အလှပြင်ဆိုင်ကအဘွားကြီး

ကြောက်တဲ့နေရာမှာအဆင့်(၁)နေရမှာ..
ရှိတယ်ဗျ… ဒါပေမဲ့ကျုပ်ကကြောက်တတ်ပေမဲ့…ဒီကောင်
တွေလိုလေမကျယ်ဘူးဗျို့…

ရွှေစင်။ ။ အမယ်လေး

သီရီ။ ။ ဟဲ့ ဘာဖြစ်တာလဲ

ရွှေစင်။ ။ဟိုးမှာ…လူတစ်ယောက်…ဘာရပ်လုပ်နေတာလဲ
မသိဘူး

သီရီ။ ။ သြော်..နင်ကလည်း…လူတွေ့တာဘာဆန်းလို့လဲ..

ရွှေစင်။ ။ ဆန်းတယ်ဟ… ဟဲ့ ရဲရင့်

ရဲရင့်။ ။ အေး ဘာလဲပြောလေ

ရွှေစင်။ ။ ဟိုးမှာ ခေါင်းစွပ်အကျီဝတ်ထားတဲ့လူတစ်ယောက်
ကျော့ပေးထားတာတွေ့လား

ရဲရင့်။ ။ အေး..တွေ့တယ်လေ ဘာဖြစ်လို့လဲ..

ရွှေစင်။ ။ သူကိုဘယ်သွားမလို့လဲလို့နင်တို့မေးရဲလား

ရဲရင့်။ ။မေးရဲတာပေါ့ဟ…ဟေ့ကောင်တွေ..ငါတို့ဟိုးမှာရပ်
နေတဲ့လူကို…ဘယ်သွားမလို့လဲလို့သွားမေးမယ်..

ဝိုင်စီရဲ ။ ။ အေးအေး သီရီနင်တို့ဒီမှာစောင့်နေ…

                ကျုပ်တို့သုံးယောက်ရဲ့ခြေလှမ်းများကခပ်သွက်
သွက်ဖြင့်…အဲ့လူရှိရာသို့သွားနေကြတယ်ဗျ…အဲ့လူနားလဲ
ရောက်တော့…

ရဲရင့်။ ။ ဟေ့ လူ ဘယ်သွားမလို့လဲ

         ရဲရင့်စကားဆုံးပြီးတာနှင့်တစ်ပြိုက်နက်တည်း…အဲ့လူ
ကျုပ်တို့ဘက်ကိုလှည့်လိုက်တဲ့အချိန်မှာ…အမယ်လေးဗျာ..
မျက်နှာကပြောင်ချောကြီးဗျို့….ဘာမှကိုမပါတာ..

” ပြေးကြ ပြေးကြ ” ဆိုပြီး..ကျုပ်တို့သုံးယောက်လုံး…အိမ်ကို
အမြန်ပြေးတော့တာပေါ့ဗျာ….

သီရီ။ ။ တော်တော်အားကိုးရတဲ့ကောင်တွေ ဟဲ့ရွှေစင်..
မကြောက်နဲ့ငါရှိတယ်…

ရွှေစင်။ ။ အေးပါဟာ..အဲ့လူနားရောက်ရင်ငါတို့တန်းပြေး
မယ်နော်..

သီရီ။ ။ နင်အရှေ့ကပြေး ငါနောက်ကလိုက်ခဲ့မယ်…

ရွှေစင်။ ။ ဖြစ်လို့လားဟ

သီရီ။ ။ဖြစ်တယ် သွား ပြေးတော့…

                         သီရီကသရဲမကြောက်တတ်တဲ့နေရမှာတော့
ချီကျူးဖို့ကောင်းတယ်ဗျို့…ကျုပ်တို့သုံးယောက်ကတော့..
၃ရက်လောက်ကိုဖျားယူလိုက်ရတယ်ဗျ…အဲ့လောက်ကို
သတိကအင်မတန်ကောင်းတာဗျို့….ခင်ဗျားလည်း..
ညဘက်..တစ်ယောက်တည်းပြန်ရင်သတိထားအုံးဗျ….

