ဥစ္စာစောင့်မလေးနန်းရွှေမွန်

ကုက္ကိုလ်ကုန်းလေဗျာ”
အနိမ့်ဘက်ဆိုတာက ကျုံစုံရွာနဲ့နီးတဲ့ လယ်ကွင်းဘက်နေရာကိုပြောတာဗျ။ အဲ့ဒီဘက်မှာက စပါးတွေပဲစိုက်လို့ရတယ်။ ကျုပ်တို့ဘက်မှာကျ ငရုတ် ၊ပဲနဲ့ စပါးတွေစိုက်လို့ရတယ်ဗျ။
” အေး သိပ်မဝေးဘူးလေကွာ ဘာဖြစ်လို့လဲ”
“ကိုကြီးဖိုးပါကလည်း အဲ့ဒိနေရာက ဥစ္စာစောင့်တွေရှိတယ်လို့ လူကြီးတွေပြောတာမကြားဖူးဘူးလား”
“အော် ကြားဖူးတယ်လေကွာ ဘာဖြစ်လို့လဲ”
”  ကိုကြီးဖိုးပါ ဥစ္စာ‌စောင့်ကိုမြင်ဖူးလား”
”  မမြင်ဖူးဘူးကွ သရဲတွေတော့မြင်ဖူးတယ်”
” ကိုကြီးမကြောက်ဘူးလား”
“မကြောက်ပါဘူးကွာ ဒီလိုပါပဲ”

             “ဖိုးပါတို့ အိပ်ပြီလားကွ”
ကျုပ်တို့စကားပြောနေတုန်း အပြင်ဘက်ကနေ မေးတဲ့အသံကြားလိုက်တာဗျ။ကျုပ်လည်းဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့
“ဦးဖိုးထွန်းပါလား…စပါးသွားစောင့်အိပ်မလို့လားဗျ”
” အေး ဟုတ်တယ် ဖိုးပါရ”
ဦးဖိုးထွန်းတို့ရဲ့လယ်က စောနက ကျုပ်နဲ့သံကုလားတို့ပြောနေတဲ့ ဥစ္စာစောင့်တွေရှိနေတယ်ဆိုတဲ့ နေရာနားမှာရှိနေတာဗျ။ဦးဖိုးထွန်းတို့က ရွာတောင်ပိုင်းကဗျ။
” ကိုမြတ်ထွန်းရောမပါဘူးလား ဦးလေးရ”
“မြတ်ထွန်းကအစောကြီးထဲက သွားနေပြီ ဖိုးပါရ ငါကအခုမှ လာတာ ”
“အော် အဲ့ဒါဆိုလည်းသွား‌ေလ ဦး အဲ့ဒီနေရာကလည်း လူတွေပြောကြတာ များတယ်မလား”
“အေးကွ ငါတို့လည်း တစ်ခါမှမမြင်ဖူးပါဘူးကွာ လူတွေရဲ့ ပါးစပ်တွေဆိုတာလည်း မင်းသိတဲ့အတိုင်းပဲ ငါသွားပြီဟေ့”
ဦးဖိုးထွန်းကပြောပြီး သွားတယ်ဗျ။
ကျုပ်လည်း သံကုလားကိုကြည့်လိုက်တော့ ဒီကောင်က အိပ်နေပြီဗျ။ကျုပ်လည်း စပါးစောင့်လိုက် အိပ်လိုက်နဲ့ တစ်ညတာကုန်သွားတာပေါ့ဗျာ။
******************
စပါး‌‌ေတွခြောက်လို့ အကုန်လုံးသိမ်းပြီးကုန်ပြီဗျ။ကျုပ်လည်း အိမ်မှာနားနေတာ‌ေပါ့ဗျာ။ ဆောင်းတွင်းဆိုပေမယ့် နေ့လယ်ဘက်ဆိုတော့ အိမ်ပေါ်မှာက ပူတယ်လေဗျာ။ အဲ့ဒါကြောင့် ကျုပ်လည်း အိမ်နောက်ဖေးမှာရှိတဲ့ ကုက္ကိုလ်ပင်ကြီးရဲ့အောက်မှာ ဖျာခင်းပြိး အိပ်နေတာဗျို့။ ကျုပ် အိပ်နေတုန်း တစ်ယောက်ယောက်က လာနိုးလို့ ကျုပ်နိုးသွားတယ်ဗျ။ ကျုပ်ကြည့်လိုက်တော့ ကျုပ်အဖေဗျ။
