တောနက်ထဲကပရနယ်မြေ

ဘယ်ကရှာလာတာလဲ ဦးဇင်း ကိုအမှန်တိုင်းလျှောက်စမ်း”

“တပည့်တော်ပြောမယ့်ဒုတိယ တခုက အခုငွေကိစ္စပါဘဲဘုရား ဒီငွေတွေက တပည့်တော်လမ်းပြဖို့အတွက် လာငှားရမ်းသွားလို့ရတဲ့ငွေတွေပါ”

“ဒီလောက်အများ ကြီးပေးရအောင် ဒကာလေးက ဘယ်ကိုလမ်းပြရမှာလဲ “

“တပည့်တော်တို့ရွာ နောက်ဘက် ခုနှစ်မိုင်လောက်က တောကြီးထဲကိုပါ “

“ဟေ”

“ဘာဖြစ်လို့ပါလဲဘုရား “

“အယ့် တောက မိစ္ဆာတွေ ရဲ့နေရာ အယ့်တောအလည်ကို ရောက်သွားရင် ရှေးဟောင်အဆောက်အဦးကြီးတွေ့လိမ့်မယ် ကြီးမားတဲ့ ရတနာပုံကြီးလည်း ရှိတယ် အယ့်ထဲက ဘာတခုကိုမှ မယူပါနဲ့ မင်းအတွက် အန္တရာယ်ကင်းလိမ့်မယ်” ဆိုပြီး သူအခန်းထဲဝင်သွားကာ ကြိုးနဲ့ချည်ထားတဲ့ သစ်သားရုပ်တုလေးကိုယူပြီးပြန်ထွက်လာပါတယ်

“ရော့ ဒီအရုပ်လေးကို ဒကာလေး လည်ပင်းမှာဆွဲထား ဘယ်တော့မှ မချွတ်နဲ့ “

“တင်ပါ့ဘုရား ဒါဆိုတပည့်တော်ကိုပြန်ခွင့်ပြုပါဦး မနက်ဖြန်အတွက်ကြိုပြင်ဆင်ရမှာမလို့ပါ”ဆိုပြီးဦးသုံးကြိမ်ချပြီး ကျောင်းပေါ်ကနေဆင်းလာခဲ့ပါတယ်

သာဒင်တယောက်ရွာလမ်းအတိုင်းလျှောက်လာရင်း မောင်အေးနဲ့လမ်းမှာဆုံကျပါတယ်

“ကိုကြီးသာဒင်တို့ကတော့ ချမ်းသာပြီထင်တယ် ခုနကငွေတွေအများကြီးရထားတာဆိုတော့ ထန်းရည်လိုက်တိုက်ဗျာ”

“အစောက ပိုက်ဆံတွေတပြားမှ ငါ့လက်ထဲမရှိတော့ဘူး”

“ဟာ ဘယ်ရောက်ကုန်တာလဲ “

“ရွာကျောင်းက သင်္ဃာဆောင်အသစ်ဆောက်ဖို့လှုလိုက်တယ် အခုမင်းထန်းရည်သောက်ချင်တာမှတ်လား လာလိုက်ခဲ့ငါတိုက်မယ်”ဆိုပြီး မောင်အေးနဲ့နှစ်ယောက် ထန်းတောသိူ့ခြေဦးတည်ပြန်ပါတော့တယ်

“ကိုတိုင်းကျော်ရေ ထန်းရည် နှစ်မြူလောက်ချ ဗျာ ပြီးတော့ ကောင်းဆုံးအမြည်းတွေအမြန်လာချပေးပါ “

“လာပါပြီ သာဒင် ရေ ဒီနေ့မင်း ငွေရွှင်နေတယ်ထင်တယ် အရင်ဆို တမြူဘဲသောက်နေကျပါ”

မောင်အေးက”ဟုတ်တယ် ကိုတိုင်းကျော်ရေ ကိုကြီးသာဒင်က အလုပ်တခု ရထားလို့အခုလိုက်ပြီးပြုစုတာဗျိ ု့”

