တစ်ခွန်းဆိုတစ်ခွန်းပဲ။
“နို့ နေပါဦး စံကွန့်ရဲ့၊ နင့်မှာ အစာရေ
စာ ရှာရတာ ခက်ခဲနေလို့လား”
“အရင်ကတော့ မခက်ဘူး ဘိုးရဲ့၊ ခုတ
လောမှ ခက်သွားတာ၊ ကျုပ်နေတဲ့ ဘန့်
ဘွေးပင်ကြီးကို တစ္ဆေကြီးတစ်ကောင်
ရောက်လာလို့ဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ပါဘူး ဘိုးရယ်၊
ဘယ်ကရောက်
လာမှန်းလည်း မသိပါဘူးဗျာ၊အဲဒီကောင်
ကြီးက ကျုပ်တို့တစ္ဆေ ရှာလို့ဖွေလို့ ရလာ
တဲ့ အစာလေးတွေလို တစ်ဝက်တိတိ
မိုက်ကြေးခွဲယူပြီး စားပစ်တာဗျ”
“ဟ စံကွန့်ရဲ့၊ ဒါဆိုရင်လည်း အစာကို
ဘန့်ဘွေးပင်အထိ ယူမလာနဲ့ပေါ့ကွ၊
လမ်းမှာတင် ကုန်အောင် စားပစ်ခဲ့ပေါ့”
“အဲဒီလို လုပ်လို့မရဘူး ဘိုးရဲ့၊ ကျုပ်တို့
ထဲက ခြေတိုလို့ခေါ်တဲ့ တစ္ဆေတစ်ကောင်
က ဘိုးပြောသလို အစာတွေကို လမ်းမှာ
တင် အကုန်စားလာလို့ အဲဒီတစ္ဆေကြီးက
ခြေတိုကို ဘန့်ဘွေးပင်မှာ ဇောက်ထိုးဆွဲ
ပြီး ဆူးခက်ကြီးနဲ့ နှစ်ရက်တိတိ ရိုက်တာဗျ။
ကျုပ်တို့ဆိုတာ ကြောက်လွန်းလို့ တ
ဆတ်ဆတ် တုန်နေကြတာဗျ”
“သြော်…ဒီလိုလား၊ ဒါဆိုရင် နင်မပူနဲ့
စံကွန့်၊ ငါမဖဲဝါကို အကြောင်းကြားပြီး
အဲဒီတစ္ဆေကြီးကို နှင်ထုတ်ခိုင်းလိုက်
မယ်၊ ကဲ အခု နင် ဒီက မဖွားမယ်ကို
ပူးချည် ကပ်ချည် လုပ်နေတာ ဘာ
စားချင်လို့တုံး”
“ကျုပ်ကို ဝက်သားဟင်းနဲ့ ထမင်းတစ်စ
လယ်ချက်ကျွေးပါ ဘိုးရယ်”
“အေး …အေး …ဘိုး ကျွေးမယ်၊ ကျွေးမယ်၊
အဲဒါစားပြီးရင်တော့ ဖွားမယ်ကို နောက်ထပ်
ပြီး မနှောင့်ယှက်နဲ့ ကြားလား၊ တခြား ဘယ်
သူ့ကိုမှလည်း မနှောင့်ယှက်နဲ့ ကြားလား စံ
ကွန့်”
“ဟုတ် ဟုတ်ကဲ့ပါ ဘိုး”
မဖွားမယ်ရဲ့ ယောက်ျားက ဝက်သားနဲ့ ထမင်း
ချက်ပြီး တစ္ဆေစံကွန့်ကို ကျွေးတယ်၊ စံကွန့်က
လည်း ထမင်းစားပြီးတာနဲ့ ဘိုးလူပေကို ကန်
တော့ပြီး ထွက်သွားတယ်။ ဘိုးလူပေက မဖွား
မယ်ကို ရေကလေးမန်းပြီး တိုက်လိုက်တယ်။
အဲဒါ ဘိုးလူပေ ပယောဂ ချွတ်တာပဲဗျ။
သံခနောက်မှာ စုန်းပြုစားထားကို ကုတာ
ကတော့ အံ့သြစရာပါဗျာ။
ဘိုးလူပေ ခေါ်လို့ ကျုပ်လိုက်ခဲ့ရတာပေါ့
ဗျာ။သံခနောက်ရွာလယ်ပိုင်းမှာဗျာ။ အိမ်
ကြီးအိမ်ကောင်းနဲ့နေတဲ့ လူတွေပါဗျာ။လူ
ဆင်းရဲ မဟုတ်ပါဘူး။ ကြည့်ရတာတော့
လူချမ်းသာတွေပါ။ စိတ်နောက်နေတာဗျ။
အသက်အစိတ်လောက်ရှိတဲ့ မိန်းမပျိုဗျ။
စိတ်နောက်လိုက်တာမှ သွက်သွက်ကို
လည်အောင် နောက်တာဗျို့။ အဝတ်
အစားတောင် မကပ်လို့ ဝတ်လစ်စလစ်
ဖြစ်နေတာတဲ့ဗျာ။
ကျုပ်တို့ လာမှာဆိုတော့ မရ,ရအောင်
ချော့မော့ပြီး အဝတ်အစားတွေ ဝတ်ပေး
