ကုက္ကိုလ်ကုန်းလေဗျာ” အနိမ့်ဘက်ဆိုတာက ကျုံစုံရွာနဲ့နီးတဲ့ လယ်ကွင်းဘက်နေရာကိုပြောတာဗျ။ အဲ့ဒီဘက်မှာက စပါးတွေပဲစိုက်လို့ရတယ်။ ကျုပ်တို့ဘက်မှာကျ ငရုတ် ၊ပဲနဲ့ စပါးတွေစိုက်လို့ရတယ်ဗျ။ ” အေး သိပ်မဝေးဘူးလေကွာ ဘာဖြစ်လို့လဲ” “ကိုကြီးဖိုးပါကလည်း အဲ့ဒိနေရာက ဥစ္စာစောင့်တွေရှိတယ်လို့ လူကြီးတွေပြောတာမကြားဖူးဘူးလား” “အော် ကြားဖူးတယ်လေကွာ ဘာဖြစ်လို့လဲ” ”  ကိုကြီးဖိုးပါ ဥစ္စာ‌စောင့်ကိုမြင်ဖူးလား” ”  မမြင်ဖူးဘူးကွ သရဲတွေတော့မြင်ဖူးတယ်” ” ကိုကြီးမကြောက်ဘူးလား” “မကြောက်ပါဘူးကွာ ဒီလိုပါပဲ”              “ဖိုးပါတို့ အိပ်ပြီလားကွ” ကျုပ်တို့စကားပြောနေတုန်း အပြင်ဘက်ကနေ မေးတဲ့အသံကြားလိုက်တာဗျ။ကျုပ်လည်းဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ “ဦးဖိုးထွန်းပါလား…စပါးသွားစောင့်အိပ်မလို့လားဗျ” ” ...

နှင့်ပေးတယ်။ ဘာဖြစ်လို့တုန်း ““တုတ် “ဟ၊ . မင်းတို့ ဝါးတွေခုတ်နေတုန်းဘာမှ မဖြစ်ကြဘူး “ကျုပ်တို့သုံးယောက်လုံး ဘာမှမဖြစ်ဘူးဗျ ပြောပါဦး ဦးလေးရဲ့ အကြောင်းကိစ္စရှိလို့လား” “ဟ၊ ကိုနိုင်ရ၊ အကြောင်းကိစ္စမှ သေးသေးလေးမဟုတ် ဘူးကွ အကြီးကြီး၊ အကြီးကြီး” အဲဒီဝါးတွေက ပိုင်ရှင်ရှိတယ်ကွ တောင်ယာထဲမှာ သူတို့ရှိတယ် …” “ဦးလေးကတော့ နောက်နေပြန်ပြီ၊ တောင်ယာတဲကို ကျွန်တော်တို့ တက်ကြည့်ခဲ့ပါတယ်။ ဘယ်သူမှမရှိဘူး” “မင်းတို့ တယ်ခက်တဲ့ကောင်တွေပဲ၊ ဒုက္ခတော့များတော့မယ် …” အဲဒီတောင်ယာထဲမှာ ကရင်ဖထီးကြီးနှင့် အမိုးကြီးတို့ နှစ်ယောက်နေတယ်ကွ။ မင်းတို့က ...

ဘာတွေများ သွားပြီး လုပ်ရမှာလားဗျာ။အဲ့ဒါဆိုရင်တော့ မလုပ်ပါနဲ့ဗျာ “ ” တာတေ ကလည်းကွာ ဘယ်ကသင်္ချိုင်းကုန်းမှာ လုပ်ရမှာတုံး ဘုန်းကြီး ကျောင်းသိမ်ထဲမှာ လုပ်ရမှာ “ ဒီတော့ မှ ကျုပ်စိတ် သက်သာသွားတယ်ဗျို့။ ” သြော် ဒါဆိုရင်တော့ ဖြစ်ပါတယ်။ကျုပ်က ဘာလုပ်ပေးရမှာ တုံးဗျ “ ” မင်းက ငါ့ကို အဖော်လိုက်ပေးရုံပါကွာ “ ” နို့ ကိုကြီး ကြက်တောရဲ့အစီအစဉ်က တော်တော်ခက်လား ဗျ “ ” ဟာ ဘာမှမခက်ဘူး။ ...

