တောင်ယာစောင့်နာနာဘာ၀

နှင့်ပေးတယ်။ ဘာဖြစ်လို့တုန်း ““တုတ် “ဟ၊ . မင်းတို့ ဝါးတွေခုတ်နေတုန်းဘာမှ မဖြစ်ကြဘူး

“ကျုပ်တို့သုံးယောက်လုံး ဘာမှမဖြစ်ဘူးဗျ ပြောပါဦး ဦးလေးရဲ့ အကြောင်းကိစ္စရှိလို့လား”

“ဟ၊ ကိုနိုင်ရ၊ အကြောင်းကိစ္စမှ သေးသေးလေးမဟုတ် ဘူးကွ အကြီးကြီး၊ အကြီးကြီး”

အဲဒီဝါးတွေက ပိုင်ရှင်ရှိတယ်ကွ တောင်ယာထဲမှာ သူတို့ရှိတယ် …”

“ဦးလေးကတော့ နောက်နေပြန်ပြီ၊ တောင်ယာတဲကို ကျွန်တော်တို့ တက်ကြည့်ခဲ့ပါတယ်။ ဘယ်သူမှမရှိဘူး”

“မင်းတို့ တယ်ခက်တဲ့ကောင်တွေပဲ၊ ဒုက္ခတော့များတော့မယ် …”

အဲဒီတောင်ယာထဲမှာ ကရင်ဖထီးကြီးနှင့် အမိုးကြီးတို့ နှစ်ယောက်နေတယ်ကွ။ မင်းတို့က ဘယ်မ​ြင်ရပလဲ။ ဖထီးကြီးတို့က နာနာဘာဝတွေဥစ္စာ”

“ဗျာ နာနာဘာဝတွေဟုတ်လား””

“တုတ်တယ်ကွ၊ တောင်ယာထဲမှာနေပြီး၊ ယာစိုက်စားတဲ့ ကရင်ဖထီးကြီးနှင့် အမုိးကြီးတို့ နှစ်ယောက်စလုံး လွန်ခဲ့တဲ့နှစ် နှစ်လောက်က ဆုံးသွားကြတယ်။

အမုိး​ကြီးဆုံးပြီးတစ်လပဲကြာတယ်။ ဖထီးကြီးလည်း လိုက်ဆုံးတာပဲ။

ဒါပေမယ့် သူတို့နှစ်ယောက်စလုံး တောင်ယာတဲထဲမှာပဲနေနေကြတယ်။

ညအခါ တောင်ယာထဲမှာ သီးနှံတွေ့ခူးဆွတ်နေတဲ့သူတို့ နှစ်ယောက်ကိုတွေ့ကြရတယ်။

အေးတဲ့ညတွေကျတော့ ဖထီးကြီးနှင့်အမိုးကြီးဟာ မီးဖို လေးဖိုပြီး မီးလှုံနေတာ ပြင်ကြရတယ်တဲ့။ ပြီးတော့ သူတို့ရဲ့ယာတဲနှင့် သီးနှံတွေ၊ စမ်းမြောင်ထဲက ငါးတွေကို ဘယ်သူမှခုတ်လို့မရဘူး။

ခြောက်လွှတ်လို့ ထွက်ပြေးရတဲ့သူတွေချည်းပဲ။ တချို့ဆို သေတောင်သေသတဲ့။ မင်းတို့ကျမှ ဘာမှမဖြစ်တာ ငါတော့အံ့သြလို့မဆုံးဘူး…” “ကျွန်တော်တို့ကတော့ မသိလို့ ခုတ်မိသွားပြီဗျာ ဘာလုပ် ရင်ကောင်းမလဲဦးလေး”

“ငါ့စိတ်ထင်တော့ မင်းတို့မြို့ကို ပြန်အတက်လမ်းမှာ တစ်ခုခုလုပ်တော့မယ်ထင်တယ်။အဲဒီလိုမဖြစ်အောင်” အရင်သွားပြီးတောင်းပန်ထားကြ၊ ပြီးတော့မှ နောက်တစ်ခေါက်လာပြီး ကျွေးမွေးလိုက်။ တောင်းပန်ရင်ကျေအေးရမှာပေါ့ …”

ကိုနိုင်တို့ သုံးယောက်စလုံးတောင်ယာထဲကို ပြန်သွားကြတယ်။
တောင်ယာတဲ ရှေ့မှာထိုင်ပြီး တောင်းပန်ကန်တော့ကြ တယ်။

အဲဒီနောက်မှာတော့ ထွေလာဂျီကို သတိကြီးကြီးထား မောင်းပြီးပြန်ခဲ့ကြတယ်။

ကံကောင်းထောက်မစွာပဲ အိပ်ကိုချောချောမောဟေ ပြန်ရောက်ကြတယ်။ကိုနိုင်က နောက်တစ်နေ့မှာ တတ်ကျွမ်းနားလည်တဲ့ သူကိုလွှတ်ပြီး ထမင်း၊ အရက်၊ ကြက်ဖိုကြက်မတွေနှင့် တောင်း ပန်ကျွေးမွေးလိုက်တယ်။

လှည်းစခန်းနှင့် တောင်နှစ်လုံးအကွာ၊ စမ်းပြောင်အထက်ကတောင်ယာထဲဟာ အင်မတန်နာမည်ကြီးတဲ့နေရာပါ။ ရံဖန်ရံခါ နေ့လယ်နေ့ခင်းမှာတောင် ကရင်ဖထီးကြီးတို့ ဇနီးမောင်နှံကို တွေ့ရတယ်လို့ ပြောကြပါတယ်။

တောင်ယာသီးနှံလာခိုးသူတွေကို လူယောင်ပြလိုက်၊ ပျောက်သွားလိုက်၊ အသံပေးလိုက်နှင့် ခြောက်လွန်းလို့ ဘယ်သူမှမသွားရဲတဲ့နေရာပါ။

တကယ့်အဓိကရ နေရာကြီးကိုမှ ကိုနိုင်တို့အဖွဲ့က ဝါးတွေခုတ်မိလိုက်တယ်။ ဒါပေမယ့်ကံအားလျော်စွာ ကိုနိုင်တို့ သုံးယောက်စလုံး ဘယ်လို ဘေးအန္တရာယ်ဆိုးမှ မကျရောက်ခဲ့ကြဘူး။

ကိုနိုင်ကတော့ နာနာဘာဝဖြစ်နေရှာတဲ့ တောင်ယာစောင့် ဖထီးကြီးတို့ကို အချိန်မီတောင်းပန်ကျွေးမွေးလိုက်လို့သာ ဒုက္ခ မရောက်ရတဲ့အကြောင်း စာရေးသူကို ကြက်သီးတဖျန်းဖျန်းထရင်း ပြောပြခဲ့ပါတယ်။

မောင်မှိုင်းညို့(ချောင်းဦး)အားလေးစားလျက်