ထားရတာတဲ့ဗျ။ ဒါတောင် ထဘီမဟုတ်
ဘူးဗျ။ ဘောင်းဘီကြီး ဝတ်ပေးပြီး ကြိုး
တွေနဲ့ ခိုင်အောင် ချည်ပေးထားကြတာ။
အပေါ်ပိုင်းကိုလည်း အင်္ကျီပွပွကြီးတစ်
ထည် ဝတ်ပေးထားကြတယ်။ လူကို
လည်း ကြိုးကြီးတစ်ချောင်းနဲ့ ချည်ပြီး
ဥယျာဉ်မှာ ချည်တုပ်ထားရတာဗျ။
“အား …အား…အား…ငါ့ယောက်ျားကို
ခေါ်ပေး၊ အခု ခေါ်ပေး”
ဗြုန်းကနဲ ထအော်လိုက်တာဗျို့။အသံ
နက်ကြီးနဲ့ အော်တာဗျ။ ကျုပ်ဆိုတာ
ဆတ်ကနဲ တုန်တောင်သွားတယ်။ လူ
နာရဲ့ အဘလုပ်တဲ့သူက ဆရာကြီးဘိုး
လူပေကို ရှေ့က ဦးဆောင်ပြီး အိမ်ပေါ်
ကို ပင့်သွားတာဗျ။ကျုပ်ကလည်း ဘိုးလူ
ပေရဲ့ ဆေးလွယ်အိတ်ကြီးကို စလွယ်
သိုင်း လွယ်ပြီး နောက်က ကပ်လိုက်ခဲ့
ရတာပေါ့ဗျာ။
“ဟဲ့ ဒါ ဘယ်သူတွေလဲ၊ ငါ့ကို လုပ်ဝံ့
လုပ်ကြည့်၊ အသက်တစ်ခါတည်း ထွက်
သွားမယ်မှတ်”
ဘိုးလူပေက မထိုင်သေးဘဲ လူနာကို
မတ်တပ်ရပ်ပြီး ကြည့်နေတယ်။
“ငါနော် လုပ်လိုက်ရရင် တစ်ခါတည်း
သေတော့မှာပဲ”
လူနာက ဒေါသတကြီးပြောပြီး ချည်ထား
တဲ့ ကြိုးကို ပြတ်အောင် ရုန်းနေတာဗျ။
ဘိုးလူပေက ခင်းပေးထားတဲ့ ဖျာမှာ ရို
ရိုသေသေ ဝင်ထိုင်တယ်။
“မောင်တာတေ လူနာရဲ့အခြေအနေက
တော်တော်ကို ဆိုးနေတာကွဲ့၊ ကဲ အိမ်ရှင်
တွေဆီက ကျောက်ပျဉ်တစ်ချပ် တောင်း
ကွယ်”
ကျုပ်လည်း အိမ်ရှင်တွေဆီမှာ ကျောက်
ပျဉ်တစ်ချပ် တောင်းလိုက်တယ်။
“ရော့ မောင်တာတေ၊ ဒီရေပုလင်းထဲက
ရေနဲ့ ဒီသနပ်ခါးတုံးကို သွေးစမ်းကွယ်”
ကျုပ်က ဘိုးလူပေ ပေးတဲ့ သနပ်ခါးတုံးနဲ့
ရေပုလင်းကို ယူပြီး ကျောက်ပျဉ်မှာ သ
နပ်ခါးသွေးတယ်။ တော်တော်တော့ ထူး
ဆန်းသားဗျ။ စောစောက ဝုန်းဒိုင်းကြဲနေ
တဲ့ လူနာအမျိုးသမီးက ကျုပ် သနပ်ခါး
သွေးတာကို စိုက်ကြည့်နေတယ်။
ကျုပ်ကလည်း အဆက်မပြတ်သွေး၊
သူကလည်း မျက်တောင်မခတ် ကြည့်
ပေါ့ဗျာ။ ကြည့်ရင်းနဲ့ ကြည့်ရင်းနဲ့ ငြိမ်
ကျသွားရောဗျို့။ကျုပ်ဖြင့် အံ့သြလိုက်
တာဗျာ။ လူနာရဲ့အိမ်က လူတွေလည်း
အံ့သြကုန်ကြတာပေါ့ဗျာ။
ကျုပ်ကလည်း သနပ်ခါးကို မနားတမ်း
သွေးနေရတာလေဗျာ။ သနပ်ခါး တော်
တော်လေး ထွက်လာတော့ ဘိုးလူပေ
က ကျုပ်ကို လှမ်းပြောတယ်။
“တော်ပြီ ရပ်လိုက်တော့၊ အဲဒီကျောက်
ပျဉ်ကို သူရှေ့မှာ ချပေးလိုက် မောင်
တာတေ”
ဘိုးလူပေ ခိုင်းလို့သာ လုပ်ရတာပေါ့ဗျာ၊
ကျုပ်ကိုများ တစ်ခုခု ထလုပ်လိုက်မလား
လို့တွေးပြီး ကြောက်လိုက်တာဗျာ၊ ကျုပ်
က သနပ်ခါးကျောက်ပျဉ်ကို ယူပြီး စိတ်
နောက်နေတဲ့ အမျိုးသမီးရဲ့ရှေ့မှာ ချပေး
လိုက်တယ်။ ကျုပ်ကိုတော့ ဘာမှမလုပ်
