ကြတာလို့ ပြောပြဖူးပါတယ်… #၄#အသုဘချရင် အလောင်းစင်ကို လမ်းမှာ ချလို့ မရဘူး…နားလို့လဲ မရသလို…ပြုတ်ကျလို့လဲ မရဘူး…အကျိုးအကြောင်းမတိုက်ဆိုင်လုိ့ ပြုတ်ကျတာ တစ်ခုခုဖြစ်လို့ အောက်ချရတာဖြစ်ခဲ့ရင် ရွာနာတယ်…ကပ်ဆိုးနဲ့ ကြုံတတ်တယ်…လူတွေဆက်တိုက်သေတတ်တယ်….အဲလိုတွေဖြစ်တတ်တာ သိလို့…အလောင်းစင်သယ်လာတဲ့ လမ်းတစ်လျှောက်မှာ မကောင်းဆိုးဝါးတွေက ပြုတ်မကျ ကျအောင် နှောက်ယှက်တတ်ကြတယ်… အလောင်းစင်ကို စောင့်တွန်းတာ…တက်ခွစီးတာ…မလေးလေးအောင် ခိုစီးတာ…အခေါင်းထမ်းလာသူတွေ ချော်လဲအောင် လုပ်တာ စသည်ဖြင့် လုပ်တတ်ကြတယ်… အဲဒါကို သိနေလို့ အခေါင်းစင်ထမ်းသူတွေရဲ့ ဘေးနားမှာ အမြဲတမ်း အရံလူတွေကဝိုင်းရံပေးထားရတယ်…ထမ်းနေသူတွေထဲက ထမ်းနေရင်း အခေါင်းက တစ်ခုခုထူးခြားလာတာ…သူထမ်းနေတဲ့ ဘက်က လေးလာတာ…သူထမ်းနေတဲ့ ဘက်ကို စောင်းလာတာ…စသည်ဖြင့် ...

လေသည်။ အမဲပစ်ရာတွင် သုံးသည့်လက်နက်များကို လည်းပြင်ရလေသည်။ ရွာထဲတွင် သာဒင်၊ ထွန်းအောင်၊ တင်ထွန်းတို့ သုံးယောက် အမဲပစ်သွားမည့်ဟု သိရသည့်နှင့် တောကောင်သား လာရောက်မှာသူများက စည်းကားနေတော့သည်။ “ဖြူရေ့.. ဒီတခါ အမဲပစ်ကတော့ ကြာမယ်ထင်တယ်ကွ..” “ဘာလို့လဲတော်..” “အမဲမှာတဲ့လူများတယ်ကွ…” “ရှင်လည်း.အမဲပစ်တာ စွန့်လွှတ်ပါတော့လားရှင်..” “ဘာလို့လဲ.. ဖြူ ရဲ့..” “ဒီ အကုသိုလ်အလုပ်တွေ မလုပ်စေချင်လို့ပါ..” “ဒါပေမဲ့.. ဖြူရယ်.. သစ်ခုတ်ဝါးခုတ် အလုပ်ကလည်း သိပ်အဆင်မပြေဘူး.. ဒီအလုပ်ကပဲ အဆင်ပြေတာ.. ဖြူလေးလည်း.. သိနေတာပဲ.. ပြီးတော့.. ကိုယ်တို့. ဘဝထဲကို ...

” ချက်ဖောင်းက ကျုပ်ကို ပြန်မေးတာဗျ။ “ဘိုးငွေတိုးဆီမှာ နှမ်းမျိုး လာသယ်တာကွ၊ ချက်ဖောင်းရ” “ကဲ ဒီလိုလုပ်ကွာ၊ ဝင်းမြင့်နဲ့ အောင်ဗလက တာတေနဲ့ လိုက် သွားကြ၊ တာတွေကို ကူစရာရှိတာတွေ ကူကြကွာ၊ ချက်ဖောင်းရယ်၊ ငါရယ်က ကိုကြွက်ထန်းတောကို သွားနှင့်မယ်၊ အဲဒီကနေ အဆင်သင့် ပြင်ပြီးစောင့်နေမယ်၊ တာတေ တို့ရွာကို တစ်ခါတလေရောက်တုန်း ဧည့်ဝတ်ပြုကြရမှာပေါ့ကွာ၊ ဟုတ်ဘူးလား ချက်ဖောင်း” “ဒါပေါ့ ချစ်ညိုရာ၊ တာတေလာတုန်းလေး ပြုစုကြရမှာပေါ့ကွာ” ချစ်ညိုစီစဉ်တဲ့အတိုင်း ဝင်းမြင့်နဲ့ အောင်ဗလက ကျုပ်လှည်းပေါ်ကို တက်ကြတယ်။ ...