သာဒင်တယောက် ထန်းရည်ကို တရစပ်မော့ ပြစ်လိုက်ပါတယ် ခပ်ထွေထွေလေးဖြစ်တော့မှ ပိုက်ဆံရှင်းပြီးအိမ်ကိုပြန်လာလိုက်ပါတယ်

ခြေလက်ဆေး ထမင်းစားသောက်ပြီး အိပ်ယာဝင်ခဲ့ပါတယ် မနက်ရောက်တော့ အစောကြီးပင်နိုးလာခဲ့ပါတယ် ထုံးစံအတိုင်း ဒေါ်ပုက ကောက်ညှင်းပေါင်းအထုတ်လေးကို တိုင်တွင်ချိတ်သွားပေးပါတယ်

ကောက်ညှင်းပေါင်း ထုတ်လေးကိုဖြုတ်ပြီး မနက်အစာပြေအဖြစ်ဆွဲလိုက်ပါတယ် ပြီးတော့ သေနတ်ရယ် ဓာတ်မီးရယ် ကျည်ဆံတွေကျောပိုးအိတ်ထဲထည့်ပြီး ရေဗူးတခုပါ ဘေးအိတ်ထဲထိုးထည့်လိုက်ပါတယ်

ခါးမှာ လည်း ဓါးတိုနှစ်ချောင်းထိုးလိုက်ပြီး ကျည် အပါတ်တခုကို စလွယ်သိုင်းလိုက်ပါတယ် ဘောင်ဘီအရှည်ကို တောစီးဖိနပ်ရဲ့ အတွင်းထဲကိုထည့်ကာ ကြိုးကိုသေချာချည်လိုက်ပါတယ်

မကြာခင်မြို့သား သုံးယောက်နဲ့မောင်အေးပါ ပါလာခဲ့ပါတယ် မောင်အေးကကျတော်ကပြုံးပြီး

“ဒီတခါတော့ ကိုကြီးသာဒင်နဲ့ကျတော် လိုက်ခဲ့မယ်ဗျ “

” လိုက်ခဲ့ပေါ့ မင်းပါတော့ ငါလည်း အဖော်ရတာပေါ့ ကွာ “

သာဒင်တယောက်မြို့သား သုံးယောက်ကိုအကဲခတ်ကြည့်လိုပ်ပါတယ် သူတို့ရဲ့ကျောဘက်မှာ အဝတ်စနဲံပတ်ထားတဲ့သေနတ်တွေကိုယ်စီလွယ်ထားကျတယ်

သာဒင်ကလည်း “ခင်ဗျား တို့ကသေနတ်တွေ ဘာလို့ယူလာတာလဲ”

“ဒါက ဒီလိုရှိတယ်လေ အခုသွားမယ့်ခရီးက ဘယ်လိုအန္တရာယ်နဲ့ကြုံရမယ်မှန်းမသိလို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ယူခဲ့တာပါ “

“ကောင်းပြီဗျာ ဒါဆိုကျတော်တို့သွားရအောင်”

သာဒင်တို့အဖွဲ့ တောစပ်နားလေးအထိ မြို့သားတွေရဲ့ဂျစ်ကားလေးနဲ့မောင်းလာခဲ့ပါတယ် တောစပ်လေးတနေရာမှာ ကားကို သစ်ပင်တွေနဲ့ဖုံးလွှမ်းခဲ့ပြီး တောထဲသို့ခြေစချလိုက်ပါတယ်

တောအတွင်းနဲနဲရောက်တော့ နေရောင်တောင် မပေါက်ပါဘူး အထဲမှာ အေးစိမ့်ပြီး အပုတ်နံတွေက လှိုင်လာပါတယ်

သစ်ပင်တွေရဲ့အနောက်ကနေ အရိပ်တွေထွက်လာပြီး လူတွေအပေါ်ကနေ ဖြတ်သန်း သွားလာနေပါတယ်

မောင်အေးတယောက်ကတော့ တော်တော် လည်းကြောက်နေပါပြီ သာဒင်ရဲ့အနားကိုတဖြည်းဖြည်းနဲ့ပူးကပ်သွားပါတယ်