ဘူးဗျ။ ကျောက်ပျဉ်ကိုပဲ စိုက်ကြည့်နေ
တာ။
“အဲဒီသနပ်ခါးကို မျက်နှာမှာ လိမ်းလိုက်
ပေတော့ သမီး”
ဘိုးလူပေက တစ်ခွန်းပဲ ပြောတာဗျ။
ဒါပေမဲ့ ဘိုးလူပေရဲ့အသံက အမိန့်
ပေးသလို ဖြစ်နေတာကို ကျုပ်သတိ
ထားမိတယ်။ ချက်ချင်း မလိမ်းဘူးဗျ။
သနပ်ခါးကျောက်ပျဉ်ကိုပဲ စိုက်ကြည့်
နေတာ။
“လိမ်းလိုက် သမီး၊ ဒါမှ ငါ့သမီး ကျန်း
မာသွားမှာ”
စိတ်ငြိမ်နေတော့မှ စိတ်နောက်နေတဲ့
အမျိုးသမီးရဲ့ မျက်နှာကို ကျုပ် သေ
သေချာချာ ကြည့်မိတာ။
“တော်တော်ကိုချောတဲ့ မိန်းမပါလား”
ကျုပ်စိတ်ထဲက ပြောလိုက်မိတာဗျ။
ဟော လိမ်းပြီဗျို့၊ လိမ်းပြီ။ ကျုပ်သွေး
ထားတဲ့ သနပ်ခါးတွေကို လက်နဲ့ယူပြီး
သူ့မျက်နှာမှာ လိမ်းတော့တာဗျို့။ သေ
သေချာချာကို လိမ်းနေတာဗျ။ မျက်နှာ
တစ်ခုလုံးကို ညီညီညာညာပွတ်ပြီး လိမ်း
နေတာ။
“ကဲ ကျုပ်ကို အမိအဘတွေက အပြီး
အပ်နှံထားလို့ ကျုပ်သမီး ဖြစ်နေတဲ့
ဟောဒီကလေးမလေး မနှင်းအေးကို
သွက်သွက်လည်အောင် လုပ်ထားတဲ့
ပညာသည် မင်းကို ငါမြင်နေတယ်၊ဘိုး
လူပေရဲ့အမိန့် အခုချက်ချင်း လာစမ်း
ဟေ့”
“ဟား၊ ဟား၊ ဟား၊ ဟား အေး ငါလာ
ပြီဟေ့၊ မင်း ငါ့ကို ဘာလုပ်ချင်တုံး”
ကျုပ်ရော ကြည့်နေတဲ့ လူတွေရော တုန်
သွားကြတာဗျို့။ ငြိမ်နေတဲ့ မနှင်းအေးက
ဗြုန်းစားကြီး ထရယ်လိုက်တော့ လန့်သွား
ကြတာပေါ့ဗျာ။
“မင်းကို အခုချက်ချင်း သတ်ပစ်လိုက်လို့
ရတယ်။ ငါ့နာမည် ဘိုးလူပေတဲ့ မင်းမှတ်
ထား၊ ပြောစမ်း ဒီကလေးမကို မင်း ဘာ
ကြောင့် ဒီလိုလုပ်တာတုံး”
“ငါက နှင်းအေးကို ရူးမတတ်အောင်ချစ်
တယ်၊ ဒါပေမဲ့ နှင်းအေးက ငါ့ကို ပြန်မချစ်
လို့ ရူးသွားအောင် ငါလုပ်လိုက်တယ်၊ ကဲ
ဘာဖြစ်တုံး”
ဟာ အိမ်ထဲမှာ ရုန်းရင်းဆန်ခတ်တွေ ထ
ဖြစ်တော့တာဗျို့။ မနှင်းအေးရဲ့အစ်ကိုက
ဓါးပြေးဆွဲတော့တာပဲဗျာ။
“ဟဲ့ …ဘဇံ မလုပ်နဲ့၊ ဓါးနဲ့ခုတ်ရင် နင့်ညီ
မ နှင်းအေး သေသွားမှာပေါ့”
က်ုဘဇံကို လူတွေက ဝိုင်းဆွဲထားကြရ
တယ်ဗျ။ ကိုဘဇံကလည်း ရုန်းကန်နေ
တာပေါ့ဗျ။
“ဒီကောင် ဘယ်သူတုံး ဆရာကြီး၊ ကျုပ်
ဒီကောင်ကို လိုက်သတ်မယ်”
ကိုဘဇံက ဒေါသတကြီးနဲ့ ပြောတာဗျ။
“မောင်ဘဇံ မပူပါနဲ့၊ ဘယ်သူဆိုတာ
မင်းတို့ မကြာခင် သိကြရမှာပေါ့”
“အား …အား…အား …ခင်ဗျား တော်
တော်ရက်စက်တဲ့လူပဲ၊ ခင်ဗျားက ဆရာ
မဟုတ်ဘူး၊ လူသတ်သမားပဲ”
ဟာ မနှင်းအေးကို လုပ်ထားတဲ့ ပညာ
သည်က လူးပြန်လှိမ့်ပြန် အော်တော့
တာဗျို့။ ဆရာကြီး ဘိုးလူပေကတော့
ဘာမှမပြောဘဲ တင်ပလ္လင်ခွေထိုင်လျက်
ကနေ ကြည့်နေတာဗျို့။
“ဟေ့ကောင် စုန်းထီး၊ မင်း မှတ်ထား၊
