စီမံချက်ကို အသေးစိတ်ရှင်းလင်းပြီး နှုတ်မိန့် ပေးပါတယ်။ “အားလုံး “ ရှင်းလား” “ရှင်းတယ်” “ရှင်းရင် – ဆက်လုပ်” ကျွန်တော့်နှုတ်မိန့်အဆုံး တပ်စုတပ်ကြပ်ကြီးလှတင်ဟာ တပ်စိတ် (၃၊ ၁၊ ၂) အလှည့်ကျ ရှေ့ထွက်ဆွဲပြီး ခရီးစထွက်ပါတယ်။ “ဝုန်း” “ဒိုင်း-ဒိုင်း-ဝေါ-ဝေါ” “ဗိုလ်ကြီး – ရေဆိပ်ဘက်က” ရေဆိပ်ဘက်ကမှန်း သေနတ်သံတွေဟာ ကျွန်တော်တို့ဘက်ကမှန်း အတွေ့အကြုံအရကျွန်တော် ခန့်မှန်းပြီးသားပါ။ ဝုန်းဆိုတဲ့မိုင်းကွဲသံကတော့ ရေကင်းယူဖို့သွားတဲ့ ကျွန်တော့်ရဲဘော်တွေပဲ ဖြစ်မှာပါဆိုတဲ့ သေချာပေါက် တွက်ကိန်းနဲ့ ပွိုင့်တပ်စိတ်ကိုခေါ်ပြီး ကျွန်တော်ကိုယ်တိုင် ရေဆိပ်ကို ဆင်း ...

လူကြီးရဲ့။ အခုတော့ မုဆိုးမအဖြစ်ချင်းပါ တူပါပေါ့ကလား” ကျွန်မကို မြင်မြင်ချင်း ဆီး၍ ပရိဒေဝတောက်လောင်သွားကာ ဟစ်ကြေးတမ်းတလိုက်ပြီးနောက် နဖူးနှင့် ကြမ်းနှင့် ထိအောင် ဝပ်လျက် ချုံးပွဲချ ငိုကြွေးနေပေသည်။ တခါက စာရေးဆရာ အသင်းတိုက်တွင် မဟာဆွေသည် အစည်းအဝေးအပြီး ကျွန်မနှင့် မျက်နှာချင်းဆိုင် လာရပ်ကာ… “ဒီမှာ မမလေး၊ ကျုပ်မိန်းမ ဇာတာနဲ့ မမလေး ဇာတာနဲ့ တပုံတည်း ။ ခုနှစ်ရော၊ လရော၊ နေ့ရော အတူတူပဲ။ နာရီသာ လွဲကြတယ်” ကျွန်မရှေ့တွင် ဆေးပြင်းလိပ်ညှပ်ထားသော လက်ကို ...

သေချာတယ်။ပတ်လည်မြေသားတွေ မာကျောမနေဘဲ မိုး ရေနဲ့ ပျော့ပြောင်းပြောင်းမို့ တူးရသက်သာတာ။ တစ်စတစ်စ နဲ့ တူးနေရင်း အခေါင်းပေါ်လာပြီ လေ။ ပါလာတဲ့ ကုလားအော် တူနဲ့ အခေါင်းကို ဖွင့်ရတာ သိပ်မကြာလှဘူး။ မီးအုပ်ကို အနီးကပ် လှမ်းယူပြီး အခေါင်း ထဲက အလောင်းရဲ့ လည်ပင်းအောက်ကို နှိုက်လိုက်တယ်။ မာမာကျစ်ကျစ်နဲ့ ပစ္စည်းတစ်ခုကိုစမ်းမိတဲ့အခါ ကမန်းကတန်း ဆွဲယူဖို့ လုပ်နေတုန်း “အောင်မလေးဗျ” ငယ်သံငယ်ရင်းပါအောင် စူးစူး ဝါးဝါး ကြောက်ကြောက်လန့်လန့်နှင့် အော်သံ။ ဘာဖြစ်လို့လဲဆိုတော့ သေနေတဲ့ ဖြူဖပ်ဖြူရော် လူသေရဲ့ ...

