စကြာဝဠာအပြင်ဘက်လွင့်စင်သွားရော့မယ်…။ပြောစမ်း၊ နင်နဲ့အုန်းခင်မြင့်က ရန်သူတွေလား …..
“သိပ်ဟုတ်ပေါ့။ ရန်သူမှ ကမ္ဘာ့ရန် “အုန်းခင်မြင့်က နင်နစ်နာအောင် ဘာတွေလုပ်ခဲ့လို့ကဝေပျံဝင်ပူးနေတဲ့ အုန်းခင်မြင့်ရဲ့မျက်နှာဟာ ကြောက်စရာအသွင်ကို ရုတ်ခြည်းပြောင်းလဲသွားတယ်။ဒေါ်သတွေနဲ့ ခက်ထန်သွားတယ်။အသက်ရှူသံတွေလည်း ပြင်းလာတယ်….။
“သူ့ကြောင့်၊ သူ့ကြောင့်…..။
ငါ့သမီးသေခဲ့ရတာဟဲ့၊ သိရဲ့လား
ကဝေပျံရဲ့စကားကြောင့် ဆရာကြီးဦးကြာညွန့် အံ့ဩ သူ့ရှေ့မလှမ်းမကမ်းမှာထိုင်နေတဲ့ အုန်းခင်မြင့်ရဲ့ခင်ပွန်းမောင်ခင်မောင်လွင်ကို လှမ်းကြည့်လိုက်တယ်…။ ပြီးမှ ကဝေပျံကိုပြောလိုက်တယ်….။ ““နင်ပြောတာ ငါနားမလည်ဘူး၊ ငါသိအောင် ရှင်းရှင်းလင်းလင်းပြောပြစမ်း.. “မသိတဲ့သူကတော့ မသိဘူးပေါ့…။ အကြောင်းစုံကိုသိတာ၊ ဟိုကောင်…..။ ဟိုကောင်အကုန်လုံးသိတယ်..” လေသံပျော့သွားတဲ့ ကဝေပျံဟာ၊ ရုတ်တရက်စိတ်ဖောက်သွားသလို ခင်မောင်လွင်ကို လက်ညှိုးငေါက်ငေါက်ထိုး ပြီး အော်ပြောလိုက်တယ်…. ““မောင်ခင်မောင်လွရ၊ ပြဿနာကတော့ မင်းဘက်လှည့်လာပြီဟေ့၊မင်းအကုန်လုံးသိတယ် ဆိုပါလား.
“ကျွန်တော်လည်း နားမလည်နိုင်အောင် ဖြစ်နေပါ တယ် ဆရာကြီး…”
“မင်းကသာ နားမလည်နိုင်ဘူးပြောနေတယ်၊ သူကတော့ မင်းကိုကောင်းကောင်းသိနေပုံပဲ….။ ရှင်းရှင်းလင်းလင်းသိရအောင် မင်းကိုယ်တိုင်မေးကြည့်ဆရာကြီးဦးကြာညွန့်ဟာ မောင်ခင်မောင်လွင်ကို ပေးပို့ခွင့်ပြုလိုက်တယ်…..။ “ကျုပ်မိန်းမ အုန်းခင်မြင့်ဟာ ရိုးသားအေးဆေးတဲ့မိန်းမတစ်ယောက်ပါ၊ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးပါဘူး၊သူ့ကြောင့် ခင်ဗျားရဲ့သမီးသေရတယ်ဆိုတာ မဖြစ်နိုင်ငံဘူး.. ““နင်…..နင် တော်တော်ရက်စက်တဲ့ ကောင် ပဲ..။ အခုမှ မသိချင်ဟန်ဆောင်မနေနဲ့..”“ကျုပ်တကယ်နားမလည်လို့ပါ၊
ဒီလိုဆိုရင် ကျုပ်မိန်းမကြောင့် သေရတယ်ဆိုတဲ့ ခင်ဗျား သမီးရဲ့နာမည် ဘယ်သူလဲ…”
““အေး.. နင်နားမလည်ဘူးဆိုတော့လည်း ပြောရတော့မှာပေါ့..၊
နင့်မိန်းမကြောင့် သေသွားတဲ့တို့သမီး နာမည် က မငွေကြိုင်လေ၊ ကဲ…သိပြီလား”““ဗျာ…..မငွေကြိုင်”ခင်မောင်လွင် ထိတ်လန့်အံ့ဩသွားတယ်…။“ဒါဆို….ဒါဆို…အခုပူးကပ်နေတာ…… အမေ….အမေဒေါ်ရွှေပေါ့…..”လို့ အထစ်ထစ်အငေါ့နဲ့ ပေးလိုက်တယ်…..။
ကဝေပျံဆီက ဘာသံမှထွက်မလာတော့ဘူး….။ ပါးစပ်ကို တင်းတင်းစေ့ပိတ်ထားတယ်။ ကြီးမားတဲ့အမုန်း၊ မပြေနိုင်တဲ့ရန်ငြိုးကြောင့် ပျက်လုံး တွေထဲမှာတော့ ဒေါသမီးတွေက တဟုန်းဟုန်းတောက်လောင် နေတုန်းပါပဲ..။
