ကျက်ရွာသို့အလည်တစ်ခေါက်

ရုန်းကန်နေကြလေသည်။

“ဟဲ့နွား ဘယ်လိုဖြစ်နေတာလဲ”

“ဖြန်း ဖြန်း”

ကြိမ်လုံးဖြင့်ခပ်စပ်စပ်ရိုက်လိုက်မှ
နွားများကထိုရွာထဲသို့ ဝင်သွားသည်။

“ချလွင် ချလွင် ”

နွားခြူသံကြားသဖြင့် ထိုရွာထဲ၌
သွားလာနေကြသောရွာသူရွာသား
များကဦးသာထွန်းတို့ သားအဖအား
ဝိုင်းပြီးကြည့်နေကြလေသည်။

ဦးသာထွန်းလည်းနွားလှည်းကို
ဖြည်းဖြည်းလေးမောင်းဝင်လာခဲ့သည်။

“မိတ်ဆွေ မိတ်ဆွေကိုတစ်ခုလောက်
မေးပါရစေဗျ”

ဦးသာထွန်းက ရွာသားတစ်ယောက်အား
လှည်းပေါ်မှမဆင်းပဲ မေးလိုက်သည်။

“ဟုတ် မေးပါ ဘာများလဲမသိဘူး”

“ဟုတ် ကျုပ်တို့ကကြက်မနိုင်ရွာကပါ
ဒီနေ့အိမ်ပြန်ရင်း လမ်းမှာလာသလား
မသိဘူးဗျာ၊အိမ်ပြန်မယ့်လမ်းကိုအခုထိ
ရှာလို့ကိုမရဘူးဖြစ်နေတယ်။
အခုဒီရှာကဘာရှာလဲ မသိဘူး”

“ဒါသံခနက်ရွာလို့ခေါ်တယ်
မိတ်ဆွေပြောတဲ့ ကြက်မနိုင်ရွာဆိုတာ
ကျုပ်ဖြင့်ကြားတောင်မကြားဖူးဘူး”

“ဟုတ်လား ကျုပ်လည်းဒီရွာကို
ကြားလည်းမကြားဖူးသလို
ရောက်လည်းမရောက်ဖူးဘူးဗျာ။
ခက်တော့ခက်နေပြီဗျာ
ရွာကိုဘယ်လိုတောင်ပြန်ရမလဲ မသိတော့ဘူး။
ဗိုက်တွေလည်းဆာလှပြီ အိမ်ကမိန်းမလည်းမျှော်နေရော့မယ်”

“မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင်
ကျုပ်အိမ်မှာတစ်ညအိပ်သွားကြပါလား။
ကျုပ်ဖိတ်ခေါ်ပါတယ်”

“နေနေ နေပါ ကျုပ်တို့အားနာလို့ပါ”

“ဟာဘာမှအားနာစရာမလိုပါဘူးဗျာ
ကျုပ်အိမ်မှာကျုပ်တစ်ယောက်တည်း
နေတာဗျ။
အိပ်ဖို့နေရာလည်းအကျယ်ကြီး
ခင်ဗျားတို့သားအဖနှစ်ယောက်
လွတ်လွတ်လပ်လပ်အိပ်လို့ရပါတယ်ဗျ။
ပြီးတော့စားစရာသောက်စရာအတွက်
လည်းမပူနဲ့အိမ်မှာအလျှံပယ်
ရှိပြီးသား ကျုပ်နဲ့သာလိုက်ခဲ့ ခင်ဗျားတို့သားအဖကို ဧည့်ခံပါရစေ”

“ဒါဖြင့်ရင်လည်း ဒီနေ့တော့
ဟောဒီကမိတ်ဆွေကြီးအိမ်ကိုပဲ
လိုက်ပြီးတည်းတော့မယ်ဗျာ”

“အဖေ ဖြစ်ပါ့မလားဗျ
တစ်ခါမှလည်း မတွေ့ဘူးမမြင်ဖူးပဲနဲ့”

“ဘယ်လိုပြောလိုက်တာလဲသားရာ
ဟောဒီကမိတ်ဆွေကိုအားနာစရာ”