“အပါကြီး ဘာဖြစ်လို့လဲဗျ”
ကျုပ်က ကျုပ်အဖေကို အပါကြီး အမေ့ကို အမေကြိးလို့ပဲခေါ်တာဗျ။
“ဘုန်းကြီးကျောင်းမှာ ဆရာတစ်ယောက်ရောက်နေတယ်။ အဲ့ဒါမင်း တွေ့ချင်မလားလို့ ငါက လာပြိးနိုးနေရတာ ဆရာသမားရဲ့”
“ဟုတ်လား အဲ့ဒါဆို ကျုပ် ဘုန်းကြီးကျောင်းသွားအုံးမယ် အပါကြီး”
ကျုပ်လည်းမျက်နှာသစ်ပြီး ဘုန်ကြီးကျောင်းကို ထွက်ခဲ့တယ်။ ဘုန်းကြိးကျောင်းရောက်တော့ ကျောင်းထိုင်ဦးဇင်းကိုမတွေ့ရဘူးဗျ။ နေ့လယ်ဘက်မို့ ကြိမ်းနေတယိ ထင်တယ်။ ကျောင်းထဲမှာတော့ ဦးဖိုးထွန်းနဲ့ အတူ လူစိမ်းတစ်ယောက်ကိုတွေ့တယ်ဗျ။ အသက်ကတော့ (၆၀)ဝန်းကျင်လောက်ပဲဗျ။
” ဖိုးပါတို့ကတော့ ဆရာတစ်ယောက်ရောက်နေပြိဆိုတာနဲ့ ချက်ချင်းလာတော့တာပဲနော်”
ဦးဖိုးထွန်းကပြောတာဗျ။ကျုပ်လည်း အနားသွားထိုင်လိုက်ပြိး
” ဟီး အပါကြိးပြောပြလို့ လာခဲ့တာဦးရ ဒါနဲ့ ဒီကဦး‌ေလးက အထက်လမ်းဆရာလား”
အဲ့ဒီလူကြီးက ကျုပ်ကိုကြည့်ပြိး ပြုံးနေတယ်ဗျ။ပြီးမှ
” ဘိုးက ခုနှစ်ရက်သားသမီးတွေကို ကူညီနေတဲ့ လူတစ်ယောက်ပါ။ ဘိုးနာမည်က ဘိုးတေလို့ခေါ်ပါတယ် ဒီက လူလေးကတော့ ဦးဖိုးထွန်းပြောတဲ့ ဖိုးပါထင်ပါရဲ့ ”
” ဦးဖိုးထွန်းက ကျုပ်အကြောင်းတွေ ပြောပြထားတယ်ထင်တယ်ဗျ”
“ဟုတ်ပါတယ် ဆရာ”
“ဘိုးလို့ခေါ်လည်းရပါတယ်လူ‌ေလးရဲ့”
“ဒီက ဘိုးတေက ဟိုဘက်ရွာမှာ ပယောဂ ကုနေတာကကြားလို့ ငါသွားပင့်လာခဲ့တာကွဖိုးပါရ”
” ဦးလေးတို့အိမ်မှာ ပယောဂဖြစ်နေလို့လားဗျ”
ဦးဖိုးထွန်းက သွားပင့်လာတယ်ဆိုတော့ သူတို့အိမ်မှာတစ်ခုခုဖြစ်နေတယ်ထင်လို့ ကျုပ်ကမေးလိုက်တာဗျ။
” အေး ပယောဂလား ဘာလား‌ေတာ့မသိဘူး ဖိုးပါရေ မင်းအကို မြတ်ထွန်းလေ။ အရင်နေ့တွေ့က ဟို ကုက္ကိုလ်ကုန်းကိုပဲသွားဖို့လုပ်နေတယ် ။ငါတို့လည်း စပါးက သိမ်းပြီးပြီလေကွာ။ လုပ်စရာက သိပ်မရှိသေးတာကို ဒီကောင်က သွားချင်နေတော့ ထူဆန်းနေလို့ သွားခွင့်မပြုဘူး။တစ်နေ့ ငါတို့အလုပ်ရှုပ်နေတုန်း ဒီကောင် ပျောက်သွားတယ်ကွ ငါတို့လည်း လိုက်ရှာတာ မတွေ့တော့ အဲ့ဒီကုန်းမှာ သွားကြည့်တော့ လဲကျနေတာကိုတွေ့လိုက်ရတာ။ အသက်ကတော့ရှူနေပေမဲ့ ခေါ်နိုးလို့မရဘူးဖြစ်နေတာ။ အဲ့ဒါမို့  ဘိုးတေကို သွားပင့်လာခဲ့တာ”