ဒီကလေးမ မနှင်းအေး လိမ်းထားတဲ့
သနပ်ခါးတုံးက မြောက်ဘက်ရှင်မ
ကိုယ်တိုင် စီရင်ထားတဲ့ သနပ်ခါးတုံး
ကွ၊ မဖဲဝါက တစ်ဆင့် ငါ့ကို ပေးထား
တာ၊ မင်း အခု ဝင်ထားတဲ့ ကိုယ်ထဲမှာ
ထောင်ချောက်မိသလို မိနေပြီ၊စုန်းတစ်
ကောင်အနေနဲ့တော့ မင်း ပြန်ထွက်လို့
မရဘူးသိလား၊ မင်းပညာတွေအားလုံး
စွန့်ပစ်ပြီးမှ ရိုးရိုးလူ အနေနဲ့ ထွက်မှ
ထွက်လို့ရမယ်”
“မစွန့်ဘူးကွ၊ ငါ့ပညာကို ဘယ်တော့မှ
မစွန့်ဘူး၊ မင်း သတ်တာလည်း ငါ မခံ
ဘူး၊ ငါ့ကိုယ်ငါ စီရင်မယ်”
“ဒုန်း၊ ခွမ်း”
“ဟာ”
မနှင်းအေး ကိုယ်ထဲကို ဝင်နေတဲ့ စုန်းထီး
ကြီးက စောစောက မနှင်းအေး လိမ်းထား
တဲ့ သနပ်ခါးကျောက်ပျဉ်ကို သူ့နဖူးနဲ့ တ
အားဆောင့်တိုက်ပစ်လိုက်တာဗျ။ ‘ဒုန်း’ဆို
တဲ့ အသံကြီးနဲ့အတူ ‘ခွမ်း’ဆိုပြီး ကျောက်
ပျဉ်ကြီး သုံးစိတ်ကွဲသွားတာဗျို့။ ‘ဟာ’ဆို
တာကတော့ ကြည့်နေတဲ့လူတွေ လန့်ပြီး
အော်ကြတာဗျ။ ဟာ မနှင်းအေး လဲကျ
သွားပြီဗျို့။
“ဟဲ့ သမီး နှင်းအေး၊ နှင်းအေး၊ သမီး၊
အောင်မယ်လေး၊ ကျုပ်သမီးလေး အ
သက်မှ ရှိသေးရဲ့လားတော့်”
မနှင်းအေးရဲ့ မိသားစုက စိုးရိမ်တကြီးနဲ့
အော်ကြဟစ်ကြ ငိုကြတော့တာပေါ့ဗျာ။
ဘိုးလူပေက အားလုံးကို လက်ကာပြ
လိုက်ပြီး…
“ရော့ …မောင်တာတေ၊ ဒီရေနဲ့ ကလေး
မကို တောက်လိုက်”
စောစောက ကျုပ် သနပ်ခါးသွေးတဲ့ ရေ
ပုလင်းကို ဘိုးလူပေက လှမ်းပေးတယ်။
ကျုပ်လည်း ရေပုလင်းထဲကရေနဲ့ မနှင်း
အေးကို တောက်လိုက်တယ်။
“ဝါး”
ဟော မနှင်းအေးက ‘ဝါး’ကနဲ တစ်ချက်
သမ်းပြီး ထထိုင်တယ်ဗျ။မျက်လုံးကြောင်
တောင်တောင်နဲ့ လူတွေကို လိုက်ကြည့်
နေတယ်
“ဟဲ့ သမီး နှင်းအေး”
“ရှင် အဘ”
“ကလေးမ သတိကောင်းကောင်းရပြီ
လား”
ဘိုးလူပေက မေးလိုက်တာဗျ။ မနှင်း
အေးက ဘိုးလူပေကို ခေါင်းညိတ်ပြ
ပြီး သေသေချာချာ ကြည့်နေတယ်။
ပြီးတော့ရေပုလင်းကြီး ကိုင်ထားတဲ့
ကျုပ်ကိုလည်း သေသေချာချာ
ကြည့်တယ်။
“သမီး ဆရာကြီးကို ဦးတိုက်လိုက်၊
ဦးတိုက်လိုက်”
မနှင်းအေးရဲ့ အမေက ဝင်ပြောတာဗျ။
မနှင်းအေးက ဆရာကြီးကို ရိုရိုသေသေ
ရှိခိုးတယ်။
“ဘဇံရေ …ဘဇံ၊ ဟေ့ကောင် ဘဇံ”
“ဘယ်သူတုံး၊ အိမ်ပေါ်တက်ခဲ့လေ”
ဝိုင်းထဲကို ပျာရိပျာယာနဲ့ ဝင်လာတဲ့ လူ
က အမောတကော ပြောပါရောလားဗျာ။
“ဟေ့ကောင် ဘဇံ၊ အနောက်ပိုင်းက
စံဖေ ဆိုတဲ့ကောင် အိပ်နေရင်းကနေ
ငယ်သံပါအောင် အော်ပြီး သေသွားလို့
တဲ့ကွ၊ နဖူးမှာလည်း သုံးစိတ်ကွဲနေသ
တဲ့ဟေ့”
“ဟေ့ …ဟုတ်လား ကျော်ရင်၊ ဒါဆို
ရင် ငါ့ညီမကို လုပ်တာ ဒီကောင်ပဲပေါ့၊
