တော့တာပါပဲ၊ ကိုဗျိုင်းက ကျုပ်တို့ရွာဇာတိတော့မဟုတ်ဘူးဗျ၊ အထက်ချင်းတွင်းဘက်က ရှမ်းတစ်ယောက်လို့ပြောတယ်၊ ဒါကြောင့်လဲ ကိုဗျိုင်းက အသားဖြူတာပေါ့ဗျာ၊ ကျုပ်တို့လို အညာသားတွေရဲ့ အသားကတော့ သိတယ်မဟုတ်လား၊ ထန်းလျက်ရောင်လေးပေါ့ဗျာ။ ကိုဗျိုင်းက ကျုပ်တို့ရွာမှာ စပါးလာဝယ်နေကျလူဗျ၊ သူ့သူဌေးက မြင်သာမြို့မှာ ဆန်စက်လုပ်တယ်၊ ဆန်လဲရောင်းတယ်ဆိုတော့ ကျုပ်တို့ရွာတွေက စပါးတွေကို ကိုဗျိုင်းတို့က လိုက်သိမ်းရတာပေါ့ဗျာ၊ နောက်တော့ အဲဒီစပါးတွေကို သူ့သူဌေးက ဆန်စက်မှာ ကြိတ်ခွဲပြီး ဆန်ပြန်ရောင်းတာပေါ့၊ အမမိဝေရဲ့ မိဘတွေက လယ်တွေလုပ်တယ်မဟုတ်လား၊ တစ်နှစ်တော့ ကိုဗျိုင်းက စပါးလာဝယ်ရင်း အမမိဝေနဲ့ ချစ်ကြိုက်သွားတာပေါ့ဗျာ၊ နောက်တော့ ကိုဗျိုင်းတစ်ယောက် ...
အလုပ်လည်း လွှတ်ကြိုးစားတာဗျ။ အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ ...
ကြောက်တဲ့နေရာမှာအဆင့်(၁)နေရမှာ.. ရှိတယ်ဗျ… ဒါပေမဲ့ကျုပ်ကကြောက်တတ်ပေမဲ့…ဒီကောင် တွေလိုလေမကျယ်ဘူးဗျို့… ရွှေစင်။ ။ အမယ်လေး သီရီ။ ။ ဟဲ့ ဘာဖြစ်တာလဲ ရွှေစင်။ ။ဟိုးမှာ…လူတစ်ယောက်…ဘာရပ်လုပ်နေတာလဲ မသိဘူး သီရီ။ ။ သြော်..နင်ကလည်း…လူတွေ့တာဘာဆန်းလို့လဲ.. ရွှေစင်။ ။ ဆန်းတယ်ဟ… ဟဲ့ ရဲရင့် ရဲရင့်။ ။ အေး ဘာလဲပြောလေ ရွှေစင်။ ။ ဟိုးမှာ ခေါင်းစွပ်အကျီဝတ်ထားတဲ့လူတစ်ယောက် ကျော့ပေးထားတာတွေ့လား ရဲရင့်။ ။ အေး..တွေ့တယ်လေ ဘာဖြစ်လို့လဲ.. ရွှေစင်။ ။ သူကိုဘယ်သွားမလို့လဲလို့နင်တို့မေးရဲလား ရဲရင့်။ ။မေးရဲတာပေါ့ဟ…ဟေ့ကောင်တွေ..ငါတို့ဟိုးမှာရပ် ...
