နေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ အသက်ရှူကြပ်သလို ခံစားနေရတယ်။ ကျွန်မရဲ့မြင်ကွင်းထဲမှာ ကားအကြီးကြီးနှစ်စီး တိုက်မိတာ ကို မြင်နေရတယ်။ ကားပေါ်က လူတွေလည်း လွင့်စဉ်ထွက်ကုန်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်သလို ဖြစ်နေရပါတယ်။ အဖြစ်အပျက် တွေကို ရပ်ကြည့်နေရင်းက “အိမ်ထဲဝင်လေ- ဘာတွေကြည့်နေတာလဲ” အသံကြား၍ ကျွန်မလည်း အိမ်ထဲ ...
မြောက်တဲ့ နေ့မှာပဲကျွန်မတို့ ရွာအပြင်ဖက်မှာ လူသေအလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။ သေတဲ့လူကကျွန်မတို့ရွာကမဟုတ်ဘူး။ ဘယ်ကမှန်းမသိအောင်ရုပ် ပျက်ဆင်းပျက်ဖြစ်နေပြီ။ အဲ့ဒီခေတ်တုန်းက လမ်းပန်းဆက်သွယ်ရေးကသိပ်ပြီးခက်ခဲတော့ မြို့ရဲစခန်းကိုအကြောင်းကြားဖို့ တစ်ညအိပ်သွားရတယ်။ ရွာတွေမှာဖုန်းမရှိဘူး။ မြို့ပေါ်မှာတောင် ဖုန်းကနေရာတိုင်းမရှိတဲ့ အချိန်ပေါ့။ ဦးအံ့မောင်က သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူကိုယ်တိုင် မြို့တက်သွားပြီးအကြောင်းသွားကြားခဲ့တယ်။ အလောင်းကတော့ ပိုင်ရှင်ဘယ်သူမှန်းလဲမသိ၊ လူသတ်မှုဆိုသက်သေပျက်မှာစိုးလို့ မထိမကိုင်ရဆိုတော့ တွေ့တဲ့အတိုင်းပဲထားထားကြတာပေါ့။ အလောင်းကိုစောင့်ဖို့ ရွာကကာလသားတွေကိုတာဝန်ပေးတယ်။ အလောင်းစောင့်မယ့်သူက ၈ယောက်။ ရွာမှာကာလသားတွေကအလောင်းစောင့်ကြပြီ။ အဲ့ထဲမှာ ကျွန်မ ရည်းစားကိုသက်နောင်ကတော့မပါဘူး။ သူ့တာဝန်က ကင်းတဲ စောင့်ရတာ။ ရွာထိပ်မှာကင်းတဲက။ အလောင်းစောင့်တဲ့ကာလသား တွေနဲ့ သိပ်မဝေးဘူး။ ကင်းတဲမှာကိုသက်နောင်နဲ့ ...
နို့ထွက်နေခြင်းဖြစ်သည်။ သာမန်သားသည်အမေတွေ လိုပုံမှန်နို့ထွက်သည်။ နို့ကို ညှစ်ပစ်ရခြင်းမျိုးလည်း မရှိခဲ့ချေ။ ထိုအခြေအနေများကြောင့် လူခြောက်ကလေးဟု ထင်မြင်ချက်က ပို၍ ခိုင်မြဲသွားလေသည်။ အမေပြောပြောပြ၍မခင်မွှေးသည်လည်းလူခြောက်ကလေးကိုသူမ၏ သက်ရှိမောင်လေးသဖွယ်ထင်မြင်ယူဆထားခဲ့လေသည်။ အမေက သူ့သား လူခြောက်ကလေးနှင့် အိပ်မက်ထဲတွင် တွေ့ရပုံများအား ပြောပြောပြတတ် လေသည်။ သည်လိုနှင့် သာမန်လူသားတစ်ဦးကို နာမည်ပေးသလို လူခြောက် ကလေးကို နာမည်ပေးခဲ့ကြသည်။ ဗုဒ္ဓဟူးသားလေးဖြစ်၍ မောင်လူမွှေးဟုမှည့်ခေါ်ထားခဲ့လေသည်။ မခင်မွှေးတို့နေထိုင်ရာမြင်သာရွာတွင်လူခြောက်အဖြစ်မွေးဖွားလာသူ မှာမောင်လူမွှေးတစ်ယောက်သာရှိသည်။ ယခင်က ဘယ်မိခင်မှလူခြောက် မမွေးဖွားဘူးကြချေ။ လူခြောက်မမွေးဘူးသော်လည်းလူခြောက်အယူအဆ ကိုတော့ လက်ခံယုံကြည်ကြသည်။ လူခြောက်တို့သည် ညပိုင်းတွင် မိခင် ဖြစ်သူနှင့် ...
