ရွာမှောက်ခြင်း


ချက်ဖောင်းက ကျုပ်ကို ပြန်မေးတာဗျ။

“ဘိုးငွေတိုးဆီမှာ နှမ်းမျိုး လာသယ်တာကွ၊ ချက်ဖောင်းရ” “ကဲ ဒီလိုလုပ်ကွာ၊ ဝင်းမြင့်နဲ့ အောင်ဗလက တာတေနဲ့ လိုက် သွားကြ၊ တာတွေကို ကူစရာရှိတာတွေ ကူကြကွာ၊ ချက်ဖောင်းရယ်၊ ငါရယ်က ကိုကြွက်ထန်းတောကို သွားနှင့်မယ်၊ အဲဒီကနေ အဆင်သင့် ပြင်ပြီးစောင့်နေမယ်၊ တာတေ တို့ရွာကို တစ်ခါတလေရောက်တုန်း ဧည့်ဝတ်ပြုကြရမှာပေါ့ကွာ၊ ဟုတ်ဘူးလား ချက်ဖောင်း”
“ဒါပေါ့ ချစ်ညိုရာ၊ တာတေလာတုန်းလေး ပြုစုကြရမှာပေါ့ကွာ”
ချစ်ညိုစီစဉ်တဲ့အတိုင်း ဝင်းမြင့်နဲ့ အောင်ဗလက ကျုပ်လှည်းပေါ်ကို တက်ကြတယ်။ ချစ်ညိုနဲ့ ချက်ဖောင်းက ရွာတောင်ဘက်က ကိုကြွက် ထန်းတောကို သွားကြရောဗျို့။

ဘိုးငွေတိုးတို့ဝိုင်းကိုရောက်တော့ …
““ဟဲ့ တာတေပါလား၊ အေး နင့်ဘိုးကတော့ ပြောသား၊ ဒီရက်ထဲ တာတေ လာလိမ့်မယ်တဲ့၊ နှမ်းမျိုးလာသယ်မှာဆို” “ဟုတ်တယ် အရီးရဲ့၊ အဘခိုင်းလို့ နှမ်းမျိုးလာသယ်တာဗျ” “အေး အေး၊ လာ လာ၊ ဒီမှာ နင့်ဘိုးလည်း ရှိတယ်” ကျုပ်တို့ ဝိုင်းထဲဝင်ပြီး နွားတွေဖြုတ်လိုက်တယ်။ “တာတေရေ မင်းနေဦးမှာမို့လား”
“နေဦးမှာ ဘိုးရေ၊ ဝင်းမြင့်တို့ အောင်ဗလတို့ လှည်းစီးပြီး လိုက်လာ တာသာ ကြည့်တော့ဗျို့။

‘ဟား ဟား ဟား၊ ဒီကောင်တွေကတော့ကွာ ထန်းတောသွားဖို့ အကြောင်းရှာနေကြတာကွ၊ အခုတော့ အကြောင်းရသွားပြီပေါ့ကွာ၊ ဒို့ ချစ်ညိုတို့ ဒူးရှည်ညီတို့ကော မတွေ့သေးဘူးလား

“ဟာ ဘိုးမေးတာ နောက်တောင်ကျနေပေါ့ ဘိုးရာ၊ အဲဒီ နှစ်ကောင်က ထန်းတောက သွားစောင့်လို့ပျို့

“ဟေ..ဟား ဟား ဟား၊ ချစ်ညိုတို့၊ ချက်ဖောင်းတို့ကဘော့ ဒါမျိုးဆိုရင် လွှတ်စိတ်ချရတဲ့ကောင်တွေကွ”

“နွားတွေကို တင်းကုတ်ထဲ တစ်ခါတည်း ထည့်လိုက်ဟေ့၊ ဘိုးရေတိုက်ပြီး အစာကျွေးထားမယ်၊ မင်းတို့ သွားမှာသာသွား၊ နေဦး တာတေ၊ ထမင်းစားချိန် ပြန်လာမှာမို့လား၊ မင်းအရီး ဟင်းကောင်းချက် ထားလိမ့်မယ်” “ဟာ မစားတော့ဘူး ဘိုးရေ၊ ဒီနေ့တော့ ကျုပ်တို့သူငယ်ချင်းကို ကျုပ်တို့ပဲ ကျွေးပါရစေဗျာ”
အောင်ဗလက ပြန်ပြောလိုက်တာဗျ။
“ဟဲ့ ဟုတ်ပါ့မလား၊ တော်ကြာ ကိုဉာဏ်တို့ အစ်မငွေစိန်တို့က တာတေ့ကို ထမင်းမကျွေးလိုက်လို့ တို့ကို အပစ်တင်နေပါဦးမယ်တော်” “မတင်ပါဘူး အရီးရယ်၊ အဘတို့ အမေတို့ကို ကျုပ်ပြန်ပြောပါ့မယ်”
လို့ ကျုပ်က ပြောတော့မှ ဘိုးငွေတိုးတို့ အရီးတို့က ကျေနပ်သွား ကြတာဗျို့။

