သေရွာပြန်ဘဝတူနှစ်ဦး

ပွင့်နေသော သစ်တော
ကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်းရှိသည် ။
တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ် သို့ တက်ရသည် မျိုးလည်း ရှိသည် ။
စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။
တစ်နေရာသို့ ရောက်သောအခါ တောင်မြ
င့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေ
သည် ။
ထိုနေရာသည် … ချင်းလူမျိုးတို့ အခေါ် လူသေနှင့် လူရှင် တို့ လမ်းခွဲရာ ရီကျင်း

တောင် ဖြစ်သည် ကိုတော့ သူမသိခဲ့ပေ။
သူသည် တောင်များ ၊ စမ်းချောင်းကလေး များ ၊ လမ်းခွဲ အတော်များများကို ကျော်ဖြတ် သွားပြီးသောအခါ … ကျောက်တုံး တစ်တုံး ပေါ်၌ ထိုင်နေသည့် မိန်းမကြီးတစ်ယောက်နှင့် တွေ့ရ လေသည် ။
ထိုမိန်းမကြီးသည် လူသေ(ဝိညာဉ်)များကို လမ်းပြပေးရသော ချင်းလူမျိုးတို့ အခေါ် မိန်းမကြီးဆာနူပင် ဖြစ်၏။
ဆာနူက မျက်စိပိတ်ကာ ငြိမ်သက်စွာထိုင် နေရာမှ သူ ရောက်သွားသောအခါ မျက်လုံးဖွ င့်ကြည့်လေသည် ။
“နင် ဘယ်ကလာတာလဲ”
နီမောင်က မသိကြောင်း ခေါင်းခါပြသည်
“နင် သတ်ခဲ့တဲ့ တိရစ္ဆာန် ဦးခေါင်းတွေကရော ဘယ်မှာ လဲ”
ထပ်မေးသောအခါမှာ လည်း မဖြေနိုင်သ ဖြင့် ခေါင်းခါ ပြရပြန်သည် ။
မိန်းမကြီးဆာနူက မကျေနပ်သော အမူ
အယာဖြင့် မျက်ထောက်နီကြီးဖြင့် စိုက်ကြည့်နေသည် ။
နောက်မှ သူကပြောသည် ။
“နင်က လူသေတစ်ယောက်မှ မဟုတ် သေးတာ သေတဲ့ ဘဝကို သွားလို့ ရသလို လူ ရှင်ဘဝကို ပြန်သွားရင်လည်း ရသေးတယ်၊ နင့်ရဲ့ ဝိညာဉ်ကြိုးက မပြတ်သေးပဲကိုး” ထိုစကားကြောင့် စိတ်ထဲမှာ အားရှိသွား လေသည် ။
“ဒါဖြင့် ကျွန်တော်ကို နေတဲ့ နေရာ ပြန်ပို့ပေးပါ”
“ဒီလိုတော့ ပို့မပေးနိုင်ဘူး၊ ငါက သေခဲ့ပြီး သား … လူသေတွေကို လူသေရွာသွားနိုင်

အောင် လမ်းပြပေးတဲ့ တာဝန်ပဲ… ဝိညာဉ် ကြိုး မပြတ်သေးတဲ့ လူတွေကို ဘာမှ လုပ်
ပေးလို့ မရသေးဘူး”
ထိုစကားကြောင့် နီမောင်က သက်ပြင်း တစ်ချက်ချ လိုက်မိလေသည် ။ မိန်းမကြီး ဆာနူက ဆက်ပြောပြန်သည် ။
“ဒီတော့ နင်သွားချင်တဲ့ နေရာတွေကို ဆက်သွားပေဦးတော့၊ အချိန်တန်လို့ မှ နင့်ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ရှိတဲ့ နေရာ ပြန်ရောက်
အောင် မသွားနိုင်ခဲ့ရင်တော့ လူသေဘဝ ရောက်ရမှာ ပဲ၊ အဲဒီတော့မှ ငါ့ဆီကို တစ် ခေါက်ပြန်လာခဲ့ပေါ့၊ နင် လူသေဘဝရောက် တဲ့ အခါမှ လူသေရွာကို ဘယ်လမ်းက သွားရ
တယ်ဆိုတာ ငါလမ်းပြပေးမယ်” ဟု ပြောသည် ။
“ကျွန်တော့်ကိုယ်ခန္ဓာဘယ်နေရာမှာ ရှိ
နေတယ်ဆိုတာ တဆိတ်လောက်လမ်းပြ

