ဒီမှာရှိတဲ့လူတွေကိုလည်းတစ်ယောက်တစ်ပြားပေးမယ်…ကျန်တာတွေကို ဝမ်းရေးလည်းသုံးမယ်…အလှူအတန်းလည်းလုပ်မယ်…” မောင်မြတ်ကထိုသို့ပြောပြီး လူဆယ့်တစ်ယောက်အား ရွှေဒါင်္ဂါးတစ်ယောက်တစ်ပြားဝေပေးလိုက်၏။ ကျန်လူများက ရွှေဒင်္ဂါးပြားသည်လောက်များသည်ကို တစ်ယောက်တစ်ပြားသာပေးရကောင်းလားဟု တွေးမိသော်လည်း သူ့ဝန်းသူ့ခြံထဲတွေ့သည့်အတွက် ဘာမှမဟရဲကြချေ။ ထိုရွှေဒင်္ဂါးပြားများ၏ တချို့တဝက်ကိုထုခွဲရောင်းချပြီး အိမ်အသစ်ဆောက်၏။ တချို့တဝက်ကိုအလှူလုပ်ပစ်၏။ အိမ်အသစ်တက်သည့်နေ့၌ တစ်ရွာလုံးကိုဖိတ်ပြီးအိမ်သစ်တက်ပွဲခမ်းခမ်းနားနားကျင်းပ၏။ မြင်အပ်မမြင်အပ် သောဘုံအားလုံးကိုလည်းအမျှအတမ်းပေးဝေ၏။အားလုံးပြီးစီးသော် အိမ်အသစ်လေးဆီသို့ မိသားစုသုံးဦးပြောင်းလိုက်ကြသည်။ ပြသနာကားထိုနေ့မှစတင်သည်ဟုဆိုရမည်။ တိတ်ဆိတ်နေသောညအချိန်တွင် အသစ်စက်စက် အိမ်ကြီးသည် သိမ့်ခနဲတုန်သွား၏။ မြေငလျင်လှုပ်သကဲ့သို့တချက်မျှတုန်သည်မဟုတ်ဘဲ သုံးခါဆက်တိုက်တုန်နေခြင်းဖြစ်သည်။ အိမ်မောကျနေသော မောင်မြတ်က အိမ်ကြီးသိမ့်ခနဲတုန်သွားသောကြောင့် လန့်နိူးလာသကဲ့သို့ ဇနီးဖြစ်သူပန်းခင်လည်း လန့်နိုးလာ၏။ ” ရှင်သိလိုက်လားကိုမြတ်…အိမ်ကြီးသိမ့်ခနဲတုန်သွားတာ…” ” အင်း…ငါလည်းအဲဒါကြောင့်လန့်နိုးလာတာဘဲ…မြေငလျင်လှုပ်တာနေမယ်…အားဘယ်လောက်ပြင်းလဲမသိ…အိမ်ကြီးကိုသိမ့်နေတာဘဲ…” ” အိမ်ကပြတ်ရွေ့ပေါ် ...

ယောင်ပြကာ ရွာဝေးရာ သွားခိုးသည်၊ ရွာဝေးရာခိုးရာမှ ရွာနှင့်ဗဟိုအလယ်ကျရာ၊ ထို့နောက် ရွာနီးရာ၊ ထို့နောက် ရွာကွင်းရွာယာများထဲ အတင့်ရဲစွာ ခိုး၏။ ငကျောက်နှင့် ငရွှေတို့၏ တောလိုက်ဆရာ၊ ဆရာခက ခေါ်ဆုံးမ၏။ “မအေပေး နှစ်ကောင်၊ ခိုးစားမှာဖြင့် အသားလွတ် ခိုးစားကွ၊ ငါရိုးမ နှစ်ယောက် လုပ်တာနဲ့၊ တို့လို မွဲလို့ တောလိုက်စားနေရတဲ့ ရွာမုဆိုးစည်းစောင့်သူတွေ ကြားထဲက အထင်လွဲ အသတ်ခံရဦးမယ်၊ မဟုတ်တာ လုပ်ပြီး မင်းတို့ သုံးလုံးထိုး၊ နှစ်လုံးထိုး၊ ရှီးတဲ့မှ ပေါက်မယ်၊ ပေါက်လည်း ပါနီထဲကရေ ...

