ဟုတ်လို့လားတော်”
” အေး နေအုံးငါသွားကြည့်လိုက်မယ်”
” ယောကျာ်း!”
ကံကောင်းတို့လင်မယား မ၀ံ့မရဲနဲ့လျှိုမြောင်ထဲ၀င်လာခဲ့၏ ပိန်းပင်တို့ ဇာမဏီပင်တို့ပြည့်နက်နေသဖြင့် အသားတွေတောင်ယားကျိကျိနဲ့
ကလေးအသံက တဖြည်းဖြည်းနီးလာလေလေ မရင်မှာ ကြက်သီးတွေပိုပိုထလာသည်
ကျောက်ရေတွင်းတွေ တစ်ခုနှစ်ခုကျော်ပြီးနောက်
ပိုစုန်းကြုုးတွေ အစုလိုက်အုံနေတဲ့ပျဥ်းကတိုးပင်အောက်တွင် အနှီးတစ်ခုနဲ့ကလေးတစ်ယောက်အား ကံကောင်းတို့လင်မယားတွေ့လိုက်ရတော့သည်
” ဟိုမှာ….”
လင်မယားနှစ်ယောက် အပြေးသွားကြည့်ရာ အရုပ်လေးလိုချစ်ဖို့အလွန်ကောင်းတဲ့ ကလေးတစ်ယောက်
” ငါ့ဆန္ဒပြည့်ပြီကွ”
ကံကောင်းအသံ လျှိုမြောင်ထဲပဲ့တင်ထပ်သွားခဲ့၏မရင်မှာတော့ အခုမှကြောက်တဲ့မျက်နှာမှာ မှိုရသကဲ့သို့၀င်းလက်သွားသည်
ကံကောင်းမှာ ပတ်၀န်းကျင်တစ်ချက်ကြည့်လိုက်၏ ပြီးတော့ကလေးကိုပွေ့ချီကာ လျှိုမြောင်ဆီကထွက်ခွာလာခဲ့၏
အိမ်ပြမ်လမ်းတစ်လျှောက် အပြုံးတွေပြည့်နက်နေသလို သူ့တို့နောက်မှတန်းစီပြီးလိုက်ပါလာတဲ့
ပိုးစုန်းကြုးတွေမှာလည်း သိပ်ကိုလှပလွန်းလှပါသည်
” ဟော အခုမှလာကြတာလား
ငါ့မှာတော့စိတ်ပူလို့သေတော့မယ်”
အိမ်ထဲ၀င်၀င်ချင်း ဆီးကြိုပြောလိုက်တဲ့အမေကြီးမှာ ပြောရင်းဆိုရင်း တုန်တုန်ယင်ယင်နဲ့ အိမ်ပေါ်ကဆင်းလာ၏
” ဘာလို့နောက်ကျဆို ဘာပါလာလဲကြည့်အမေရေ”
” ဘာတုန်းဟဲ့ ”
မရင်ကလေးကိုပြလိုက်တော့ အမေကြီးတစ်ယောက် မျက်လုံးတွေပြုးသွားတော့သည်
” ဒီ … ဒီကလေးကို နင်တို့ဘယ်ကရခဲ့တာ”
” ခက်သပြေလျှိုထဲက”
” ဟင် ”
” လာ အိမ်ပေါ်မြန်မြန်တတ်ကြ”
မရင်ရဲ့အမေမှာအရင်က ဗေဒင်ဆရာမတစ်ယောက်ပင် သူ့ရဲ့ဟောချက်မှန်လွန်းလို့ တော်ရုံလူတွေသွားမမေးရဲ ဖွားရင်ကလည်းတော်ရုံနဲ့မဟော ဟောရင်လည်း နွားပျောက်တာတို့ ရွှေငွေပျောက်တို့ပဲ အဓိကဟောတာ အသက်နဲ့ဆိုင်တာမေးရင် ဟောချက်မှန်လို့ကောင်းတဲ့အချက်နဲ့တိုက်လျှင်အကောင်းသား အသက်အန္တရာယ်အကြောင်းသာ ထွက်ချက်ခဲ့လျှင် မေးတဲ့ကာယကံရှင်အတွက်မကောင်းပေ
အခုဆို အရင်ရွာကပြောင်းပြီးခဲ့သည်နှင့် ဗေဒင်ဟောခြင်းမလုပ်တော့ မရင်အိမ်ထောင်ကျတော့
လင်ကံကောင်းပေမယ့် သားသမီးကံခေမှာကို ကြိုသိနေခဲ့၏ သို့ပေမယ့်ထုတ်မပြောခဲ့ပေ
ဖွားရင်မှာကလေးကို မျက်လုံးကမချနိုင်
” ဒီကလေးကသာမန်မဟုတ်တာသေချာတယ်
နတ်ပေးတဲ့ကလေးဆိုတော့ ပိုပြီးထူးခြားမှာ
ကလေးကိုကြည့်ရသလောက် ကံဇာတာကတော့အပြည့်ပဲ နင်တို့သေချာစောင့်ရှောက်ကြ”
” ပြီးတော့ပြောထားရအုံးမယ်
ကံကောင်းလည်းသေချာနားထောင်
အခုကအကြောင်းကိုဘယ်သူမသိစေနဲ့အုံး
မရင် နင်လည်းအခုတလောအိမ်ထဲကမထွက်နဲ့ တစ်လ၀န်းကျင်လောကရရောက်မှ
နောက်နေ့နင့်ဗိုက်ထဲ ခေါင်းအုံးတွေထည့်ပြီး
ဗိုက်ကြီးသလိုဟန်ဆောင် ဒါမှ လူတွေယုံမှာ ”
” ဟုတ်အမေ”
**************
မနက်မိုးလင်းတော့ မရင်မှာဗိုက်ထဲကို စောင်တွေအနည်းငယ်ထိုးထည့်ကာဗိုက်ကြီးသလိုဟန်ဆောင်ရတော့သည်
ကံကောင်းတစ်ယောက်မှာမူ ကလေးကို ကြည့်မ၀ရူမ၀ဖြစ်နေတာပေါ့ ကလေးက တခြားကလေးတွေနဲ့မတူဘဲထူးခြားတာက သူ့ရဲ့ချက်တည့်တည့်ပေါ်တွင် ပိုးစုန်းကြုုးလို တဖျပ်ဖျပ်လတ်နေတာ
ပြီးတော့ ညနေကအုံလိုက်ပါလာတဲ့ပိုစုန်းကြုုးတွေက မနက်အာရုံရောက်တော့ တစ်ကောင်မှမရှိတော့ပေ
” ဖေကြီးက သားသားကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ
အင်း ….
စဥျးစားစမျး…
ဟာ … ဟုတ်ပြီ”
” စက္က လို့ပေးမယ်”
ကံကောင်းစကားကြားတော့ ဖွားရင်တို့သားအမိနှစ်ယောက်မှာပြုံးလိုက်ရင်း
” အင်း မောင်ကံကောင်းကတော့ စဥ်းစားတတ်ပါ့
မဆိုးပါဘူး ကောင်းတယ်”
” ဟေး တွေ့လား ဖွားဖွားကသဘောကျတယ်တဲ့
စက္ကလေးရေ ”
ကလေးမှာတော့ အဖေဖြစ်သူကိုကြည့်ပြီး ရွစိရွစိနဲ့
ချစ်ဖို့ကောင်းနေလေရဲ့
ထိုသို့ကံကောင်းတို့ အူမြူးနေကျချိန် ခနမှာပင် သူ့တို့ခြံရှေ့သို့လူတစ်ယောက်ရောက်လာခဲ့သည်
” ဗျို့ အိမ်ရှင်တို့ ….”
” ဟဲ့ မရင် ဘယ်သူခေါ်နေတာလဲ ”
” မသိဘူးအမေ ယောကျာ်းသွားကြည့်လိုက်ပါအုံး”
ကံကောင်းအိမ်ရှေ့ထွက်လာတော့ သူတို့နယ်တ၀ိုက်တွင်မမြင်ဖူးတဲ့မျက်နှာစိမ်းတစ်ယောက်ပင်
” ဘယ်သူလဲ ခင်မျ”
ထိုလူက အိမ်ထဲကိုသေချာကြည့်လိုက်ပြီး
” အဘက စက္ကလေးရဲ့ အဖိုးပါ ”
ဗျာ…..
