နို့ထွက်နေခြင်းဖြစ်သည်။ သာမန်သားသည်အမေတွေ လိုပုံမှန်နို့ထွက်သည်။ နို့ကို ညှစ်ပစ်ရခြင်းမျိုးလည်း မရှိခဲ့ချေ။
ထိုအခြေအနေများကြောင့် လူခြောက်ကလေးဟု ထင်မြင်ချက်က ပို၍
ခိုင်မြဲသွားလေသည်။
အမေပြောပြောပြ၍မခင်မွှေးသည်လည်းလူခြောက်ကလေးကိုသူမ၏
သက်ရှိမောင်လေးသဖွယ်ထင်မြင်ယူဆထားခဲ့လေသည်။ အမေက သူ့သား
လူခြောက်ကလေးနှင့် အိပ်မက်ထဲတွင် တွေ့ရပုံများအား ပြောပြောပြတတ် လေသည်။
သည်လိုနှင့် သာမန်လူသားတစ်ဦးကို နာမည်ပေးသလို လူခြောက် ကလေးကို နာမည်ပေးခဲ့ကြသည်။
ဗုဒ္ဓဟူးသားလေးဖြစ်၍ မောင်လူမွှေးဟုမှည့်ခေါ်ထားခဲ့လေသည်။
မခင်မွှေးတို့နေထိုင်ရာမြင်သာရွာတွင်လူခြောက်အဖြစ်မွေးဖွားလာသူ မှာမောင်လူမွှေးတစ်ယောက်သာရှိသည်။ ယခင်က ဘယ်မိခင်မှလူခြောက်
မမွေးဖွားဘူးကြချေ။
လူခြောက်မမွေးဘူးသော်လည်းလူခြောက်အယူအဆ
ကိုတော့ လက်ခံယုံကြည်ကြသည်။ လူခြောက်တို့သည် ညပိုင်းတွင် မိခင် ဖြစ်သူနှင့် အိပ်မက်ထဲတွင် တွေ့ဆုံတတ်ပုံ။ သူတို့အလိုရှိရာကိုမိခင်များအား အိပ်မက်ထဲတွင် ပြောပြပုံများကို ပုံပြင်သဖွယ် ယခင်ကတည်းက ကြားနာဖူး ကြသည်။
လူခြောက်သည် မိဘများအား ကောင်းကျိုးပေးသည်။ လူခြောက်မွေး လျှင် လာဘ်ကောင်းသည်ဟူသည့် အယူအဆကိုလည်း ယုံကြည်ကြလေ သည်။
လူခြောက်ကလေး မောင်လူမွှေးက တစ်နေ့တွင် ဦးကျောက်ခဲနှင့် ဒေါ်မြင့်တို့မိသားစုအားကောင်းကျိုးပေးလိမ့်မည်ဟုတစ်ရွာလုံးကပြောကြ
လေသည်။
သည်လိုနှင့် – မောင်လူမွှေးကိုတကယ့်သက်ရှိကလေးတစ်ယောက်ကို မွေးသည့်သဖွယ်မွေးလာခဲ့လေသည်။ဒေါ်မြင့်ကလက်တစ်ဝါးအရွယ်ရှိသည့် ထန်းခေါက်ဖာလေးထဲတွင်အောက်ခြေမှာဂွမ်းစနုနုလေးခံကာမောင်လူမွှေး
ကို ထည့်ထားသည်။ ထန်းခေါက်ဖာလေးဘေးတွင် မောင်လူမွှေးကစားရန် အိုးပုတ်၊ ချိုးရုပ်ကလေးများ ချပေးထားသည်။ ဒေါ်မြင့်အပြောအရမောင်လူ မွှေးလေးသည် ညတိုင်း ထိုကစားစရာလေးများနှင့် ကစားသည်ဟုဆို၏။ မောင်လူမွှေးအတွက် အင်္ကျီအဝတ်အစား သေးသေးလေးများကိုလည်း သီးခြားချုပ်လုပ်ကာ ထန်းခေါက်ဖာလေးဘေးတွင် ချပေးထားလေသည်။ အဝတ်အစားများကိုလည်း တစ်နေ့တစ်ကြိမ်လဲလှယ်ပေးလေ၏။ ညဘက် အိပ်မက်ထဲတွင် သူ လဲဝတ်ပေးထားသော အဝတ်အစားလေးများကို ဝတ်
ထားသည့်အတိုင်းမောင်လူမွှေးကိုတွေ့ဆုံရသည်ဟုဒေါ်မြင့်က ဆိုပြန်လေသည်။
သို့ဖြင့်-လူခြောက်ကလေးမောင်လူမွှေးမွေးဖွားပြီး (၂)နှစ်ကြာမြင့်ချိန်
သို့ ရောက်လာခဲ့လေ၏။
မောင်လူမွှေးလေး အသက် (၂)နှစ်အရွယ်ရှိလာပြီဟု ဆိုနိုင်လေ
အသက် (၂)နှစ်တွင် ကလေးများ စကားတီတီတာတာပြောတတ်လာ သည့်အတိုင်း မောင်လူမွှေးသည်လည်း စကားတတ်လာပြီဟု ဒေါ်မြင့်က ပြောပြလေသည်။ မနက်မိုးလင်းတိုင်း ညက အိပ်မက်ထဲတွင် မောင်လူမွှေး ပြောလိုက်သည့် တီတီတာတာစကားလေးများကို ပြန်ပြောပြတတ်လေသည်။
တစ်နေ့တွင် – ဒေါ်မြင့်က ထူးထူးဆန်းဆန်းစကားတစ်ခွန်း ပြောလေ
“ကိုကျောက်ခဲရေ-ညကကျွန်မသားလေးနဲ့တွေ့တော့ အိပ်မက်ထဲမှာ သားလေးမောင်လူမွှေးကကျွန်မလက်ကိုဆွဲပြီးထီဆိုင်တစ်ဆိုင်ကိုခေါ်သွား တယ်တော့။ ထီဆိုင်ကမြို့ကနာရီစင်ကြီးဘေးနားတွင်ရယ်၊ ထီဆိုင်နာမည် တောင်ကျွန်မဖတ်လိုက်သေးတယ်။ နဂါးမင်းထီဆိုင်တဲ့တော့။ မောင်လူမွှေး က ချိတ်ထားတဲ့ ထီစာအုပ်တွေထဲက အောက်ဆုံးတန်း ဘယ်ဖက်အစွန်က ထီအုပ်ကိုယူလိုက်တော့တစ်ရွက်တည်းကျန်တဲ့ထီလက်မှတ်ဖြစ်နေတယ်။ သားလေးကအမေတဲ့၊ ဒီထီလက်မှတ်ကိုထိုးတဲ့၊ သိန်းဆုကြီးပေါက်လိမ့်မယ် တဲ့၊အဲဒီလိုပြောခဲ့တယ်တော်။ကိုကျောက်ခဲ- ရှင်ကမြို့ကိုအရောက်အပေါက် များတော့ မေးရဦးမယ်။ နာရီစင်ကြီးနားမှာ ထီဆိုင်များ ရှိသလားတော့” “ရှိမှာပေါ့မယ် မြင့်ရယ်၊ လူစည်ကားတဲ့ ဈေးကြီးနားတွင်ဟာကိုး၊ ထီ ဆိုင်လည်း ရှိမှာပေါ့”
“ကျုပ်တို့ သွားကြည့်ရအောင်တော်၊ အိပ်မက်ထဲကလို နဂါးမင်းထီဆိုင် ဆိုတာတွေ့ရင် ထိုးလိုက်စမ်းချင်တယ်”