တောက် …ငါ့လက်နဲ့ မသတ်လိုက်ရ
တာ နာသကွာ ကျော်ရင်ရာ”
“အေးလေ သေမှာပဲ စံဖေဆိုတဲ့ အ
ကောင်ကို စုန်းမှန်းသိရတော့တာပဲကွာ၊
ဒီကောင့်နဖူးကတော့ ဟောဒီကျောက်
ပျဉ်အတိုင်းကို သုံးစိတ်ကွဲသွားတာဟေ့”
“ကဲ မောင်ရင်တို့ ဒီအကြောင်းကို ဒီမှာပဲ
ရပ်လိုက်ကြပေတော့၊ အကျယ်ကျယ်တွေ
ဘာမှမဖြစ်ကြစေနဲ့ကွာ”
“ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ်တို့ ဘာမှ
မပြောဘဲ ရေငုံနေပါ့မယ်၊ ကျုပ်ညီမလေး
ကို ပြန်ပြီးကယ်ပေးတဲ့ ဆရာကြီးကို ကျုပ်
ကန်တော့ပါရစေဗျာ”
ကိုဘဇံက ပြောပြီး ဘိုးလူပေကို ကန်
တော့တယ်။ ကျန်တဲ့လူတွေလည်း ဝိုင်း
ပြီးကန်တော့ကြတယ်ဗျို့။
ကျုပ်ရွာ ပြန်ရောက်ပြီး နောက်တစ်နေ့မှာ
ပဲ ဘိုးလူပေက လူလွှတ်ပြီး ခေါ်ပြန်ရော
ဗျ။ ဒီတစ်ခါတော့ ကျုပ်တို့ရွာ အနောက်
ဘက်က ကပ္ပလီကုန်းဆိုတဲ့ ရွာမှာဗျ။
ကိုဘလှ ဆိုတဲ့လူ တစ်ယောက် အ
ကောင်းကြီးကနေ ရူးသွားလို့တဲ့ဗျို့။
ရူးသမှ သွက်သွက်လည်ကို လည်
နေတာဆိုပဲ။ လက်ထဲမှာလည်း ပု
ဆိန်ကြီး တစ်လက် ကိုင်ထားတာ
တဲ့ဗျ။ တွေ့သမျှ လူကို သူ့လက်
ထဲက ပုဆိန်နဲ့ လိုက်ခုတ်တာတဲ့။
ခုတော့ အိမ်ထဲမှာ သူ့တစ်ယောက်တည်း
တံခါးပိတ်ထားလိုက်တာ။သူ့လက်ထဲကပု
ဆိန်ကြီးနဲ့ သူ့ကိုယ်သူ ခုတ်နေတာတဲ့ဗျို့။
အဲဒီလောက် ခုတ်နေတာတောင် သွေး
တစ်စက်မှ မထွက်ဘူးဆိုပဲ။
ပေါက်သွား ပေါက်ပြဲသွားတာတောင်
မရှိဘူးတဲ့ဗျ။ ကျုပ်နဲ့ ဘိုးလူပေရောက်
သွားတော့ ကိုဘလှက ပုဆိုးတိုတိုကြီး
ဝတ်ပြီး ပုဆိန်ကြီး တစ်လက်ကို ပခုံးမှာ
ထမ်းထားတာဗျ။အိမ်ရှေ့နဲ့ အိမ်နောက်
ကို မနားတမ်း လျှောက်နေတာဗျို့။ဘိုး
လူပေက ပိတ်ထားတဲ့ အိမ်တံခါးဝက
နေ အိမ်ထဲကို လှမ်းကြည့်တယ်။ကျုပ်
တို့နောက်မှာတော့ ရွာသားတွေ အုံနေ
တာပေါ့ဗျာ။
“မောင်တာတေ၊ ဘလှက တကယ့်
ကောင်ကိုမှ ရန်သွားစတာကိုးကွယ့်”
ဘိုးလူပေက ကျုပ်ကို လှည့်ကြည့်ပြီး
ပြောတယ်။
“စုန်းကိုက်တာပဲလား ဆရာကြီး”
“ဟာ မဟုတ်ဘူးကွယ့်၊ စုန်းမဟုတ်ဘူး၊
နတ်ခုန်ချောင်းမှာနေတဲ့ အင်မတန် ရိုင်း
စိုင်းတဲ့ သရဲကြီးကွ၊ဒီကောင်ကြီးကို လျှာ
နီကြီးလို့ ခေါ်ကြတာ၊ အကုသိုလ် အင်မ
တန်ကြီးတဲ့ သရဲကွ၊ မောင်တာတေမှာ
မျက်ကွင်းဆေးဆိုတာ ပါတယ်မို့လား၊
ကွင်းပြီး ကြည့်လေကွယ်၊ ဗဟုသုတ
ရတာပေါ့”
ကျုပ်က ရွာသားတစ်ယောက်ကိုခေါ်ပြီး
တောင်ဘက်ကပ်လျက်က ဝိုင်းမှာ မျက်
ကွင်းဆေး ကပျာကယာ သွားကွင်းလိုက်
တယ်။ ကျုပ်ပြန်ရောက်တော့ ဘိုးလူပေ
က ရွာသားတွေကို အကျိုးအကြောင်းရှင်း