“ရပါတယ် ကိစ္စမရှိပါဘူး
ဟောဒီကမောင်ရင်အနေနဲ့ ဦးအိမ်ကို
ယုံယုံကြည်ကြည်နဲ့လိုက်ခဲ့လို့
ရပါတယ်။
ဦးကကိုက်မစားပါဘူးကွ ”

“ဟုတ်ကဲ့ ကျွန်တော်အခုလိုပြောမိလို့
စိတ်မရှိပါနဲ့နော် ဦးလေး”

“ရပါတယ် ငါ့တူရယ် ကိစ္စမရှိပါဘူး
ဒါနဲ့ ဦးလေးလှည်းပေါ်တက်လိုက်ခဲ့
မယ်နော်၊ဦးလေးအိမ်က ဟိုးအရှေ့နားဆိုရောက်ပြီ”

“ဟုတ်ကဲ့”

“ဟဲ့နွား သွားစမ်း”

ဦးသာထွန်းလည်း နွားလှည်းအား
ထိုလူနေသည့် အိမ်ရှေ့အထိမောင်း
နှင်လာခဲ့သည်။

“ဒါကျုပ်အိမ်ပဲဗျ
နွားတွေကိုဖြုတ်ပြီး ဟောဟိုကသစ်ပင်မှာချည်ထားလိုက်ပါ။
ပြီးရင်ကျုပ်အိမ်ထဲဝင်ခဲ့ကြပေါ့
ကျုပ်ခင်ဗျားတို့သားအဖ စားဖို့သောက်ဖို့
ထမင်းနဲ့ဟင်းတွေ သွားလုပ်လိုက်ဦးမယ်”

“ကျေးဇူးတင်ပါတယ်ဗျာ”

“သားရေ မင်းစိန် နွားတွေဖြုတ်ပြီး
ဟောဟိုကသစ်ပင်မှာသွားချည်လိုက်
ပြီးရင်အိမ်ထဲလိုက်ခဲ့တော့။
အဖေစောင့်နေမယ် သား”

“ဟုတ်အဖေ”

မင်းစိန်လည်း နွားနှစ်ကောင်အား
လှည်းဖြုတ်ပြီးသစ်ပင်၌ သွားချည်
လိုက်သည်။

ဦးသာထွန်းလည်း အိမ်ထဲသို့ဝင်ပြီး
တန်းလျားတစ်ခု၌ဝင်ထိုင်လိုက်သည်။

“အင်း…အိမ်ကြီးကတော့ရှယ်ပဲ
ပိုက်ဆံတော်တော်ချမ်းသာမယ့်ပုံပဲ”

ဦးသာထွန်းစိတ်ထဲမှအိမ်ကြီးအား
ကြည့်ပြီးတွေးတောမိလိုက်သည်။

“ဟာ စောင့်နေရတာကြာပြီလား
အားနာလိုက်တာဗျာ”

“ဟာ အားမနာရပါဘူး
ရပါတယ် အေးဆေးပဲလုပ်ပါ”

“ခဏလေးဗျို့ ဟင်းတွေသွားယူလိုက်ဦးမယ်
ဒါနဲ့ခင်ဗျားသားရော”

“နွားဖြုတ်ဖို့ကျန်ခဲ့လေရဲ့”

“အဖေ”

“ဟောပြောရင်းဆိုရင်းလာပါပြီဗျာ”

“ငါ့တူခဏလေးစောင့်နော်
ဦးလေးဟင်းတွေခပ်လိုက်ဦးမယ်ကွ။

“ဟုတ်ကဲ့ ဦးလေး”

“သားလာ ထိုင် ထိုင်”

“အဖေ အိမ်ကြီးကတော့မိုက်တယ်နော်”

“အေးကွ အတော်ချမ်းသာမယ့်ပုံပဲကွ
တော်ရုံလူ ဒီလိုအိမ်မျိုးမဆောက်နိုင်ဘူး”

“အမေတော့ကျုပ်တို့သားအဖကို
စိတ်ပူနေရော့မယ် ”