“မယ်မြင့်ရယ်- မင့်ဟာက ထီဆိုင်ကြည့်ရုံနဲ့တော့ မြို့တက်ရမှာ စရိတ်ကုန်ပါတယ်ကွာ” “အို- ကိုကျောက်ခဲ၊ တော်- ဘယ်လိုပြောတာတုံး။ သားလေးက ထီ ပေါက်စေချင်လို့ အိပ်မက်ထဲကနေ အမေ့ကို အသိပေးတာ။ ပေါက်မယ်ဆို လည်း သူပြောတဲ့အပတ်မှာထိုးမှပေါက်မှာရှင့်။ လမ်းစရိတ် နှမြောမနေပါနဲ့ ရှင်ရယ်။ ကျွန်မ စိတ်ထဲမလည်း တကယ်လို့ ထင်နေတယ်။ ရှင် လိုက်မပို့ လည်း ကျွန်မဘာသာ လှေကြုံနဲ့လိုက်သွားမတော်”
အစွဲအလမ်းကြီးလို့အိပ်မက်မက်တာပါကွာ။
ကွာ”
“ကိုင်း – ကိုင်း – မင်း ဒါလောက် စိတ်ဆန္ဒရှိနေလည်း ငါ လိုက်ပို့ပါမယ်
ထိုအခေါက်ကမြို့ကိုသွားတော့မခင်မွှေးလည်းလိုက်ခဲ့ရသည်။ ဒေါ်မြင့်က နာရီစင်ကြီးနားအရောက်တွင် ခြေလှမ်းများပိုသွက်လာကာ အိပ်မက်ထဲက ထီဆိုင်ကိုလိုက်ရှာလေသည်။ထူးဆန်းစွာပင်နာရီစင်ကြီး၏တောင်ဘက်ခြမ်း ဈေးဆိုင်တန်းတွင် အစွန်ဆုံး၌ထီဆိုင်ကိုတွေ့ရလေ၏။ ပို၍ထူးဆန်းသည် ကား ထီဆိုင်အမည်မှာ “နဂါးမင်း” ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
ဒေါ်မြင့်သည် တစ်နှစ်တစ်ခေါက်ပင် မြို့ကိုမရောက်ဖြစ်ပါ။ မြို့ကို သွား စရာရှိလျှင် ဦးကျောက်ခဲသာ သွားမြဲဖြစ်သည်။ ကိစ္စပေါ်ခဲ၍လည်း မြို့ကို ရောက်ခဲ့ကြပါသည်။ ထီဆိုင်ကို အမည်နှင့်တကွ အိပ်မက် မက်ခြင်းသည် မသိစိတ်က စွဲလမ်းလို့ မဖြစ်နိုင်ပေ။
“အို – ကျွန်မ အိပ်မက်ထဲက မြင်ကွင်းတွေကလည်း ဒီအတိုင်းပဲ၊ ဒီ အတိုင်းပဲ”
ဒေါ်မြင့်၏ခြေလှမ်းများက မပြေးရုံတစ်မည်ဖြင့် ထီဆိုင်ဆီရောက်သွား
လေ၏။
“အမယ်လေး – ကိုကျောက်ခဲရေ ကြည့်ပါဦး။ အောက်ဆုံးတန်းဘက် အစွန်က ထီစာအုပ်က တစ်ရွက်တည်းကျန်တော့တာလည်း အိပ်မက်ထဲက အတိုင်းပဲတော့”
ဒေါ်မြင့်ကထိုတစ်ရွက်တည်းကျန်သောထီလက်မှတ်ကိုပင်ယုံကြည်စွာ
ဖြတ်ယူခဲ့လေသည်။
ထိုအပတ်က ထီဖွင့်ပွဲကို ဒေါ်မြင့်ထိုးခဲ့သောထီလက်မှတ်က တစ်သိန်း ဆုပေါက်ကြောင်းကို နဂါးမင်းထီဆိုင်က ရွာအထိလိုက်လာကာ အကြောင်း ကြားပေးခဲ့လေသည်။ထိုခေတ်ကအများဆုံးထီဆုငွေမှာလည်းတစ်သိန်းပင်
ဖြစ်လေသည်။
ထိုအဖြစ်ကလောကကြီးတွင် မောင်လူမွှေးတကယ်အသက်ရှင်လျက် ရှိနေကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ဦးကျောက်ခဲသည်ယခင်က ဇနီးသည်စိတ်ချမ်းသာအောင်လူခြောက် သားငယ် တကယ်ရှိတယ်ဆိုတာကို ယုံကြည်ဟန်ပြခဲ့ခြင်းသာ ဖြစ်သည်။ ဇနီးသည်၏ ယုံကြည်မှုကို မပျက်စေလို၍အလိုလိုက်ကာ ယုံဟန်ဆောင်ခဲ့ ခြင်းဖြစ်သည်။ မောင်လူမွှေးပေးတဲ့အိပ်မက်အရ အိပ်မက်ထဲက ထီဆိုင်ကို နာမည်အတိအကျနှင့်အပြင်မှာတွေ့ရခြင်း၊ သိန်းဆုကြီးတကယ်ပေါက်ခဲ့ခြင်း များကြောင့် ဦးကျောက်ခဲသည် သားငယ်လူခြောက်ကလေး မောင်လူမွှေး တကယ်ရှိနေတယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ရပါတော့သည်။ နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက ပိုလို့ပင် ထူး ဆန်းပါသေးသည်။
မောင်လူမွှေးကအိမ်စီးပွားရေးအတွက်လုပ်ကိုင်ရန်အကြံဉာဏ်များကို ဆက်တိုက်ပေးခဲ့လေသည်။ ပထမဆုံးအနေဖြင့် ထီပေါက်သောငွေဖြင့် စက်တပ်မော်တော်တစ်စီးဝယ်ရန် ထိုမော်တော်ဖြင့် မြင်သာရွာနှင့်မြို့ကို ကုန်ကူးသန်းရန် အကြံပေးခဲ့သည်။ မောင်လူမွှေး အကြံပေးသည့်အတိုင်း လုပ်ခဲ့ရာ ယခင်က မြို့သို့သွားရန်နှင့် ကုန်ပစ္စည်းများတင်ပို့ရန်ရှိလျှင် အခြား ရွာမှမော်တော်ကြုံစောင့်၍စီးရ၊ တင်ရသော မြင်သာရွာသည် ဦးကျောက်ခဲ
တို့၏ မော်တော်ရှိလာသောကြောင့် ကုန်သွယ်သွားလာမှုအဆင်ပြေလာခဲ့ သည်။ ဦးကျောက်ခဲ၊ ဒေါ်မြင့်တို့မိသားစုအတွက်လည်း စီးပွားတက်ခဲ့လေ တော့သည်။
ယခင်က ဦးကျောက်ခဲတို့၏ စီးပွားရေးမှာ သာမန်မျှသာဖြစ်သည်။ နေအိမ်ကလည်း ထရံကာ၊ ဓနိမိုး အိမ်ငယ်လေးမျှသာဖြစ်သည်။ မောင်လူ မွှေးကဘယ်လိုကုန်စည်မျိုးကိုလှောင်ပါ။ ဘယ်နေရာမှာလယ်ကွက်ဝယ်ပါ။ ဘာသီးနှံကိုစိုက်ပါ စသဖြင့် အိပ်မက်ထဲကတစ်ဆင့် အကြံပေးခဲ့တဲ့အတိုင်း လုပ်ဆောင်လာခဲ့ရာ တစ်စတစ်စ စီးပွားတိုးလာခဲ့လေသည်။