ကျုပ်လည်း လှည်းတွေ၊ နွားတွေ ထားခဲ့ပြီးတော့ ဝင်းမြင့်တို့ အောင်ဗလတို့နဲ့ ငွေတွင်းကုန်းတောင်ဘက်က ကိုကြွက်ထန်းတောကို ထွက် လာခဲ့ကြတယ်။

ထန်းတောရောက်တော့ ချက်ဖောင်းနဲ့ ချစ်ညိုက စားစရာ သောက် စရာတွေကို အဆင်သင့် ပြင်ထားကြပြီဗျ၊ ထမင်းစားဖို့လည်း ကိုကြွက် မိန်းမ မလုံးကြည်ကို ပိုက်ဆံပေးပြီး ကြက်တစ်ကောင် ချက်ခိုင်းထားကြတယ်။

ထန်းရည်ကလည်း ကောင်းချက်ဗျာ။ အမြည်းတွေကလည်း စုံပါ့။ ကျုပ်တောင် ဒီကောင်တွေကို အားနာလာတယ်။ သူငယ်ချင်းတွေ မတွေ့ တာကြာတော့ ထန်းရေသောက်လိုက် စကားပြောလိုက်နဲ့ နေ့လယ်စာစားဖို့ ချက်ခိုင်းထားတဲ့ ထမင်းတွေ ဟင်းတွေကို ညနေ ငါးနာရီလောက်မှ စားဖြစ် ကြတယ်။

အားလုံးစားသောက်ပြီးတော့ ဘိုးငွေတိုးဝိုင်းကို ပြန်လာကြတယ်။ လှည်း ကောက်ပြီး နှမ်းအိတ်တွေ တင်ကြတယ်။ ပြီးတော့ ဘိုးငွေတိုးကို အဘပေး ခိုင်းတဲ့ငွေတွေ ပေးရတယ်။ ပြီးတော့မှ ကျုပ်လှည်းမောင်းပြီး ငွေတွင်း ကုန်းက ထွက်လာခဲ့တယ်။

ရွာပြင်ရောက်လို့ သိပ်မကြာဘူးဗျ။ မိုးချုပ်သွားပြီ။ ကျုပ်လည်း ထန်းရည်လေး ခပ်ထွေထွေနဲ့ လှည်းလမ်းအတိုင်း မောင်းလာခဲ့တယ်။ ဒီလမ်းတွေကိုတော့ ဒီအနီးအနားရွာတွေက နွားတွေအဖို့ မျက်စိမှိတ်ပြီးသွားတောင် မမှားနိုင်တဲ့လမ်းတွေပေါ့ဗျာ။ ကျုပ်လည်း ထန်းရည်လေးက ထွေနေ၊ ဗိုက်ကလည်း ပြည့်နေတော့ မျက်စိလေးလာရောဗျ။ သတိထားနေ တဲ့ကြားကကို ကျုပ် လှစ်ခနဲ အိပ်ပျော်သွားတာဗျို့။
ကျုပ်လန့်နိုးလာတော့ လှည်းလမ်းကို ကြည့်လိုက်တာ ဘယ်နေရာ မှန်းကို ကျုပ်မသိတော့ဘူးဗျ။

ကျုပ်လှစ်ခနဲ ငိုက်သွားလိုက်တာ ဘယ်လောက်ကြာသွားမှန်း ကျုပ်မသိဘူး။ အခုရောက်နေတဲ့ နေရာကို ကျုပ်ဖြင့် တစ်ခါမှကို မတွေ့
ဘူးတာဗျ။