ပြနေတယ်။ကျုပ်က အိမ်တံခါးဝကို သွား
ပြီး အိမ်ထဲကို ကြည့်လိုက်တယ်။
“ဟာ”
ကျုပ်ပါးစပ်က လွှတ်ကနဲ အော်လိုက်မိ
တယ်ဗျို့။စောစောက ကျုပ်မြင်ရတာက
ကပ္ပလီကုန်းရွာသား ကိုဘလှလေဗျာ၊အ
ခု မျက်ကွင်းဆေးကွင်းပြီး ကြည့်တော့
မြင်ရတာက ကိုဘလှကြီး မဟုတ်ဘူးဗျ။
လျှာနီကြီး၊ လျှာနီသရဲကြီးကို မြင်နေရ
တာ။ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး
ဗျာ။ ခေါင်းကြီးက ခွဲတောင်းကြီးလောက်
ရှိမယ်ဗျ။ ထူးခြားတာက မျက်လုံးဗျ။
မျက်လုံးက တစ်လုံး ရှိတယ်။ တစ်ဖက်က
အသားအတိုင်းကြီး ဗြောင်ကြီးဗျ။တစ်ဖက်
ကတော့ ပုံမှန်မျက်လုံးပဲ။ ဒါပေမဲ့ ပြူးပြူး
ကြီး ထွက်နေတယ်ဗျ။ ပါးစပ်ကြီးကလည်း
နည်းနည်းနောနောကြီး မဟုတ်ရပါဘူးဗျာ၊
ပါးစပ်ထဲကနေ ထွက်နေတဲ့ အစွယ်တွေ
ကလည်း ငေါငေါကြီးတွေဗျို့။
ဒီသရဲကြီးရဲ့ ထူးခြားဆုံးကတော့ လျှာ
ကြီးဗျ။ ပါးစပ်ကြီးထဲကနေ တွဲလောင်း
ကြီး ကျနေတဲ့ လျှာကြီးက နီရဲနေတာဗျ။
ခြေထောက်ကြီးတွေက ထန်းပင်လုံး
လောက်ကြီး ရှိတယ်ဗျ။အဲဒီခြေထောက်
တုပ်တုပ်ကြီးတွေနဲ့ အိမ်ရှေ့လျှောက်
လိုက် နောက်ဖေးလျှောက်လိုက် လုပ်
နေတာဗျို့။ မနားတမ်းပဲဗျို့။
“မောင်တာတေ၊ လျှာနီကြီးကို မြင်လား
ကွယ့်”
“မြင်တယ် ဆရာကြီး၊ ကြောက်စ
ရာကြီးဗျာ”
“ကဲ တံခါးသော့ဖွင့်လိုက်ကြတော့၊
ကျုပ်အိမ်ထဲ ဝင်မယ်”
“ဟာ ဖြစ်ပါ့မလား ဆရာကြီး၊ ဒီကောင်
ဘလှ ကိုင်ထားတဲ့ ပုဆိန်ကြီးက သွေး
ထားတာ မြည့်နေတာဗျ”
“ရပါတယ်ကွယ်၊ ဖွင့်သာ ဖွင့်လိုက်ပါ၊
မောင်တာတေလည်း အပြင်မှာပဲ နေခဲ့
ကွယ့်၊ အထဲကို ဝင်မလိုက်လာနဲ့၊ လျှာ
နီက အရိုင်းကြီးကွ”
“တံခါးပြန်ပိတ်ထား”
ဘိုးလူပေက အိမ်ထဲကို ဝင်သွားပြီး တံခါး
ပိတ်ခိုင်းလိုက်တယ်။ ကျုပ်လည်း ကပ္ပလီ
ကုန်းက လူတွေနဲ့အတူတူ အိမ်ပြင်မှာ နေ
ခဲ့ရတာပေါ့ဗျာ။လျှာနီကြီးက ဘိုးလူပေကို
သူ့လက်ထဲက ပုဆိန်ကြီးကို မြှောက်လိုက်
ပြီး ဆရာကြီး ဘိုးလူပေဆီကို တစ်လှမ်း
ချင်း တိုးလာတယ်။
“ဟာ ဒီဆရာကြီး နိုင်ပါ့မလား မသိဘူး”
ရွာသားတွေက ဘိုးလူပေအတွက် စိုးရိမ်
သွားတယ်။ ဘိုးလူပေက သူ့လွယ်အိတ်
ထဲက အရုပ်ကလေးတစ်ရုပ်ကို ထုတ်ယူ
လိုက်တယ်။ အရုပ်ကလေးက ရွှေချထား
တာဗျ။ကျုပ်သေသေချာချာ ကြည့်လိုက်
တော့ နတ်ဘီလူးရုပ်ကလေးဗျ။ အစွယ်
ဖွေးဖွေးလေးနဲ့ဗျ။
အဲဒီနတ်ဘီလူးရုပ်ကို လျှာနီကြီး မြင်
အောင် ဘိုးလူပေက မြှောက်ပြလိုက်
တယ်။ ဟာ အရုပ်ကလေးလည်း မြင်
ရော လျှာနီကြီး တုန့်ကနဲ ရပ်သွားရော
ဗျ။ တော်တော်စွမ်းတဲ့ အရုပ်ပါလားလို့