ကပါလာရတာလဲ….” ” မေးမနေပါနဲ့တော့အမေရာ….သားချစ်သူစိတ်ဆင်းရဲတာမမြင်ချင်ဘူး….” ” စိတ်ဆင်းရဲစေချင်လို့အမေမေးတာမဟုတ်ဘူးသား…ဒီကောင်မလေးရဲ့မိဘတွေကကော ဒီကိစ္စကိုသဘောတူမတဲ့လား….အမေတို့ရဲ့အခြေအနေကို ကောင်မလေးမိဘတွေကသိပြီးပြီလား…. သူများသားသမီးကိုယူထားရင် သူ့မိဘအိမ်လောက်မသာရင်တောင် အဲထက်မလျော့ရဘူးသားရဲ့….ခုအမေတို့အခြေနေက….အဟင့်….” ဒေါ်မြဆင့်ကပြောရင်း ရှိုက်သံထွက်ကာပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာခဲ့သည်။ သားဖြစ်သူအရွယ်ရောက်ပြီကို သိသော်လည်း စားဝတ်နေရေးကရှိသေးသည်။ တစ်နေ့လုပ်မှတစ်နေ့စားရသူများပေမို့ အနေအစားဆင်းရဲသည်။ ” ကဲပါအမေရယ်….သားတာဝန်ယူနိူင်လို့ခေါ်လာခဲ့တာပေါ့….အမေ့ကိုရော ချယ့်ကိုရော မပင်မပန်းဘဲ လူလည်းလှ ဝမ်းလည်းဝ ထားနိူင်အောင်သားကြိုးစားပါ့မယ်….” ” အမေရယ် မငိုပါနဲ့ ဘယ်လိုအခြေနေဘဲဖြစ်ဖြစ် မောင်ရှိရင်သမီးနေနိူင်ပါတယ်… သမီးကိုလည်း အမေ့သမီးအရင်းတစ်ယောက်လိုပြောဆိုဆုံးမပေးပါ….” ” အေးပါကွယ်….သားတို့သမီးတို့ပင်ပန်းလာကြရောပေါ့ နားလိုက်ကြပါဦး ….အမေလည်းနေမကောင်းလို့ခနနားလိုက်ဦးမယ်…” ဒေါ်မြဆင့်က ဝမ်းနည်းသည့်အမူအရာဖြင့် တဘက်သို့လှည့်ကာ အိပ်နေလိုက်၏။ ************************** ...

ရောက်လာကာ ကျွန်တော့ဇနီးသည်နှင့် ပလဲနံပသင့်နေခြင်းကို ယခုမှ သတိရလာမိသည်။ “ဪ ခင့်ဆီ လာလာနေတဲ့ အရုပ်ဆိုးဆိုး၊ မျက်လုံးကလေး ပြူးကြောင်ကြောင်နဲ့ အမယ်ကြီးဟာလား၊ နာမည်က ဒေါ်အိုဇာတဲ့လား” “ဟုတ်တယ်၊ ဟုတ်တယ်၊ ဒေါ်အိုဇာတဲ့” “အေး အေး သူ့ရုပ်မြင်တော့ ကာတွန်းထဲက စုန်းမကြီး ဒေါ်အိုဇာကို သွားသတိရတယ်ဟဲ ဟဲ၊ အင်း ဘာဖြစ်သလဲ” “အို မောင်ကလဲ မရှိ ခိုးနိုးနိုး မလှ စုန်းနိုးနိုးဖြစ်လိုက်တာ၊ သူ့ခမျာကို မပြောပါနဲ့။ သနားပါတယ် မောင်ရယ်။ သိပ်သဘောကောင်းရှာတာ” ခင်က စောဒကတက်လိုက်စဉ်အတွင်းကလေးမှာ ...