ကျုပ်စဉ်းစားတယ်။ ငွေတွင်းကုန်းကလာတဲ့ လှည်းလမ်းဟာ မီလောင်ကုန်းကို တန်းရောက်တာပဲ။ တခြားဘယ်ကိုမှ ရောက်စရာမရှိပါဘူး။ မီးလောင်ကုန်းကို ရောက်ရင်လည်း လှည်းလမ်းက မြောက်ကိုကွေ့သွားပြီး ကျုပ်တို့ရွာကို တန်းရောက်မှာပဲ။ နွားတွေကလည်း ကိုယ့်ရွာကို ကိုယ်သိနေ တာပါ။

အခုဟာက ဘယ်တွေရောက်နေမှန်းကို ကျုပ်မသိတာ ဗျ။လှည်းလမ်းဘေး တစ်ဖက်တစ်ချက်မှာ သစ်ပင်တွေ တန်းနေတာ ဗျ။ မန်ကျည်းပင်တွေရော တမာပင်တွေရော ထနောင်းပင်တွေရောဗျို့ ။ ကျုပ်မျက်စိတဆုံး အပင်တွေတန်းလို့ဗျ။ လှည်းလမ်းရဲ့ တစ်ဖက်စီမှာက ယာခင်းကြီးတွေဗျာ။ မျက်စိတဆုံး စိမ်းနေလိုက်တာ။ ပဲခင်းကြီးတွေဗျ။ ကျုပ်တို့ဘက်တွေမှာက အခုမှ ထွန်ကြတုန်း။ တချို့လည်း နည်းနည်းပါး ပါးလောက်တော့ နှမ်းကြဲ ပဲကြဲ ရှိကြတယ်။ ဒီလောက်သန်တဲ့ ပဲခင်းကြီး တွေ ဘယ်မှာမှ မရှိသေးပါဘူး။ ပြီးတော့ လှည်းလမ်းကြီးကလည်း ဘယ်အထိသွားမယ်မှန်းကို မသိတာဗျ။ ရှည်လိုက်တဲ့ လှည်းလမ်းကြီးဗျာ။

လပြည့်ကျော်တစ်ရက်ညဆိုတော့ ကောင်းကင်မှာ လကြီးက သာလို့ဗျ။ ဒါပေမဲ့ မိုးသားတွေ ခပ်ပါးပါးရှိတော့ စင်စင်ကြယ်ကြယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ လင်းတော့ လင်းနေတာပါပဲ။ ပဲခင်းကြီးတွေကို အတိုင်းသား မြင်နေရတာဗျ။

———————————————————————–
နွားတွေကတော့ ခပ်မှန်မှန်ပဲ သွားနေကြတာဗျ။ ကျုပ်စိတ်ထဲမှာလည်း ကြောက်သလိုလိုတော့ ဖြစ်လာတယ်ဗျို့။ ဘေးဘီကို လှည့်ပတ်ကြည့်တော့ လည်း ယာခင်းကြီးတွေကလွဲရင် ဘာမှမတွေ့ဘူး။
ဟော တွေ့ပြီဗျို့။ တွေ့ပြီ။ ဟိုရှေ့တည့်တည့်မှာ ဘုရားလေးတွေဗျ။ လရောင်ဝါးဝါးလေးအောက်မှာ ထုံးဖြူဖြူလေးတွေနဲ့ စမ္ပာယ်နေတာဗျ။

ဟာ ရွာဗျို့။ ရွာတွေ့ပြီ။ စေတီလေးတွေရဲ့ နောက်မှာရွာဗျ။ သွမိုးဖြူဖြူ နဲ့ အိမ်တွေတောင်မြင်နေရပြီ။ ကျုပ်က နွားနှစ်ကောင်ကို နှင်တံနဲ့ နည်းနည်းတို့ပေး လိုက်တယ်။ နွားတွေက ခပ်သွက်သွက် ရုန်းကြတော့တာပေါ့ဗျာ။

ရွာနဲ့တော့ တဖြည်းဖြည်း နီးလာပြီဗျ။ လှည်းလမ်းက ရွာဘေးက ကွေ့သွားတာဗျို့။ ဟော ရှေ့မှာ လူသုံးယောက်ဗျ။ ယာထဲက ပြန်လာတဲ့ ရွာသားတွေဖြစ်မယ်။ ကျုပ်လှည်းနားကိုရောက်တော့ ကျုပ်က လှည်းရပ်ပြီး မေးလိုက်တယ်။

