အတ္တကြီးသူ၏ နောင်တ

ကပါလာရတာလဲ….”
” မေးမနေပါနဲ့တော့အမေရာ….သားချစ်သူစိတ်ဆင်းရဲတာမမြင်ချင်ဘူး….”
” စိတ်ဆင်းရဲစေချင်လို့အမေမေးတာမဟုတ်ဘူးသား…ဒီကောင်မလေးရဲ့မိဘတွေကကော ဒီကိစ္စကိုသဘောတူမတဲ့လား….အမေတို့ရဲ့အခြေအနေကို ကောင်မလေးမိဘတွေကသိပြီးပြီလား…. သူများသားသမီးကိုယူထားရင် သူ့မိဘအိမ်လောက်မသာရင်တောင် အဲထက်မလျော့ရဘူးသားရဲ့….ခုအမေတို့အခြေနေက….အဟင့်….”
ဒေါ်မြဆင့်ကပြောရင်း ရှိုက်သံထွက်ကာပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာခဲ့သည်။ သားဖြစ်သူအရွယ်ရောက်ပြီကို သိသော်လည်း စားဝတ်နေရေးကရှိသေးသည်။ တစ်နေ့လုပ်မှတစ်နေ့စားရသူများပေမို့ အနေအစားဆင်းရဲသည်။
” ကဲပါအမေရယ်….သားတာဝန်ယူနိူင်လို့ခေါ်လာခဲ့တာပေါ့….အမေ့ကိုရော ချယ့်ကိုရော မပင်မပန်းဘဲ လူလည်းလှ ဝမ်းလည်းဝ ထားနိူင်အောင်သားကြိုးစားပါ့မယ်….”
” အမေရယ် မငိုပါနဲ့ ဘယ်လိုအခြေနေဘဲဖြစ်ဖြစ် မောင်ရှိရင်သမီးနေနိူင်ပါတယ်… သမီးကိုလည်း အမေ့သမီးအရင်းတစ်ယောက်လိုပြောဆိုဆုံးမပေးပါ….”
” အေးပါကွယ်….သားတို့သမီးတို့ပင်ပန်းလာကြရောပေါ့ နားလိုက်ကြပါဦး ….အမေလည်းနေမကောင်းလို့ခနနားလိုက်ဦးမယ်…”
ဒေါ်မြဆင့်က ဝမ်းနည်းသည့်အမူအရာဖြင့် တဘက်သို့လှည့်ကာ အိပ်နေလိုက်၏။
**************************
မောင်ရေခဲတို့ဆရာတပည့်လည်း နေရာအနံ့ဘုရားဖူးလိုက်၊အဓိဌာန်ဝင်လိုက်ဖြင့် ဆေးကုမှုကိုလအတော်ကြာနားထားကြသည်။ သည်ကြားထဲတွင်ထင်ပေါ်ကိုလည်း ပညာအဆင့်တိုးပေးရင်း သူကိုယ်တိုင်လည်း ဆရာ့ဆရာများထံမှ လေ့လာသင်ယူ၏။
” ကျွန်တော်တို့်ရွာလှည့်ပြီး ဆေးမကုတာကြာပြီနော်ဆရာ…ခုရောဘယ်ဆက်သွားကြမလဲ….”
” ဒီလိုဘဲ အချိန်ရတုန်းဖူးခွင့်ကြုံတုန်း ဘုရားတွေလှည့်ပတ်ဖူးရင်း ကူညီသင့်တဲ့လူတွေကို ကူညီရမှာပေါ့ထင်ပေါ်ရေ..”
” ဒါနဲ့ဆရာ ကျွန်တော်တို့ရောက်ခဲ့တဲ့ဘုရားတွေတိုင်း တန်ခိုးကြီးဘုရားတွေချည်းနော်….. ”
” ဒါပေါ့….ငါတို့ဖူးခဲ့တဲ့ဘုရားတွေက ပွင့်ခဲ့လေပြီးတဲ့ ဘုရားအဆူဆူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ပစ္စည်းတွေ၊အသုံးအဆောင်တွေကိုဌာပနာထားတဲ့ဘုရားတွေကွ…ဘာလို့ဒီလိုတန်ခိုးကြီးဘုရားတွေဘဲရွေးပြီး အဓိဌာန်ဝင်ရတယ်ဆိုတာမင်းသိလားထင်ပေါ်….”
” မသိဘူးဆရာ….”
” အေးမသိရင်ပြောပြမယ်….ဘာလို့လဲဆိုတော့ ငါတို့ရဲ့ဆရာသခင်တွေကလဲ ဒီတန်ခိုးကြီးဘုရားတွေကိုဖူးရင်း၊အဓိဌာန်ဝင်ရင်း ကြုံတောင့်ကြုံခဲတဲ့ ဘုရားရှင်လက်ထက်ကနတ်မင်းကြီးတွေဆီကနေ ဘုရားဟောတဲ့တရားဓမ္မအစစ်ကို နာယူခဲ့ရဖူးလို့ကွ….”
” ဟင်…တရားဓမ္မကအတူတူဘဲမလားဆရာ….”
” ဘယ်တူမလဲကွာ…. ဘုရားတစ်ဆူနဲ့တစ်ဆူကတရားဟောပုံခြင်းဘယ်တူပါ့မလဲ….ပြီးတော့ ဘုရားရှင်ရဲ့တရားကိုလက်တွေ့နာဖူးတဲ့သူနဲ့ ဘုရားရှင်ဟောခဲ့တာဆိုပြီးခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့တရားဓမ္မတွေကို ပြန်ဟောတဲ့သူနဲ့ကွာတော့သွားတာပေါ့….ပြောရရင်တော့အနှစ်သာရပေါ့သွားတာမျိုးပေါ့ကွာ….”
” ဒါနဲ့လေဆရာ…. ဘုရားရှင်တွေပွင့်ခဲ့တာ ကဂုသန်ဘုရားအစ ဂေါတမဘုရားအဆုံး လေးဆူတွေရဲ့ တရားဓမ္မကိုနာကြားဖူးတဲ့ နတ်တွေကတကယ်ရောရှိပါ့မလား…. ”
” ဆရာသခင်ပြောတာတော့ သက်တော်ရှည်နတ်ဘိုးဘိုးကြီးတွေရှိတယ်တဲ့ သူတို့ကနေ မြတ်ဘုရားလေးဆူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူပြီးဌာပနာတိုက်သွင်းပူဇော်တာတဲ့ထင်ပေါ်ရဲ့….”
” အဲလို့ဆိုတော့လည်း ကျွန်တော်အဲဒီသက်တော်ရှည်နတ်ဘိုးဘိုးကြီးဆီကနေ ပွင့်တော်မူသွားခဲ့တဲ့ မြတ်ဘုရားလေးဆူတို့ရဲ့ပုံပန်းသွင်ပြင်နဲ့ တရားဓမ္မစကားတွေကို မေးစမ်းနာယူချင်ပါရဲ့ဗျာ….”
” နာခွင့်ကြုံရင်တော့ နာရမှာပေါ့ငါ့တပည့်ကြီးရေ ကဲ…ဒီနေ့တော့ဥက္ကလာပမင်းတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေတိဂုံစေတီတော်မြတ်ကို ဝင်ဖူးကြစို့ရဲ့…..”