နဲ့ခြံစည်းရိုးအပင်တွေအောက်ဝင်ပုန်းနေတာ။ အဖေကတော့တုတ်ကြီးတဝင့်ဝင့်လုပ်ပြီး “ဘယ်မှာလဲ အဲ့ဒီ ကောင်။ကျောင်းမတက်ဘဲလျှောက်သွားနေတာ။ငါဆော်မှာ။ဆော်မှရတော့မှာ” ဆိုပြီးကြိမ်းနေတာ။ တကယ်ဆော်တာစာရေးဆရာရဲ့။ အမေကတော့”စိတ်ထိန်းပါယောက်ျားရယ်။စိတ်ကိုထိန်းပါ”ဆိုပြီးဖျောင်းဖျနေတာ။ အဖေကတော့မရဘူး။ဆော်မှာချည်းလုပ်နေတာ။ ဒီတော့ ကျွန်တော်လည်း စဉ်းစာတယ်။အခုနေအိမ်ထဲ ဝင်ရင်ငါအဆော်ခံရမှာ။ငါ့သူငယ်ချင်းအိမ်ကိုပြေးမယ်ဆိုပြီးပြေးလာခဲ့တာ။ ကျွန်တော့်သူငယ်ချင်းအိမ်ကအဝေးကြီး။မြို့သစ် ကိုဆင်းတဲ့အေးသာယာအဆင်းလမ်းမှာရှိတာ။ခြံထဲမှာလည်းမွေးထားတဲ့နွားတွေ အများကြီး။ အဲ့ဒီ ခြံကအိမ်နဲ့ဝေးတယ်ဆိုပေမယ့်.အဖေရိုက်မှာကြောက်တော့ပြေးရတာပေါ့။ ပြေးရင်းပြေးရင်းနဲ့သုံးသင်္ချိုင်းအနားရောက်လာတယ်။ သုံးသင်္ချိုင်း ဆိုတာ.ကုလားသင်္ချိုင်းရယ်။ဗမာသင်္ချိုင်းရယ်။တရုတ်သချုင်္ိင်းရယ်.တစ်ဆက်တည်းပဲ။ ကျွန်တော် လည်းသင်္ချိုင်းထ​ဲစဝင်လာခဲ့တယ်။ အရင်ဦးဆုံးကကုလားသင်္ချိုင်းဗျ” ကျွန်တော် ကကြားဖြတ်မေးလိုက်သည်။ “သင်္ချိုင်းအပြင်ကမသွားဘူးလားဗျ” “အဝေးကြီးဗျ။တမျှော်တခေါ်ကြီးပတ်ရဦးမှာ။ဒါကြောင့်လူတော်တော်များများကသင်္ချိုင်းထဲကပဲဖြတ်သွားကြတာ။ အဲမှာလည်းလူသွားလမ်းသီးသန့်ရှိတယ်ဆရာရဲ့” “သြော်” “ကုလာသင်္ချိုင်းထဲကိုကျွန်တော်စဝင်လာခဲ့တယ်။အဲဒီအချိန်ထိကြောက်စိတ်ဆိုတာမရှိသေးဘူး။နောက်ပြီး ကုလားသင်္ချိုင်းကတကယ်ကိုသန့်ရှင်းနေတာပဲ။ ကုလားသင်္ချိုင်းကိုကျော်တော့ဗမာသင်္ချိုင်းထဲရောက်လာတယ်။ဗမာသင်္ချိုင်းကချုံပုတ်တွေအများကြီး။နောက်ပြီးအဲဒီတုန်းကမှောင်ခိုခေတ်ဗျ။နွားတွေကိုခိုးပေါ်ပြီးမြွေရေခွံအိတ်ထ်ဲထည့်ပြီးချုံပုတ်တွေထဲဝှက်ထားခဲ့ကြတာ။မြန်သလားမမေးနဲ့။နွားတစ်ကောင်ကိုပေါ်တာခဏလေးပဲ။ပြီးရင်ခေွးတွေမဆွဲနိုင်အောင်ချုံပုတ်ကိုဆူးတွေနဲ့ကာထားခဲ့တာ။မနက်ကြမှလာယူကြတာ။ ကျွန်တော်လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ပျက်ကြီးနားရောက်လာခဲ့တယ်။ ပြောရဦးမယ်။အဲဒီဗမာသင်္ချိုင်းမှာ’ပေါင်တိုမ’ဆိုတာရှိတယ်။တကယ့်နာမည်ကြီးပဲ။တောင်ကြီးမြို့မှာရှိတဲ့လူတွေအကုန်သိတယ်။ နွားကျောင်းသားတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုအဲဒီသင်္ချိုင်းမှာအဓမ္မပြုကျင့်ပြီး.ပေါင်ဖြတ်ပြီးသတ်ပစ်တာ။အခုထိမကျွတ်သေးဘူး။ ကျွန်တော် လည်းလျှောက်ရင်းလျှောက်ရင်းနဲ့ဇရပ်ကိုကျော်လာတယ်။ ကြောက်စိတ်ဆိုတာလုံးဝကိုမရှိသေးဘူးနော်။ ဇရပ် ...

