မတန်မရာရောင်းသော ဆိုင်ရှေ့မှ ထွက်လာသည်။ ထို့နောက် ပွဲဈေးတန်းသို့ လျှောက်လာကာ တမတ်ဖိုးရောင်းသော မုန့်ဟင်းခါးဆိုင်မှ တထွာသာသာ ဗြက်ကျယ်သည့် ထိုင်ခုံကလေးများမှာ ငုတ်တုတ် ထိုင်ကြလေသည်။ မော်က ထိုင်လည်းမထိုင်၊ မုန့်လည်းမစားဘဲ မီးရောင်ကို ကျောပေးပြီး ရပ်သည်။ မေမေ ဖေဖေတို့က မော်မော်ကို “စားမလား” တခွန်းသာ မေးပြီးသူတို့ဟာ သူတို့ စားကြသည်။ အနီမှာ ပထမက မစားဘဲနေသော်လည်း မော်မော်ကိုခွတိုက်ကာ တရှူးရှူးတရှဲရှဲ ဝင်စားလေ၏။ အနီ မုန့်စားသဖြင့် သူချီထားသည့် ကလေးကို မော်မော်ချီရ၏။ အင်္ကျီ ကျေမည်လည်းစိုး ...
လည်းကျုပ်တို့ကိုလက်ကာပြပြီးတော့လည်း အချိန်အတော်ကြာတဲ့အထိငေးကြည့်နေတာပေါ့ နာရီဝက်ကျော်လောက်လှည်းမောင်းပြီးတော့လည်း ညောင်နှစ်ပင်ရွာကိုဖြတ်လာခဲ့တယ် “အဖေ့ခုသွားမှာကဘယ်ရွာကိုလည်းဗျ အဖေကရှေ့ကိုပဲမောင်းဆိုလို့မောင်းနေရတာဘယ်ကိုသွားနေမှန်းမသိဘူး” “ဇီးဖြူကွင်းရွာကိုပေါ့ကွာငါ့သူငယ်ချင်းဒေါင်းဝေကအဲ့ရွာမှာနေတာကွ” “ကျုပ်တစ်ခါမှလည်းမရောက်ဖူးပါလားနာမည်တောင်အဖေပြောမှကျုပ်ကြားဖူးတာ” “အေးလေကွာမင်းကမြို့မှာကျောင်းတက်နေတာမဟုတ်လားဘာမှစိတ်မပူပါနဲ့ကွာခုတော့ရောက်တော့မှာပါ” “ဒါနဲ့အဖေကျုပ်တို့ဘလောက်လောက်ကြာကြာနေမှာလည်းဗျ” “အရမ်းမကြာပါဘုးငါ့သားရယ်တစ်လလောက်ပဲကြာမှာပါ” ကျုပ်မေးလိုက်တော့လည်းအမေကအဖေ့အစားဝင်ဖြေပေးတယ်လေ ” ငါ့သားလှည်းမောင်းရတာညောင်းနေပြီလားကွ” “မညောင်းပါဘူးအဖေရယ်အဖေပြောတဲ့ဇီးဖြူကွင်းကဘယ်လောက်လောက်ဝေးသေးလည်းဗျ” “အရမ်းမဝေးတော့ပါဘူးကွာ၄ရွာလောက်ဖြတ်ပြီးရင်ရောက်ပါပြီ” ကျုပ်တို့ကလည်းတော်တော်ကြာကြာလှည်းမောင်းပြီးတော့လည်းနွားများကမောနေပြီဖြစ်တာကြောင့် နီးစပ်ရာမြက်ခင်းနားမှာရပ်ပြီးတော့လည်း နွာတွေကိုခနလှန်ထားတာပေါ့ နွားများမြက်စားပြီးတော့လည်း ချောင်းထည်းကိုမှာရေတိုက်တာပေါ့ ကျုပ်တို့ကလည်း အတော်လေးကြီးမားတဲ့မန်းကျည်းပင်ကြီးအောက်မှာလည်းလူကောနွားကောနားကြတာပေါ့ ဇီးဖြူကွင်းကိုရောက်ဖို့ကလည်းသိပ်မလိုတော့ပါဘုး ခနကြာနားပြီးတော့လည်းနွားများကိုပြန်တပ်ပြီး ဇီးဖြူကွင်းကိုခရီးဆက်လာခဲ့တယ် “ငါ့သားရှေ့မှာမြင်နေရတဲ့ရွာကဇီးဖြူကွင်းပဲငါ့သားရဲ့” ရွာတစ်ရွာထိပ်နဲ့ခပ်လှမ်းလှမ်းကိုရောက်တော့လည်းအဖေကထိုရွာကိုလက်ညှိုးညွှန်ရင်းပြောတာပေါ့ ရွာလေးကလည်းအပြင်ဘက်ကကြည့်တာတော့တော်တော်သာယာဖို့ကောင်းတာဗျ ကျုပ်ကလည်း နွားများကိုခပ်ဆက်ဆက်လေးမောင်းပြီးတော့လည်းဇီးဖြူကွင်းရွာထည်းဝင်လာခဲ့တာပေါ့ ရွာလမ်းမကြိးမှာလည်း ရေအိုးလေးများကိုယ်စီရွက်ထားပြီး ညီညာစွာသွားနေကြတဲ့ မိန်းမငယ်လေးများကိုလည်းမြင်ရတာပေါ့ ကျုပ်ကလည်းခနမျှလို်က်လံကြည့်နေမိတယ် “ငါ့သားလမ်းကရှေ့မှာနော်လမ်းမှားနေမယ်” အေဖပြောလိုက်တော့လည်းကျုပ်ကရှက်ကိုးရှက်ကန်းနဲ့လှည်းကိုသာပြန်ပီးခပ်တည်တည်မောင်းနေတာပေါ့ ၂မိနစ်ကျော်လောက်လှည်းမောင်းပြီးတော့လည်း နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးတစ်အိမ်ရဲ့ခြံရှေ့ကိုရောက်လာခဲ့တယ် ...
မယ်စိတ်ကူးတယ်ကွ၊ ဒါကြောင့်မရောင်းတာ” ကျုပ်လည်းခေါင်းကိုပွတ်နေရင်း “ဒါနဲ့ ဘာလို့အခုမှ သံယောဇဉ်ပြတ်နေရတာတုန်းဗျ” “မင်းကလည်းကွာ၊ ငါ့သူငယ်ချင်း မျောက်ခေါင်း . . . အဲလေ၊ ဦးအောင်ရှိန်က သူ့ရွာကိုအလယ်လာဖို့ ဖိတ်ထားတယ်မဟုတ်လားကွ၊ ဒီတော့ အခုနွားတွေကိုသံယောဇဉ်ပြီ၊ နောက်ဆံလညးမတင်းတော့ဘူးဆိုတော့ အခါတွင်;ပြီးရင် သူတို့ဆီအလည်သွားမလို့ ဆုံးဖြတ်ထားတယ်ကွ၊ တစ်လကိုးသီတင်း အေးအေးလူလူနေပြီးတော့ မိုးမကျခင် ပြန်လာမယ်စိတ်ကူးတယ်” ကျုပ်လည်း စိတ်ထဲတစ်မျိုးကြီးပေါ့ဗျာ၊ ကျုပ်အရမ်းအားကိုးရတဲ့ ဦးဘသာကြီး ရွာကနေတစ်လလောက်မရှိတော့ဘူးဆိုရင် ကျုပ်ဘယ်လိုလုပ်ပြီး နေလို့ထိပါ့မလဲဗျာ၊ ဒါနဲ့ကျုပ်လည်း စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်ခဲ့ပါရော။ ဘာလိုလိုနဲ့ အခါတွင်းကိုရောက်ခဲ့ပြီပေါ့ဗျာ၊ အခါတွင်းကတော့ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာလို ...
လာလိုက်တာ နောက်ဆုံးကျတော့ပူကိုမပူ တော့တာဗျ၊၊ ဒီလိုနဲ့ပဲ မရင်မွေးမယ့်အချိန်ရောက်လာရောဗျို့၊၊ အချိန်ကျတော့လည်း တခြားကလေးတွေမွေးရသလိုဗိုက်နာ တာပဲဗျ၊၊ ကျုပ်တို့ရွာက ဝမ်းဆွဲသည်ဒေါ်လုံးတင်ကြီးမွေးပေး တာဗျ၊၊ တခြားကလေးတွေ မွေးသလိုပုံမှန်မွေးတာပဲတဲ့ဗျ၊၊ ဒါပေမဲ့မွေးလာတဲ့ကလေးက တစ်ထွာသာသာလောက်သာရှိ တဲ့ သားခြောက်ကလေးတဲ့ဗျို့၊၊ တစ်ချို့ကတော့ လူခြောက်လို့ ခေါ်တာပေါ့ဗျာ၊၊ မရင် လူခြောက်ကလေးမွေးလို့တဲ့ ဆိုတဲ့ သတင်းကထနောင်းကုန်း မှာပျံ့နှံ့သွားရောဗျို့၊၊ ကျုပ်တို့ရွာက လူတွေဆိုတာ လူခြောက်မမြင်ဖူးလို့သွားကြည့်ကြတာ ကိုဖိုးထွေးတို့အိမ်ကလေး ပြိုမှာစိုးလို့ဆယ်အိမ်ခေါင်းကိုကံသာ ကိုယ်တိုင်ဝိုင်းထဲကသရက်ပင်အောက်မှာ စားပွဲတစ်လုံးခင်း ပြီးပြရတာဆိုပဲ၊၊ သူများသာပြောတာ သွားကြည့်တဲ့ထဲမှာ တာတေဆိုတဲ့ကောင်က ရှေ့ဆုံးကပေါ့ဗျာ၊၊ ကျုပ်လည်းခုမှ လူခြောက်မြင်ဖူးတာဗျ၊ ကျုပ်သေသေချာချာကြည့်တာဗျ၊၊ ...