ဤသို့ဖြင့်ဆရာတပည့်နှစ်ယောက်သား ရွှေတိဂုံဘုရား၏မြောက်ဘက်စောင်းတန်းမှတက်လာကြပြီး လက်ယာရစ်ပတ်ပြီးလျှင် ရာဟုထောင့်၌ ပုတီးစိပ်တရားထိုင်နေလိုက်ကြ၏။
***************************
ငပုတောကျေးရွာသို့ ရောက်လာခဲ့ပြီးနောက်ပိုင်း မိခင်ဆီသို့မပြန်ဖြစ်တော့ပေ။ ချမ်းသာသည့်ဘဝမှ ဆင်းရဲသည့်ဘဝသို့ရောက်သွားသော်လည်း ညည်းညူမှုမရှိဘဲ မရှိရှိတာလေးနဲ့ မျှဝေစားသောက်တတ်နေလေပြီ။ မိဘအိမ်မှာဂျီးများခဲ့သမျှ ယခုမူကား ငပိရေကျိုနဲ့ပင် ထမင်းစားတတ်ခဲ့လေပြီ။ ဤဘဝလေးကိုပင် ချယ်ပျော်ပျော်ကြီးလက်ခံတတ်နေပေပြီ။ သူမကိုအရမ်းချစ်သောမောင်နှင့် သမီးအရင်းပမာမေတ္တာပေးသော ယောက္ခမဖြစ်သူမောင့်အမေကြောင့် သူမအိမ်ကိုထင်သလောက်မလွမ်းမိခြင်းပင်။ တွေးနေရင်းဖြင့်ပင် လက်မှပတ်ထားသောနာရီကိုကြည့်မိမှ ညနေ၄နာရီပင်ထိုးတော့မည်။
” ဟယ်…လေးနာရီထိုးတော့မှာဘဲ မောင်တောင်ပြန်လာတော့မယ်…. မဖြစ်ဘူး ထမင်းချက်လိုက်ဦးမှပါ….”
ထိုသို့တွေးပြီး ထမင်းချက်ရန်မီးမွှေးသည်။ ထမင်းချက်ရန်ဆန်အိုးကိုလှပ်လိုက်သည်အခါ ဆန်ကပုံးဖင်ကပ်နေပြီကိုတွေ့လိုက်ရသည်။
” အင်းမနက်ချက်ဖို့ ဆန်မရှိဘူး…. မောင့်လုပ်အားခရှင်းတဲ့ရက်က သုံးရက်တောင်လိုသေးတယ်….ဘယ်လိုလုပ်ရပါ့….”
ထိုသို့တွေးပြီး ရှိသည်ဆန်ကိုချင်ထဲ့ကာ ဆေးပြီးတည်ထားလိုက်သည်။
” အမေ…သမီးထမင်းအိုးတည်ထားတယ်နော်…. သမီးအပြင်ခဏသွားမလို့ ခဏကြည့်ပေးအုံး….”
” အေးအေးသမီးလေး ဘယ်သွားမှာလဲပြောသွားဦး….ညည်းယောကျာ်းက ပြန်လာလို့မတွေ့ရင် အမေ့ကိုနားပူနားဆာလုပ်တော့မှာ….”
” ခဏထဲပါအမေရဲ့… မောင်ပြန်မရောက်ခင် အမှီပြန်ခဲ့မယ်….”
” အေးအေးအဲဆိုလည်း မြန်မြန်သွား မြန်မြန်ပြန်လာခဲ့နော်….”
” ဟုတ်အမေ….”
ထိုသို့ပြန်ဖြေပြီး ခပ်သုတ်သုတ်ထွက်သွား၏။ ဒေါ်အေးမူမှာ နာတာရှည်ရောဂါသည်တစ်ယောက်ဖြစ်သော်လည်း လုံးဝမထနိူင်သည်မဟုတ်။ သွေးဆုံးကိုင်မီးယပ်ဖြစ်နေခြင်းပင်။
ချယ်ချယ်ထွက်သွားပြီး ခဏ၌ ယောကျာ်းဖြစ်သူ အောင်ညို ပြန်လာခဲ့၏။ အိမ်အပေါက်ဝရောက်သည်နှင့်
” ချယ်ရေ မောင်ပြန်ရောက်ပြီ…ထွက်လာကြိုပါအုံးဗျ….”
အလုပ်ကပြန်လာတိုင်းဇနီးသည်၏ မျက်နှာလေးကိုမြင်ရမှ ပင်ပန်းသမျှအမောပြေသည်မို့ ဝိုင်းဝရောက်သည်နှင့်ဇနီးသည်ကိုလှမ်းခေါ်ခြင်းပင်။
” ချယ်ရေ…မိန်းမရေ…မောင်ပြန်ရောက်ပြီလို့…. ထွက်ကြိုပါအုံး….အိပ်ပျော်နေတာလား….”
ထွက်မလာသဖြင့် ထပ်မံခေါ်ကာ အိမ်ထဲသို့ဝင်လာခဲ့၏။
” အမေ…ချယ်ရောမတွေ့ပါလား….အိပ်နေတာလား….”
” အမေတစ်ယောက်လုးံ နင့်ရှေ့ရောက်နေတာတောင် နေကောင်းလားတစ်ခွန်းမမေးဘူး….မိန်းမကိုဘဲမေးနေတယ်….တော်တော်မွေးရကျိုးနပ်တဲ့သား….ညည်းမိန်းမ ရွာထဲခဏသွားနေတယ်ဟဲ့….”
” ဟဲဟဲအမေကလည်း….အမေနေကောင်းနေတာသားတွေ့နေတာဘဲအမေရဲ့…ဒီတော့ မတွေ့တဲ့လူကိုမေးရတာပေါ့ဗျ….ဒါနဲ့ချယ်ကရွာထဲဘာသွားလုပ်တာလဲအမေရ….”
” ဘာသွားလုပ်တာလဲပြောမသွားဘူး…ခဏဘဲဆိုပြီးသွားခဲ့တာဘဲ…”
” ဘုတ်…ဘုတ်…ဘုတ်….”
” မောင်ညိုရေ ဆန်အိတ်လေးထိန်းကူပေးအုံးဗျ…ဆိုင်ကယ်လှဲမှာစိုးလို့….”
စကားပြောနေတုံး အိမ်ရှေ့သို့ဆိုင်ကယ်တစ်စီးထိုးရပ်ပြီး ဆန်အိတ်ထိန်းကူခိုင်း၏။
” ဟ…ဘမောင်…ဒါဘယ်သူ့ဆန်အိတ်လဲဟ…ငါမမှာထားရပါဘူး….”
” မမချယ်လာပို့ခိုင်းတာ မောင်ညိုရ… ကဲကဲသေချာထိန်းနော်ကျွန်တော်ဆိုင်ကယ်ပေါ်ကဆင်းမလို့ဗျ…”
” ချယ်ကပိ့ုခိုင်းတာဟုတ်လားဘမောင်…”
” အေးလေကွာ…ဘာလဲမျက်လုံးမျက်ဆန်ပြုးပြဲနဲ့ကြည့်နေတာ… ဖယ်တော့ရပြီ… ဘယ်နေရာထားပေးရမလဲနေသာပြ ကျုပ်ထမ်းပို့ပေးမလို့….”
” အေး…အေးပါ…အိမ်မီးဖိုဆောင်ဘက်ကိုပို့ပေးကွာ….”
ခဏ၌ ချယ်သည်အထုပ်အပိုးမနိူင်မနင်းနဲ့ ခြံထဲဝင်လာခဲ့၏။
” မောင်…ဘာရပ်ကြည့်နေတာလဲ… လာယူကူပါအုံးရှင့်….”
” ချယ်…ဘာတွေဒီလောက်အများကြီးဝယ်လာတာတုံး…ဒီပိတ်ဆံတွေချယ်ဘယ်ကနေယူတာတုံး….”
” ဟယ်မောင်ကလည်း စကားတွေများနေလိုက်တာ…ရော့ရော့ ဒီဆီပုံးကိုယူပြီးအိမ်ထဲထည့်လိုက်….”
” အစ်မကျွန်တော်ပြန်တော့မယ်ဗျ….”
” အေးအေးမောင်လေး…ဆန်အိတ်ပို့ခဘယ်လောက်လဲ…”
” အစ်မဘဲကြည့်ကြပ်ပြီး ပေးလိုက်ပါဗျ…”
” အေးအေး…ရော့…ကျေးဇူးဘဲနော်မောင်လေး….”