မြို့သားသုံးယောက်ကတော့ ကြောက်စိတ်တွေပြေအောင် ဝီစကီထည့်ထားတဲ့ စတီးဘူးအပြားလေးတွေကိုတယောက်တလှည့် မော့နေကျပါတယ်

သာဒင်ကတော့ အေးဆေးပင် ဘုန်းဘုန်းပေးလိုက်တဲ့အဆောင်က သူကို အကာကွယ်ပေးနေသလားတော့မသိ သူမျက်လုံးထဲတွင်ကြောက်စိတ်ကိုမတွေ့ရ လိုရာခရီးကို သာ ဆက်သွားနေပါတယ်

ရုတ်တရက် သာဒင် ရပ်လိုက်ပြီး သေနတ် ကိုရှေ့သို့ထိုးချိန်လိုက်ကာ “ဒိုင်း”ဆိုပြီး ပစ်ထည့်လိုက်တာ အကောင်တကောင်လဲကျသွားတာကိုတွေ့လိုက်ရပါတယ်

“ဒီညဒီမှာစခန်းချမယ် ” ဆိုပြီး သာဒင်တယောက် အစောက ပစ်လိုက်တဲ့အကောင်နားကိုသွားလိုက်ပါတယ် ပြီးတော့ ခါးက ဓားကိုထုတ်လိုက်ပြီး ထိုအကောင်ကို လှီဖြတ်လိုက်ပါတယ် ပြီးတော့ အသားတွေကို သီး တံခုတ်ပြီးညှပ်လိုက်ပါတယ်

ပြီးတော့ မီးမွှေးပြီး ကင်လိုက်တော့ အနံလေးက အတော်လေးမွှေးလာပါတယ် မောင်အေးက

“ကိုကြီးသာ ဒင် ဒါကဘာအသားလဲဗျ”

“ဒီအကောင် နာမည်ကိုတော့ငါလည်း မသိဘူးကွ ထူးဆန်းတာက မျက်စိတလုံးဘဲပါတယ် ခြေထောက်ကရှစ်ချောင်းတောင်ကွ”

“ဟာ ကိုကြီး သာဒင် ဘာကောင်လဲမသိဘဲစားလို့ဖြစ်ပါ့မလား “

“ဖြစ်ပါတယ် ကွာ မင်းမစားရဲရင် ငါအရင်စားပြမယ်”ဆိုပြီး ကျက်လောက်ပြီထင်တဲ့အသားတစ်ကိုဖဲ့စားပြလိုက်ပါတယ်

အိုး တသက်နဲ့တကိုယ် ဒီလောက်ကောင်းတဲ့အရသာကို မစား ဖူးချေ မောင်အေးကော မြို့သားသုံးယောက်ပါ သာဒင်ကိုကြည့်လိုက်ပြီးသားရေကျကာ ဖဲ့စားလာကျပါတယ်

သူတို့လည်း ကောင်းလွန်းလို့အာသာ မဖြတ်ချင်ဘူး ထင်ပါတယ် စားလိုက်တာမှ မပြောနဲ့ စားပြီးလို့ဗိုက်ဝသွားတော့

“ခင်ဗျားတို့သုံးယောက်အိပ်နှင့် ကျတော်တို့နှစ်ယောက်ဒီညကင်းစောင့်ထားလိုက်မယ် တောအလည်ကိုတော့မနက်ဖြန်လောက်မှရောက်မယ် “

မြို့သားသုံးယောက်ခေါင်းညှိတ်က တချိုးတည်းအ်ပ်စက်လိုက်ပါတယ် သာဒင်လည်းမောင်အေးကို

“မင်းလည်း အိပ်ချင်သွားအိပ် ငါတယောက်တည်းစောင့်ထားလိုက်မယ်”

“ရပါတယ် ကိုကြီးသာဒင်ရ ကျတော် မအိပ်ချင်သေးပါဘူးဗျာ”