မြင်လိုက်ပြီး ဖျားလို့ ဆေးရုံ ရောက်သွားသေးတယ်။ ကျနော့်ကိုလည်း အိပ်မက်တွေပေးပြီး ပြောတယ် ” ကိုတင်ဝင်းက တောင်ဒဂုံ(…)ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ နေသည်။ ကိုကျော်နိုင်တို့ ငှားနေသော အိမ်နှင့် ခြံခြင်းကပ်ရက် ဖြစ်သည်။ (…)ရပ်ကွက် စျေးကြီးမှာ ကြက်သားကို အကြီးအကျယ် ရောင်းခဲ့သည်။ တစ်ရက်ကို ကြက်အကောင် ငါးဆယ်၊ ဘဲ ဆယ်ကောင် အမြဲကုန်သည်၊ လက်ကျန်ရှိလျှင် ညနေပိုင်း ကိုတင်ဝင်းက စျေးထွက်သည်။ ဇနီးဖြစ်သူ မခင်မြက နောက်နေ့အတွက် ရောင်းရန် ကြက်ဘဲ စျေးသို့ ဆင်းသည်။ ထိုဝယ်လာသော ...

ကျတ်ကုန်းမြေထဲမှာဘာကြောင့်ပါ။နိုင်ကြီးပယ်ပြောင်းပေါ်က ကန်သင်းရိုးအတိုင်း လျှောက်လာခဲ့တယ်။လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်နေကြပြီ။ တစ်ချို့ လယ်တွေမှာ ရိတ်လက်စတန်းလန်းနှင့်။ လယ်လေးငါးကွက်အကျော်မှာ ပေါက်ပင်မောင်နှမကုန်းကို​ရောက်လာတယ်။စိုးပင်းရဲ့ လယ်တဲကပေါက်ပင်မောင်နှမ ကုန်းပေါ်မှာ။လယ်တဲထဲမှာ မီးခွက်ထွန်းထားပုံရတယ်။တဲထရံကြားကနေ မီးရောင်တွေ့ နေရတယ်။ နိုင်ကြီးက စိုးမင်းကို လှမ်းခေါ်လိုက်တယ်။ စိုးမင်းဓာတ်မီးနှင့်ထိုးပြီး နိုင်ကြီးကိုလမ်းပြတယ်။ “ကဲ ရော့ဟေ့ငါကတော့ ကတိတည်ပြီနော်…” နိုင်ကြီးက ဝက်သားထည့်ထားတဲ့ ဝါးခြမ်းကိုပေးရင်းပြောလိုက်တယ်။ “အေးပါ နိုင်ကြီးရ၊ ငါလည်းငါ့သူငယ်ချင်းကိုမှာထားပြီးသားပါ။ မင်းတဲထဲမှာ ခဏနေခဲ့ဦးနော် …” စိုးမင်း တဲအပြင်ဘက်အမှောင်ကြီးထဲ ထွက်သွားတယ်။နိုင်ကြီးကြည့်လိုက်တော့ စိုးပင်းသွားနေတာက တဲရှေ့လယ်တစ်ကွက်အကွာက ပေါက်ပင်ညီနောင်ဆီကို ခဏကြာတော့စိုးမင်းပြန်လာပြီး နိုင်ကြီးကိုထွက်ခဲ့ဖို ့ခေါ်တယ် ...