ရွာထဲက ဦးလေးကြီးတစ်ယောက်ကို နားအုံချည်းပိတ်ရိုက်တာ ဟိုက နားတစ်ဖက်ကန်းသွားသတဲ့၊ ဒါကြောင့်လည်း သူကြီးသိရင် နားကန်းမယ်ဆိုတဲ့ စကားဖြစ်လာတာပေါ့။ ကြက်ဝိုင်းလုပ်မယ့်နေရာက တောထဲက ဘုရားသုံးဆူနားမှာလုပ်မှာ၊ ဘုရားသုံးဆူဆိုတာ တောင်ကမူကလေးတစ်ခုဗျ၊ အဲဒီအနားမှ ဘယ်ခေတ်ကတည်သွားမှန်းမသိတဲ့ဘုရားပျက် သုံးဆူရှိလို့ ဘုရားသုံးဆူကုန်းလို့ခေါ်ကြတာ၊ သရဲခြောက်လို့ ရွာကလူတွေမသွားဝံ့ကြတဲ့နေရာပေါ့၊ အခုတော့ နေ့လည်နေ့ခင်းကြီးလည်းဖြစ်၊ ကြက်ဝိုင်းကိုလည်း အပေါင်းအသင်းတွေနဲ့သွားတာဆိုတော့ မကြောက်တော့ဘူးပေါ့ဗျာ။ ကြက်ဝိုင်းလုပ်မယ့် ဘုရားသုံးဆူနေရာကိုရောက်တော့ လူတွေကရှင်းနေတယ်ဗျ၊ ကျုပ်တို့ကာလသားထဲမှာ ကြက်ဝါသနာပါတဲ့လူတစ်ယောက်လည်းပါတယ်၊ သူကလည်း ကြက်ကလေးပိုက်လာတာပေါ့ဗျာ၊ ကျုပ်တို့ခြောက်ယောက် ပထမဆုံးရောက်တယ်၊ နောက်တော့ မန်ကျည်းကိုးပင်ရွာက လူငါးယောက်လောက်ရောက်လာကြတယ်၊ နောက်ဆုံးတော့ တန်းမြင့်ရွာဘက်က လူငယ် ...

ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ကို မသိတာ ” “အဲ့တော့ ဘာဆက်ဖြစ် လဲ ဘကြီး ” “ဘာဖြစ်ရမှာလဲ ငါ နဲ့ မင်းအဘ မူနေချိန် ဟို မသာမလေး နှစ်ယောက်က မင်းအဘကို မိုးကြိုးစက် တောင်ဝှေးအကြောင်းမေးပြီး မင်းတို့ ဆီကနေ လာ သုတ်သွားတာ ပဲ ” “ဩော်…သိပြီ သီပြီ ” ထို့‌ေနာက် မောင်ဘိုးထင် သည် ဦးအုန်း အနားသွားကာ “ဘာတဲ့ မိုးကြီးစက်တောင်ဝှေး ...