ကံကောင်းတစ်ယောက် မယုံနိုင်ဘဲ သူ့အားကြောင်ကြည့်နေသည်
” ဘယ်လို ”
” ဟုတ်တယ် သားကို စက္ကကိုပေးလိုက်ရတဲ့အကြောင်းအရင်းပြောပြဖို့ရယ် သူ့ရဲ့လုံခြုံမှုအတွက်ရောက်လာရတာပါ”
ကံကောင်းမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်
” ဟုတ် .. ဟုတ်ကဲ့ ကြွပါ ကြွပါ”
ထိုအဖိုးအိုအိမ်ထဲ၀င်လိုက်တော့ မနေ့ညကပျောက်ကွယ်သွားတဲ့ ပိုးစုန်းကြုုးတွေမှာ အိမ်ခေါ်မိုးပေါ်မှ
အပြုံလိုက်ထွက်လာကြ၏ ထူးဆန်းသည်က ညကျမှမီးလင်းတဲ့ ပိုးစုန်းကြုုးကောင်တွေမှာ ယခုနေ့အလင်းရောင်အောက်တွင်လည်း တလတ်လတ်လင်းထိန်နေသည်
မရင်တို့သားအမိနှစ်ယောက်မှာ ထိုအဖိုးကိုမသိတော့ ကံကောင်းကို မေးငေါ့၍မေးခွန်းထုတ်လိုက်ကြ၏
” စက္ကလေးရဲ့ အဖိုးတဲ့ ”
” အလို”
ယင်းအဖိုကြီးမှာ ဘာကိုမှဂရုမစိုက်ဘဲ စက္ကဆီကိုသာသွားနေသည် ကလေးဆီကိုရောက်တော့
” သူ့ကိုမွေးတဲ့သူက ကျုပ်ပါပဲ အဲ့ဒီနေ့က ငါ့သားတို့လင်မယားကိုပေးခဲ့တာပါ ဘာလို့လဲဆိုတော့
စက္ကလေးက ပိုးစုန်းကြုုးကနေလူဖြစ်လာတာကြောင့်ပဲ သူ့ကိုကျွေးမွေးဖို့ အဘကလည်းအသက်အရွယ်သက်တမ်း သိပ်မကျန်တော့ဘူးလေ
ပြောချင်တာက သားတို့လင်မယား စက္ကလေးကို သေသေချချာစောင့်ရှောက်ပါကွယ်
အဘဒီရွာကိုခြေချကတည်းက မကောင်းတဲ့အာရုံတွေ၀င်လာခဲ့တယ် စက္ကလေးအတွက် အတိုက်အခိုက်တွေ အချိန်မရွေးရောက်လာနိုင်တယ် ”
” ဟုတ်ကဲ့ ကျွန်တော်တို့သေချာစောင့်ရှောက်ပါ့မယ်
ကုန်ကုန်ပြောရင် အသက်နဲ့ရင်းပြီးကာကွယ်ပါ့မယ်”
” အေးအေး ”
အဖိုးက ပြောပြောဆိုဆို လွယ်အိတ်ထဲက တစ်စုံတစ်ခုကိုနှိုက်ယူလိုက်ပြီး စက္ကလေးရဲ့လည်ပင်းတွင်ချိတ်ဆွဲလိုက်၏
ထိုအရာမှာ ပယင်းကျောက်တစ်ခုပင် အဘမှာ ကလေးကိုပွေ့ယူနမ်းရိူက်လိုက်ပြီး
” ကဲ လူလေးရေ ဖိုးဖိုးသွားတော့မယ်
လိမ်လိမ်မာမာနေပြီး အသက်ရှည်ကျန်းမာပါစေကွယ်”
” ကဲ သားနဲ့သမီး အဘသွားတော့မယ်
မှာတာတွေဂရုစိုက်ပါ”
” ဟုတ်ကဲ့ပါအဘ”
အဘကပြောပြောဆို ဖြင့်အိမ်ပေါ်ကဆင်းသွားရာ လှေကားဆုံးတော့ ပျောက်ခြင်းမလှပျောက်ကွယ်သွား၏
ဒီတော့မှ မရင်ကစကားစလိုက်သည်
” ကလေးကို စက္က လို့နာမည်ပေးတာ သူဘယ်လိုသိ”
” ငါလည်း ဘယ်သိမလဲ ”
ကံကောင်းမှာ ကလေးဆီကို သွားထိုင်ကာ
” စက္ကလေးကို ငါ့အသက်နဲ့ရင်းပြီး စောင့်ရှောက်မယ်”
မရင်တို့သားအမိမှာတော့ ချစ်တတ်တဲ့ကံကောင်းကိုကြည့်ပြီးသာ ပြုံးနေကြတော့၏
***************
ညနေမှောင်ရီသန်းကတည်းက ရွာထဲရောရွာပြင်မှာပါကျီးကန်းတွေအော်မြည်နေကြသည်
လူတွေမှာ ယခုကဲ့သို့ထူးဆန်းတဲ့အဖြစ်ကြောင့် တစ်အိမ်နဲ့တစ်အိမ် တစ်ယောက်နဲ့တစ်ယောက်မေးကြဆိုကြနဲ့ပေါ့
ထိုစဥ် သူ့တို့ရွာအနောက်ဖက်ဆီက ကောင်းကင်သို့ထိုးတတ်သွားတဲ့ အစိမ်းရောင်အလန်းတန်းကြီးကို အားလုံးမြင်လိုက်ကြရ၏
” မရင် နင်မြင်လိုက်လား”
” အေး မြင်လိုက်တယ်”
” ဘာကြီးတုန်းဟဲ့ အဲ့တာ”
ကံကောင်းတို့သုံးယောက် အလင်းတန်းထွက်ပေါ်သည်ကိုကြည့်ပြီး အံ့သြနေကြ၏
ထိုသို့ပြောဆိုနေကြစဥ် အိမ်ထဲမှကလေးငိုသံထွက်ပေါ်လာပြန်သည်
” ဟဲ့ မရင် ကလေးငိုနေတယ် သွားကြည့်”
မရင်အိမ်ပေါ်ပြေးတတ်ပြီး ကလေးပုခက်ဆီကိုရောက်တော့ မျက်လုံးတွေပြုုးသွားတော့သည်
ကလေးချက်ဆီမှ အ၀ါရောင်အလင်းတန်းတွေ တလွေ့လွေ့ထွက်နေ၏
” အမယ်လေး ယောကျာ်း အမေ လာကြည့်ပါအုံး”
ကံကောင်းတို့နှစ်ယောက် မရင်အော်သံကြောင့်ပြေးတတ်လာကြ၏
” ဘာလဲ ဘာဖြစ်တာလဲ ”
မရင်က ကလေးကိုလက်ညှိုးထိုးပြလိုက်ရာ
” ဟင် ”
“အမေ ဒါဘာလဲ သိလား”
” ဒါ…. ဒါ ဘာတွေလဲ ”
” ငါ့ အသိစိတ်ထဲ ဒါတွေက ပြိုင်အားတွေပဲ
စက္ကလေးရွာကိုရောက်လာတာ စွမ်းအားရှင်တစ်ယောက်သိသွားလို့နေမယ် ပညာစမ်းနေတာ”
” ရှင်…”
မရင်တို့လင်မယား ပါးစပ်အဟောင်းသားနဲ့ အံသြမှင်သက်သွားကြ၏
စက္ကလေးမှာ ချက်ဆီကအလင်းတန်းထွက်ပြီး ထပ်မထွက်လာတော့မှ အငိုရပ်သွားတော့သည်
သုံးယောက်သား စက္ကလေးကိုကြည့်ပြီး ရင်ထဲအပူတွေထိုးတတ်လာခဲ့၏
*************
နောက်တစ်နေ့ ရွာထဲသတင်းတစ်ခုထွက်လာခဲ့တယ်
မနေ့ညက အလင်းတန်းထွက်လာပြီးနောက် ရွာပြင်မှာအနက်ရောင်၀တ်စုံနဲ့လူတစ်ယောက် တောင်ဝှေးကိုင်ပြီး တောထဲ၀င်သွားတယ်တဲ့
သတင်းကြားကြားချင်း ကံကောင်းမှာ အိမ်ကိုအပြေးပြန်လာခဲ့၏
” မရင်ရေ ရွာထဲကလူတွေပြောနေတာတစ်ခုကြားခဲ့တယ်”
ကံကောင်းစကားကြားတော့ ထမင်းချက်နေတဲ့မရင်မှာ ပျာပျာသလဲထွက်လာပြီး
” ဘာတွေကြားခဲ့လို့လဲတော် လန့်လိုက်တာ”
” မနေ့ညက အစိမ်းရောင်အလန်းတစ်ခုထွက်ပြီး သိပ်မကြာခင် အနက်ရောင်၀တ်စုံနဲ့လူတစ်ယောက်
တောင်ဝှေးကိုင်ပြီး တောထဲ၀င်သွားတယ်တဲ့”
“ဟုတ်လို့လားတော် ”
” ဟုတ်တယ်ဟ ”
လင်မယားနှစ်ယောက်စကားလက်ဆုံကျနေစဥ်
ဖွားရင်မှာကလေးကိုပွေ့ပြီး
” ငါ့အာရုံထဲ မကောင်းတာတွေ ဆက်တိုက်၀င်နေတာ အန္တရာယ်တစ်ခုမကြာခင်ငါတို့ဆီကိုရောက်တော့မှာ”
ဖွားရင်စကားကြောင့် ကံကောင်းတို့မှာ တစ်ပူပေါ်နှစ်ပူဆင့်သွားကြသည်
” ဘာပဲဖြစ်ဖြစ် ကြုံရတော့ လက်ခံရမှာပဲ ”
” အေးလေ ”
ကံကောင်းတို့မှာ စက္ကလေးကိုတစ်ချက်ကြည့်လိုက်၏ အပူအပင်ကင်းမဲ့ပြီး အပြစ်ကင်းစင်တဲ့ကလေးအပြုံးက သူတို့အတွက်အားဆေးတစ်ခုပင်မဟုတ်ပါလား
” ကဲ မရင် ညည်းထမင်းအိုးတည်ထားတာမလား
ဆူနေပြီထင်တယ် သွားကြည့်”
” ရော့ နင့်သားယူထားအုံး ငါခရမ်းချဥ်ယာခင်းထဲသွာလိုက်အုံးမယ် ကြက်တွေ၀င်ယက်နေမှာ”
” ဟုတ်ကဲ့အမေ”
ဖွားရင်မှာ တောင်ဝှေးတစ်ခုထောက်ပြီး အိမ်နောက်ဖေးက ခရမ်းချဥ်ခင်းထဲ လျှောက်လာခဲ့၏
ထိုစဥ် သူတို့အိမ်ဘေးက ပေပင်နားတွင် လူတစ်ယောက် ယောင်လည်လည်လုပ်နေသည်ကို တွေ့လိုက်သည်
ဖွားရင်မှာ ရွာကလူထင်ပြီး ဂရုမထားဘဲ ယာခင်းထဲသာ၀င်လာခဲ့၏
ထိုအမည်မသိလူမှာ အိမ်ကိုစေ့စပ်သေချာကြည့်ပြီး ပါးစပ်မှမန္တန်တွေရွတ်ဖတ်လိုက်တော့ သူ့ရဲ့လက်ဆီမှ မည်းမည်းအငွေ့တစ်ချို့ အိမ်၀ိုင်းအပြင်ပေါ်တွင် ၀ဲနေကြ၏
” တောက် ”
အမည်မသိလူမှာ ပြင်းထန်စွာတောက်တစ်ချက်ခေါက်ရင်း တောင်ဝှေးကို မြေပြင်ပေါ်တွင် နှစ်ချက်လောက်ဆောင့်လိုက်ရာ အစိမ်းရောင်အငွေ့အဖြစ်ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်
***********
လကွယ်ညမို့ ကြယ်အလင်းရောင်ကလွဲပြီး ဘာမှမရှိ တစ်ခါတစ်ခါကြားရတဲ့ ဇီးကွက်အော်သံရယ်
အိမ်နားက ခေါင်းအုံးစာပင်ပေါ်တွင် ပန်း၀တ်ရည်လာစုပ်တဲ့ လင်းနို့အတောင်ပံခတ်သံရယ်သာ ရှိ၏
အိမ်၀ိုင်းတစ်ခုလုံး ပိုးစုန်းကြုုးတွေလင်းထိန်နေသည် ကံကောင်းနဲ့ ဖွားရင်မှာ အိပ်ပျော်နေပေမယ့် ကလေးပုခက်လွှဲသိပ်နေတဲ့ မရင်မှာ မအိပ်နိုင်သေး
” ဟိုဘက်ကမ်းက မီးထိန်ထိန် မနှင်းလေးတို့အိမ်”
ကလေးကိုချော့သိပ်နေတဲ့ မရင်အသံက တိတ်ဆိတ်မှုကိုခွင်းပြီးအတိုင်းသား ကြားနေရ၏
တဖြည်းတဖြည်း ညနက်လာတော့ မျက်လုံးတွေလေးလာပြီး အိပ်ငိုက်လာခဲ့သည်
မရင်မှေးခနဲအိပ်ပျော်သွားပြီး ခနအကြာ ပုခက်ထဲက စက္ကလေးမှာ ရုတ်တရက်ထငိုပေါလေရော
မရင်လန့်နိုးပြီး ကလေးချော့သိပ်ဖို့လုပ်တော့ အိမ်ရှေ့လှေကားဆီက တဒုတ်ဒုတ်တတ်လာတဲ့ ခြေသံကိုကြားလိုက်၏
မရင်မှာ နှလုံးခုန်သံတွေ မြန်လာကာ တံခါးဆီကို ကြည့်နေစဥ် ၀ုန်းခနဲပွင့်သွားပြီး အိမ်ထဲကို အ၀တ်ဗလာနဲ့ ခါးတောင်းကျိုက်ထားတဲ့လူသုံးယောက်၀င်လာခဲ့သည် တစ်ကိုယ်လုံးဆေးမှင်ကြောင်ထိုးထားတဲ့ ထိုလူသုံးယောက်မှာ
” ပေးးးးးးး
ငါတို့ကို ကလေးပေးးးးးး”
ဆိုပြီး စူး၀ါးတဲ့အသံမျိုးနဲ့ ခြိမ်းခြောက်တော့သည်
မရင်မှာ ကလေးကို ရင်ခွင်ထဲဆွဲထည့်ကာ
” ယောကျာ်း အမေ ထပါအုံး”
လှုပ်နှိုးသော်လည်း သူတို့မှာ လုံး၀မနိုးပေ
မရင်မှာ မတတ်သာတဲ့အဆုံး အိမ်နောက်ဖေးထရံကိုဖောက်ကာ ထွက်ပြေးတော့၏
” ဟေးးးး
ဘယ်ပြေးမလဲ လိုက်ဟ……..”
