လည်းကျုပ်တို့ကိုလက်ကာပြပြီးတော့လည်း အချိန်အတော်ကြာတဲ့အထိငေးကြည့်နေတာပေါ့ နာရီဝက်ကျော်လောက်လှည်းမောင်းပြီးတော့လည်း ညောင်နှစ်ပင်ရွာကိုဖြတ်လာခဲ့တယ်
“အဖေ့ခုသွားမှာကဘယ်ရွာကိုလည်းဗျ အဖေကရှေ့ကိုပဲမောင်းဆိုလို့မောင်းနေရတာဘယ်ကိုသွားနေမှန်းမသိဘူး” “ဇီးဖြူကွင်းရွာကိုပေါ့ကွာငါ့သူငယ်ချင်းဒေါင်းဝေကအဲ့ရွာမှာနေတာကွ” “ကျုပ်တစ်ခါမှလည်းမရောက်ဖူးပါလားနာမည်တောင်အဖေပြောမှကျုပ်ကြားဖူးတာ” “အေးလေကွာမင်းကမြို့မှာကျောင်းတက်နေတာမဟုတ်လားဘာမှစိတ်မပူပါနဲ့ကွာခုတော့ရောက်တော့မှာပါ” “ဒါနဲ့အဖေကျုပ်တို့ဘလောက်လောက်ကြာကြာနေမှာလည်းဗျ” “အရမ်းမကြာပါဘုးငါ့သားရယ်တစ်လလောက်ပဲကြာမှာပါ” ကျုပ်မေးလိုက်တော့လည်းအမေကအဖေ့အစားဝင်ဖြေပေးတယ်လေ ”
ငါ့သားလှည်းမောင်းရတာညောင်းနေပြီလားကွ” “မညောင်းပါဘူးအဖေရယ်အဖေပြောတဲ့ဇီးဖြူကွင်းကဘယ်လောက်လောက်ဝေးသေးလည်းဗျ” “အရမ်းမဝေးတော့ပါဘူးကွာ၄ရွာလောက်ဖြတ်ပြီးရင်ရောက်ပါပြီ” ကျုပ်တို့ကလည်းတော်တော်ကြာကြာလှည်းမောင်းပြီးတော့လည်းနွားများကမောနေပြီဖြစ်တာကြောင့် နီးစပ်ရာမြက်ခင်းနားမှာရပ်ပြီးတော့လည်း နွာတွေကိုခနလှန်ထားတာပေါ့ နွားများမြက်စားပြီးတော့လည်း ချောင်းထည်းကိုမှာရေတိုက်တာပေါ့ ကျုပ်တို့ကလည်း အတော်လေးကြီးမားတဲ့မန်းကျည်းပင်ကြီးအောက်မှာလည်းလူကောနွားကောနားကြတာပေါ့ ဇီးဖြူကွင်းကိုရောက်ဖို့ကလည်းသိပ်မလိုတော့ပါဘုး ခနကြာနားပြီးတော့လည်းနွားများကိုပြန်တပ်ပြီး ဇီးဖြူကွင်းကိုခရီးဆက်လာခဲ့တယ်
“ငါ့သားရှေ့မှာမြင်နေရတဲ့ရွာကဇီးဖြူကွင်းပဲငါ့သားရဲ့” ရွာတစ်ရွာထိပ်နဲ့ခပ်လှမ်းလှမ်းကိုရောက်တော့လည်းအဖေကထိုရွာကိုလက်ညှိုးညွှန်ရင်းပြောတာပေါ့ ရွာလေးကလည်းအပြင်ဘက်ကကြည့်တာတော့တော်တော်သာယာဖို့ကောင်းတာဗျ ကျုပ်ကလည်း နွားများကိုခပ်ဆက်ဆက်လေးမောင်းပြီးတော့လည်းဇီးဖြူကွင်းရွာထည်းဝင်လာခဲ့တာပေါ့ ရွာလမ်းမကြိးမှာလည်း ရေအိုးလေးများကိုယ်စီရွက်ထားပြီး ညီညာစွာသွားနေကြတဲ့ မိန်းမငယ်လေးများကိုလည်းမြင်ရတာပေါ့
ကျုပ်ကလည်းခနမျှလို်က်လံကြည့်နေမိတယ် “ငါ့သားလမ်းကရှေ့မှာနော်လမ်းမှားနေမယ်” အေဖပြောလိုက်တော့လည်းကျုပ်ကရှက်ကိုးရှက်ကန်းနဲ့လှည်းကိုသာပြန်ပီးခပ်တည်တည်မောင်းနေတာပေါ့ ၂မိနစ်ကျော်လောက်လှည်းမောင်းပြီးတော့လည်း နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးတစ်အိမ်ရဲ့ခြံရှေ့ကိုရောက်လာခဲ့တယ် “ဒီအိမ်ပဲကွဒါငါ့သူငယ်ချင်းမင်းဉီးလေးဒေါင်းဝေရဲ့အိမ်ပဲခြံထည်းကိုလှည်းဝင်လိုက်တော့” အဖေကလည်းကျုပ်ပုခုံးကိုပုတ်ပြီးတော့လည်းပြောတာဗျ ကျုပ်ကလည်းလှည်းကိုခြံထည်းကိုမောင်းဝင်လာခဲ့တယ် ခြံကလည်းအကျယ်ကြီးဗျ ခြံဝိုင်းထည်းမှာလည်းမန်းကျဉ်းပင်များကိုတော်တော်များများတွေ့ရတယ်