“နောင်ကြီးတို့က ဒီရွာကလားဗျ” ရှေ့ဆုံးကလူက မော့ကြည့်ပြီး… “အေး ဟုတ်တယ်”
““ဒီရွာကို ဘာရွာလို့ ခေါ်တုန်းဗျ” “ဖရဖြူ ရွာလို့ ခေါ်တယ်ကွ”
“ဗျာ၊ ဖရဖြူ ဟုတ်လား၊ နို့ နေပါဦး နောင်ကြီးရဲ့ ထနောင်းကုန်း တို့ ဘန့်ဘွေးကုန်းတို့က ဘယ်ဘက်က သွားရတုန်းဗျ
..
“ဟေ – – -ထနောင်းကုန်း ဟုတ်လား၊ တစ်ခါမှ မကြားဖူးဘူးကွ၊ ဘယ်က လာခဲ့တာတုံး”

မင်းက အခု

“ကျုပ်က ငွေတွင်းကုန်းက လာတာဗျ
“ဘာ ငွေတွင်းကုန်း ဟုတ်လား၊ တစ်ခါမှ မကြားဖူးဘူးကွ” ““ဒါဆိုရင် ဒီလှည်းလမ်းအတိုင်း ဆက်သွားရင် ဘယ်ကိုရောက်မှာတုံးဗျ”
“ဒီလှည်းလမ်းအတိုင်းဆက်သွားရင် တလားပေါ်တို့ ဂူသုံးလုံးတို့ ခရေနှစ်ပင်တို့ကို ရောက်မှာလေကွာ””
“ဗျာ”

ရွာသားသုံးယောက်က ဒါပဲပြောပြီး ဆက်လျှောက်သွားကြရော ဗျို့။ ကျုပ်လည်း လှည်းကြီးရပ်ပြီး ဘာဆက်လုပ်ရမှန်း မသိတော့ဘူးပေါ့ ဗျာ။

ကဲ ဖြစ်ချင်ရာဖြစ်တော့ကွာ ဒီလမ်းအတိုင်း ဆက်သွားတော့မယ် လို့ စိတ်ဆုံးဖြတ်လိုက်ပြီး နွားတွေကို နှင်တံနဲ့ တို့လိုက်တယ်။ နွားတွေ လည်း ဆက်သွားတော့တာပေါ့ဗျာ။

ကြက်သီးတွေဆိုတာ ဖြန်းကနဲ ဖြန်းကနဲ ထလိုက်တာဗျာ။ ခင်ဗျား တွေးကြည့်လေ။ ညကြီးမိုးချုပ်မှာ ယာတောကြီးတွေအလယ်က လှည်း လမ်းကြောင်းမှာ ကျုပ်တစ်ယောက်တည်း လှည်းတစ်စီးနဲ့လေဗျာ။ တစ်ခါမှ ကို မကြားဘူးတဲ့ ရွာတွေကို ရောက်လို့ဗျာ။

တကယ်က ငွေတွင်းကုန်းကနေ လှည်းတစ်နာရီလောက်မောင်းရင် မီးလောင်ကုန်းကို ရောက်ရမှာလေဗျာ။ နောက်ထပ်နာရီဝက်လောက် ထပ် မောင်းရင် ကျုပ်တို့ထနောင်းကုန်းကို ရောက်ရမှာဗျ။ ခုဆိုရင် ကျုပ်လှည်း မောင်းနေတာ ဘယ်နှနာရီတောင်ရှိနေမှန်း မသိတော့တာ။ အဲဒါက ထားပါ တော့ဗျာ။ တကယ်လို့ လမ်းမှားသွားတယ်ဆိုရင်တောင် ကျုပ်တို့နယ်မှာ တစ်ခါမှ မကြားဖူးတဲ့ ရွာတွေကို ကျုပ် ဘယ်လိုလုပ်ပြီး ရောက်လာတာ တုံး။

ဒါ ကျတ်ရွာများလားလို့ ကျုပ်တွေးကြည့်တယ်။ ကုတ်ရွာတော့ ဘယ်နည်းနဲ့မှ မဟုတ်ဘူးဗျ။ စောစောကကွေ့တဲ့ရွာမှာ စေတီလေး သုံးဆူရှိတယ်။ ကျတ်ရွာဆိုတာ ဘုရားမရှိဘူးလို့ ကျုပ်ကြားဖူးတယ်။ တော်တော်လေးသွားမိတော့ နောက်ထပ်ရွာတစ်ရွာ ထပ်တွေ့ တယ်။ ရွာဦးမှာ စေတီတစ်ဆူဗျ။