လူသန်ကြီးသုံးယောက်မှာ တအိမ်လုံးကို ဖြိုဖျက်ကာ ကံကောင်းတို့နှစ်ယောက်အား နင်းသတ်၍မရင်နောက်ကို တဟုန်ထိုးလိုက်ကြတော့သည်
မိန်းမသားဖြစ်တာရယ် ကလေးကတဖက် ချမ်းလှတဲ့ဆောင်းမြုုတွေကြားမှာ ခြေလှမ်းသိပ်မတွင်
လူသန်ကြီးသုံးယောက်မှာ အပြေးနှေးတဲ့မရင်ကို မကြာခင်မှာပင် ဖမ်းမိတော့၏
” မလုပ်ပါနဲ့ သားလေးကို မယူကြပါနဲ့ ”
လူသန်ကြီးသုံးယောက်က ကလေးကို လုယူလိုက်ပြီး ဧရာမသန်တဲ့ ဓားကြီးနဲ့မရင်အားခုတ်ချလိုက်တော့သည်
အားးးးးးး
မရင်အသံမည်မျှထိကျယ်သွားသည်မသိ
” မရင် မရင် ဘာဖြစ်တာလဲ”
ဖွားရင်လှုပ်နိုးတော့မှ သတိရကာ
” သားလေးရော ”
” ဟိုမှာ ပုခက်ထဲဆော့နေတယ် ”
” သမီးအိပ်မက်မက်နေတာ အိပ်မက်ထဲ လူကြီးသုံးယောက် ကလေးကိုလုယူသွားပြီး ဓားနဲ့ခုတ်သတ်ခဲ့တယ်တဲ့ ကြောက်လိုက်တာအမေရယ်”
ခေါင်းတစ်ခုလုံးချွေးစေးတွေပျံနေပြီး မရင်မှာ အကြောက်မပြေသေးပုံရသည်
” အိပ်မက်ပါပဲ ဘာမှစိတ်ထဲမထားနဲ့
ကဲထတော့ အမေလုပ်တဲ့သူက ခုမှထတယ်
စက္ကလေးက နိုးတာကြာပြီ”
မရင်မှာ ခနနေမှ ရင်ထဲအလုံးကျသွားကာ မျက်နှာသစ်ရန်လုပ်တော့၏
************
ရွာထဲ ကံကောင်း၀င်လာတော့ တစ်ရွာလုံးတိတ်ဆိတ်နေသည် အိမ်ပြတင်းပေါက်ကလူတွေမှာ လမ်းပေါ်ကိုခေါင်းပြုုကာထွက်ကြည့်နေကြ၏
ကံကောင်းမှာ ရွာလယ်က ဦးချမ်းသာမောင် အိမ်ဆီကိုသာဦးတည်လာခဲ့သည် ဦးချမ်းသာမောင် အိမ်မှာက နို့စားနွားမရှိသည် ကလေးရကတည်းက ရွာထဲလာပြီး နွားနို့လာလာ၀ယ်ရ၏
ခြံထဲ၀င်လိုက်တော့ အသင့်စောင့်နေတဲ့ ဦးချမ်းသာမောင်ကိုတွေ့ရသည်
” လာကွာ ကံကောင်း မင်းကွာ အခုမှနွားနို့ကြိုက်တယ်လို့ သူငယ်ပြန်တာလားဟ”
” ဟာ ဦးလေးကလည်း နွားနို့ကလိုတယ်ဗျ မရင်က မကြာခင်သားဖွားတော့မှာ ”
” ဘယ်လို”
ကံကောင်းစကားကြောင့် မယုံနိုင်ဖြစ်သွားမိသည်
ကြားထားတာက မရင်က ကလေးမရနိုင်တဲ့အမြုံမလို့သာ
” အေးအေး ”
ကြောင်စီစီနဲ့ ဦးချမ်းသာမောင်တစ်ယောက် နွားနို့တွေထည့်ပြီးနောက်
” ဦးလေး ဒီနေ့တစ်ရွာလုံးတိတ်ဆိတ်နေပါလား
ဘာဖြစ်လို့လဲ ”
” ဖြစ်ဆိုကွာ ဟိုတစ်ရက်နေ့က ရွာနောက်က အစိမ်းရောင်ဆိုလားဘာဆိုလား အရောင်ကြီးထွက်ပြီးနောက်ပိုင်း ကြောက်လို့တဲ့ ကိုယ့်အိမ်မှာပဲနေနေကြတာ”
” ဟာ ဒါဆို ယာထဲကိုင်းထဲ ဘယ်လိုလုပ်မှာလဲ”
” မသိတော့ပါဘူးကွာ ငါကတော့ ဘာကိုမှမကြောက်ဘူး”
” ဟုတ်ကဲ့ပါဗျာ အဲ့ဆိုကျုပ်သွားလိုက်အုံးမယ်”
” အေးအေး”
ကံကောင်းမှာ အိမ်ကိုပြန်လာတော့ မရောက်မီ သူတို့အိမ်နားကပေပင်နားတွင် ယောင်လည်လည်လုပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်၏
တစ်ရွာလုံးမထွက်ရဲ့တဲ့ကြားက သူတို့အိမ်နားမှာဘယ်သူကလာပြီး ဝေ့လည်ကြောင်ပက်လုပ်နေတာလဲမသေချာတော့ မသင်္ကာစိတ်တွေဖြစ်လာခဲ့သည်
ခြေလှမ်းခပ်ဖွဖွဖြင့် ပေပင်နားဆီကိုလျှောက်လာခဲ့ရာ ထိုလူမှာ ကံကောင်းလာနေသည်ကို သတိထားမိဟန်မပေါ်ပေ
ကံကောင်းအနားသွားကာ အသံကုန်အော်လိုက်တော့၏
“ဘာလုပ်နေတာလဲ……….”
ကံကောင်းအသံကြောင့်ထိုလူမှာ လန့်ဖျပ်သွားကာ
နောက်လှည့်ကြည့်လိုက်တော့ ကံကောင်းလက်မှ နွားနို့ပုလင်းတွေလွတ်ကျသွားရ၏
မျက်နှာတစ်ခုလုံး ဆေးအနက်ဖြင့် ဆေးမှင်ကြောင်ထိုးပြီး စိမ်းဖန့်ဖန့်မျက်လုံးပိုင်ရှင်တစ်ယောက်ဖြစ်သည်
ကံကောင်းမှာ ကြောက်အားဖြင့် ထိုလူအားအားကုန်ရိုက်ပစ်လိုက်ရာ ဘုန်းခနဲမြည်အောင် လဲကျသွားပြီး အစိမ်းရောင်အငွေ့တွေအဖြစ်ပြောင်းလဲ ပျောက်ကွယ်သွားတော့၏
ကံကောင်းအသံကြောင့် ဖွားရင်နဲ့ မရင်မှာ အိမ်ပေါ်ကဆင်းလာကြသည်
” ဘာဖြစ်လို့လဲ ယောကျာ်း”
” ဘယ်သူလဲမသိဘူး အိမ်နားကြောင်ကြည့်နေလို့
ငါလဲအော်လိုက်တာ အဲ့မှာ လူမဟုတ်ဘူးဟ
မျက်နှာကြီးဆေးမှင်ကြောင်အပြည့်နဲ့ ငါကြောက်အားနဲ့ရိုက်လိုက်တော့ ဘယ်ပျောက်သွားလဲမသိဘူး”
” ငါလည်းအယင်က တွေ့ဖူးတယ်
ရွာကလူထင်လို့ အမှတ်မထားခဲ့မိဘူး”
ဖွားရင်၀င်ပြောတော့ မရင်တို့မှာ အိမ်ထဲအမြန်၀င်ကြတော့သည် အိမ်ထဲရောက်တော့ ထပ်ပြီး မျက်လုံးပြုုးရပြန်တော့၏
” အမယ်လေး”
ခုနကပဲ ပုခက်ပေါ်သိပ်ထားတဲ့ စက္ကလေးမှာ ငါးနှစ်သားကလေးအရွယ် လောက်ရှိနေပြီဖြစ်သည်
ထိုမျှမကသေး
” ဖေကြီး သားသားဗိုက်ဆာတယ်” တဲ့
မရင်မှာ ထိုနေရာမှာပင် ပစ်လဲကာသတိလစ်သွားသည် ကံကောင်းနဲ့ ဖွားရင်မှာတော့ သူတို့မျက်လုံးသူတို့မယုံနိုင်ပေ
မရင်ကိုပွေ့ထူပြီး ရေဖြန်းလိုက်တော့ သတိရလာခဲ့၏
စက္ကမှာ ကံကောင်းကိုကြည့်ပြီး
” ဖေကြီး သားဗိုက်ဆာတယ်”
ထပ်ကာပြောလိုက်သဖြင့်
” အေး အေး အဖေ နွားနို့ ချက်ပေးမယ်နော် ခနစောင့်နော် သားလေး”
” ၀ုတ်ကဲ့”
စက္ကမှာပြောရင်းဆိုရင်း အိမ်ရှေ့ကိုပြေးဆင်းကာ ဆော့နေတော့၏ မရင်တို့သုံးယောက်မှာတော့ ကြောက်ရမည်လော ၀မ်းသာရမည်လော မခွဲခြားတော့ပေ စက္ကလေးကိုကြည့်ပြီး ငြိမ်သက်စွာနေနေဆဲ
ကံကောင်းနွားနို့ချက်ပြီး အိမ်ရှေ့ကိုထွက်လာခဲ့ရာ
ပိုစုန်းကြုုးတွေ၀ိုင်းအုံနေတဲ့ စက္ကလေးမှာ ထိုင်ရာမှ တစ်နေရာကိုငေးကြည့်နေသည်
“သားလေး ဘာတွေ့လို့လဲ ”
စက္က လက်ညှိုးထိုးရာကို ကံကောင်းကြည့်လိုက်တော့ ဘာမှမတွေ့ရပေ
” ဟိုနားက သားကို လူတစ်ယောက်ကြည့်နေတယ်”
” ဟင် ”
ကံကောင်းထပ်ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရပြန် ထိုနေရာမှ စက္ကကို ထူကာအိမ်ထဲပြန်၀င်လာခဲ့သည်
**************
လကွယ်ညထဲ လူတစ်စုမှာ လွင်ပြင်တစ်ခုတွင် စုဝေးရောက်ရှိနေကြသည် ထိုအထဲတွင် တစ်ကိုယ်လုံဆေးမှင်ကြောင်ထိုးထားတဲ့လူသုံးယောက်မှာ
အနက်ရောင်၀တ်စုံနဲ့ မျက်နှာတွင်ဆေးနက်ထိုးထားတဲ့တစ်ယောက်ကို ဆွဲကာ အားလုံးရှေ့တွင်ပစ်ချလိုက်သည်
” ကျွန်တော့်ကိုမသတ်ပါနဲ့ ထပ်ပြီး အခွင့်အရေးပေးပါ သခင်စိတ်မပျက်စေရပါဘူး”