ကျုပ် တွေးလိုက်မိတယ်။
“နတ်ခုန်ချောင်းထဲမှာနေတဲ့ လျှာနီ၊
ကုဝေရနတ်မင်းကြီးကို မြင်တာ
တောင် ဒူးမထောက်သေးဘူးလား”
ဟာ လျှာနီကြီး လက်ထဲက ပုဆိန်ကို
ကြမ်းပြင်ပေါ်မှာ ဒုန်းကနဲမြည်အောင်
ပစ်ချလိုက်တယ်။ ပြီးတော့ ခေါင်းကြီး
ငုံ့လို့ဗျ။ဒူးကြီးထောက်ပြီး ထိုင်နေတယ်။
တစ်တောင်လောက် တွဲကျနေတဲ့ လျှာ
နီကြီးကတော့ ကြမ်းပြင်နဲ့တောင် တိုက်
တော့မလို ဖြစ်နေတာဗျ။
“လျှာနီကြီး၊ ကပ္ပလီရွာသား ဘလှနဲ့
မင်းနဲ့ ဘာဖြစ်ကြလို့တုံး”
“ဒီကောင် ကျုပ်ပိုင်တဲ့ ချောင်းက ငါး
လာမျှားတယ် ဘိုး၊ကျုပ်ကို ခွင့်မပန်ဘူး၊
ငါးမိတော့ ကျုပ်က ပြန်ဆွဲယူထားတယ်၊
အဲဒါ သူမိတဲ့ငါးကို ပြန်ဆွဲယူရမလားဆို
ပြီး ကျုပ်ကို ရစရာ မရှိအောင် ဆဲသွား
တယ်”
“ဟေ …ဘလှက မင်းကို ဆဲတယ်
ဟုတ်လား၊ မင်း အဲဒီချောင်းမှာ ရှိ
တာ ဒီကောင် သိလို့လား”
“ဒီအနီးအနားက လူတွေအားလုံးက ကျုပ်
နတ်ခုန်ချောင်း စောင့်နေတယ်ဆိုတာ သိ
ကြတယ်၊ ငါးမျှားချင်ရင်ကျုပ်ကို ခွင့်ပန်ပြီး
မှ မျှားတယ်၊ ကျုပ်က ဘာမှ မလုပ်ဘူး၊
တချို့ကကျတော့ ငါးလေး, ငါးကောင်ရ
ရင် လျှာနီကြီးစားဖို့ဆိုပြီး ငါးတစ်ကောင်
ထားပစ်ခဲ့တယ်၊ ဒီကောင်ကတော့ အား
ကြီးမိုက်ရိုင်းတာ ဘိုးရဲ့၊ လျှာနီမကလို့
တစ်ကိုယ်လုံး နီလည်း ငါက ဂရုမစိုက်
ဘူး၊ ငါ့ငါးကို လုယူသွားတယ်ဆိုပြီး ဆဲ
ဆိုသွားတာ၊ ဒါနဲ့ ကျောင်းမှန်းကန်မှန်
သိအောင် လုပ်ပြတာပါဗျာ”
“ဘိုး ဒီအကောင်ကို ဆုံးမလိုက်ပါ့မယ်
လျှာနီ၊ ညနေကျရင် ကပ္ပလီကုန်းသား
တွေက မင်းစားဖို့ ငါးကြီးကြီးတစ်ကောင်
နဲ့ အမဲသားသုံးပိဿာ အစိမ်းလာကျွေး
ကြလိမ့်မယ်၊ မြို့ကို သွားပြီး ဝယ်နေကြ
ပြီ၊နောက်လည်း မင်းကို သူတို့ စော်ကား
မော်ကား လုပ်ဝံ့တော့မှ မဟုတ်ပါဘူးကွာ၊
တော်တော်လန့်သွားကြပါပြီ၊ ဘိုးကလည်း
တောင်းပန်ပါတယ် လျှာနီ၊ ခုပဲ နတ်ခုန်
ချောင်းကို ပြန်ပေတော့ကွာ”
“ဟုတ်ကဲ့ပါ ဘိုး”
ဟော ကိုဘလှကြီး ကြမ်းပြင်ပေါ်ကို
ဘုန်းကနဲ လဲသွားတာဗျို့။ ဒီတော့မှ
ရွာကလူတွေက တံခါးဖွင့်ဝင်ပြီး ကို
ဘလှကို လှုပ်နိုးကြရတာပေါ့ဗျာ။
“ဘလှ၊ ဟေ့ကောင် ဘလှ”
ကိုဘလှကြီးက သတိမလည်ဘူးဗျ။ ဘိုး
လူပေက ရေစင်ပုလင်းလေးထဲက ရေ
စင်လေး တောက်ပေးလိုက်တော့မှ သ
တိလည်လာတယ်ဗျို့။ ဒီတော့မှ ကပ္ပ
လီကုန်းသားတွေက ကိုဘလှကို ပြောကြတော့တာပေါ့ဗျာ။
“မင်းကွာ ရန်ဖြစ်စရာရှားလို့ နတ်ခုန်
ချောင်းက လျှာနီကြီးနဲ့မှ ရန်ဖြစ်ရတယ်
လို့ကွာ၊ ဘိုးဆရာကြီး ရောက်နေတာနဲ့
ကြုံပေလို့ပဲ၊ နို့မို့ဆိုရင် လျှာနီကြီးက မင်း