ဂျပန် စစ်သားတွေရဲ့ ဦးထုပ်တို့လို အသုံးအဆောင်ပစ္စည်းတွေ တွေ့ရဖူးတယ်လို့ လည်း ပြောကြတယ်။ လူကြီးတွေလည်း ညဘက်အိပ်ရာသွားတဲ့အခါ (အိမ်သာက အိမ်နဲ့ အတော်လေးလှမ်းတယ်) နောက်ကနေ သစ်ရွက်ခြောက်တွေနင်းပြီး လိုက်လာတဲ့ ခြေသံကြားရတာမျိုးတွေလည်း ရှိလာခဲ့တယ်။ အဲဒီတုန်းက တကယ်သရဲခြောက်ခံရတာလို့ ပြန်မှတ်မိခဲ့တယ်။ သို့သော် နောက်ထပ်တော့ တစ်ခါမှ ထပ်မတွေ့ရတော့ဘူး။ ဘယ်နေရာရောက်ရောက် ထပ်အခြောက် မခံရတော့တာပါ။ ဘာကြောင့်လဲဆိုတော့ တဖြည် ဖြည်း လူလားမြောက်လာတဲ့အခါတွေမှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို နေ့စဉ်မမေ့ဘဲ နေ့နေ့ညည ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ ...

အပြင်ထွက်လမ်းလျှောက်ရင်းပြောဖြစ်တယ်လေ။ ညစဉ်ရက်ဆက် ကျော်၀င်း လမ်းလျှောက်ရင်း ဖုန်းပြောဖြစ်နေတဲ့ နေရာက လူပျိုဆောင်ရဲ့ အပေါ်ဘက်မှာ ရှိနေတဲ့ ကတ္တရာလမ်း။ ကုန်းပေါ်က အဆောင်ငယ်လေးရဲ့ အောက်တည့်တည့်မှာ။ အဲ့ဒီ့မှာ ကျော်၀င်း အမြဲလိုဖုန်းပြောဖြစ်တယ်။ နေရာက တိတ်လည်းတိတ်ဆိတ်၊ ပြီးတော့ လမ်းကလေးကလည်း ဖြူးနေတာကိုး။ လသာတဲ့ ညများမှာဆိုရင်တော့ ထိုနေရာလေးက တကယ့်ကို ကြည်နူးဆွတ်ပျံ့ဖွယ်ရာပါပဲ။ ****** ကျော်၀င်း တပ်အသစ်ကို ရောက်တာ နှစ်ပတ်လောက်ကြာခဲ့ပြီ။ ဂျူတီမကျတဲ့ ညတစ်ညမှာတော့…။ လကသာပြီး မီးကပျက်နေတယ်။ ဒါပေမယ့် ကျော်၀င်းကတော့ ထုံးစံအတိုင်းပဲ ဖုန်းပြောမယ်ဆိုပြီး လမ်းပေါ်တက်လာခဲ့တယ်။ ...

ဖြစ်သည်။ မြပါဝင်သော ခွဲခန်းထဲမှာဆိုလျှင် ကျွန်မတို့သည် ဗိုလ်အောင်ဒင်ကို အမြဲတမ်းတလေ့ရှိကြပါသည်။ မေ့ဆေးဆရာဝန်မလေး ချိုရယ်၊ ကျွန်မ၏ လက်ထောက်ဆရာဝန်မလေး အေးသီတာရယ်က အမြဲ တွဲလေ့ရှိသည့် အတွဲများဖြစ်သည်။ ထိုညကတော့ အရေးပေါ်ခွဲစိတ်သားဖွားခန်းထဲသို့ရောက်နေသည့် အေးသီတာ၏နေရာမှာ ရှင့်ကိုကျွန်မရွေးလိုက်ရသည်။ ကိုဘုန်းသက်နိုင်ဟူသော လူတစ်ယောက်ကို ကျွန်မ၏မျက်စိရှေ့အောက်မှာ ခဏခဏမြင်တွေ့ နေခဲ့ရသော်လည်း တစ်ခါမှအတူတွဲပြီး အလုပ်မလုပ်ဘူးခဲ့။ နောက်ဆုံးနှစ် အပိုင်း(ခ)ကို သားဖွားမီးယပ်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ၊ ပထမနှစ် အမ်အက်စ်စီကျောင်းသားလေး ဘုန်းသက်နိုင်သည် ခွဲစိတ်ခန်းထဲမှာ ပါးနပ်မြန်ဆန်သည့် လက်ထောက်ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်နေခဲ့သည်။ ထိုညက ကျွန်မမျက်ရည်ကျခဲ့မိသည့်အဖြစ်ကို ပြန်စဉ်းစားတိုင်း နည်းနည်းတော့ အံ့သြမိ၏။ ...