” ဘုတ်…ဘုတ်…ဘုတ်….”
ဆိုင်ကယ်သမားက ပိတ်ဆံယူပြီး ပြန်သွား၏။
” ချယ်…ဒါကဘာတွေလဲ….”
” အိမ်မှာလိုနေတဲ့ဟာတွေလေမောင်ရဲ့…”
” ချယ်…မင်းဒါတွေဝယ်ဖို့ဘယ်ကငွေတွေရတာလဲ…မင်းနားကပ်တွေရောင်းလိုက်တာမလား…”
နားပေါက်ဟောင်းလောင်းဖြစ်နေသော ချယ်၏နားကိုသေချာကြည့်ပြီး ပြောနေခြင်းပင်။
” ဟုတ်တယ်လေမောင်… ဒါတွေချယ်မှမလိုအပ်တော့တာ….”
” ချယ်…ဘာလိ့ုဒီလိုတွေလုပ်ရတာလဲ…. မောင်ချယ့်ကိုယူတာချယ့်ဆီကဒါတွေမျှော်လင့်လို့ယူတာမဟုတ်ဘူးနော်….ဘာလဲချယ်ကမောင်ရှာကျွေးနိူင်တယ်ဆိုတာကိုမယုံတာလား….”
” မဟုတ်ပါဘူးမောင်ရယ်….မောင်တစ်ယောက်ထဲရုန်းကန်ရတာချယ်မကြည့်ရက်လို့ပါ….”
” တော်တော့ချယ်….သူများတွေအမြင်မှာ မောင်တို့သားအမိက ချယ့်မိဘတွေဆင်ထားတဲ့ပစ္စည်းတွေနဲ့ ထိုင်စားနေုကြတယ်လို့ အထင်မခံနိူင်ဘူး….ချယ်ဘယ်သူ့ကိုရောင်းခဲ့တာလဲ မောင်ငွေပြန်စုပြီး ပြန်ယူမယ်….”
ကိုအောင်ညိုကထိုသို့ပြောပြီး စိတ်ဆိုးကာ အိမ်ထဲသို့ဝင်သွားခဲ့၏။ ဒေါ်မြဆင့်က ချယ်ချယ့်အနားလာထိုင်ပြီး
” သမီးလေးရယ်…ဘာလို့ဒီလိုတွေလုပ်ရတာလဲကွယ်….သမီးကဒီလိုလုပ်တော့ ပတ်ဝန်းကျင်ကအမေတို့ကိုဘယ်လိုထင်ကြမလဲ…..”
” အို…အမေရယ် ဘယ်သူတွေဘယ်လိုဘဲမြင်မြင်…သမီးပိုင်တဲ့ပစ္စည်းသမီးဘာဘဲလုပ်လုပ် ဘယ်သူ့ကိုမှထောက်ထားစရာမလိုဘူး….သမီးခိုးလာဝှက်လာတဲ့ဟာမှမဟုတ်တာ…”
ချယ်ချယ်ကထိုသို့ပြောပြီး ဝယ်ခြမ်းလာသည့်ပစ္စည်းများကိုနေရာတကျသိမ်းဆည်းနေ၏။
**************************
စာဘူးတောင်းရွာလေးသည်ကား စီးပွားရေးအချက်အချာကျသည့် လမ်းနံဘေးရှိရွာကလေးဖြစ်ရာ ရွာသူရွာသားများလည်း သူဋ္ဌေးသူကြွယ်ပေါ၏။ မြို့နဲ့သိပ်မဝေးသဖြင့် မြို့မှဈေးသည်များက ဆိုင်ကယ်ဖြင့်တစ်မျိုး စက်ဘီးဖြင့်တစ်ဖုံ လာရောက်ကာ ဟင်းသီးဟင်းရွက်နဲ့အသားငါးတို့ကိုလာရောင်းကြ၏။ ဒေါ်ခင်လတ်ကားခြံဝမှဈေးသည်ကိုမျှော်ရင်း
” ဒီနေ့တော့ ကြက်ကာလသားချက်ရမယ်…”
ကြက်ကာလသားဆိုမှ သမီးဖြစ်သူကိုသတိရမိ၏။ သမီးဖြစ်သူမှာ ကြက်ကာလသားဟင်းကိုအလွန်ကြိုက်၏။ မိဘစကားနားမထောင်ဘဲ လူရောင်မပြောင်သည့် အကောင်နောက်ကောက်ကောက်ပါအောင်လိုက်ပါသွားခဲ့သဖြင့် စိတ်ဆိုးကာ ပြန်မခေါ်ဘဲပစ်ထားမိသော်လည်း မိဘဟူသည်ကား သားသမီးကိုပစ်ထားရိုးထုံးစံမရှိသဖြင့် သတိရလွမ်းဆွတ်နေသည်ကအမှန်။
” ငါ့သမီးလေး အဆင်မှပြေရဲ့လား…. ဟိုငမွဲကောင်က သွေးဆောင်လု့ိသာပါသွားခဲ့ရတာ …ကိုယ့်အခြေကိုမမြင်ဘဲ မတန်မရာမှန်းရတယ်လို့….”
” ဗျို့…အဒေါ်ကြီးဘာယူမလဲဗျ….ကြက်သားပါတယ်…ငါးပါတယ်….ဒီနေ့မနက်မှလာတဲ့အသားတွေအတော်လတ်တယ်ဗျ…”
ဈေးသည်ရောက်လာမှ ဒေါ်ခင်လတ်အတွေးစရပ်သွားပြးီ
” အေးအေးသား… ကြက်သား၅၀သားပေး…လတ်တာသေချာတယ်နော်…တော်ကြာရေထိုးထားတဲ့ဟာနဲ့ညားမှာစိုးလို့အေ့….”
” စိတ်ချအဒေါ်ကြီး….ကျွန်တော့ကြက်သားကရေမထိုး ၊ အလေးမခိုးဘူးဗျ….”
” အေးပါအေ… ပြောတတ်ပါ့…ကဲ…ငါးကြင်းဖြူအစိတ်သားပါထပ်ထဲ့လိုက်… ”
” ဟုတ်ဟုတ်ရမယ်အဒေါ်….”
လင်မယားနှစ်ယောက်သာရှိသော်လည်း အထူးဧည့်သည်ရောက်လာမည်ဖြစ်သဖြင့် ကြက်သားရော ငါးပါဝယ်ထားလိုက်ခြင်းပင်။
ယောကျာ်းဖြစ်သူက သမီးစိတ်ဖြင့် အိပ်ယာထဲလှဲနေလေပြီ။ အသားငါးဝယ်ပြီး ဆေးကြောကာအကောင်းဆုံးဖြစ်အောင်ချက်ပြုတ်ထားလိုက်သည်။
***************************
ချယ်ချယ်နားကပ်ရောင်းပြီးသည့်နောက် အောင်ညိုကအလုပ်ကိုနှစ်ဆပို၍ကြိုးစားသည်။ ချယ့်နားကပ်ပြန်ဝယ်ပေးနိူင်ရန်နှင့်ဆန်ပုံးထဲကိုဆန်အမြဲမပြတ်ဖြည့်ထားနိူင်ရန်ဖြစ်သည်။
” ချယ်…မောင်အလုပ်သွားတော့မယ် …ချယ်နေမကောင်းဘူးလား ညကအိပ်မပျော်ဘူးလား ချယ့်မျက်တွင်းတွေကျနေသလိုဘဲ….”
” ခုရက်ပိုင်းဘာဖြစ်တာလဲမသိပါဘူးမောင်ရယ်…နေရတာကောင်းမနေဘူး… ချယ့်အနားမှာတစ်ယောက်ယောက်ရှိနေသလိုခံစားရတယ်….”