“ခင်မောင်လွင်ရန်ကုန်မှာ မိန်းမရသွားပြီတဲ့..ဒီသတင်းက ရွာကိုရောက်လာတယ်…..။ မငွေကြိုင်မျက်နှာ ဘယ်မှာသွားထားရမယ်မှန်း မသိ တော့ဘူး၊ ရှက်စိတ်၊ နာကြည်းစိတ်က ငယ်ထိပ်ထိတက်လာ တယ်။တစ်ရွာလုံးရဲ့အကြည့်ကလည်း မငွေကြိုင်ဆီကိုပဲ ရောက်နေတယ်။ရေအိုးစင်တစ်ရွာလုံး ခင်မောင်လွင်နဲ့ သူ့အကြောင်းပဲပြောနေလိမ့်မယ်လို့ မငွေကြိုင်ထင်တယ်….။
ဟုတ်တော့လည်းဟုတ်တယ်၊ တစ်နေ့နေ့မှာ သူတို့နှစ်ယောက် ယူကြလိမ့်မယ်လို့ တစ်ရွာလုံးသိထားကြတယ်။ဘာ့ကြောင့်လဲဆိုတော့ ငယ်စဉ်ကတည်းက အပျိုလူပျိုအရွယ်ထိ တစ်ပူးတွဲတွဲရှိနေလို့ပဲ။တစ်ပူးတွဲတွဲရှိတဲ့အလျောက်လည်း ခင်မောင်လွင်ကမငွေကြိုင်ကို စွဲလမ်းနှစ်ခြိုက်တယ်။မငွေကြိုင်ကလည်း ခင်မောင်လွင့်အပေါ် ချစ်ခင်နှစ်သက်တယ်ာ.၊နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်နေ့မမြင်ရရင် တစ်နေ့မနေနိုင်တဲ့ အချစ်စိတ်တွေနဲ့ ရှိခဲ့ကြတယဒါ့ကြောင့် တစ်ရွာလုံးက သူတို့နှစ်ယောက်ချစ်နေကြပြီ၊တစ်နေ့နေ့မှာတော့ သူတို့နှစ်ယောက်မလွဲမသွေ လက်ထပ်ကြမှာအမှန်ပဲလို့ ယူဆနေကြတာဖြစ်တယ်။ခင်မောင်လွင်ရန်ကုန်ကို အလုပ်သွားလုပ်တော့လည်း ငွေကြိုင်နဲ့ လက်ထပ်ဖို့ငွေရှာသွားတာ၊
အလုပ်လုပ်ပြီးငွေစုမယ်၊ ငွေစုပြီးရင် မငွေကြိုင်ကို တောင်းရမ်းလက်ထပ်မယ်လို့ တစ်ထစ်ချတွက်ဆခဲ့ကြတယ်..ဒီလို တစ်ထစ်ချတွက်ဆတဲ့အထဲမှာ ပငွေကြိုင်ရဲ့အမေ ဒေါ်ရွှေလည်းပါတယ်။
ဒေါ်ရွှေကလည်း ခင်မောင်လွင်ကို ငယ်စဉ်ကတည်းက ခင်မင်ခဲ့တဲ့ သံယောဇဉ်ရယ်၊ ရိုးသားမှုနဲ့ သိမ်မွေ့ယဉ်ကျေးတဲ့အပြု အပူတွေကြောင့်ရယ် သားတစ်ယောက်နဲ့မခြား ချစ်တယ်။
နောက်ပြီး ခင်မောင်လွင့်မိဘများက ဥစ္စာဓနအချမ်း သာကြီး မဟုတ်ပေမဲ့ အဆင်းရဲကြီးလည်းမဟုတ်ဘူး။ သူတို့လိုပဲ စားနိုင်သောက်နိုင်ထဲက ဖြစ်တယ်၊ပြင်ရတွေ့ရသလောက်ဆို သမီးမငွေကြိုင်အပေါ်မှာ အနွံ အတာခံတာ တွေ့ရတယ်။သမီးရဲ့အရိပ်အကဲကို သတိထားကြည့်တော့လည်း မောင်ခင်မောင်လွင့် အပေါ်မှာ သံယောဇဉ်ကြီးနေတာကို အကဲ ခတ်မိတယ်..။
ဒါ့ကြောင့် မဖြစ်သင့်တာမဖြစ်အောင် တစ်ခါတစ်ရံဆုံးမတာကလွဲပြီး သူတို့နှစ်ယောက် တစ်ပူးတွဲတွဲရှိနေကြတာကို မကန့်ကွက်ခဲ့ဘူး။ဒေါ်ရွှေကိုယ်တိုင်လည်း ခင်မောင်လွင်ကို ““သား”လို့ ခေါ်ပြီး ကြည်ကြည်ဖြူဖြူရှိခဲ့တယ်။ဒါပေမဲ့ ဒေါ်ရွှေရော၊ ရေအိုးစင် အချက်တစ်ချက်ရှိခဲ့တယ်…။ တစ်ရွာလုံးပါ မသိသေးတဲ့အဲ့ဒီအချက်ကတော့ ခင်မောင်လွင်နဲ့ မငွေကြိုင်တို့နှစ်ယောက် တရားဝင်ချစ်သူရည်းစားမဖြစ်သေးဘူးဆိုတဲ့ အချက်ပါ။ ဟုတ်တယ်၊ ခင်မောင်လွင်က မရွေကြိုင်ကို ချစ်နေတယ်၊