ယခုဆိုလျှင် ဒေါ်မြင့်နှင့် မခင်မွှေးမှာလည်း ရွှေတွဲလွဲ ငွေတွဲလွဲဖြစ်လာ သည့်အပြင် စုနိုင်ဆောင်းနိုင်လာသည်။ အိမ်ကိုလည်း တောအရပ်ဖြစ်သည့် တိုင် နှစ်ထပ်တိုက်ဖြင့် နေနိုင်လာသည်။
မြင်သာရွာတစ်ရွာလုံးက ဦးကျောက်ခဲတို့ ကောင်းစားလာခြင်းသည် လူခြောက်မောင်လူမွှေးက အကျိုးပေးလို့ဆိုတာကို လက်ခံယုံကြည်ကြ
လေ၏။
သည်လိုနှင့် အချိန်ရာသီများ တဖြည်းဖြည်းကုန်လွန်လာခဲ့ရာမောင်လူ မွှေးလေးသည် အသက် (၁၆)နှစ်အရွယ်သို့ ရောက်လာခဲ့လေတော့၏။ “ကျွန်မသားလေးကလူပျိုပေါက်ကလေးဖြစ်လာတော့ထွားလာလိုက် တာ အရပ်ကြီးမှ အမြင့်ကြီးပဲရှင်။ မအေက သူ့ကိုမော်ကြည့်ရတယ်။ ရုပ် ကလေးကလည်းချောသလားမမေးနဲ့၊ နှုတ်ခမ်းမွေးစစ၊ ပါးသိုင်းမွေးရေးရေးနဲ့ သိပ်ယောက်ျားပီသတဲ့ကလေးပဲ”
ဒေါ်မြင့်က မောင်လူမွှေး သွင်ပြင်ကို ပြောပြတတ်သည်။ လူခြောက်ဆို သည်မှာ မိခင်တစ်ဦးတည်းနှင့်သာ အိပ်မက်ထဲတွင် ဆက်သွယ်လို့ရသည့်
အတွက်မောင်လူမွှေးကိုဒေါ်မြင့်တစ်ဦးတည်းသာမြင်ဖူးလေသည်။ ဒေါ်မြင့်
ပြောသည့်ပုံစံကို ပုံဖော်စိတ်ကူးကြည့်ရလေသည်။
တစ်နေ့တော့ – ဒေါ်မြင့်က သတင်းထူးတစ်ခုကို ပြောပြလေ၏။ “ကိုကျောက်ခဲရေ- သားလေးက အရွယ်ရောက်လာတော့ ချစ်သူ
ကြိုက်သူ တွေ့နေပြီရှင့်”
“ဟေ”
“ညက ကျွန်မကို ပြောတယ်။ သူ့မှာ ချစ်သူရှိနေပြီတဲ့။ နာမည်တောင် ပြောပြသေးတယ်။ သူ့ ချစ်သူနာမည်က မကြေးမုံတဲ့ရှင်”
“မကြေးမုံ”
“မကြေးမုံက သူ့လိုပဲ လူခြောက်မလေးတစ်ယောက်လို့ပြောတယ် ကိုကျောက်ခဲရေ”
“ဪ – သူတို့ လူခြောက်အချင်းချင်း ဝိညာဉ်လောကမှာ တွေ့ကြ ချစ်ကြတာနေမှာပေါ့ မယ်မြင့်ရယ်”
–
“ဟုတ်ပါ့ရှင် … အဲဒါသားလေးကမကြေးမုံလေးနဲ့ပေးစားပါတဲ့။ မကြေးမုံ လေးရှိတဲ့နေရာကို သူ ပြောပြပါ့မယ်တဲ့”
“အေး-တို့ ကြားဖူးတာတော့ လူခြောက်တွေဟာ သူတို့ လူခြောက် အချင်းချင်း သူတို့ရဲ့ သီးခြားကမ္ဘာမှာ တွေ့ဆုံပြီး ချစ်ကြ ကြိုက်ကြဆိုကိုး၊ လူခြောက်ယောက်ျားလေးက သူ့ချစ်သူ လူခြောက်မလေးကို တောင်းရမ်း ပေးဖို့မိဘတွေကိုပြောလို့ သူပြောတဲ့လိပ်စာအတိုင်း သွားပြီးတောင်းရမ်းတဲ့ အခါ အဲဒီအိမ်မှာ လူခြောက်မိန်းကလေးတစ်ယောက် တကယ်ရှိနေတတ် တယ်တဲ့။ ငါတို့သားလေးရဲ့ ချစ်သူက ဘယ်အရပ်မှာ နေတာတဲ့လဲ မယ်မြင့်”
“အဲဒါမပြောသေးဘူးရှင့်၊ သူ့ချစ်သူ မကြေးမုံက သူ့မိဘတွေကို အရင် ခွင့်တောင်းဦးမယ်တဲ့။ မကြေးမုံမိဘတွေက သဘောတူပါတယ်။ လာပြီး တောင်းရမ်းလှည့်ပါလို့ ဆိုတဲ့အခါကျမှ မကြေးမုံတို့ နေရိပ်လိပ်စာကို ပြော မယ်တဲ့ ကိုကျောက်ခဲရေ”
“အင်းပေါ့လေ- ဟုတ်တာပေါ့၊ အေးကွာ-မကြေးမုံကိုသွားတောင်းလို့
တကယ်ပဲလူခြောက်မလေးမကြေးမုံရှိတယ်ဆိုရင်လောကကြီးမှာလူခြောက် ဆိုတဲ့အမျိုးအစားဟာ တကယ်ရှိပါတယ်ဆိုတာကို သက်သေပြစရာတစ်ခု ကြုံရဦးမှပေါ့ မယ်မြင့်ရယ်။ လူခြောက်ဆိုတာ ရှားရှားပါးပါးမို့ မကြေးမုံရဲ့ မိဘများကလည်း သဘောမတူဘဲ ရှိမယ်မထင်ပါဘူးကွာ”
“ဒါပေါ့ – ကိုကျောက်ခဲရယ်၊ ကျွန်မ သားလေးအတွက် မကြေးမုံကို ဘယ်လောက် တင်တောင်းရတောင်းရပါတော်။ သားလေး စိတ်ချမ်းသာ အောင် သူ့ချစ်သူနဲ့ ပေါင်းရဖို့ ကျွန်မတို့က လုပ်ပေးရမှာပေါ့”
သို့သော်- လောကကြီးတွင် ကြိုတင်မျှော်မှန်းသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်တတ်သည့် ထုံးစံအတိုင်း ကံကြမ္မာအလှည့်အပြောင်းတစ်ခုနှင့် မမျှော် လင့်ဘဲ ကြုံလိုက်ရလေသည်။
မြစ်အောက်ဘက်အရပ်ရှိဒေါ်မြင့်၏ဇာတိရွာဖြစ်သောဖလံကျင်းရွာတွင် ဒေါ်မြင့်၏အစ်မအကြီးဆုံးဖြစ်သူကွယ်လွန်သွားကြောင်းလူကြုံဖြင့် သတင်း စကားရောက်လာခဲ့လေသည်။ အစ်မအရင်း၏ အသုဘမို့ ဒေါ်မြင့်မှာ ချက်ချင်းလိုက်ဖို့ပြင်ရလေ၏။ မြို့မှတစ်ဆင့် ဖလံကျင်းကိုသွားသည့်လှေကို စီးရမည်ဖြစ်သည်။
