မင်္ဂလာဆောင်သို့ရောက်တော့… “ဟာ…ဟိုမှာသောင်ထွန်းသားတွေလာပြီဟေ့” “လာကြကွ…သတိုးသား​ကျော်စန်းက မင်းတို့ကို မျှော်နေတာ…” အင်တိုင်းရွာသားများက မျက်မှန်းတန်းမိနေသော မောင်းတိုးတို့နှစ်ယောက်ကို ဝမ်းသာအားရကြိုဆိုကြသည်။ သတိုးသား ကျော်စန်းကလည်း ​မောင်တိုးတို့ကိုမြင်တော့ ဝမ်းသာတကြီးဖြင့်… “မင်းတို့လာမှလာပါ့မလားလို့ကွာ…” “ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာ… မဖြစ်ဖြစ်အောင်လာမှာပေါ့…” “အေး…အေး…အခုတော့ထမင်းစားထားကြဦး… မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်” သတိုးသားကျော်စန်းစကားကြောင့်မောင်တိုးတို့ ပြုံး၍ခေါင်းညိတ်ကြသည်။ သူတို့ရောက်လာသည့်အချိန်က နောက်ကျတာကြောင့်ဧည့်သည်များ အတော်နည်းနေပြီဖြစ်သည်။ “လာငါညီတို့…အစ်ကိုတို့လိုက်ပို့မယ်…” ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းဆီသို့ ​ခေါ်သွားကြသည်။ မင်္ဂလာဆောင်တွင် ဝက်သားချက်…ပဲပြုတ်နှင့်ဟင်းချိုရည်… သရက်ချဥ်သုပ်တို့ဖြင့် ကျွေးမွေးကြသည်။ မောင်တိုးနဲ့မောင်အုန်းလည်း ဆာဆာဖြင့် ထမင်းများစားလိုက်ကြ၏။ စားလို့ပြီးလေတော့ သူတို့အားစောင့်နေကြသော ရွာသားတွေမှ… “လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်… ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ” ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။ ရွာသားတွေကသူတို့နှစ်ယောက်ကို ...

နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်​လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ကဲ…ထားပါ…အရင်ဆုံးမောင်ရင်တို့ အကြောင်းလေးပြောပါဦး…” ဟု…ပြောလေတော့ ငဖေက … “အမေကြီးသိချင်ရင်… ကျုပ်ပြောပြပါမယ်ဗျာ…” ဟု…အစချီကာ​ပြောပြလေတော့သည်။ ****************************** “​တောက်…” “ဟဲ့…ငဖေ ဘာဖြစ်လာပြန်တာလဲ” ပုဆိုးစကိုလက်၌ကိုင်ပြီးဒေါကြီးမောကြီးဖြင့် ရောက်လာသော ...

စကြာဝဠာအပြင်ဘက်လွင့်စင်သွားရော့မယ်…။ပြောစမ်း၊ နင်နဲ့အုန်းခင်မြင့်က ရန်သူတွေလား ….. “သိပ်ဟုတ်ပေါ့။ ရန်သူမှ ကမ္ဘာ့ရန် “အုန်းခင်မြင့်က နင်နစ်နာအောင် ဘာတွေလုပ်ခဲ့လို့ကဝေပျံဝင်ပူးနေတဲ့ အုန်းခင်မြင့်ရဲ့မျက်နှာဟာ ကြောက်စရာအသွင်ကို ရုတ်ခြည်းပြောင်းလဲသွားတယ်။ဒေါ်သတွေနဲ့ ခက်ထန်သွားတယ်။အသက်ရှူသံတွေလည်း ပြင်းလာတယ်….။ “သူ့ကြောင့်၊ သူ့ကြောင့်…..။ ငါ့သမီးသေခဲ့ရတာဟဲ့၊ သိရဲ့လား ကဝေပျံရဲ့စကားကြောင့် ဆရာကြီးဦးကြာညွန့် အံ့ဩ သူ့ရှေ့မလှမ်းမကမ်းမှာထိုင်နေတဲ့ အုန်းခင်မြင့်ရဲ့ခင်ပွန်းမောင်ခင်မောင်လွင်ကို လှမ်းကြည့်လိုက်တယ်…။ ပြီးမှ ကဝေပျံကိုပြောလိုက်တယ်….။ ““နင်ပြောတာ ငါနားမလည်ဘူး၊ ငါသိအောင် ရှင်းရှင်းလင်းလင်းပြောပြစမ်း.. “မသိတဲ့သူကတော့ မသိဘူးပေါ့…။ အကြောင်းစုံကိုသိတာ၊ ဟိုကောင်…..။ ဟိုကောင်အကုန်လုံးသိတယ်..” လေသံပျော့သွားတဲ့ ကဝေပျံဟာ၊ ရုတ်တရက်စိတ်ဖောက်သွားသလို ခင်မောင်လွင်ကို ...

နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်​လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ကဲ…ထားပါ…အရင်ဆုံးမောင်ရင်တို့ အကြောင်းလေးပြောပါဦး…” ဟု…ပြောလေတော့ ငဖေက … “အမေကြီးသိချင်ရင်… ကျုပ်ပြောပြပါမယ်ဗျာ…” ဟု…အစချီကာ​ပြောပြလေတော့သည်။ ****************************** “​တောက်…” “ဟဲ့…ငဖေ ဘာဖြစ်လာပြန်တာလဲ” ပုဆိုးစကိုလက်၌ကိုင်ပြီးဒေါကြီးမောကြီးဖြင့် ရောက်လာသော ...

ရောက်လေခဲ့သည်။ ငှက်သိုက်ရှိနေခဲ့သော သစ်ကိုင်းနေရာဆီအသို့အရောက် အပင်ကြီးအောက်တွင် မော့ကြည့်နေခဲ့သော သူငယ်ချင်းဖြစ်သူ အေးမောင်ကိုပင် စိတ်ညစ်သွားခဲ့သည့် လေသံတို့ဖြင့် ထိုသို့ပြောဆိုလိုက်လေသည်။ “ဟာ… သွားပါပြီအေးမောင်ရာ… အသိုက်ကြီးက ကြီးလို့များ ဥတွေအများကြီးထင်တယ်။ တစ်လုံးတည်းရှိနေတယ်ကွ” “မင်းငှက်က ဒီနေ့မှ စဥတာဖြစ်မှာပေါ့ကွ၊ ခြေယာလက်ယာမပျက်ထားခဲ့၊ နောက်နေ့ကြမှ ငါတို့လာပြန်နှိုက်ကြတာပေါ့” “မဟုတ်ဘူးကွ… အသိုက်က ချိုး(ဂျိုး)သိုက်ကွ၊ ဝွပ်ထားတဲ့အရာတွေ့တယ်၊ ဝွပ်ပြီးသားဖြစ်လိမ့်မယ်နဲ့ထင်တယ်။ အကောင်ပေါက်သွားတဲ့ ဥအခွံတွေလည်းတွေ့တယ်ကွ။ င့ါအထင်၊ ဒီဥက အကောင်မပေါက်နိုင်တာဖြစ်လိမ့်မယ်။” “ဒါဆိုနှိုက်လာခဲ့လေကွာ၊ တစ်လုံးရလည်း မနည်းဘူး” “ဟင်… အေးမောင်၊ ဥက မာမာကြီးကွ၊ ကျောက်ခဲတုန်းကြီး ...

လား လာကွ ဒီမှာထိုင်” အဘကလည်း ကိုဆိတ်ဖွါးကို ခရီးဦးကြိုပြုကြပါတယ် ဆီဆုံကြိုးနဲ့ မလှမ်းမကမ်းမှာ အဘနဲ့ အမေက စားပွဲခုံချပြီး ရေနွေးကရားနဲ့ လက်ဖက်သုပ် စားနေတယ် ဗ်။ “ဆိတ်ဖွား စား လက်ဖက် ပြီးရင် အကြမ်းသောက် ဒီလက်ဖက်ခြောက် တော်တော်ကောင်းတာ နင်ဦးကြီး ဟို့နေ့က မြို့သွားလို့ ဝယ်လာတာ စော်ဘွားနှုတ်ခမ်းမွှေးအစစ်ဟဲ့ မွှေးလိုက်တာမှ ကြိုင်နေတာ သောက် သောက်” “ကိုကြီးဆိတ်ဖွါး ဆေးလိပ်သေတ္တာ ဘေးအံထဲမှာ နဂါးဆေးပေါ့လိပ်တွေ ရှိတယ် ယူသောက်ဗျ” ‘အေး အေး သောက်မယ် ...

