ဘီလူးမွေးတဲ့ရွာ

ကတည်းကသားစိမ်းငါးစိမ်းများစားချင်သည်ဟုဆိုကာမပြတ်ဝယ်ပေးရ၏တစ်ခါတရံရွာထဲဟင်းစားမပေါ်သည့်အခါအခြားရွာသွားရှာရ၏ဒါတောင်အလျှင်မမှီသဖြင့်အိမ်မှာမွေးထားသောတိရစ္ဆန်များလဲအလွတ်မပေးသတ်စားလိုက်တာတစ်ကောင်မှပင်မကျန်အောင်ကုန်သွားပြီဖြစ်သည်။

ထိုအသားငါးများချက်ပြုတ်ရာတွင်လဲကျက်အောင်ပင်မစောင့်ပဲစားသည့်အခါစားနေသဖြင့်ဦးရောဘတ်စိတ်ထဲသူ့မိန်းမဘီလူးများစီးနေသလားအပများမှီနေသလားဘာလားညာလားထင်မိပေမဲ့ကိုယ်ဝန်သည်ဆိုတော့ချဉ်ခြင်းတပ်တာဖြစ်မှာပါဟုဖြေတွေးတွေးနေရပေမဲ့ဘဝင်တော့မကျလှပေ

ဦးရောဘတ်ဟိုတွေးဒီတွေးတွေးနေရင်သူ့မိန်မဒေါ်အာစာလဲကလေးမွေးသံမကြားရဟုစိတ်ပူနေမိ၏ပူမဲ့သာပူနေသည်အာဆာအကြောင်းသူအသိဆုံးပင်
ဒီနေရာမှာသူ့့မိန်းမဒေါ်အာစာအကြောင်းနဲနဲတော့ပြောပြရန်လိုလာပြီဟုထင်၏သှု့မိန်းမသည်တခြားမိန်းမများကလေးမွေးသလိုအော်ဟစ်၍မနေကလေးလေးယောက်သာမွေးခဲ့သည်တစ်ခါမှအော်ဟစ်နေသံမကြားရအနည်းငယ်ညီးနေရုံမှတစ်ပါးဆူညံ့စွာမအော်တတ်ပေအလွန်သတ္တိရှိသည်ဟုပြောရမည်ပင်ကိုယ်ဝန်တကားကားနှင့်လည်းနားမနေအလုပ်လုပ်လျက်ရှိသည်အလုပ်လုပ်သည့်အခါလဲယောင်္ကျားများနှင့်တန်းတူရင်ပေါင်တန်းကာလုပ်နိုင်သည်ဘယ်အရာကိုမှအကြောက်အလန့်သိပ်မရှိ၍ရွာကလူအများစုကသူမအားဒေါ်အာစာဆိုသောနံမည်ဖျောက်၍ဒေါ်အာဇာနည်ဟုနောက်ပြောင်ခေါ်တတ်၏

ဦးရောဘတ်မည်မျှအတွေးလွန်သွားသည်မသိရွာထဲကလက်သည်ဒေါ်အဲဖောကိုကူညီမည့်သူများအိမ်ပေါ်ကဆင်းလာကြသည်ကိုတွေ့လိုက်ရ၏သူတို့မျက်နှာများသည်မကောင်းကြပါဦးရောဘတ်လဲပျာပျာသလဲမေးလိုက်၏
”””ဒေါ်အာစာမွေးပြီလားဗျ””

သူအမေးကိုရွာသူအမျိူ းသမီးများကခေါင်းငြိမ့်ပြကြသည်အရင်လိုဝမ်းသာအားရစကားမဆိုကြသောကြောင့်ဦးရောဘတရင်ထိတ်သွား၏်တစ်ခုခုဖြစ်ပြီဆိုတာမပြောပဲသိလိုက်၏ကလေးငိုသံလဲမကြားရသဖြင့်သူ့မိန်းမများတစ်ခုခုဖြစ်ပြီလားဆိုသည့်စိုးရိမ်စိတ်ကထူပူ၍သွားကာအငမ်းမရမးလိုက်ပြန်သည်။

””’ဘာလို့ကလေးငိုသံမကြားတာလဲ—–အာစာကောကျမ်းမာရဲ့လားအာစာဘာဖြစ်လို့လဲ””’
သူ့အမေကိုရွာထဲကအမျိူ းသမီးများကအိမ်ပေါ်သို့မေးငေါ့ပြကာခြံဝိုင်းထဲကခပ်သွက်သွက်ထွက်သွားကြသည်။
ဦးရောဘတ်လဲအိမ်ပေါ်သို့အပြေးအလွှားတက်သွားကာဒေါ်အာစာမီးနေခန်းထဲဝင်၍ကြည့်ရာဒေါ်အာစာသည်အိပ်နေရင်းမျက်လုံးများကသူ့နဘေးကအရာကိုကြည့်၍ကြောင်စီစီဖြစ်၍နေ၏