ရန်အဖွားယုကစပါးတွဲများဝယ်ကာချိတ်ဆွဲပေးထားသည့်အပြင် သစ်ပင်ခြေရင်းတွင်အမှိုက်များလှည်းပြီးအင်တုံးကလေးများဖြင့်ရေထည့်ကာဌက်ကလေးများ သောက်ရန်ချထားပေးထားသည်ထို့အပြင်လေးပေလောက်မြင့်သောသစ်သားစင်ကလေးရိုက်ကာ ထမင်းပိုဟင်းပိုများဆန်ကွဲများကိုတင်၍ဌက်များအားနေ့စဉ်ဒါနပြုလုပ်လေ့ရှိသည်။ ထို့ကြောင့်အဖွားယုခြံကွက်ထဲတွင်အစာလာစားသောဌက်မျိုးစုံဖြင့်စည်ကား၍နေလေသည်။ အဖွားယုရဲ့ဌက်တွေအပေါ်ထားသောစေတနာအားဌက်တွေကလဲအဖွားယုအားကျေးဇူးတုန့်ပြန်တတ်သည်။ ကျီးသာလျှင်ဧည့်သည်လာလေ့ရှိသည်ဟုအများကယူဆထားသည့်အတိုင်းအဖွားယုအိမ်ကျီးသာလျှင် ဧည့်သည်လာမည့်အရပ်ဘက်လှည့်၍အသံပေးတတ်သည်အဖွားယုသည်ဘယ်လိုမှတ်သားထားသည်တော့မသိပါ ကျီးသာသည်နှင့်ဘယ်အရပ်ကဧည့်သည်ဘယ်နှစ်ယောက်လာမည်ဟုကြိုတင်သိနေတတ်သည်။ မိုးဦးကာလများတွင်ခြံထဲကဌက်တွေကြည့်ရင်းဒီနှစ်တော့မိုးကောင်းမယ်မကောင်းဘူးဟုလည်းကြိုတင်ဟောကိန်းထုတ်တတ်ပြန်သည်။ တခါတရံဌက်အော်သံကိုနားထောင်းရင်းဒီနေ့တော့သတင်းဆိုးကြားရမည်ဟုဆိုပြန်ကာ အဖွားယုပြောသည့်အတိုင်းအမျိုုူ းများအသိများထဲကနာရေးသတင်းကြားရတတ်လေသည်။ တခါတလေတွင်လည်းသစ်ပင်ပေါ်ကစာဗူးတောင်းဌက်အသိုက်ဆောက်နေသည်ကိုစိတ်ဝင်တစားထိုင်ကြည့်နေတတ်ပြန်သည်။ အဖွားယုခြံထဲအလည်လာသောဌက်မျိူ းစုံရှိသည့်အနက်ရှားပါးဌက်အမျိူ းအစားများပင်တွေ့ရတတ်လေသည်။ တနေ့တွင့်အိမ်ဘေးသစ်ပင်မှဌက်များဆူညံစွာအော်လိုက်အိမ်ရှေ့တွင်ပျံဝဲနေလိုက်ဖြင့် အန္တရယ်တခုခုအားတွေ့နေသည့်အလားအသိပေးသလိုယောက်ယက်ခတ်နေသည်။ ဌက်တွေရဲ့ထူးဆန်းမှု့ကြောင့်အဖွားယုမြေးကလေးဝါဝါကအပြင်ထွက်၍ကြည့်ရာအိမ်ဘေးကသစ်ပင်ကြီးပေါ်သို့ ကြီးမားသောမြွေကြီးတကောင်တက်နေသည်ကိုမြင်ရလေသည်ထို့ကြောင့်ဌက်ကလေးများက အဖွားယုအားအသိပေးနေခြင်းအကူအညီတောင်းနေခြင်းဖြစ်ပုံရလေသည်။ ဝါဝါသည်ထိုမြွေကြီးအားမြင်သည်နှင့်ကြောက်လန့်စွာအော်လေသည်။ ””အဖွားယုရေ—-အဖွားရေ—-မြွေ—မြွေ—-””’ အဖွားယုရောက်လာသောအခါထိုမြွေကြီးသည်သစ်ပင်ခွကြားအသိုက်ထဲမှဌက်ပေါက်စကလေး များကိုစားလိုက်လေသည်ထိုအခါဌက်ကလေးများရဲ့အော်သံသည်ဆူညံစွာပို၍ကျယ်လာလေသည်။ ဌက်ကလေးများကသစ်ပင်ပေါ်ပျံဝဲကာအလန့်တကြားအော်ဟစ်နေသံကအဖွားယုရင်ကိုထိခိုက်သွားစေသည်။ ဒါနဲ့အဖွားယုကဘေးခြံကကောင်ကလေးအားမြွေကိုခြောက်လှန့်မောင်းထုတ်ရန်ခေါ်ခိုင်းလိုက်သည်။ ထိုကောင်ကလေးရောက်လာတော့မြွေအားလေးခွနှင့်လှမ်းပြစ်ကာမောင်းထုတ်လိုက်ရသည်။ ””’အဖွားယု—-ကျွန်တော်ဒီမြွေကိုသတ်လိုက်ရမလား—-ဒီမြွေကသူ့အတွက်အစာကဒီမှာရှိနေတော့—-နောက်လဲလာစားနေမှာပဲ——-ဒီအနီးအနားတဝှိက်မှာတော့——-မြွေတွင်းရှိမယ်ထင်တယ်အဖွားရဲ့—–””’ အိမ်ဘေးကကောင်ကလေးပြောသောစကားကိုစိတ်ကောင်းရှိသောအဖွားယုကလက်မခံပါ ”””သားရယ်မသတ်ပါနဲ့ကွယ်—–အဖွားမေတ္တာပို့ကြည့်ပါအုံးမယ်——””’ ထိုညကအဖွားယုထူးဆန်းသောအိမ်မက်ကိုမက်နေသည်အိမ်မက်ထဲတွင် နေ့လယ်ကသစ်ပင်ပေါ်ကဌက်ပေါက်စလေးတွေစားသွားသောမြွေကြီးသည် အဖွားယုခြံထဲတွင်ခွေနေရာအဖွားယုကအပြင်သို့မောင်းထုတ်ရန်ပြင်လိုက်သည်နှင့် ထိုမြွေသည်မိန်းမတစ်ယောက်အသွင်ပြောင်းသွားကာရှေးခေတ်အဝတ်အစားများစားထားကာကြွယ်ဝပုံရလေသည်။ ကိုယ်ခန္တာတွင်လဲရွှေများအပြည့်ဝတ်ဆင်ထားကာခက်ထန်သောမျက်နှာပုံစံရှိကာအဖွားယုအားပြောလိုက်သည်။ ””’နေ့ခင်းကကျွန်မကိုမသတ်ခိုင်းတာကျေးဇးူတင်တယ်—–ဒါပေမဲ့ခါးမှာတော့လေးခွနဲ့ပြစ်လို့ဒဏ်ရာရသွားတယ်—-”” ”””အဲဒါဆိုခြံထဲကိုနောက်ထပ်လာမနှောက်ယှက်ပါနဲ့—–ငါကဌက်ကလေးတွေကို—-အစာကြွေးပြီးကုသိုလ်ယူနေတာပါ””’ ”” ...