“အေးပေါ့ သားရယ်
ဘယ်တတ်နိုင်မလဲ ဒီတစ်ညတော့
ဒီမှာပဲအိပ်ရတော့မှာပေါ့ကွာ”

“ဟင်းတွေရပါပြီဗျာရပါပြီ စားကြပါဦး

“ဟင်းတွေကဒီလောက်အများကြီး
ကျုပ်တို့သားအဖနှစ်ယောက်တည်း
ဘယ်လိုလုပ်ကုန်မှာလဲဗျာ။
အားနာစရာပဲဗျာ ”

“စားစေချင်လို့ အကုန်ချထားတာ
အားမနာနဲ့ကုန်အောင်သာစား
လိုချင်ရင်ထပ်ချပေးဦးမှာ ”

“တော်ပါပြီဗျာ ဒီလောက်ဆို
လုံလောက်နေပါပြီ ”

“ဒါနဲ့ခင်ဗျားနာမည်ကဘာလဲဗျ
ကျုပ်မမေးမိသေးဘူး”

“သြော် ဟုတ်သားပဲ နာမည်ပြောဖို့
မေ့နေလိုက်တာ။ကျုပ်နာမည်က
ဦးသာထွန်းတဲ့ဟောဒါကကျုပ်သား
မောင်မင်းစိန်တဲ့ ဒီကမိတ်ဆွေရဲ့
နာမည်ကရော ”

“ကျုပ်နာမည်က ကိုဘမှန်တဲ့
သံခနက်ရွာသား ပဲဗျ။

“သြော် ဟုတ်”

“ထမင်းတွေဟင်းတွေ အေးကုန်လိမ့်မယ်
ပူတုန်းလေးစားလိုက်ကြဦး”

“ဟုတ်ကဲ့ ”

ဦးသာထွန်းနှင့်မင်းစိန်လည်း
စားပွဲပေါ်မှ အငွေ့တထောင်းထောင်း
ထနေသော ဟင်းများအားကြည့်ပြီး
သွားရေကျနေတော့သည်။

“သား ထည့်စား”

“ဟုတ်အဖေ”

“စားနော် ကောင်လေး ဘာမှအားမနာနဲ့။

“ဟုတ်ကဲ့ ဦးလေး”

ဦးသာထွန်းလည်း ပထမတစ်လုပ်၌ပင်
အရသာတွေ့သွားသဖြင့် ဟင်းများအား
တစ်မျိုးပြီးတစ်မျိုးလူးစားတော့သည်။

မင်းစိန်သည်လည်း ဗိုက်ဆာနေသဖြင့်
ထမင်းတစ်ပန်းကန်အား ခဏနဲ့ပင်
ကုန်ဆုံးသွားလေသည်။

“ငါ့တူ ထမင်းလိုချင်သေးရင်
ဘေးမှာ အရံပွဲရှိသေးတယ် ထည့်စားနော်’

“ဟုတ်ကဲ့ဗျ”

မင်းစိန်လည်းရှက်မနေနိုင်တောပဲ
ထမင်းအားထပ်မံယူပြီးစားလိုက်သည်။
သားအဖနှစ်ယောက်စားကောင်းကောင်း
နှင့်မြိန်ရေယှက်ရေစားလိုက်ကြသည်။

စားပွဲပေါ်မှဟင်းများလည်း
ပြောင်သလင်းခါသွားလေသည်။
အရံပွဲထဲမှထမင်းများလည်း
ကုန်စင်သွားသည်။

“အဟဲ စားကောင်းကောင်းနဲ့
စားလိုက်တာ ထမင်းတွေဟင်းတွေ
အားလုံးပြောင်ရော ဘာမှမကျန်
တော့ဘူး။

“ကိစ္စမရှိပါဘူးဗျာ ကျုပ်က
ခင်ဗျားတို့အခုလိုစားတာကြည့်ပြီး
ပီတိဖြစ်နေတာဗျ။

“အားပါးပါး ထမင်းစားပြီး
ထမင်းဆိပ်တက်လို့လားမသိဘူး
မျက်တောင်တောင်စဉ်းလာပြီ
အိပ်ချင်တယ် အဖေရာ ကျုပ်တော့ဒီမှာပဲအိပ်လိုက်တော့မယ်”