“ဟုတ်တယ် ဖိုးပါ အခုကိစ္စက ဘိုးအထင် အဲ့ဒီကုန်းမှာရှိတဲ့ ဥစ္စာစောင့်မတစ်ယောက်နဲ့ သူက ချစ်ကြိုက်မိပြီထင်တယ်။”
ဘိုးတေက ဝင်ပြောတာဗျ။
“ဟုတ်လားဘိုး ဥစ္စာစောင့်တွေက တကယ်ရော ရှိလို့လား ပြီးတော့ သူက လူသားနဲ့ချစ်ကြိုက်လို့ရတယ်လား”
ကျုပ်က သိချင်လို့ မေးလိုက်တာဗျ။
“ဥစ္စာစောင့်ဆိုတာ ပစ္စည်းဥစ္စာတွေကို စောင့်ရတဲ့ ပြိတ္တာဘုံသားတွေကွ ဖိုးပါရ။ ဥစ္စာစောင့် အမျိုးအစား(၃)မျိုးရှိပြီး သူတို့ကို ကုဝေရနတ်မင်းကြိးရဲ့ လက်အောက်မှာ ဘုန်တန်ခိုးအတော်အတန်ရှိတဲ့ ဘုမ္မစိုးနတ်တွေက အုပ်ချုပ်တယ်။ ဥစ္စာစောင့်တွေမှာလည်း တန်ခိုးဣဒ္ဓိအသင့်အတင့်ရှိကြတယ်။ သူတို့ရဲ့ မူလရုပ်ဆင်းသဏ္ဍာန်က အကျည်းတန်ပေမဲ့ သူတို့ကိုယ်ကို လှပအောင်ဖန်ဆင်းပြီး လူသားတွေနဲ့ ဆက်ဆံနိုင်ကြတယ်။  အခုမြတ်ထွန်းကုိဥစ္စစောင့်မလေးက ချစ်ကြိုက်လို့  ညှို့ထားပြီး သူတို့ရဲ့သိုက်နန်းကို‌ေခါ်သွားတယ်ထင်တယ်။အခု မြတ်ထွန်းရဲ့ဝိဉာဉ်က သူတို့ရဲ့သိုက်နန်းမှာ ရှိနေလိမ့်မယ်။
ဘိူးတို့သူ့ကို အမြန်သွားကယ်ရလိမ့်မယ်ဖိုးပါ။မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ဦးဖိုးထွန်းပြောပြထားလို့ လူလေးရဲ့ အကြောင်းကိုလည်း အကိုသိပြီးပါပြီ။ ဒီကိစ္စကို‌ေဆာင်ရွက်ဖို့အတွက် လူလေးဘိုးနဲ့လိုက်ခဲ့မလား ။ဘိုးတို့ မြတ်ထွန်းနဲ့တွေ့ရင် သူကဘိုးကိုသိမှာမဟုတ်ဘူး လူလေးကိုတော့ သိပြီးသားမို့ လူလေးခေါ်ရင် သူပြန်လိုက်လာမှာ”
ဘိုးက ပြောတာဗျ။ကျုပ်ကလည်း ဒါမျိုးဆိုစိတ်ဝင်စားပြီးသားလေဗျာ။ ဒါမို့ ချက်ချင်းပဲ
“ကျုပ်လိုက်ခဲ့မယ်ဗျ”
လို့ပြောလိုက်တယ်။
“အဲ့ဒါဆို ဦးဖိုးထွန်းက အိမ်မှာပြန်နေပြီး မြတ်ထွန်းရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်ထားပါ။ ကျုပ်တို့က ကုက္ကိုလ်ကုန်းကိုသွားပြီး မြတ်ထွန်းရဲ့ဝိဉာဉ်ကို ပြန်ခေါ်လာခဲ့မယ်။ပြီးတော့ ကျုပ်ပြောထားတာကိုလည်း မမေ့ပါနဲ့နော် ဦးဖိုးထွန်း”
