မဆစ်ဆီပီယဆေး

ဘာတွေများ

သွားပြီး လုပ်ရမှာလားဗျာ။အဲ့ဒါဆိုရင်တော့ မလုပ်ပါနဲ့ဗျာ “

” တာတေ ကလည်းကွာ ဘယ်ကသင်္ချိုင်းကုန်းမှာ လုပ်ရမှာတုံး

ဘုန်းကြီး ကျောင်းသိမ်ထဲမှာ လုပ်ရမှာ “

ဒီတော့ မှ ကျုပ်စိတ် သက်သာသွားတယ်ဗျို့။

” သြော် ဒါဆိုရင်တော့ ဖြစ်ပါတယ်။ကျုပ်က ဘာလုပ်ပေးရမှာ

တုံးဗျ “

” မင်းက ငါ့ကို အဖော်လိုက်ပေးရုံပါကွာ “

” နို့ ကိုကြီး ကြက်တောရဲ့အစီအစဉ်က တော်တော်ခက်လား

ဗျ “

” ဟာ ဘာမှမခက်ဘူး။ နှမ်းဆီ ၁၅ကျပ်သားကိုဈေးမဆစ်ပဲ

ဝယ်ရတယ်။ဝယ်တဲ့နေ့က မင်းမွေးတဲ့ မွေးနေ့ရဲ့ငါးခုမြောက်

နေ့မှာ ဝယ်ရတယ်။ဥပမာကွာ မင်းက တနင်္ဂနွေ ဆိုရင်

ကြာသပတေးရဲ့ မနက်စောစော ခုနှစ်နာရီလောက်မှာ သွား

ဝယ်ရတယ်ကွ “

” အော်.. ..အဲ့ဒီလို လား..။ အဲ့ဒီ့ဆီရတော့ ဘာဆက်လုပ်ရမှာ

တုံးဗျ “

” အထိကရ သိမ်ကြတစ်လုံးထဲမှာ စီရင်ရမှာကွ “

” ပန်းကန် ပြားထဲမှာဆန်ထည့် ၊ ဆန်ပေါ်မှာ လက်ဖက်အလုံး

လေးတွေ လုံးပြီးတင် ၊ ပြီးရင် ဆီထည့်ထားတဲ့ ခွက်ကိုဆန်ပေါ်

မှာ ငြိမ်အောင် ထားရတယ်။သိမ်ကြမ်းပြင်မှာ အဲ့ဒီ့ပန်းကန်ချ

ထားပြီး ပန်းကန်ရဲ့ လေးဖက် လေးတန်မှာဖယောင်းတိုင်

လေးတိုင်ထွန်းပြီး သမ္ဗုဒ္ဓေဂါထာကို တထောင်ပြည့်အောင်

ရွတ်ရတယ်။ဘယ်လို အနှောင့်အယှက် အဖျက်အစီးပဲလာလာ

ဂါထာတစ်ထောင်ပြည့်အောင် ရွတ်ရတယ်။တစ်ထောင်ပြည့်

ရင် ပီယဆေးအောင်ရောကွ ။ အဲ့ဒီ ဆီကို ဆန်စမှာသပ်ပြီး

စကားပြောရင် ကိုယ်ပြောသမျှ အားလုံးအောင်တယ်ဆိုပဲ”

” ဟင် အောင်တဲ့ သူတွေရော ရှိလားဗျ “

“အောင်ဖို့်တော့မလွယ်ဘူးပြောတာပဲ တာတေရ “

” ဟင် ဘာဖြစ်လို့တုံး “

” အဲ့ဒါတော့ ငါလည်း မသိဘူး ကွ “

ညရောက်တော့ ပုဗ္ဗာရုံကျောင်းက သိမ်ကြီးထဲမှာ လိုအပ်တာ

တွေအားလုံး ပြင်ဆင်ပြီး ကိုကြီးကြက်တောက သမ္ဗုဒ္ဓေဂါထာ

ကို ရွတ်ဖို့ အဆင်သင့်လုပ်တယ်ဗျ။

” ကဲ တာတေ မင်းက မလှမ်းမကမ်း သွားပြီး စောင့်ပေတော့။

ငါ့အစီအရင် မပီးခင်မှာ ဘယ်သူ့မှ အလာမခံနဲ့ ကြာလား”

“ဒါဆိုရင် သိမ်တံခါး ပိတ်ထားလိုက်ပါလား “

“ဒီအစီအရင်ထဲမှာ တံခါးတွေ ဘာတွေမပိတ်ရဘူးကွ၊ အားလုံး

ဖွင့်ထားပြီး ဂါထာရွတ်ရမှာ”

