တည်းသာ ရှိသည်။ “တောက် . . . မိုးကလဲကွာ” ထိုသို့ရေရွတ်လိုက်ပြီးတော့ လမ်းလျှောက်နေသည့် ခြေလှမ်းကို အရှိန်မြှင့်လိုက်တော့သည်။ မိုးသားများက တရိပ်ရိပ်နီးကပ်လာပြီဖြစ်သည်။ မောင်ကင်းကလဲ အပြေးတစ်ပိုင်းလမ်းလျှောက်လာလေရာ မြို့အထွက် သုသန်ကလေးကို ကျော်လွန်ပြီးသည့်အခါတွင်တော့ ကားလမ်းမကြီးတွင် လူပြတ်သွားပြီဖြစ်သည်။ ကားလမ်းနံဘေးတွင် ကွင်းပြင်များ၊ မြေရိုင်းများ၊ တောအုပ်ငယ်ကလေးများသာရှိတော့သည်။ ထိုတာလမ်းမကြီးက ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး ကားလမ်းမကြီးတစ်ဖက်တစ်ချက်ဟိုးဝေးဝေးတွင် ကျေးရွာကလေးများကို မီးတလက်လက်နှင့် လှမ်းမြင်နေရလေသည်။ “ဝေါ . . .ဝေါ”” လမ်းလျှောက်နေရင်း တိမ်သားလိပ်က သူ့ကိုဖုံးအုပ်သွားလေသည်။ ထို့အတူ မိုးကလဲ အော်သံကြီးပေးကာ ...

တွေမနှိမ့်ရဲအောင် လုပ်ပေးရတယ်။ သူတို့တောင်းတဲ့ငွေ ကျုပ်ကဘယ်ကရမလဲ။ အိမ်ပေါင်တဲ့အထဲက ထပ်ယူရတာပေါ့။ ကျုပ်သားရဲ့မင်္ဂလာပွဲက ခမ်းခမ်းနားနားဖြစ်သွားတယ်။ ကျုပ်ကတော့ အတိုးမသတ်နိူင်မရွေးနိူင်တဲ့ အိမ်ကို ပြန်အမ်းငွေလေးယူပြီးထိုးအပ်လိုက်ရတယ်လေ။ ယောက္ခမအိမ်ကိုပါသွားတဲ့သားက ကျုပ်အတွက် မယ်မယ်ရရထောက်ပံ့ပေးခဲ့တာမဟုတ်ဘူး။ ကျုပ် ကြည်ရှုဆောင်မခဲ့ တဲ့ တူတော်မောင် က သူနေတဲ့ တွံ့တေးကိုလာနေဖို့နဲ့ သေသည်အထိပြုစုလုပ်ကျွေးပါ့မယ်ဆိုပြီးလာခေါ်ရှာတယ်။ ကျုပ်မလိုက်နိူင်ခဲ့ဘူးလေ။ အဲ့အချိန်မှာကျုပ်ချွေးမက ကိုယ့်လေးလက်ဝန် ရှိနေပြီ။ ကျုပ်သားထွန်းလူ ကို ကျုပ်က အသက်သုံးဆယ်ကျော်မှမွေးထားတာ။ ကျုပ်သားကမွေးမယ့် ကျုပ်မြေးကို ကျုပ်ထိန်းကြောင်းချီပိုးချင်တယ်။ ကျုပ်တူနောက်ကိုမလိုက်ပဲ အိမ်ဖိုးငွေပိုလေးတွေကို သားနဲ့ချွေးမကိုအပ်လို့ သားအိမ်ကိုတက်ခဲ့တယ်။ ချွေးမမိဘတွေက တောင်သာကြတယ်။ ...

အချိန်မှ မိခင်ဖြစ်သူ…ဒေါ်မြင့်ဆုံးပါးသွားတာကြောင့် စိတ်ဓာတ်တွေကြဆင်းလျက် ရှိ့နေသည် ။ဒေါ်မြင့် မသေခင်က သူမလက်ကိုကိုင်၍ တိုးတိုးလေး မှာသွားခဲ့သည်။သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။ ” ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…’ ...

