မယ်ကျေးအုံတဖြစ်လဲ မယ်ကာကဟာ သားငယ်ငိုသံကြောင့် သားဇောနဲ့ သားဆီထလာပါတော့တယ်.. အလောင်းမှာ ခြေထောက်ကို စုပီးကြိုးနဲ့ချည်ထားတဲ့အတွက် ခုန်ဆွခုန်ဆွဖြစ်နေတယ့် မယ်ကာကကို ဖုတ်ဝင်ပီး ခြောက်လှန့်တယ်မှတ်ကာ ရဲမက်များဟာ တိုက်ခိုက်ကြပါတော့တယ်.. မယ်ကာကလဲ ပြေးလွှားရင်း မြောင်းကျယ်တခုကိုတွေ့တဲ့အခါ သူမခင်ပွန်းနဲ့ သားဖြစ်သူအကြောင်း သစ္စာဆိုလိုက်တဲ့အခါ မြောင်းကျယ်ကြီးကို လွှားကနဲခုန်ကာ တဖက်ကမ်းရောက်သွားပါတော့တယ်.. ထိုအခါ ဒီလောက်ကျယ်တဲ့မြောင်းကျယ်ကြီးကို တခါတည်းခုန်လိုက်တဲ့အတွက် မကောင်းဆိုးဝါးတကယ်ဖြစ်နေပီလို့ မှတ်ယူတဲ့အိမ်ရှေ့စံဟာ သူမကို ဆက်မခြောက်လှန့်ဖို့နဲ့ ထွက်သွားဖို့ပြောပါတော့တယ်..မယ်ကာကလဲ ဝမ်းနည်းကြေကွဲမှုနဲ့အတူ ထွက်ခွာခဲ့ပီး မြောင်းကျဉ်းငယ်တခုအရောက်မှာတော့ မခုန်နိုင်တော့ဘဲ မြောင်းထဲကျကာ သေဆုံးသွားခဲ့ပါတော့တယ်.. ဘယ်လိုပဲဖြစ်ဖြစ်တူညီနေတယ့် ခြေကလိမ်မရဲ့အချက်အလက်ဟာ အိမ်သာမှာ ...

စောထပြီးသွားရမှာမဟုတ်လား။ ခြံထဲလှမ်းဝင်လိုက်တာနဲ့ အမေက ကျုပ်တို့ကိုကြည့်တယ်။ “ဟဲ့ နင်တို့ပြန်လာတာစောလှချည်လား” အကိုကြီးက အင်ဖက်နဲ့ထုတ်ထားတဲ့ မှိုထုပ်ကို အမေ့ကိုလှမ်းပေးလိုက်တော့ အမေ့မျက်နှာက မှိုရတဲ့မျက်နှာလို ပြုံးသွားတယ်ဗျ။ “အမေရေ၊ အကိုကြီးလယ်ဘေးနားမှာတောင် မှိုတွေပွင့်နေပြီ၊ ဒီအတိုင်းဆို တောင်ရိုးပေါ်မှာလည်း မှိုတွေဖွေးနေမှာပဲ၊ မနက်ဖြန် ကျုပ်တို့တွေ မှိုသွားကောက်ကြမယ်ဗျာ” စားလို့ကောင်းတဲ့မှိုကို ရအောင်သွားကောက်မယ်ဆိုတော့ အမေက ငြင်းမလားဗျာ။ “အေး၊ ဒါဆိုရင်လည်း ညကျစောစောအိပ်၊ ဘယ်သူတွေခေါ်သွားအုံးမှာလဲ” “အကိုကြီးရယ်၊ ကျုပ်ရယ်၊ အငယ်ကောင်ရယ် သွားမယ်ဗျာ၊ ဒီလောက်ဆိုရင်တော်ပါပြီ၊ အငယ်မတို့က ခြေလှမ်းနှေးတော့ သူတို့နဲ့မကိုက်ပါဘူး” “အေးအေး၊ နင်တို့သဘောပဲ” ...

