…” “အေးပါကွာ…ဟားး…ဟားး..ဟားး….” ထိုသို့ဖြင့် ဦးမြဖေတို့မိသားစုသည် သူငယ်ချင်းဖြစ်သူရှိရာရွာဆီသို့ပြောင်းရွေ့လာခဲ့ကြ၏။ ပတ်ဝန်းကျင်ကိုတော့ လုပ်ကိုင်စားရသည်မှာအဆင်မပြေတော့၍ ပြောင်းရွေ့ရခြင်းဟူ၍သာ ပြောဆိုခဲ့ကြ၏။ *** ထိုရွာရှိသူငယ်ချင်း၏အကူအညီဖြင့် အိမ်ဝိုင်းကျယ်ကြီးတစ်ခုဝယ်ယူကာ ပျဥ်ထောင်နှစ်ထပ်အိမ်ကြီးအား ဆောက်လုပ်ပြီး နေထိုင်ခဲ့ကြလေသည်။ ထိုကုန်ကျငွေများသည် သားဖြစ်သူ မောင်ကျော်ရှိန်၏ ခိုးယူပေးသော ပစ္စည်းများအားရောင်းချရာမှ ရရှိခြင်းဖြစ်၏။ ထိုပစ္စည်းများကြောင့် ဦးမြဖေတို့မိသားစုဟာ ရွာ၌သူဌေး ...
မောင်လူလှအနီးသို့ လမ်းလျှောက်လာရင်း “ဘာလုပ်နေတာလဲ လူလှ” “ရှေ့လျှောက်ဘူးသီးဈေးကောင်းမယ်လို့ကြားလို့ ဘူးပင်စိုက်မလို့စင်ထိုးနေတာပါဟ၊ ဖရုံခင်းကိုတောင် မြေလှန်ပစ်လိုက်ပြီ၊ ဒါနဲ့ နင်ငါ့ခြံထဲရောက်လာပုံထောက်တော့ ဘာခူးချင်လို့လဲ” “ငါးဟင်းအိုးကပ်ချက်နေတာ ပင်စိမ်းရွက်နည်းနည်းလိုချင်လို့ ခူးသွားမယ်နော် လူလှ” “နင်ကလည်း အချင်းချင်းတွေပဲ ပြောစရာလိုသေးလို့လား၊ ခူးသွား၊ နင်တို့စားနိုင်သလောက်သာခူးသွား” ညိုမြလည်း လူကြီးခါးအမြင့်ခန့်ရှိသည့် စိမ်းလန်းသန်ထွားနေသည့် ပင်စိမ်းပင်ကြီးမှ ပင်စိမ်းအညွန့်များကိုလက်နှင့်ခူးဆိတ်ရင်း “လူလှရယ်၊ ပင်စိမ်းက နည်းနည်းပါးပါးအုပ်ရင်ရပါပြီဟဲ့” “အေးပါ၊ ဒါနဲ့ ခြံစည်းရိုးမှာ ကင်ပွန်းချဉ်ရွက်အနုတွေအများကြီးထွက်နေပြီဟ၊ နင်စားချင်ခူးသွားပါလား” ညိုမြမှာ မျက်လုံးများအရောင်လက်သွားသော်လည်း “ကင်ပွန်းချဉ်ရွက်က နင်ခူးရောင်းမှာမဟုတ်လား၊ အားနာစရာကြီးဟာ၊ ငါမခူးတော့ပါဘူး” “ခူးသာခူးစမ်းပါ၊ ...
။ ပြောပြလို့ လည်း မဖြစ်သေးပေ။ ဒါမျိုးဆိုတာကလည်း ယုံ ကြည်သူရှိသလို၊ မယုံကြည်သူရဲ့ရှေ့ ပြောမိရင် ဟာသလုပ်နေဦးမှာ …။ ဒီကိစ္စကို ကျောင်းအုပ် ဆရာမကြီးကို ပြောပြရကောင်းနိုးနိုး ချင့်ချိန်နေ မိသည်။ ကျောင်းအုပ်ဆရာမကြီးကလည်း ဒါမျိုး သိပ်အယုံအကြည်မရှိ။ သွားပြောပြန်ရင်လည်း သူ သေတုန်းက ငါအမိန့်ပြန်ပြီးသားလို့ပြောမှာ။ မဲလုံး မြေချစဉ်က ဆရာမကြီးရဲ့အမိန့်ပြန်တမ်း ဖတ်ကြားတော့ တစ်ရွာလုံး ဝက်ဝက်ကွဲငိုလိုက်ကြတာ သူမ အသိပဲလေ။ ဒါကြောင့် ဆရာမကြီးကို ပြောပြဖို့ အစီအစဉ်ပြန်ရုပ်သိမ်းလိုက်တယ်။ သူငယ်ချင်းဆရာမသက်ထားဆွေနဲ့တိုင်ပင် ကြည့်တယ်။ သက်ထားဆွေကလည်း ငယ်သေးတော့ ...
ပွင့်နေသော သစ်တော ကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်းရှိသည် ။ တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ် သို့ တက်ရသည် မျိုးလည်း ရှိသည် ။ စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။ တစ်နေရာသို့ ရောက်သောအခါ တောင်မြ င့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေ သည် ။ ထိုနေရာသည် … ချင်းလူမျိုးတို့ အခေါ် လူသေနှင့် လူရှင် တို့ ...