ငရုပ်ပင်သည် သစ်ငုပ်တိုနှင့်မလှမ်းမကမ်းတွင်ရှိသောကြောင့်ဖြစ်၏။ “ကိုမြင့်…ကိုမြင့် ခင်ဗျားလာပါဦးဗျာ” ကိုဖေသန်း၏ခေါ်သံကြောင့် ကိုမြင့်တို့မိသားစုမနက်စာစားနေကြရာမှ… “ကျုပ်တော့မျက်ခုံးခပ်လှုပ်လှုပ်ပဲတော်” “နေစမ်းပါကွာ…ငါသွားပြောဦးမယ်… မင်းတို့သားအမိစားနှင့်ကြတော့” ဟု…ကိုမြင့်ကပြောလိုက်ပြီး ပုဆိုးအားပြင်ဝတ်ကာ ကိုဖေသန်းရပ်နေသော ခြံစည်းရိုးနားသို့သွားတော့လေသည်။ ခြံစည်းရိုးအနီးရောက်တော့ တစ်ဖက်ခြံစည်းရိုးနားရှိသော ကိုဖေသန်းအား… “ကိုဖေသန်းပြော…စောစောစီးစီးခေါ်တာဘာအကြောင်းတုန်း” “ဘာကမှာလဲကိုမြင့်ရ…ခင်ဗျား စည်းရိုးခတ်တာကို ကျုပ်မပြောလိုပါဘူး…အခုခင်ဗျားလုပ်ပုံက ကျုပ်မြေတစ်တောင်လောက်အဲ့ဘက်မှာပါနေတယ်လေ” “ဘာဗျ…ခင်ဗျားမြေတစ်တောင်… စဥ်းစဥ်းစားစားလဲပြောပါမောင်…ကျုပ်စည်းရိုးခတ်တာ သစ်ငုပ်တိုနေရာကခတ်တာပါဗျ” “ခင်ဗျားညာနေတာ…ခင်ဗျားဘက်ပါနေတဲ့ငရုပ်ပင် အဲ့တာကို ကျုပ်သေချာ မှတ်ထားတာဗျ…သစ်ငုပ်တိုနဲ့သုံးထွာလောက်ပဲဝေးတယ်အဲ့အပင်က အခု အဲ့အပင်ကလည်းခင်ဗျားဘက်မှာဆိုတော့ ခင်ဗျားခေါင်းပါရင်သိမှာပေါ့… ကျုပ်မြေတွေခင်ဗျားဘက်ရောက်နေတာကို…” “ဟိတ်လူ…ကျုပ်ပြောပြီးပြီ ခင်ဗျားမြေကျုပ်ဘက်မရှိဘူး…ကျုပ်စည်းရိုးခတ်တာ သစ်ငုပ်တိုကနေပဲစခတ်တာ…” “ခင်ဗျားညာတာခင်ဗျားသိမှာပေါ့…။ကျုပ်ကတော့ဒီကိစ္စကိုလုံးဝမကျေနပ်ဘူးဗျာ…ခင်ဗျားကို သူကြီးနဲ့တိုင်ရလိမ့်မယ်” “တိုင်ချင်တာတိုင်စမ်းဗျာ. . . ...

ဒီတောကောင်ကို ကျုပ်ရှင်းပေးမှာပါ” မုဆိုးကြီးဦးခို၏စကားကြောင့်ရွာသူကြီးဦးနောင်ချို ဝမ်းသာသွားလေသည်။ “ဒါပေါ့ဗျာ…မုဆိုးကြီးကို ကျုပ်ကမေ့နေတာဗျ…လုပ်ဗျာ…။ မောင်အုန်းတို့ကလည်း မုဆိုးကြီးကို ကူညီကြပေါ့” “ဟုတ်ကဲ့သူကြီး” ထိုသို့ဖြင့်အစည်းအဝေးပွဲသည် ပြီးဆုံးသွားခဲ့တော့သည်။ ******************************* “အမေ…ညက ကျားဟိန်းသံကြောင့် ကျုပ်တို့ရွာသားတွေတော့အလုပ်များနေကြပြီ” “အင်း…ဟုတ်မှာပေါ့…ကျားသတ္တဝါရွာထဲဝင်လာမှာ စိုးရိမ်ကြတာကိုးအေ့” “ဟုတ်ပါ့အမေရယ်…ဒီညသာ ဒီကျားရွာထဲဝင်ရင် ခက်ရချည့်ရဲ့တော်” “ရွာထဲတော့မဝင်ပါဘူးအေ…ဒီကျားက လူကျားအေ့ လူကျား…ဒင်း ရွာပြင်ကပဲ ဟောင်နိုင်လိမ့်မယ်” “ဘယ်လိုအမေ…လူကျား ေ” “အေး…လူကျား…ဒီအရေးကို ပြောဖို့ သူကြီးတို့အုပ်စုကိုသာ အိမ်ကိုခေါ်ပေးပါအေ…” “သူကြီးတို့အိမ်ကိုခေါ်ပြီးအမေက ဘာလုပ်မလို့တုန်း… သူတို့က ကျားကိုဖမ်းဖို့ပဲတွေးနေကြတာလေ” “အိုအေ…မိဝင်း…ညည်း ငါ့သမီးမလုပ်လေနဲ့… တော်တော် တုံးအတဲ့ကလေးမ” ...