ကို အသေသတ်တော့မှာ၊ နောက် ဒါမျိုးမလုပ်ပါနဲ့ကွာ”
ကိုဘလှကြီးကလည်း ဝန်ခံတယ်ဗျ။
“ငါ မှားပါတယ်ကွာ၊ ဗြုန်းစားကြီးဆိုတော့
ငါလည်း ဒေါသဖြစ်ပြီး ဆဲလိုက်မိတာပါကွာ”
“အေး ဆဲလိုက်မိတာက မင်း ဘာဖြစ်
သွားတယ်ထင်တုံး၊ သွက်သွက်ခါအောင်
ရူးသွားတာ ကိုယ့်လူရေ”
“ဘလှ မင်းက ဓါးပြီးတာကိုးကွ၊ ဟိုပုဆိန်
ကြီးနဲ့ မင်းကိုယ်မင်း လွှဲလွှဲပြီး ခုတ်နေလိုက်
တာများကွာ၊ သွေးတစ်စက်တောင် မထွက်ဘူးဟေ့”
“အေးကွ၊ ဘလှရ၊ ဟုတ်တယ်ကွ၊ မင်း
ဓါးပြီးမှန်း ငါတို့ခုမှသိတာကွ၊ ကဲ ပုဆိန်
ကြီး ယူပြီး ထပ်ခုတ်ပြစမ်းပါကွ”
“တော်စမ်းပါကွာ၊ လူဖြင့် ဆရာကြီး
ကယ်လို့ လူကောင်းပြန်ဖြစ်လာတာ၊
နို့မဟုတ်ရင်တစ်သက်လုံး အရူးကြီးဘဝနဲ့ နေသွားရမှာ”
ကိုဘလှရော ကပ္ပလီကုန်းသားတွေရော
ဆရာကြီးဘိုးလူပေကို ကန်တော့ကြတယ်။
ညနေ နွားရိုင်းသွင်းချိန်ရောက်တော့
မြို့က ဝယ်လာတဲ့ အမဲသား သုံးပိဿာ
နဲ့ငါးကြင်းကြီးတစ်ကောင်ကို ကျုပ်နဲ့ ရွာ
သားငါးယောက် တောင်းတစ်လုံးနဲ့ ထည့်
ပြီး နတ်ခုန်ချောင်းလာခဲ့ကြတယ်။
ကျုပ်က ချောက်ကမ်းပါးမှာ တောင်းကိုချပြီး
ချောင်းနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်လိုက်တယ်။
“နတ်ခုန်ချောင်းစောင့်တဲ့ ဘိုးလျှာနီဗျာ
ဘိုးလူပေရဲ့ ညွှန်ကြားချက်ကြောင့် ကျုပ်
တာတေက ကပ္ပလီရွာသားတွေနဲ့ ကိုဘ
လှကိုယ်စား အမဲသား၊ ငါးများ ပို့လာပါ
တယ်။ ဘိုးလျှာနီ စားပါ သောက်ပါဗျာ”
“ဟာ”
ကျုပ်နဲ့ အတူတူ ပါလာတဲ့ ရွာသားတွေအံ့သြပြီး အော်လိုက်ကြတာဗျို့။ ကျုပ်ရေစပ်မှာ ချထားတဲ့ တောင်းကြီး အလုံးလိုက်ကို ပျောက်သွားတာဗျ။ ဒါကြောင့်ဒီလူတွေ လန့်ပြီး အော်လိုက်ကြတာ။
အမှန်ပြောရရင် ကျုပ်လည်း လန့်သွားတာပဲဗျ။ ဘိုးလူပေက ဒါကြောင့်ပြောတာဗျ။ နတ်ခုန်ချောင်းက လျှာနီကြီးက အရိုင်းစိုင်းတာလို့။
နောက်တစ်နေ့မှာ ကျုပ် ရွာကို ပြန်ခဲ့တယ်။ ဘိုးလူပေလည်း ကျုပ်ကို လာမခေါ်ခိုင်းတော့ဘူးဗျ။ နောက်မှ ကျုပ်သိရတာ ကျုပ်တို့ ကပ္ပလီကုန်းက ပြန်တဲ့နေ့ နောက်တစ်နေ့မှာပဲ ဘိုးလူပေပြန်သွားသတဲ့။
အထက်က ပုဂ္ဂိုလ်ကြီးတွေ ခိုင်းစေတာ
ကြောင့် ဘိုးလူပေ ချက်ချင်းသွားရတာဆိုပဲ။
ဒီတစ်ခါတော့ ဘိုးလူပေ ရှမ်းပြည်ဘက်ကို တက်သွားတာတဲ့ဗျို့။
ပြီးပါပြီ။
မဖဲဝါမွေးတဲ့သား စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။
စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေး
နဲ့ အားပေးသွားပါအုံးဗျာ။
Leave a Reply