မငွေကြိုင်ကလည်း ခင်မောင်လွင်ကို နှစ်သက်တယ်၊ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ကြိုးတွေနဲ့ ရစ်ပတ်နှောင်တွယ်ထားကြတယ်၊ဒါပေမဲ့ ခင်မောင်လွင်ဟာ မငွေကြိုင်ကိုချစ်ပါတယ်ဆိုတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းမဖွင့်ဟသေးဘူး၊ရှက်တာလား၊ ကြောက်တာလား၊ ရိုးလွန်းလို့ပဲ “အ” သွားတာလားမသိဘူး၊ဘယ်လိုပဲဖြစ်ဖြစ် ခင်မောင်လွင်သူ့ကိုချစ်တယ်ဆိုတာ မငွေကြိုင်သိတယ်၊ ဒီလိုပဲမငွေကြိုင်သူ့ကို ချစ်နေတယ်ဆိုတာလည်း ခင်မောင်လွင်သိတယ်၊
ဒါဆိုရင် ပြည့်စုံလုံလောက်ပြီလို့များ ယူဆထားကြ သလား မပြောတတ်ဘူး၊ခင်မောင်လွင်ကလည်း ပွင့်ပွင့်လင်းလင်း ဖွင့်မပြောဘူး။ မငွေကြိုင်ကလည်း ခင်မောင်လွင်ပြောမယ့် ချစ်တယ်ဆိုတဲ့ စကားကို မျှော်လင့်မနေဘူး။
ချစ်နေကြဖို့ပဲလိုတယ်လို့ အတွေးရှိခဲ့ကြတယ်….ဒါပေမဲ့ ဒီအကြောင်းအရာလေးကပဲ သူ့အသည်းနှလုံး တွေကို တစ်စစီတစ်စစီ ချေမွပစ်လိုက်မယ်ဆိုတာ အဲဒီတုန်းတမငွေကြိုင်မသိခဲ့ဘူး…။ သူ့ဘဝကြီးတစ်ခုလုံး အဆုံးစွန်ထိပျက်စီးသွားမယ်ဆိုတာ မတွေးမိခဲ့ဘူး….။ သိတဲ့အချိန်၊ တွေးမိတဲ့အချိန်ကျတော့လည်း နောက်ကျ သွားပြီ၊ အရမ်းနောက်ကျသွားပြီ၊
သူအလွန်ချစ်ခဲ့တဲ့ သံယောဇဉ်ကြီးခဲ့တဲ့ ခင်မောင်လွင်က သူမဟုတ်တဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပြီလေ။ရေအိုးစင်တစ်ရွာလုံး စိတ်မချမ်းမသာဖြစ်ကြရတဲ့န့၊ပချိတင်ကဲ ဆိုမြည်သံတွေ၊ “တောက်” ခတ်သံတွေ ညံသွားရတဲ့နေ့လည်းဖြစ်တယ်၊အကြောင်းကတော့ မငွေကြိုင်တစ်ယောက် ရုတ်တရက်
သေဆုံးသွားတာကြောင့်ပါ။ဟုတ်ပါတယ်၊ ဒီနေ့ မနက်မှာပဲ အရှုတ်သည်းတဲ့၊အရှက်ကြီးတဲ့ မငွေကြိုင်တစ်ယောက် အင်ဒရင်းပိုးသတ်ဆေး သောက်ပြီး လူ့လောကကြီးကို စွန့်ခွါသွားခဲ့တယ်။မငွေကြိုင်ဟာ အရှက်ကိုအသက်ထက်ပိုပြီး တန်ဖိုးထားတဲ့ ကျေးလက်မိန်းမပျိုလေးတစ်ယောက်ပါ။အရှက်နဲ့ လူလုပ်တဲ့သူဖြစ်တယ်၊
ဒါကြောင့်လည်း ခင်မောင်လွင်မိန်းမယူတဲ့သတင်း၊ အုတ်အုတ်ကျက်ကျက်ဖြစ်တဲ့နေ့ကစပြီး အိမ်ထဲကအိမ်ပြင်မထွက်ရဲတော့ဘူးတစ်ရွာလုံးက သူ့အပေါ်ကြည့်နေကြမယ့် အကြည့်ဆူးတွေကို သူရင်မဆိုင်ရဲဘူး။ ခင်မောင်လွင်နဲ့ပတ်သက်ပြီး ပြောနေကြမယ့် သူ့အကြောင်းတွေကို သူနားမထောင်ရဲဘူး၊ဒါ့ကြောင့် လုံးဝအိမ်ပြင်မထွက်ဘဲနေခဲ့တယ်၊
ဒါတွေကို ကြည့်ခြင်းအားဖြင့် သူ့ရင်ထဲမှာ ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး၊ နင့်နင့်သည်းသည်။ ခံစားနေရတယ်ဆိုတာသိသာနိုင်တယ်၊ဒီလိုနဲ့ မငွေကြိုင်တစ်ယောက် အချစ်ကပေးတဲ့ သောကရဲ့ ဖိစီးမှုကို ခံလိုက်ရတယ်၊ အစားအသောက်မမှန်တော့ဘူး၊ စားချင်မှစားတယ်၊
ထမင်းမစားတဲ့ရက်တွေ များလာတယ်၊ဒေါ်ရွှေ ညတစ်ရေးနိုးလို့ ကြည့်တိုင်းလည်း ပငွေကြိုင်ကိုအိပ်ရာထဲမှာ ထိုင်နေတာပဲတွေ့ရတယ်၊ခင်မောင်လွင်နဲ့ပတ်သက်ပြီ။ သမီးဖြစ်သူခံစားနေတဲ့ဝမ်းနည်းမှုတွေကို ဒေါ်ရွှေ မြင်နေတွေ့နေရတယ်၊ သမီးအတွက် စိတ်မချမ်းမသာဖြစ်ရတယ်၊