တစ်ခုကိုကြားလိုက်ရသည်။ သက်စိုးက ထိုညည်းသံကိုနားစိုက်ထောင်ပြီးနောက် မှုန်ကြီးအားလှမ်းပေးလိုက်သည်။ “ကိုကြီးမှုန်၊ ခင်ဗျားကြားလိုက်သလားဗျ” “ဟေ၊ ဘာကိုကြားရတာလဲ” “ညည်းသံကြီးလေဗျာ၊ တဟင်းဟင်းနဲ့ပဲ၊ တော်တော်ကြောက်စရာကောင်းတဲ့အသံကြီးပဲဗျ” “ဟာကွာ၊ ငါတော့မကြားမိပါဘူး” သူတို့နှစ်ယောက် ဆက်လက်လှော်ခတ်လာရင်း ချောင်းရိုးနံဘေး ကုက္ကိုပင်ကြီးတစ်ပင်အောက်အရောက်တွင်မူ ချောင်းရိုးကမ်းပေါ်တွင် မိန်းမကြီးတစ်ယောက်ဆောင့်ကြောင့်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ ထိုမိန်းမကြီးမှာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တွင်ယှက်တင်ထားကာ တဟင်းဟင်းနှင့် ညည်းညူနေလေသည်။ သက်စိုးက လှေကိုရပ်လိုက်ပြီး ထိုမိန်းမကြီးကိုကြည့်ရင်း “အဒေါ်ကြီး ဘာဖြစ်နေတာလဲဗျ” “အဒေါ်အရမ်းဖျားနေလို့ပါ ငါ့တူရယ်၊ ဒါနဲ့ ငါ့တူတို့မှာ စားစရာလေးဘာလေးမပါဘူးလား” ထိုအခါ မှုန်ကြီးက “အောင်မာ၊ စားစရာပါတော့ရော ခင်ဗျားကိုကျွေးစရာလားဗျ” “ပါရင်တော့ ကျွေးပါငါ့တူရယ်၊ ...
ဘယ်ကရှာလာတာလဲ ဦးဇင်း ကိုအမှန်တိုင်းလျှောက်စမ်း” “တပည့်တော်ပြောမယ့်ဒုတိယ တခုက အခုငွေကိစ္စပါဘဲဘုရား ဒီငွေတွေက တပည့်တော်လမ်းပြဖို့အတွက် လာငှားရမ်းသွားလို့ရတဲ့ငွေတွေပါ” “ဒီလောက်အများ ကြီးပေးရအောင် ဒကာလေးက ဘယ်ကိုလမ်းပြရမှာလဲ “ “တပည့်တော်တို့ရွာ နောက်ဘက် ခုနှစ်မိုင်လောက်က တောကြီးထဲကိုပါ “ “ဟေ” “ဘာဖြစ်လို့ပါလဲဘုရား “ “အယ့် တောက မိစ္ဆာတွေ ရဲ့နေရာ အယ့်တောအလည်ကို ရောက်သွားရင် ရှေးဟောင်အဆောက်အဦးကြီးတွေ့လိမ့်မယ် ကြီးမားတဲ့ ရတနာပုံကြီးလည်း ရှိတယ် အယ့်ထဲက ဘာတခုကိုမှ မယူပါနဲ့ မင်းအတွက် အန္တရာယ်ကင်းလိမ့်မယ်” ဆိုပြီး သူအခန်းထဲဝင်သွားကာ ကြိုးနဲ့ချည်ထားတဲ့ ...
နဲ့ ဆို ရင် အဆင်ပြေမယ် လို့ ပြောပြီး ငအုန်းကို အဖော်ညှိမိတယ်ကွာ “ “,ကိုမြ တော်တော့ ဗျာ ဘာတွေပြောနေတာလဲ “ ဦးအုန်းသည် ဘကြီးမြအား ဟန်တားနေပေမဲ့ မောင်ဘိုးထင်မှ ဆက်ပြောဖို့ မျက်ရိပ် မျက်ခြေ ပြလိုက်ရာ ဆက်ပြီး စကားဆိုလေသည် ။ “ငါတို့ အကြောင်းလည်း မင်းအသိပဲ တူတူ အရက်ေသာက်ရင် အမှောက် သောက်တာ ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ...
လုံးဝမတွေ့ တော့ဘူးဟေ့၊ တစ်ယောက်ယောက်များ ယူသွားသလား မသိဘူးကွ” “အင်း အဲဒီကိစ္စပဲ ကျုပ်လာပြောတာဗျ” “ဟေ…ဘယ်ကိစ္စတုံး၊ ကဝေတွေကိစ္စလား” “ဟုတ်တယ်ဗျ၊ အဲဒီကဝေတွေလိုမျိုး နောက်ထပ် ကဝေတွေ ထပ်ရောက်လာကြလိမ့်ဦးမယ် ကိုကြီးဘကျော်ရဲ့ “ဟေ..ဟုတ်လား၊ မင်းသိတယ် ဟုတ်လား တာတေ “ဟုတ်တယ်ဗျ၊ ကဝေတွေက သူတို့အကြောင်းနဲ့ သူတို့ လာတာ ပါဗျာ၊ ဒါပေမဲ့ သတိတော့ ထားကြမှဖြစ်မယ်” “ဟာ ဟုတ်တာပေါ့ကွ၊ ဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ” ` `ကိုကြီးဘကျော်တို့ မီးလောင်ကုန်းက လူငယ်တချို့ကိုစုပြီး မီးလောင်ကုန်းသင်္ချိုင်းနဲ့ မနီးမဝေးကနေ ...