ခက်ခဲလာမှာပေါ့ဟ…” “အို…တော်မို့ပြောထွက်ရက်တယ်တော်… ကျုပ်တို့လည်း သူများတွေလို သားဟယ်…သမီးဟယ်နဲ့ နေချင်တာပေါ့…ဝမ်းရေးက အခုလည်းအဆင်ပြေအောင်ရှာဖွေနေကြတာပဲတော်…” ဒေါ်ပွေသည် သားသမီးလွန်စွာရရှိချင်ရှာသည်။ ငွေကြေးမရှိသည့်ကြားမှ ဗေဒင်မေးယတြာချေ ဖြင့် ကလေးရဖို့ကြိုးစားရှာသည်။ ဒါတင်မကသေး ဟိုဘက်ရွာကညောင်ပင်… ဒီဘက်ရွာကညောင်ပင် အစုံပင်ရောက်၍ သားဆုပန်ဆုတောင်းရှာသည်။ သို့သော်လည်း ထိုက်မှရသည်ဟူသော ဆိုရိုးစကားကို ဒေါ်ပွေ လက်ခံလိုက်ရ၏။ သားသမီးလွန်စွာရချင်ရှာသော မိန်းမဖြစ်သူကိုကြည့်၍ ဦးစိုးကြည်လည်းစိတ်မကောင်းဖြစ်ရရှာသည်။ ထိုသို့ဖြင့်လကို နှစ်စား၍ အချိန်များတဖြေးဖြေး ပြောင်းလဲလာခဲ့တော့သည်။ ကံကောင်းခြင်းများသည် ဦးစိုးကြည်တို့ ဘဝထဲသို့ရောက်ရှိလာပုံရ၏။ ကလေးအလွန်ရချင်ရှာသော ဒေါ်ပွေတစ်ယောက် ကိုယ်ဝန်လွယ်ထားရလေပြီ။ ဒေါ်ပွေနည်းတူပင် ဦးစိုးကြည်မှာလည်းအလွန်ပျော်ရွှင်နေ၏။ သားလားသမီးလားမသဲကွဲသေးသော်လည်း ကိုယ့်ရင်သွေးဆိုသော ...
။ လူဆိုတာက တစ်ဦးတစ်ယောက် မနေနိုင် တော့ခါ လူအသိုင်းအဝိုင်းနေရပါသည်ဟူသော ဆောင်ပုဒ် ရှိတယ်လေ။ သိပ်မှန်တယ်။ ကျွန်တော့်မှာ အဖေ။အမေ။ ညီအစ်ကို။မောင်နှမတွေရှိတယ်။ ကျွန်တော့်မိသားစုက ချစ်သူကောင်မလေးရဲ့ အသိုင်းဝိုင်းအကြောင်းကို သိ လိုက်ရတော့ သူမနဲ့ ကျွန်တော့်ကို ဘယ်လိုမှသဘောမတူ ကြဘူး။ လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့ ဆောင်ပုဒ်တိုင်း ပဲလေ။ ချစ်သူကောင်မလေးအသိုင်းဝိုင်းက နာမည်ပျက် တွေရှိနေတော့ ကျွန်တော့်မိသားစုက သဘောမတူကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သူမကို ချစ်တယ်။ မိသားစု သဘောမတူလဲ ကျွန်တော်ဂရုမစိုက်ဘူး။ သူမနဲ့ အမြန်ဆုံး နီးစပ်အောင် ကျွန်တော်ကြိုးစားနေခဲ့တယ်။ ...
အိမ်မှာတောင်မနေရဲဘူးအစ်မရဲ့…” “ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့ ဘာဆိုင်လို့တုန်း….” “မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…” ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး… “လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ နိုးလို့ကိုမရပါဘူးဗျာ…” “ဟယ်…ဘယ်လိုကြီးတုန်း…” “အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…” ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့… ဘွားမယ်စိန်က … “အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး” “ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့” ” သူကောလိုက်သွားတာဆိုတော့ အခုသူရောဘယ်လိုအခြေအနေရှိလဲ မောင်ဘစီရဲ့” “အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ” “အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့… သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့” “သြော်…ဟုတ်ဘွား…။ဒါဆို ...
သည်။သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။ ” ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…’ ဦးသန်းက ဒေါ်အေးကြည်လက်ကို အာကိုးတကြီးဆုပ်၍လူပ်၍မေးလိုက်သည် ။ မီးနေ ဧသည်များကလည်း ဒေါ်အေးကြည်ရဲ့ ဆုံးဖြတ်ချက်စကားကို ...
ဖြူဖပ်ဖြူရော်နဲ့ကွာ” “ဒါနဲ့ ဆရာဝန်မပြဘူးလား” “ဆရာဝန်ကတော့ သွေးအားနည်းတာလို့ ပြောတာပဲကွာ။ အတွင်းကို ဓာတ်မှန်ရိုက်ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး။ တိုင်းရင်းသမားတော် ကတော့ အမျိုးသမီးရောဂါ (မီးယပ်)လို့ ပြောတယ်ကွ။ ဒါပေမဲ့-လှထွန်း ငါ မသင်္ကာစရာတစ်ခုတော့ ရှိတယ်” “ဘာလဲ-စိန်ကျော်ရ မင်းစကားကလဲ” “အေးကွာ – နောက်မှပေါ့၊ မင်း အနားယူလိုက်ဦး။ ညစာ ထမင်းစားမှပဲ ငါပြောပြတော့မယ်ကွာ။ ကဲ-ကဲ-မင်းရေမိုးချိုးပြီး ခဏနားတော့။ ငါလည်း လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်”ဟုပြောပြီး ဦးစိန်ကျော်က ဦးလှထွန်း နားရန် အခန်းကို လိုက်ပို့ပေးပြီး ထွက်သွားလေသည်။ ...