” ချယ်အိပ်ရေးမဝလို့နေမှာပါ… ကဲ… သေချာအနားယူနေ့လည်နေ့ခင်းတရေးတမောအိပ်လိုက်ဦး အဝတ်တွေလည်းလျှော်မနေနဲ့ မောင်ပြန်လာမှလျှော်လိမ့်မယ်ကြားလား…”
” အွန်းပါ…မောင်လည်းအလုပ်လုပ်ရင်ဂရုစိုက်နော်…ထိမိခိုက်မိမဖြစ်စေနဲ့…အိမ်ကိုစောစောပြန်လာခဲ့ဦး….”
” အင်းပါမောင့်ကိုစိတ်ချပါ…ကဲမောင်သွားပြီ…အမေရေသားသွားပြီဗျို့….”
” အေးပါသားရေ ဂရုစိုက်နော်”
” ဟုတ်အမေ…”
ဤသို့ဖြင့် ဝဝဖြိုးဖြိုးဖြစ်ခဲ့သောချယ်ချယ်မှာ တဖြေးဖြေးရုပ်ကျလာပြီး အရိုးပေါ်အရေတင်ဖြစ်လာသည်။ အစားလည်းတရှောင်ရှောင်ဖြစ်လာသည်။ သမားတော်ကိုခေါ်ပြသော်လည်း ဘာရောဂါမှ မယ်မယ်ရရ မရှိ။ သို့ကြောင့်လက်လျှော့ထားရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သည်။
သာယာသောနေ့တစ်နေ့၌ အောင်ညိုသည် ဇနီးသည်ကိုဖေးမကူညီရင်း ခြံဝန်းထဲ၌လမ်းလျှောက်နေကြသည်။ ထိုစဉ်နွားလှည်းတစ်စီးက အိမ်ရှေ့၌ထိုးရပ်သွားပြီး မျက်နှာထားတင်းမာခက်ထန်သော အမျိုးသမီးကြီးတစ်ယောက်ဆင်းလာခဲ့သည်။ ထိုအမျိုးသမီးကြီးက ခြံဝန်းကိုအကဲခတ်ကြည့်ရင်း
” ဟဲ့သူငယ်…ဒါကဒေါ်မြဆင့်ရဲ့အိမ်ဟုတ်သလား….”
အောင်ညိုတို့လင်မယားကိုနောက်ကျောဘက်မှမြင်ရသဖြင့် အော်မေးလိုက်ခြင်းပင်။
အောင်ညိုတို့လင်မယားလည်း ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ယောက္ခမဖြစ်သူ ဒေါ်ခင်လတ်မှန်းသိလိုက်ရသဖြင့် မျက်နှာမှာဇီးရွက်လောက်သာကျန်တော့သည်။ ချယ်ချယ်လည်း မိခင်ဖြစ်သူကိုမြင်လိုက်ရသဖြင့် ဝမ်းသာသွားသလိုဖြစ်သွားပြီး ချက်ချင်းပင် မျက်နှာလေးကပြန်ညိုးကျသွားပြီး ယောကျာ်းဖြစ်သူ၏လက်မောင်းကို အားကိုးတကြီးဆုပ်ကိုင်ထားမိသည်။
” ဪ…ဘယ်သူများလဲလို့ ငါ့သမီးကိုခိုးသွားတဲ့သူခိုးပါလား…ကဲဘယ်မှာလဲငါ့သမီးခေါ်ပေးစမ်း….”
” အမေ…စိတ်အေးအေးထားပါ…ကျွန်တော်ရှင်းပြ…ပြ….”
” တော်စမ်းမျက်နှာမွဲကောင်…. ကိုယ့်အခြေနေကိုမသိ အနူလက်နဲ့ရွှေခွက်နိုက်ချင်နေရတယ်လို့… ထွီး….မတန်မရာမှန်းတတ်လွန်းပါ့အေ….”
အောင်ညို့စကားပင်မဆုံးသေး ဒေါ်ခင်လတ်က ထဘီစွန်တောင်ဆွဲခါးထောက်ကာ ဆဲရေးတိုင်းထွာတော့၏။ အောင့်ညို့ဘေးမှ သူ့သမီးကိုမှတ်မိပုံမပေါ်ချေ။
” ငါ့သမီးကိုငါပြန်လာခေါ်တာ…ပြောစမ်းငါ့သမီးဘယ်မှာလဲ….”
” အမေ…အမေ….သမီးဒီမှာလေ…”
ထိုစကားကြောင့် ဒေါ်ခင်လတ်က အောင်ညို့ဘေးမှ ကလေးမကိုသတိထားမိသွားပြီး
” အမလေး…အမလေး…ဘုရားဘုရား…ချယ်ချယ်…သမီးလေး….ဒါငါ့သမီးလေးချယ်ချယ်မှဟုတ်ပါလေစ….အမလေးသမီးရယ် မမှတ်မိနိူင်လောက်အောင်ကို မွဲတေစုတ်ပြတ်နေပါရောလားကွဲ့…ကြည့်စမ်း မင်းသမီး တစ်ပါးလိုနေရတဲ့ငါ့သမီးက လူရုပ်မပေါက်တဲ့အထိခိုင်းစားရက်ကြတယ်ပေါ့…ကလေကချေအုတ်ကြားမြက်ပေါက်တွေရဲ့….”
” မဟုတ်ဘူးအမေ….သမီးနေမကောင်းလို့ရုပ်ကျသွားတာပါ မောင်နဲံမဆိုင်ပါဘူး…

” အမလေး လင်ထိပ်ထားစံမရဲ့…ကမ္မဋ္ဌာန်းရုပ်ပေါက်နေတာတောင် ဒီမျက်နှာမွဲကောင်ကို ကာကွယ်ပေးနေတုန်းပါလား…. လာစမ်းအမေနဲ့ပြန်လိုက်ခဲ့….ရွှေဘုံပေါ်ထားတာကို ပြာပုံထဲတိုးမဝင်ချင်စမ်းပါနဲ့….”
ဒေါ်ခင်လတ်ကအတင်းဆွဲခေါ်ပါသော်လည်း ချယ်ချယ်ကအောင်ညို့လက်မောင်းကိုသာ မြဲစွာဆုပ်ကိုင်ထားဆဲပင်။
္ဖ” တော်ပါတော့အမေ…သမီးသေရမယ်ဆိုရင်တောင် သမီးချစ်တဲ့သူနားမှာဘဲသေမယ်…သမီးပြန်မလိုက်နိူင်ဘူး တောင်းပန်ပါတယ်အမေပြန်ပါတော့… အဖေ့ကိုလည်းပြောပေးပါ သမီးတောင်းပန်ပါတယ်လို့….”
” အမလေး….အမေ့ကိုတောင်ကက်ကက်လန်ပြီးပြန်ခံပြောနေပါ့မလားမိချယ်…ညည်းလည်းမျက်နှာမွဲတွေနဲ့ပေါင်းပြီး မကောင်းတဲ့အကျင့်တွေတတ်နေပြီဘဲ…ညည်းသဘောဘဲလေ… ငါကငါ့သမီးလေးကောင်းကောင်းမွန်မွန်နေရပါစေတော့ဆိုပြီး ရှေ့မျက်နှာနောက်ထား ပြန်လာခေါ်ရတာ…ညည်းကဒီလိုဆိုမှတော့လည်း ညည်းထိုက်နဲ့ ည ည်းကံဘဲအေ့….နောက်မှမအေကိုလာမတနဲ့….”