တယ်ဆိုတာကတော့ မင်းတို့ငါတို့ သူဋ္ဌေးဖြစ်ဖို့ ဇာတာပါလာတာမို့လို့ရယ် မှတ်ဟေ့…” ” ဘယ်လိုကြောင့်များလဲ ဆရာကြီးရ။ ကျုပ်တို့ကို ရှင်းပြပါဦးလား…” မြွေဆရာတင်အုန်းက ဟိတ်ဟန်လုပ်လိုက်ပြီး…။ ” အခု ငါတို့ ဒီအကောင့်အလောင်းကို ပြန်ဖော်တာ ဘုဇဂိန္ဒလို့ခေါ်တဲ့ အာယုဝဒ္ဓန အစီအရင်လုပ်ဖို့ကွ။ အလွယ်ပြောရရင်တော့ မြွေနဂါးမင်းဓာတ်ကို အသက်သွင်းခြင်းပေါ့ကွာ…” ” ဟင်…အဲ့ဒါ အသက်သွင်းပြီးရင် ဘာတွေဖြစ်လာမှာလဲ…” ” ဟ…ဘာတွေဖြစ်ရမှာလဲ မြွေတွေနဲ့ပက်သက်ပြီး စေလိုရာစေ၊ အဆိပ်တွေနဲ့ ပက်သက်ပြီး ဖြေလိုရာဖြေပေါ့…” ...
နေကာ အခွင့်အရေးရသွားသော နေ့သည်ကား ရောက်လာပေတောသည်။ ထ်ိုနေ့ကား စနေနေ့ဖြစ်သည်။ကိုဇော်ဝင်းသည် ရုံးမသွား၍ အိမ်တွင် နေဖြစ်နေသည်။နေ့လည် ၁နာရီခန့်တွင် မျက်နှာမကြည်မသာနှင့် မမြခင်တစ်ယောက်အိမ်ပြန်လာလေသည်။ “ဟင် မိန်းမ နင် စျေးက အစောကြီးပြန်လာတာရော မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လဲ?´´ “ဟုတ်တယ် ယောက်ျားရေ ကိုယ်တွေလဲပူ သလိုလိုနဲ့ ခေါင်းတွေကလည်း မူးတယ် အဲ့ဒါနဲ့ အိမ်ပြန်လာတာ´´ ထိုနေ့မှ စ၍ မမြခင်တစ်ယောက် တပိန်ပိန် တလိမ်လိမ်ဖြင့် ဆေးထိုးဆေးသောက်လုပ်သော်ငြားလည်း မသက်သာကာ ၅ ရက်မြောက်နေ့တွင် ဆုံးပါးသွားတော့သည်။ကိုဇော်ဝင်းလည်း ချစ်လှစွာသော ဇနီးသည် ...