ဉာဏ်တော်အမြင့်သားဗျ။ စေတီရဲ့ တောင်ဘက်မှာ ဘုန်းကြီးကျောင်းကြီးဗျို့။ ကောင်းလိုက်တဲ့လက်ရာဗျာ။ ဘုံအဆင့်ဆင့်တွေ၊ ပြာသာဒ်တွေနဲ့ဗျ။ ဒါလည်း ကျတ်ရွာမဟုတ်ဘူးဗျ။ ကျတ်ရွာဆိုရင် ဘယ်မှာ ဘုန်းကြီးကျောင်းတို့ ဘုရားတို့ ရှိမှာတုံးဗျာ။
ကျုပ်လည်း လှည်းကို ဆက်မောင်းလာခဲ့တယ်။ ခဏနေတော့ ကျုပ်မျက်လုံးတွေ စင်းလာပြီးတော့ အိပ်ချင်လာတယ်။ ကျုပ်ကလည်း မျက်လုံးကို အတင်းဖွင့်ထားရတာပေါ့ဗျာ။ မရဘူးဗျ။ အိပ်ချင်တဲ့စိတ်က တော်တော်ကို ဖြစ်လာတာဗျ။

ကျုပ် ဆတ်ကနဲ တစ်ချက်ငိုက်သွားတယ်။ “ဒုန်း”
လှည်းဘီးက ချိုင့်ထဲကျပြီး ကျုပ်လန့်နိုးသွားတယ်။ နောက်တစ်ခါ ငိုက်မလိုဖြစ်တော့ ကျုပ်က စိတ်ကိုတင်းထားလိုက်တယ်။
မရဘူးဗျ။ မရတော့ဘူး။ ကျုပ်သိပ်အိပ်ချင်နေပြီ။ လှစ်ခနဲဖြစ်သွားတယ်။

“တာတေ၊ တာတေ လူကလေး ”
“ဗျာ”

အဘအသံကို ကြားလို့ ကျုပ်ယောင်ပြီး ထူးလိုက်တာဗျ။ “လူကလေး အိပ်ပျော်လာတာလား၊ ထ ထ၊ အိမ်ရောက်နေပြီ၊ တော်သေးတာပေါ့ လူလေးရာ၊ ငနီတို့က အိမ်ပြန်တတ်ပေလို့ပေါ့ကွာ” ကျုပ်မျက်စိဖွင့်ပြီး ကြည့်လိုက်တော့ ဟုတ်သားဗျ။ ကျုပ်တို့ဝိုင်း ထဲကို ပြန်ရောက်နေတာဗျို့။

“အဘ ကျုပ်ဘယ်လိုဖြစ်ပြီး
ပြန်ရောက်နေတာတုံးဗျ
““ဟ မသိဘူးလေ လူလေးရာ၊ လှည်းသံကြားလို့ အဘက တံခါး ထဖွင့်ပေးတာကွ၊ ငနီတို့က ဝိုင်းထဲကို တန်းဝင်လာကြတာ။ ကြည့်လိုက် တော့ လူလေး လှည်းပေါ်မှာ အိပ်ပြီးပါလာတာကွေ့တာပဲ။ ငွေကွင်း ကုန်းက ဘယ်အချိန်ထွက်လာလို့ အခုမှ ရွာပြန်ရောက်တာတုံး လူကလေးရဲ့’

“အခု ဘယ်အချိန်ရှိပြီတုံး အဘ
““ဟ နာရီပြန်နှစ်ချက်တီးသွားပြီလေ”
“ငွေတွင်းကုန်းက ကျုပ်ထွက်လာတာ ငါးနာရီခွဲလောက်ကအဘရ”

.
“ဟေ … ဒါဆိုရင် ဘယ်လိုဖြစ်ပြီး အခုမှ ပြန်ရောက်တာတုံး”
“ပြီးမှပဲ ပြောတော့မယ် အဘရာ”
လို့ ကျုပ်ကပြောပြီး နှမ်းအိတ်တွေ ထမ်းချလိုက်တယ်။ ပြီးတော့ နွားတွေဖြုတ်ပြီး ရေတိုက် အစာကျွေးလုပ်လိုက်တယ်။ ဒီကောင်တွေလည်း တော်တော်ကို ပင်ပန်းနေကြပြီပေါ့ဗျာ။