သည်။ ထူးခြားသည်မှာ သူရသည် ရွာထဲသို့ခြေလှမ်းချလိုက်သည်နှင့် ”ဆရာလေး ကျွန်တော့်ကိုကယ်ပါအုံး”ဆိုသည့် လူကြီးတစ်ယောက်အသံကိုကြားလိုက်၏။ သို့သော်လည်း အချိန်မတန်သေးသော်ကြောင့် နေအိမ်ကို တန်းတန်းမတ်မတ်လာကာ ခြံဝ၌မတ်တတ်ရပ်၍ မရောက်တာကြာပြီဖြစ်သော် မိဘနှစ်ပါးအိမ်အား တဝကြီးရပ်ကြည့်နေမိသည်။ သူ၏ရှေ့၌ “ဒုံ.ဂလွမ်”ဟု တစ်စုံတစ်ခုပြုတ်ကျသံကြားမှ ကြည့်လိုက်မိသောအခါ မျက်ရည်များကျကာ တုန်တုန်ယင်ယင်ဖြင့် သူ့အားကြည့်နေသော် မိခင်ဖြစ်သူကိုတွေ့လိုက်ရ၏။ “သ….သ..သား။” ”အမေ… သားအိမ်ပြန်ရောက်ပြီနော်။” ”’အမလေးသားလေးရယ်… အမေ့သားသူတော်ကောင်းကြီး….တော့်ကိုကျော်….ဒီမှာကျွန်မတို့သားလေးပြန်လာပြီတော့်။” မိခင်ဖြစ်သူဒေါ်သီတာသည် သူရကိုပွေ့ဖက်ရင်းငိုကြွေးလျက် ယောက်ျားဖြစ်သူ ဦးကျော်ဖြိုးဝင်းအား အော်ခေါ်လိုက်သည်။ ဦးကျော်ဖြိုးဝင်းသည် ဆေးလိုက်အကြမ်းကြီးပါးစပ်မှကိုက်ရင်း အိမ်အောက်ကနေထွက်လာကာ သူရကိုစိုက်ကြည့်နေ၏။ ဝဲတက်လာသည့် မျက်ရည်တွေကိုထိန်းကာ အံကိုခတ်တင်းတင်းကြိတ်လိုက်သည်။ ...

နောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။ “ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ… ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန် လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း မိန်းမသားအချင်းချင်းပြောကြပါဦး” “ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်… အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက မတိုးဘူးဖြစ်နေတာတော့်” အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ...

လုံးလုံး မပြတ်နိုင်ရန်ကော ဟု ရန်ထောင်တတ်သည်။ “ ဒီနေ့က စပြီး ဘာဟင်းလဲ လို့ မမေးကြနဲ့ သတ္တဝါ အပေါင်းတို့၊ ဟင်းချိုနဲ့ မျှစ်ကြော်ပဲဟေ့ ” ဟု ဒေါနှင့် မောနှင့် ကြေညာ တတ်သည်။ ပြီးတော့ လ ကုန်ခါနီးလေ စောစောထ ၍ ဘုရားကြာကြာ ရှိခိုးလေ ဖြစ်လာပြီး “ ခလုတ် ထိမှ အမိတလို့ ဆိုပေမဲ့ ကျုပ်ကတော့ ဘာကြီး ထိထိ ဘုရားပဲ တ စရာရှိတယ်၊ ကိုယ့်အမေက ...