တယ်၊ ဒီ ကလေးက မဲလုံးကိုမြင်လိုက်တယ်လို့ ပြောနေကြ တာ။ ခက်တော့နေပြီ၊ မဲလုံးက ရေနစ်ပြီးသေတာ တစ်လတောင် မပြည့်သေးဘူး။ သူ့ရဲ့ဆရာမ၊ ကျောင်းကသူငယ်ချင်းတွေကို စွဲလမ်းပြီး လာနေ သေးတာလား မပြောတတ်တော့။ ပြောပြလို့ လည်း မဖြစ်သေးပေ။ ဒါမျိုးဆိုတာကလည်း ယုံ ကြည်သူရှိသလို၊ မယုံကြည်သူရဲ့ရှေ့ ပြောမိရင် ဟာသလုပ်နေဦးမှာ …။ ဒီကိစ္စကို ကျောင်းအုပ် ဆရာမကြီးကို ပြောပြရကောင်းနိုးနိုး ချင့်ချိန်နေ မိသည်။ ကျောင်းအုပ်ဆရာမကြီးကလည်း ဒါမျိုး သိပ်အယုံအကြည်မရှိ။ သွားပြောပြန်ရင်လည်း သူ သေတုန်းက ငါအမိန့်ပြန်ပြီးသားလို့ပြောမှာ။ ...

ဘူးရှင်။ လမ်းလျှောက်ပြီးသားတောင်ရသေး” “အေးပါဟယ် ငါကနင့်လဲမှာစိုးလို့ပြောနေတာအေ့” “မတင်ရဲ့စေတနာကို ကျွန်မနားလည်ပါတယ်ရှင်။ ကဲကျွန်မသွားဦးမယ်နော်……” “အေးအေး နေဦးငါပင့်ပေးမယ် ဖြည်းဖြည်းထ…” မတင်ကစျေးဗန်းအားပင့်ပြီး ခေါင်းပေါ်တင်ပေးလိုက်သည်။ မစိမ်းလဲ့လည်းကျန်နေသေးသည့် ဟင်းရွက်များအားဆက်ရောင်းရန် ထွက်လာခဲ့တော့သည်။ ============== အခန်း(2) “ကိုအောင်မြင့်ရေ ကိုအောင်မြင့်” “ဟာငါ့မိန်းမပြန်လာပြီလား နောက်ကျလိုက်တာကွာ။ ငါတောင်အိမ်ပြန်ရောက်တာကြာပေါ့” “ဟုတ်တယ်တော်ရေ ဗန်းထဲကအရွက်လေးတွေ ကုန်အောင်လှည့်ရောင်းနေလို့ ကြာသွားတာ။ “ဒီမှာခဏထိုင်နေဦး ငါရေသွားခပ်ပေးမယ်…” ကိုအောင်မြင့်လည်း အိမ်ထဲဝင်ပြီး သောက်ရေတစ်ခွက်အားခပ်လာ ခဲ့သည်။ “ရော့ မိန်းမဖြည်းဖြည်းသောက်” “ကျေးဇူးပါတော်” မစိမ်းလဲ့လည်းကိုအောင်မြင့် လက်ထဲမှသောက်ရေခွက်အား ယူပြီးသောက်လိုက်သည်။ “အား…အခုမှပဲ အမောပြေသွားတော့တယ်” ...