””’အာစာမင်းဘာမှမဖြစ်ဘူးမဟုတ်လားးးးကလေးကောငါစိတ်ပူလို့သေတော့မယ်””’
ဦးရောဘတ်အမေးကိုဒေါ်အာစာကပြန်မဖြေပဲသူ့နဘေးကအရာအားမေးဆတ်ပြလိုက်သည်။ဦးရောဘတ်ကြည့်လိုက်တော့အနှီးအဟောင်းကလေးပေါ်တွင်တင်ထားသောမဲမဲခြောက်ခြောက်နှင့်လက်တစ်ဝါးစာမရှိတရှိလူရိုးစုကလေးလိုလိုလူခြောက်ကလေးအားတွေ့လိုက်ရသည့်အခါမျက်မှောင်ကျူံ့့သွား၏သူသဘောပေါက်သွား၏သူ့မိန်းမသည်လူခြောက်ကလေးမွေးသည်ဟုထင်သဖြင့်အနားကလက်သည်ဒေါ်အဲဖောအားမေးလိုက်သည်။
””ဒေါ်အဲဖောဒါလူခြောက်ကလေးမဟုတ်လား””’
သူ့အမေးကိုဒေါ်အဲဖောကမျက်စိမျက်နှာပျက်စွာဖြေလိုက်သည်
”’လူခြောက်မဟုတ်ဘူး—-ဘီလူးခြောက်ကလေးပဲ””
ဒေါ်အဲဖောစကားကြောင့်ဦးရောဘတ်မျက်လုံးပြူးးသွား၏လူခြောက်ကလေးအားလက်ပေါ်တင်၍အသေအချာကြည့်လိုက်မိရာမျက်နှာသည်လူမျက်နှာနှင့်မတူပဲဘီလူးတစ်ကောင်၏မျက်နှာလိုမျက်လုံးပြူးပြူးကလေးနှင့်ဖြစ်ကာပါးစပ်တွင်အစွယ်နှစ်ချောင်းအထင်အရှားပါနေသည်ကိုအံ့သြဖွယ်တွေ့လိုက်ရ၍ဘီလူးခြောက်ကလေးဆိုတာသေချာ၍သွား၏