ပေးပါ၊ ကျွန်တော် မသွားတတ် မလာတတ်နဲ့ လမ်းပျောက်နေလို့ ပါ ”
“ငါက အဲဒါမျိုး လုပ်မပေးဘူး၊ သေတဲ့ သူ ရှင်အောင်တော့ လုပ်မပေးနိုင်ဘူး၊ ရှင်နေတဲ့ လူကို သေအောင်တော့ လုပ်ပေးနိုင်တယ်” ဟု ပြောကာ မိန်းမကြီးဆာနူက မျက်လုံး ပြန်ပိတ်သွား လေတော့သည် ။ ဘာမှ မတတ်နိုင်တော့…။
ထို့ကြောင့် ထွေထွေထူးထူး .. ဆက်ပြောမ နေတော့ဘဲ . ထိုနေရာမှ ထွက်လာခဲ့လေသည် ။
သူထွက်သွားပြီး မကြာခင်မှာ ထိုနေရာသို့ မိန်းကလေး တစ်ယောက်၊ မိန်းမကြီးဆာနူ ရှေ့သို့ ရောက်လာပြန်လေသည် ။
ထိုမိန်းကလေးမှာ နီမောင်နှင့် လမ်းမှာ တွေ့ခဲ့သော မိန်းကလေးပင် ဖြစ်၏။
မိန်းမကြီးဆာနူက ဘာတွေမေးပြီး ဘာတွေပြော နေသည် ကိုတော့ သူမသိတော့ပေ။
နီမောင်မှာ ထိုနေရာမှာ ထွက်လာ ကတည်းက ဘယ် သွား၍ ဘယ်လာရမှန်းမ သိဘဲ ယောင်လည်လည် ဖြစ်နေလေသည် ။ လမ်းပြပေး၊ လမ်းညွှန်ပေးမည့် သူနှင့် လည်း မတွေ့ရပေ။
“ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိ ဘူး၊ ဒီအတိုင်းဆိုရင် ငါ့ခန္ဓာကိုယ်ရှိတဲ့ နေရာ မှ ပြန်ရောက်နိုင်ပါတော့မလား”
ဟု လည်း စိတ်ထဲမှ တွေးနေမိလေသည် ။
တစ်နေရာရောက်တော့
တောစပ်တစ်နေရာမှာ ရွာတစ်ရွာကို တွေ့ရလေသည် ။
မီးရောင်များ လင်းထိန်နေပြီး ကလေး လူကြီး၊ ယောက်ျားမိန်းမ လူအတော်များများ သွားလာနေကြသည် ကိုလည်း လှမ်းမြင်ရ
သည် ။သူ့ကိုမြင်တော့ လူအချို့က ထွက် လာပြီး လှမ်းခေါ်ကြသည် ။
“ဘယ်ကလာလို့ ဘယ်ကိုသွားမှာ လဲ၊ ခရီး
လာခဲ့ရတယ်ထင်ပါ့၊
ဒီရွာမှာခဏတဖြုတ် ဝင်နားပါဦးလား၊ စားစရာ
လည်း ကျွေးနိုင်ပါတယ်၊ နေစရာလည်း ပေး နိုင်ပါတယ်”
ဟု… လောကွတ်ပျူငှာ စကားဆိုကြလေသည် ။
ပထမတော့ ဝင်နားဦးမည်ဟု စိတ်ကူးမိ
လိုက်သေးသည် ။
နောက်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာ သောကြောင့် ဝင်မနားလိုတော့ဘဲ ဆက်
လျှောက် လာလေသည် ။
ထိုအခါမှ ရွာထဲမှ လူများ ၏ ဇာတိရုပ်များ
က ပေါ်လာလေတော့သည် ။
မြင်ရသကဲ့သို့ လူများ မဟုတ်ဘဲ သရဲသဘက်များ အသွင်ပေါ် လာပြီး နောက်မှ ပြေးလိုက်လာကြလေတော့သည် ။ “လိုက်ဟေ့..လိုက်ဟေ့..မလွတ်စေနဲ့ ”
ထိုကဲ့သို့ ညာသံပေးပြီး လိုက်လာကြသော ကြောင့် နီမောင်လည်း ကြောက်လန့်တကြား နှင့် ထွက်ပြေးရလေတော့သည် ။
ထိုသို့ပြေးရင်းနှင့် တောင်ခြေတစ်နေရာသို့ ရောက်သွားသောအခါမှာ
တော့ဝတ်ဖြူစင်ကြယ်ဝတ်ကာ ရပ်နေသော.. အဘိုးကြီးတစ်ယောက် တွေ့ရသဖြင့် ထိုနေရာ
သို့ ပြေးသွားလေသည် ။
နောက်မှလိုက်လာကြသော
မကောင်းဆိုးဝါးများ လည်း အဘိုးကြီး
ရပ်နေသည် ကို လှမ်းမြင်သည် နှင့် ဆက်မ
လိုက်ဝံ့တော့ပဲ နောက်ကြောင်းသို့ ပြန်လှည့်
သွားကြလေတော့သည် ။
အနားရောက်သောအခါ အဘိုးကြီးကပြောသည် ။
“သေပြီးတဲ့ နောက် ဘုံဘဝတစ်ခုနဲ့ တစ်ခု
မကူးနိုင်ဘဲ တွယ်ရာမဲ့ဘဝနဲ့ နေရတဲ့ ဝိညာဉ်
လောကသားတွေ မရေမတွက် နိုင်အောင်ရှိ
ကြတယ်၊ လူတွေက မမြင်ရတော့ မကြောက် ကြဘူး၊ အခုလိုသာ မြင်ရရင်တော့ ကြောက် စရာပဲပေါ့”
နီမောင်က အဘိုးကြီးမျက်နှာကိုသာ မော့ ကြည့်နေသည် ။
“ငါမြေးက … သေရမယ့်အချိန်မတန်သေး ဘူး၊ ဒီတော့ မင်းနေရာ ၊ မင်းပြန်ပေတော့၊ မင်းရဲ့ ရုပ်ခန္ဓာက ငါလက်ညှိုးထိုး ပြတဲ့ နေရာမှာ ရှိတယ်၊ အဲဒီနေရာကိုရောက် အောင် ပြန်ပေတော့..”
နီမောင်က အဘိုးကြီး လက်ညှိုးထိုးပြ သောဘက်ကို လှမ်းကြည့်လိုက်သည် ။
ထိုနေရာဘက်မှာ အတော်အတန်မြင့်သောကုန်းတစ်ကုန်းရှိသည် ။
ထိုတောင်ကုန်း၏ ဟိုဘက်မှာ တော့ မြစ် တစ်စင်း ရှိသည် ။ မြစ်ကမ်းနံဘေး တစ်
နေရာမှာ လူနှစ်ယောက် ရှိနေကြသည် ။
ထိုနှစ်ယောက်ကိုမြင်တော့စိတ်ထဲမှဝမ်းသာသွားသည် ။ အခြားမဟုတ်ပေ။
စောထီးနှင့် ငမဲအောင်တို့ ပင် ဖြစ်ကြလေသည် ။
သူတို့နှစ်ယောက်အလယ်မှာတော့
လူသေတစ်ယောက် ကို ပက်လက်
အနေအထားဖြင့် ငြိမ်သက်နေသော လူတစ်
ယောက်ရှိနေလေသည် ။
သူ၏ ရုပ်ခန္ဓာပင် ဖြစ်ပေသည် ။
“အဲဒါ မင်းရဲ့ ရုပ်ခန္ဓာပဲ၊ မင်းမှာ ဝိညာဉ် ကြိုးမပြတ်သေးဘူး၊ ဒါကြောင့် ရုပ်ခန္ဓာကို မ ဖျက်ဆီးခင် ရောက်အောင်ပြန်ပေတော့၊ မင်း လည်း ဝိညာဉ်ဘဝနဲ့ ဝိညာဉ်လောကသား