အဲ့လိုပြောလိုက်တော့ လူရိုးတွေနဲ့လုပ်ထားတဲ့ ခုံပေါ်မှသခင်ဖြစ်သူမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်
” ဟား ဟား ဟား
ငါမင်းကို တစ်ခါမက နှစ်ခါမက အခွင့်အရေးပေးခဲ့တယ် ဒါကို ငါ့ခွင့်လွှတ်မှုနဲ့တန်မယ်ထင်လို့လား”
” မလုပ်ပါနဲ့ သခင် မလုပ်ပါနဲ့ ”
အနက်ရောင်အ၀တ်နဲ့လူမှာ အားလုံးရှေ့တွင်ကြောက်လန့်တကြားတောင်းပန်နေ၏
သို့ပေမယ့် သခင်ဖြစ်သူက ဧရာမရှည်လျားတဲ့ လက်တွေနဲ့ အနက်ရောင်၀တ်ရုံလူကို ဆွဲယူလိုက်ပြီး
နဖူးကို ချွန်ထက်တဲ့ လက်သည်းနဲ့ထိုးဖောက်လိုက်ရာ အစိမ်းရောင် အလင်းတန်းတွေဖြာခနဲထွက်လာပြီး ပြာမှုန့်အဖြစ်ပြောင်းကာ တဖြည်းဖြည်းပျောက်ကွယ်သွားတော့၏
” အသုံးမကျတဲ့ကောင်
ငါ့ကိုမင်းက ဘာထင်နေလဲ
ယက္ခ လာခဲ့”
ထိုသို့ခေါ်လိုက်တော့ လူအုပ်စုတွေကြားက သန်လျက်ကိုကိုင်ကာ ဘီလူးလိုလူတစ်ယောက်ထွက်လာခဲ့သည်
” ကဲ ရာမီလျှံတော့ တာ၀န်မကျေလို့ ဖျက်ချလိုက်ပြီ ဒီတစ်ခေါက်မင်းအလှည့်ပဲ အဲ့ကလေးကို ငါ့ဆီအမြန်ဆုံးယူလာခဲ့ ”
” အမိန့်အတိုင်းပါသခင်”
ယက္ခဦးညွှတ်လိုက်တော့ ထိုလူအုပ်စုမှာ သခင်ဖြစ်သူကိုကောင်းချီးသြဘာပေးကြ၏
” မနုဿရာဇာ အောင်မြင်ပါစေ
မနုဿရာဇာ ဘုန်းတန်းခိုးကြီးပါစေ”
ထိုသို့အော်ကြပြီးနောက် တဖြည်းဖြည်းအာရုံတတ်လာတဲ့ အချိန်ကြမှ ထိုလူအုပ်စုမှာ အရောင်မျိုးစုံတောက်ပကာ အငွေ့အဖြစ်ထိုနေရာမှာ ပျောက်ကွယ်သွားတော့သည်
****************
တစ်ခါတုန်းက
ဟိုးဝေးကွာတဲ့ကမ္ဘာဆီမှာ မှင်စာတွေနဲ့အတူ ခြင်သေ့ တစ်ပိုင်းလူတစ်ပိုင်းသတ္တ၀ါတွေအုပ်စိုးတဲ့တိုင်းပြည်တစ်ခုရှိခဲ့တယ် တိုင်းပြည်နာမည်က မနုဿဧကရာဇ်တဲ့ အဲ့တိုင်းပြည်ကို အုပ်ချုပ်တဲ့သခင်မှာ သီဟဖြစ်သည် သီဟမှာ ရှင်ဘုရင်ဖြစ်ပေမယ့် သားသမီးမရှိပေ
သီဟတွင် ညီဖြစ်သူတစ်ယောက်လည်းရှိ၏ ခေါင်ဇာ ကလောဘကြီးသည် အစ်ကိုဖြစ်သူ သီဟ ပလ္လင်တတ်ကတည်းက မလိုမုန်းထားဖြစ်နေခဲ့သူတစ်ဦးဆိုလည်းမမှားပါဘူး
ခေါင်ဇာတွင် သားတစ်ယောက်ရှိသည် ကလေးမရနိုင်တဲ့သီဟကို လှောင်ပြောင်ကဲ့ရဲ့စကားပြောတတ်၏ တစ်နေ့ကျရင် သူ့သားဖြစ်သူကိုနန်းတင်ရန် အမြဲတွေးနေသူပေါ့
” ငါတော့ မင်းတစ်နေ့ နတ်ရွာစံကံကုန်သွားခဲ့ရင်
နောက်တတ်မယ့် ဘုရင်အတွက်ရင်လေးတယ် သီဟရယ်”
” မပူပါနဲ့ ဖိုးဖိုးရာ ငါ့ရဲ့ညီ ခေါင်ဇာ့သားတစ်ယောက်လုံးရှိသေးတာပဲ”
” ရှိတော့ရှိတာပေါ့ ဒါပေမယ့် သူ့အကြောင်းသီဟမသိတာလဲမဟုတ်ဘူး အဲ့ဒီ မနုဿ ကရိုင်းစိုင်းတယ် အကျိုးအကြောင်းလဲမသိတတ်ဘူး”
” အချိန်က သင်ယူသွားမှာပါ ဘာမှမပူပါနဲ့ဖိုးဖိုး”
ဖိုးသျှင်တစ်ယောက် စိတ်ဓာတ်ကျသည် အနာဂတ်မှာ ပလ္လင်ကိုသာ မနုဿရသွားရင် တိုင်းပြည်အတွက်မတွေးရဲစရာပဲ
ဖိုးသျှင် ဘာမှထပ်မပြောတော့ဘဲ သူ့ရဲ့တရားကျင့်ကြံတဲ့ မှောရုံတောထဲကိုလျှောက်လာခဲ့တော့သည်
ဖိုးသျှင်မှာ သီဟရဲ့ အကြံပြုဖော်ပြုဖက်တစ်ယောက်အပြင် ငယ်စဥ်ကတည်းက ကျွေးမွေးစောင့်ရှောက်သူ သီဟကို ပလ္လင်တင်ပေးသူမှာလည်း ဖိုးသျှင်ပဲပေါ့ ဒါ့ကြောင့်သီဟရဲ့လေးစားရသူတစ်ယောက်ပါ
ထို့အပြင်အကြံတူရန်သူဖြစ်တဲ့ ခေါင်ဇာရဲ့မုန်းတီးသူစာရင်းတွင်ပါခဲ့သူဖြစ်သည်
ဖိုးသျှင် မှော်ရုံတောထဲ၀င်တော့ အစောင့်ဖြစ်တဲ့မှင်စာလေး ရွှေရွှေမှာ သူ့အားရေးကြီးသုတ်ပျာ လာခေါ်၏
” ဖိုးဖိုး လာပါအုံး ဟိုမှာဘာလဲမသိဘူး ”
” ဘာတုန်း ရွှေရွှေရဲ့ ”
” လာပါဖိုးရဲ့ ”
ဖိုးသျှင်မှာ သူ့နောက်လိုက်သွားပြီး တစ်နေရာကို ညွှန်ပြ၏ ကြည့်လိုက်တော့ ပိုးစုန်းကြုုးတွေ၀ိုင်းအုံးနေတဲ့ကြာပန်းကြီးတစ်ခုကိုတွေ့သည်
ဖိုးသျှင်မှာ သိချင်စိတ်ကြောင့် အနားသွားကြည့်လိုက်တော့ ဧရာမကြာပန်းပေါ်တွင် လှုပ်စိလှုပ်စိနဲ့ ကလေးတစ်ယောက်ကို မြင်တော့ မျက်လုံးတွေပင့်တတ်သွား၏
ကလေးလေးက သူ့အားကြည့်ပြီး အသနားခံနေသလိုမို့ ဖိုးသျှင်ကောက်ယူလိုက်သည် ကလေးအနားတွင်၀ိုင်းအုံနေတဲ့ ပိုးစုန်းကြုးလေးတွေမှာ
ကလေးချက်ထဲကို စုကာ၀င်ရောက်သွားတော့
ဖိုးသျှင်လည်းအံသြမိသွားသည်
ကလေးကိုယူကာ အိမ်ငယ်လေးထဲ၀င်လာခဲ့၏
” မင်းက ပိုစုန်းကြုုးလူသားဆိုတော့
စက္ကလို့ပေးမယ်ကွာ ဒီနေ့ကစပြီးမင်းကိုငါမွေးတော့မယ် ”
ထိုစဥ် ကလေးချက်ဆီမှ အ၀ါရောင်အလင်းတန်းတစ်ခုတဖြည်းဖြည်းပေါ်လာပြီး ၀ုန်းခနဲမြည်ကာ ကောင်းကင်ပေါ်ကိုထိုးတတ်သွား၏
ထိုသို့ဖြစ်ပြီး ခနအကြာ မြေပြင်တွေမှာ ငလျင်လှုပ်သလို တုန်ခါလာပြန်သည် ဖိုးသျှင်စိုးရိမ်မိသွားသည် သူဟိုးတစ်ချိန်တုန်းက အိပ်မက်တစ်ခုထဲ မနုဿနဲ့ နန်းပြိုင်လုမယ့် သူတစ်ယောက်ဟာ အ၀ါရောင်အလင်းတန်းတစ်ခုနဲ့အတူ ပေါ်ထွက်လာမည် တဲ့
ဒီလိုအတွေး၀င်တော့နောက်ထပ် အတွေးတစ်ခုတစ်ပြိုင်နက်၀င်လာပြန်၏ ခေါင်ဇာရဲ့ ဗေဒင်တွက်တဲ့ မိန်းမကြီးက ခုနကဖြစ်ပျက်သွားသည့် အရာကို တွက်ချက်နေမည်မှာအမှန်ပင် သူသာသိခဲ့ရင် ခေါင်ဇာ့ကိုသေချာပေါက်ပြောလိမ့်မည်
စက္ကလေးအတွက် အန္တရာယ်က လက်တစ်ကမ်းတွင်ပင် ယခုအချိန်မှာ ကလေးပဲရှိသေးတဲ့ စက္ကလေးကို ဘယ်နည်းနဲ့မှ စတေးလို့မရနိုင်ပေ ထို့ကြောင့် ဖိုးသျှင်တစ်ယောင် စက္ခုဉာဏ်ကို အသုံးပြုလိုက်သည်
**************
“အဲ့လို အတိုင်းဆို အဲ့ဒီမကောင်းဆိုး၀ါးလေးက ငါ့သားကို နန်းလုမယ်ပေါ့
ဘယ်နည်းနဲ့မှ အလုမခံနိုင်ဘူး ငါ့အခေါက်တုန်းက
သီဟ ကိုနန်းပေးထားရတာ ငါ့သားလက်ထက် အပါမခံနိုင်တော့ဘူး မယ်၀ဏာ ဘာဆက်လုပ်ရမလဲ ပြော”
” အရှင့်သားအတွက် အဲ့ကောင်လေးကို ဖျက်ဆီးပစ်ရမယ် ”
” အဲ့မကောင်းဆိုး၀ါးလေး ဘယ်မှာရှိနေနိုင်မလဲ မယ်၀ဏာပြောပါ ”
မယ်၀ဏာက ခနမျက်လုံးမှိတ်လိုက်ပြီး
” ဖိုးသျှင်လက်ထဲမှာ”
” ဘယ်လို…”
” ဟုတ်တယ် ဖိုးသျှင်မွေးထားတာ ”
မယ်၀ဏာစကားကြောင့် ခေါင်ဇာအံကြိတ်ကာ
” တောက်!!!