ဦးရောဘတ်ရွာထဲနှင့်အခြားရွာများမှလူခြောက်ကလေးမွေးတာမြင်ဘူး၏သေသေချာချာလဲသွားကြည့်ဘူး၏ထိုသာမန်လူခြောက်နှင်ယခုဘီလူးခြောက်သည်များစွာကွဲပြားနေသည်မှာအမှန်ပင်ဖြစ်သည်ဘီလူးခြောက်ကိုတစ်ခါမှမမြင်ဘူးအခုမှသာမြင်ဘူးသဖြင့်အံ့သြမကုန်နိုင်အောင်ဖြစ်နေ၏သူ့လက်ထဲကဘီလူးခြောက်အားအောက်သို့ပြန်ချကာလက်သည်ဒေါ်အဲဖောအားစိတ်လှုပ်ရှားစွာမေးလိုက်၏
””’ဒေါ်အဲဖော—–ကျု ပ်တစ်သက်တာမှာဘီလူးခြောက်ဆိုတာအခုမှမြင်ဘူးတော့တယ်ဗျာ—-ခင်ဗျားကအတွေ့အကြုံရှိတော့ဘာဆက်လုပ်ရမလဲပြောပါအုံးဗျ”””
””ကျွန်မလဲမွေးဖွားပေးလာတဲ့သက်တန်းတစ်လျှောက်လူခြောက်ပဲမြင်ဘူးတာ—-ဘီလူးခြောက်ကိုအခုမှမြင်ဘူးတာဒါပေမဲ့ကျွန်မအဖွားလက်ထက်မှာတော့တခါကြုံဘူးတယ်ပြောတယ်အဲဒီဘီလူးခြောက်က———””’
ဒေါ်အဲဖောကစကားကိုဆက်မပြောပဲပြောသင့်မပြောသင့်စဉ်းစားနေဟန်ရှိ၏ထိုအခါစိတ်မရှည်သောဦးရောဘတ်က
””’ပြောမယ့်သာပြောစမ်းပါဗျာ—-ဘာတွေဆက်ဖြစ်ပြီးဘာလုပ်ရမလဲလို့” ‘
””အဲဒီဘီလူးခြောက်ကရွာထဲကလူတွေကိုသတ်စားသတဲ့အစကတော့မသိပေမဲ့နောက်တော့သိလို့သတ်ပစ်လိုက်ရတယ် ဒါကြောင့်ဒီဘီလူးခြောက်ဟာရွာကိုအန္တရယ်ပေးနိုင်တယ်သတ်ပြစ်တာကောင်မယ်လို့ထင်တယ်””’
””ဒါဆိုလဲတစ်ခါထဲသတ်လိုက်မယ်လေ—အချိန်ဆွဲမနေနဲ့တော့””’
ဦးရောဘတ်ကပြောပြာဆိုဆိုအိမ်ရှေ့ခန်းထရံတွင်ထိုးထားသောဌက်ကြီးတောင်ဓားအားပြေးဆွဲယူလိုက်သည်။
ထို့နောက်စိတ်မြန်လက်မြန်ရှိသူမို့ဘီလူးခြောက်ကလေးခေါင်းအားခုတ်ရန်ရွယ်လိုက်ရာဒေါ်အာစာကဟန့်တားလိုက်၏
””မလုပ်ပါနဲ့အုံးးးရှင်ကလဲစိတ်မြန်ချက်ကလွန်ရောကျွန်မတောင်သေချာမကြည့်ရသေးဘူး—-ကျွန်မကြားဖူးတာကတော့ဘီလူးအစိုကလေးမွေးမှလူစားတယ်ကြားဘူးတာပဲအခုဟာကဘီလူးခြောက်ဆိုတော့—– ဘာမှတော့မလုပ်နိုင်လောက်ဘူးထင်တယ်—-ဒီလိုထူးထူးဆန်းဆန်းရလာတာကိုခဏလောက်တော့စောင့်ကြည့်ချင်တယ်တစ်ပတ်တန်သည်နှစ်ပတ်တန်သည်ပေါ့—-အကြောင်းထူးလာရင်တော့သတ်သင့်သတ်ရတော့မှာပေါ့”””
ဦးရောဘတ်လဲလူအာစာစကားကြောင့်စိတ်ရှော့ထားလိုက်သည်။ဒေါ်အာစာ
________________
နံနက်ခင်းအလင်းရောင်နှင့်အတူအထူးတလည်စိတ်ဝင်စားဆုံးသတင်းကတော့
””ဟဲ့နင်ကြားပြီးပြီးလာညကဒေါ်အာစာဘီလူးခြောက်ကလေးမွေးသတဲ့””
””အေးဟဲ့ဒါ့ကြောင့်ညကကလေးငိုသံမကြားရတာပဲနေမှာ”’
””ဒါဟာမကောင်းဘူးဘီလူးဆိုတာလူတွေစားတယ်ကြားဖူးတယ်ငါတို့ရွာတော့ဒုက္ခရောက်တော့မှာပဲ””
”’ဦးရောဘတ်ကညတွင်းခြင်းသတ်မယ်တကဲကဲလုပ်နေတာဒေါ်အာစာတားထားလို့တဲ့””
””အေးလေသတ်သင့်သတ်ရမှာပေ့ါ”’
””’ဟယ်ငါတို့သွားကြည့်ရအောင်လူခြောက်ပဲမြင်ဘူးတာဘီလူးခြောက်တစ်ခါမှမတွေ့ဖူးဘူး””
အဲဒီသတင်းသည်အတော်ပင်ပျံ့နှံ့ကာခရီးရောက်သည်ဟုဆိုရမည်ပင်လူအများအားလှုပ်လှုပ်ရှားရှားဖြစ်သွားစေသောသကိစ္စဖြစ်၍သွားသည်။ဒေါ်အာစာ၏အိမ်တွင်လူစုလူဝေးကြီးဖြစ်ကာဘီလူးခြောက်အားလာကြည့်ကြသည်မှာမစဲပေအနီးပတ်ဝန်းကျင်ရွာများမှကြားကြသည့်လူများပင်ပါလိုက်သေးသည်။

ရွာထဲကတတ်သိနားလည်သောလူကြီးများကတော့ရွာကိုဒုက္ခပေးမည်ကိုအလွန်စိုးရိမ်လျှက်ရှိနေသည်ဒါဟာရွာအတွက်ကြမ္မာဆိုးများကျရောက်လာမလားလို့တွေးကာစိတ်ပူနေကြ၏နတ်ဆရာမေးဘုန်းကြီးမေးနှင့်အလုပ်များနေကြ၏
အများစုကတော့မကောင်းဘူးလို့ယူဆကြသည်ဘီလူးမွေးတာမပြောနဲ့ဘီလူးနက္ခတ်နဲ့မွေးသည့်သူတောင်အိမ်ထောင်ပြုပါကအိမ်ထောင်ဘက်ကလူနက္ခတ်ဖြစ်နေပါကအိမ်ထောင်ဘက်သေဆုံးတတ်သည်ဟုအယူရှိကြသည်ထို့ကြောင့်ဘီလူးနက္ခတ်နှင့်မွေးသောသူကိုယူရန်ဇာတာတွက်ချက်မှယူတတ်ကြသည်ထို့ကြောင့်ဒီဘီလူးခြောက်ကလေးအားကြာကြာမထားသင့်ဟုအားလုံးကတိုက်တွန်းကြ၏