တွေကို တွေ့ခဲ့မြင်ခဲ့ရပြီ မဟုတ်လား” နီမောင်က ခေါင်းညိတ်ပြလိုက်သည် ။
“မကောင်းမှု အကုသိုလ်ကံတွေများ လာ
ရင်…ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်၊ကောင်းမှုကုသိုလ်ကံပါမှ
ကောင်းတဲ့နေရာကို ဘဝကူးနိုင်တယ်ဆိုတာ သိသင့် သလောက်သိပြီး၊ မြင်သင့်သလောက် မြင်ခဲ့ရ
ပြီ မဟုတ်လား”ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည် ။
“ဒါကြောင့် လူ့ဘဝကို တစ်ခေါက်ပြန် ရောက်သွားရင် မကောင်းမှုတွေကို တတ်နိုင် သလောက် ရှောင်ကြဉ်ပြီး၊ အလုပ်တွေကို များများ လုပ်ပေးနိုင်ဖို့ ကြိုးစားပေတော့၊ ကိုင်းသွားပေတော့.”
ဟု ပြောသဖြင့် နီမောင်လည်း သူတော်စင် ကြီးကို လက်အုပ်ချီ၍ အရိုအသေပေးပြီး နောက် ထိုနေရာမှ ထွက်လာခဲ့လေသည် ။