မငွေကြိုင်ကို အမျိုးမျိုးဖျောင်းဖျပြီး နှစ်သိမ့်ပေးတယ်၊ ဒါပေမဲ့ သူမရဲ့နှစ်သိမ့်ဖျောင်းဖျပေးမှုတွေက အချည်းနှီးမငွေကြိုင်ကတော့ ငူတူတူနဲ့ ထိုင်မြဲထိုင်နေလျက်၊ ဘာ စကားမှမဆိုဘဲ ကြောင်ငေးငေးနေလျက်ပါ။ သူမရဲ့ ပါးပြင်မှာတော့ မျက်ရည်စီးကြောင်းတွေ စီးကျသွားရပြီ၊
သက်ပြင်းချရုံကလွဲပြီး ဒေါ်ရွှေဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒီနေ့မနက်မှာတော့ သူ့အသည်းနှလုံးတွေ ကြွေပြုန်းသူရွာလယ်ဈေးဆိုင်ကို ခဏလေးသွားနေခိုက်မှာပဲ မငွေကြိုင်တစ်ယောက် ယာခင်းမှာအသုံးပြုဖို့ဝယ်ထားတဲ့ အင်ဒတေရင်းပိုးသတ်ဆေးတွေ သောက်လိုက်ပြီ၊ ဒရင်း၊
ဟာ ဒေါ်ရွှေ ဈေးဆိုင်ကပြန်ရောက်လာတော့ သမီးဖြစ်သူ အိပ်ရာထဲမှာလူးလှိမ့်နေတယ်၊ ပါးစပ်ကလည်း “ပူတယ်၊ လို့ ညည်းတွားနေတယ်၊ဒေါ်ရွှေ့ နှာခေါင်းထဲအင်ဒရင်းပိုးသတ်ဆေးနံ့ ထောင်း ခနဲဝင်လာတယ်၊ မငွေကြိုင်ရဲ့ဘေးမှာ အင်ဒရင်းပုလင်းမြင်လိုက်
တယ်၊ ဒေါ်ရွှေ့အော်ဟစ်သံက စူးစူးဝါးဝါးထွက်လာတယ်၊အိမ်နီးနားချင်းတွေ အပြေးအလွှား ရောက်လာကြတယ်၊
မငွေကြိုင်ကို မြို့ဆေးရုံပို့ဖို့ စီစဉ်ကြတယ်၊ဒါပေမဲ့၊ မရတော့ပါဘူး။မနက်ဆယ်နာရီတိတိမှာပဲ မငွေ့ကြိုင်တစ်ယောက် သူရင်ဆိုင်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ဆိုးတွေနဲ့ ကင်းဝေးရာ၊ သူခံစားနေရတဲ့ ကြေကွဲနာကျင်မှုတွေ ဆိတ်သုဉ်းရာ ဖြစ်တဲ့ တမလွန်ကိုထွက်ခွါသွားပါတော့တယ်။
မည်သို့ပင်ဆိုစေ….။
မည်သို့ပင်ဖြစ်စေ…..။
သည်အဖြစ်အပျက်အားလုံးရဲ့ တရားခံက ခင်မောင်လွင်ဖြစ် သွားရတယ်၊
““ခင်မောင်လွင် သစ္စာဖောက်လို့..”
“ခင်မောင်လွင် ကတိမတည်လို့…”
““ခင်မောင်လွင် မျက်နှာများလို့..”စတဲ့…စတဲ့…ပြစ်တင်ရှုတ်ချသံတွေက ခင်မောင်လွင့်ဆီကို ပဲ ဦးတည်သွားကြတယ်။
ချစ်သူရဲ့ စွန့်ပစ်မှုကြောင့် ဘဝတစ်ခုလုံးကို အဆုံးရှုံးခံပြီး လူ့လောကကြီးထဲက ထွက်ခွါသွားရတဲ့ မငွေကြိုင်ကို သနားကြလေလေ၊ ခင်မောင်လွင့်အပေါ်ဒေါ်သတွေ ပုံကျလာလေလေဖြစ်တယ်။ဒီအကျိုးအကြောင်းအစုံအလင်ကို ခင်မောင်လွင့်မိဘတွေက ခင်မောင်လွင်ကိုပြောပြတယ်။
“မဟုတ်ဘူးအမေ၊ သားနဲ့ မငွေကြိုင်နဲ့ ဘာမှမဖြစ်ဘူး။
သမီးရည်းစားတွေလည်းမဟုတ်ဘူး။ငယ်ငယ်ကတည်းက အတူတူနေလာခဲ့ကြတာမို့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ကြီးကြတာတော့မှန်တယ်၊ဒါပေမဲ့ သူ့ကိုချစ်တယ်လို့ တစ်ခါမှကျွန်တော်မပြောခဲ့ဖူးဘူး၊
ဒါကြောင့် ကျွန်တော်အုန်းခင်မြင့်ကို ယူတာပေါ့”ခင်မောင်လွင် သူ့အမေကိုရှင်းပြတယ်။သူ့အမေက သက်ပြင်းလေးကြီးတစ်ချက်ချရင်း..