ဘိုးတေနဲ့ ဦးဖိုးထွန်းက ကျုပ်မလာခင်က ဘာတွေပြောထားလည်းမသိဘူးဗျ။ဘိုး‌ေတကဦးဖိုးထွန်းကို မမေ့ဖို့ သတိပေးနေတာဗျ။ပြီးတော့ ဦးဖိုးထွန်းကပြန်သွားတယ်ဗျ။ ကျုပ်လည်း အပါကြီနဲ့ အမေကြီးကို ပြန်ပြောလိုက်တာပေါ့။ အပါကြီးတို့ကလည်း ကျုပ်ကို စိတ်မချပေမဲ့  ကိုမြတ်ထွန်းအတွက်လည်း စိတ်ပူတာကြောင့်လွှတ်တယ်ဗျ။ ဆရာလေးဇဗ္ဗူကလည်း စိတ်မပူဖို့နဲ့ သူတာဝန်ယူကြောင်းပြောတယ်ဗျ။
ကျုပ်လည်း မျက်ကွင်းဆေးကွင်း၊ လွယ်‌ေနကျ လွယ်အိတ်လေးလွယ်ပြီး ထွက်လာခဲ့လိုက်တယ်။ ဒီလိုနဲ့ ကျုပ်တို့ ကုက္ကိုလ်ကုန်းကို ထွက်လာခဲ့တယ်ဗျ။ ကုက္ကိုလ်ကုန်းရောက်တော့ ဘိုးက
“ဖိုးပါရေ အခု ဘိုးတို့က သိုက်ထဲဝင်မှာနော် သိုက်ထဲမှာက ရွှေငွေရတနာတွေ အများကြီးတွေ့ရလိမ့်မယ်။ဒါပေမဲ့ အဲ့ဒါတွေကို လုံးဝမထိနဲ့နော် မဟုတ်ရင် ဘိုးတို့ဒုက္ခရောက်လိမ့်မယ် ။ဘိုးနောက်ကနေသာ လိုက်ခဲ့ ဘာအန္တရာယ်မှမဖြစ်စေရဘူး”
ဘိုးတေက ပြောပြီး လွယ်အိတ်ထဲက အင်းချုပ်တစ်ချပ်ထုတ်လိုက်တယ်ဗျ။ပြိးတော့ ပါးစပ်နားတေ့ပြိး တစ်ခုခုရွတ်နေတယ်။ပြီးတာနဲ့ ကုက္ကိုလ်ပင်ကြီးကို ပစ်လိုက်တယ်ဗျ။
”   ဝုန်း•••”
ဆိုတဲ့အသံနဲ့အတူ ကုက္ကိုလ်ပင်ကြီးရဲ့ ပင်စည်ကနေ လူဝင်လို့ရတဲ့တံခါးပေါက်တစ်ခုကို တွေ့လိုက်ရတယ်ဗျ။
” ဘိုးနောက်ကနေလိုက်ခဲ့တော့ ဖိုးပါရေ”
ဒီလိုနဲ့ ကျုပ်တို့ဝင်သွားပြီး လမ်းနည်းနည်းလျှောက်မိတော့ မျက်လုံးပြူးပြူးနဲ့ ဘီလူးကြီးနှစ်ကောင်ကို တွေ့လိုက်ရတယ်ဗျ။ဘိုး‌ေတလည်း လေထဲမှာ အချုပ်အင်းကို ဆွဲပြိး ဘီလူးကြီးနှစ်ကောင်ဆီပစ်လွှတ်လိုက်တယ်။ ဘီလူးကြိးနှစ်ကောင်က အဲ့ဒီနေရာကနေ လှုပ်လို့ကိုမရတော့တာဗျ။ ကျုပ်လည်း ဘိုးတေကို တော်တော် အထင်ကြီးသွားတယ်ဗျ။ဘိူး‌ေတပစ်လိုက်တဲ့အင်းကိုဘိုးမင်ထင်သုံးတာလည်းကျုပ်တွေ့ဖူးတယ်ဗျ။ ဒါပေမဲ့ဘိူးမင်းထင်က လေပေါ်မှာဆွဲပြိးပစ်တာမဟုတ်ဘူးဗျ။