ဖြစ်နေပါလား”ဟုရေရွတ်ကာ ဘုံကျောင်းပေါ်သို့ပြန်တက်လာခဲ့သည်။ ကျောင်းပေါ်သို့ရောက်တော့ ကိုရင်လေးနှစ်ပါးက “ဦးဇင်း စောစောကဘယ်သူတုံး” “မသိပါဘူးကွာ။ငါအောင်ဆင်းကြည့်တော့ ထွက်ပြေးသွားတယ်” ယင်းသို့သာဆိုပြီးနောက် ကုတင်ပေါ်တက်ကာ ကျိန်းစက်ဖို့ပြင်ဆင်လေတော့သည်။ +++++++++++++++++++++++ နောက်နေ့တွေတွင်လည်း မကျွတ်လွတ်နိုင်ရှာသည့်ကျောင်းထိုင်ဆရာတော်ကြီးသည် တံခါးကိုလာခေါက်ပြန်သည်။ ထိုမျှမကသေး။ကျောင်းအောက်တွင် စင်္ကြံလျှောက်နေပြန်သည်။ သည်တော့ မူလက ကိုရင်လေးနှစ်ပါးမကြောက်ရအောင် အဖြစ်မှန်ကိုဖုံးကွယ်ရှောင်လွှဲပြီးပြောထားခဲ့ပေမင့် နောက်ပိုင်းမှာတော့ ကိုရင်နှစ်ပါးလည်း ဘုန်းကြီးသရဲခြောင်လှန့်နေပြီဆိုတာကိုသိသွားကြလေသည်။ ထို့ကြောင့် ညနေမိုးချုပ်ပြီဆိုသည်နှင့် ကိုရင်နှစ်ပါးလည်း ဘုံကျောင်းပေါ်မှမဆင်းတော့သည့်အပြင် ဦးဝါသဝအနားတွင်သာကပ်နေလေတော့သည်။ ထို့အပြင် အနှီကျောင်းထိုင်ဆရာတော်ကြီး၏ခြောက်လှန့်မှုကလည်း တစ်ရွာလုံးပျံ့နှံ့သွားလေတော့သည်။ တစ်ရက်တွင်တော့ ရေဦးကျောင်းတွင်ကထိန်ပွဲကျင်းပတော့မည်မို့ အခြားရွာကျောင်းများမှ ပင့်လျှောက်ခံထားရသည့် ဆရာတော်များလည်း သွားရေးလာရေးခက်ခဲ့သည့်ကျေးရွာတို့၏ထုံးစံအတိုင်း တစ်ရက်ကြို၍ရောက်လာကြသည်။ ထို့နောက် ...

မိသားစုတစ်ဦးပမာ ဖြစ်နေပြီ။ မနန်းမေကလည်း ခင်အေးနွယ်အား ညီမရင်းတစ်ဦးပမာ ခင်မင် တွယ်တာလျက် ရှိပေသည်။ သည်အိမ်ကြီးတွင် ခင်အေးနွယ်သာ အမြဲရှိနေလျှင် ပြည့်စုံပြီဟု ထင်ရလောက်အောင်ပင် ခင်အေးနွယ်က အလိုက်သိတတ်သူတစ်ဦး ဖြစ်လေသည်။ သို့ကြောင့်ပင် ထိုအိမ်ကြီးထဲမှာပင် သူမအတွက် သီးသန့် အခန်းတစ်ခန်း စီစဉ်ပေးထားသည်။ ခင်အေးနွယ်တာဝန်က နေ့ဘက်တွင် မနန်းမေ၏ ကျန်းမာရေးနှင့် ပတ်သက်သော ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးရပြီး ညဦးပိုင်း အချိန်များတွင် သူမအား စန္ဒရားတီးပြရသည်။ ထိုစန္ဒရားသံကြားမှ သူမ ကောင်းစွာအိပ်ပျော်လေ့ရှိသည်။ ထိုနေ့က မှတ်မှတ်ရရ ဧပြီ(၂၃)ရက်နေ့ ဖြစ်သည်။ ...

ကွယ်…ဆင်း.ခဲ့.မြန်မြန် တော်ကြာပြုတ်ကျသေတော့ မှာပဲ” ခင်လေးဖြူ စကားက ဆော့ကစားနေတဲ့.ကလေးတွေ. အစ အဖက်မလုပ်ကြပေ။ “ဟာ..ဒီစုန်းမကြီး ကွ ကိုယ်ဟာကိုယ်ဆော့တာ ဘာဖြစ်လဲ ” သူမအား ရိုင်းပျစွာဆံဆက်လိုက်‌လေသည်။ စေတနာနဲ့ ပြောဆိုဆုံးမသော်လဲ မိမိစကားအား အရာမရောက်ခဲ့တာနဲ့အတူ အိမ်သို့ခပ်သွက်သွက် လေးလျှောက်လာခဲ့ခြင်းပင်ဖြစ်သည်။ “ကျွန်မ. သူတို့လေးတွေကို..စေတနာနဲ့..ဆုံးမပေး တာပါ ၊ ပြုတ်ကျတယ်ဆိုတာကလဲ ကျွန်မနဲ့ မဆိုင်ပါဘူး ” “အို. ..ဘာမဆိုင်ရမှာလဲအေ‌…ညည်းစကားကြောင့် ဟို. လပိုင်းက ဦးဘကောင်း.မြွကိုက်လို့ သေသွားတယ်လေ အဲ့ဒါ ညည်းဘာငြင်းအုန်းမှာလဲ.” ” အဲ့နေ့က ကျွန်မလည်း ...