အိမ်ပေါ်ရောက်တော့မှ ကျုပ်ကို စိုးရိမ်တကြီး ကြည့်နေတဲ့ အမေနဲ့ အဘကို ကျုပ်က အကုန်ပြောပြလိုက်တယ်။ ဒီတော့မှ အမေက “ဖြစ်မှဖြစ်ရလေ တာတေရယ်၊ နင့်မလဲ ဖြစ်လိုက်ရင် အထူးနဲ့ အဆန်းချည်းပါလားဟယ်”

အဘကတော့ ခေါင်းညိတ်ပြီး စဉ်းစားနေတယ်။
“ဒီအချိန်ဆိုရင် ရွာတံခါးတွေ အားလုံးပိတ်ထားပြီပဲ။ မြောက် ဘက်တံခါးတစ်ပေါက်ပဲ ဖွင့်ထားတော့တာ။ လူကလေး ငွေတွင်းကုန်း လမ်းအတိုင်း ပြန်လာရင် ရွာရှေ့ပေါက်က ဝင်ရမှာပေါ့။ အဲဒီတံခါးကပိတ်ထားပြီဆိုတော့ မြောက်ဘက်တံခါးက ဝင်လာလို့ ရွာထဲကို ရောက်လာ တာပေါ့။ ဒါဆိုရင် လူကလေးလာတာ မီးလောင်ကုန်း၊ ငွေတွင်းကုန်းက လာတာမဟုတ်ဘဲ တခြားဘက်က လာလို့ပေါ့”
“မြောက်ဘက်က လာတယ်ပဲထားပါဦးတော်၊ အဲဒီဘက်မှာ တာတေပြောတဲ့ရွာတွေ ရှိနေလို့လား”

“ဘယ်ကရှိမှာတုံးဟာ၊ မြောက်ဘက်မှာ ဘန့်ဘွေးကုန်းပဲ ရှိမှာပေါ့ဟဲ့ ငွေစိန်ရဲ့”
“ဒါဆိုရင် တာတေ ဘာဖြစ်သွားတာတုံးတော့ ကိုဉာဏ်ရဲ့” ”ဘာဖြစ်ရမှာတုံး ငွေစိန်ရယ်၊ နင့်သား ရွာမှောက်တာဟဲ့”” “ဘယ်လိုတော့၊ ရွာမှောက်တာ ဟုတ်လား” “ဟုတ်တယ် ငွေစိန်၊ ကျုပ်အဘ ပြောဖူးတယ်၊ ရွာမှောက်တာ တော်တော်ဆိုးတယ်ဆိုပဲ၊ ကိုယ့်ရွာကို ရှာလို့ကို မရတော့တာတဲ့ဟေ့၊ အခု နှင့်သားဖြစ်သလို ဖြစ်တာနေမှာပေါ့။

“အဘပြောတဲ့ ရွာမှောက်တယ်ဆိုတာကို ကျုပ်စဉ်းစားနေတာဗျ။ ဟုတ်မယ်ဗျ။ ဘုရားသုံးဆူတို့၊ တလားပေါ်တို့၊ ဂူသုံးလုံးတို့၊ ခရေနှစ်ပင် တို့ဆိုတဲ့ ရွာတွေကို ကျုပ်တစ်သက်လုံး ကြားဖူးခဲ့တာမှ မဟုတ်တာ။ ပြီးတော့ ကျုပ်တင်မဟုတ်ဘူး၊ ကျုပ်တို့နယ်ကလူတွေလည်း တစ်ယောက်မှ ကြားဖူးမှာ မဟုတ်ပါဘူးဗျာ။ ကျုပ်တစ်သက်မှာ လူတစ်ရာမှာ တစ်ယောက် မဖြစ်ဖူးတဲ့ အဖြစ်မျိုး ကြုံလိုက်ရတာ ကျုပ်အတွက်တော့ တကယ့်အမှတ်တရပဲပေါ့ဗျာ။

* * *
။Like လေးနှိပ်ခဲ့ကြပါဦး။ဆက်လက်ဖတ်ရှု့ရန် Page ကို Follow လုပ်ထားကြပါ။