ဒေါ်ခင်လတ်ကထိုသို့ပြောပြီး ခြံထဲမှချာခနဲလှည့်ထွက်သွား၏။ ချယ်ချယ့်မှာမိခင်ကိုကြည့်ရင်း မြေကြီးပေါ်သို့ခွေခနဲလဲကျသွားသဖြင့် အောင်ညိုကအမြန်ဖမ်းထိန်းထားလိုက်ရ၏။
” ချယ်…ချယ်…သတိထားဦး…ချယ်ရေ……မောင်ခေါ်နေတယ်လေကွထပါအုံး…ချယ်…”
အောင်ညိုလည်း ဇနီးသည်ကိုပွေ့ချီပြီး အိမ်ထဲသို့ခေါ်သွားလိုက်၏။ ထိုနေ့မှစပြီး ချယ်ချယ့်မှာ သတိရတချက် မရတချက်ဖြစ်နေ၏။ သတိရလာလျှင်လည်း ကယောင်ကတမ်းဖြစ်ကာ ကြောက်လန့်တကြားအော်ဟစ်ငိုကြွေးနေ၏။ အောင်ညိုလည်း ဘာလုပ်ပေးရမှန်းမသိတော့ချေ။ ဇနီးသည်နေမကောင်းထဲက အလုပ်လည်းပျက်သည်ဖြစ်ရာ ဝင်ငွေလည်းမရှိတော့ပေ။ သို့ကြောင့် ဇနီးသည်ကို ဆေးနည်းတိုဆရာတွေဖြင့်သာ ကုသရင်း မျှော်လင့်နေရ၏။
တစ်နေ့တွင်ဘကြီးသာစက လူငယ်နှစ်ယောက်ကို လှည်းဖြင့်လိုက်ပို့ရင်းစကားစပ်မိကြရာ အထက်လမ်းဆရာမှန်းသိသွားသဖြင့် အကူအညီတောင်းကြည့်ရာ ရသဖြင့်အောင်ညို၏အိမ်သို့ပင့်လာခဲ့၏။
” ငညိုရေ…ငညို…ရှိလားဟေ့…”
” ရှိပါတယ်ဘကြီးဝင်ခဲ့ပါ…..”
” အေးအေး….”
ဦးသာစကဧည့်သည်နှစ်ယောက်ကိုခေါ်ရင်း အိမ်ထဲသို့ခေါ်လာခဲ့၏။
” ဟာ…ဘကြီးလာလာ…ဧည့်သည်တွေလဲပါလာတာကိုး…. ထိုင်ကြပါအုံးဗျ….”
” ငညို…ဒါကနယ်နယ်ရရဧည့်သည်မဟုတ်ဘူးကွ….အထက်လမ်းဆရာတွေဘဲ မင်းမိန်းမအတွက်ငါခေါ်လာခဲ့တာ….”
” ဟာဘကြီးရာ….ခုတလောကျွန်တော့အခြေနေကိုသိရက်သားနဲ့ ဗျာ..ဆရာတွေကျွန်တော်ဘယ်လိုပင့်နိူင်မှာလဲဗျ….”
” ကျွန်တော်တို့ကအသပြာဆရာတွေမဟုတ်ပါဘူးညီငယ်…. မေတ္တာ နဲ့ကုသပေးနေတဲ့သူတွေပါ….”
” ဒီလိုဆိုရင်တေ့ာကောင်းတာပေါ့ဗျာ….”
” ဒါနဲ့ လူနာကဘယ်မှာလဲဗျ…ကျွန်တော် တချက်ကြည့်ပါရစေ….”
” ဟိုမှာပါဆရာ….”
ချယ်ချယ်မှာ အိပ်ယာထဲ၌မှိန်းမောနေဆဲပင်။ ဆရာက လူနာအနားသို့သွားပြီးကြည့်လိုက်ရာ ပြုစားခံနေရသည်ကိုတွေ့လိုက်ရသည်။ ခဏ၌ဘုရားစင်ရှေ့ပြန်လာထိုင်ပြီး
” ညီကလူနာနဲ့ဘာတော်လဲ…”
” ကျွန်တော့်ဇနီးပါဆရာ….”
” ဪအင်းအင်း…မိန်းကလေးက ပြုစားခံထားရလု့ိပါ အချိန်မှီမကယ်တင်နိူင်ရင် အသက်ဆုံးရှုံးရလိမ့်မယ်….”
” ဗျာ……ကယ်…ကယ်ပါဦးဆရာရယ်…ကျွန်တော့်ဇနီးကိုကယ်တင်ပေးပါဦး ကျေးဇူးမမေ့ပါဘူးဗျာ….”
” ဖယောင်းတိုင်ရနိူင်မလား…”
” ရပါတယ်ဆရာ…”
အောင်ညိုက ဘုရားကျောင်းဆောင်ထက်မှ ဖယောင်းတိုင်ကြီးတစ်တိုင်ကိုယူပေးလိုက်၏။ ဆရာက ထိုဖယောင်းတိုင်ကိုယူုပြီး ကညှစ်တံဖြင့် တစ်ခုခုကိုရေးဆွဲလိုက်၏။
အားလုံးပြီးသွားမှ ထိုဖယောင်းတိုင်ကိုယူပြီး မီးစာထွန်းညှိကာ ဘုရားကိုပူဇော်လိုက်၏။
ဖငေယာင်းမီးကားဟိုယိုင်သည်ယိုင်ဖြင့် တဖျစ်ဖျစ်တောက်လောင်လျှက်ရှိ၏။
” ဟင်း….ဟင်း….ဟင်း….”
” တောက်! ……ဟင်း…ဟင်း….”
ထိုစဉ်အိပ်ယာထဲမှိန်းမောနေသော လူမမာမိန်းကလေးမှာ ငုတ်တုတ်ထထိုင်ပြီး ဒေါသတကြီးဖြင့် တောက်တခေါက်ခေါက်ခတ်နေလေ၏။ လူမမာအမျိုးသားမှာအလန့်တကြားဖြင့်
” ချယ်….နိူးလာပြီလား… ချယ်ဘာဖြစ်တာလဲ….”
” ဖယ်စမ်း…..”
ချယ်ချယ်က အောင်ညို့ကို ဘယ်လက်ဖြင့် တွန်းလိုက်ရာ အောင်ညိုကအနောက်ဘက်သို့ ပက်လက်လန်ကျသွား၏။
” ချယ်….ဘာဖြစ်တာလဲ….ဘာတွေစိတ်ဆိုးနေတာလဲ….”
” သူတို့နှစ်ယောက် ကိုမောင်းထုတ်လိုက်စမ်း…..”
” ဟာချယ်….ဘာတွေပြောနေတာလဲ…. သူတို့က ချယ့်ရောဂါကိုကုပေးမဲ့ဆရာတွေလေ အားနာစရာဖြစ်ကုန်ပြီ….”
” အိုတော်…ရှင်ကဘာဖြစ်နေတာလဲ….ချယ်ကမောင်းထုတ်လိုက်ဆို မောင်းထုတ်လိုက်ပေါ့….”
” ချယ်…ချယ်….နေမကောင်းသေးရင်အေးဆေးအနား….နား….”
” ဖြန်း….ဖြန်း….”
” အား….”
အောင်ညိုပြော၍ပင်မပြီးသေး ချယ်ချယ်ကအောင့်ညို့ပါးကိုဘယ်ပြန်ညာပြန်ရိုက်ချလိုက်ရာ အောင်ညိုမှာမူးမေ့မလိုပင်ဖြစ်သွား၏။ ထိုစဉ်ဆရာက
” မဆိုင်တဲ့လူကိုမနှောင့်ယှက်ပါနဲ့….ကျွန်ုပ်ကိုမကျေနပ်ရင် ကျွနု်ပ်နဲ့ဘဲရှင်းပါ….”
” ထွီး….ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်းမသိတဲ့ ကလေကဝ အုတ်ကြားမြက်ပေါက်တွေကများ ငါ့လာစိန်ခေါ်ရဲရတယ်လို့….ဒီမယ်ညည်းတို့ကိုငါပြောမယ်…ကို့ယ်နဲ့မဆိုင်တဲ့ကိစ္စကို လျှာရှည်ပြီး ဝင်မပါချင်စမ်းပါနဲ့ အသက်ငယ်ငယ်လေးဘဲရှိသေးတယ်အသေမစောချင်စမ်းနဲ့….ရှေ့ဆက်လူလုပ်ချင်သေးရင် ဒီအိမ်ကနေထွက်သွားလိုက်တော့….”
” ဟားဟား ဟားဟား…. အမိကဟာသလည်းပြောတတ်သကိုး….ကဲပါ ထွက်သွားရမဲ့လူကဘယ်သူလဲဆိုတာကြည့်ကြသေးတာပေ့ါ…. ကဲလာခဲ့စမ်း ငါ့အရှေ့လာထိုင်စမ်း….”
” မထိုင်တော့ဘာဖြစ်လဲ…. နင့်အစွမ်းရှိရင် ဒီထိလာခေါ်လေ….”
” လာခေါ်စရာမလိုပါဘူး….မင်းမလာဘဲနေလို့မရပါဘူး ခေါင်းမမာချင်စမ်းနဲ့….ကဲထင်ပေါ် နေရာဖယ်ပေးလိုက်…. လာစမ်းဒီကို…”
ဆရာကသူ့အရှေ့မှ ကြမ်းခင်းကို လက်ဖြင့်သုံးချက်ပုတ်လိုက်၏။
” အား….လွှတ်စမ်း…ဖယ်ကြစမ်း….အား…နာတယ်…ငါ့ဆံပင်တွေကျွတ်ကုန်ပြီထင်ပါ့….”
ထိုစဉ်မိန်းမရွယ်က လူးလွန့်နေပြီး တအားအားအော်ကာ တစ်ယောက်ယောက်ကဆံပင်မှဒရွတ်တိုက်ဆွဲလာပြီး ဆရာ့ရှေ့လာထိုင်ခိုင်း၏။
” ဟင်းဟင်းဟင်း….သူများအားကိုးနဲ့နိူင်ထက်စီးနင်းလုပ်တဲ့ဆရာစုတ်…”
” ဘုန်း….”
” အင့်….”
ဆရာ့ရှေ့ရောက်သည်နှင့်ထိုင်ရာမှချက်ချင်းထပြီး တံခါးဝရှိရာသို့ပြေး၏။ ထိုစဉ် ရောင်ဝါထွန်းလင်းသောနတ်တစ်ပါးက ဆီးကန်လိုက်ရာ မိန်းမရွယ်မှာ ဘုန်းခနဲအင့်ခနဲနေအောင်ခံလိုက်ရပြီးဆရာ့ရှေ့ ပြန်ရောက်လာ၏။
” ကဲအမိ….မေတ္တာနဲ့ပြောရင်နာခံပါ…အတင်းအကြပ်မလုပ်ယူချင်ဘူး အသားမနာချင်စမ်းပါနဲ့…. ”
” နင်နိူင်နေတုန်းလုပ်ထားပေါ့….”
” ကဲလက်အုပ်ချီပြီး ဘုရားကိုဦးတိုက်လိုက်…”
ဆရာကထိုသို့ပြောရာ မိန်းမရွယ်က မလုပ်ချင်လုပ်ချင်ဖြင့် ဘုရားကန်တော့လိုက်၏။
” ကဲဖြေ… တနင်္လာသမီးကိုဘာလုပ်ထားတာလဲ….”
” ဘာလုပ်ရမှာလဲ ဖျားသေနာသေအာင်လုပ်ထားတာပေါ့….”
” ယုတ်မာလှချည်လား မင်းဘယ်သူလဲဘယ်ကလဲဆိုတာငါမသိချင်ဘူး ဒါပေမဲ့ ဒီတနင်္လာသမီးကိုလုပ်ထားတာတွေပြန်ယူသွားရမယ်….”
ထိုစဉ်မိန်းမရွယ်မှာခေါင်းငိုက်စိုက်ကျသွား၏။ ခဏ၌ခေါင်းပြန်ထောင်လာပြီး
” ငါ့အလုပ်ကိုဘယ်သူဝင်နှောင့်ယှက်ဝံ့တာလဲ….”
ဟူသောအသံဩဩကြီးဖြင့် ထိုင်ရာမှထ၏။
” ဪ….နင်တို့က နှစ်ယောက်ပေါင်းပြီး ပြုစားကြတာကိုး….တယ်လဲယုတ်ညံ့တဲ့လူတွေ….”
” ဟားဟားဟား….ဒီမှာသူငယ် ကိုယ့်အလုပ်ကိုယ့်ထမင်းကိုစား ကိုယ့်လမ်းကိုသွားစမ်းပါ မဆိုင်တာတွေဝင်မရှုပ်ချင်စမ်းပါနဲ့….”
မိန်းမရွယ်ကခါးထောက်ပြီး ပြန်ပြောခြင်းပင်။ ထိုအခါဆရာက
” ပြန်ထိုင်စမ်း….”
” ကိုယ့်ထက်ကြီးတဲ့လူကိုမင်းဘယ်လိုပြောဆိုနေတာလဲ မင်းမှာဂါရဝတရားမရှိဘူးလား မင်းမြန်မာလူမျိုးမဟုတ်ဘူးလား…. ”
” မင်းလိုယုတ်ညံ့တဲ့ကောင်က ဂါရဝတရားဆိုတဲ့စကားကိုပြောထွက်သေးတယ်နော်….ကဲထိုင်စမ်း ငါ့ရှေ့မှာအချိုးမပြေတာတွေလာမလုပ်နဲ့…ထိုင်….ဆွဲထိုင်လိုက်စမ်း…”
ဆရာကထိုသို့ပြောလိုက်စဉ်တွင် တစ်စုံတစ်ဦးက ထိုလူအားဆွဲထိုင်သကဲ့သို့ဖြစ်သွား၏။
” ဘုန်း….”
သို့သော်ထိုလူကဖနှောင့်တစ်ချက်ပေါက်လိုက်သည်တွင် ဘုန်းခနဲအသံနှင့်အတူ အိမ်တစ်ခုလုံးသိမ့်သိမ့်တုန်သွားတော့သည်။
” ဟားဟားဟား….အိမ်စောင့်နတ်လောက်နဲ့ ငါ့လာမခြိမ်းခြောက်နဲ့ နတ်သက်ကြွေသွားမယ်ဘာမှတ်နေလဲ….”
” မင်းကအတော်စွမ်းနေတယ်ပေါ့ဟုတ်လား…. ထိုင်စမ်း….ခုချက်ချင်းထိုင်ချလိုက်စမ်း….”
ဆရာကထိုသို့အမိန့်ပြန်လိုက်သည်နှင့် မိန်းမရွယ်၏ဒူးနှစ်ဖက်စလုံးမှာညွှတ်ကျလာပြီး ထိုင်လျှက်သားဖြစ်သွား၏။
” လွှတ်စမ်းငါ့ကို….ဘာကိစ္စသူများအလုပ်ကိုဝင်ရှုပ်နေရတာလဲ….”
” ငါဒါတွေစိတ်မဝင်စားဘူး…တနင်္လာသမီးကိုလုပ်ထားတာတွေပြန်ယူသွားတာဘဲငါလိုချင်တယ်…”
” ဟားဟားဟား…ပြန်မယူတော့ဘာဖြစ်လဲကွာ….မင်းနိူင်ရင်လုပ်ကြည့်လိုက်လေ…”
” အေးငါလဲအဲလို့မျိုးကိုကြိုက်တာ…ကဲရေတစ်ခွက်ပေးစမ်းထင်ပေါ်….”
” ဟုတ်ဆရာ….”
ခဏ၌ထင်ပေါ်ကရေတစ်ခွက်ကိုဖလားထဲထည့်ပြီးယူလာပေး၏။ ဆရာလည်းထိုရေခွင်ကိုယူပြီး စမတစ်ချပ်ကိုစိမ်လိုက်၏။
” ကဲ…ငါနောက်ဆုံးမေးမယ်…တနင်္လာသမီးကိုလုပ်ထားတာတွေပြန်ယူမှာလားမယူဘူးလားဒါဘဲဖြေ….”