““ဒါက သားဘက်ကပြောတာလေ၊
တစ်ရွာလုံးကတော့ ဒီလိုမသိကြဘူး၊ သားတို့နှစ်ယောက်ကို သမီးရည်းစားတွေလို့ပဲ သိကြတယ်၊သားရန်ကုန်သွားပြီး အလုပ်လုပ်တာတောင် မငွေကြိုင်နဲ့ လက်ထပ်ဖို့ ငွေသွားရှာတာလို့ပဲ ထင်နေကြတယ်၊ဒီလို ထင်နေကြတဲ့အချိန်မှာ တို့သားက အုန်းခင်မြင့်နဲ့လက်ထပ်တယ်၊သား လက်ထပ်လိုက်တာကို အကြောင်းပြုပြီ။ မငွေကြိုင်က အင်ဒရင်းသောက်သွားတယ်၊
သားပြောတဲ့ အကြောင်းအရာတွေကိုတော့ ဘယ်သူမှသိကြဘူး၊ တစ်ရွာလုံးသိတာက သားကမငွေကြိုင်ကို သစ္စာဖောက်ပြီးစွန့်ပစ်ခဲ့လို့ မငွေကြိုင်သေသွားတယ်ဆိုတာပဲ။ဒါ့ကြောင့် လောလောဆယ်သားတို့ ရွာကိုပြန်မလာ ဦး၊ အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားမှ ပြန်လာကြ””
ခင်မောင်လွင် ဘာမှမပြောတတ်တော့ဘူး။ ဒီထက်လည်း ရှင်းမပြတတ်တော့ဘူး။သူရှင်းပြလည်း ဘယ်သူမှယုံမှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်၊
တကယ်တော့ ခင်မောင်လွင် မငွေကြိုင်ကို ချစ်ခဲ့တယ်၊ကံအားလျော်စွာ ပွင့်လင်းတဲ့ချစ်သူဘဝကိုတော့ မရောက် ခဲ့ကြဘူး၊ဒီလိုနဲ့ သူအလုပ်လုပ်ဖို့ ရန်ကုန်ကိုသွားတယ်၊ အစိုးရ ဒီပိုင် စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်တယ်၊
အဲဒီမှာ စက်ရုံကအလုပ်သမလေး အုန်းခင်မြင့်နဲ့ ဆုံတွေ့ကြတာပါ။အုန်းခင်မြင့်က ပစ္စည်းဥစ္စာနွမ်းပါးသူဖြစ်ပေမဲ့ သူ့ရဲ့အမူ
အရာကတော့ ပြောစရာမရှိအောင်ရိုးသားတည်ငြိမ်သူဖြစ်တယ်၊ ဝတ်စားဆင်ပြင်ဟန်ကလည်း စိန်ရွှေငွေ ဝတ်ဆင် မထားပေမယ့် ရန်ကုန်သူပီပီလှအောင်၊ ယဉ်အောင်ဝတ်စား ပြင်ဆင်တတ်သူပါ။
သူ့ရုပ်ရည်ကလည်း ရှုချင်စဖွယ်ချောမောလှပတင့်တယ် သူဖြစ်တယ်၊ မြင်ရသူရဲ့ဘဝင်ကို ချစ်ခင်စွဲလမ်းစိတ် ဖြစ်ပေါ်လာအောင် စွဲဆောင်နိုင်စွမ်းရှိသူဖြစ်တယ်။
ဒီအချက်တွေက မငွေကြိုင်နဲ့ဝေးလို့ မီးဝေးချိပ်မာဖြစ် နေတဲ့ ခင်မောင်လွင့်အသည်းနှလုံးတွေကို ပျော့ပျောင်းသွားစေ ခဲ့တယ်၊ နူးညံ့သွားစေခဲ့တယ်။ခင်မောင်လွင်ဟာ အရင်ကမငွေကြိုင်ကို ချစ်ခင်နှစ် သက်ခဲ့တယ်၊အခု အုန်းခင်မြင့်ကိုတွေ့တော့လည်း ချစ်စိတ်တွေပေါက် ဖွားလာပြန်တယ်။
ဒါဟာ အချစ်ရဲ့ဆန်းကြယ်မှုလား၊ ဒါမှမဟုတ် ခင်မောင် အသွင်ရဲ့ ဆန်းကြယ်မှုပဲလား၊ ဘယ်သူမှမပြောနိုင်ဘူး၊ ခင်မောင် လွင်ကိုယ်တိုင်လည်း မသိဘူး၊ဘယ်လိုပဲဖြစ်ဖြစ် သူအုန်းခင်မြင့်ကို ချစ်နေမိပြီ၊ ဒီတစ် ကြိမ်တော့ သူမ“အ”တော့ဘူး။
ဘေးကနေဝိုင်းဝန်း တွန်းပို့ပေးနေတဲ့ အပေါင်းအသင်း တွေကြောင့်လည်း ဖြစ်မယ်၊ သူ အုန်းခင်မြင့်ကို ချစ်ရေးဆို ဖြစ်သွားတယ်၊ အချိန်ကာလတစ်ခု ကို စောင့်ဆိုင်းပြီးချိန်မှာ အုန်းခင်မြင့်ဆီက တုံ့ပြန်မေတ္တာကို ရရှိခဲ့တယ်၊အဲဒီနောက်မှာ သူတို့လက်ထပ်ဖြစ်သွားတယ်၊ ခင်မောင်လွင်ရဲ့မိဘတွေ ရန်ကုန်ကိုလိုက်လာပြီး သင့်တင့်လျောက်ပတ်စွာ မင်္ဂလာအခမ်းအနားကျင်းပပေးတယ်၊ ရန်ကုန်သူ အချောအလှလေးနဲ့ ပေါင်းဖက်ခွင့်ရလို့ ခင်မောင်လွင်အပျော်ကြီးပျော်နေချိန်မှာ..