ညကအတော်နက်လာတော့ လေပွေပုံစံ လေတခုက သာဒင်တို့တဝှိုက်ကိုတိုက်ခတ်ပါတော့တယ်

ထူးဆန်းတာတခုက မောင်အေးတယောက် စကားပြောနေရင်းကနေ ချင်ချင်း ပစ်လဲကျသွားချင်းပင်

မောင်အေးကို ထူနေတုန်း နောက်ကနေ ဖြောင်း ဖြောင်း ဆိုပြီး သစ်ကိုင်းတွေကို နင်းချိုးပြီးလာနေတဲ့အသံကြောင့် သာဒင်တယောက်အနောက်ကိုပြန်လှည့်ကြည့်

အေရာမ အကောင်ကြီးတကောင် ဒေါသထွက်နေဟန်ဖြင့် သာဒင်ကိုစေ့စေ့ကြည့်ကာ

“နင် ငါ့ခလေးကို သတ်တယ် နင့်ကိုငါပြန်သတ်မယ် “

ထိုစကားများသည် သာဒင်စိတ်ထဲတွင် အလိုလိုကြားနေရခြင်းဖြစ်သည် သာဒင်တယောက် သေနတ်ကို လှမ်းဆွဲလိုက်တုန်း ရှိသေးတယ်
“နင်တို့ဒုက္ခဆိုးဆိုးနဲ့တွေ့စေရမယ် “ဆိုပြီး ရုတ်တရက်ပျောက်ကွယ်သွားပါတယ်

မနက်လင်းတော့ မနက်စာအဖြစ် တောထဲကရတဲ့ အသီးအနှံတွေကိုဘဲစားလိုက်ကျပါတယ် ပြီးတော့ရှေ့ကို ခရီးဆက်ပြီးချီတတ်ခဲ့ပါတယ်

ဟ်ုးမလှမ်းမကမ်းမှာ ရှေးဟောင်းအဆောက်အဦးကြီးတခုကို တွေ့လိုက်ရပါတယ် သာဒင်တို့တဖွဲ့လုံး ရှေ့ကိုတဖြည်းဖြည်း တိုးကပ်သွားကျပါတယ်

မည်သို့သော လူမျိုးများဟု ခွဲခြားမရသော စကားပြောသံတွေကိုလည်း ပီပြင်စွာကြားနေရပါတယ် အသံတွေက လူဘေးနားမှာ ကပ်ပြီးထွက်နေသော်လည်း စကားပြောသူကိုမတွေ့ရပေ

မကြာခင်အဆောက်အဦးကြီးထဲကိုရောက်လာပါတယ် အဆောက်အဦး ကြီးအထဲမှာတော့မှောင်မဲနေပါတယ် အတွင်းထဲကို ခြေ ချလိုက်တာနဲ့တပြိုင်နက် မီးတိုင်တွေက သူအလိုလို မီးထတောက်လာပါတယ်

အဆောက်အဦးရဲ့နံရံတွေမှာတော့ ရှေးခေတ် မျိုးနွယ်စု ပုံစံတွေကိုထွင်းထုထားပါတယ် တနေရာရောက်တော့ သာဒင်တယောပ် မျက်လုံးပြူး းသွားပါတယ်

ညကသူဆီလာတဲ့အကောင်ကြီးက ထိုလူမျိုးတွေကိုးကွယ်တဲ့အကောင်ကြီးပင်ဖြစ်နေသောကြောင့်ဖြစ်သည် သူဘေးမှာတော့ အကောင်သေးသေးလေးတကောင် ကိုထပ်မံတွေ့လိုက်ရပါတယ်

ညက သာဒင်သတ်လိုက်သော အကောင်လေးပင်ဖြစ်သည် ဒါဆို ဒီလူမျိုးတွေက မကောင်းဆိုးဝါးကို ကိုးကွယ်ကျတာပေါ့

ရှေ့နည်းနည်းသွားကြည့်လိုက်တော့ ကျောက်စာလေးတခုက်ု တွေ့လိုက်ရပါတယ် ဒါနဲ့ တိုးပြီးဖတ်ကြည့်လိုက်တော့