သတင်းရပြီး နောက်တစ်နေ့မနက်တွင်ဒေါ်မြင့်တစ်ဦးတည်းဖလံကျင်း ကိုထွက်သွားခဲ့လေသည်။
မသွားမီ ပြောပြသွားခဲ့ပါသေးသည်။
“အစ်မကြီး နာရေးမို့ မဖြစ်သာလို့သာ သွားရမယ်၊ စိတ်မဖြောင့်ဘူး ကိုကျောက်ခဲရယ်၊ သားလေးကလည်း ညတုန်းက သတိနဲ့သွားဖို့ သတိပေး လိုက်သေးတယ်”
“ဟင်- ဟုတ်လား”
“သမီးရေ- ခင်မွှေး၊ ညည်း ကြီးတော်ကြီး ရက်လည်ပြီးမှ အမေပြန် လာမှာဆိုတော့ တစ်ပတ်လောက်ကြာမယ်ကွဲ့”
“ဟုတ်ကဲ့- အမေ”
“မောင်လေးကို သန့်ရှင်းရေးလုပ်ပေးဖို့မမေ့ပါနဲ့ကွယ်။ အင်္ကျီလေးတွေ လဲဝတ်ပေးကွဲ့နော်” “ဟုတ်ကဲ့ပါ – အမေ”
“ဘုရားကျောင်းဆောင်မှာ ဘုရားပန်းတွေကိုမညှိုးစေနဲ့။ တစ်ရက်ခြား တစ်ခါလဲပေး။ မနက်တိုင်း ဆွမ်းတော်လည်းတင်၊ သောက်တော်ရေချမ်းများ လည်းလဲဖို့ မမေ့နဲ့နော်သမီး”
သည်။
“စိတ်ချပါ … အမေရယ်”
ဒေါ်မြင့်တစ်ယောက် အိမ်ကိုနောက်ဆံငင်စွာဖြင့် ထွက်ခွာသွားခဲ့လေ
မောင်လူမွှေးက ခရီးထွက်ရာတွင် သတိနှင့်သွားဖို့ သတိပေးခဲ့သည်ဟု ဒေါ်မြင့်က ပြောပြသွားခဲ့သည်။ လူခြောက်ကလေးသည် ကြုံလာရမည့် အန္တရာယ်ကို ကြိုသိ၍များ မိခင်ကို သတိပေးခဲ့လေသလား မသိ။
ရက်လည်ဆွမ်းသွတ်ပြီးသည်နှင့် ဒေါ်မြင့် ဖလံကျင်းရွာက ပြန်လာခဲ့ သည်။ ဖလံကျင်းကနေ မြို့အထိ လှေစီးရပါသည်။ မြို့ရောက်မှ အိမ်က မော် တော်နှင့် မြင်သာရွာကို ပြန်ရန်ဖြစ်သည်။
အချိန်ကာလမှာ မိုးတွင်းဖြစ်သည်။ ဖလံကျင်းက မနက်စောစောထွက် လာစဉ်က ရာသီဥတု သာယာနေပါလျက် လှေထွက်လာပြီး နာရီဝက်ခန့် အကြာတွင် လေပြင်းများ တိုက်ခတ်လာလေသည်။ လေက တစ်စတစ်စ ပြင်းထန်လာရာ မုန်တိုင်းအဆင့်သို့ရောက်ခဲ့ပြီး ဧရာဝတီမြစ်အတွင်း သွား လာနေသည့် လှေ၊ သင်္ဘော၊ ရေယာဉ်များ အခက်အခဲအန္တရာယ် ကြုံတွေ့ ခဲ့ရလေသည်။
လေပြင်းမုန်တိုင်း ငြိမ်သက်ပြီး ညမိုးချုပ်သွားသည့်တိုင် ဒေါ်မြင့်ပါလာ သောလှေသည် မြို့သို့ရောက်မလာခဲ့ချေ။
ဖလံကျင်းရွာက လူတွေကလည်း စိတ်မချလို့ နောက်တစ်နေ့တွင် မြင်သာရွာကို လိုက်လာသည်။
ဦးကျောက်ခဲတို့ကလည်း ဖလံကျင်းကိုလိုက်ဖို့ ထွက်လာခဲ့သည်။ မြို့တွင် ဖလံကျင်းက လူတွေနှင့် ဦးကျောက်ခဲတို့ ဆုံမိကြသည်။ ဒေါ်မြင့်ပါသွားသော လှေတစ်စင်းလုံး ပျောက်ချင်းမလှ ပျောက်နေ
တစ်ပတ်ကြာသည့်အခါမှာတော့ မုန်တိုင်းထဲတွင်လှေနှင့်အတူဒေါ်မြင့် တို့ခရီးသည်အားလုံး ပါသွားပြီဟု မှတ်ချက်ချလိုက်ရလေတော့သည်။ မုန်တိုင်းကြောင့် နစ်မြှုပ်သွားသော လှေသင်္ဘောများမှ ခရီးသည်တို့၏ အလောင်းများကို ဆယ်ယူရရှိသော်လည်း ဒေါ်မြင့်အလောင်းကိုမူ မတွေ့ခဲ့ ရပေ။ မည်သို့ဆိုစေ- ဒေါ်မြင့်ကို သေစာရင်းသွင်းလိုက်ရပါပြီ။
လူခြောက်တို့သည်မိခင်ဖြစ်သူနှင့်သာ ဆက်သွယ်လို့ရသည်။ မိခင်ကို အိပ်မက်ပေးကာ မိခင်ဖြစ်သူ ပြန်ပြောပြမှသာ လူခြောက်အကြောင်းကို သိခွင့်ရကြခြင်းဖြစ်သည်။
မိခင်ဖြစ်သူ ဒေါ်မြင့် ကွယ်လွန်သွားသည့်အခါ လူခြောက်ကလေး မောင်လူမွှေးနှင့် အဆက်အသွယ်ပြတ်သွားရလေသည်။
လူခြောက်တို့သည် သူတို့သေဆုံးပြီဆိုပါကသေဆုံးသွားပြီဖြစ်ကြောင်း မိခင်ကို အိပ်မက်ထဲတွင် အသိပေးကြသည်။ သူတို့၏ ရုပ်ခန္ဓာကို မည်သို့
မည်ပုံစွန့်ပစ်ပါဟုမှာကြားတတ်ကြပါသည်။ မြေမြှုပ်ခြင်း၊ ရေထဲမျှောပစ်ခြင်း၊ မီးရှို့ပစ်ခြင်းတို့ကို သူတို့စိတ်တိုင်းကျ လုပ်ဆောင်ပေးရပါသည်။
လူခြောက်တို့သည် သူတို့သေဆုံးသွားပြီဟု အသိပေးပြီးနောက်ပိုင်း တွင် မိခင်ဖြစ်သူကို အိပ်မက်မပေးတော့ပါ။ လူခြောက်ခန္ဓာကိုယ်ကို သံယောဇဉ်တွယ်ပြီး စွန့်မပစ်ဘဲထားလျှင်လည်း ဆက်ပြီး အိပ်မက်မပေး တော့ပါ။
မောင်လူမွှေးနှင့်ဒေါ်မြင့်တို့ဖြစ်ရပ်မှာတော့မမျှော်လင့်ဘဲမိခင်ဖြစ်သူက အရင်ကွယ်လွန်သွားနှင့်သည်။ မောင်လူမွှေး ဘယ်လိုဖြစ်ပြီး ကျန်ခဲ့တယ် ဆိုတာ မသိနိုင်တော့ပေ။ မိခင် သေဆုံးခြင်းနှင့်အတူ လူခြောက်ပါ သေဆုံး သွားပြီလို့ ယူဆရမည်လား။