” သြော် ဒီလိုလား စိတ်ချဗျာ၊ ကျုပ် ဒီကို လှမ်းမြင်နေရတဲ့

နေရာက သေသေချာချာ စောင့်ကြည့်နေမယ် “

ကျုပ်က သိမ်နဲ့ မလှမ်းမကမ်း က ဆွမ်းချက်ဆောင်ထဲ ဝင်ထိုင်

နေလိုက်တယ်။ ပြီးတော့ အသင့်ယူလာတဲ့ နဂါးဆေးပေါ့လိပ်

ကလေး ထုတ်ဖွာလိုက်တယ်။

အချိန်က ညကိုးနာရီကျော်ပြီဗျ။

ကျုပ်လှမ်းကြည့်လိုက်တော့ သိမ်ထဲမှာ မီးရောင်ကလေးမြင်

နေရတယ်။ ကိုကြက်တောကြီးတော့ သမ္ဗုဒ္ဓေဂါထာ ကို

အကြိတ်အနှယ်ရွတ်နေမှာပဲလို့တွေးလိုက်မိတယ်။

ညဆယ့်တစ်နာရီလောက်ရောက်တော့ ကျုပ်အိပ်ငိုက်သွား

တယ်ဗျ။

” ဝုန်း ၊ ဝုန်း ၊ ဝုန်း ၊ ဒုန်း “

ကျုပ်လန့်နိုးသွားတယ်။သိမ်ထဲကို လှမ်းကြည့်တော့ မီးရောင်

မမြင်ဘူးဗျ။ကျုပ်လည်း ဘာဖြစ်တာတုံးဆိုတာ သိချင်တာနဲ့

ဆွမ်းချက်ရုံထဲကပြေးထွက်လာတယ်ဗျ။

” ဝုန်း ၊ ဝုန်း ၊ ဝုန်း ၊ ဒိုင်း ၊ ဒိုင်း “

” အောင်မလေးဗျ “

ဟာ….ဒါကိုကြက်တောအော်သံကြီးပဲ။ ကျုပ်သိမ်ဘက်ကို

ပြေးသွားတယ်။ ဒီမှာတင် သိမ်ထဲက လှစ်ခနဲ ပြေးထွက်လာ

တဲ့ ကိုကြက်တောကို မြင်လိုက်ရတယ်။

” ကိုကြီး ကြက်တော ၊ ကိုကြီးကြက်တော “

ကျုပ်ခေါ်တာတောင် တစ်ချက်မှ လှည့်မကြည့်ဘူးဗျို့။ တစ်ခါ

တည်းကို စွတ်ပြေးတော့တာ။ ကျုပ်လည်း သူ့နောက်ကနေ

အပြေးလိုက်ရတာပေါ့။

” ကိုကြီးကြက်တော “

ကျုပ်က ခေါ်လည်းခေါ် ၊ ပြေးလည်းပြေး လိုက်ရတာပေါ့။

ကိုကြီး ကြက်တော ကို သူတို့ဝိုင်းရှေ့မှပဲ မှီတော့တာဗျာ။

“ဟောဟဲ ဟောဟဲ “

ကိုကြက်တောက ခါးကြီးကုန်းပြီး ဝင်းတံခါးကိုကိုင်ထားတယ်။

လူကလည်းဟောဟဲလိုက်အောင် မောနေတာဗျို့။

” ကိူြက်ီး ကြက်တော့ ဘာဖြစ်တာတုံး “

ကျုပ်မေးတာကို ကိုကြီးကြက်တော့က ချက်ချင်းမဖြေနိုင်ဘူး။

ခဏကြာမှ…

“သဘက်ကြီးကွ တာတေရ ၊နည်းတဲ့ အကောင်ကြီးမဟုတ်

ဘူး။တံခါးတွေ ဝုန်းဝုန်း ဒိုင်းဒိုင်းပိတ်သွားမှ ငါမြင်ရတာ။

ပြတင်းပေါက် မှာရပ်နေတာကွ၊ မျက်လုံးကြီးတစ်လုံးတစ်လုံး

ကိုဟင်းသောက်ပန်းကန်လောက်ရှိတယ်။နီရဲနေတာကွ။

ခေါင်းကြီးက တင်းတောင်းလောက်ရှိတယ်။ပါးစပ်ကြီး

ဖြဲထားတာလည်း အကျယ်ကြီးကွာ။ငါ့ဖယောင်းတိုင်တွေလည်း

တစ်ပြိုင်နက်တည်း ငြိမ်းသွားတာကွ။ ငါလည်း စိတ်ကို.

ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘဲလန့်အော်လိုက်မိပြီး

ရွာထဲစွတ်ပြေးတော့တာကွ။မင်းကိုတောင် ခေါ်ချိန်မရလိုက်

ဘူးကွ “

ကျုပ် ဒီတော့မှ သဘောပေါက်သွားတယ်ဗျို့။

မဆစ်ဆီပီယ ဆေးအစီအရင်ဟာ အောင်ဖို့မလွယ်ဘူးဆိုတာ

ဒါ့ကြောင့်ကိုးလို့ ကျုပ်တွေးလိုက်မိတယ်။

ပြီးပါပြီ။

#တာတေ
#မဖဲဝါ
#ညမဖတ်ရ

မဆစ်ဆီ ပီယဆေး (စ/ဆုံး)
မူရင်းရေးသားသူ – ဆရာတာတေ

ဒီတုန်းက ကျုပ်အသက် ဆယ့်နှစ်နှစ်လောက်ပဲ ရှိသေးတာဗျ။

ကိုကြက်တောဆိုတာ ကျုပ် တိုရွာရဲ့ ကာလသားခေါင်းပေါ့

ဗျာ။လူကအရပ်ရှည်ရှည် ပိန်ပိန်ဗျ။ခါးကလည်း နည်းနည်းကိုင်း

သေးတယ်။မျက်လုံးကလည်းခပ်ပြုးပြူးဗျို့။

ဒါ့ကြောင့်လည်း ကျုပ်တို့ ရွာကလူတွေက ပြောကြတာ။

” ကြက်တောရာ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ဘာများဖြစ်လာ

တာတုံး “

” ဟာ….ဘာမှမဖြစ်ပါဘူးဗျ။ ဘိုးညီလေးရဲ့ ကျုပ်ကမွေးက

တည်းက ပြူးနေတဲ့ဟာ ဘာတတ်နိုင်မှာတုံး “

လို့ကိုကြက်တောကြီးက ပြန်ပြောသဗျ။ကိုကြက်တောကြီးက

လမ်းလျောက်ရင်လည်း ခြေလှမ်းကျဲကြီးနဲ့ဗျ။

” ကိုကြက်တောတို့များလမ်းလျောက်ရင် ငှက်ကြီးဝန်ပို တွေ

လမ်းလျောက်တဲ့ အတိုင်းပဲဗျာ “

လို့ ပြောပြောပြီး ရယ်နေကြတာဗျ။

တရက်ကျတော့ ကိုကြက်တောကြီး ကျနော့်ဆီကို

ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရောဗျို့။

” ဟေ့ကောင် တာတေ “

” ဟာ ကိုကြီးဝံပို အဲ ဟုတ်ပါဘူး ကိုကြီး ကြက်တော “

“ဘာလဲ မင်းကပါ ဘိုးညီလေးဂိုဏ်းဝင်မလို့လား၊ ဒီဘိုးတော်

ကတော့ ပြောမနေနဲ့ လူတွေ့ရင် တစ်ခုမဟုတ် တစ်ခု

စနေတော့တာပဲ “

” ဟားဟား ဟားဟား ကိုကြီးကြက်တောကလည်းဗျာ…

ဘိုးညီလေးက ခဗျားတစ်ယောက်တည်းကို စတာမဟုတ်

ပါဘူးဗျာ။ဘယ်သူတွေ့တွေ့ စတာပါပဲဗျာ။ နို့ နေပါဦး ။

ကိုကြီး ကြက်တောကျုပ်ဆီလာတာ ဘာကိစ္စရှိလို့တုံး “

” အေး ရှိတယ် တာတေ မင်းကို အကူအညီတောင်းမလို့ “

“ဟာ..ဒါများ ကိုကြီးကြက်တောကလည်း ကဲ ပြောကျုပ်

ဘာကူညီပေးရမလဲ “

” ဒီလိုကွ ငါပီယဆေး စီရင်မလို့ “

” ဗျာ ပီယဆေး ဟုတ်လား “

ကျုပ်ဗျာ ကျော်ထဲမှာတောင် စိမ့်ခနဲ ဖြစ်သွားတယ်။

“အေး ဟုတ်တယ်ကွ တာတေရ “

” ဖြစ်ပါ့မလား ကိုကြီးကြက်တောရာ ၊ သင်္ချိုင်းတွေ ဘာတွေများ