တစ်ရွာလုံးသိသွားပြီး အရီးသေးတင်ကိုလည်း သူကြီးဦးနောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။ “ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ… ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန် လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း မိန်းမသားအချင်းချင်းပြောကြပါဦး” “ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်… အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက မတိုးဘူးဖြစ်နေတာတော့်” အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. ...
တစ်ရွာလုံး ဝက်ဝက်ကွဲငိုလိုက်ကြတာ သူမ အသိပဲလေ။ ဒါကြောင့် ဆရာမကြီးကို ပြောပြဖို့ အစီအစဉ်ပြန်ရုပ်သိမ်းလိုက်တယ်။ သူငယ်ချင်းဆရာမသက်ထားဆွေနဲ့တိုင်ပင် ကြည့်တယ်။ သက်ထားဆွေကလည်း ငယ်သေးတော့ အကြံကောင်းဉာဏ်ကောင်းမပေးနိုင်။ ဒေါ်တင့်တင့်ထွန်း တစ်ညလုံးအိပ်မပျော်ဖြစ် နေသည်။ မိဘတွေကို မေးကြည့်ဖို့စဉ်းစားမိသော်လည်း အသက်ကြီးသူတွေကို ဒုက္ခမပေးလိုတော့ ၍ မမေးဖြစ်ပေ။ အိပ်မပျော်မယ့်အတူတူ အိမ်မှာ ရှိသမျှ စာအုပ်၊ စာစောင်များကို ဖတ်ဖြစ်သည်။ စာအုပ်များကိုဖတ်ရာမှ ဘာလုပ်သင့်သည်ကို သတိထားမိသည်။ စာတစ်ကြောင်း၊ စာတစ်ပုဒ် သည်ပင် တစ်ခါတစ်ရံ ဆရာသမားတစ်ဦးထက် ပို၍အရာရောက်ကြောင်း သဘောပေါက်မိသည်။ တစ်ညလုံး အိပ်မပျော်၍ ...
ချိုးပြီးအဝတ်အစားလဲမှာ ။ကျုပ်လာရင်းကိစ္စသာပြောတော့မယ်” “အေးပါကွယ်…။ဒါဆိုလည်း ပြောပြော” ဘွားမယ်စိန်ပေးသော တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။ ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။ “သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ” “ဘယ်ကဧည့်သည်လည်းမောင်အုန်း” “သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ” “အမ်း…။အခုလာတာကဘာကြောင့်လဲ” “အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး… ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ” “ဒေါက်…” “အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ” ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။ ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။ “ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်” “အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက ...
မီးဖိုခန်းထဲမှထွက်လာခဲ့ကြ၏။ “အမေ…ကျုပ်တို့အဝေရာရွက်လေးသွားခူးဦးမယ်… နေ့လယ်စာကိုခရမ်းချဥ်သီးငါးပိချက်လေးချက်မှာမလို့လေ…” “အေး…အေး…သွားကြလေ” “ဟုတ်…ဒါဆိုရင်သွားပြီအမေရေ… အမေ့မြေးမကလည်းလိုက်ချင်တာနဲ့ ကျုပ်ခေါ်သွားပြီ” ဟုဒေါ်ဝင်းကပြောလိုက်သည်။ “ဟဲ့…နေဦး မိဝင်း…” “ဘာလဲအမေ…ကျုပ်ကိုဘာခိုင်းချင်လို့လဲ” “ဘာမှမခိုင်းဘူး… ညည်းရဲ့တူ …မောင်တိုးနဲ့မောင်အုန်းတွေ့ရင်သာ အိမ်ကိုလာခိုင်းလိုက်ဦး… အမေပြောစရာရှိတယ်လို့ပြောလိုက်…ကြားလားမိဝင်း” “ဟုတ်ကျုပ်ဝင်ပြောခဲ့မယ်အမေ…” ဟုပြောကာဒေါ်ဝင်းနဲ့နန်းကြိုင်တို့အိမ်ဝိုင်းထဲမှ ထွက်လာခဲ့ကြသည်။ “အမေ…ဘွားက ကျုပ်တို့ကိုကျစကားမပြောဘဲ ကိုကြီးတိုးတို့ကိုကျဘာများပြောမလို့တုန်း” “သြော်…ညည်းအဘွားအကြောင်းလည်းသိရဲ့သားနဲ့… ဟိုနှစ်ကောင်ကိုခေါ်ကတည်းက ခရီးသွားတော့မယ်ဆိုတာ သိသာနေပြီပဲသမီးရဲ့” “အင်းနော်…အမေပြောတာလည်းဟုတ်တာပဲ…” “မမဝင်း…ဘယ်တုန်း” “မောင်တိုးတို့အိမ်ဘက်ကိုအမေခိုင်းလိုက်လို့ပါအေ” လမ်း၌ဆုံသောရွာသူတစ်ယောက်၏အမေးကို ဒေါ်ဝင်းဖြေလိုက်ပြီး ဆက်လျှောက်လာခဲ့တော့သည်။ မောင်တိုးရဲ့အိမ်ဆီကိုရောက်တော့… “ဟိုကောင်လေး…စောစောစီးစီးရေတွေချိုးလို့ပါလား” ရေချိုးနေသောမောင်တိုးကိုမြင်တော့ဒေါ်ဝင်းက ပြောလိုက်သည်။ “ဟာ..အရီးနဲ့နန်းကြိုင်တို့ပါလား… ကျုပ်ကကောက်ရိုးတွေသယ်ထားလို့ရေချိုးနေတာပါအရီးရဲ့ ဒါနဲ့…အရီးတို့သားအမိကဘယ်သွားကြမလို့တုန်း” “သွားမှာကတော့အဝေရာရွက်ခူးမလို့ပဲမောင်တိုးရဲ့… ...