ကျုပ်တို့လည်းဆက်သွားတော့ ဘာအနှောင့်အယှက်မှမတွေ့ရဘူးဗျ။ ဒီလိုနဲ့ခန်းမကြီးတစ်ခုထဲကိုရောက်သွားတယ်။ ခန်းမထဲမှာတော့ သေတ္တာတွေအများကြိးရှိပြီး ရွှေတွေ ငွေတွေကလည်း အပြင်ကိုလျှံထွက်ကျနေတာဗျ။ အခန်းတွေအများကြီးကိုလည်းတွေ့လိုက်ရတယ်။
ဘိုးတေက မျက်စိမှိတ်ပြီးနေတယ်ဗျ။ ကျုပ်စိတ်ထင် ဘယ်အခန်းကို သွားရမလဲဆိုတာ အာရုံခံနေတာထင်တယ်ဗျ။ပြီးတော့မှ မျက်လုံးဖွင့်လာပြီး ညာဘက်က အခန်းတစ်ခုကိုဝင်သွားတယ်။ကျုပ်လည်းနောက်ကလိုက်ဝင်ခဲ့တာ‌ေပါ့။ အခန်းထဲရောက်တော့ ကိုမြတ်ထွန်းကုိမိန်းက‌ေလးတစ်ယောက်နဲ့ ဘေးနားက ရံရွှေတော်‌ေတွနဲ့အတူတွေ့လိုက်ရတယ်ဗျ။
“အိုး•• လှလိုက်တဲ့မိနိးကလေး‌ေတွဗျာ  လှတာမှတော်တော်ကိုလှတာဗျို့  ”
သူတို့က ကျုပ်တို့ကိုတွေ့တော့
“ကြွပါရှင် ကြွပါ ကျွန်မတို့ ပြုစုပေးပါမယ်”
အဲ့လိုပြောပြိး ရှေ့တိုးလာတာဗျ။
ဘိုးတေကိုကြည့်တော့ ခေါင်းခါနေတာတွေ့ရတယ်ဗျ။ ကျုပ်လည်း အနားကိုလာနေတဲ့ မိန်းကလေးတွေဆီကနေ မွှေးကြိုင်တဲ့ အနံ့တစ်ခုကို ရှူမိပြိး  အသိစိတ်လွှတ်သွားတယ်ဗျ။ အမျိုးသမီးတွေနဲ့ ပျော်ပါးဖို့ကို ကျုပ်စိတ်က မထိန်းချုပ်နိုင်တော့ဘူးဗျို့။အဲ့ဒီအချိန် ဘိုးတေက ကျုပ်လက်ကိုကိုင်ပြီး
” ဖိုးပါ စိတ်ထိနိးထား”
လို့ လာပြောမှ ကျုပ်သတိပြန်ဝင်လာတာဗျ။ဘိုးကိုကျုပ်ကျေးဇူး‌ေတာ်‌ေတာ်တင်သွားတယ်။ပြီးတော့ တော်တော်လည်းရှက်သွားတာဗျို့”
“နန်းရွှေမွန် သင်တို့နှစ်‌ေယာက်ဟာ ပေါင်းဖက်ဖို့မဖြစ်နိုင်တာ မသိဘူးလား”
“သင်ဘယ်သူလဲ ကျွန်ုပ်တို့နှစ်‌ေယာက်ကြားကို ဘာကြောင့် ဝင်စွက်ဖက်ရတာလဲ”
ဘိုးတေနဲ့ နန်းရွှေမွန်တို့ပြောနေကြတာဗျ။ဆရာလေးခေါ်လိုက်မှ ဥစ္စာစောင့်မလေးနာမည်က နန်းရွှေမွန်ဆိုတာကို ကျုပ်သိလိုက်ရတာဗျ။ ကိုမြတ်ထွန်းကတော့ ကျုပ်တို့ကို မသိသလိုကြည့်နေတယ်ဗျ။ ဒါဟာလည်း နန်းရွှေမွန်လုပ်ထားလို့ဖြစ်‌မယ်ဗျ။
“မြတ်ထွန်းကို  ကျုပ်တို့လက်ထဲပြန်ထည့်ပေးလိုက်ပါ။”
“မောင်တော့်ကိုမထည့်ပေးနိုင်ဘူး မောင်တော်ကရော ပြန်လိုက်ချင်လို့လားဟင်”
နန်းရွှေမွန်က ကိုမြတ်ထွန်းကို‌ေမးလိုက်တာဗျ။