ပေး စာယူလုပ်ပေးခဲ့တာက ဘုန်းကြီးကျောင်းသား မောင်ဖြူး ၊ သူက တစ်ခါတစ်ခါလည်း ရွာထဲကလူတွေရဲ့ နွားကို အခစားနဲ့လိုက်ကျောင်းပေးတတ်တယ် ၊ တစ်နေ့… အစ်ကိုမောင်ပေးတဲ့စာကို မောင်ဖြူးယူလာပြီး မြညိုကို ပေးသတဲ့။ သို့ … အသက်သမျှ ချစ်ရပါသော ချစ်ဆုံးညို ၊ အစ်ကို လူကိုယ်တိုင်နှုတ်မဆက်နိုင်တာ ခွင့်လွှတ်ပါနော် ၊ ဒီနေ့ညနေပဲ ကိုမောင် ဦးလေးနဲ့မြို့ကို လိုက်သွားပြီ ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ရွာထဲက ကိုကြီးပါနဲ့ ကိုယ့်ညီဝမ်းကွဲအောင်ဖေလည်း ပါတယ်။ မြို့က အဖေ့ညီ ၊ ကိုယ့်ဦးလေး ...

ရုန်းကန်နေကြလေသည်။ “ဟဲ့နွား ဘယ်လိုဖြစ်နေတာလဲ” “ဖြန်း ဖြန်း” ကြိမ်လုံးဖြင့်ခပ်စပ်စပ်ရိုက်လိုက်မှ နွားများကထိုရွာထဲသို့ ဝင်သွားသည်။ “ချလွင် ချလွင် ” နွားခြူသံကြားသဖြင့် ထိုရွာထဲ၌ သွားလာနေကြသောရွာသူရွာသား များကဦးသာထွန်းတို့ သားအဖအား ဝိုင်းပြီးကြည့်နေကြလေသည်။ ဦးသာထွန်းလည်းနွားလှည်းကို ဖြည်းဖြည်းလေးမောင်းဝင်လာခဲ့သည်။ “မိတ်ဆွေ မိတ်ဆွေကိုတစ်ခုလောက် မေးပါရစေဗျ” ဦးသာထွန်းက ရွာသားတစ်ယောက်အား လှည်းပေါ်မှမဆင်းပဲ မေးလိုက်သည်။ “ဟုတ် မေးပါ ဘာများလဲမသိဘူး” “ဟုတ် ကျုပ်တို့ကကြက်မနိုင်ရွာကပါ ဒီနေ့အိမ်ပြန်ရင်း လမ်းမှာလာသလား မသိဘူးဗျာ၊အိမ်ပြန်မယ့်လမ်းကိုအခုထိ ရှာလို့ကိုမရဘူးဖြစ်နေတယ်။ အခုဒီရှာကဘာရှာလဲ မသိဘူး” “ဒါသံခနက်ရွာလို့ခေါ်တယ် မိတ်ဆွေပြောတဲ့ ကြက်မနိုင်ရွာဆိုတာ ...

နေထိုင်မကောင်းလျှင် ကိုယ်ဖိရင်ဖိ ပြုစုပေးတတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်စုဝေး နေထိုင်ရသည်မို့ တယောက်နှင့် တယောက် အကောင်းအဆိုး ဟူသမျှကို သည်းခံကာ ပေါင်းသင်း နေကြရသည်ပင်။ “ခင်လေးမှာ သူသာ ပြည့်စုံတယ်၊ သူသာ အကောင်းသုံးတယ်၊ သူ့မိသားစုဟာ အဆင့်အတန်း မြင့်တယ်လို့ ဂုဏ်ယူကြွားဝါ တတ်တာ ခက်တယ်ကွာ၊ ဒီအကျင့်ကို ပြင်လိုက်ရင် ပေါင်းလို့သင်းလို့ ကောင်းမယ်” သူငယ်ချင်းများက ကွယ်ရာမှာ ဝေဖန်ကြသည်။ ခင်လေးကတော့ သူ့အမှားကိုလည်း သူမြင်ဟန် မတူ။ မှားသည်ဟုလည်း ယူဆပုံ မရ။ ...