ခါပေးလေတော့… “ကျုပ်…ရွာထဲပြန်တော့မယ်…………” ဟု…မိသဲကပြောလေရာ… “နေပါဦးသမီးရဲ့…တော်နေဆို နေစောင်းတော့မှာ အဖေတို့နဲ့မှအတူတူပြန်ကြတာပေါ့…” “ကျုပ်ပြန်ချင်ပြီ…ပြန်တော့မယ်………” ကိုဘသာ၏စကားကိုမိသဲနားမထောင်ခဲ့။ ပြောချင်ရာပြောပြီး ရွာဘက်ကိုထွက်သွားတော့၏။ “ဟဲ့..မိသဲ….ဒါကဘယ်လဲ…ကိုဘသာတော့်သမီး ဘယ်သွားတာလဲ” မမြင့်စိန် မိသဲကိုအော်ခေါ်ပါသော်လည်း မိသဲက ပြန်မဖြေ၍ ကိုဘသာကို မမြင့်စိန်မေးလေတော့သည်။ “နင့်သမီးရွာပြန်ချင်တယ်ဆိုပြီးပြန်သွားတာပဲ… ထားလိုက်ပါ…တော်နေဆို တို့တွေလည်းအလုပ်နားတော့မှာပဲဟာ” ကိုဘသာစကားကြောင့် မမြင့်စိန်၏မျက်စောင်းသည် ကိုဘသာထံကျရောက်လာခဲ့တော့၏။ အချိန်အတော်ကြာလေတော့ သောင်ထွန်းရွာထဲဆီမှ မောင်တိုးတယောက် အပြေးတပိုင်းဖြင့် ကိုဘသာတို့ထံရောက်ချလာလေသည်။ “ကိုဘသာ…ကိုဘသာ………” “ဟေ……..မောင်တိုး မင်းဘာလို့ပြေးလာရတာလဲ… ရွာမှာဘာဖြစ်လို့လဲဟ” “ရွာထဲက ကိုသောင်းညွှန့်အိမ်မှာ ကိုဘသာသမီးသောင်းကျန်းနေလို့ဗျ… သောင်းကျန်းနေလို့……..” “ဟေ……….ငါ့သမီးက” “ဟုတ်တယ်ဗျ..တော်တော်ထိန်းရခက်နေတာ…။ အဲ့တာကြောင့်… ...
နေတုန်း တစ်ခုံကျော်က သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး ဝင်ပြောလိုက်သေးတယ် “ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော် သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊ အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊ ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ အခုတော့ လူပါသေရပြီ ” “ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့ ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ… ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး ကားအောက်ထဲချိတ်ပါသွားရှာတာ…. ” “ မင်းတို့တော့မသိဘူး အဲ့နေ့က ...
၊ ညိုညိုချောချော မိန်းမ တစ်ယောက်ပဲဗျ” “ဟုတ်ပါတယ် ဆရာ” “အဖေက တရားရုံးက ဘီလစ်စာရေးကြီးပဲ၊ အမေက အိမ်မှာ ဆိုင်ဖွင့်ပြီး စျေးရောင်းကြ တယ်၊ သားသမီးဆိုလို့ မမြရီတစ်ယောက်ပဲ ထွန်းကားတာကလား” “ဟုတ်ပါတယ် ဆရာ” “မမြရီကလည်း မိဘအပေါ် အလွန်သိတတ် တဲ့ သမီးလိမ္မာလေးပါပဲ၊ ဒါပေမဲ့ ခုတလော မမြရီမှာခေါင်းခြောက်စရာလေးတွေ ရှိနေ သဗျ၊အဲဒါကဘာလဲဆိုတော့ကိုဘလှဆိုတဲ့ သူငယ်တစ်ယောက်က မမြရီကို လက်ထပ် လိုတဲ့အကြောင်း ခွင့်တောင်းလာတာကိုဗျ။ ဒါပေမဲ့ ခက်နေတာက ကိုအောင်ဒွန်းဆိုတဲ့ သူဋ္ဌေးသားတစ်ယောက်ကလည်း မမြရီကို လက်ထပ်ခွင့်တောင်းနေပြန်ရောဗျ၊ ...