ကျုပ်မှာ အသုဘ မပို့ နိုင်ခဲ့ပါဘူးဗျာ။ ကျုပ်တို့တစ်ရွာလုံးကလည်း ငမိုးကို လွှတ်ချစ်ကြတာဗျ။ ငမိုးသေတော့ တစ်ရွာလုံး စိတ်မကောင်းကြဘူး။ အထူးသဖြင့် ကျုပ်ကို တွေ့တိုင်း ငမိုးကို သ တိရကြတယ်ပေါ့ဗျာ။ ကျုပ်နဲ့ ငမိုးက ကစား ဘက်တွေဆိုတော့ တပူးတွဲတွဲ နေကြတာ လေ။ ဒါပေမဲ့ ငမိုးက သေသာသေတာ ရွာမှာ ရှိနေတုန်းဗျ။ သူ့မိဘတွေကို လုပ်ကျွေးနေ တုန်းတဲ့ဗျို့။ သူကျောင်းနေကျ ရွာထဲကနွား တွေကို မနက်စောစော ကြိုးဖြုတ်ပြီး ရွာပြင် ကို မောင်းထွက်သွားတာတဲ့ဗျ။ ပြီးရင် ...
တောထဲပျောက်သွားလို့ ရှာ ရသလို ပါပဲလား တာတေရာ” သိန်းဇော်တို့ညီအစ်ကိုရော ကျုပ်ရော လှည့်ကြည့်လိုက်တော့ အုတ်လှေကား ထစ်တွေကို နင်းတက်လာတဲ့ ခါးကြီး ကိုင်းကိုင်းနဲ့ ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ။ သူ့ထုံးစံအတိုင်း အသံကျယ်ကျယ်ကြီးနဲ့ လှမ်းပြောလိုက် တာဗျ။ အသံကလည်း အော်ကျယ်အော်ကျယ်နဲ့ဗျ။ “ဟား ဟား ဟား ကိုကြီးစံအေးရာ ခင်ဗျားပြောလိုက်မှဖြင့် တာတေ တောင် နွားဖြစ်တော့မလိုပဲ၊ခင်ဗျားကတော့ ” “ဟာ၊ ငါက အဲဒီလိုပြောတာ မဟုတ် ပါဘူးကွာ၊ တာတေကိုရှာရခက်တာ ပြောတာပါ သိန်းဇော်ရာ” လူက ပြုံးဖြဲဖြဲကြီးလုပ်ပြီး ...
တစ်ခွန်းဆိုတစ်ခွန်းပဲ။ “နို့ နေပါဦး စံကွန့်ရဲ့၊ နင့်မှာ အစာရေ စာ ရှာရတာ ခက်ခဲနေလို့လား” “အရင်ကတော့ မခက်ဘူး ဘိုးရဲ့၊ ခုတ လောမှ ခက်သွားတာ၊ ကျုပ်နေတဲ့ ဘန့် ဘွေးပင်ကြီးကို တစ္ဆေကြီးတစ်ကောင် ရောက်လာလို့ဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ပါဘူး ဘိုးရယ်၊ ဘယ်ကရောက် လာမှန်းလည်း မသိပါဘူးဗျာ၊အဲဒီကောင် ကြီးက ကျုပ်တို့တစ္ဆေ ရှာလို့ဖွေလို့ ရလာ တဲ့ အစာလေးတွေလို တစ်ဝက်တိတိ မိုက်ကြေးခွဲယူပြီး စားပစ်တာဗျ” “ဟ စံကွန့်ရဲ့၊ ဒါဆိုရင်လည်း အစာကို ဘန့်ဘွေးပင်အထိ ယူမလာနဲ့ပေါ့ကွ၊ ...