ရွာမှာကျန်ခဲ့တဲ့ မငွေကြိုင်ကတော့ အသည်းနှလုံးတွေ မွကျေသွားတယ်၊ ချစ်ကမ္ဘာလေး ပျက်စီးသွားတယ်။ နောက် သူ့ဘဝတစ်ခုလုံးကိုပါ ပျက်သုဉ်းအောင်ပြုလုပ် လိုက်တာပဲဖြစ်ပါတယ်။
“ခင်မောင်လွင့်မိန်းမလေးက ချောတယ်တဲ့”
“အေးလေ၊ အရုပ်ကလေးကျနေတာပဲ”
“မှန်ဘီရိုထဲထည့်ပြီး အလှကြည့်ဖို့တောင် ကောင်း
တစ်နှစ်လောက်ကြာပြီး သူနဲ့ပတ်သက်တဲ့ စကားတွေ ပျောက်ကွယ်လောက်တဲ့အချိန်ကျမှ ခင်မောင်လွင်သူ့မိန်းမကိုခေါ်ပြီး ရွာပြန်လာတယ်၊ဟုတ်တော့ ဟုတ်တယ်၊ ဟိုတုန်းက မငွေကြိုင်သေစကခင်မောင်လွင့်အပေါ် ပြစ်တင်ခဲ့၊ ပြုစုခဲ့၊ ဒေါ်သထွက်ခဲ့တဲ့သူတွေခုတော့သွေးအေးသွားကြပြီ၊ ခံစားချက်ပြင်းပြင်းထန်ထန် မရှိကြတော့ဘူး၊
ခင်မောင်လွင် ရွာပြန်ရောက်ပြီဆိုတာနဲ့ ခင်မောင်လွင့်
မိန်းမရန်ကုန်သူ ဘယ်လောက်ချောတယ်ဆိုတာပဲ စိတ်ဝင်
တစား သိချင်နေကြတယ်၊ခင်မောင်လွင့်အိမ်ကို နှုတ်ဆက်သလိုလို၊ ဘာလိုလိုနဲကြောင်းမရှိ အကြောင်းရှာပြီးသွားကြည့်ကြတယ်၊အုန်းခင်မြင့်ရဲ့ အလှအပကိုတွေ့တော့ ချီးမွမ်းပြောဆိုကြတယ်၊ ခင်မောင်လွင် ဝမ်းသာသွားတယ်၊
ရွာသူရွာသားတွေ သူ့အပေါ်ဘယ်လိုဆက်ဆံကြမှာလဲ၊ အငြိုးတွေ၊ အာဃာတတွေ ရှိတုန်းပဲလားဆိုတဲ့ စိုးတထိတ်ထိတ် နဲ့ ရွာပြန်ခဲ့ရတာကိုး….။အခုလို အမြင်မကြည်မလင်တာတွေပျောက်ပြီ။ အေး အေးချမ်းချမ်းဆိုတော့ ခင်မောင်လွင်ဝမ်းသာရတာပေါ့..။ဒါပေမဲ့ တစ်ယောက်သောသူကတော့ သူ့အပေါ်မုန်းတီး၊ နေတုန်း၊ အငြိုးတွေ၊ အာဃာတတွေ ကြီးမားပြင်းထန်နေတုန်းဆိုတာလည်း သူကြားသိရတယ်။
အဲဒီသူကတော့ မေငွေကြိုင်ရဲ့အမေ ဒေါ်ရွှေပါ၊
အဲဒီအတွက် ခင်မောင်လွင်စိတ်မကောင်းဘူး၊ ဒါပေမဲ့အဖြစ်အပျက်တွေက ဖြစ်ပြီးသွားပြီ၊ ဘာမှပြုပြင်လို့မရတော့ဘူး။ နောက်ပြီး။ မငွေကြိုင်သေတဲ့ကိစ္စ၊ သူ့ပယောဂ ဘာမှမပါဘူးလို့လည်း ခင်မောင်လွင်ယုံကြည်တယ်။
ဒါ့ကြောင့် အရင်ကအမေတစ်ယောက်လို ဆက်ဆံခဲ့တဲ့။ ဒေါ်ရွှေကိုလည်း မတွေ့အောင်ရှောင်တယ်၊ ဒေါ်ရွှေ့အိမ်လည်း မသွားဘူး။ မငွေကြိုင်နဲ့ ပတ်သက်သမျှအားလုံးကိုလည်း ခေါင်းထဲကထုတ်ပစ်လိုက်တယ်၊ မေ့မေ့ပျောက်ပျောက်နေလိုက်တယ်။
သူတို့လင်မယားနှစ်ယောက်လုံး စက်ရုံကခွင့် ၁ဝ ရက်ယူပြီး လာခဲ့ကြတာဖြစ်တယ်။ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ခွင့်ရက်တွေကုန် ဆုံးသွားမယ်လို့ ခင်မောင်လွင်ယူဆခဲ့တယ်။ဒါပေမဲ့ အခြေအနေကတော့ သူယူဆသလို ဖြစ်မလာသူတို့ ရွာရောက်ပြီး ငါးရက်မြောက်နေ့မှာပဲ ထူးထူးခြား ခြားအဖြစ်အပျက်တစ်ခုကို စပြီးကြုံတွေ့လိုက်ရတယ်။ ညသန်းခေါင်လောက်မှာ စူးစူးငါးငါး အော်သံတစ်ခုကြောင့် ခင်မောင်လွင်လန့်နိုးသွားတယ်..။ သူ့မိန်းမ အုန်းခင်မြင့်ကို အိပ်ရာပေါ်မှာ ထိုင်လျက်တွေ့ရ တယ်….
“သရဲ သရဲ… ကြောက်တယ်… ကြောက် တယ်….” အုန်းခင်မြင့်ဟာ ကြောက်လန့်တကြားအော်နေတယ်။ အိပ်ခန်း တံခါးပေါက်ဆီကိုလည်း လက်ညှိုးထိုးပြတယ်…
ခင်မောင်လွင်ကြည့်လိုက်တယ်.. “ဟာ… မငွေကြိုင်….”ဟုတ်တယ်၊ မငွေကြိုင်မှ မငွေကြိုင်အစစ်၊ ခင်မောင်လွင်ကို ကြည့်နေတယ်၊ သူ့အကြည့်က စိမ်း စိမ်းဝါးဝါးကြီး၊ မငွေကြိုင်ရဲ့ နီရဲနေတဲ့မျက်လုံးတွေထဲမှာ အမုန်း မီးလျှံတွေနဲ့ ပြည့်နေတယ်။ခင်မောင်လွင်ကြည့်နေတဲ့ အခိုက်အတန့်မှာပဲ မငွေကြိုင် ဟာ ပိတ်ထားတဲ့တံခါးကို တိုးဝင်ဖောက်ပြီး ဖြတ်ထွက်သွား တယ်
အံ့အားသင့်ခြင်း၊ ထိတ်လန့်ခြင်းတွေနဲ့ ခင်မောင်လွင် ကြောင့်ဖြစ် သွားတယ်၊ ဒါပေမဲ့ ချက်ချင်းသတိပြန်ဝင်လာတယ်။ အုန်း ခင်မြင့်ကို ချော့မော့ဖျောင်းဖျတယ်၊ အားပေးတယ်။
အဲဒီတုန်းမှာပဲ ခင်မောင်လွင်ရဲ့အဖေနဲ့ အမေလည်း ရောက်လာတယ်၊ ခင်မောင်လွင့်အေမက မေးတယ်…. ““ဘာဖြစ်တာလဲ သား…
““သရဲခြောက်တာ အမေ….” အုန်းခင်မြင့် အော်သံကြားလို့ ကျွန်တော်လန့်နိုးသွားတယ်။အဲဒီမှာပဲ မငွေကြိုင်ကို တွေ့လိုက်ရတာပဲ၊သူက အခန်းပေါက်ဝနားမှာရပ်နေတယ်…မုန်းတီးတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်နေပြီးတော့ တံခါးကိုဖောက်ပြီး ထွက်သွားတယ်..