“ဒေါင်းဝေ ငါ့ကောင်ဒေါင်းဝေ”အဖေ ကလည်းလှည်းပေါ်ကဆင်းလိုက်ပြီးတော့လည်း အော်ခေါ်လိုက်တယ် “ဘယ်သူလည်းကွငါ့နာမည်ကိုအော်ခေါ်ရဲတာ” ခပ်မာမာတုံ့ပြန်သံတစ်ခုကိုကြားရတာနဲ့အတူလူ၄ယောက်ကလည်းအိမ်ပေါ်ကဆင်းလာခဲ့တယ် အသက်၅၀နီးပါးလူတစ်ယောက်နဲ့အတူအသားခပ်မဲမဲလူသုံးယောက်လည်းဖြစ်တယ် အသားမဲမဲနဲ့လူသုံးယောက်ရဲ့လက်ထည်းမှာလည်းငှက်ကြီးထောင်ဓားများကိုကိုင်ထားကြတယ်
“ဘယ်သူခေါ်သလည်းဆိုတော့ငါခေါ်တာပေါ့ဒေါင်းဝေရာ” “ဟာသောင်းတင်” ဒေါင်းဝေဆိုသူဉီးလေးကလည်း အဖေ့ကိုမြင်တော့လည်းခက်ထန်နေတဲ့မျက်နှာကချက်ချင်းပြောက်ပြီးအပြုံးများလွှမ်းသွားတာပေါ့
“အေးလေကွာငါသောင်းတင်လေမင်းကဘာလည်းကွဧည့်သည်ကိုအိမ်ထည်းမခေါ်တော့ဘူးလား” “ခေါ်မှာပေါ့ကွာငါကလည်းရုတ်တရက်မိုလို့မင်းအသံကိုမကျက်မိလိုက်တာကွ” “နေစမ်းပါအုံးကွမင်းကလူမိုက်တွေနဲ့ဘာလုပ်တာလည်း” “အဲ့တာတွေအိမ်ထည်းရောက်မှပြောမယ်ကွာ အိမ်ထည်းကိုအရင်လာကြ အမတင်စိန်ကောအိမ်ထည်းဝင်လာခဲ့လေ”
ထိုသူနဲအဖေကလည်းတစ်ယောက်ပုခုံးတစ်ယောက်ဖက်ပြီးတော့လည်းအိမ်ထည်းကိုဝင်သွားခဲ့တယ် အမေကတော့နောက်ကဝင်သွားတာပေါ့ ကျုပ်ကလည်း ပါလာတဲ့ဝေယျာဝစ္စတွေသယ်ပြီးတော့လည်း နောက်ကကို့ယို့ကားယားနဲ့လိုက်ခဲ့တယ် “သမီးရေချယ်ရီဧည့်သည်တွေအတွက်မုန့်လေးယူလာခဲ့ပါအုံး”
“ဒေါင်းဝေဒါကငါ့သားသာလှတဲ့ကွ” “ဟေဒါမင်းသားလားအတော်တောင်အရွယ်ရောက်လာပြီပဲ” အဖေကလည်းကျုပ်ကိုမိတ်ဆက်ပေးတော့လည်း ထိုသူကကျုပ်ကိုကြည့်ရင်း အ့ံသြဟန်နဲ့ပြောတာပေါ့ ကျုပ်ကလည်း ပြူံးပြလို်က်ပါတယ် စကားလည်းမပြောရဲဘူးလေ စကားမှားသွားမှာလည်းစိုးရတယ် ထိုသူကလူမိုက်တွေမွေးထားတယ်ဆိုတော့ စိတ်အခပ်မသင့်ရင်ထလုပ်မှာလည်းကြောက်ရသေးသဗျ
“ဒါနဲ့ဒေါင်းဝေမင်းအရင်လိုပဲပြန်ဖြစ်သွားတာလား” အဖေကလည်းအဆက်အစပ်မရှိပဲထမေးတာဗျ ဒါပေမယ့်လည်းဉီးလေးဒေါင်းဝေက နားလည်တယ်ထင်ပါတယ် ခေါင်းကိုခါရင်းနဲ့လည်း “ငါစွှန့်လွှတ်လိုက်တာကြာပီလေကွာမင်းကငါလူမိုက်တွေမွေးထားတာကိုကြည့်ပီးပြောတာလားကွ” “အေးလေကွာမင်းကဓားပြမတိုက်တော့ရင်ဒီလူတွေကိုဘာလို့မွေးထားရတာလည်းမင်းဘာမဟုတ်တာတွေလုပ်နေတာလည်းဒေါင်းဝေရာ”
အဖေကလည်းဉီးဒေါင်းဝေကိုဓားပြဖြစ်ခဲ့သလိုမေးတော့လည်း ကျုပ်ကတော့ တော်တော်ရှိန်သွားတာဗျ
“မဟုတ်ပါဘူးကွာ မင်းသိတဲ့အတိုင်းချယ်ရီကလည်းအရွယ်တော်တော်ရောက်လာပြီကွ ငါကလည်းတစ်ချိန်ကဆိုးမိုက်ခဲ့တော့လည်းငါ့သမီးလေးကိုလာထိခိုက်မှာဆိုးရတယ် ဒါကြောင့်လည်းခုလိုလူမို်က်တွေမွေးထားရတာကွ” “မင်းကတစ်ချိန်ကနာမည်ကြီးခဲ့တဲ့ဓားပြဗို်လ်လေကွာဘယ်သူကမင်းသမီးကိုနှောက်ယှက်ဝံ့မှာလည်းကွ” “မင်းနှယ့်ကွာ ငါပြောပြမယ်သောင်းတင် လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတောင်ရန်သူဟောင်းကြိီးမိုးစွေရဲ့သားကငါ့သမီးကိုနှောက်ယှက်လိုက်သေးတယ်လေ ခုလည်းအဲ့ကောင်ဆေးရုံရောက်နေပါပြီမင်းမြင်ခဲ့တဲ့လူမိုက်တွေကျေးဇူးကြောင့်ပေါ့ကွာဒီကောင်ကလည်းတပည့်တပန်းတွေနဲ့လာတာဆိုတော့ငါ့ကောင်တွေတောင်မနည်းတီးလိုက်ရတယ်ဆိုပဲ” “မင်းပြောတဲ့မိုးစွေဆိုတာဓားပြဗိုလ်မိုးစွေမဟုတ်လား” “အေးလေကွာငါကလည်းသူ့မျက်လုံးတစ်လုံးကိုကန်းအောင်လုပ်ခဲ့တော့လည်းဘယ်အငြိုးပြေပ့မလည်းကွာဒီကောင်ကခုတော့ငါနဲ့နည်းတူအရွယ်ရလာပြီဒီတော့လည်းသူ့သားထံသူ့ရန်ငြိုးကိုလွှဲပေးနေတာကွ” အဖေတို့ပြောနေကြသည်များကလည်း ရက်စက်ဖွယ်အကြောင်းများဖြစ်ပါသည် ဓားပြဗို်လ်များလည်းပါသလို မျက်လုံးကန်းအောင်လုပ်သည်များလည်းပါတယ်လေ ကျုပ်ကလည်းအဖေ့ကိုလက်တို့ပြီး “အဖေ ဒီဉီးလေးကဓားပြကြီးလားဗျ” “ဟမင်းရဲ့သားကငါ့ကိုကြောက်နေတယ်ထင်တယ် မကြောက်ပါနဲ့ကွာလွပ်လွပ်လပ်လပ်ပြောပါရပါတယ်” ကျုပ်မေးလိုက်တော့လည်း ဉီးလေးဒေါင်းဝေကဝင်ပြောခဲ့တယ် “ဒါဆိုလည်းဉီးလေးကိုမေးစရာရှိတယ်ဗျ” “အေးမေးလေကွာဘာမေးမှာလည်း” “ဉီးလေးကဓားပြတစ်ယောက်လားဗျ” “ဟုတ်တယ်ဒါပေမယ့်ခုမဟုတ်တော့ဘူးလွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းကဓားပြအလုပ်ကိုစွန့်လွှတ်ခဲ့တာ” “ဟုတ်တယ်ငါ့သားရဲ့မင်းဉီးလေးဒေါင်းဝေကတစ်ချိန်ကနာမည်ကြီးခဲ့တဲ့ဓားပြဗို်လ်ကိုဒေါင်းပေါ့ကွာ” ကျုပ်ကလည်းခေါင်းကိုညိတ်ရင်းနှုတ်ပိတ်နေလိုက်တယ် ထိုအချိန်မှာပဲအခန်းထည်းကနေမိန်းကလေးတစ်ယောက်ထွက်လာခဲ့တယ် ရင်ဖုံးအစိမ်းရောင်နဲ့အတူ ပန်းရောင် ချိတ်ထဘီကိုဝတ် ခရေပွင့်လေးများကိုလည်းသစ်ကုံးကာခေါင်းပေါ်မှာခွေထားတဲ့ မိန်းကလေးကလည်း ယဉ်ယဉ်လေးနဲ့သိပ်လှတာဗျ ကျုပ်ကလည်း အနားရောက်သည့်အထိငေးမှန်းမသိငေးနေမိတယ် ထိုမိန်းကလေးကလည်း ကျုပ်နဲ့တော့အသက်မကွာလောက်ဘူးလေ ယူလာတဲ့မုန့်လင်ဗန်းလေးကိုလည်းကျုပ်တို့ရှေ့ကိုချပြီးတော့လည်း ပါးချိုင့်လေးများပေါ်အောင် ပြုံးပြတာပေါ့ ကျုပ်ရင်ထည်းမှာလည်းစောနကဉီးလေးဒေါင်းဝေကိုရှိန်ကြောက်နေတာတွေနေရာမှာ ဘာမှန်းမသိတဲ့ခံစားမူတွေကလည်းဝင်ရောက်လာခဲ့တယ် “ငါမေ့နေတာကွာဒါငါ့သမီးချယ်ရီလေကွာမင်းတို့မှတ်မိကြသေးလား” ဉိးလေးဒေါင်းဝေပြောသံကြားတော့မှ ကျုပ်ကလည်းသတိပြန်ဝင်လာခဲ့တယ် “ဒါမင်းရဲ့သမီးလားကွအတော်တောင်အရွယ်ရောက်လာပြီပဲ ငါအရင်တစ်ခေါက်ရောက်တုန်းကဆိုခလေးပဲရှိသေးတာလေ” “အေးလေကွာဒါကြောင့်လည်းစိတ်မချရတော့တာ သမီးရေဧည့်သည်တွေကိုနှုတ်ဆက်လိုက်ပါအုံး” “တွေ့ရတာဝမ်းသာပါတယ်ရှင့် သမီးကချယ်ရီပါ ဉီးလေးတို့အန်တီတို့လိုအပ်တာရှိရင်လည်းပြောနော်အားမနာနဲ့” “လိမ်မာလိုက်တာကွယ်ဒါနဲဉီးလေးနဲ့အန်တီနဲ့ကိုမမှတ်မိဘူးလား” “အမှတ်တမဲ့ပဲရှင့်” “အေးလေဘယ်မှတ်မိပါ့မလည်းမရောက်တာကလည်း၁၀နှစ်လောက်ကြာခဲ့ပြီလေဉီးလေးတို့အရင်တစ်ခါလာတုန်းကဆိုသမီးကခလေးပဲရှိသေးတာကွဲ့” “ကဲကဲစကားတွေနောက်မှပြောကြခုတော့ထမင်းစားကြမယ်” ဉီးလေးဒေါင်းဝေကပြောလိုက်ပြီးတော့လည်း