ပထမတောင်ကုန်းတစ်ကုန်းကိုကျော်သွားရလေသည် ။
တောင်ကုန်းမှာ အတော်ပင်မြင့်သော
ကြောင့် ပင်ပန်း ကြီးစွာ ဖြတ်ကျော်သွားရ
လေသည် ။ပင်ပန်းမှုကြောင့် ရေဆာလာသည် ။
တောင်ကုန်းပေါ်မှကျော်သွားပြီးသောအခါမှာ တော့ မြစ်ကျယ်ကြီးတစ်စင်း
ကို လှမ်းမြင်ရသည် ။
အဘိုးကြီး ညွှန်ပြသည့် အတိုင်း မြစ်ရှိရာ
ဘက်သို့ ဆင်းသွားသောအခါ ကမ်းစပ်တစ်
နေရာမှာ ရှိနေကြသော စောထီး နှင့် ငမဲ
အောင်တို့ နှစ်ယောက်ကို လှမ်းမြင်ရသဖြင့်
ဝမ်းသာစွာဖြင့် ထိုနေရာသို့ သွားလေသည် ။
ထိုနေရာရောက်တော့ မြေပေါ်မှာ လူသေ
တစ်ယောက် လိုလဲနေသည့် သူ၏ ရုပ်ခန္ဓာကို
တွေ့ရလေသည် ။

ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ရုပ် ခန္ဓာအတွင်း သို့လှဲချ လိုက်လေတော့သည် ။
“အင်း.အဟင်း…ဟင်း ”
ရုပ်ခန္ဓာထဲသို့ ဝိညာဉ် ပြန်ရောက်သွား သောအခါ ညည်းညူသံထွက်လာသည် ။
“အဟင်း..ဟင်း”
“နီမောင်..နီမောင်..မင်းသတိရလာပြီလား”
စောထီးနှင့် ငမဲအောင်တို့က ဝမ်းသာအားရ ခေါ်နေကြသည် ။
“ရေ..ရေပေးပါ”
ထိုသို့ပြောသဖြင့် ငမဲအောင်က ရေတစ်
ခွက်ယူ လာပြီး တိုက်ပေးလေသည် ။
ထိုအခါမှ ရင်ပူသက်သာသွားပြီး သတိပြန်
ရ လာလေသည် ။
စောထီးနှင့် ငမဲအောင်တို့ က ပွေ့ယူပေးသဖြင့် လှဲနေရာမှ ထထိုင်လိုက်သည် ။
ပြီးမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည် ။ သူတို့ ရောက် နေသောနေရာမှာ မြစ်ကမ်းပါး တစ်နေရာ၌ ဖြစ်လေသည် ။
“ငါ ဘယ်လိုဖြစ်တာလဲ”
“မင်း ဘယ်လိုဖြစ်တာလဲဆိုတော့ ငါတို့ သုံးယောက် မြစ် ထဲမှာ ငါးဖမ်းနေတော့ ပိုက်
ထဲမှာ ငါးတစ်ကောင်မိနေလို့ မင်းက ဆင်း ဖမ်းရင်းနဲ့ … ကျောက်တုံးနဲ့ ဆောင့်မိပြီး သတိလစ်နေတာ အတော်ကြာပြီ၊ ငါတို့ နှစ် ယောက်စလုံး အတော်ကို စိတ်ပူနေကြတာ” ဟု ပြောပြတော့မှ အဖြစ်အပျက်များကို
သတိပြန်ရ လာလေသည် ။
သူတို့ သုံးယောက်သည် အလုပ်အားသော အချိန်မျိုး တွင် ဟင်းစားရရန်အတွက် နော် ကိုဗန်မြစ်အတွင်းသို့ ဆင်းကာ ငါးဖမ်းလေ့ရှိ ကြသည် ။