“မလိုက်ဘူး ကျုပ်က နှမတော်နဲ့ပဲနေမှာ ဘယ်ကိုမှမသွားဘူး”
“ကိုမြတ်ထွန်း ကျုပ်ဖိုးပါလေ ကျုပ်ကိုမမှတ်မိဘူးလား အိမ်မှာ ကိုမြတ်ထွန်းရဲ့ အဖေနဲ့အမေတို့စောင့်နေကြတယ်ဗျ။”
ကျုပ်ဝင်ပြောလိုက်တော့မှကိုမြတ်ထွန်းက ကျုပ်ကိုကြည့်ပြီး ငိုင်သွားတယ်ဗျ။အဲ့ဒါကိုမြင်တော့ နန်းရွှေမွန်က ကျုပ်ကို ဒေါသထွက်တဲ့အကြည့်နဲ့ကြည့်ပြီး တစ်ခုခုနဲ့ပစ်လိုက်တယ်ဗျ။ ကျုပ်မျက်စိထဲ အလင်းတန်းလေး လှစ်ခနဲ့ထွက်လာတာကိုတွေ့လိုက်တာဗျို့။ ဘိုးတေကလည်းလျင်တယ်ဗျ။ နန်းရွှေမွန်ပစ်လိုက်တာနဲ့ အင်းချပ်တစ်ခုကို ပစ်လိုက်တယ်ဗျ။ အလင်းတန်းနဲ့ အင်းချပ်ထိပြီး ပေါက်ကွဲသွားတယ်ဗျ။
“နန်းရွှေမွန် သင်က သင့်အထက်က ပုဂ္ဂိုလ်‌ေတွမသိ‌ေအာင် မကောင်းမှုတွေကျူးလွန်မလို့လား သင့်ကိုကျွန်ုပ်တို့ နာကျင်အောင်မပြုလုပ်ချင်ဘူး ဒါကြောင့် မြတ်ထွန်းကို ကျုပ်တို့နဲ့  အေးဆေးပြန်ထည့်ပေးလိုက်ပါ”
ဘိုးတေက ပြောပေမဲ့  နန်းရွှေမွန်က လက်မခံဘူးဗျ။ ဒါနဲ့ ဘိုးတေက
“ဒါဆိုလည်း ကျုပ်အဆိုးမဆိုနဲ့
ကဲ  မြတ်ထွန်း မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ နန်းရွှေမွန်ရဲ့ တကယ့်ရုပ်အမှန်ကိုမင်းကြည့်စမ်း ”
ဆိုပြီး နန်းရွှေမွန်တို့ဆီ ကို အင်းချပ်တစ်ချပ် ပစ်လိုက်တယ်ဗျ။
” ဝုန်း… ဝုန်း..”
အသံနဲ့အတူအခန်းတစ်ခုလုံးလည်း မီးခိုးငွေ့တွေ ပြည့်သွားတယ်ဗျ။မီးခိုး‌ေတွပျောက်သွားတော့ အရမ်းလှပတဲ့ နန်းရွှေမွန်နဲ့ ရံရွှေတော်တွေက မျက်လုံးပြူးပြူး ဗိုက်ပူပူနဲ့ ကြောက်စရာပုံစံကြီးဖြစ်သွားရောဗျ။
“အမလေး… မင်းဘယ်သူလဲ… နန်းရွှေမွန်ရော”
ဆိုပြီး ကိုမြတ်ထွန်းကပြောတာဗျ။
“ကဲ မြတိထွန်းကို ညှို့ပြီးပြုစားထားတာတွေ အကုန်ပျောက်စမ်း”
ဆိုပြီး ဘိုးတေက ကိုမြတ်ထွန်းကိုအင်းချပ်တစ်ခုကပ်လိုက်တယ်ဗျ။အဲ့ဒီတော့မှကိုမြတ်ထွန်းက
“ဖိုးပါ ငါတို့ဘယ်ရောက်နေတာလဲ “လို့ ကျုပ်က်ုကြည့်ပြီးမေးလာတယ်ဗျ။
ကျုပ်လည်း
“နောက်မှမေး အကိုရေ ခုအိမ်မှာအကို့အဖေနဲ့အမေစောင့်နေတယ်အကို ပြန်လိုက်မယ် မလား ”
“လိုက်မှာပေါ့ကွ”