မောင်လူမွှေး၏ ရုပ်ခန္ဓာကို ဆက်ပြီးထိန်းသိမ်းထားရမလား၊ စွန့်ပစ် ရမလား။ ဦးကျောက်ခဲအနေဖြင့် ဘယ်လိုဆုံးဖြတ်ရမှန်းမသိ ဖြစ်ရလေ သည်။
အဆိုးဆုံးကတော့ မောင်လူမွှေးတွင် ဘဝတူလူခြောက်မလေးနှင့် ချစ်သူရည်းစားဖြစ်နေမှန်း သိထားပါလျက်နှင့် တောင်းရမ်းမပေးနိုင်တော့ သည့်အတွက် ဦးကျောက်ခဲ စိတ်မကောင်းဖြစ်ရလေသည်။
“ဖြစ်ရလေ – သမီးရယ်၊ သမီးမောင်လေးရဲ့ ချစ်သူနာမည်ကို မကြေးမုံ ဆိုတာတောင် အဖေတို့ သိရပြီးမှ မကြေးမုံ ဘယ်မှာနေမှန်း မသိရလို့ တောင်းရမ်းမပေးနိုင်တော့ဘူး။ အဖေ စိတ်မကောင်းလိုက်တာကွယ်” သမီးဖြစ်သူ မခင်မွှေးကို တိုင်တည်ကာ ဦးကျောက်ခဲက ညည်းညူ လိုက်လေသည်။
မောင်လူမွှေးကိစ္စကို ဘယ်လို ဆက်လုပ်ရမယ်ဆိုတာကို မကြံစည် တတ်တော့သော ဦးကျောက်ခဲက ဗဟုသုတရှိသူများကို မေးရမြန်းရလေ တော့သည်။
မောင်လူမွှေးကို မွေးပေးခဲ့သည့် လက်သည်အဘွားကြီး ဒေါ်ဇာယုကို မေးမြန်းကြည့်ရာ –
“ငါကြုံဖူးတဲ့ဟိုဘက်ရွာကလူခြောက်ကလေးကတော့အသက်(၇)နှစ် အထိပဲရှည်သဟဲ့။ (၇)နှစ်ရောက်တော့သူသေပြီ၊ သူ့ကိုရေထဲမျှောပစ်လိုက် ပါလို့ အမေ့ကို အိပ်မက်ထဲမှာ ပြောဆိုပဲ။ မောင်လူမွှေးက ဒီအရွယ်အထိ လည်း အသက်ရှည်တယ်။ ရည်းစားသနာတောင် ရှိနေပြီဆိုတော့ မပြော တတ်တော့ပါဘူး ကျောက်ခဲရယ်။ မောင်လူမွှေးရှိသေးသလား။ သေပြီလား ဆိုတာ ငါလည်း ဘယ်ဆုံးဖြတ်တတ်မှာတုံး။ အဲဒီတော့ ကျောက်ခဲရေ- ငါ့ထက် စာပေဗဟုသုတပြည့်စုံတဲ့ ရွာဦးကျောင်းဆရာတော်ကိုသာ မေး လျှောက်ပေတော့ဟဲ့”
ရွာဦးကျောင်းဘုန်းကြီးကိုလျှောက်ထားကြည့်ရာတွင် –
“ဒါမျိုးက စာထဲပေထဲလည်းတိတိကျကျပါတာမဟုတ်တော့ ခက်သား ဒကာရယ်၊ အတွေ့ အကြုံရှိဖို့ဆိုတာလည်း ဒီလိုကိစ္စမျိုးက ကြုံခဲပေသကိုး။ ကျုပ်အထင် လူခြောက်မှာ အမေမရှိမှတော့ သူနဲ့ ဆက်သွယ်လို့မရတော့ တဲ့အတူတူ၊ သူ့ခန္ဓာကိုယ်ကိုလည်း သက်မဲ့ခန္ဓာကိုယ်လို့ မှတ်ယူရုံရှိတော့ တာပ။ နဂိုကတည်းကလည်း အသက်ဝိညာဉ်မှ မရှိပေတာကိုး။ အမေနဲ့ အိပ်မက်ထဲမှာ တွေ့နေရလို့သာ လူရယ်လို့ သတ်မှတ်ရတာမဟုတ်လား။ အမေမရှိတော့ဘူးဆိုတော့ သူ့ကိုလည်း အသက်ရှိတယ်လို့မှတ်လို့ ဘယ်ရ တော့မှာတုန်း။ ဒီကော့ကာအသက်မရှိတဲ့လူ့ခန္ဓာတစ်ခုကိုအိမ်မှာထားရတာ လည်း အလောင်းတစ်လောင်းကို အိမ်မှာသိမ်းထားရတာနဲ့ တူနေမှာပေါ့။ ကျက်သရေယုတ်တာပေါ့ကွယ်။ ဒီတော့- သူနဲ့ ဆက်သွယ်လို့မရတော့တဲ့ အတူတူ သူ့ဝိညာဉ်ရှိသေးရင်လည်းလွတ်ရာကျွတ်ရာသွားနိုင်အောင်စွန့်ပစ် လိုက်တာ အကောင်းဆုံးပေါ့ ဒကာ”
နောက်ဆုံးတော့ ဘုန်းကြီး၏ အကြံပေးချက်အတိုင်း မောင်လူမွှေး၏ ခန္ဓာကိုယ်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့သည်။
“သားရေ-ငါ့သားရဲ့ကျေးဇူးတွေလည်း အဖေတို့အပေါ်မနည်းပါဘူး။ ဒါပေမဲ့-အဖေ့သားသာဆိုတယ်အဖေလည်းသားကိုမမြင်ဖူးဘူး။ မင်းအမေ မရှိတဲ့နောက် သားကိုအိမ်မှာဆက်ထားဖို့ ခက်လို့ စွန့်ပစ်ရတော့မယ်ကွယ်။ အဖေ့ရင်ထဲ မချိပါဘူးသားရယ်။ အဖေ မှားရင်လည်း ခွင့်လွှတ်ပါတော့ သားလေးမောင်လူမွှေးရ”
ဦးကျောက်ခဲက မောင်လူမွှေး ခန္ဓာကိုယ်ဆန့်ရုံ သစ်သားအခေါင်းလေး ကို ကိုယ်တိုင်ရိုက်ကာ အခေါင်းလေးထဲကို မောင်လူမွှေးအားထည့်ရင်း နှုတ်မှ တတွတ်တွတ်ရေရွတ်နေခြင်း ဖြစ်လေသည်။
“သမီးရေ- မခင်မွှေး”
“ရှင် – အဖေ”
“ရော့ – ရော့ – သမီးရဲ့မောင်လေးကိုမြစ်ထဲမှာပဲ သွားပြီး မျှောပစ်လိုက် ပေတော့ကွယ်။မြေကြီးထဲလည်းမြှုပ်မပစ်ရက်၊ မီးလည်းမရှို့ရက်ပါဘူးကွယ်။ ရေထဲမျှောပစ်တာပဲ ကောင်းပါတယ်”
“ဟုတ်ပါတယ် – အဖေ”
“အေး-အေး- ရေထဲ မမျှောခင် မောင်လေးကောင်းရာမွန်ရာရောက် အောင် ဆုတောင်းလိုက်ဦးကွဲ့နော်”
မောင်လူမွှေးပါသောအခေါင်းသေးသေးလေးကိုခေါင်းပေါ်တင်ရွက်ကာ
မခင်မွှေး မြစ်ဆိပ်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
မခင်မွှေးက မောင်လူမွှေးကို မြစ်ထဲမျှောမပစ်မီ နောက်ဆုံးအနေဖြင့် ကြည့်ရန် အခေါင်းအဖုံးကို ဆွဲဖွင့်လိုက်လေ၏။