ဒီအဖိုးကြီး ငါတုန်းကလည်း သီဟ ဘက်ကကာဆီးကာဆီးနဲ့ အခုလည်းငါ့သားအတွက် ရန်သူကိုမှ မွေးထားတယ်ပေါ့ ”
” အဲ့လိုဆို ဒီကိစ္စအတွက် တာ၀န်ကို သားတာ၀န်ထားလိုက်ပေါ့ အဖေရာ ”
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ မနုဿက လိုက်ကာကြားကထွက်လာကာပြောလိုက်သည်
” အေးပေါ့ သားရဲ့ရန်သူကို သားပဲသုတ်သင်ရမှာ
ဒါမှ တစ်ချိန်ချိန်မှာ ဒီနန်းတော်နဲ့ ဒီပလ္လင်ကသားအပိုင်စီးရမှာလေ ဟားဟားးးဟား”
ခေါင်ဇာက ပြောရင်း မနုဿလက်ကိုဆွဲကာ လက်ဖြင့်ပွတ်သပ်လိုက်တော့ ခြင်သေ့ဦးခေါင်းတံဆိပ်နဲ့ပုဆိန်တစ်လက်ပေါ်လာ၏
” ဒါ အဖေ့ရဲ့ လျှို့၀ှက်လက်နက် အခုသားအပိုင်ဖြစ်သွားပြီး သားစိတ်ကြိုက်အသုံးပြုပေတော့ ”
” အင်း ဘယ်လိုသုံးရမှာလဲ ”
” ကြည့် အဖေပြမယ် ”
ခေါင်ဇာ ပုဆိန်ကိုဝှေ့ယမ်း လိုက်ရာ ကောင်းကင်တစ်ခုလုံး မည်းနက်ကာ မိုးကြိုးလျှပ်စီးများ တဖြန်းဖြန်းထွက်ပေါ်လာတော့သည်
မနုဿတစ်ယောက်ကတော့ လက်နက်ကိုကြည့်ပြီး ကျေနပ်နေလေရဲ့
” တွေ့လား ”
” ဟုတ်ကဲ့ သားရဲ့ရန်သူတော်အတွက် လက်နက်ကောင်းပေါ့”
သားအဖနှစ်ယောက် ရက်စက်တဲ့အပြုံးတွေနဲ့ ပြုံးကာ အံတကြိတ်ကြိတ်လုပ်နေလေရဲ့
*************
ကံကောင်းတစ်ယောက် သားသမီးမရနိုင်တဲ့ ဇနီးဖြစ်သူမရင်ကိုကြည့်ပြီး သက်ပြင်းချနေမိသည်
ဒီအတိုင်းဆို အသက်အရွယ်အိုမင်းလာရင် အားကိုးအားထားမယ့် သားသမီးမရှိရင် ခက်တော့မှာပဲ စိတ်ညစ်စွာနဲ့ ညအိပ်ရာ၀င်တိုင်း ဆုတစ်ခုတောင်းဖြစ်သည် အဲ့တာက ကလေးတစ်ယောက်လောက် ရပါစေလို့ပေါ့
တစ်နေ့ ကံကောင်းအိပ်မက်တစ်ခု ထူးဆန်းစွာမက်ခဲ့သည် ဆုတောင်းနေတဲ့ ကံကောင်းရှေ့ကို ဘုန်းတော်ကြီးတစ်ပါး ရောက်လာခဲ့၏ ဘုန်းတော်ကြီးမှာ အလွန်ကြည်ညိုသပ္ပါယ်စရာပင်
” ဒကာကြီးအလိုရှိတဲ့ ကလေးတစ်ယောက်
ရပါလိမ့်မယ် သူ့ကိုသေချာစောင့်ရှောက်ပါ” တဲ့
ထိုသို့ပြောကြားပြီးနောက် အလင်းရောင်တစ်နေရာသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်
ကံကောင်းလည်း အိပ်မက်ကလန့်နိုးလာရာ လက်တွေ့ဖြစ်သလို ခံစားချက်မျိုးက စိတ်ထဲကထုတ်မရပေ နေ့ရှိသရွေ့ ထိုအိပ်မက်ပဲစိတ်ထဲကရောက်လာသည်
” ယောကျာ်းရေ ကဲထမင်းတောင်းလာထမ်းတော့
လယ်ထဲသွားရအောင် ”
မရင်ခေါ်လိုက်သဖြင့် ကံကောင်းအတွေးစပျက်ကာ
ထိုင်ရာမှထပြီး အိမ်ဆီကိုလျှောက်လာခဲ့၏
နေရာတစ်ခွင် လျှပ်စီးတွေပြည့်နှက်လာသည် ဖိုးသျှင်မှာ ထိုအရာတွေကိုကြည့်ပြီး စိုးရိမ်စိတ်တွေပြည့်နက်နေ၏ အိပ်ယာပေါ်က စက္ကလေးကိုကြည့်ကာ
ရတတ်မအေး ပူပန်မှုတွေက ဘယ်လိုမှဖျောက်မရ
” ဖိုးရဲ့လက်ဆီမှာ ကြီးပြင်းဖို့ ကံမပါတော့ဘူးထင်တယ် စက္ကလေးရယ် ဒီထက်လုံခြုံတဲ့ နေရာတစ်ခုဆီမှာ နေပါတော့”
စိတ်မကောင်းဖြစ်တဲ့ မျက်၀န်းကို အားတင်းကာ ထိုနေရာမှ ကလေးကိုယူကာ ထွက်ပြေးလာတော့သည်
ထိုစဥ် အမှီလိုက်လာတဲ့ မနုဿက ဖိုးသျှင်ကို မိုးကြိုးနဲ့လှမ်းပစ်လိုက်ရာ ကလေးမှာ လက်ထဲကလွင့်ထွက်သွား၏
ဖိုးသျှင်လည်း မတတ်သာတော့တဲ့အဆုံး စကြာ၀ဠာ အစွမ်းကိုသုံးကာ ကမ္ဘာပြောင်းပြန်နည်းဖြင့် မနုဿဆီက ထွက်ပြေးရ၏
ဖိုးသျှင်ထိုနေရာမှပျောက်သွားတော့ မနုဿအဖွဲ့မှာ တောက်ခေါက်ရင်းနဲ့ ကျန်နေခဲ့တော့သည်
ဖိုးသျှင်မှာ ပြေးရင်းနဲ့ အလွန်ပင်မောဟိုက်လာခဲ့၏
စိတ်ချရတဲ့နေရာရောက်တော့ ကလေးကိုချလိုက်သည် ပြီးတော့ သူ့ရဲ့အိပ်မက်ဆက်နွယ်သူကို စက္ခုဉာဏ်ဖြင့်ကြည့်လိုက်သည်
ထိုသူမှာ သူ့ရဲ့မနီးမဝေးကိုရောက်နေပြီဖြစ်၏ ဖိုးသျှင်မှာ စိတ်မချနိုင်သေးတာကြောင့် ထို့ထက်နည်းနည်းနီးတဲ့ နေရာရှာတော့ အလွန်ကြီးမားတဲ့ ပျဥ်းကတိုးပင်အောက်ရောက်ရာ ကလေးကိုငိုသံပေးလိုက်၏
ပြီးတော့ သူတို့လာများလာမလားဟု ခနခနချောင်းကြည့်၍ ထိုင်လိုက်ထလိုက်ဖြစ်နေရသည် ခနကြာတော့ လင်မယားနှစ်ယောက် မ၀ံ့မရဲလာနေကြသည်ကိုမြင်တော့မှ ထိုနေရာမှ ထွက်သွားလိုက်၏
ထိုလင်မယားနှစ်ယောက် ကလေးကိုယူပြီးထွက်သွားမှ ဖိုးသျှင်မှာသက်ပြင်းချနိုင်တော့သည်
***************
” တောက် အခုလွတ်သွားပြီ ဘယ်လိုလုပ်ကြမလဲ
သားတော့ ဒီကောင်မသေသရွေ့ စိတ်ချမ်းသာတော့မှာမဟုတ်ဘူး”
” မယ်၀ဏာကို ခေါ်လိုက်”
” အမိန့်တိုင်းပါ ”
အစောင့်နှစ်ယောက်မှာ ဦးညွတ်ရင်း အခန်းထဲမှထွက်သွားတော့သည်
ခနကြာတော့ မယ်၀ဏာ ရောက်လာခဲ့၏
” လုပ်ပါအုံး မယ်၀ဏာရေ ”
” သိတယ်
ဖိုးသျှင်က ငါ့ထက်အစွမ်းပိုရှိတော့
သူ့ကိုယှဥ်လို့မရဘူး ဒါပေမယ့် ကြားရသလောက်
သူက ကမ္ဘာပြောင်းပြန်လှန်နည်းနဲ့ ထွက်ပြေးသွားတာ မပူပါနဲ့ အချိန်အနည်းငယ်ပဲစောင့်
မနက်ဖြန်လကြတ်တဲ့နေ့ကျရင် သူအားလျော့နေလိမ့်မယ်
အဲ့ခါငါတို့ အပြတ်ရှင်းရုံပဲပေါ့”
” ဟင်း ဟင်း ဟင်း မယ်၀ဏာအကြောင်းသိတာပေါ့”
“တစ်ခုတော့ရှိတယ် အဲ့ကောင်လေးကို မသတ်လိုက်နဲ့ ငါသူ့ကိုအရှင်လိုချင်တယ် သူ့ဆီမှာအစွမ်း ကြီးမားတဲ့ အမြှုတေ တစ်ခုပါတယ် အဲ့တာသာ ရခဲ့ရင် ဒီစကြာ၀ဠာကို ငါတို့အုပ်စိုးနိုင်တော့မှာ”
” ဖြစ်ရမယ် ကဲမနုဿကြားတယ်နော် ”
” ဟုတ်ပါပြီ အဖေ ”
ဖိုးသျှင်တစ်ယောက် မှော်ရုံတောထဲ၀င်တော့ တစ်စစီပျက်စီးနေလေပြီ ယခုအချိန်မှာ နန်းတော်သို့သွားလို့အဆင်မပြေသေး နေရာတစ်ခုရှာပြီးရှောင်နေရအုံးမည်
မှော်ရုံတောနဲ့ သိပ်မဝေးတဲ့ ဂူတစ်ခုရှိသည် ထိုနေရာကသာ အကောင်းဆုံးဖြစ်သဖြင့် ရှောင်နေရန်ထွက်လာခဲ့သည်
ဒီလိုနဲ့ နေ့တွေရက်တွေကြာလာတော့ လကြတ်တဲ့နေ့ကိုရောက်လာခဲ့တယ် ဖိုးသျှင်မှာ လကြတ်တဲ့နေ့ဆို ရှိသမျှအစွမ်းတွေ လျော့နေသည်
စိတ်တွေဆေးကြောရန် နတ်ရေကန်ထဲ ခနရေချိုးနေစဥ် ဂူထဲကို လူတစ်စု၀င်လာခဲ့၏
ဖိုးသျှင်လန့်သွားတော့ ထရန်ပြန်လိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ မယ်၀ဏာက မီးကြိုးတွေနဲ့
သူ့အားချုပ်နှောင်ထားသည်
” ဘယ်လိုလဲ ဖိုးဖိုးရယ် အခုကျတော့လည်း
ပုရွတ်ဆိတ်လေးလိုပါလား ”
“ဟင်း ဟင်း ဟင်း”
” လွှတ် ငါ့ကို လွှတ် ”
” ဟင်း ဟင်း လွှတ်မှာပေါ ရှင့်ဘက်က တစ်ခုပြောပြရုံလေးပဲ