            ဒီလိုနဲ့… သီရီမွေးနေ့ကိုရောက်လာပြီပေါ့ဗျာ…
ကျုပ်တို့သူငယ်ချင်း၅ယောက်အတွက်သီးသန့်လုပ်ပေးတဲ့..
ညမွေးနေ့ပွဲပေါ့ဗျာ…

ဝိုင်စီရဲ။ ။ ကဲ ငါတို့၄ယောက် သီရီကိုဝိုင်းဆုတောင်းပေးကြ
မယ်

  ” မွေးနေ့မှစပြီး ဘဝတစ်သက်တာလုံး စိတ်ချမ်းမြေ့စွာနဲ့..
နေသွားနိုင်ပါစေ..မိဘကအားကိုးရတဲ့သမီးလေးဖြစ်ပါစေ”

           ဒီလိုဆုတောင်းပေးတာက…ကျုပ်တို့၄ယောက်လုံး..
နှစ်တိုင်းဆုတောင်းပေးနေကြဗျို့…

ရဲရင့်။ ။ ငါတော့ဒီနေ့အမူးသောက်မှာနော်

သီရီ။ ။ အေးပါဟယ် သောက်ပါ သောက်ပါ

အာကာ။ ။ ဂုန်းဆင်းချင်နေတာကြာပြီဟေ့ ဟဲဟဲ

ရွှေစင်။ ။ နင့်အကြောင်းကိုကြွားမနေနဲ့

အာကာ။ ။ အေးပါဟ

ဝိုင်စီရဲ ။ ။ သီရီ ငါတို့ကဘယ်မှာအိပ်ရမှာလဲ

သီရီ။ ။ နင်တို့ကဒီအရှေ့မှာအိပ်ပေါ့ ငါတို့ကအခန်းထဲမှာ
အိပ်လိုက်မယ်

ဝိုင်စီရဲ။ ။ အေးအေး ကဲသူငယ်ချင်းတို့အမူးသောက်မယ်..

                       ကျုပ်တို့ကငယ်ငယ်တည်းကပေါင်းလာတဲ့..
သူငယ်ချင်းတွေဆိုတော့….မိဘတွေကစိတ်ချတယ်ဗျ…
အကုန်လုံးကဖြူစင်တဲ့မောင်နှမစိတ်တွေပဲထားကြတယ်လေဗျာ….ဘီယာလေးသောက်လိုက်… ဂစ်တာလေးတီးပြီးသီချင်းလေးဆို လိုက်..စကားလေးပြောလိုက်နဲ့. ည၁နာရီတောင်
ထိုးသွားပြီဗျို့….ကျုပ်တို့လည်းမူးနေတော့…အိပ်ချင်နေပြီ
ဗျ… ရဲရင့်ကတော့စားပွဲဝိုင်းမှာပဲခေါင်းစိုက်မှောက်နေပြီ…

ဝိုင်စီရဲ ။ ။ သီရီတို့ Good Nightနော်

သီရီ။ ။ အေးအေး..အခန်းထဲဝင်အိပ်တော့မယ်နော်..

             ကျုပ်တို့လည်းမူးနေတဲ့အရှိန်လေးနဲ့အိပ်ပျော်သွား
တာ…. ၃နာရီလောက်ရောက်တော့…ကျုပ်တစ်ယောက်
တည်း …ပြန်နိုးနေတာဗျ… ကျုပ်လည်းမူးမူးနဲ့…ထပြီး…
မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ… အလှမှန်ခုံပေါ်မှာ…
အဖွားကြီးတစ်ယောက်ထိုင်နေတာဗျ….အမယ်လေးဗျာ..
ကျုပ်ကိုသေသေချာချာကြီးကိုစိုက်ကြည့်နေတာ…ဆံပင်
တွေဆိုလည်းဖြူနေတယ်… ကျုပ်ကိုရယ်ပြနေတယ်ဗျ….
အစွယ်တွေနည်းတာကြီးမဟုတ်ဘူးဗျို့….ကျုပ်ခေါင်းနပန်း
တော်တော်ကြီးသွားတာဗျ… ကျုပ်အမူးတောင်ပြေသွားတယ်ဗျ… ကျုပ်အရှေ့ကနေအရိပ်ကြီးဖြတ်ပြေးသွားပြန်ရောဗျ… ကျုပ်လည်းအရမ်းကြောက်နေသဖြင့်…