ရယ်” “အဲခု အဲဒီဆရာသတင်း ကြားသေးလား” “ဒီရွာမှာ သူ့လူရှိတယ် ဆရာကြီးရဲ့ တောင်ပိုင်းကငခင် ဆိုတဲ့အကောင် မျက်စီစောင်းစောင်းရွဲ့ရွဲ့နဲ့တော့ ဒီအကောင်က ကျမကို လာပြောတယ်။မမြခင် ဒီလောက် နေမကောင်းဖြစ်တာ ဆရာကိုမြနွယ်ကိုရှာပြီး ပင့်ပေးရ မလားတဲ့တော့” “ဒီတော့ ကလေးမက ဘယ်လိုပြန်ပြောလိုက်တုံး” “အဲဒီဆရာနဲ့ကုမှ အသက်ရှင်မယ်ဆိုရင်တော့ ငါ့အသေခံမယ်ဟေ့ ငခင် ပြောလိုက်ဟေ့ နင့်ဆရာကို သူနဲ့လည်း ဆေးမကုဘူး သူလိုလူကိုလည်း ဒီတစ်သက် မယူဘူးလို့ပြောလိုက် ငါ့ရောဂါ မပျောက်ရင် သေပစေလို့ ကျမက ပြန်ပြောလိုက်မိတယ်ဆရာ” “ကလေးမရဲ့ ရောဂါဟာ ပယောဂစစ်စစ်ပဲ။လူပြုစားခံ ...

အောင်မြင်လာတယ်ပေါ့  တနေ့ ကျုပ် ပယောဂ သွားကုပြီး ပြန်လာတဲ့အချိန်မှာပဲ ကျုပ်မြေးလေး ဆုံးပြီတဲ့ဗျာ ရွာက လူတွေပြောတာတော့ လေးဘက်ကုန်း ခွေးလို အူပြီး သွေးအန်ရင်း အသက်ထွက်သွားတယ်တဲ့ကွာ ကျုပ် ချက်ခြင်း သိလိုက်တယ် ဒါပညာသည်တွေရဲ့ လက်ချက်ဆိုတာကို ဒါပေမဲ့ ဘယ်သူလုပ်တာလဲ ကျုပ် မသိဘူး အဲ့တာနဲ့ အခုလို အမှောင် ပညာသည်တွေ အကုန်လုံးကို နှိမ်နှင်းပစ်မယ်ဆိုပြီး ရူးရူးမိုက် မိုက် ဆုံးဖြတ်ချက်ချလုပ်နေခဲ့ဝာာပဲ မောင်ရင်တို့ရယ် “     အထက်လမ်းဆရာဩသည် စကား အများကြီး ပြောရင်းမှ ...

လူပြတ်သည့်အချိန်တိုင်း အမျိုးသမီး တစ်ယောက် လက်တားကာ ကားငှားတတ်သလိုလမ်းကြုံလိုက်တတ်ပြီး နောက်သို့လှည့်ကြည့်ချိန်တွင် မည်သူမျှမရှိတော့သည့်အဖြစ်ကိုကြုံရသလို မျက်နှာ ပြောင်တလင်းဖြင့်တစ်မျိုး….ဆံပင်ဖားလျားရှေ့သို့ချခြင်းဖြင့်တစ်ဖုံ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ခြောက်လှန့်တတ်သည်ဟူ၍လည်း နံမည်ကျော်သောနေရာဖြစ်လေသည် ။       ကုန်းကျော်တံတားပေါ်တွင် အမျိုသမီးတစ်ဦးဖြတ်ပြေးသဖြင့် အချိန်မှီရှောင်လိုက်သောကြောင့် မီးသတ်ကားတစ်စီး ကုန်းကျော်တံတားပေါ်မှ နံရံကိုဝင်တိုက်ကာ ပြုတ်ကျဘူးသည့် သာဓကလည်းရှိခဲ့လေသည် ။ ထိုနေရာတွင် အများဆုံးကြုံရသူများမှာ အငှားယာဉ် လေးဘီးကားသမားများဖြစ်ကြသည် ။ အကာလ ညအချိန်တွင် ငယ်ငယ်ရွယ်ရွယ် ဖြူဖြူချောချော အမျိုးသမီးတစ်ဦးလက်တားသည်ကို အကြောင်းမသိသည့် အငှားယာဉ်မောင်း လေးဘီးဆရာတစ်ယောက်က ရပ်တန့်ပေးကာ ရှေ့ခေါင်းခန်းတွင် တင်ဆောင်ခဲ့သည် ။ ...