“အေးအေး အဖေကဟိုဘက်
တန်းလျားမှာအိပ်လိုက်မယ် သား”

“ခေါင်းဦးယူပေးမယ် ငါ့တူ
ဒီအတိုင်းကြီးမအိပ်နဲ့ ခေါင်းတွေနာလိမ့်မယ် ”

အိမ်ရှင်ဦးဘမှန်က အခန်းထဲဝင်သွားပြီး
ခေါင်းအုံးနှစ်လုံးယူလာသည်။

“ရော့ ခေါင်းအုံးတွေ အုံးအိပ်ကြ”

“ကျေးဇူးပါဗျာ ရော့မင်းစိန်ဒီမှာခေါင်းအုံး”

“ဟုတ်အဖေ”

“ကဲ ခင်ဗျားတို့သားအဖလည်းအိပ်တော့
ကျုပ်လည်းအိပ်တော့မယ်ဗျာ”

“ကောင်းပါပြီ”

ဦးသာထွန်းတို့သားအဖလည်း
ခေါင်းအုံးပေါ်မှေးလိုက်သည်နှင့်
ချက်ချင်းပင်အိပ်ပျော်သွားကြသည်။

============

“က်လိ က်လိ က်လိ”

“ပွတ် ပွတ် ပွတ်”

“အအ အအ ”

ဆူညံသည့်ကျေးငှက်အော်သံများကြောင့်
ဦးသာထွန်းနိုးလာခဲ့သည်။
စူးရှသည့်နေရောင်ကမျက်နှာအား
ထိုးနေသဖြင့်လက်ဖြင့်ကာထားလိုက်ရ
သည်။

“ဟင်…ဘာ ဘာ ဘာကြီးလဲ”

“ဘယ် ဘယ်နေရာကြီးလဲ”

ဦးသာထွန်းတစ်ယောက် ထိတ်ထိတ်
လန့်လန့်ဖြစ်ပြီး အံ့သြနေမိသည်။

“သား သား ထ ထစမ်း ထစမ်း”

“ဟင်း ဘာလဲဗျာ အဖေကလည်း
အိပ်ကောင်းနေပါတယ်ဆိုမှ။

“ထစမ်းလို့ ထစမ်း မင်းဘိုးတော်ကြီးကိုအိပ်ကောင်းပါလား
ကြည့်ဦး ဒါဘယ်နေရာကြီးလဲဆိုတာ”

မင်းစိန်လည်းအိပ်ချက်မူးတူးဖြင့်
မျက်စိနှစ်ဖက်ကိုပွတ်သပ်ပြီး
ကြည့်လိုက်သည်။

“ဟာ…သင်္ချိုင်းကြီးပါလားဗျ။
ဘယ်လိုလုပ်ကျုပ်တို့ ဒီနေရာကိုရောက်
နေတာလဲအဖေရ။

“အောင်မယ်လေး လူအရိုးခေါင်းကြီး”

မင်းစိန်လန့်ပြီး အော်လိုက်မိသည်
သူမနေ့ညကအိပ်ခဲ့သည့်နေရာမှာ
တန်းလျားမဟုတ်ပဲ မြေပုံအဟောင်းကြီး
ဖြစ်နေသည်။
အုံးပြီးအိပ်ခဲ့သည့် ခေါင်းအုံးမှာ
ခေါင်းအုံးမဟုတ်ပဲ လူ၏အရိုးခေါင်းကြီး
ဖြစ်နေသည်။

“အဖေသိပြီ သား ဒါ ဒါ
ကျတ်တွေလှည့်စားတာကို အဖေတို့
ခံခဲ့ရတာပဲ။

“ဗျာ…ကျတ်တွေ ဟုတ်လား”