     ” သရဲ သရဲ ဟေ့ကောင်တွေထအုံးလို့ဟိုမှာသရဲ”

        ကျုပ်စကားလည်းဆုံးတော့…သီရီတို့ကပါအခန်းထဲက
နေ…ပြေးထွက်လာခဲ့ကြတယ်ဗျ…

သီရီ ။ ။ ဟဲ့ ဘာဖြစ်တာလည်း

ဝိုင်စီရဲ ။ ။ ဟင်… မှန်ခုံပေါ်မှာအခုဏတုန်းက..အဖွားကြီး
တစ်ယောက်ငါကိုစိုက်ကြည့်နေတာကိုတွေ့လိုက်
ရတယ်…အခုမရှိတော့ဘူး

ရဲရင့်။ ။ မင်းမျက်စိမှားတာနေမှာပါကွာ

အာကာ။ ။ ငါတို့မအိပ်တော့ဘူး ဂိမ်းထိုင်ဆော့ကြမယ်
မင်းကြောက်စိတ်လဲပြေသွားအောင်ပေါ့

ရွှေစင်။ ၊၊ အေး ဟုတ်တယ် ငါတို့လည်းTVကြည့်နေမယ်

               ကျုပ်လည်း…စဉ်းစားနေတာဗျ..မျက်စိမှားတာ..
တော့လုံးဝမဖြစ်နိုင်ဘူးဗျ….သေသေချာချာကြီးကိုတွေ့လိုက်ရတာ. ကျုပ်တို့ ဂိမ်းဆော့နေတုန်း..အိမ်နောက်ဖေးကနေ
” ဝုန်း အုန်း ”

              တံခါးကိုလူတစ်ယောက်ကစိတ်တိုလို့…ဆောင့်ကန်
ပြီးပိတ်လိုက်တဲ့ပုံစံမျိုးဗျ…ကျုပ်တို့အကုန်လုံးငြိမ်သက်သွား
ကြတယ်ဗျ… အားလုံး…အိမ်နောက်ဖေးကိုသွားကြည့်ဖို့..
ဆုံးဖြတ်လိုက်ကြတယ်…. ကျုပ်တို့အိမ်အနောက်ဖေးကို..
ရောက်သွားတော့…ငြိမ်နေတယ်ဗျ…

ဝိုင်စီရဲ။ ။ ဟာ ငါတို့ခုဏကစားတုန်းက…အကင်တွေကျန်
သေးတယ်လေ…အခုဘယ်ရောက်သွားတာလဲ

    ” ငါစားလိုက်တာဟေ့ ” ဆိုတဲ့အသံကြီးထွက်လာရောဗျ…

         အသံလာရာ..အရှေ့ကိုကြည့်လိုက်တော့…အဖွားကြီးဗျ ကျုပ်တို့အားလုံးကို…ကြည့်နေတယ်ဗျ…ကျုပ်တို့ကိုလည်း…လှမ်းခေါ်နေတာဗျ…ကျုပ်တို့လည်းကြောက်ကြောက်နဲ့…မျက်လုံးမှိတ်ပြီး..ဘုရားစာတွေရွတ်နေတာဗျ…
ကျုပ်တို့အားလုံး…မျက်လုံးဖွင့်ကြည့်လိုက်တော့…
အဖွားကြီးမရှိတော့ဘူးဗျ…ကျုပ်တို့လည်း…မနေရဲတော့တာနဲ့….အကုန်လုံးလန့်နေကြပြီလေဗျာ…သီရီဆိုင်မှာ..ထပ်ခိုး
ရှိသေးတယ်ဗျ…အဲ့အပေါ်ထပ်ကိုပဲကျုပ်တို့အကုန်တက်
ပြေးကြတော့တာပေါ့ဗျာ….