သေချာမသိရသေးဘူး….ဒါတွေကို ခုအချိန်ထိလိုက်သင်ပေးနေရအောင်လဲညည်းကလေးမဟုတ်တော့ဘူး….အသက်ဖြင့် .(၂၀)ကျော်နေပြီး” “ဟုတ်ပါပြီး…ဟုတ်ပါပြိး.သဇင်အမှားပဲ…..ထားလိုက်တော့”ပြောရင်းဖြင့်….သဇင်တစ်ယောက်. ကလေးတစ်ယောက်လို .စိတ်ဆိုး၊စိတ်ကောက်စွာဖြင့်အိမ်ပေါ်သို့ပြေးတတ်သွားခဲ့လေသည်။ ပြေးတတ်သွားတဲ့.သမီးလေးကိုကြည့်ပြီး. ဒေါ်ခင်မမ..စိတ်မကောင်းဖြစ်ရပြန်လေသည်။ “ခက်တော့တာပဲ…ဒီကလေးမနဲ့တော့… ငါ..မရှိတော့ရင်၊ညည်းဘယ်လိုနေမလဲ…. ဘဝကိုဘယ်လိုဖြတ်သန်းမလဲ..” လင်ယောက်ကျားဖြစ်သူက..အလိုလိုက်သမျှ… သမီးလေးဘဝတော့..ရှေ့ဆက်မတွေးဝံ့စရာပဲ.. ဘာပဲဖြစ်ဖြစ် လမ်းမှန်ရောက်အောင်ပို့ပေးရမှာ ပဲ။ ထိုသို့တွေးတောရင်…ဝယ်လာတဲ့..ဟင်းများ.ချက်ပြုတ်ကာ….ယာခင်းဘက်သို့ထွက်လာခဲ့လေသည်…..ပိုးအနည်းငယ်ကျနေတာကြောင့်. …ပိုးကျတဲ့..အပင်များ.ခုတ်လှဲသင့်တဲ့အပင်ကိုခုတ်လှဲ..ပိုးချသင့်တဲ့အပင်ကိုပိုး ချ စသည့်ဖြင့်…တနေ့ကုန်..အလုပ်ရူပ်နေလေသည်။ .အိမ်ပြန်ရောက်တော့..သမီးဖြစ်သူက.ဆီးကြိုနေတယ်။ “အမေရယ်..မိုးချုပ်လိုက်တာ” “ဟုတ်ပ..သမီးရယ်…ယာခင်းပိုးကျလို့…အဲ့တာ..လုပ်နေရတာ.နဲ့မိုးချုပ်သွားတယ်…” “ဟုတ်လားမေမေ..ဒီဲလ လဲအသီးအထွက်နူန်း နည်းမယ်ထင်တာပါပဲ…ဘာပဲဖြစ်ဖြစ်. အမေကို. .ဒီလိုမျိုးတစ်ယောက်တည်း..ပင်ပင်ပန်းပန်း လုပ်နေတာသမီးဖြင့် မကြည့်ရဲ့တော့ဘူး.အမေကို ..ကူလုပ်ပေးမယ်…..” “ပါတယ်ကွယ်.ကျောင်းစာသာကျတ်စမ်းပါ.. ညည်းပညာတတ်ဖြစ်တော့..ငါ.ပင်ပန်းရကျိုးနပ်ပါတယ်အေ။” “မဟုတ်တာအမေရယ်…..ဘာပဲဖြစ်ဖြစ်. အိမ်လုပ်ငန်း.တော့.သမီးကူလုပ်ပေးမယ်….. ကျောင်းပြီးလို့ဘွဲ့ရရင်တော့..မေမေ..ဒီလုပ်ငန်း တွေမလုပ်နဲ့တော့နော်။ သမီးပညာကြီးဖြစ်လို့ အလုပ်ရရင် အမေကိုတလှည့် ...