နန်းရွှေမွန်ကတော့ အဖြစ်အပျက်ကိုတွေ့ပြီး အရမ်းဒေါသထွက်သွားတယ်ဗျ။ ပြီးတော့ ပါးစပ်ကနေလည်း
“သတ်ကြ…အကုန်လုံးကို သတ်ကြ…”
ဆိုပြီး အသံနက်ကြီးနဲ့ အော်တော့တာပဲဗျို့။ သူ့အော်သံဆုံးတာနဲ့ အရွယ်မျိုးစုံနဲ့ ပြိတ္တာတွေက ဓားလှံလက်နက်တွေနဲ့ပေါ်လာပြီး ကျုပ်တို့ဆီကို ပြေးလာကြရောဗျို့။
ဘိုးတေ်ကလည်း သူ့ရဲ့ညာဘက်လက်ကို ဆန့်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်နေတယ်ဗျ။ သူရွတ်နေတုန်း လက်ထဲကနေ ရွှေရောင်အလင်းတန်းတွေထွက်လာတယ်ဗျ။ အလင်းရောင်တွေက ကျုပ်တို့ သုံးယောက်ကို လွှမ်ခြုံထားတယ်ဗျ။ လာနေတဲ့ ပြိတ္တာတွေလည်း အလင်းရောင်ကိုထိတာနဲ့ ပျောက်သွားရောဗျို့ ။ကျုပ်တို့လည်း လာခဲ့တဲ့လမ်းအတိုင်းပြန်ထွက်လာခဲ့တယ်။
တံခါးပေါက်နားရောက်တော့ ဘိုးတေကကျုပ်တို့ကို အပြင်ကိုတွန်းထုတ်လိုက်တယ်ဗျ။ ကျုပ်နဲ့ ကိုမြတ်ထွန်းတို့ တံခါးပေါက်အပြင်ဘက်ရောက်တာနဲ့ ဝုန်းဆိုတဲ့ မိုးချိန်းသံနဲ့အတူ ကျုပ်တို့အသိစိတ်ကင်းမဲ့သွားခဲ့တော့တယ်ဗျ။
*****************
” သတိရလာပြီ ဦးလေးရေ …ဖိုးပါ သတိရလာပြီဗျ”
ကျုပ်နားထဲမှာ အသံတစ်သံကြားနေရတာဗျ။ကျုပ်မျက်လုံးကိုမနညိးဖွင့်နေရတယ်ဗျ။ ကျုပ်ကြည့်လိုက်တော့ သံကုလားက အော်နေတာဗျ။
” ဖိုးပါ မင်းသတိရပြီနော် ”
ကိုမြတ်ထွန်း ကပြောတာဗျ။
”  ဟုတ်သတိရပြီ ကိုမြတ်ထွန်း ကိုမြတ်ထွန်းလည်းသတိရပြီနော်”
” အေး… ငါမင်းကိုကျေးဇူးအရမ်းတင်တယ်ကွာဖိုးပါရာ”
“ဒါနဲ့ ဘိုးတေရော ”
ကျုပ်မေးလိုက်တော့ ဦးဖိုးထွန်းက ဝင်ပြောတယ်ဗျ။
“ဘိုးက အထက်ကတာဝန်ပေးလို့ တခြားနေ‌ရာကိုထွက်သွားပြီဖိုးပါ။”
” ဟုတ်လို့လား ဦးလေး ဘိုးက သိုက်ထဲမှာကျန်ခဲ့တာမဟုတ်ဘူးလား ကျုပ်ကိုမလိမ်နဲ့နော်”
”  မလိမ်ပါဘူးဖိုးပါရာ မင်းတို့ ကုက္ကိုလ်ကုန်းကိုမသွားခင် ဘိုးက ငါ့ကိုပြောခဲ့တာ။ သူက မြတ်ထွန်းရဲ့ဝိညာဉ်ကို အရင်ကယ်ပြီးမှ ဥစ္စာစောင့်တွေကို တရားချဆုံးမဖို့ သူ့ကိုအထက်က တာဝန်ပေးထားတယ်တဲ့ ။