“ဟုတ်တယ် သား အဖေတို့ကို
မနေ့ညကမျက်စိလည်လမ်းမှားအောင်
လုပ်ပြီးသူတို့ရွာကိုဝင်စေတာ
ကျတ်တွေလှည့်စားလိုက်တာပဲ။
အဖေကြားဖူးတယ် ကျတ်တွေက
လူတွေကိုမျက်စိမှောက်အောင်လုပ်ပြီး
ရွာကြီးတစ်ရွာအသွင်ကိုဖန်ဆင်း
တတ်ကြတယ်တဲ့။
အဲ့လိုနဲ့သူတို့ရွာထဲကိုလူတွေကို
ဖိတ်ခေါ်ပြီးဧည့်ခံကျွေးမွေးတတ်ကြ
တယ်လို့ လူကြီးသူမတွေပြောတာကြားဖူးတယ် ”

“ဒါ ဒါဆို မေန့ညက
ကျုပ်တို့သားအဖရောက်ခဲ့တာ
ကျတ်ရွာကြီးပေါ့ဟုတ်လားအဖေ။

“သိပ်ဟုတ်တာပေါ့ကွာ
တော်သေးတာပေါ့ လူကိုဘာမှလုပ်မသွား
ကြတာ။
လာသားရွာကိုပြန်ကြမယ် ”

“ဟုတ်အဖေ”

မင်းစိန်လည်းသင်္ချိုင်းဟောင်းကြီးကို
ကြည့်ပြီးကြောက်ရွံ့နေမိတော့သည်။

မနေ့ညကနွားချည်ထားသည့်
သစ်ပင်အားကြည့်လိုက်တော့
နွားနှစ်ကောင်ကအသက်ရှင်လျက်ရှိနေ
သည်။
နွားများကိုကြိုးဖြည်ပြီး လှည်း၌တပ်ဆင်လိုက်သည်။
ထို့နောက် ဦးသာထွန်းတို့သားအဖလည်း
ကြက်မနိုင်ရွာအားပြန်လာခဲ့ကြသည်။

ရွာကိုပြန်ရောက်တော့
တစ်ညလုံးမအိပ်ပဲ စိတ်ပူနေသည့်
ဒေါ်သန်းခင်အား အဖြစ်အပျက်
အလုံးစုံအားပြောပြလိုက်သည်။

ဒေါ်သန်းခင်လည်း ခင်ပွန်းသည်နှင့်
သားဖြစ်သူ၏အဖြစ်အားနားထောင်ပြီး
အံ့သြနေမိတော့သည်။

ထို့နောက် ဒေါ်သန်းခင်က
ပရိတ်ရေပုလင်းထဲမှပရိတ်ရေအနည်း
စီအား ဦးသာထွန်းနှင့်မင်းစိန်အား
တိုက်လိုက်သည်။

ပရိတ်ရေသောက်ပြီးသည်နှင့်
သားအဖနှစ်ယောက်လုံး ထိုးအန်ကြ
လေသည်။
မည်းမည်းပျစ်ပျစ်အဖက်များနှင့်အတူ
လောက်ကောင်များအားအတိုင်းသား
တွေ့မြင်လိုက်ရသည်။

ဦးသာထွန်းနှင့်မင်းစိန်လည်း
သူတို့စားသောက်ခဲ့သည့်အရာများမှာ
ထိုအရာတွေဖြစ်မှန်းသိရှိသွားပြီး
နောက်ထပ်ထပ်မံပြီး အန်ကြလေသည်။

တနေကုန်ဘာမှမစားနိုင်ပဲ
ထိုအကြောင်းကိုသာပြန်တွေးနေမိကြ
သည်။
ကျတ်ရွာကြီးသို့ အလည်တစ်ခေါက်
ရောက်ခဲ့ကြသည့် ဦးသာထွန်းတို့သားအဖ၏အကြောင်းအား
ကြက်မနိုင်ရွာတစ်ရွာလုံး ပြောမဆုံးပေါင်
တောသုံးတောင် ဖြစ်နေတော့သည်။

ပြီးပါပြီ။ ။
လိုအပ်ချက်များအားနားလည်ပေးပါ
လက်မလေးတွေ အသည်းလေးတွေပေးခဲ့ကြဦးနော်.

ဆရာ#အောင်ဓူဝံ