အခေါင်းထဲမှာတော့ မောင်လူမွှေးသည် သူ့ကိုမြင်နေကျအတိုင်း အိပ် နေသည့်သဖွယ် ရှိနေမြဲဖြစ်သည်။
“မောင်လေးရယ်”
မခင်မွှေးကမောင်လူမွှေးကိုကြည့်ကာကြေကြေကွဲကွဲမြည်တမ်းလိုက်
ထို့နောက် အခေါင်းအဖုံးအံကလေးကို သေချာပြန်ပိတ်ကာ မြစ်ကမ်း ဆိပ်သို့ ဆင်းခဲ့လေ၏။
ဒူးဆစ်မြှုပ်သည့် ရေအနက်အရောက်တွင် မောင်လူမွှေးပါသော အခေါင်းလေးကို ရေစီးထဲသို့ မျှောချလိုက်လေသည်။
“သွားပေတော့ မောင်လေးရေ၊ နောင်ဘဝများကျတော့ မောင်လေးကို သာမန်လူတစ်ယောက်အနေနဲ့ ဆုံရပါစေကွယ်”
နှုတ်မှ အသံထွက်ရေရွတ်ဆုတောင်းလိုက်မိလေသည်။
မောင်လူမွှေး ပါသွားသော သစ်သားခေါင်းတလားလေးသည်ရေစီးထဲ တွင် တရွေ့ရွေ့မျောပါရင်း တဖြည်းဖြည်း ဝေးသည်ထက် ဝေးဝေးသွားလေ သည်။ မြစ်အောက်ဘက် ကမ်းအကွေ့တစ်နေရာအရောက်တွင်တော့ မခင်မွှေး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုစဉ်မှာပဲ- သူမကို လှမ်းအော်မေးလိုက်သည့်အသံကို ကြားလိုက်ရ
ခြင်း ဖြစ်လေ၏။
“အေ-လုံမလေး၊ ဟောဒီရွာက မြင်သာရွာများလားကွဲ့” မခင်မွှေးက အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည်။ လှော်လှေတစ်စင်းပေါ်တွင် ဇနီးမောင်နှံဟုထင်ရသော သက်ကြီးစုံတွဲ တစ်တွဲ။ သူတို့က လှေကို အထက်ဘက်မှလှော်ခတ်လာရင်း မခင်မွှေးကို လှမ်းအော်မေးလိုက်ခြင်း ဖြစ်လေသည်။
ကျွဲ
“ဟုတ်ပါတယ်- ဦးကြီး၊ ဒါ– မြင်သာရွာပါ”
“ဟော – မြင်သာရွာရောက်ပြီတဲ့ ရှင်မရေ။ ဒါနဲ့ – လုံမက ဒီရွာကပဲလား
လှေပေါ်မှ လူကြီးက သူ့ဇနီးကို လှည့်ပြောလိုက်ပြီး မခင်မွှေးကို တစ် ဆက်တည်းမေးလိုက်သည်။
“ဟုတ်ပါတယ် – ဦးကြီး၊ ကျွန်မက ဟောဒီမြင်သာရွာကပါ” “ဒါဖြင့်- ဒီရွာမှာ ဦးကျောက်ခဲ၊ဒေါ်မြင့်ဆိုတာများရှိသလားကွယ်။ လုံမ သိသလား”
“ရှိပါတယ် – ဦးကြီး၊ ဦးကျောက်ခဲ၊ ဒေါ်မြင့်ဆိုတာ ကျွန်မမိဘများပါ။ ကျွန်မ အမေ ဒေါ်မြင့်ကတော့ ဆုံးသွားပါပြီ ဦးကြီး”
“အေး-အေး- ဟုတ်သဟေ့၊ ဒေါ်မြင့်ဆုံးသွားပြီဆိုရင် ငါတို့လာရှာတဲ့ ဦးကျောက်ခဲဆိုတာလုံမရဲ့အဖေအသေအချာပါပဲ။ လုံမနဲ့တွေ့ရတာအဆင် သင့်လိုက်လေ။ ဦးကြီးတို့ကို လုံမတို့အိမ် ခေါ်သွားပေးစမ်းပါကွယ်။ လုံမတို့ အဖေ ဦးကျောက်ခဲနဲ့ တွေ့ချင်လို့ပါ”
လှေကိုကမ်းသို့ကပ်လာရင်းပြောလိုက်ရာအိမ်ကိုလာသောဧည့်သည်
များဖြစ်ကြောင်း သိလိုက်ရလေသည်။
“ဟုတ်ကဲ့ – ဦးကြီး၊ အဖေအိမ်မှာ ရှိပါတယ်။ လှေကို ဒီမှာပဲ ကြိုးနဲ့ချည် ထားခဲ့ပါ။ မပျောက်ပါဘူး။ ဦးကြီးတို့မှာ ဘာများ သယ်စရာပါသေးလဲ။ ကျွန်မ ကို ပေးလေ”
မခင်မွှေးကအိမ်ကိုလာသောဧည့်သည်များမို့ဧည့်ဝတ်ကျေပွန်အောင်
ပြောလိုက်လေသည်။
အိမ်ရောက်လို့ဧည့်သည်လင်မယားကသူတို့ကိုယ်သူတို့မိတ်ဆက်ကာ
အကျိုးအကြောင်းရှင်းပြမှပင် သူတို့ဘယ်သူဘယ်ဝါဆိုတာ သိလိုက်ရတော့
၏။
“ဒီကနောင်ကြီး ဦးကျောက်ခဲကတော့ ကျုပ်တို့ကို သိမှာမဟုတ်ပါဘူး။ ကျုပ်တို့က မြစ်အထက်ပိုင်း ပေါက်ဦးဆိုတဲ့ရွာက လာခဲ့ကြတာပါ။ ကျုပ် နာမည်က ကိုကြံမောင် တဲ့။ ဟောဒီက ကျုပ်ဇနီးနာမည်က မနီပါတဲ့” “ဟုတ်ကဲ့ပါ ဗျာ”
ဧည့်သည်များကိုကြည့်၍ ဇဝေဇဝါဖြစ်နေသော ဦးကျောက်ခဲကို ဧည့် သည်အမျိုးသမီး ဒေါ်နီက မေးလိုက်သည်။
“ဒါနဲ့- သိလိုတာလေးကိုအရင်မေးပါရစေဦးမောင်ကြီးရယ်။ မောင်ကြီး တို့မှာ လူခြောက်သားသမီးများ မွေးထားတာ ရှိသလား” “ဗျာ – ဟုတ် – ဟုတ်ကဲ့”
မေးပုံဆန်းလှသည့်အတွက် ဦးကျောက်ခဲ အံ့အားသင့်သွားရပြန်
“မောင်ကြီးတို့ သားလေးက မောင်လူမွှေး မှတ်တယ်” “ဟင် – ဟုတ်ပါတယ်ဗျာ၊ မှန်ပါတယ်”