” မယူဘူးကွာ…မြန်မာစကားနားမလည်ဘူးလားမယူဘူး….”
” ကောင်းပြီ… ဒါမင်းရဲ့ရွေးချယ်မှုနော်…ငါ့ကိုအပြစ်မတင်လေနဲ့….ကဲ..ရော့…မယူချင်အုံး….”
” အား…..အား…..သေပါပြီ…သေပါပြီ….ပူတယ်…ပူတယ်…. ”
ခေါင်းပေါ်သို့ရေစင်တောက်လိုက်သည်နှင့် ထိုလူမှာခေါင်းပေါ်သို့ချော်ရည်ပူလောင်းချသကဲ့သို့ခံစားလိုက်ရပြီး တအားအားအော်ကာ ရုန်းကန်နေတော့၏။
” ဘယ်လိုလဲ မင်းပြန်ယူမှာလား….”
” ယူပါ့မယ်ယူပါ့မယ် တော်ပါတော့….”
ဆိုကာ တုန်တုန်ရီရီဖြင့် ခေါင်းမှခြေအဆုံးသပ်ချသွား၏။
” ကုန်ပြီလား လုပ်ထားတာတွေ….ကုန်…ကုန်ပြီဆရာ….ဒါ…ဒါပေမဲ့ သင်္ချိုင်းကုန်းမှာမြုပ်ထားတဲ့ သူ့နေ့နံနဲ့ ကြက်ဥတစ်လုံးကျန်နေသေးတယ်….”
” သွားပြန်ယူခဲ့….ထွက်ပြေးမယ်လို့တော့မကြံနဲ့ မင်းအသက်ဗူးငါ့လက်ထဲမှာနော်…”
” မလုပ်ဝံ့ပါဘူးဆရာ…ခုသွားယူပါ့မယ်…”
ထိုစဉ် မိန်းမရွယ်ကခေါင်းငိုက်စိုက်ကျသွားပြီး တအောင့်၌ပြန်ထောင်လာ၏။
” ဒီမှာပါဆရာ…”
ဆိုပြီး တနင်္လာနေ့နံပါသောကြက်ဥတစ်လုံးကို ဆရာအားကမ်းပေး၏။ ထိုလူမှာမြေကြောရှုံ့သည့်အတတ်ဖြင့် ပြန်ယူသည်ဖြစ်ရကား အချိန်ခဏမျှပင်ကြာသည်ဟူ၏။
” အားလုံးကုန်ပြီလား…”
” ကုန်ပါပြီဆရာ…”
” ဘာလို့ဒီလိုလုပ်ရတာလဲ…”
” ကျွန်တော့သဘောအရလုပ်တာမဟုတ်ပါဘူးဆရာ… သူ့အမေကလုပ်ခိုင်းလို့လုပ်ရတာပါ…”
” ဟေ့ကောင် မင်းကလီကမာမပြောနဲ့ ဘယ်မိဘကသားသမီးကိုမကောင်းကြံစဉ်ခိုင်းမလဲ….”
” အတည်ပြောတာပါဆရာ…. သူကသူ့သမီးလေး သူနဲ့အတူပြန်နေအောင်လုပ်ထားခိုင်းတာပါ…. သူ့သမီးကိုချစ်တဲ့အတ္တစိတ်နဲ့လုပ်ခိုင်းတာပါ….”
” မင်းပြောလို့သာ ငါကြားရတာ ယုံဖြင့်မယုံနိူင်ဘူး….”
” ကဲကဲမင်းသွားတော့ မင်းပညာကိုငါမသိမ်းဘူး… ဒါပေမဲ့ ဒီပညာကိုသုံးပြီး ဘယ်သူ့ကိုမှဒုက္ခမပေးပါဘူးလို့ သစ္စာဆိုရမယ်…ဘယ်လိုလဲမင်းလုပ်နိူင်မလား….”
” လုပ်နိူင်ပါတယ်ဆရာ…”
” ကဲဒါဖြင့်ရင် ဘုရားကိုတိုင်တည်သစ္စာဆိုပြီး သွားလိုရာသွားလို့ရပြီ….”
ထိုလူလည်း ဆရာခိုင်းသည့်အတိုင်း သစ္စာဆိုပြီးထွက်သွားတော့သည်။ သို့သော် မိန်းမရွယ်၏ကိုယ်ပေါ်ရှိစက်ကြိုးက ရစ်ပတ်နေဆဲ။
” မင်းဘယ်သူလဲဆိုတာငါသိတယ် ဝင်လာခဲ့….”
ထိုစဉ်မိန်းမရွယ်မှာ ခေါင်းပြန်ထောင်လာပြီး
” ဘာသဘောလဲ…. ညည်းကငါ့အစီစဉ်ကိုသိပြီးပြီဆိုတော့ ငါ့ကို ဒဏ်ခတ်မလို့လား….”
” အစ်မကြီး….အမှားမှန်းသိရက်နဲ့ဘာလို့အမှန်မပြင်နိူင်တာလဲ…ခုခံရတဲ့သူက အစ်မကြီးရဲ့ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သမီးနော်…”
” ငါ့ဝမ်းနဲ့လွယ်ပြီးမွေးထားခဲ့တာမို့ ငါပြန်ခေါ်တာပေါ့ဟဲ့….ဒီကောင်မက မိဘကိုသူ့လင်လောက်တောင်မချစ်ဘူး…လင်မျက်နှာတစ်ကမ္ဘာထင်ပြီး မိဘကိုပြန်အာခံနေတာ…”
” ငယ်ရွယ်သေးတဲ့သူမို့အချစ်ကို ကိုးကွယ်တာမဆန်းပါဘူးအစ်မကြီး…အစ်မကြီးကသာ မလုပ်သင့်တာတွေလုပ်မိလို့ အပြစ်သင့်နေပြီဆိုတာသိပါရဲ့လား…”
” အိုတော်… ဘာဘဲဖြစ်ဖြစ်ကျုပ်ဂရုမစိုက်ဘူး…ကျုပ်သမီးကိုသာကျုပ်ဆီပြန်လာနေအောင်မရ ရတဲ့နည်းနဲ့ခေါ်မှာ….”
” ပြောမရတော့လဲလုပ်ပေါ့…မလုပ်ခင်အစ်မကြီးသွားရမဲ့လမ်းကိုအရင်ကြည့်လိုက်ပါဦး…”
ဆိုပြီးဆရာက မိန်းမရွယ်၏မျက်နှာကို လက်ဖြင့်သပ်ချလိုက်၏။
” အို! ဒါဘယ်နေရာလဲ မိစ္ဆာဓိဋ္ဌိ မြင်ကွင်းတွေပါလား….”
မိန်းမရွယ်မှာထိုသို့ပြောပြီး ချွေးသီးချွေးပေါက်များ ဒီဒီးကျလာ၏။
” ဒါငရဲလို့ခေါ်တယ်အစ်မကြီး…ချမ်းသာခြင်းကင်းတဲ့အရပ်ပေါ့….အစ်မကြီးဒီဘဝကနေ သေလွန်တဲ့အခါဒီအရပ်ကိုဆင်းရလိမ့်မယ်….”
” အို! မသွားနိူင်ပါဘူးတော်….”
” မသွားချင်လို့မရဘူး….အစ်မကြီးရဲ့ပညါနဲ့အကုသိုလ်တွေဆက်လုပ်နေရင်ဒီလမ်းဘဲသွားရမှာ….”
” တော်ပါတော့ ကြောက်ပါပြီ…အဲဒါတွေမမြင်ချင်တော့ဘူး….”
” အစ်မကြီးပညာတွေစွန့််မှာလား…စွန့်ရင်တော့ဒီမြင်ကွင်းကိုဖျောက်ပေးမယ်…မစွန့်ချင်လည်းသဘောဘဲနော်….”