အဲ့ကလေး ဘယ်မှာလဲ ”
” ဘာ ဘာကလေးလဲ
ငါမသိဘူး ”
” သြော် ဖိုးရယ် အသက်လည်းကြီးနေပါပြီ
ဘာလို့ လိမ်နေချင်သေးတာလဲ ”
” ကြာတယ် အခုပြော ”
” မပြောဘူး မင်းတို့သတ်ချင်သတ်လိုက်”
” မသတ်ပါဘူး မဖြေမချင်းဘဲ မေးမှာ ”
” မင်းတို့လို အောက်တန်းစားတွေက နန်းပလ္လင်နဲ့ တန်လို့လား ”
” ဟားဟားဟား အဖိုးကြီးရယ် ကိုယ်နဲ့လဲမဆိုင်ဘဲနဲ့”
” ပြော ကလေး ဘယ်မှာလဲ ”
” မသိဘူး ”
မနုဿမှာ စိတ်မရှည်တော့သလိုပုံစံနဲ့ ဆင်းလာကာ
” ပြောဆိုပြော ”
” နားပင်းနေတာလား ”
ဖိုးသျှင်ပြောလိုက်တော့ မယ်၀ဏာက မျက်လုံးတွေအကုန်ပြုးကာ ပါးစပ်ကြီးဟလိုက်သည်
” မပြောဘူးဆိုလည်းရတယ် ငါက အနုနည်းနဲ့မေးတာ အခု ရှင့်ရဲ့အစွမ်းတွေအကုန်ယူပြီး ရှာမယ်
ဟား ဟား ဟား ”
ပြောရင်းဆိုရင်း ဖိုးသျှင်ဆီမှ ကိုယ်ငွေ့တွေကိုစုပ်ယူတော့သည် ဖိုးသျှင်က အသက်အရွယ်ကြီးတော့
အတွင်းအားတွေစုပ်တာ မခံနိုင်ပေ ခနတောင်မကြာခင်မှာပင် အားကုန်ခမ်းကာ သတိလစ်သွားခဲ့တော့၏
” ကဲ အခု သူ့အစွမ်းတွေ ငါ့ဆီရပြီဆိုတော့
စမ်းကြည့်တာပေါ့ ”
မယ်၀ဏာက ခန္ဓာကိုယ်ကို လိမ်ကာ မျက်လုံးအား
လက်ဖြင့်တစ်ချက်ဖိလိုက်သည် ပြီးတော့ မျက်လုံးမှ အရောင်မျိုးစုံထွက်လာတော့ ပြုံးလိုက်၏
” ဟင်း သိပ်လည်းမရှာရပါလား အဲ့မကောင်းဆိုး၀ါးလေးက တစ်ခြားကမ္ဘာမှာ ရှိတာ လူသားနှစ်ယောက်ရဲ့ လက်ထဲမှာပဲ ”
” ဟင် ဟုတ်လား အဲ့ကို ငါဘယ်လိုသွားရမလဲ”
” မပူပါနဲ့ မနက်ဖြန်ကျရင် ငါ့ရဲ့အဖွဲ့သားတွေထည့်ပြီး အရှင့်သားကိုယ်တိုင်ရှာဖွေစေရမယ် ”
မယ်၀ဏာက ပြောပြီး မန္တာန်တစ်ချို့ရွတ်လိုက်တော့
သူတို့ရှေ့တွင် ဆေးမှင်ကြောင်နဲ့ လူတစ်စုပေါ်လာသည်
” ဒါက အရှင့်သားအတွက် အဖော်တွေပေါ့
သူတို့က အရမ်းအားကိုးရတယ် ”
” တကယ်နော် ”
မနုဿက ကျေနပ်ကာ မုတ်ဆိတ်မွေးတွေကိုပွတ်သပ်လိုက်၏
” ဟင်း မကောင်းဆိုး၀ါးလေး မင်းဘယ်တတ်နိုင်မလဲ ငါ့နန်းကို လုချင်တယ်ပေါ့ အခုမင်းကိုဖမ်းဖို့ ငါလာနေပြီကွ
ဟား ဟား ဟား ….”
*****************
ဖွားရင်တစ်ယောက် ယနေ့စိတ်တွေလေးနေသည်
မနေ့ကမြင်ခဲ့တဲ့ ၀တ်ရုံအနက်နဲ့လူက အတွေးထဲအလိုလိုရောက်လာ၏
” ကံကောင်းရေ စက္ကလေးကို ခနခေါ်လာပါအုံး”
ဆော့နေတဲ့သားဖနှစ်ယောက်မှာ ဖွားရင်ခေါ်သံကြောင့် နေရာမှထလာကြသည်
” ဘာဖြစ်လို့လဲ ”
” ငါ့စိတ်ထဲ တစ်မျိုးပဲ အန္တရယ်တစ်ခုက အနားကိုရောက်လာသလိုမျိုးခံစားနေရတယ်”
” စက္ကလေးကို သေချာဂရုစိုက်အုံး
မြေးလေးလေး သူစိမ်းဘယ်သူလာလာ စကားမပြောရဘူးနော် ”
” ဟုတ် ကြီးဖွား”
ထိုစဥ် မြေပြင်တစ်ခုလုံးလှုပ်ခါသွားသလိုဖြစ်သွား၏
” ဘာဖြစ်တာလဲ မရင်ရော”
” မရင် ရွာထဲသွားတယ် ”
” ဘယ်လို မိုးချုပ်နေပြီ ခုထိမရောက်သေးဘူးလား”
စကားမဆုံးခင်မှာပင် အိမ်ပေါ်ကိုတတ်လာတဲ့ခြေသံကြောင့်ကြည့်လိုက်တော့ မှိုင်တိုင်တိုင်နဲ့၀င်လာတဲ့မရင်ပင်
” မရင် ဘာဖြစ်လာတာလဲ ”
မရင် ဘာမှမပြောမဆိုဘဲ စက္ကလေးကို ဆွဲယူလိုက်သည်
” ဘာဖြစ်လာတာလဲဟဲ့ ”
မရင်ထပ်ပြီးလည်းစကားမပြောပေ စက္ကလေးကို သေချာကြည့်ပြီး လက်ကိုဆွဲကာ အိမ်ထဲကခုန်ဆင်းတော့၏
” ဟမ် ဘာလုပ်တာလဲ ”
” ဖေကြီး ဖေကြီး သားကိုလာခေါ်အုံး”
ကံကောင်းမှာ နားမလည်စွာနဲ့ မရင်ကိုသွားဆွဲရာ
” ဟေ့ကောင် ကိုယ်နဲ့မဆိုင်ဘဲ ၀င်မပါနဲ့ ”
ဘုန်းခနဲမြည်အောင်တွန်းချလိုက်တော့ကံကောင်းမှာပြန်ထမည်အပြု စက္ကကို ဆွဲခေါ်သွားသူမှာ မရင်မဟုတ်တော့ပေ ကျောကုန်း၌ဘို့တွေ အရေတွေလိပ်နေတဲ့ လူ့ဘီလူးတစ်ကောင်ပင်
လူ့ဘီလူးကြီးက မြေပြင်ဖနောင့်တစ်ချက်တိုက်ကာ ထိုနေရာမှပျံထွက်သွားတော့၏
” သားလေး လုပ်ကြပါအုံး ကျုပ်သားလေး ”
ကံကောင်းမှာ အရူးတစ်ယောက်လိုမြေပြင်ပေါ်မှာလူ့လိမ့်၍သာကျန်ခဲ့တော့သည်
” စိတ်ထိန်းကံကောင်း မရင်လာရင်လည်းဘယ်လိုပြောပြရတော့မလဲမသိတော့ဘူး”
ဖွားရင် ဘုရားစင်ဆီသို့သွားကာ ဖယောင်းတိုင်မီးတွေထွန်းလိုက်၏ ပြီးနောက်ဦးချကာ မျက်လုံးမှိတ်လိုက်သည်
” ယောကျာ်းဘာဖြစ်လို့ မြေကြီးပေါ်ထိုင်နေရတာလဲ
မျက်နှာလဲမကောင်းဘူး ဘာဖြစ်နေတာလဲ ”
မရင်မေးလိုက်ပေမယ့် ကံကောင်းကပြောမထွက်ပေ
” ဘာဖြစ်နေတာလဲလို့ အမေနဲ့ရန်ဖြစ်ထားတာလား”
” မဟုတ်ဘူး”
” ပြောပါတော် ”
” စက္က… စက္ကကို လူ့ဘီလူကြီးတစ်ကောင်ခေါ်သွားတယ်”
” ဘာပြောတယ်”
မရင်တစ်ယောက် ထိတ်ထိတ်ပျာပျာဖြစ်သွား၏
အိမ်ပေါ်ကိုပြေးတတ်ကြည့်တော့လည်း စက္က မရှိတော့ပေ
” ဘယ်လိုဖြစ်ရတာလဲ ”
ကံကောင်း ထိုင်ရာမှထကာ
” အဲ့ဘီလူးက နင့်ရုပ်လို ဟန်ဆောင်ပြီး၀င်လာတာ
ငါက နင်ထင်လို့ဂရုမထားခဲ့ဘူး အခုတော့ ”
” အမေ ဘာမှမလုပ်တတ်တော့ဘူးလား”
ဖွားရင်က မျက်လုံးမှိတ်ထားဆဲ ပြီးတော့မှ မရင်ဘက်ကိုလှည့်ကာ
” ဗေဒင်နဲ့ အာရုံခံလို့မရဘူး စက္ကလေးကို ရှာမရဘူး
တကယ်ဆို ဘာပျောက်ပျောက် ငါအကုန်သိမြင်နိုင်တာ အခုက မျက်လုံးထဲ ကြယ်တွေ ဂြိုလ်တွေပဲမြင်နေရတယ် ”
” ကိုယ်ကျိုးနည်းပါပြီတော် ဟင်း”
*****************
ပိုးစုန်းကြုုးလေးတွေက ခတ္တရာ ပင်နားတွင် ၀ဲပျံနေကြ၏ သတ္တ၀ါကြီးတွေက ခတ္တရာဂူထဲတွင် စက္ကလေးကိုကိုကြည့်ပြီး တရူးရူးတရှဲရှဲလုပ်နေကြသည်
ခနကြာတော့ ထိုလူတွေကြားက လူတစ်ယောက်၀င်လာ၏ သူကစက္ကကို မြင်တော့
” မင်းလားကွ ငါ့နန်းကိုလုမှာ”
စက္ကမှာ ဘာမှမပြောနိုင်ပေ မနုဿကိုကြည့်ပြီး မျက်လုံးတွေနီရဲနေ၏
” ကဲအခု ဒီကောင့်ကိုဖမ်းလို့ရပြီဆိုတော့ ငါတို့တိုင်းပြည်ကိုပြန်ကြမယ် ”
စကားမဆုံးခင်မှာပင် စက္ကတစ်ကိုယ်လုံး အ၀ါရောင်မီးတွေထတောက်တော့သည် မီးလုံးက တစ်ကိုယ်လုံးကို၀ါးမြိုသွားပြီးနောက် အလွန်းကြီးမားလာ၏ ပြီးတော့ မီးလုံးပြိုကွဲသွားပြီးနောက် အငွေ့တွေကြားထဲက လူတစ်ယောက်တဖြည်းဖြည်းထွက်လာခဲ့သည်
မနုဿတို့မှာ ထိုသူ့ကိုအံ့သြတကြီးကြည့်နေကြ၏
အလင်းတွေ ပျောက်သွားပြီးနောက် မနုဿထက်ခန္ဓာကိုယ်ပိုကြီးပြီး နောက်ကျောဆီမှ မီးတွေတဖျပ်ဖျပ်လင်းလတ်နေတဲ့လူသားတစ်ယောက်ပင်
” ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ”
စက္ကက မပြောမဆိုဘဲ လူ့ဘီလူးကြီးကို ရှည်လျားလှတဲ့လက်နဲ့ဆွဲယူကိုင်ပေါက်လိုက်၏
” ဘာရပ်ကြည့်နေကြတာလဲ သတ်လေ ”
မနုဿအဖွဲ့မှာ စက္ကအား ၀ိုင်းအုံသတ်ဖြတ်ကြတော့သည် သို့ပေမယ့် သူတို့လက်နက်က စက္ကအားမထိခိုက်နိုင်ပေ
လက်၀ါးအား အပေါ်သို့ဆန့်တန်းပြီး မြေကြီးပေါ်ကို
ရိုက်ချလိုက်တော့ ထိုနေရာမှစက္ကပျောက်သွားတော့၏
သို့ပေမယ့် ခနမျှပင်မကြာလိုက် လည်ပင်း၌ မီးကွင်းအစွပ်ခံရပြီး ပူလောင်နေတဲ့ စက္ကမှာ သူတို့ရှေ့ကို ပြန်ရောက်လာသည်
” ဟင် ”
” ဒါလေးက ငါတို့အရှင့်သားနန်းကို သိမ်းမယ်တဲ့လား”
” မယ်၀ဏာ ….”
” ဟုတ်တယ် အရှင့်သားကို စိတ်မချတာရယ်
ပြီးတော့ ငါလည်းအလျင်လိုနေတာကြောင့်ပေါ့
အခု ဖိုးသျှင်နဲ့ မင်းကြီးသီဟတို့လိုက်လာကြပြီ
ခေါင်ဇာ့ကို ဖမ်းထားကြတယ် ဖိုးသျှင်ဘယ်လိုပြန်ရောက်လာလဲမသိဘူး ”
” ဒါဆို ဘယ်လိုလုပ်မလဲ ”
မယ်၀ဏာက ပူလောင်လို့ လူးလိမ့်နေတဲ့စက္ကကိုကြည့်ပြီး အကြံထုတ်ဟန်ပြင်လိုက်သည် ပြီးတော့ မန္တန်တစ်ခုရွတ်လိုက်ရာ အနားမှလူသန်ကြီးတွေ သတ္တ၀ါတွေမှာ အကုန်ပျောက်သွား၏
ပြီးနောက် စက္ကလိုပဲ မနုဿကိုလည်း မီးကြိုးနဲ့ချည်နောက်လိုက်သည်
” မယ်၀ဏာ ဒါဘာလုပ်တာလဲ ”
မယ်၀ဏာက နှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်တယ်
” ဟင်း ဟင်း အစကတည်းက ဒီလိုဂွင်မျိုးဆင်ခဲ့တာ တကယ်တော့ နင်တို့သားအဖနှစ်ယောက်က
ငါ့လက်ခုပ်ထဲကရေပဲ ”
မနုဿမှာ ဒေါသတွေထွက်လာ၏
” အခု ငါ့အကြောင်းလည်း မင်းကြီးသီဟသိသွားပြီ
ဒီတော့ မကြာခင် ငါလည်းအပြစ်ခံရတော့မယ်
ဒီတော့ မထူးဇာတ်ခင်း ဘာမှအသုံးမကျတဲ့ နင့်ကိုလည်း ရှင်းပစ်ရမှာပဲ ”
” မိန်းမယုတ် အစကတည်းက ခင်များကိုမယုံခဲ့သင့်တာ ”
” ဟား ဟား ဟား အဲ့လိုဆို ဘာလို့အားကိုးခဲ့ကြတာလဲ ကဲဟယ် အချိန်လည်းမရှိတော့ဘူး ”
မယ်၀ဏာက လက်မှမီးကွင်းကို တဖန်ဆွဲလိုက်တော့ မီးကြိုးမှ မီးတွေတဟုန်းဟုန်းထွက်လာပြီး
စက္ကနဲ့ မနုဿအား ပူလောင်စေတော့သည်
စက္ကမှာ လူ့လိမ့်နေရတဲ့ကြားက တဖြည်းဖြည်းပိန်ချုံးသွားပြီး ပိုးစုန်းကြုုးအကောင်ငယ်လေးတွေအဖြစ်ပြောင်းသွား၏
ပြီး ထိုနေရာမှာ ပျံသန်းကာ အဝေးတစ်နေရာအားထွက်ပြေးရတော့သည်
မယ်၀ဏာမှာ ပျံသန်းသွားတဲ့ပိုးစုန်းကြုုးကောင်တွေအား လိုက်လံဖမ်းဆီးပေမယ့် မရပေ
မရင်တစ်ယောက်ပူဆွေးနေသည်ကို ကံကောင်းမကြည့်ရက်တော့ ဖြစ်လိုရာဖြစ်ဟုတွေးကာ စက္ကနောက်ကို လိုက်မည်ဟုဆုံးဖြတ်လိုက်သည်
” ငါကိုယ်တိုင် ရှာမယ် မရင် နင်ဘာမှမပူနဲ့ ”
” အိုတော် ဘယ်ဆီကိုသွားခဲ့မှန်းမှမသိတာ”
” သေသောသူကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့ စကားပုံတောင်ရှိသေးတာပဲ ငါမရရအောင်ရှာမယ် ”
ကံကောင်းမှာ အိမ်ပေါ်ကိုတတ်ပြီး ငှက်ကြီးတောင်ဓားကို ယူလိုက်သည် ပြီးနောက် လိုရမည်ရ လောက်လေးဂွ တစ်ခုပါထည့်လိုက်၏
ဖွားရင်နဲ့မရင်ကို သေချာမှာကြားပြောပြီး အိမ်ဆီမှထွက်လာခဲ့သည်
ထိုစဥ် သူ့ရှေ့ကို မဲမဲအကောင်လေးတွေပျံသန်းလာသည်ကို ကံကောင်းမြင်၏
ထိုအကောင်လေးတွေမှာ အနားရောက်မှပိုးစုန်းကြုုးမှန်းသိရသည် ပိုးစုန်းကြုုးကောင်တွေ တဖြည်းဖြည်းစုပြီး ခနကြာရာ စက္ကအဖြစ်ပြောင်းသွား၏
” ဟင် သားလေး ဘယ်လိုဖြစ်လာတာလဲ ”
ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်းကျွမ်းရာတွေနဲ့ပြည့်နှက်နေတော့ ကံကောင်းမှာ စက္ကကိုမပြီး အိမ်ပေါ်ကိုခေါ်လာခဲ့သည်
” ဟင် သားလေး ဘာဖြစ်လာတာလဲ
တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ပါလား ”
မရင်တစ်ယောက် စက္ကလေးကိုကြည့်ပြီး ထူပူသွားသည်
” သား ဖေကြီးနဲ့ မေမေ ကိုလာနှုတ်ဆက်တာပါ ”
” ဘယ်လို ”
ကံကောင်းတို့သုံးယောက်သား အံသြမှင်သက်သွားသည်
” ဘာဖြစ်လို့လဲ သားရယ် ”
စက္ကမှာ နာကျင်မှုကို အားယူပြီးနောက်
” တကယ်တော့ သားက တခြားကမ္ဘာတစ်ခုက ရောက်လာတာပါ အခုသားရဲ့ရန်သူတွေက မကြာခင်ရောက်လာလိမ့်မယ် ဒီပြဿနာတွေထဲ ဖေကြီးတို့ကို မပါစေချင်ဘူး အခုသားသွားရတော့မယ်
အားလုံးပြီးသွားတဲ့နေ့ကျရင် ဖေကြီးဆီကို ထပ်လာခဲ့ပါအုံးမယ်”
စကားဆုံးတော့ စက္ကမှာ တောက်ပနေတဲ့ပိုးစုန်းကြုုးအဖြစ်ပြောင်းကာ အိမ်ထဲမှပျံထွက်လာခဲ့၏ ပြီးတော့ အိမ်၀ိုင်းတစ်ခုလုံးကို စည်းချလိုက်သည်
မရင်တို့မှာတော့ သူတို့အဖြစ်ကိုကြည့်ပြီး ရင်နာမဆုံးတော့ပေ
************
” မိန်းမယုတ် ငါ့ကိုလွှတ် ”
” ရုန်းပေါ့ နင်ကသိပ်သတ္တိရှိတာမဟုတ်လား”
မနုဿတစ်ယောက်မှာ အားကုန်ရုန်းနေသည် သို့သော်မီးကြိုးမှာရုန်းလေနစ်လေဖြစ်သဖြင့် တဖြေးဖြေး အသားထဲထိနာကျင်လာ၏
ထိုစဥ် တောလေတွေတ၀ူး၀ူးတိုက်ခတ်လာသည်
မယ်၀ဏာဆီထံ လာနေကြတဲ့ခြေသံတွေကိုလည်း တောထဲ၌အတိုင်းသားကြားနေရသည်
” မင်းကြီးသီဟတို့လာနေကြပြီ မဖြစ်ဘူး”
ထိုနေရာမှ ကိုယ်ဖျောက်ထွက်ပြေးရန်ပြင်လိုက်စဥ်
တစ်စုံတစ်ခုကသူမကိုထိန်းချုပ်ထားသဖြင့် ကိုယ်တစ်ခုလုံးလှုပ်မရသလိုဖြစ်လာခဲ့၏
” ဟင် ဘာဖြစ်တာလဲ ဘာလို့ငါလှုပ်မရတော့တာလဲ”
” မိန်းမယုတ် သေဖို့ပြင်တော့ ”
” ကဲဟယ် ”
မယ်၀ဏာမှာစိတ်မရှည်လေသံဖြင့် မီးကြိုးကို မြေပေါ်မှာပစ်ချပြီးတတ်နင်းလိုက်တော့ ကြိုးတစ်ခုလုံး အစူးအချွန်တွေပေါ်တတ်လာကာ မနုဿတစ်ကိုယ်လုံးကို၀ါးမြိုသွားသည်
” အားးးးးးးး”
မချိမဆန့် အော်သံနဲ့အတူ မနုဿမှာထိုနေရာတွင်ပင်လောင်ကျွမ်းပြာကျသွားတော့၏
” ဟိုမှာ မယ်၀ဏာ ”
သူမအနောက်ဆီမှ အသံကြားသဖြင့်ကြည့်တော့ ဖိုးသျှင် မင်းကြီးသီဟနှင့် စစ်သားများပင်
မယ်၀ဏာမှာ ဒီတော့မှ ကျောက်ရုပ်လိုဖြစ်သွားသည် ဖိုးသျှင်အနားကိုရောက်လာလေလေ စွမ်းအားတွေကုန်ဆုံးလာသလိုခံစားလာရသည်
” အခုနင်ဘယ်ပြေးမလဲ စုန်းမ
နင်ငါ့အစွမ်းတွေယူသွားတာ ငါသိပ်ကျေးဇူးတင်တယ် ဒါတွေကြောင့်ပဲ နင့်ကိုငါအလွယ်တကူဖမ်းမိတာ ”
” မယ်၀ဏာ…….