သူ့ခမျာ လူအိပ်ချိန်မှ ရွာထဲခိုးဝင်ကာတွေ့ရပေသည်။ ယခုလည်း အလှူလှည့်ရာ၌ မမြလေးပါမည်ဆို၍ စံမောင်ကြည့်ချင်မိသည်။ ဖြစ်ချင်ရာဖြစ်ပါစေကွာ ဆိုသည့်သဘောဖြင့်… “ဖြစ်ပါတယ်ကွာ…လာသွားကြမယ်…” ဟု….ပြော၍ တူးလက်စ မသာကျင်းကိုထားခဲ့ပြီး ရွာထဲသို့ဝင်လာကြသည်။ ငပုကလည်းမိဘမဲ့တစ်ကောင်ကြွက်ပင်။ သူကလည်း စံမောင်နဲ့မခြားနား…ရွာ၏အပယ်ခံဖြစ်၏။ ယခုသူတို့နှစ်ယောက်ရွာထဲကို ပုန်းလျှိုးကွယ်လျှိုးဝင်လာခဲ့ကြပြီးနောက် ရွာလမ်းမတစ်နေရာရှိ မန်ကျည်းပင်ကြီးအနောက်၌ ပင်စည်နှင့်ကွယ်ကာထိုင်နေခဲ့ကြသည်။ အလှူလှည့်ကလည်းမလာသေးသည်မို့ ဟိုသည်ကြည့်ကာထိုင်နေရင်း… “ဟိတ်ကောင်တွေ…မင်းတို့အဲ့သည်မှာ ဘာခိုးဖို့ချောင်းနေကြတာလဲ” ဟုသော…အသံကြား၍ စံမောင်ကြည့်လိုက်တော့ တင်စိုး နဲ့ မျိုးဦးတို့ဖြစ်နေသည်။ တင်စိုးနဲ့မျိုးဦးက ရွာ၌ လူချမ်းသာမိဘများက မွေးဖွားလာကြသည်မို့စကားပြောက အလွန်မောက်မာကြသည်။ ယခုလည်း စံမောင်တို့အား ရန်စသလိုပြောလိုက်လေတော့ ဒေါသထွက်လွယ်သော ...
မင်းမိဘတွေသိသွားရင်တော့ မင်းအတွက်နဲ့ စိုးရိမ်ကြောင့်ကြရလိမ့်မယ်ကွ” ကျုပ်လည်း ခေါင်းငိုက်စိုက်ချလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက ကျုပ်ဆီကိုလျှောက်လာပြီးတော့ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်ပြီး နှစ်သိမ့်တယ်ဗျ။ “မင်းမိဘတွေက ခွင့်ပြုတယ်ဆိုရင် မင်းကိုငါခေါ်မှာပါ၊ ဒီတော့ မင်းလိုက်ချင်တယ်ဆိုရင် မင်းမိဘတွေဆီက ခွင့်တောင်းပေါ့ကွာ၊ ကဲ အခုတော့ ငါ့နွားတစ်ရှဉ်းကို ဆွဲသွားပေတော့” ကျုပ်လည်း ဦးဘသာပေးလိုက်တဲ့ နွားတစ်ရှဉ်းကိုဆွဲပြီးတော့ လေးလံတဲ့ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်လာတာပေါ့ဗျာ၊ အိမ်ကနေခွင့်တောင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စမဟုတ်လားဗျ၊ ခရီးထွက်ရတာက ရက်ရှည်တာထက် ခရီးထွက်မယ့်သူကလည်း တစ်ရွာလုံးက စုန်းလို့သတ်မှတ်ပြီးတော့ ခပ်ကင်းကင်းနေကြတဲ့ ဦးဘသာကြီးနဲ့မဟုတ်လား၊ ကျုပ်အဖေတောင်မှ ဦးဘသာကြီးကို လုံး၀ယုံကြည်တာမဟုတ်ဘူးဗျ၊ ဒီတော့ သူနဲ့တစ်လကိုးသီတင်းလောက် လိုက်သွားမယ်ဆိုတာသာ ...
နေရာအနှံ့အပြားသို့ရောက်နေလေသည် ။ ပန်းရောင်စုံများ ဖူးပွင့်နေသော သစ်တော ကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်းရှိသည် ။ တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ် သို့ တက်ရသည် မျိုးလည်း ရှိသည် ။ စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။ တစ်နေရာသို့ ရောက်သောအခါ တောင်မြ င့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေ သည် ။ ထိုနေရာသည် … ချင်းလူမျိုးတို့ အခေါ် ...
ပွဲ ပေါ်တင်လိုက်ပြီး “ရေနွေးကြမ်းနဲ့ အမြည်းလေး သုံးဆောင်ကြပါဦး။ကျမသား စိုးလွင်ဦး ဒီက ဧည့်သည်ကြီးတွေကို ဘာတွေများ ဒုက္ခပေးလိုက်ပြီလဲ “ “မပေးပါဘူး သိချင်တာလေးရှိလို့ မေးချင်လို့ပါ မောင်စိုးလွင်ဦးတယောက် အိမ်မှာရှိလား တူမကြီး “ “ရှိပါတယ် ခဏ စောင့်နော် ကျမ သွားခေါ်ပေးပါမယ် “ အိမ်ရှင် အမျိုးသမီးကြီးသည် ပြောပြောဆိုဆို အိမ်ပေါ်တက်သွားကာ မကြာသောအချိန်တွင် ညင်းသိုးသိုးလူငယ်တယောက် ကို ခေါ်ပြီး အိမ်ပေါ်မှ ဆင်းလာလေသည်။ထို့နောက် လူငယ် သည် ...