ထမင်းစားခန်းထည်းဝင်သွားခဲ့တယ် အိမ်ကြီးကလည်းအကျယ်ကြီးဗျ ထမင်းစားခန်းကိုလည်းသပ်သပ်လုပ်ထားသေးတာ ကျုပ်တို့ကလည်း ထိုင်ခုံမှာထိုင်နေပြီးတော့လည်း ခနကြာတော့ ထမင်းပွဲများဟင်းပွဲများကို အသက်ခပ်ကြိးကြီးမိန်းမတစ်ယောက်နဲ့ချယ်ရီကလည်း လာချပေးတယ်လေ ထမင်းနဲ့ဟင်းတွေကလည်း ချက်ထားတာမကြာသေးလို့ထင်ပါတယ် အငွေ့များကတထောင်းထောင်းထနေတယ် “သောင်းတင်စားကွ အမတင်စိန်လည်းစားနော် အမတင်စိန်ကရောက်ကတည်းကနှုတ်ပိတ်နေတာထမင်းစားတော့မှဖွင့်တော့တယ်” ဉီးလေးဒေါင်းဝေကလည်းပြောရင်းနဲ့ထမင်းလုပ်များကိုတစ်လုပ်ပြီးတစ်လုပ်စားတာပေါ့သူစားတာကလည်းအားရစရာကောင်းလှတယ် “မဟုတ်ပါဘူးဒေါင်းဝေရယ် နင်တို့သူငယ်ချင်းတွေစကားပြောနေတာမနှောက်ယှက်ချင်လို့ဘာမှဝင်မပြောတာပါ” “ကဲပါဗျာခုတော့ထမင်းကိုအားရပါးရစား စားပြီးရင်တော့ရှေ့ဟောင်းနှောင်းဖြစ်တွေပြောကြတာပေါ့” ဉီးလေးဒေါင်းဝေနဲ့အဖေတို့အမေကလည်းစကားများပြောနေကြရာမှာတော့ ကျုပ်တစ်ယောက်ထည်းအဖော်မဲ့တာပေါ့ဗျာ ကျုပ်ကလည်း ထမင်းကိုသာငုံ့စားနေလိုက်တယ် မချယ်ရီကလည်း ကျုပ်တို့အနားကိုရောက်လာတယ်လေ အဖေနဲ့အမေကိုလည်းဟင်းများခပ်ထည့်ပေးပြီးတော့လည်း ကျုပ်အထည်းကိုတော့ကြက်အသဲတုံးထည့်ပေးလိုက်တော့လည်းကျုပ်စိတ်ထည်းတစ်မျိုးပေါ့ဗျာဟဲဟဲ အဖေနဲ့အမေကလည်းမချယ်ရီကိုတစ်ခါထည်းဝင်စားရန်ပြောတာပေါ့မချယ်ရီကလည်းနောက်မှစားတော့မည့်အကြောင်းပြောပြီးတော့လည်း မီးဖိုချောင်ထည်းပြန်ဝင်သွားခဲ့တယ် “သောင်းတင်မင်းတို့ငါ့အိမ်မှာကြာကြာတော့နေရမယ်နော်မတွေ့ရတာလည်းကြာပီဆိုတော့ပြန်တောင်မပြန်စေချင်ဘူးကွာ” “ငါလည်းမနညး်ကြာကြာတော့နေမှာပါကွာငါလည်းမင်းဆီလာမယ်လာမယ်နဲ့မလာဖြစ်တာကြာပီကွအလူပ်ကလည်းမင်းသိတဲ့အတိုင်းရှုပ်နေတာပဲလေ”
“အေးပါကွာဒါနဲ့မင်းသားကစကားနည်းလှချည်လား” “မင်းကိုရှိန်နေတာနေမယ်ကွဟားဟား” အဖေရီရင်းပြောတော့လည်းဉီးလေးဒေါင်းဝေကလိုက်ရီတယ်လေကျုပ်ကိုကြည့်ပြီးတော့လည်း “မင်းနာမည်ကသာလှမလား ငါ့ကိုမကြောက်နေပါနဲ့သာလှရာမင်းဉီးလေးအရင်းတစ်ယောက်လိုဆက်ဆံလို့ရပါတယ်ကွာငါကအရင်ကဆိုးပေမယ့်ခုတော့လိမ်မာသွားပါပီကွဟားဟား” ဉီးလေးဒေါင်းဝေကလည်းရီရင်းနဲ့ပြောတာဗျ “ဟုတ်.. ဟူတ်ကဲ့ဉီးလေး” ကျုပ်ကလည်းအထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ပြောပီးတော့လည်းထမင်းကိုသာဆက်စားနေလိုက်တယ်