“ကျွန်မတို့ သိနေတာ တခြားကြောင့် မဟုတ်ပါဘူး မောင်ကြီးရယ်။ ကျွန်မတို့မှာလည်း လူခြောက်သမီးလေးတစ်ယောက်မွေးထားလို့ပါ” “ဒါဖြင့် – ခင်ဗျားတို့က မကြေးမုံရဲ့မိဘတွေပေါ့ ဟုတ်လားဗျာ” “ဟုတ်ပါသော်ကောဗျာ၊တကယ်တော့-နောင်ကြီးဦးကျောက်ခဲတို့က လူခြောက်သားလေးကိုခေါ်ပြီး ကျုပ်တို့ ပေါက်ဦးရွာကိုလာ၊ ကျုပ်တို့ သမီး မကြေးမုံကိုတောင်းရမ်းရမှာပါဗျာ။ ဒါပေမဲ့-အစ်မကြီးဒေါ်မြင့် မုန်တိုင်းမိပြီး ကွယ်လွန်သွားလို့ ကျုပ်တို့ရှိရာနေရာကို မသိနိုင်ဘူးဆိုတာ ကျုပ်တို့သမီး လေးက အိပ်မက်ပေးပြီး ပြောပြလို့ သိပြီးပါပြီ။ ဒါနဲ့ပဲ- မိန်းကလေးရှင်ဖြစ်ပါ ရက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး ကျုပ်တို့ကပဲ ဟောဒီမြင်သာရွာထိအောင် လိုက်လာရတော့တာပါပဲဗျာ”
“အောင်မယ်လေးဗျာ – ကိုယ်ကျိုး နည်းပါပေါ့လား”
အကြောင်းစုံသိလိုက်ရသည်တွင် ဦးကျောက်ခဲက သူ့ရင်ဘတ်ကြီးကို လက်သီးဆုပ်ဖြင့်ထုကာ အော်လိုက်လေတော့သည်။
“သမီးရေ- မခင်မွှေး၊ ကြားရဲ့လားဟဲ့”
“ဟုတ်ကဲ့အဖေ – ကျွန်မတို့တော့ အမှားကြီး မှားပါကော အဖေရယ်” မခင်မွှေးက ငိုသံပါးကြီးဖြင့် ပြန်ပြောလိုက်သည်။ “ဘာများ အမှားအယွင်းရှိလို့လဲဗျာ၊ ပြောပါဦး” ဦးကျောက်ခဲနှင့်မခင်မွှေးတို့အမူအရာများကိုကြည့်ကာ ဦးကြံမောင်က
မေးလိုက်လေ၏။
“ဒီလိုဦးကြီးရဲ့အမေဆုံးသွားလို့မောင်လေးနဲ့အဆက်အသွယ်မရတော့
တာနဲ့ ကျွန်မတို့လည်း မောင်လေးကို စွန့်ပစ်လိုက်ကြတယ်လေ”
“ဟေ”
“အလို… ဘုရား … ဘုရား”
“မောင်လေးကို ရေထဲမျှော စွန့်ပစ်ပြီးလို့ မကြာဘူး။ ဦးကြီးနဲ့ ဒေါ်ကြီး ရောက်လာတာပါပဲ။ လက်မတင်လေးပါပဲ ဒေါ်ကြီးရယ်”
“ဟယ် – ဒါဖြင့် လက်လွန်သွားပြီလို့မဆိုနိုင်သေးပါဘူး။ ဒီတိုင်းထိုင်နေ လို့ ဘယ်ဖြစ်မှာလဲ။ မြစ်ကြောင်းအတိုင်း ပြန်ရှာကြည့်ကြရုံပေါ့ လုံမရဲ့။ မောင်ကြီးနဲ့ ကိုကြံမောင်ရော ဘယ်လိုသဘောရသလဲ” “အချိန်မှ မကြာသေးဘဲ၊ ရှာကြည့်ရုံ ရှိတော့တာပေါ့ဗျာ”
ဦးကြံမောင်နှင့်ဒေါ်နီရောက်လာသော သတင်းကို ကြားသိလိုက်သော
ရွာသားများလည်းအိမ်ကိုရောက်လာကြရာမောင်လူမွှေးကိုပြန်လည်ရှာဖွေ သည့်ခရီးစဉ်တွင် နှစ်ဖက်မိဘများသာမကရွာသူရွာသားတစ်အုပ်ကြီးလည်း လိုက်ပါလာကြလေတော့သည်။
ဦးကြံမောင်တို့ လှေသာမက ရွာမှာလှေရှိသည့် အိမ်တချို့က လှေများ လည်းပါလာကြပြီး လှေလေးစင်းဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရှာပုံ
တော်ဖွင့်ကြလေသည်။ လူတချို့က မြစ်ကမ်းစပ်အတိုင်း ခြေကျင်လျှောက် ကာ ကမ်းစပ်တစ်လျှောက် စေ့စေ့စပ်စပ်ရှာကြလေသည်။
သို့သော်- သို့သော်-
လူအုပ်စုဖြင့် ကုန်းကြောင်း၊ ရေကြောင်း ပိုက်စိပ်တိုက် ရှာကြပါသော် လည်း ညနေစောင်းသွားသည့်တိုင် မောင်လူမွှေးပါသွားသော သစ်သား အခေါင်းလေးကို မည်သို့မျှ ပြန်လည်ရှာဖွေလို့ မတွေ့ကြတော့ပေ။
နေလည်း ဝင်သွားပြီဖြစ်၍ ဦးကြံမောင်နှင့် ဒေါ်နီတို့ မြင်သာရွာမှာပင် တစ်ညအိပ်လိုက်ရလေသည်။
ဦးကြံမောင်တို့ လင်မယားပြောပြသည့်အတွက် သူတို့၏ သမီးလေး မကြေးမုံအကြောင်းကို သိခွင့်ရခဲ့သည်။
ဦးကြံမောင်နှင့် ဒေါ်နီတို့တွင် သားသမီးတစ်ဦးတည်းသာ ထွန်းကားရာ တစ်ဦးတည်းသော သမီးလေးမှာ လူခြောက်ကလေး ဖြစ်နေလေသည် သို့သော်-လူခြောက်ကလေးကို စွန့်မပစ်ဘဲ မကြေးမုံလို့နာမည်ပေးပြီး မွေးထားခဲ့ရာ မကြေးမုံလေးက မိဘများကို အကျိုးပေးခဲ့လေသည်။
အရွယ်ရောက်လာသည်တွင်ဝိညာဉ်လောက၌သူတို့လူခြောက်အချင်း ချင်း ချစ်ကြိုက်နေပြီဖြစ်ကြောင်း မကြေးမုံက မိခင်ကိုဖွင့်ပြောခဲ့လေသည်။ သူမ၏ချစ်သူမောင်လူမွှေးဘက်မှလာရောက်တောင်းရမ်းလျှင် သဘောတူ ပေးစားဖို့ကိုလည်း မိခင်အား ခွင့်ပန်ခဲ့လေသည်။
ဒေါ်နီတို့ကလည်း မောင်လူမွှေး၏မိဘများလာရောက်တောင်းရမ်းလျှင် ပေးစားဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။
သို့သော်- မကြာခင်ကမကြေးမုံပြောပြ၍မောင်လူမွှေး၏မိခင် ဒေါ်မြင့် မှာကွယ်လွန်သွားကြောင်း၊ မောင်လူမွှေးလည်းလူ့လောကနှင့် ဆက်သွယ်ဖို့ အခက်အခဲရှိနေကြောင်း သိရလေသည်။