” အမလေး…ကြောက်ပါပြီ..ကြောက်ပါပြီ… စွန့်ပါ့မယ်…သမီးလေးကိုချစ်တဲ့စိတ်နဲ့လုပ်မိတာပါ…မိဘဆိုတော့သားသမီးနဲ့အတူနေချင်ကြတာသဘာဝဘဲလေ….ဒါပေမဲ့ ငါမှားသွားခဲ့တယ်…ငါ့သမီးလေးကိုချစ်တဲ့အချစ်က အဆိပ်ဖြစ်သွားတယ်…ဒီအကြောင်းကိုသမီးလေးကိုမပြောပြပါနဲ့နော်….သမီးလေးသာသိသွားရင် ငါ့ကိုအမုန်းကြီးမုန်းနေမှာ….ဂတိပေးပါနော်….အဟင့်…”
” ကျွန်တော်နားလည်ပါတယ်အစ်မကြီး…ဂတိပေးပါတယ်…”
” ကျေးဇူးပါကွယ်…အစ်မလည်းနောင်တတွေနဲ့အသက်ရှင်ရတော့မယ်…”
” ထင်ပေါ်… ဒီအစ်မကြီးကိုထွေးအင်လေးကမ်းပေးလိုက်ပါဦး…”
ထင်ပေါ်လည်း ဆရာဖြစ်သူခိုင်းသည့်အတိုင်း ထွေးအင်ကိုယူကာ မိန်းမရွယ်ကိုပေးလိုက်၏။ မိန်းမရွယ်မှာ လည်ချောင်းထဲလက်ထိုးအန်ရင်း နောက်ဆုံး၌မည်းပုပ်ပုပ်အရည်များနှင့်အတူ ဝင်းဖန့်သောအရာတစ်ခုကိုအန်ထုတ်လိုက်၏။
” ရပါပြီဆရာ….”
” သာဓု…သာဓု…သာဓု…အစ်မကြီး….အမှားမြင်လို့အမှန်ုပြင်တဲ့အတွက်တကယ်ကိုဝမ်းသာပါတယ်…ရှေ့ဆက်ကောင်းကောင်းရှင်သန်ပါ….သွားလို့ရပါပြီ…”
ဆရာကထိုသို့ပြောလိုက်သည်နှင့် မိန်းမရွယ်မှာ ဘုရားကိုရှိခိုးပြီး ပြန်ထမလာတော့ချေ။
” ချယ်…ချယ်….မိန်းမ….ဆရာရေလုပ်ပါဦး…”
” စိတ်မပူပါနဲ့ညီ…ညီ့မိန်းမ အားနည်းလို့မေ့မြောသွားတာပါ… မကြာခင်သတိပြန်ရလာလိမ့်မယ်….သတိပြန်ရလာရင် အားရှိတာတွေကျွေးပြီး လုံလောက်အောင်အနားယူခိုင်းလိုက်ပါ…လုံးဝနေကောင်းသွားပြီဆိုတာနဲ့ သူ့မိဘအိမ်ကိုအလည်လိုက်ပို့ပေးလိုက်ပါ….ပြီးတော့ထွေးအင်ထဲကအရာတွေကို အိမ်နောက်ဘေးမှာကျင်းနက်နက်တူးပြီးမြုပ်ပစ်လိုက်ပါ…”
” ဟုတ်ကဲ့ပါဆရာ…တကယ်ကျေးဇူးတင်ပါတယ်…ဒါနဲ့ ဆရာတို့ဆေးကုခဘယ်လောက်ယူပါသလဲ….”
” တပြားတချပ်မှမယူပါဘူးညီ…ငွေကြေးအတွက်စိတ်မပူပါနဲ့ ကျုပ်စေတနာနဲ့ကူညီတာပါ…ရော့ဒီငွေကိုယူထား တရားသဖြင့်ရတဲ့အလုပ်မှန်သမျှလုပ်ပါ….မိဘကျေးဇူးသိတတ်တဲ့အတွက်ဘုရားကစောင်မလိုက်မယ်….ကျုပ်တို့ကိုခွင့်ပြုပါဦး…”
” ဟင်….”
အောင်ညိုမှာ တို့ဆေးမိသကဲ့သို့ပင်ဘာမှပြန်မပြောနိူင်ဘဲ အတိုင်းသားငေးနေမိသည်။
ထိုပုဂ္ဂိုလ်နှစ်ယောက် သူ့မြင်ကွင်းထဲ ပျောက်သွားမှသတိပြန်ဝင်လာခဲ့သည်။ ထိုစဉ်တွင်အမေက ဘုန်းကြီးကျောင်းမှပြန်လာပြီး
” ဟဲ့သား….ဘာတွေငေးကြည့်နေတာလဲ…”
” ဪ…မ…မဟုတ်ပါဘူးအမေ…လူ…လူနှစ်ယောက်ကိုကြည့်နေတာပါ…”
” အင်းပါအင်းပါ…ဒါနဲ့သမီးရောဘယ်မှာလဲ…”
” အနားယူနေတယ်အမေ…”
” အေးအေး…”
အမေကထိုမျှသာပြောပြီးအိမ်ထဲသို့ဝင်သွား၏။
***************************
မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်လည်း လူနာကိုကယ်တင်ပြီးသည်နှင့် ခရီးဆက်ကြလေ၏။ ထိုအခါ မောင်ထင်ပေါ်က
” ဆရာ… အဲကြက်ဥကဘာအတွက်လုပ်တာလဲ…တစ်ခါမှမကြားဖူးဘူး…”
” အောက်ပညာလို့ခေါ်တယ်ထင်ပေါ်…ကိုယ်မနာလိုတဲ့သူ၊မုန်းတီးတဲ့သူ ရဲ့နာမည်နဲ့နေ့နံကို ကြက်ဥပေါ်ရေးပြီး ဂါထာ၃၇ချက်အုပ်ပြီးရင် သချုႋင်းကုန်းမှာသွားမြုပ်…. မြုပ်ပြီးရင်နောက်ကဘာသံကြားကြား ပြန်လှည့်မကြည့်ဘဲ အိမ်ရောက်အောင်ပြန်ခဲ့….နောက်နေ့အဲဒီကြက်ဥပေါ်ကရေးထားတဲ့နာမည်နဲ့နေ့နံ ရေးခံရတဲ့လူ ဖျားတော့တာဘဲ….သေတော့မသေနိူင်ဘူး…အဖျားကဘယ်လိုကုကုမပျောက်ဘူး…လုပ်ထားတဲ့လူကုမှပျောက်တာ….”
” ဪ…ဒါဆိုဟိုအဒေါ်ကြီးကသူ့သမီးကိုပြန်လာစေချင်တဲ့အတ္တစိတ်နဲ့လုပ်မိတာပေါ့နော်….”
” ဒါပေါ့… သူကမလုပ်တတ်တော့ လုပ်တတ်တဲ့လူနဲ့ပေါင်းပြီး လုပ်တာဟိုလူက အဲဒါလုပ်တာတောင်မကဘူး ပြုပါစားလိုက်တော့ ကောင်အလေးခဗျာမှာ မခံနိူင်တော့ဘူးလေ….”
” ဪအတ္တ…အတ္တ…အတော်ကြောက်ဖို့ကောင်းတာဘဲဗျို့….ဒါနဲ့ဒီကြက်ဥကိုဘာလုပ်ရမလဲဆရာ…”
” ရေစီးသန်တဲ့ချောင်းထဲမျောပစ်ရမှာထင်ပေါ်….”
ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက်စကားပြောရင်းသွားရင်းဖြင့် ဦးတည်ချက်မဲ့သောခရီးရှည်ကိုလျှောက်လှမ်းသွားကြတော့သည်။….။
# ပြီး
# ခွန်း