မင်းတို့ သွားပြီး နှစ်နာရီလောက်ကြာရင် ကုက္ကိုလ်ကုန်းကို လာဖို့ပြောခဲ့တာ။ နှစ်နာရီမကြာခင်မှာပဲ မြတ်ထွန်းက သတိပြန်ဝင်လာခဲ့တယ်။အဲ့ဒါနဲ့ ကုက္ကိုလ်ကုန်းကိုသွားကြည့်တော့ မင်းက သတိလစ်နေတယ်ကွ။ အဲ့ဒါမို့ပြန်ထမ်းလာပြီး သတိလည်အောင်လုပ်နေတာကွ”
ဦးဖိုးထွန်းရှင်းပြမှ ကျုပ်နားလည်သွားတာဗျ။ကျုပ် သတိပြန်ရလာတာက ဦးဖိုးထွန်းတို့အိမ်မှာဗျ။ ဒါကြောင့် အဖေနဲ့အ‌ေမ စိတ်ပူမှာစိုးလို့  ကျုပ်ရဲ့လွယ်အိတ်လေးကိုလွယ်ပြီးအိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။အိမ်ရောက်တော့အဖေနဲ့အမေက ကျုပ်ကိုစိတ်ပူပြိးစောင့်နေတာတွေ့လိုက်ရတယ်ဗျ။ကျုပ်လည်း အကြောင်းစုံကို ခရေစေ့တွင်းကျ ပြန်ပြောပြလိုက်တာပေါ့ဗျာ။
အဖေတို့ကလည်း အံ့ဩနေကြတာပေါ့။ ကျုပ်လည်း အိမ်ပေါ်တက်ပြီး လွယ်အိတ်ထဲက ပစ္စည်းတွေပြန်စစ်နေတုန်း လွယ်အိတ်ထဲမှာ အင်းချပ်တွေကို တွေ့လိုက်ရတယ်ဗျ။
အင်းချပ်တွေက ဘိုးမင်းထင် ပေးခဲ့တဲ့အင်းတွေအပြင် တခြားအင်းချပ်တွေပါ ပိုတိုးနေတာဗျို့။ ဘိုးမင်းထင်ပြောပြလို့ အင်းတွေရဲ့အကြောင်းကို ကျုပ်အတော် အသင့် သိခဲ့ပြီးပြီဗျ။ ဒါကြောင့် ကျုပ်လွယ်အိတ်ထဲ အင်းတွေက အစွမ်းထွက်တဲ့အင်းတွေမှန်းကျုပ်သိတာပေါ့ဗျာ။ အဲ့ဒီအင်းတွေကို ဘိုးတေ ပေးခဲ့တယ်ဆိုတာလည်းကျုပ်တွေးမိတယ်ဗျ။
ကိုမြတ်ထွန်းကတော့ ကုက္ကိုလ်ကုန်းဘက်ကိုခြေဦးတောင်မလှည့်တော့ဘူးတဲ့ဗျ။ လယ်ထဲသွားရင်လည်း လယ်ထဲမှာပဲ နားပြီး အရိပ်ရတဲ့ ကုက္ကိုလ်ပင်ကြီးဘက်တောင် မသွားတော့ဘူးဗျ။ ဟိုတစ်ခါ ကိစ္စကိုလည်း ကြောက်သွားလို့နေမယ်။ ဒါပေမဲ့ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ကုက္ကိုလ်ကုန်းကဥစ္စာစောင့်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို မကြားရတော့ဘူးဗျ။ ကျုပ်လည်း ဘိုးတေအကြောင်းကို တွေးနေရင်းနဲ့ ငရုတ်ရေလောင်းဖို့ ထမ်းပုံးလေးထမ်းပြီး ထွက်လာခဲ့တော့တယ်ဗျို့။
ပြီးပါပြီ။
#ဉာဏ်ထက်(ရောင်စဉ်)
စိတ်ကူးယဉ်ကာရေးသားခြင်းဖြစ်ပါသည်။မည်သည့်လူ၊ ပုဂ္ဂိုလ်ကိုမျှ စော်ကားလိုစိတ် အလျှင်း(လုံးဝ)မရှိပါ။ သင်ဆရာ/မ မြင်ဆရာ/မ များနှင့် စာဖတ်သူများအားအစဉ်လေးစားလျှက်