သူတို့မျိုးနွယ်စုတွေက ဘုရင် ရဲ့ရတနာ သိုက်ကို စောင့်ရှောက်ရသူတွေဖြစ်င်္ပြီး တနေ့ဘုရင်ကြီးမသေဆုံးခင်မှာသူတို့မျိုးနွယ်တခုလုံးကို ခန္ဓာ မရှိဘဲနဲ့ ရတနာသိုက်တွေကို စောင့်ရှောက်စေ ဆိုပြီး အမိန့်ချမှတ်ခဲ့ တယ် ပြီးတော့ သူ့သားကိုလည်း သတ်ပြီး သူကိုယ်သူလည်းအဆုံးစီရင်ကာ ရတနာသိုက်ကို စောင့်ရှောက်သူအဖြစ် ထပ်ကျိန်စာတိုက်ခဲ့တယ်ဆိုတာ တွေက်ုရေးသားထားပါတယ်

မြို့သားသုံးယောက်က မြေပုံလေးတခုကိုကြည့်ပြီး အခန်းနံရံက တခုခုက်ုရှာဖွေနေပါတယ် ခနကြာတော့သူတို့တွေ့သွားပါတယ် နံရံက ကျောက်တုံးလေးကို ဖိလိုက်တော့ မြေအောက်ကိုဆင်းတဲ့လှေကားလေးပေါ်လာခဲ့ပါတယ်

မြို့သားသုံးယောက်က ရုတ်တရက် သာဒင်နဲ့မောင်အေးကို သေနတ်နဲ့ထိုးချိန်လိုက်ပြီး

“ခင်ဗျားတို့ဒါဘာလုပ် တာလဲ”

“စကားအရစ်ရှည်မနေနဲ့လက်ထဲက သေနတ်ကို ဟိုဘက်ကိုပစ်လိုက် မဟုတ်ရင် နှစ်ယောက်လုံးမသာပေါ်သွားမယ်”

“သာဒင်တယောက် လက်ထဲကသေနတ်ကို ဘေးသို့ပြစ်ချလိုက်ပါတယ် ပြီးတော့ သူတို့ပြောတဲ့မြေအောက်ဆင်းတဲ့လှေကားလေးအတိုင်းဆင်းလာခဲ့လိုက်တယ်

အထစ်ငါးဆယ်လောက်ဆင်းပြီးတော့ တလက်လက်တောက်ပနေတဲ့ ရတနာပုံကြီးကိုတွေ့ လိုက်ရတယ် မြို့သားတွေကသူတို့ကိုတွန်းပြီးတော့ရတနာတွေကို အိတ်ထဲကြုံးထည့်ကျပါတယ်

သာဒင်တယောက်ရတနာပစ္စည်းတခုကို ကောက်မလို့ရှိသေး ဆရာတော်ရဲ့စကား ကိုပြန်ကြားယောင်လာပါတယ် ထိုထဲက ဘာပစ္စည်းကိုမှမထိဘဲနဲ့ အေးဆေးဘဲနေလိုက်ပါတယ်

ခွက် ခွက် ဟီး ဟီး မြင်းခွာသံတွေကိုကြား လိုက်ရပါတယ် တစုံတယောက်ရောက်နေပြီထင်ကာ အသာလေး လှေကားဘေးကနေ ကပ်တွယ်ပြီးကြည့်လိုက်ပါတယ်

အသံတွေကနီးလာလေ လူကောမြင်းကော မတွေရဘဲရှိနေပါတော့တယ် သိပ်မကြာပါဘူး ကျယ်လောင်တဲ့အသံတခု ထွက်ပေါ်လာပါတယ်

မောင်အေးတယောက်ကတော့ ရတနာတွေကို လောဘတတ်ပြီး သိမ်းကြုံးထည့်နေပါတော့တယ် မြို့သားတယောက်က

“ခင်ဗျားက ဒီရတာနာတွေကို မယူဘူးလား ဟိုမှာ ခင်ဗျား ရွာကလူတောင်ယူသေ း တာဘဲ ယူစမ်းပါဗျာ “