တစ်ပိုင်း။နွယ်နီထွန်းကို ကြည့်မရတာကတစ်ပိုင်းဆိုပါတော့။နွယ်နီထွန်းက အစ်ကိုလေးနဲ့အသက်ကွာလှပါတယ်။အစ်ကိုထွေးထက်တောင်ငယ်ချင်သေးတာ။ပြီးတော့ အစ်ကိုထွေး ကိုစိတ်ဝင်စားနေတာလည်း အားလုံးအသိ။အစ်ကိုထွေးက စိတ်မဝင်စားတော့ အစ်ကိုလေးဘက်လှည့်သွားတာ။အစ်ကိုလေးခမျာ တစ်သက်လုံးအလုပ်ပဲကြုံးရုံးလုပ်လာတော့  မိန်းမလည်မိသားစုမှာအငိုက်မိသွားခဲ့တာပါပဲ။ဘယ်သူမှ တားမရဘူး။ဘယ်သူကမှလည်းမတားပါဘူး။ကျွန်မကလွဲရင်ပေါ့။ကျွမကတော့ သဘောမတူတာကိုသိသိသာသာတစ်မျိုး မသိမသာတစ်မျိုးလုပ်ပြနေမိတာ။ပြောရဦးမယ်။နွယ်နီထွန်းနဲ့ကျွန်မတို့ကခြံချင်းကပ်နေတာ။ဒီခြံကိုအမေနဲ့အဖေဆုံးကတည်းကပြောင်းလာတာမို့ သူတို့အကြောင်းအတွင်းသိအစင်းသိတွေ။နွယ်နီထွန်း ကလက်တတ်တတ်နေတာတွေ။ပျင်းတာတွေ။ လိမ်ညာပြောတတ်တာတွေ။ဒါတင်မကသေးဘူး၊နွယ်နီထွန်းမောင်နှစ်ယောက်အတော်ဆိုးတာရော၊သူ့မိဘတွေ လူလည်တွေဖြစ်တာရောအကုန်သိ။ဒါတွေကို အစ်ကိုလေးမသိတာမဟုတ် သိသိနဲ့ဖြစ်နေခဲ့တာ။ *****************       ” နင့်တို့အစ်ကိုလေး..သူ့မိန်းမနဲ့ကွဲသွားပြီတဲ့ သိလား “       အစ်မကြီးရဲ့စကားကို ကျွန်မအသာခေါင်းငြိမ့်ပြလိုက်တယ်။ “သိသားပဲ…အစကတည်းကကွဲမယ်ဆိုတာသိပြီးသား…အငယ်တွေပြောတဲ့စကားကိုဘယ်တုန်းကအရေးစိုက်ဖူးလို့လဲ “ ” အေး ဟုတ်တယ်…ဒင်း(သင်း )အချိုးနဲ့ ဘယ်မိန်းမနဲ့မြဲမလဲ…မောက်မာလွန်းတဲ့ကောင်….အရင်လကငွေလေးသွားချေးမိပါတယ်…ငါ့ကိုပြောဆိုလွှတ်လိုက်တာ “      အစ်မကြီးက မကျေမချမ်းနဲ့အစ်ကိုလေးကို ပြောဆိုနေတော့လည်း ...

နိုင်တော့ဘူး၊ အလုပ်သိပ်လုပ်တဲ့ကိုခိုင် ဒီတော့မှ နားနေရတော့တယ်။ (4.6.2014)မှာ ခြေထောက်စပြီး ထောက်နိုင်တယ် အဲဒီနေ့က ညနေ့ခင်းမှာ ရပ်ကွက်ထဲက မိတ်ဆွေကိုတင်မင်း ဆိုက်ကယ်အတိုက်ခံရပြီး နံရိုးသုံးချောင်းကျိုးသွားတယ် နယ်ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို သွားဖို့ ညွှန်တယ် ဒီသတင်းလဲ ကြားရော ကိုခိုင့်ထော့ကျိုးထော့ကျိုးနဲ့ ထ,ထလာတယ် သူမိန်းမ မကြည်က သူအထာကို သိတယ် “တော်၊ ဘာလုပ်ဦးမလို့လဲ၊ ကိုယ်လည်းခြေထောက် ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ…” “မဟုတ်ဘူးဟ၊ ကိုတင်မင်းက ထနိုင်မှာ မဟုတ်ဘူး၊ သူ့ကို ချီဖို့ ပွေ့ဖို့ လူလိုတယ်၊ ...