အသေအချာပဲ” တဲ့။ ကျွန်တော်တို့ကလည်း ” ငါတို့လည်း ဒီလိုပဲထင်တယ် ” ပြောတော့ မင်းမြတ်စံ က ” ဟေ့ကောင်တွေ….. ကျားကြီး သရဲဖြစ်/မဖြစ်သိရအောင် သရဲ ခေါ်ကြရင်ကော” ဆိုပြီး၊ ဇာတ်လမ်းစလာပါတယ်။ ကျွန်တော်နဲ့ တစ်ခြား နှစ်ကောင်လည်း စိတ်ဝင်စားသွားတာပေါ့ဗျာ။ အဲဒါနဲ့ ” ခေါ်တာတော့ ဟုတ်ပါပြီ၊ ဘယ်လိုခေါ်ရမလဲ၊ မင်းခေါ်တတ်လို့လား” မေးတော့ ….. မင်းမြတ်စံ က ဆရာကြီး အထာနဲ့ မျက်ခုံးတွေကိုပင့်ပြီး၊ ” ငါလည်းတစ်ခါမှ မခေါ်ဖူးဘူးကွ၊ ဒါပေမယ့် ဘယ်လိုခေါ်ရမလဲတော့သိတယ်၊ ...

ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ကနေခုဇတ်လမ်းစတယ်ပြောရမလားပဲ…” ”…စာဆိုတော်အောင်ပွေ လုပ်မလို့လား ရိုးရိုးရှင်းရှင်းနဲ့ပြောစရာရှိတာ ဒဲ့ပြော…..” ”…မင်းကလည်း နဂိုလို စိတ်မြန်တုန်းပဲ..နည်းနည်းမှ မပြောင်းလဲသေးဘူး ဖိုးတေ…ဒီလိုကွာ…”        ဇတ်လမ်းအစချီနေသောအောင်ပွေကြောင့် စိတ်မရှည်စွာပြောလိုက်ရာ အကြောင်းသိမို့ စိတ်မဆိုးပဲရယ်မောရင်းသူ့ဇတ်လမ်းကိုပြောပြလာ၏ ။       ဆေးရိုးကြီးရွာသား တစ်ယောက်မှာအဖော်များနဲ့အတူတောင်ပေါ်တက်ဝါးခုတ်ရာမှပိုးထိလာ၏ ။         အဖော်များကပိုးထိသူကိုသယ်လာကြစဉ် ရွာမရောက်မှီမှာပင် ပိုးထိလာသောရွာသားဆုံးပါးသွားတော့၏ ။     ရပ်ရွာဓလေ့အရ ရွာပြင်တွင်သေဆုံးသောသူများကိုရွာထဲသို့သွင်းခွင့်မရှိသောဓလေ့အရ ရွာပြင်တွင်အလောင်းစင်ပြင်၍ထား၏။ တချို့ဆိုပါကတနေ့တည်းအပြီးသဂြိုလ်လေ့ရှိသော်လည်းပိုးထိသေဆုံးသူမှာဆေးရိုးကြီးရွာသူနဲ့အိမ်ထောင်ကျ၍ဆေးရိုးကြီးရွာတွင်နေထိုင်သူဖြစ်၏။      ထို့ကြောင့် ရွာသူကြီးမှာ မိဘဆွေမျိုးသားချင်းများထံလူလွတ်အကြောင်းကြား၍မိဘဆွေမျိုးများရောက်လာမှအသုဘချရန်စီစဉ်ထား၏ ။ တောတောင်များဖြင့်နီးသောအရပ်ဖြစ်သောကြောင့် ရွာလူကြီးမှ တောကောင်များအန္တရယ်မှကာကွယ်ရန်နဲ့၊အလောင်းကိုစောင့်ရန်ကာလသားများကိုတာဝန်ပေးထား၏ ။ ...