“နေပါစေ ပိုင်ရှင်ရှိတဲ့အရာဆို ကျုပ်မယူတတ်ဘူး ခင်ဗျားတို့ဘဲယူကျ”

အိတ်နဲ့အပြည့်ထည့်ပြီးတော့ လှေကားလေးအတိုင်း ပြန်တတ်မယ်အလုပ် အခန်းတခုလုံး သိမ့်ခနဲနေအောင်လှုပ်သွားပါတော့တယ်

အပေါ်ကို မြန်မြန်ပြေးတတ်ကာ သာဒင်တယောက် အစောက သူပစ်ချလိုက်တဲ့သေနတ်ကို ကုန်းကောက်လိုက်ပါတယ်

ဝုန်း ဆိုပြီး ခန်းမ တံခါးကြီးက ပိတ်သွားပါတော့တယ် တယောက်နဲ့တယောက်ကျောချင်းကပ်ကာ ပတ်ဝန်းကျင်ကိုကြည့်နေလိုက်ပါတယ်

အစောက နံရံကအကောင်ကြီးက အသက်ဝင်ကာ ထိုးထွက်လာပါတော့တယ်ဘေးကနေ သတ် သတ် ဆိုတဲ့စကားတွေကထုထပ်ခါထပ်ခါ ပြိုင်တူအော်နေကျပါတယ်

ထိုအကောင်ကြီးက ရတနာအထုတ်တွေ လွယ်ထားတဲ့သူတွေကိုကြည့်ကာ ဒေါသထွက်ဟန်ဖြင့် တယောက်ပြီးတယောက် တစစီလုပ်ပြစ်လိုက်ပါတော့တယ်

ကျည်ဆံက ထိုအကောင်ကြီးကိုမတိုး ချေ သာဒင်တယောက်တည်း သာနောက်ဆုံးကျန်ပါတော့တယ် သာဒင် သေနတ်ထဲမှာ ကျည် တတောင့်မှ မရှိတော့ပါဘူး

သာဒင်တယောက် ရွာကျောင်းက ဆရာတော်ပေးတဲ့အဆောင်လေးကို လက်နဲ့ဖိရင်း ဆရာတော်ကို စိတ်ထဲကနေရည်စူးပြီးဦးချလိုက်ပါတယ်

သာဒင်တယောက်မှာ လည်း ဒဏ်ရာ ဒဏ်ချက်တွေ အတော်လေး ရထားပါတယ် ပါးစပ်ကနေတောင်သွေးတွေစီးကျလာပါတော့တယ်

ထိုအကောင်ကြီးက သာဒင်ကို အားရပါးရ လွှဲပြီးရိုက်ချလိုက်ပါတယ် သာဒင်တယောက် သေပြီလို့သာ မျက်စိကို မှိတ်ပြီး ဘုရားသာအာရုံပြုလိုက်ပါတယ်

လည်ပင်းကအဆောင်လေးကနေ အရောင်တွေတလတ်လတ်တောက်ပလာပြီး နဂါးကြီးတကောင်အသွင်သို့ပြောင်းသွားပါတော့တယ်

ပြီးတော့ထိုအကောင်ကြီးကို သွားနဲ့ကိုက်လိုက် လက်သည်းနဲ့ကုန်လိုက်နဲ့ တိုက်ခိုက်နေတာပေါ့ဗျာ

သာဒင်တယောက်ကတော့ ဒဏ်ရာအရှိန်ကြောင် သတိလစ်သွားပါတော့တယ်

နဂါးကြီး ကအစော ကအကောင်ကြီးကိုအမှီးနဲ့ရိုက်ချလိုက်ပြီး ထိုအကောင်ကြီး ပစ်လဲကျသွားတော့မှ မီးနဲ့မှုတ်ချလိုက်ပါတော့တယ်

ထိုအကောင်ကြီးလည်း ပြာအဖြစ်သို့ပြောင်းသွားပါတော့တယ် နဂါကြီးက သာဒင် ကို ကျောပေါ်တင်ပြီး တောအစပ်သို့ခေါ်ဆောင်သွားပါတယ်