ထိုသို့ငါးဖမ်းနေရင်း ပိုက်ထဲမှာ ငါးချောင်း တစ်ကောင် မိလေသည် ။
အကောင်ကြီးသဖြင့် လှေပေါ်မှ ဆွဲတင်၍မရပေ။
ငါးက ကျောက်တုံးကြားသို့ တိုးဝင်ရင်းနှင့် ညပ်နေသည် ။
ဆွဲတင်၍ မရပါက ပိုက်ပါဆုံးရတော့မည့် အခြေအနေမျိုး ရောက်နေသဖြင့် နီမောင် ကိုယ်တိုင် ရေအောက်သို့ ဆင်းဖြတ်ရသည် ။
ထိုသို့ဆင်းဖြုတ်စဉ်
ငါးကကျောက်တုံးကြားမှ လွတ်သွားသောအခါ အမြီးဖြင့်ရိုက်သည် ။
အမြီးရိုက်ချက်မှာ ပြင်းသဖြင့် ရေစီးအရှိန်ထဲမှာ လည်ထွက်သွားလေရာ

ကျောက်စွန်း တစ်ခုနှင့် တိုက်မိသဖြင့် သတိမေ့သွားခြင်း ဖြစ်သည် ။
စောထီးနှင့် ငမဲအောင်တို့ ဆင်းကယ်သဖြင့်သာ ရေစီးနှင့် မျောပါမသွားခြင်း ဖြစ်လေသည် ။
သူကိုရေထဲမှ ဆွဲတင်လာတော့ သတိမရတော့ပေ။
မနက်ပိုင်းအချိန်ကတည်းက
သတိမေ့နေရာ ယခုည နေပိုင်း အချိန်ရောက်တော့မှ ယခုလို သတိပြန်ရလာခြင်း ဖြစ်လေသည် ။

“တော်ပါသေးရဲ့ ကွာ၊ ငါတို့ နှစ်ယောက်မှာ ဘယ်လိုလုပ် ရမှန်းမသိတာနဲ့ မင်းအတွက် အတော်စိတ်ပူနေကြတာ”
“ဒါထက်..ငါဆင်းဖမ်းတဲ့ ငါးရောရရဲ့
လား”
“ရတယ်၊ ငါးလည်း ရတယ် ပိုက်လည်း ပြန်ရတယ်၊ လှေပေါ်မှာ တင်ထားတယ်”
နီမောင်ကသက်ပြင်းတစ်ချက်ချလိုက်
သည် ။ စောစောက အခြေအနေမကောင်း
သော်လည်း ယခုတော့ သူ့အခြေအနေက ပုံမှန်အတိုင်း ပြန်ကောင်းနေပေပြီ။
“ဒါဖြင့်လည်း ပြန်ကြရအောင်၊ ဒီလောက် ကြာနေရင် အဖေတို့ စိတ်ပူနေကြလိမ့်မယ်”
ဟု ပြောကာ သုံးယောက်သား လှေရှိရာသို့
ပြန်ဆင်းလာကြလေသည် ။
လှေဝမ်းထဲမှာ
တော့..အတော်အတန်
ကြီးသော ငါး ချောင်းကြီးတစ်ကောင် ဖမ်းမိ
ထားလေသည် ။
ထို့ကြောင့် သုံးယောက်သား လှေပေါ်ပြန်
တက်ပြီး ရွာရှိရာသို့ ရေဆန်ပြန်တက်ကြရ
လေသည် ။
နော်ကိုဗန် မြစ်ရေက ရေစီးကြမ်းသည် ။
ထို့ကြောင့်
ရေဆန်သွားရသောအခါ
သက်သာစေရန် ကမ်းနံဘေးမှ ကပ်သွားကြ
ရပေသည် ။
အချိန်ကလည်း နေဝင်ချိန်ရောက်ပြီ ဖြစ်
သောကြောင့် မြစ်တကျောမှာ မှောင်စပျိုးနေချေပြီ။
လှေကို စောထီးနှင့် ငမဲအောင်တို့ ရှေ့နောက်လှော် ပြီး