မကြေးမုံက သူမကို မောင်လူမွှေးရှိရာအရပ်သို့ လိုက်ပို့ဖို့ပြောသော် လည်းချက်ချင်းလိုက်မပို့ဖြစ်ခဲ့ချေ။ ဖခင်ဖြစ်သူဦးကြံမောင်ကမိန်းကလေးရှင် ဖြစ်ပြီး သတို့သားရှိရာ သွားရမည်ကို ဝန်လေးသောကြောင့်ဖြစ်သည်။ မကြေးမုံ အတန်တန်တောင်းဆိုမှသာ ယခုကဲ့သို့ မြင်သာရွာကို စုံစမ်းပြီး ထွက်လာခဲ့ကြခြင်း ဖြစ်လေ၏။
မကြေးမုံအကြောင်းတွေပြောပြရင်းဒေါ်နီကတစ်ပါတည်းပါလာသော လူခြောက်မကြေးမုံလေးကို အများမြင်သာရန် ထန်းခေါက်ဖာလေးဖွင့်၍ ပြရှာသည်။
“ဖြစ်မှဖြစ်ရလေ – သတို့သမီးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါ ရက်နဲ့ သတို့သားနဲ့ မဆုံစည်းရလေခြင်း၊ ဖူးစာမမှန်လို့များလားကွယ်”
တကယ်တော့ – မောင်လူမွှေးနှင့်မကြေးမုံတို့ဖူးစာမှာမှန်ကန်ပါသည်။ ကံကြမ္မာက တဒင်္ဂ ကျီစယ်လိုက်ခြင်းသာ ဖြစ်ပါသည်။
ထိုညတွင် ဒေါ်နီ၏အိပ်မက်ထဲသို့ မကြေးမုံရောက်လာလေသည်။ မကြေးမုံက ပြောသည်။
“အမေ-အမေ-ကိုလူမွှေးနဲ့ ကျွန်မနဲ့ တွေ့ခဲ့တယ် အမေ။ ကိုလူမွှေး အခေါင်းက မြစ်ကမ်းစပ်က သစ်ကိုင်းတစ်ခုမှာ ငြိနေတာပါ။ ဒီကနေသွားရင် မြစ်အောက်ဘက် တစ်တိုင်လောက်မှာ မြစ်ထဲကိုကိုင်းကျနေတဲ့ ညောင် မုတ်ဆိတ်ပင်ကြီးတစ်ပင်ရှိတယ်အမေ။ရေထဲကိုကိုင်းကျနေတဲ့ညောင်မုတ် ဆိတ်နွယ်ကြီးကြားမှာကိုလူမွှေးပါတဲ့အခေါင်းလေးရှိပါတယ်အမေ။ ရေဝင်
ပြီး ရေထဲမမြှုပ်ခင် သွားယူပေးပါအမေရယ်။ ထ – ထ- အခုပဲ ကိုလူမွှေးကို သွားကယ်ပါတော့ အမေရယ်”
မကြေးမုံ စကားဆုံးသည်နှင့် ဒေါ်နီ အိပ်ရာမှ လန့်နိုးလာသည်။
ခင်ပွန်းဖြစ်သူ ဦးကြံမောင်ကို နှိုး၍ပြောလိုက်သည်။
ပြီးတော့ – မခင်မွှေးကိုပါ အော်ခေါ်၍ နှိုးလိုက်လေ၏။
“လုံမလေး – မခင်မွှေးရေ၊ ထပါဦးကွယ် -ထပါဦး”
ဦးကျောက်ခဲပါ အိပ်ရာက နိုးလာခဲ့သည်။
ဒေါ်နီက အိပ်မက်ထဲမှာ မကြေးမုံပြောသည့်အကြောင်းကို ပြန်ပြောပြ လိုက်လေသည်။
“ဟင် – အဲဒီညောင်မုတ်ဆိတ်ပင်ကြီးကို ကျုပ် သိပါတယ်။ ခု ညတွင်း ချင်းပဲ သွားကြစို့ဗျို့”
မခင်မွှေးက အိမ်နီးချင်းများကိုပါ နှိုးပြီး အကျိုးအကြောင်းပြောပြ၍ ခေါ်လာခဲ့ရာ နေ့လယ်ခင်းကအတိုင်းပင် လူအုပ်စုကြီးဖြစ်သွားလေသည်။ မီးတုတ်များ၊ ဓာတ်မီးများကိုကိုင်ဆောင်ကာ မြစ်အောက်ဘက်သို့ မြစ် ကမ်းစပ်အတိုင်း လျှောက်လာခဲ့ကြလေသည်။
တစ်တိုင်ခန့်အကွာ ညောင်မုတ်ဆိတ်ပင်ကြီးရှိရာ အရောက်တွင် တော့ –
မြစ်ထဲကိုင်းကျနေသော ညောင်ကိုင်းများကို ဓာတ်မီးများဖြင့် ဝိုင်းထိုး ရင်း ရှာကြည့်လိုက်ကြရာ
ရေထဲအထိ ထိုးစိုက်ကျနေသော ညောင်ကိုင်းတစ်ခုတွင် ငြိနေသည့် သစ်သားအခေါင်းလေးကို တွေ့လိုက်ရလေတော့သည်။ ရေအောက်တော့ မမြှုပ်သေးပေ။
“အမလေး – မောင်လေးရယ်၊ ကံကောင်းလို့ပါလား ရေအောက်တော့ မမြှုပ်သေးပေ။ မသေကောင်း မပျောက်ကောင်း”
မခင်မွှေးက ရေထဲဆင်းသွားကာ အခေါင်းလေးကို အလျင်အမြန် ပြန် ဆယ်ယူရင်းပြောလိုက်လေတော့သည်။
ညတွင်းချင်းစီစဉ်လိုက်ရာ နောက်တစ်နေ့မနက်တွင် မောင်လူမွှေးနှင့် မကြေးမုံတို့ မင်္ဂလာပွဲကို ကျင်းပနိုင်ခဲ့လေသည်။
ဝက်သားဟင်းနှင့် ထမင်းကျွေးကာ တစ်ရွာလုံးကိုမီးခိုးတိတ်ဖိတ်ကြား သော မင်္ဂလာပွဲကြီးဖြစ်ပါ၏။
ဦးကျောက်ခဲ၏ အိမ်ပေါ်တွင် မောင်လူမွှေးနှင့် မကြေးမှုံတို့ လူခြောက် ခန္ဓာကိုယ်လေးနှစ်ခုကိုယှဉ်ရက်ချထားသည်။ အိမ်နံရံတွင်“မောင်လူမွှေးနှင့်
မကြေးမုံတို့၏မင်္ဂလာပွဲ” ဆိုသည့်စာတမ်းကိုပိတ်ဖြူသားပေါ်ရေး၍ချိတ်ဆွဲ
ထားသည်။
နှစ်ဖက်မိဘများကမင်္ဂလာပွဲအတွက်ဂုဏ်ယူစွာဖြင့်ပျော်ရွှင်နေကြလေ
တကယ်တော့ဤမင်္ဂလာပွဲသည်လောကကြီး၌ လူခြောက်ဆိုသည်မှာ တကယ်ရှိကြောင်းနှင့် လူခြောက်တို့သည် သူတို့၏သီးခြားကမ္ဘာတွင် ကျင်လည်လှုပ်ရှားလျက် မိဘများကိုကောင်းကျိုးပြုနေကြောင်း သက်သေ ပြလိုက်သည့် သာဓကတစ်ရပ်ပင် ဖြစ်တော့သည် မဟုတ်ပါလား။ မောင်လူမွှေးနှင့် မကြေးမုံတို့ သီးခြားဝိညာဉ်လောကတွင် ပျော်ရွှင်စွာ ပေါင်းဖက်နေကြမည်ဟု အားလုံးကပင် ယုံကြည်ကြလေသည်။
*** ဆောင်းလုလင်
Leave a Reply