နေလို့ပါ” မနှင်းကြည်က ကျွန်တော့်ကိုမျက်စောင်းထိုးလိုက်တယ်၊ ပြီးတော့ သစ်ရွက်ခြောက်တွေကျုံးနေရင်း “ရှင့်ကိုပြောတာမဟုတ်ပါဘူး၊ ရွာလယ်ပိုင်းက ကိုထွေးအကြောင်းပြောနေတာပါ” ကျုပ်လည်းအထင်နဲ့အမြင် တက်တက်စင်အောင်လွဲသွားတာပေါ့၊ ဒါနဲ့ပဲ မချိသွားဖြဲလေးလုပ်လိုက်ရတာပေါ့ဗျာ၊ ကျုပ်ကိုမွှေသွားတဲ့ ဖိုးတွမ်တီးကတော့ ရယ်လိုက်တာ ခွက်ထိုးခွက်လန်ပဲ။ မနှင်းကြည်ထွက်သွားတော့မှ ကျုပ်နားကိုကပ်လာတယ်။ “ကျွန်တော်တို့ ငှက်ပစ်သွားရအောင်ကိုကြီး” “ဟာကွာ၊ စောစောစီးစီး အကုသိုလ်အလုပ် မလုပ်ချင်ပါဘူး” “ပြီးရောလေ မလိုက်ချင်ဘူးဆိုတော့လည်း မခေါ်တော့ပါဘူး၊ ဒေါ်လေးကိုပဲ သွားပြောရတော့မယ်” သူ့မျက်ခွက်က အမြင်ကပ်စရာကောင်းအောင်လုပ်ထားတာဗျာ၊ ခင်ဗျားတို့မြင်အောင် မပြောပြတတ်ဘူး၊ ကျုပ်လည်း မတတ်သာတာနဲ့ ခေါင်းညိတ်လိုက်ရတာပေါ့။ (၂) မနက်ခင်းထမင်းစားပြီးတော့ ကျုပ်တို့နှစ်ယောက်ထွက်လာတာပေါ့၊ အိမ်မှာလည်း ...

အခိုက ဆွဲယူလိုက်လေသည်။ “နောက်တော့ ဘိုမ ရည်းစားထားတော့ သိမယ်လေ” ဟုလည်း ပြောလိုက်ချေသေးသည်။ ဘိုမသည် မျက်နှာကို အတည်ကြည်ဆုံးထား၍ တင်းသော ဣန္ဒြေနှင့် “ရှက်စရာကြီး မထားပေါင်ဘူး”ဟု ဆိုလိုက်သည်။ “မတွေ့ သေးလို့ပါ” စာရွက်ကို ခေါက်လျက် ချွေးခံအိတ်ထဲသို့ ခိုးကြောင်ခိုးဝှက် ထိုးထည့် နေပုံကို တလှည့်၊ မျက်နှာကို တလှည့် ကြည့်ကာ အားမကျမိသည့်အပြင် မခံချင်တင်တင်ပင် ဖြစ်လာလေသည်။ “အခို့မျက်လုံး ဒေါက်ထောက်ကြည့်လေ။ ဘိုမ အမေတို့ ကွယ်ရာမှာ ရည်းစားထားမလား၊ မထားဘူးလား” ကိုယ့်ထက် အဆနှစ်ဆယ်လောက်ငယ်သော ...