ထမင်းစားပြီးတော့လည်း အဖေအမေနဲ့ ဉီးလေးဒေါင်းဝေကလည်း ခြံဝိုင်းထည်းကမန်းကျည်းပင်ကြီးအောက်က ကွပ်ပြစ်မှာလည်းထိုင်ရင်းရောက်တတ်ရာရာတွေပြောနေကြတယ် ကျုပ်ကလည်းအဖေ့ဘေးမှာကပ်ထိုင်ပြီးတော့လည်း အဖေတို့ပြောတာကိုနားထောင်နေမိတယ် “ငါ့သားရေမင်းဉီးလေးဒေါင်းဝေကတစ်ချိန်ကသိပ်ဆိုးတာကွ” ရုတ်တရက်အဖေပြောလိုက်တော့လည်းကျုပ်ကအဖေ့ကိုကြည့်လိုက်မိတယ် “ဟသောင်းတင်မင်းကလည်းခလေးရှေ့ကိုလုပ်တော့မယ်” “မဟုတ်ဘူးလားကွဟားဟား” “ဉီးလေးဒေါင်းဝေကတစ်ကယ်အရမ်းဆိုးခဲ့တာလားဗျ” ကျုပ်မေးလိုက်တော့လည်းဉီးလေးဒေါင်းဝေကခေါင်းညိတ်ရင်းနဲ့ “အေးပေါ့ကွာဆိုးခဲ့တာပေါ့ တစ်ချိန်ကဒီနယ်တကြောမှာဓားပြဗို်လ် ဒေါင်းဝေဆိုတဲ့အသံကြားရင်အကုန်ကြောက်လန့်ရတာကွ” “ဒါဆိုဉီးလေးကတော်တော်ဆိုးတာပေါ့နော်ဘယ်သူ့ကြောင့်နဲ့ခုလိုပြောင်းလဲသွားရတာလည်း” “ငါ့သမီးချယ်ရီကြောင့်ပေါ့ကွာငါကလည်းရေရှည်ကိုစဉ်းစားလိုက်တော့ ချယ်ရီအတွက်ကောင်းမွန်တဲ့ဘဝလေးပေးချင်တယ် ငါ့လိုတောမှာနေတောမှာစားပြီးအသက်နဲ့ရင်းရတဲ့ဓားပြတစ်ယောက်လည်းမဖြစ်စေချင်ဘူးလေ” “ကောင်းပါတယ်ဗျာတကယ်ဆိုမချယ်ရီကြောင့်မဟုတ်လည်းဉီးလေးရွေးချယ်ခဲ့တာမှန်တယ်ဗျဒါနဲ့ခုနကကြားလိုက်ပါတယ်မိုးစွေတွေကောမျက်လုံးတွေကောအ့ဒီအကြောင်းလေးပြောပြပါလားဗျ” “အော်မိုးစွေအကြောင်းလားပြောပြမယ်လေကွာ အရင်ဆုံးမိတ်ဆက်ရမယ်ဆိုရင်တော့မိုးစွေဆိုတာငါ့ရဲ့ရန်သူတော်ကြီးပေါ့ကွာ လွန်ခဲ့တဲ့၁၂နှစ်လောက်ကလည်း ငါနဲ့အပြိုင်မိုးစွေဆိုပြီးတော့လည်းဓားပြအဖွဲ့ဖွဲ့ပီးအတော်သောင်းကျန်းခဲ့သေးတယ် အခြားဓားပြအဖွဲ့လေးတွေလည်းရှိပါတယ်ဒါပေမယ့်လည်းငါနဲ့ မိုးစွေရဲ့အဖွဲ့ကိုတော့ကြောက်ကြတယ် မိုးစွေရဲ့အဖွဲ့ကလူများပေမယ့်သိပ်ညဏ္မရှိကြဘူးကွအတင်းဝင်စီးတော့တာ အဲ့လိုဆိုတော့လည်းမအောင်မြင်တာကများတယ်လေ မင်းယုံချင်မှလည်းယုံလိမ့်မယ်ငါကဓားပြတိုက်ခဲ့တာဆိုပေမယ့် မတရားတဲ့နည်းနဲ့ချမ်းသာနေကြတဲ့သူကိုပဲတိုက်တယ်ပြီးတော့ငါကလူသတ်တာရှားတယ်ငါဓားပြလုပ်ခဲ့တဲ့သမိုင်းမှာငါသတ်ခဲ့တဲ့သူက၇ယောက်ပဲရှိတယ် တနေ့တော့မိုးစွေကလည်းသူဌေးကြီးတစ်ယောက်အိမ်ကိုဝင်စီးတယ်လေဟိုကလည်းလူမိုက်တွေမွေးထားတဲ့အပြင်သေနတ်လည်းဝယ်ထားသေးတယ်မိူးစွေတို့ကလည်းလုပ်နည်းလုပ်ပုံအတိုင်းဝင်စီးတော့လည်းအဖွဲ့သားတော်တော်များများသေနတ်စာနဲ့ဓားဆာမိကုန်တယ်လေ မိုးစွေအပါအဝင်အားလုံးကလည်းခွေးပြေးဝက်ပြေးပြေးလိုက်ရတယ် ငါကလည်းတစ်လလောက်ကြာတော့အဲ့ဒီအိမ်ကိုဝင်တိုက်တယ်အဓိကနေရာအဝင်အထွက်တွေကြည့်ထားပြီးမှတိုက်တာဆိုတော့လည်းငါတိုက်လို့ရခဲ့တာပေါ့ဒါကိုမိုးစွေကမကျေနပ်ဘူးလေ သူ့အိမ်ကိုလုတယ်ဆိုပြီးငါ့ကိုမဆီမဆိုင်မုန်းသွားတော့တာပဲ တွေ့တိုင်းလည်းငါ့ကိုတစ်ယောက်ချင်းထိုးဖို့စိန်ခေါ်ခဲ့တယ် အဲ့လိုထိုးတိုင်းလည်းသူပဲခံရတာပါကွာ နောက်တော့လည်းငါ့အဖဲွဲ့ထည်းကငါ့လက်ရုံးတစ်ယောက်က သူတို့နယ်ထည်းရောက်သွားတော့သတ်ပြစ်လိုက်ကြတယ်သေတဲ့သူကလည်းငါအရမ်းချစ်ခင်ရတဲ့သူပေါ့ကွာ ငါကလည်းငါ့အဖွဲ့ကိုစုပြီး