သီရီ။ ။ နင်တို့ကလည်းကြောက်တတ်လိုက်တာ

ဝိုင်စီရဲ ။ ။မကြောက်တတ်ပဲနေမလားဟ

                   ကျုပ်တို့စကားပြောတုန်းပဲရှိသေးတယ်…..
ကျုပ်တို့ရှေ့မှာရောက်နေတာဗျ….ခေါင်းမပါဘူးဗျ…
ခေါင်းမပါတဲ့ခန္ဓာကိုယ်ကထိုင်နေတာဗျို့…

ရဲရင့်။ ။ဟေ့ကောင်တွေပြေးတော့ပြေးပြေး

ကျုပ်တို့အောက်ပြန်ဆင်းဖို့လှေကားသို့ရောက်
တဲ့အချိန်မှာ….လှေကားမှာသွေးတွေအများကြီးပဲဗျို့…..
ကျုပ်တို့တွေ..အရမ်းကိုလန့်နေကြပြီဗျ..ကျုပ်တို့အမြန်ပြေး
ဆင်း၍…တံခါးရှိရာသို့အလျင်အမြန်ပြေးနေတုန်း….

“ဘုန်း ”

            ကျုပ်ခြေထောက်ကိုဆွဲလိုက်တာဗျ….ကျုပ်လဲကျနေ
တဲ့အချိန်….ဟိုကောင်တွေအားလုံးက…တံခါးဖွင့်ပြေးပြီး..
အပြင်ကိုရောက်နေကြပြီဗျ…. ကျုပ်လည်းကြောက်ကြောက်
နဲ့…တံခါးဘက်ကိုလှည့်ပြီးထတဲ့အချိန်မှာ..အဖွားကြီးမျက်
နှာနဲ့တန်းကြည့်မိသွားတာပဲဗျို့…ကျုပ်မှာကြောက်လွန်းလို့
မျက်လုံးကိုစုံမှိတ်ပြီးထွက်ပြေးသွားရတာပေါ့ဗျာ…ကျုပ်တို့
၄ယောက်လုံး…၁ ပတ်လောက်ကိုဖျားတော့တာဗျို့…

             ကျုပ်အဲ့နေ့ကစဉ်းစားမိတာတစ်ခုရှိတယ်…ကျုပ်တို့
(၄)ယောက်သာထွက်ပြေးတာဗျ…သီရီကကျန်ခဲ့တယ်..
အဲ့ဒါနဲ့ နောက်နေ့ရောက်တော့… ဘာလို့နင်နေခဲ့တာလည်း
လို့မေးကြည့်တော့… ငါမှသရဲမကြောက်တတ်တာတဲ့…
သူ့ဆိုင်မှာသရဲခြောက်တယ်ဆိုတာသူသိတယ်တဲ့..သူ့မွေးနေ့
မှာ အမှတ်တရဖြစ်သွားအောင်…ဆိုင်မှာမွေးနေ့ပွဲလုပ်လိုက်
တာတဲ့ဗျ….အရင်ကအဲ့အိမ်မှာ.. အဖွားကြီးကဓာတ်လိုက်ပြီး
သေသွားတာတဲ့… ဘုန်းကြီးတွေပင့်ပြီးအမျှဝေလည်း…
မကျွတ်ဘူးတဲ့ဗျ…အစွဲကြီးလို့မကျွတ်တာနေမှာပေါ့ဗျာ…
အဲ့အဖွားကြီးကနေ့ခင်းမှာလည်း…မသိမသာလာခြောက်
တယ်တဲ့ဗျ… ဆိုင်ထဲကိုဝင်လာပြီး…ခေါင်းလျှော်ချင်တယ်…
ပြောတယ်…ခေါင်းလျှော်ပြီးခေါင်းသုတ်တဲ့အချိန်…မှန်ခုံရှေ့
မှာထိုင်သုတ်ရတာလေဗျာ… ခေါင်းသုတ်တဲ့အချိန်မှန်ကို
ုကြည့်လိုက်ရင်….ခေါင်းကမရှိဘူးတဲ့ဗျ…ဝန်ထမ်းမလေး
လန့်ပြီးမျက်လုံးမှိတ်လိုက်တယ်…ပြီးရင်ပြန်ဖွင့်ကြည့်…
အဖွားကြီးမရှိတော့ဘူးတဲ့ဗျ…အဲ့နေ့ညကအခြောက်ခံရတာကိုပြန်တွေးတိုင်း….ကြက်သီးထနေတုန်းပါပဲ….

              ခင်ဗျားလည်း…အလှပြင်ဆိုင်မှာညအိပ်ရင်သတိ
လေးထားအိပ်နော်…အဖွားကြီးကအမြဲရှိနေတတ်လို့ပါဗျို့..

                                                                           ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်…
#ဝိုင်စီရဲ
#Yc_Yèl