တော့လာမယူကြဘူး။ “အမေကလည်းကျုပ်ကိုအခုမှ လာယူခိုင်းလို့ယူရတာဗျ။ ကဲကျုပ်သွားတော့မယ်နော်” “ဟဲ့နေဦး ကောင်လေး နေဝင်ရီတရော အသားတွဲကိုဒီအတိုင်းယူမသွားနဲ့ မီးသွေးခဲလေးနဲ့ထည့်ယူသွားရတယ်ကွဲ့ ငါမီးသွေးခဲသွားယူပေးမယ် ခဏ” “နေပါစေတော့ဗျာ မိုးလည်းချုပ်တော့မှာမလို့ ပြန်တော့မယ် ဗ်။ “မင်းဖြစ်ပါ့မလား” “ရပါတယ်ဗျာ ကျုပ်သွားရဲပါတယ် သွားပြီဗျို့  “ “အေးအေး” ဖိုးထူးလည်းအမဲသားတွဲအား စက်ဘီးလက်ကိုင်အောက်မှ ချိတ်၌ချိတ်ဆွဲပြီးစီးလာခဲ့သည်။ “ဟာ ကြွပ်ကြွပ်အိတ်ကလည်း ဘာမှတောင်မလုပ်ရသေးဘူး။ ပြဲနေပြန်ပြီ……” “ကဲသွားစမ်း” ဖိုးထူးလည်းအမဲသားတွဲအား ထုတ်ထားသည့်ပလတ်စတစ်အိတ်အား ဆွဲဖြုတ်ကာလွှင့်ပစ်လိုက်သည်။ စက်ဘီးချိတ်၌အမဲသားတွဲက တုန်ခါပြီးပါလာခဲ့သည်။ တဖြည်းဖြည်းနှင့်ဝက်ပစ်ရွာနှင့်ဝေးလာခဲ့သည်။ နေလုံးသည်လည်းတောင်စောင်းပေါ်၌ မေးတင်ကာငုပ်လျှိုးပျောက်ကွယ်တော့ မည်ဖြစ်သည်။ ဖိုးထူးလညစက်ဘီးကိုခပ်မြန်မြန် နင်းလာရင်းသင်္ချိုင်းဟောင်းအနီးသို့ ...

ပေါ့။ လှယဉ်ကလည်း ကျုပ်လိုပဲဗျ။ လူအလစ်မှာ ကျုပ်ကို မသိ မသာ ခိုးကြည့်တယ်။ တိုတိုပြောကြပါစို့ဗျာ။ ဘိုးအောင်စိန်ရဲ့ အလှူအပြီးမှာ သူ့သမီး လှယဉ်နဲ့ ကျုပ်နဲ့ သမီးရည်းစားတွေ ဖြစ် ကြတာပေါ့ဗျာ။ လူသတင်း လူချင်းဆောင် ဆိုတဲ့အတိုင်းပေါ့ဗျာ။ လှယဉ်နဲ့ ကျုပ်နဲ့ ကြိုက်နေကြတဲ့သတင်းကို လူချင်းဆောင် ကြရင်းနဲ့ ဘန့်ဘွေးကုန်းရော၊ ထနောင်း ကုန်းရော သိကုန်ကြတာပေါ့။ ကျုပ်တို့ရွာဦးဘုရားလေးမှာ လှယဉ်နဲ့ ကျုပ်နဲ့ တစ်ခါတလေ ချိန်းတွေ့ကြတယ်။ ထူးတော့ ထူးသားဗျ ။ အဲဒီလိုတွေ့တဲ့ အခါတိုင်း လှယဉ်က ...