မိုးစွေတို့ိကိုဝင်တိုက်တယ် ငါတို့အဖွဲ့ကလည်းမိုးစွေအဖွဲ့ထက်များတော့မိုးစွေရဲ့အဖွဲ့ပြက်သွားခဲ့တယ်နောက်ဆုံးမိုးစွေတစ်ယောက်ပဲကျန်တယ်လေငါကလည်းငါ့အဖွဲ့သားတွေကိုမသတ်ခိုင်းသေးပဲနဲ့တစ်ယောက်ချင်းချဖို့ပြောလိုက်တယ် ငါ့လက်ရုံးအတွက်ငါ့လက်နဲ့သတ်ချင်တာလည်းပါတာပေါ့ကွာ အဲ့လိုငါလုပ်ခဲ့တာကလည်းအမှားတစ်ခုဖြစ်သွားတယ် ငါကလည်းမိုးစွေနဲ့ထိုးနေရင်းအခွင့်သင့်တော့မျက်လူံးကိုလည်းဓားနဲ့လှီးလိုက်တယ် တစောင်းဆိုတော့လည်းတစ်လုံးပဲထိတာကွငါကလည်းဓားကိုမြှောက် မျက်လုံးကိုလက်နဲ့အုပ်ထားတဲ့မိုးစွေကိုလည်းခုတ်ပိုင်းမယ်လုပ်တုန်းငါ့ပေါင်ကိုလည်းကျည်ဆန်တစ်ခုကလည်းပြေးမှန်ခဲ့တယ် ဘယ်ကမှန်းမသိတဲ့ဓားပြအဖွဲ့တစ်ခုရောက်လာပြီးငါတို့ကိုဝင်တိုက်တယ်ငါတို့ကလည်းနောက်အဖွဲ့ကိုအာရုံစိုက်မိတုန်းမိုးစွေကထွက်ပြေးသွားခဲ့တယ်လေငါကလည်းပေါင်ကဒဏ္ရာနဲ့မိုလို့မလိုက်နိုင်တော့တာနဲ့မိုးစွေကလွတ်သွားတယ်လေအဲ့အချိန်ထည်းကမိုးစွေပြောက်သွားပြီးခုမှပြန်ပေါ်လာတာကွပေါ်လာတာနဲ့လည်းငါ့ကိုဒုက္ခလိုက်ပေးမှာသေချာတယ်ကွ”
“ဒါနဲ့ဉိးလေးဒေါင်းဝေနဲ့အဖေနဲ့ကဘယ်လိုရင်းနှီးကြတာလည်းဗျ နောက်ပြီးတော့လည်းဉီးလေးဒေါင်းဝေကဓားပြဆိုတာသိရဲ့သားနဲဒီရွာသားတွေကဘာလို့လက်ခံကြတာလည်း” ကျုပ်မေးလိုက်တော့လည်းဉီးလေးဒေါင်းဝေကခေါင်းကိုတစ်ချက်စီခါရင်းနဲ့ “ဒါတွေနောက်မှပြောပြမယ်ကွာခုတော့မပြောချင်သေးဘူး” “ဟူတ်သားပဲသားရယ်နင်ဟာလေကြောက်တုန်းကတော့ကြောက်လို့မကြောက်တော့လည်းစကားကိုများနေတာပဲ” ကျုပ်ကလည်းသွားဖြီးပြပီးတော့လည်း စကားဝိုင်းကထွက်ခဲ့တာပေါ့ ဉီးလေးဒေါင်းဝေနဲ့အဖေတို့ကလည်းစကားတွေပြောရင်းကျန်နေခဲ့တာပေါ့ ညအချိန်ကိုလည်းရောက်လာခဲ့ပီလေ ဇီးဖြူကွင်းရွာကလည်းတိတ်ဆိတ်လျှက်ရှိနေခဲ့တယ် ကျုပ်တု့ိအားလုံးကလည်းအိပ်နေကြပီပေါ့ ကျုပ်ရဲ့နားထည်းမှာလည်း လှေကားကိုအသံထိမ်းနင်းရင်းတက်လာတဲ့ခြေသံခပ်အုပ်အုပ်ကိုလည်းကြားရတယ် ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေတာမို့ ခြေဖွနင်းလာသော်လည်းခြေသံကတော့ကြားနေရတယ်လေ ကျုပ်ကလည်း သူခိုးများကပ်တာလားဆိုပြီးတော့လည်း ခန္ဓာကိုယ်ကိုထိမ်းပြီးဖြေးဖြေးထရင်း ခြင်ထောင်ကို်အသာလှပ်ကာကြည့်လိုက်မိတယ် ကျုပ်မြင်ရတာကလည်း မဲမဲအရိပ်ကြီးဗျ အိမ်ကလည်း ပြတင်းပေါက်များ များလွန်း၍လည်း လရောင်ဝင်ရောက်နေတာကြောင့်ထိုမဲမဲအရိပ်ကြီးကိုလည်းသေချာမြင်နေရတာပေါ့ ကျုပ်ကလည်းမျက်လုံးပြုးသွားတယ်လေ ထိုအရိပ်ကြီးကလည်း လက်ထည်းမှာကိုင်ထားတဲ့ ရှည်မျောမျောအရာထည်းကနေ ခပ်ရှည်ရှည်ပြားပြားတစ်ခုကိုလည်းဆွဲထုတ်လိုက်တယ် လရောင်ကြောင့်လည်း ထိုအရိ််ပ်ကြီးဆွဲထုတ်လိုက်သည်ကဓားရှည်တစ်လက်ဖြစ်နေတာကိုသိလိုက်ရတယ် ထိုမဲမဲအရိပ်လူကလည်းဉီးလေးဒေါင်းဝေရဲ့အခန်းဆိီကိုဉီးတည်သွားနေတယ် ခြေဖွနင်းနေတာကြောင့်လည်းသွားလာမှုကနှေးတာပေါ့ ကျုပ်ကလည်းရုတ်တရက်တစ်ခုခုကိုသတိရသွားခဲ့တယ် “မိုးစွေ” ကျုပ်ကလည်းအသံထွက်အော်လိုက်တော့့လည်း ထိုအရိပ်ကြီးကတော့ကျုပ်ရှိတဲ့ဘက်ကိုလှည့်ကြည့်ရင်းကျုပ်ဘက်ကိုလည်းလျှောက်လာခဲ့တယ် “သာလှ…မင်းကိုယ်ထည်းမှာအလင်းမှော်ကခုအချိန်စီးဆင်းနေတယ်ဒီကောင့်ကိုတိုက်ဒီကောင့်ကိုထွက်ချလိုက်” ရုတ်တရက်လည်းကျုပ်နားထည်းမှာဉီးကြီးမောင်ရဲ့အသံများကြားလိုက်ရတယ် ကျုပ်ရဲ့လက်များကလည်း နောက်ထပ်တစ်ဖန်ငွေရောင်မျှင်များထွက်ပေါ်လာခဲ့ပြန်တယ် “ကျားးးးးး” ကျုပ်ရဲ့စိတ်ကိုလည်းတစ်ခုခုကထိန်းချုပ်သွားဟန်ရှိတယ် ကျုပ်ကလည်းခြင်ထောင်ထည်းကနေ ထွက်ပြီးတော့လည်း မဲမဲကောင်ကြိးရှေ့မှာရပ်လိုက်တယ် ကျုပ်ရဲ့လက်သီးများကလည်းနဂိုကထက် ကျစ်လစ်သန်မာနေပြီးတော့လည်း စိတ်ကလည်းကြောက်စိတ်ကင်းနေခဲ့တယ် ပုံမှန်ဆိုရင်တော့ ကျုပ်ကလက်ဗလာ သူ့မှာကဓားကြီးနဲ့ကိုဘယ်ချရဲပါ့မလည်းဗျာ ထိုအရိပ်ကြီးကလည်းကျုပ်ကို တစ်ချက်ကြည့်ပြီးတော့လည်းဓားကိုကိုယူလိုက်ပြီးဝင်ခုတ်တာဗျ ကျုပ်ကလည်းနောက်ကိုဂျွမ်းထိုးပြီးရှောင်လိုက်တယ် ထိုသူရဲ့ဓားကလည်းပျဉ်ပြားကိုထိုးဖောက်သွားတာဗျ ကျုပ်ကတော့ ထိုသူစီကိုလည်းကြမ်းပေါ်မှာလှိမ့်သွားလိုက်ပြီးရင်ဘက်ကိုလည်းပင့်လက်သီးတစ်လုံးကျွေးလိုက်တယ် ထိုသူကလည်းနောက်ကိုဒယိုးဒယိုင်နဲ့ခြေသုံးလေးလှမ်းလောက်လှမ်းပြီးတော့လည်း ခန္ဓာကိုယ်ကိုပြန်မတ်လိုက်တယ် ထိုသူကလည်း ရှေ့ဂျွမ်းထိုးပြီးတော့လည်းဓားကိုပြန်ယူကျုပ်ကိုလည်းပြေးခုတ်တာဗျ ကျုပ်ကလည်းဓားချက်ကိုရှောင်လိုက်ပြီး ရင်ဝကိုလည်းခြေစုံပြစ်ကန်လိုက်တယ် ထိုသူ့လက်ထည်း ကဓားကလည်းလွင့်သွားပြီးလူကလည်းနောက်ကိုလွင့်သွားတယိ “ဘာတွေဖြစ်နေကြတာလည်းမသိဘူးအားလုံးထကြ” အခန်းထည်းကလည်းဉီးလေးဒေါင်းဝေရဲ့အသံပေါ်လာပြီးတော့လည်း လှုပ်ရှားသံတွေကြားရတယ်လေ ထိုသူကလည်းလှေကားကနေပြေးဆင်းသွားတယ် ကျုပ်ကလည်းခုအချိန်တော်တော်သွက်လက်နေတာဗျ ပြေးသွားတဲသူရဲ့ကျောကုန်းကိုလည်းပြေးကန်လိုက်တော့လည်း ေလှကားပေါ်ကနေလွင့်ကြသွားခဲ့တယ် အဖေအမေနဲ့အတူအိမ်မှာရှိတဲ့သူအကုန်ကလည်းကျုပ်အနားကိုရောက်လာကြတယ် ကျုပ်ကလည်း လှေကားအတိုင်းတောင်မဆင်းပဲနဲ့လှေကားထိပ်ဆုံးအထပ်ကနေခုန်ချတာဗျ အောက်ရောက်တော့လည်း လဲကျနေတဲ့မဲမဲလူကြီးအနားကိုသွားပြီးတော့လည်း ထိုသူ့မျက်နှာကိုမြင်ရဖို့ခေါင်းစွပ်ကိုချွတ်ပြီးဆွဲလှည့်လိုက်တယ် လရောင်အောက်မှာလည်းထိူသူ့မျက်နှာကပေါ်လာတယ်လေ မျက်လုံးတစ်ဖက်ကလည်းကန်းနေပြီး ပါးစပ်မှာလည်းသွေးစများကိုတွေ့ရတယ် “ဟာမိုးစွေ” ကျုပ်အနားကိုလျှောက်လာတဲ့ဉီးလေးဒေါင်းဝေကလည်းထိူသူကိုမြင်လို်က်တော့လည်းရေရွတ်လိုက်မိတယ် “အေးဟုတ်တယ်မိုးစွေပဲ မင်းကိုသတ်ချင်လို့သတ်ဖို့လာခဲ့တဲ့မိုးစွေပဲ” “မငး်အငြိုးကြီးလိုက်တာကွာပြီးခဲ့တာတွေလည်းပြီးပါစေတော့ငါအေးအေးလူလူဖြတ်သန်းချင်ပြီမိုးစွေ” “အေးပေါ့လေမင်းကလုပ်ခဲ့တဲ့ကောင်ပဲပြီးနိုင်တာပေါ့ငါကခံရတဲ့ကောင်ကွမမေ့နိုင်ဘူး” “ဒေါင်းဝေထားလိုက်ေတာ့ဒီကောင့်ကိုမနက်ဖြန်မှမြို့ဂတ်ကိုပို့ရမယ်” အဖေဝင်ပြောလိုက်တော့လည်း ဉီးလေးဒေါင်းဝေကခေါင်းညိတ်ပြီးအိမ်ပေါ်ကိုပြန်တက်ပြီးကြိုးသွားယူတာပေါ့ဉီးလေးဒေါင်းဝေရဲ့ခြေလှမ်းများကလည်းလေးလံနေတာဗျ “ရော့သေစမ်း” မိုးစွေကလည်းပြောရင်းနဲ့ ခါးကြားမှာတပ်ထားတဲ့ဓားတိုလေးကိုထုတ်ပြီး ဉီးလေးဒေါင်းဝေဆီကိုပစ်ပေါက်လိုက်တယ် “ဉီးလေးဒေါင်းဝေဉီးလေး” “အဖေအဖေ့” ဖြစ်ပြက်သွားတာကလည်းမြန်ဆန်လွန်းပါတယ် မိုးစွေပြစ်လိုက်တဲ့ဓားကလည်းဉီးလေးဒေါင်းဝေ
ရဲ့ခါးအလယ်တည့်တည့်ကိုပြေးဝင်သွားခဲ့တယ် ဉီးလေးဒေါင်းဝေကလည်းမြေပေါ်ကိုလဲကျသွားတာပေါ့ “ခဗျားကြီးသေပေတော့” ကျုပ်ကလည်းအနားမှာရှိနေတဲ့ဝါးကျစ်သားတစ်ခုနဲ့လည်းမိုးစွေရဲ့ခေါင်းကိုရိုက်ချလိုက်တယ် မိုးစွေကလည်းမြေပေါ်ကိုလဲကျသွားတာပေါ့ ကျုပ်ကလည်းဉီးလေးဒေါင်းဝေအနားကိုပြေးသွားခဲ့တယ် “ငါဘာမှမဖြစ်ပါဘူးဘာမှစိတ်မပူကြနဲ့” ရုတ်တရက်ပြေလာတဲ့ဉီးလေးဒေါင်းဝေရဲ့စကားကိုလည်းကြားရတာပေါ့ ဉီးလေးဒေါင်းဝေရဲ့ပါးစပ်မှာကလည်း ဓာတ်ရှင်များထည်းကလိူသွေးများစီးကျနေတာမတွေ့ရဘူးလေ “အဖေ့အဖေဘာမှမဖြစ်ပါဘူးနော်” “ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်းသမီးရဲ့အဖေ့ကိုယ်မှာပိတ်နှီးကြမ်းကြီးဝတ်ထားတာကိုး” ဉီးလေးေဒါင်းဝေကလည်းသူ့အိမ်ကျီကိုလည်းချွတ်ပြီးတော့လည်းပြတာဗျ ဟုတ်လည်းဟုတ်တယ်ဗျ ဉိီးလေးဒေါင်းဝေရဲ့ကိုယ်မှာပိတ်နှိးကြမ်းကိုအောက်ကခံပီးဝတ်ထားတာဗျ ကျုပ်ကလည်းခုမှစိတ်အေးသွားရတယ်လေ “နေကြအူံးဗျကျုပ်ဟိူလူကိုခေါင်းရိုက်ထားတာသေပြီလားမသိဘုး” “မသေလောက်ပါဘူးကွာကြိုးနဲ့သစ်ပင်မှာချည်ထားလိုက်မနက်မှမြို့ကိုပု့ိမယ်” “ဉီးလေးကသွားလို့ဖြစ်ပ့မလားဉီးလေးကဟိုဟာဖြစ်ခဲ့တော့လေ” “ရပါတယ်ကွာငါကငါ့အပြစ်တွေအတွက်ပေးဆပ်ခဲ့ပီးပီကွကဲကဲအားလူံးပြန်အိပ်ကြတော့ သာလှမင်းကိုငါအရမ်းကျေးဇူးတင်သွားပြိိကွာမင်းကငါ့အသက်သခင်ကျေးဇူးရှင်ပဲ” ဉီးလေးဒေါင်းဝေကလည်းတခြားသူများကိုပြန်အိပ်ကြရန်ပြောပီးတော့လည်း ကျုပ်ပုခုံးကိုပုတ်ပြီးပြောတာပေါ့ ပြောပီးတော့လည်း အိပ်ပေါ်ကိုပြန်တက်သွားခဲ့တယ် ကျုပ်ကလည်းကံကောင်းတယ်လို့ဆိုရမယ်ဗျ မိုးစွေရဲ့ခါးကြားကဓားတိုကလည်း ဉီးလေးဒေါင်းဝေကိုမပေါက်ဘဲကျုပ်ကိုထိုးလိုက်ရင်ကျုပ်ကတော့သေပြီလေဗျာ ကျုပ်ကလည်းမေ့မြောနေတဲ့ဉီးမိုးစွေကိုလည်းပိန္နဲပင်မှာသေချာတုတ်ပြီး အိပ်ပေါ်ပြန်တက်လာခဲ့တယ် ကျုပ်လက်ကငွေမျှင်လေးတွေကတော့ဉီးလေးဒေါင်းဝေတု့ိရောက်လာတည်းကပြောက်သွားတာဗျ ခဗျားတို့ကိုနောက်နေ့ရောက်ရင်လည်း ပိတ်နှီးကြမ်းအကြောင်းလေးပြောပြအူံးမယ်ဗျ ဒိနေ့တော့ဒီလောက်ပဲဗျာ
Leave a Reply