နီမောင်က လှေဝမ်း အလယ်မှ ထိုင် လိုက်လေသည် ။
ကျောက်ဆောင်စွန်းတစ်ခုကို ကျော်လိုက် သောအခါ ရေစီးသာသော ကလိုင်တစ်ခုသို့ ရောက်သွားကြသည် ။
ထိုနေရာရောက်တော့ ကမ်းစပ်မှာ တင်နေ
သည့် လူတစ်ယောက်ကို လှမ်းမြင်သဖြင့် ထို
နေရာသို့ လှော်သွားလေသည် ။
အနားရောက်တော့မှ
မိန်းကလေးတစ်
ယောက် ဖြစ်မှန်းသိကြရသဖြင့် အခြေအနေ
သိစေရန် လှေကို ထိုနေရာအနီးတွင် ရပ်
လိုက်ကြသည် ။
နီမောင်က … လှေပေါ်မှ
ဆင်းသွားကာ
ရေစပ်မှာ တင်နေသော မိန်းကလေးကို ပွေ့
ယူလိုက်သည် ။

ထိုအခါ ညည်းညူသံ ကြားရသည် ။ မိန်းကလေးမျက်နှာကိုမြင်တော့.. စိတ်ထဲ
မှာ ဇဝေဇဝါ ဖြစ်သွားလေသည် ။
“ဟင်”
“ဘာဖြစ်လို့ လဲ နီမောင်”
“သူမသေသေးဘူး အသက်ရှိသေးတယ်၊ နောက်ပြီး ငါသူ့ကိုသိတယ်”
“အခုမှ တွေ့တာ ဘယ်လိုသိတာလဲ” “ငါ သတိမေ့နေတုန်းက လူသေရွာကို ရောက်သွားခဲ့တယ်၊ အဲဒီမှာ သူနဲ့ သိခဲ့တွေ့ခဲ့
“ဒါဖြင့် မင်းတို့ နှစ်ယောက်က ဘဝတူတွေ
ပေါ့၊ မင်းကတော့ သတိပြန်ရ လာပြီ၊ သူ
ကတော့ ခုထိသတိမရသေးဘူး”
နီမောင်က အသေအချာကြည့်သောအခါ ခေါင်းတွင် ဒဏ်ရာတစ်ခု ရထားဟန်ရှိပြီး၊

ထိုနေရာမှာ သွေးများ စီးကြနေသည် ။ “ဦးခေါင်းမှာ ဒဏ်ရာရထားပုံရတယ်”
“ဒီတော့ ဘယ်လိုလုပ်ကြမလဲ”
“ဒီအတိုင်းထားခဲ့ရင် သေသွားလိမ့်မယ်၊ ရွာကိုခေါ်သွားပြီး ဆေးကုပေးမှ ဖြစ်မယ်

“ဒါဖြင့်လည်း လှေပေါ်ခေါ်တင်ခဲ့ အချိန်မ ရှိတော့ဘူး၊ မြန်မြန်သွားကြရအောင်”
ဟု ပြောသဖြင့် နီမောင်က ထိုမိန်းကလေး ကို ပွေ့ယူ လာပြီး လှေပေါ်တင်သည် ။

ထို့နောက် သုံးယောက်သား ထိုနေရာမှ လှေကိုပြန်ထွက်ခဲ့ကြလေသည် ။
မြစ်ထဲမှာ တော့ မှောင်သွားပေပြီ။