တော်အစပ်နားလေးရောက်တော့ အသာလေးချလိုက်ကာ ရတနာပစ္စည်း အနည်းငယ်ကို သာဒင်အိတ်ထဲသို့ထည့်ပေးလိုက်ကာ မူလအဆောင်လေးအသွင်သို့ရောက်သွားပါတော့တယ်

တောစပ်မှာ သစ်တိုက်ဖို့လာတဲ့လူတွေက သာဒင်ကိုတွေ့တော့ ခေါ်သွားပြီး ဆေးဝါးကုသပေးလိုက်ပါတယ်

နေကောင်းပြီးသတိရလာတော့မှ သာဒင်တယောက် ရွာသို့ပြန်လာခဲ့လိုက်ပါတယ် ဆရာတော်က သာဒင်ကိုကြည့်ပြီး

“ဒကာလေး သူတပါးပစ္စည်းကို မယူခဲ့တဲ့အတွက် ဆရာတော် ကူညီနိုင်ခဲ့ပါ “

“တပည့်တော်တို့ဖြစ်တာ ဆရာတော်ဘုရားကသိတယ်ပေါ့”

“ဒကာလေးရဲ့ လည်ပင်းက အဆောင်လေးက ဦးဇင်းရဲ့ကို
်ပွားလေး ဘဲလေ အခုတော့ ဒကာလေးကို အပိုင်ပေးလိုက်ပါပြီ”

“လောကမှ ပိုင်ရှင်ရှိပြီးသား အရာတခုကို ကိုစိတ်ဆန္ဒတခုကြောင့်ရယူတော့မယ့်ဆိုရင် ကိုယ့်အရင်ဆုံးခံစားရတယ်ဆိုတာ တပည့်တော်သဘောပေါက်ပါပြီဘုရာ တပည့်တော်ကို ဒီဒုက္ခတွေထဲက လွတ်အောင် အရှင်ဘုရားလမ်းပြပေးပါ”

“မှတ်ထား ဒကာလေး လူလောကဆိုတာ အရမ်းပူလောင်တယ် နေ့စဉ်နေ့တိုင်း ဝစီကံ မနောကံ ကာယကံ ဒီသုံးခုမပါရင် လည်ပတ်လို့မရဘူးကွဲ့ ဘုရားရဲ့ အရိပ်က အေးချမ်းတယ် ဒုက္ခ လည်းမရှိဘူး ကျင့်ကြံသလောက်အကျိုးထူးလည်းရစေတယ်”

“တင်ပါ့ဘုရား တပည့်တော် သာသနာဘောင်မှာသေတဲ့အထိ တရားဘာဝနာကျင့်ကြံအားထုတ်ပါတော့မယ်ဘုရား ‘

“သာဓု သာဓု သာဓု “ပါကွယ်ဆိုပြီးဆရာတော် ကျောင်းသို့ပြန်ကြွသွားပါတော့တယ်

သာဒင် ခေါ် အခု အရှင်ဇောတိက ဦးပဉ္ဇင်းကြီးဟာ လောဘ ဒေါသ မောဟ တွေချုပ်ငြိမ်းရာ တရားဘာဝနာ တွေနဲ့ အချိန်တွေကုန်းဆုံးရင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်

Main အချက်ကတော့ ပိုင်ရှင်ရှိပြီးသား လူဖြစ်စေ ပစ္စည်းတခုခုဖြစ်စေ ကိုရဲ့စိတ်ကြောင့် သူတပါး တွေရဲ့ သာယာနေတဲ့ ဘဝလေးတွေမပျတ်စီးစေဖို့ရည်ရွယ်ရေးသားသည်

စာဖတ်သူအတွက် တနေ့တာအမောတွေသာမက တသက်စာအမောတွေပါ ပြေနိုင်ကျပါစေလို့ ကျတော် တောင်းဆုပြုပေးလိုက်ပါတယ်

ပြီး
#နေဇင်မင်းသော်