နက်ဖြန်လည်း လာစားပါဦး… ဒေါ်ရှင်ဟင်းစပ်ပုံက ကောင်းတယ်” သူသည် လက်ဆေး၍ ကျွန်တော့်အပါးမှ ထရင်း ပြော၏။ “မိုး စန္ဒရားတီးတာ နားထောင်မလား၊ ခြံထဲပဲလျှောက်မလား” “ခြံထဲလျှောက်ရအောင်ကွယ်” ခြံထဲတွင် ပန်းပင်များ ပွင့်နေကြ၏။ “ကိုယ်တို့ လက်ထပ်ရအောင်လား မနှင်းအေး…” ဟု ကျွန်တော် က စကားဆိုလျှင်မူ… “ဖြည်းဖြည်းပေါ့…မိုးရယ်…။ စောစောစီးစီး ငရုတ်သီး ကြက်သွန်တွေအကြောင်း မစဉ်းစားပါရစေနဲ့ဦးကွယ်…”ဟု သူဆိုပါသည်။ သို့သော် သူ ကျွန်တော့်ကို ချစ်သည်ကိုတော့ ကျွန်တော်သိ၏။ အဘယ်ကြောင့်ဆိုသော် မေမေပေးစားသော မမြစိန်ကို ယူမည်ဟု သူ့အား ...

ကတည်းကသားစိမ်းငါးစိမ်းများစားချင်သည်ဟုဆိုကာမပြတ်ဝယ်ပေးရ၏တစ်ခါတရံရွာထဲဟင်းစားမပေါ်သည့်အခါအခြားရွာသွားရှာရ၏ဒါတောင်အလျှင်မမှီသဖြင့်အိမ်မှာမွေးထားသောတိရစ္ဆန်များလဲအလွတ်မပေးသတ်စားလိုက်တာတစ်ကောင်မှပင်မကျန်အောင်ကုန်သွားပြီဖြစ်သည်။ ထိုအသားငါးများချက်ပြုတ်ရာတွင်လဲကျက်အောင်ပင်မစောင့်ပဲစားသည့်အခါစားနေသဖြင့်ဦးရောဘတ်စိတ်ထဲသူ့မိန်းမဘီလူးများစီးနေသလားအပများမှီနေသလားဘာလားညာလားထင်မိပေမဲ့ကိုယ်ဝန်သည်ဆိုတော့ချဉ်ခြင်းတပ်တာဖြစ်မှာပါဟုဖြေတွေးတွေးနေရပေမဲ့ဘဝင်တော့မကျလှပေ ဦးရောဘတ်ဟိုတွေးဒီတွေးတွေးနေရင်သူ့မိန်မဒေါ်အာစာလဲကလေးမွေးသံမကြားရဟုစိတ်ပူနေမိ၏ပူမဲ့သာပူနေသည်အာဆာအကြောင်းသူအသိဆုံးပင် ဒီနေရာမှာသူ့့မိန်းမဒေါ်အာစာအကြောင်းနဲနဲတော့ပြောပြရန်လိုလာပြီဟုထင်၏သှု့မိန်းမသည်တခြားမိန်းမများကလေးမွေးသလိုအော်ဟစ်၍မနေကလေးလေးယောက်သာမွေးခဲ့သည်တစ်ခါမှအော်ဟစ်နေသံမကြားရအနည်းငယ်ညီးနေရုံမှတစ်ပါးဆူညံ့စွာမအော်တတ်ပေအလွန်သတ္တိရှိသည်ဟုပြောရမည်ပင်ကိုယ်ဝန်တကားကားနှင့်လည်းနားမနေအလုပ်လုပ်လျက်ရှိသည်အလုပ်လုပ်သည့်အခါလဲယောင်္ကျားများနှင့်တန်းတူရင်ပေါင်တန်းကာလုပ်နိုင်သည်ဘယ်အရာကိုမှအကြောက်အလန့်သိပ်မရှိ၍ရွာကလူအများစုကသူမအားဒေါ်အာစာဆိုသောနံမည်ဖျောက်၍ဒေါ်အာဇာနည်ဟုနောက်ပြောင်ခေါ်တတ်၏ ဦးရောဘတ်မည်မျှအတွေးလွန်သွားသည်မသိရွာထဲကလက်သည်ဒေါ်အဲဖောကိုကူညီမည့်သူများအိမ်ပေါ်ကဆင်းလာကြသည်ကိုတွေ့လိုက်ရ၏သူတို့မျက်နှာများသည်မကောင်းကြပါဦးရောဘတ်လဲပျာပျာသလဲမေးလိုက်၏ ”””ဒေါ်အာစာမွေးပြီလားဗျ”” သူအမေးကိုရွာသူအမျိူ းသမီးများကခေါင်းငြိမ့်ပြကြသည်အရင်လိုဝမ်းသာအားရစကားမဆိုကြသောကြောင့်ဦးရောဘတရင်ထိတ်သွား၏်တစ်ခုခုဖြစ်ပြီဆိုတာမပြောပဲသိလိုက်၏ကလေးငိုသံလဲမကြားရသဖြင့်သူ့မိန်းမများတစ်ခုခုဖြစ်ပြီလားဆိုသည့်စိုးရိမ်စိတ်ကထူပူ၍သွားကာအငမ်းမရမးလိုက်ပြန်သည်။ ””’ဘာလို့ကလေးငိုသံမကြားတာလဲ—–အာစာကောကျမ်းမာရဲ့လားအာစာဘာဖြစ်လို့လဲ””’ သူ့အမေကိုရွာထဲကအမျိူ းသမီးများကအိမ်ပေါ်သို့မေးငေါ့ပြကာခြံဝိုင်းထဲကခပ်သွက်သွက်ထွက်သွားကြသည်။ ဦးရောဘတ်လဲအိမ်ပေါ်သို့အပြေးအလွှားတက်သွားကာဒေါ်အာစာမီးနေခန်းထဲဝင်၍ကြည့်ရာဒေါ်အာစာသည်အိပ်နေရင်းမျက်လုံးများကသူ့နဘေးကအရာကိုကြည့်၍ကြောင်စီစီဖြစ်၍နေ၏ ””’အာစာမင်းဘာမှမဖြစ်ဘူးမဟုတ်လားးးးကလေးကောငါစိတ်ပူလို့သေတော့မယ်””’ ဦးရောဘတ်အမေးကိုဒေါ်အာစာကပြန်မဖြေပဲသူ့နဘေးကအရာအားမေးဆတ်ပြလိုက်သည်။ဦးရောဘတ်ကြည့်လိုက်တော့အနှီးအဟောင်းကလေးပေါ်တွင်တင်ထားသောမဲမဲခြောက်ခြောက်နှင့်လက်တစ်ဝါးစာမရှိတရှိလူရိုးစုကလေးလိုလိုလူခြောက်ကလေးအားတွေ့လိုက်ရသည့်အခါမျက်မှောင်ကျူံ့့သွား၏သူသဘောပေါက်သွား၏သူ့မိန်းမသည်လူခြောက်ကလေးမွေးသည်ဟုထင်သဖြင့်အနားကလက်သည်ဒေါ်အဲဖောအားမေးလိုက်သည်။ ””ဒေါ်အဲဖောဒါလူခြောက်ကလေးမဟုတ်လား””’ သူ့အမေးကိုဒေါ်အဲဖောကမျက်စိမျက်နှာပျက်စွာဖြေလိုက်သည် ”’လူခြောက်မဟုတ်ဘူး—-ဘီလူးခြောက်ကလေးပဲ”” ဒေါ်အဲဖောစကားကြောင့်ဦးရောဘတ်မျက်လုံးပြူးးသွား၏လူခြောက်ကလေးအားလက်ပေါ်တင်၍အသေအချာကြည့်လိုက်မိရာမျက်နှာသည်လူမျက်နှာနှင့်မတူပဲဘီလူးတစ်ကောင်၏မျက်နှာလိုမျက်လုံးပြူးပြူးကလေးနှင့်ဖြစ်ကာပါးစပ်တွင်အစွယ်နှစ်ချောင်းအထင်အရှားပါနေသည်ကိုအံ့သြဖွယ်တွေ့လိုက်ရ၍ဘီလူးခြောက်ကလေးဆိုတာသေချာ၍သွား၏ ဦးရောဘတ်ရွာထဲနှင့်အခြားရွာများမှလူခြောက်ကလေးမွေးတာမြင်ဘူး၏သေသေချာချာလဲသွားကြည့်ဘူး၏ထိုသာမန်လူခြောက်နှင်ယခုဘီလူးခြောက်သည်များစွာကွဲပြားနေသည်မှာအမှန်ပင်ဖြစ်သည်ဘီလူးခြောက်ကိုတစ်ခါမှမမြင်ဘူးအခုမှသာမြင်ဘူးသဖြင့်အံ့သြမကုန်နိုင်အောင်ဖြစ်နေ၏သူ့လက်ထဲကဘီလူးခြောက်အားအောက်သို့ပြန်ချကာလက်သည်ဒေါ်အဲဖောအားစိတ်လှုပ်ရှားစွာမေးလိုက်၏ ””’ဒေါ်အဲဖော—–ကျု ပ်တစ်သက်တာမှာဘီလူးခြောက်ဆိုတာအခုမှမြင်ဘူးတော့တယ်ဗျာ—-ခင်ဗျားကအတွေ့အကြုံရှိတော့ဘာဆက်လုပ်ရမလဲပြောပါအုံးဗျ””” ””ကျွန်မလဲမွေးဖွားပေးလာတဲ့သက်တန်းတစ်လျှောက်လူခြောက်ပဲမြင်ဘူးတာ—-ဘီလူးခြောက်ကိုအခုမှမြင်ဘူးတာဒါပေမဲ့ကျွန်မအဖွားလက်ထက်မှာတော့တခါကြုံဘူးတယ်ပြောတယ်အဲဒီဘီလူးခြောက်က———””’ ဒေါ်အဲဖောကစကားကိုဆက်မပြောပဲပြောသင့်မပြောသင့်စဉ်းစားနေဟန်ရှိ၏ထိုအခါစိတ်မရှည်သောဦးရောဘတ်က ””’ပြောမယ့်သာပြောစမ်းပါဗျာ—-ဘာတွေဆက်ဖြစ်ပြီးဘာလုပ်ရမလဲလို့” ‘ ””အဲဒီဘီလူးခြောက်ကရွာထဲကလူတွေကိုသတ်စားသတဲ့အစကတော့မသိပေမဲ့နောက်တော့သိလို့သတ်ပစ်လိုက်ရတယ် ဒါကြောင့်ဒီဘီလူးခြောက်ဟာရွာကိုအန္တရယ်ပေးနိုင်တယ်သတ်ပြစ်တာကောင်မယ်လို့ထင်တယ်””’ ””ဒါဆိုလဲတစ်ခါထဲသတ်လိုက်မယ်လေ—အချိန်ဆွဲမနေနဲ့တော့””’ ဦးရောဘတ်ကပြောပြာဆိုဆိုအိမ်ရှေ့ခန်းထရံတွင်ထိုးထားသောဌက်ကြီးတောင်ဓားအားပြေးဆွဲယူလိုက်သည်။ ထို့နောက်စိတ်မြန်လက်မြန်ရှိသူမို့ဘီလူးခြောက်ကလေးခေါင်းအားခုတ်ရန်ရွယ်လိုက်ရာဒေါ်အာစာကဟန့်တားလိုက်၏ ””မလုပ်ပါနဲ့အုံးးးရှင်ကလဲစိတ်မြန်ချက်ကလွန်ရောကျွန်မတောင်သေချာမကြည့်ရသေးဘူး—-ကျွန်မကြားဖူးတာကတော့ဘီလူးအစိုကလေးမွေးမှလူစားတယ်ကြားဘူးတာပဲအခုဟာကဘီလူးခြောက်ဆိုတော့—– ဘာမှတော့မလုပ်နိုင်လောက်ဘူးထင်တယ်—-ဒီလိုထူးထူးဆန်းဆန်းရလာတာကိုခဏလောက်တော့စောင့်ကြည့်ချင်တယ်တစ်ပတ်တန်သည်နှစ်ပတ်တန်သည်ပေါ့—-အကြောင်းထူးလာရင်တော့သတ်သင့်သတ်ရတော့မှာပေါ့””” ဦးရောဘတ်လဲလူအာစာစကားကြောင့်စိတ်ရှော့ထားလိုက်သည်။ဒေါ်အာစာ ________________ နံနက်ခင်းအလင်းရောင်နှင့်အတူအထူးတလည်စိတ်ဝင်စားဆုံးသတင်းကတော့ ””ဟဲ့နင်ကြားပြီးပြီးလာညကဒေါ်အာစာဘီလူးခြောက်ကလေးမွေးသတဲ့”” ””အေးဟဲ့ဒါ့ကြောင့်ညကကလေးငိုသံမကြားရတာပဲနေမှာ”’ ””ဒါဟာမကောင်းဘူးဘီလူးဆိုတာလူတွေစားတယ်ကြားဖူးတယ်ငါတို့ရွာတော့ဒုက္ခရောက်တော့မှာပဲ”” ”’ဦးရောဘတ်ကညတွင်းခြင်းသတ်မယ်တကဲကဲလုပ်နေတာဒေါ်အာစာတားထားလို့တဲ့”” ””အေးလေသတ်သင့်သတ်ရမှာပေ့ါ”’ ...

ကြည့်တာပေါ့ဗျာ၊ အဲဒီအခါကျတော့ ဟိုဖက်ရေမြောင်းအစပ်မှာ သေဆုံးသွားကြတဲ့ ရွာကလူတွေက တန်းစီနေတယ်တဲ့ဗျာ။ “ငါတို့ကိုလာခွင့်ပေးပါ၊ သူကြီး ငါတို့လည်းလာချင်တယ်” အဲဒီလိုအော်ဟစ်ပြီး ငိုယိုနေတာဗျာ၊ ငိုသံကြီးတွေဆိုရင် သိပ်ကြောက်စရာကောင်းတာတဲ့။ အဘိုးရဲ့ ယောက္ခမကြီးကလည်း ကျောက်ရောဂါနဲ့ဆုံးသွားတာဗျ၊ သူ့ယောက္ခမကြီးဆိုရင် ကျုပ်အဘိုးသူကြီးကို အော်ဟစ်ဆဲဆိုပြီးတော့ ကြိမ်းလိုက်မောင်းလိုက်တာပဲ၊ အဘိုးတို့လည်း မြေသားတာဘောင်ကြီးပေါ်ကနေပြီး သေနတ်နဲ့သုံးလေးချက်လောက်ပစ်ဖောက်လိုက်ရင် အဲဒီလူတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပဲတဲ့ဗျာ။ အဲဒီအချိန်ကစပြီး ရွာအပြင်အနောက်ဘက်ရိုးချောင်းကို တံတားမထိုးရဲတာ အခုထိပဲပေါ့ဗျာ၊ ရွာကိုချဲ့တော့လည်း အဲဒီရိုးချောင်းနဲ့ တာရိုးကြီးဘက်ကိုမချဲ့တော့ဘဲ အရှေ့ပိုင်းဘက်ကိုပဲ ချဲ့ခဲ့တာပေါ့ဗျာ၊ အခုအချိန်အထိ မိုးကျတော့မယ်ဆိုရင် အဲဒီရိုးချောင်းကို ရွာကလူတွေအကုန်လုံးက ဆယ်ကြတယ်၊ ...