“သမီးကရော ဘယ်လိုစပြီးတွေ့တာလဲ…”ခင်မောင်လွင့်အမေက ချွေးမဖြစ်တဲ့ အုန်းခင်မြင့်ကို မေးလိုက်ပြန်တယ်.….။
သမီးအိပ်ပျော်နေတုန်းမှာ ခြေထောက်ကိုလာပြီး ဆွဲလက်ကြီးက ရေခဲတုန်းကြီးလို အေးစက်နေတယ်သမီးလည်းလန့်ပြီး အော်ရင်းရုန်းလိုက်လို့ လွတ်သွားတယ်..တစ်မိသားစုလုံး အိပ်မရကြတော့ဘူး။ခင်မောင်လွင့်အဖေက ပရိတ်ရေပန်းပြီး တိုက်တယ်။
ဘုရားခန်းမှာထိုင်ပြီး ဂုဏ်တော်တွေရွတ်၊ ပဋ္ဌာန်းတွေ
ရွတ်ကြတယ်၊ ဒီလိုနဲ့ မိုးလင်းသွားတယ်…။
မငွေကြိုင်ရဲ့ဝိညာဉ် မဝင်နိုင်အောင်ဆိုပြီး တစ်အိမ်လုံး၊တစ်ခြံလုံးကို ပရိတ်ချည်ကြိုးတွေ ရစ်ပတ်တယ်။ ပရိတ်သဲတွေတယ်….ပရိတ်ဆန်တွေ ကြဲပက်တယ်။
ဒါပေမဲ့ မငွေကြိုင်ရဲ့ ဝိညာဉ်ကတော့ ခင်မောင်လွင်တို့ အိပ်ခန်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာပြန်တယ်။ သူရဲ့ အေးစက်နေတဲ့လက်တွေနဲ့ အုန်းခင်မြင့်ရဲ့ ခြေ ထောက်တွေကို ဆွဲတယ်…။အုန်းခင်မြင့်ရဲ့ စူးစူးဝါးဝါး ငယ်သံပါအောင်အော်လိုက်တဲ့
အသံကြောင့် အားလုံးနိုးသွားကြပြန်တယ်…။ နောက်ညကျတော့ အခြေအနေကတစ်မျိုးပြောင်းသွား ဘယ်။
ဒီတစ်ခါ ခင်မောင်လွင်လန့်နိုးလာတာက အုန်းခင်မြင့်ရဲ့ အော်သံကြောင့်မဟုတ်ဘဲ ငိုသံကြောင့်ဖြစ်နေတယ်။ အုန်းခင်မြင့်ဟာ အိပ်ရာပေါ်မှာထိုင်ပြီး တစ်ယောက် တည်း ရှိုက်ကြီးတငင် ငိုကြွေးနေတယ်…
““ဘာဖြစ်တာလဲ ခင်…. ဘာဖြစ်လို့လဲ..” ခင်မောင်လွင် စိုးရိမ်တကြီး မေးလိုက်တယ်… အုန်းခင်မြင့်က ဘာမှပြန်မပြောဘူး၊ ငိုရှိုက်မြဲ ငိုရှိုက်နေဘာအကြောင်းကြောင့် ငိုနေမှန်းမသိရ၊ ပေးလို့လည်းရ၊ လေးငါးဆယ်ခွန်းမေးပေမယ့် အုန်းခင်မြင့်ဆီက အဖြေ မရဘူး၊ အငိုလည်းမတိတ်ဘူး.