လည်း ထိုသိမ်းငှက်ကြီး ပျံသန်းသွားရာနောက်သို့ လိုက်သွားပါတော့သည် ။   ◾အခန်း (၂)   တောတောင်များဖြတ်သန်းပြီး သိမ်းငှက်ကြီး ပျံသန်းရာနောက်သို့လိုက်လာရာ ညနေအချိန်တွင် ရွာတရွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။ထိုရွာသည် ကျွန်းသစ်များအတော် ပေါများဟန်ရှိပြီး တွေ့ရသည့် အိမ်များသည် လူကြီးတဖက်ခန့်ရှိသည့် ကျွန်းတိုင်လုံးကြီးများဖြင့် ဆောက်ထားကြသည်။အိမ်တော်တော်များများမှာ သစ်လွင်နေပေ၏။ထိုရွာတွင် နွားများသိပ်မတွေ့ရပေ။ ဦးချိုလိန်နေသည့် ကျွဲပေါက်ကြီးများကိုသာအတွေ့များသည်။ကျွဲကြီးများသည် သာမာန်ထက် မဲနက်နေပြီး သာမာန်ကျွဲများထက်လည်း အကောင်ပိုကြီးကြသည်။များသောအားဖြင့် ထိုကျွဲများကို သစ်ဆွဲရာတွင် အသုံးပြုဟန် ရှိ၏။အဘယ်ကြောင့်ဆိုသော် ကျွဲများ၏ပုခုံးများသည် လိုတာထက်ပို၍ အသားမာတက်နေခြင်း(ကျွဲပခုံးထနေခြင်း)ကြောင့် ဖြစ်သည်။ထိုအချိန် ဦးဖိုးဝေ ...

ဝင်ယူပြီးမှ လယ်တောသွားတော့မယ်ကွာ…” ငတင် သူဘာသာဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အရက်ဆိုင်ဆီသို့ဦးတည်လိုက်လေသည်။ အရက်ဆိုင်သို့ရောက်တော့ အရက်တစ်လုံးအကြွေးဆွဲကာ လယ်တောသို့ ထွက်လာခဲ့တော့၏။ ငတင် လယ်တောသို့မသွားချင်သော်လည်းအမဖြစ်သူ ပါးစပ်ကိုကြောက်၏။ လယ်တောသို့မရောက်ဘဲ အိမ်သို့ပြန်လျှင် နေဝင်မိုးချုပ်ပြောဆိုခံရပေဦးမည်။ ထို့ကြောင့် မထူးဇာတ်ဖြင့် လယ်တောသို့ အရက်ပုလင်းဆွဲကာ ထွက်လာခြင်းဖြစ်သည်။ ငတင်တို့်လယ်က ဘိုးဘွားပိုင်ဖြစ်သည်။ငတင်တို့ဘိုးဘွားများပိုင်ဆိုင်ခဲ့သောထိုလယ်တော ဘေးတွင် ဘယ်ခေတ်ကထု့ထားမှန်းမသိရသော ဘီးလူးရုပ်ကြီးတစ်ရုပ်ရှိ၏။ ထိုဘီးလူးကိုထု့ထားသည့်ပုံစံမှာလည်း ဒူးထောက်ထိုင်နေသည့် ပုံစံပင်ဖြစ်သည်။ ဒူးထောက်ထိုင်မျှသာထု့ထားသော်လည်း ထိုဘီလူးရုပ်သည်က လူနှစ်ရပ်စာအမြင့်ရှိ၏။ ဘီလူးရုပ်၏ဘေးခြေ မှာတော့ အရိပ်ရနေခဲ့ပြီး တဖန် လယ်တောဆီမှတိုက်ခတ်လာသော လေများကြောင့် လေလေးတဖြူးဖြူးဖြင့် ဖြစ်နေလေသည်။ ထိုအချက်ကိုသိသော ...

အဝင်သို့ရောက်တော့ လှည်းအထက်မိန့်မိန့်ကြီးထိုင်လိုက်လာသောဘွားမယ်စိန်သည် ရွာဆီကိုတစ်ချက်စူးစိုက်ကြည့်လိုက်ပြီး… “လှည်းခဏရပ်လိုက်ဦး…” ဟုပြောလေတော့ မောင်တိုးလည်းချက်ချင်းလှည်းကို ရပ်လိုက်သည်။ မောင်တိုးနဲ့မောင်အုန်းကဘွားမယ်စိန်ကိုလှည့်ကြည့်နေကြပြီး ဒေါ်ဝင်းမှ… “အမေ…ဘာဖြစ်လို့တုန်း” ဟုမေးလေတော့ ဘွားမယ်စိန်သည် လက်တစ်ချက်ကာပြလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။ ခဏအကြာမှ မျက်လုံးကိုပြန်ဖွင့်လာခဲ့လေတော့ ရင်တထိတ်ထိတ်ကြည့်နေသော ဒေါ်ဝင်းတို့မှာ သိချင်လှလေပြီ။ ဘွားမယ်စိန်မှ … “ဒီရွာမှာ မကောင်းတဲ့အငွေ့အသက်တွေကိုမြင်နေရတယ်… အင်း…​ကြည့်ရတာ…မဖိတ်ပဲလာတဲ့ ဧည့်သည်တစ်ယောက်တော့ရှိနေပုံရတယ်…” “အမေ…ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ” နန်းကြိုင်သည် ဒေါ်ဝင်းရင်ခွင်ထဲတိုး၍ကပ်နေသည်။ မောင်တိုး နဲ့မောင်အုန်းကလည်း အခြေအနေကို နားထောင်နေကြ၏။ ဒေါ်ဝင်း၏အမေးကိုဘွားမယ်စိန်မှ… “အမေရှိပါတယ်အေ…ညည်းတို့နေမြဲအတိုင်းပဲနေကြ… တစ်ခုခုထူးတာနဲ့မောင်တိုးတို့ကနေတစ်ဆင့် အမေသတိပေးပါ့မယ်” “ဟုတ်ကဲ့အမေ…ကျုပ်ရင်ထဲမှာတော့ခပ်လန့်လန့်ပဲတော်” “ကဲ…ကဲ…အလှူအိမ်ကိုသာတန်းမောင်းတော့ကွယ်” “ဟုတ်ကဲ့ဘွား” ...

ဘူးဟာ ၊ သူငယ်ငယ်လေးကတည်းက သူ့မိဘတွေဟာ ပိုးထိပြီး ဆုံးသွားကြတာ ” ” အို …” ” ပထမတော့ ရွာထဲက သူ့အမေရဲ့ညီမ သူ့အဒေါ်အိမ်မှာနေသေးတယ် ၊ နောက်ပိုင်း သူ့မိဘတွေထားခဲ့တဲ့ ရွာပြင်စပ်က လယ်ကွင်းထဲမှာ အဖော်ကောင်းတာနဲ့ တဲလေးထိုးပြီး တစ်ယောက် တည်းထွက်နေတယ် ၊ ဘေးနားမှာလည်း တဲ ၅ လုံးမကရှိတယ် ၊ အစ်ကိုမောင်နဲ့မြညိုကို စာပေး စာယူလုပ်ပေးခဲ့တာက ဘုန်းကြီးကျောင်းသား မောင်ဖြူး ၊ သူက တစ်ခါတစ်ခါလည်း ရွာထဲကလူတွေရဲ့ နွားကို ...

ပြန်ပြောင်း သတိရလာလေတော့သည်။ ##### အခန်း ( ၂) “ဟေ့ကောင် မောင်စံ တို့ ဒီ တစ်ပွဲတော့ နိုင်မှ ဖြစ်မှာကွ ၊ ပြီးတော့ အဲ့ဘက်ရွာက ကောင်တွေက သူတို့ကြက် နိုင်ပါ များတော့ ဖင်ခေါင်းကြယ်နေတာကွာ၊ ဒီတစ်ခါတော့ ရှုံးလို့ မဖြစ်ဘူးကွ” “အေးပါ ငညိုရာ ၊ ငါ့ ကြက်ဖကြီး မြစိမ်းကို ငါယုံပါတယ်ကွ ၊ ဒီတစ်ခါတော့ နိုင်စေရမယ် ၊ မနိုင်လို့လည်း မရဘူးကွ ၊ ငါလည်း အတော် ...