မင်းကငါ့ညီဆီမှာအမှုထမ်းပြီး
ငါ့ကိုပုန်ကန်တာကြောင့် ဒီနေရာမှာပဲ သတ်ရလိမ့်မယ်”
မယ်၀ဏာမှာ အကြံထုတ်ဟန်ဖြင့်
” ကျွန်တော်မကိုမသတ်ပါနဲ့မင်းကြီးရယ်
မင်းကြီးညီတော် ခေါင်ဇာခိုင်းတဲ့အတိုင်းလုပ်ပေးခဲ့ရတာပါ”
” တော်စမ်း အခုချိန်မှာတောင်းပန်နေလို့ သေမိန့်ကလွတ်မယ်မထင်နဲ့ ပိုဆိုးတာက ငါ့ရဲ့အနာဂတ် ရှင်ဘုရင်လောင်းကို နင်သတ်ဖို့ကြိုးစားလို့ပဲ ”
မင်းကြီးသီဟစကားဆုံးတော့ ကောင်းကင်မှ ပိုးစုန်းကြုုးတစ်အုပ် သူတို့ရှေ့ကိုရောက်လာ၏
ထို့နောက် ပိုးစုန်းကြုုးတွေစုသွားကာ စက္ကအဖြစ်ပြောင်းသွားသည်
” ဟင် ကလေး စက္ကလေး ”
ဖိုးသျှင်မှာ စက္ကကိုမြင်တော့ အရူးတစ်ယောက်ပမာဖြစ်သွားရသည် ခွဲခွာနေတဲ့အချိန်အတွင်းမှာ အမြဲတမ်းစိတ်ပူနေရသမျှ အခုချိန်မှာ ၀မ်းနည်း၀မ်းသာဖြစ်နေမိ၏
” ကလေး….
ဒါက မင်းကြီးသီဟတဲ့ ”
” ဦးညွှတ်ပါတယ်မင်းကြီး”
” အေးအေး ငါ့သားလေး အခုမှကိုယ်တိုင်မြင်ရတော့တယ် ပြောစမ်းသား ဒီမိန်းမသားကိုသတ်ဖို့လုပ်တယ်မလား ”
စက္ကက မယ်၀ဏာကိုတစ်ချက်ကြည့်လိုက်ပြီး
” သတ်ဖို့လုပ်ပါတယ် မနုဿကိုလဲ သူကိုယ်တိုင်သတ်လိုက်တာပါ သားတို့ခွဲနေရတာလဲသူတို့
ကြောင့်ပဲ”
” ကဲပြောတာကြားတယ်နော် မယ်၀ဏာ”
မယ်၀ဏာဘာမျှပြန်မပြော
ဖိုးသျှင်မှာလည်း မယ်၀ဏာဆီကအစွမ်းတွေအကုန်ပြန်ယူပြီးနောက် ထိုနေရာမှာပင် မင်းကြီးအမိန့်နဲ့အတူ မယ်၀ဏာအားသေဒဏ်ပေးလိုက်တော့သည်
ထို့နောက်ထိုတောမှထွက်လာပြီး သူတို့ကမ္ဘာဆီကိုထွက်သွားကြလေ၏
**************
နှစ်ပေါင်းနှစ်ဆယ်ခန့်ကြာပြီးနောက်
” ဒီနေရာကိုနှိပ်အုံး ”
” ဒီအဖိုးကြီးကလဲ နေရာတကာဇက်ကြောတွေတတ်နေတာလား တကထဲ ”
” သြော် မရင်ရယ် အသက်ကဖြင့် ခြောက်ဆယ်ကျော်ပြီ ဒီလောက်ကတော့ရှိမှာပေါ့ မင်းကငါ့ထက်ငယ်တော့ ဒါတွေဘယ်သိမလဲ ”
” အိုတော် တော်ကြီးထက်ကျုပ်က လေးနှစ်ပဲငယ်တာပါနော် ဟင်း ဒါကိုများ စကားကြီးစကားကျယ်”
လင်မယားနှစ်ယောက် အိမ်ရှေ့ကွက်ပျစ်ပေါ်၌ စကားများနေကြစဥ် သူတို့အိမ်ရှေ့ကို လူတစ်ယောက်၀င်လာ၏
” ဟဲ့ ဟိုမှာ ဧည့်သည်ထင်တယ် ”
” ဟုတ်တယ် ဘယ်ကလဲမသိဘူး”
ထိုလူက သူတို့ရှေ့ကိုရောက်တော့
” ဒီက အဖိုးနဲ့အဖွားက ဦးကံကောင်းနဲ့ ဖွားဖွား မရင်ဟုတ်ပါသလား”
ဖိုးကံကောင်းမှာ ပျာပျာသလဲနဲ့
” ဟုတ်ပါတယ်ငါ့မြေး မြေးက အဖိုးတို့ကိုသိလို့လားကွယ့် ”
ထိုသူ့မှာ ဘာမှပြန်မပြော မျက်လုံးအိမ်ကမျက်ရည်တွေ၀ဲတတ်လာတာကို ဖိုးကံကောင်းတို့အတိုင်းသားမြင်နေရသည်
” ဟိုးလွန်ခဲ့တဲ့ နှစ်တွေအတော်ကြာတုန်းက ဖိုးတို့အိမ်ကို ပိုစုန်းကြုုးလူသားတစ်ယောက်ရောက်လာခဲ့တယ်မလား သူကဖိုးတို့လက်ထဲမှာပဲ ကြီးပြင်းခဲ့တာလေ”
” ဟင်
အလို ”
လင်မယားနှစ်ယောက်လုံး အံသြမိသွားသည်
” ဟုတ်ပါတယ် ငါ့မြေးကဘယ်လိုသိတာလဲ ”
” ဖေကြီးရယ် သားကိုတောင်မမှတ်မိတော့ဘူးလား
သားစက္ကလေ”
“………………”
ဖိုးကံကောင်းတို့ စကားပြောမထွက်နိုင်ပေ စက္ကကိုသာကြောင်ကြည့်နေကြသည်
စက္ကမှာတော့အဖွားမရင်နဲ့ ဖိုးကံကောင်းတို့ကို မပြောမဆိုဘဲ၀င်ဖက်လိုက်လေ၏
ဒီတော့မှ
” စက္က……
သားလေး ”
” အမယ်လေး တော့်သားပြန်လာတယ်
အိပ်မက်မက်တာမဟုတ်ပါဘူးနော်”
” မဟုတ်ပါဘူး မေကြီးရဲ့ တကယ် တကယ်”
” အောင်မလေး …..”
” ဒီတစ်ခါလည်း မေကြီးတို့ဆီက ထွက်သွားအုံးမှာလား ”
” အင်း မသွားတော့ပါဘူးမေကြီး ဖေကြီးမေကြီးတို့နဲ့အတူတစ်သက်လုံးနေဖို့ပြန်လာတာ”
” တွေ့လားအဖိုးကြီး ကျုပ်ထင်တဲ့အတိုင်းပဲ
ကျုပ်တို့မသေခင် သားစက္ကလေး တစ်ခါတော့လာအုံးမယ်လို့ ”
” အေးပါကွာ ငါလည်း ပျော်လွန်းလို့ စကားမပြောနိုင်ဖြစ်သွားတာ ”
” ကဲသားလေး ဗိုက်ဆာနေရောပေါ့ မေကြီးတို့လည်းမစားရသေးဘူး ကဲအခုမိသားစုလက်ဆုံလေးစားကြမယ်”
” ဟုတ်ပါပြီ ”
စက္ကတို့သုံးဦးသား အိမ်ရှေ့ကွက်ပျစ်၌ ထမင်း၀ိုင်းပြင်ကာ လက်ဆုံစားကြတော့သည်
ဖိုးကံကောင်းတစ်ယောက် စိတ်ထဲ၀မ်းနည်း၀မ်းသာဖြစ်နေသည်မှာအမှန် ဘာဖြစ်ဖြစ် နှစ်တွေအတော်ကြာခွဲခဲ့ပြီးယခုအချိန် သူတို့အပျော်ဆုံးလူသားဖြစ်နေပြီလေ
အိမ်ဘေးက ပေပင်ဆီမှ ပိုးစုန်းကြုုးကောင်လေးတွေမှာလည်းအိမ်၀ိုင်းထဲတဖျပ်ဖျပ်နဲ့တောက်ပနေသည်
မှောင်ရီပျိုးနေတဲ့ ညနေခင်းလေးက ဖိုးကံကောင်းတို့အတွက်အလှပဆုံးပင်မဟုတ်ပါလား
——————
ပြီးပါပြီ
Leave a Reply