အဲဒီညက အုန်းခင်မြင့်ငိုတာ မိုးလင်းတဲ့အထိပဲ၊ မိုးစင်စင်လင်းမှ အငိုရပ်ပြီး အိပ်ပျော်သွားတယ်။ ဒါပေမဲ့မကြာဘူး၊ ဆယ့်ငါးမိနစ်ယောက်နေတော့ ရုတ် ခနဲထထိုင်တယ်။ စိုးရိမ်တကြီး အကဲခတ်နေတဲ့ ခင်မောင်လွင်ကိုစိုက်ကြည့်တယ်။ ခင်မောင်လွင် သူ့မိန်းမရဲ့ ပူမမှန်တဲ့မျက်လုံးတွေကို သတိထားမိလိုက်တယ်….၊
အုန်းခင်မြင့်ရဲ့ မျက်လုံးတွေဟာ သူ့ရှေ့က ခင်မောင်လွင်ကိုကြည့်နေပေမဲ့ ဘာမှမမြင်သလိုကြီးဖြစ်နေတယ်။ ကြောင် တောင်ငေးကြည့်နေတယ်…..ဘယ်သူက ဘာပေးပေး မပြောတော့ဘူး၊ သူပြောချင် တဲ့ စကားတွေကိုကျ တောင်စဉ်ရေမရ တတွတ်တွတ်ပြောနေ တယ်။
မြင်ရတဲ့အနေအထားပြောရရင် အုန်းခင်မြင့်ရဲ့စိတ်တွေ ကယောင်ချောက်ချားဖြစ်နေပြီ၊ စိတ်ရောဂါစွဲကပ်နေပြီလို့ ပြောလို့ရတယ်…အကောင်းပကတိကနေ ချက်ချင်းဆိုသလိုဖြစ်သွားရ တဲ့ကိစ္စမှာ အကြောင်းပြချက်ကတစ်ခုပဲရှိတယ်….။နှစ်ညဆက်တိုက် ခြေထောက်ကို သရဲဆွဲခံရတယ်၊ ဒီအတွက်ကြောင့် အကြောက်လွန်ပြီး စိတ်ကယောက်ကယက် ဖြစ်သွားတာလို့ပဲ တွေးလို့ရတယ်။ အခြားအကြောင်း စဉ်းစား လို့မရဘူး။
အုန်းခင်မြင့်ရဲ့ ရောဂါအခြေအနေကြောင့် ရန်ကုန်လည်း မပြန်ဖြစ်တော့ဘူး။ဒီကြားထဲ အုန်းခင်မြင့်ရဲ့ ရောဂါလက္ခဏာက ပိုဆိုးလာ တယ်၊ ဘာကျွေးကျွေး မစားဘဲလွှင့်ပစ်လာတယ်။ညဆိုရင်လည်း မအိပ်ဘဲတစ်ယောက်တည်း စကားတွေပြောတယ်၊ ရယ်တယ်၊ ငိုတယ်၊ အစားမမှန်၊ အအိပ်မမှန်တဲ့ အုန်းခင်မြင့်ရဲ့ခန္ဓာကိုယ်က တစ်လလောက်အတွင်းမှာ ပြိုကျသွားတယ်။
ပိန်ချုံးနေတဲ့ ကိုယ်လုံးသေးသေးလေးတာ အရေဖုံး ထားတဲ့ အရိုးစုလေးလို ဖြစ်နေတယ်။ထူးခြားတာက အုန်းခင်မြင့်ရဲ့ အသားအရောင်ပါ၊ အရင်က ဘဲဥခွံလေးလို ဖွေးဖွေးဖြူနေတဲ့ အသားအရေဟာ တဖြည်း ဖြည်းနဲ့ ညိုလာတယ်၊ ညိုရာကနေ မည်းတဲ့အဆင့်ထိရောက်သွားတယ်၊
နောက်ပြီး နဖူးပြင်၊ ပါးပြင်တွေမှာ အဘွားအိုတစ်ယောက်လို အရေးအကြောင်းတွေ ပေါ်လာတယ်..အစားအသောက်၊ အအိပ်အနေ မမှန်ရာက သွေးသားပြောင်းလဲပြီး ရုပ်ဆိုးဆိုးအဘွားအိုပုံ ဖြစ်သွားရတာလို့ပြောတယ်၊လွန်ခဲ့တဲ့တစ်လ၊ အုန်းခင်မြင့်ရွာကို ရောက်လာကာစရုပ်ရည်နဲ့ အခုဖြစ်နေတဲ့ ရုပ်ရည်ဟာ မိုးနဲ့မြေလို၊ အမှိုက်နဲ့ရွှေလို ကွာခြားသွားပြီဖြစ်တယ်..
ခင်မောင်လွင်ဟာ အုန်းခင်မြင့်ရဲ့ ရောဂါဝေဒနာတွေပျောက်ကင်းဖို့ တတ်ကျွမ်းနားလည်တဲ့ ဆေးဆရာ၊ ပယောဂဆရာတွေ၊ ဆေးဂိုဏ်းဆရာတွေနဲ့ ပြကြည့်တယ်…၊
““အုန်းခင်မြင့်ရဲ့ ရောဂါလက္ခဏာတွေက သာမန်သွေးရိုးသားရိုးဖြစ်တဲ့ ရောဂါလက္ခဏာမဟုတ်ဘူး၊တစ်စုံတစ်ယောက်ရဲ့ ပညာနဲ့ပြုစားတာကို ခံနေရတာ”
လို့ ဆရာတစ်ချို့ကပြောတယ်။ သူတို့က အုန်းခင်မြင့်ကို ပြုစားနေတဲ့ အောက်လမ်းပညာသည်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြတယ်….
ဒါပေမဲ့ အောက်လမ်းပညာသည်က ဝင်မလာဘူး၊ သူတို့ ဘယ်လိုခေါ်ခေါ် မလာဘူး၊ဒါက အောက်လမ်းရဲ့ပညာအဆင့်ကို ဆရာတွေလိုက် မမီဘူး၊ မနိုင်ဘူးဆိုတာကို ပြနေတယ်…ဖော်ထုတ်ဖို့နေနေသာသာ အောက်လမ်းပညာသည်ဝင် လာအောင်မလုပ်နိုင်တဲ့အဆုံးမှာ ဆရာတွေအရှုံးပေးသွားတယ်၊ လက်လျှော့ပြန်သွားကြရတယ်….။လက်လျှော့တဲ့ဆရာတွေများလာတော့ အားပျက်လာတ ခင်မောင်လွင်တချို့လူကြီးမိဘတွေပြောတဲ့ ““ကံနာ၊ ဝဋ်နာဆိုရင် ကု လို့မရဘူး” ဆိုတဲ့စကားကို လက်ခံရတော့ ဖြစ်တယ်ဖြစ်တယ်
လိုအချိန်မှာပဲ ဆရာတစ်ယောက်ရဲ့သတင်းကို ကြား သိလိုက်တယ်…..။
““မြန်မာတိုင်းရင်းဆေးဆရာကြီး၊ ပယောဂအနှောင့် အယှက်တွေလည်း အထူးနိုင်နင်းတယ်၊ ဆရာကြီးရဲ့နာမည်က ဦးကြာညွန့်” တဲ့၊ဆက်ရန်….
မောင်ညိုမှိုင်း(သန်လျင်)
- likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်
Leave a Reply