ကြည့်နေသည်။ “နောင်ကြီးတို့က မြေပြန့်ကနေ ဘယ်ကိုသွားမလို့လဲ” “ကျုပ်တို့က ကရင်နီ ငွေတောင်ပြည်ဘက်ကိုသွားမှာပါ” ထိုလူနှစ်ဦးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ “မသိပါဘူးဗျာ၊ ကျုပ်တို့က ခင်ဗျားတို့ကို ခိုးသားဓါးပြတွေထင်လို့” ငခမ်းတို့အံ့ဩသွားမိသည်။ “ဘယ်ကလာဗျာ၊ ကျုပ်တို့က မင်းမှုထမ်းတွေပါ” ငခမ်းက ပြောဆိုလိုက်တော့ သူတို့တစ်ဖွဲ့လုံးက ငခမ်းကိုအပြစ်တင်သည့်မျက်လုံးများဖြင့်ဝိုင်းကြည့်သည်။ ငခမ်းလည်း လွှတ်ခနဲထွက်သွားမိသည်မို့ ခေါင်းကိုငုံ့ပြီး အသာကလေးငြိမ်နေလိုက်သည်။ ထိုလူနှစ်ယောက်က သူတို့ကိုမင်းမှုထမ်းတွေမှန်းသိလိုက်သည့်အခါ အနည်းငယ်လန့်သွားသည်။ “မသိလို့ဒီအတိုင်းပြောဆိုမိတာကို ခွင့်လွှတ်ပေးပါ အရာရှိမင်းတို့” စည်သူက ပြုံးလိုက်ပြီး “ရပါတယ်ဗျာ၊ ကျုပ်တို့ကို မင်းမှုထမ်းတွေဆိုပြီး တလေးတစား ဆက်ဆံနေဖို့မလိုပါဘူး၊ ကျုပ်တို့က သာမန်အောက်ခြေနင်းပြား ...

သူငယ်ချင်းဖြစ်သူ ကျော်မောင်ပင်ဖြစ်လေ၏။ “ဟကောင် ကျော်မောင်ရ လာလေ ဘယ့်နှယ့်ဝိုင်းဝကအော်နေတာလည်း” ကျော်မောင်လည်း ဝိုင်းအတွင်းသို့ဝင်လာကာ အိမ်မြောက်ဘက် ကုက္ကိုပင်ကြီးအောက်တွင်ရှိသော ကွပ်ပျစ်လေးပေါ်သို့ထိုင်လိုက်လေ၏။ ခေါင်းပေါ်မှ ဝါးခမောက်ကိုချွတ်ကာ ယပ်ခပ်နေလေသည်။  ဘိုးအောင်မြတ်လည်း အကြမ်းရည်နှင့်လက်ဖက်သုပ်ပန်းကန်များကိုယူကာ ကျော်မောင့်ရှေ့သို့ချပေးလိုက်လေသည်။ “ကဲ ကျော်မောင် အမောပြေ လက်ဖက်ကလေးစား အကြမ်းရည်လေးသောက်လိုက်အုံး ပြီးမှလာရင်းကိစ္စဆိုကွာ” ကျော်မောင် က လက်ဖက်သုပ်တစ်ဇွန်းစားပြီး ရေနွေးကို တဖူးဖူးမှုတ်သောက်နေလေသည်။ ထို့နောက်လာရင်းကိစ္စအားဆိုလေ၏ “ဒီလိုကွ အောင်မြတ်ရ. မင်းဟိုဘက်ရွာက ဒေါ်တင်စိန်ကိုသိတယ်မလား” ”ဒေါ်တင်စိန်ဆိုတာ ဟိုတလောက ပိုးထိလို့ဆုံးသွားတဲ့ အောင်မောင်းရဲ့မိန်းမလား” ”အေးကွ ဟုတ်တယ်” ”နို့ ...