ဘီးလူးခြောက်မွေးကထဲကညဘက်များဆိုရွာထဲမှခွေးတွေအူနေလိုက်တာခြောက်ခြားစရာကောင်းနေသလိုဌက်ဆိုးထိုသံများလဲမကြာမကြာကြားနေရ၏ရွာထဲကလူအများစုကတော့မကြာခင်တွင်အန္တရယ်များကျရောက်တော့မလားဟုစိတ်တထင့်ထင့်ရှိလှသည်မို့ဒေါ်အာစာနှင့်ရင်းနှီးသူများကဝိုင်း၍သတိပေးကြ၏

””အာစာရေဒီဘီလူးခြောက်ကလေးကိုဒီအတိုင်းထားဖို့တော့မသင့်ဘူးထင်တယ်နော်—-နားလည်သူတွေနဲ့သေချာမေးမြန်းပြီးတစ်ခုခုတော့လုပ်မှဖြစ်မယ်””
သို့ပေမဲ့ခေါင်းမာသောဒေါ်အာစာကအများပြောစကားများကိုလစ်လူ ရှု့၍နေရင်းတပတ်ပြည့်သည့်ညမှာတော့ဒေါ်အာစာအလွန်သွေးပျက်ဖွယ်အဖြစ်အားမျက်ဝါးထင်ထင်မြင်လိုက်ရသည်။
——————–
ဘိလူးခြောက်ကလေးမွေးပြီးတစ်ပတ်ပြည့်သည့်နေတွင်ဒေါ်အာစာသွေးလေးကာနို့ညာသားကလေးဂျီကျနေတာသိပ်ရင်းစောစောစီးစီးအိပ်ပျော်သွာ၏ဘီလူးခြောက်ကလေးကိုတော့ဒေါ်အာစာနံဘေးတွင်ထား၏ကျန်ကလေးများကဘေးခန်းတွင်အိပ်ကြကာဦးရောဘတ်ကအိမ်ရှေ့ခန်းတွင်တစ်ယောက်ထဲအိပ်၏

တောဆိုတော့ညဘက်တွင်မီးမရှိမြို့တွေလိုမစည်ကားလူသွားလူလာသိပ်မရှိကြမြွေပါးကင်းပါးရန်ကလဲကြောက်ရသေးသည်မဟုတ်လားတော်ရုံကိစ္စမရှိဘဲအပြင်မထွက်ကြညမှောင်သည်နှင့်ရွာထဲတိတ်ဆိတ်သွားကာတစ်နေကုန်လယ်ယာလုပ်ငန်းခွင်ထဲအလုပ်လုပ်၍ပင်ပန်းသမျှအတိုးချ၍အိပ်ကြတော့သည်။မကြာခင်တစ်ရွာလုံးသုတ်သန်တစ်စပြင်လို့တိတ်ဆိတ်ငြိမ်သက်သွားကြ၏

ဒေါ်အာစာအိပ်နေရင်းထိတ်လန့်ဖွယ်အိမ်မက်ဆိုးကိုမက်နေ၏အိမ်မက်ထဲတွင်ဒေါ်အာစာဘေးနားတွင်ထားသောဘီလူးခြောက်ကလေးသည်အသက်ဝင်လာကာခုန်ထလိုက်၏ထိုအခါဘီလူးလေးတစ်ကောင်ဖြစ်၍သွားကာအလွန်ကြောက်စရာကောင်းသည့်ပုံစံအားမြင်လိုက်ရ၍ဒေါ်အာစာအလွန်လန့်သွားမိ၏ဘီလူးကလေး၏မျက်နှာသည်မျက်လုံးပြူးပြူ းပါစပ်ပြဲပြဲနဖူးမောက်မောက်နှာယောင်ကောက်ကောက်ဖြင့်ပါးစယ်တွင်ပါသောအစွယ်ဖွေးဖွေးကပို၍အရုပ်ဆိုးအကျီးတန်စေ၏မျက်လုံးများကလဲရဲရဲတောက်နေကာဒေါ်အာစာကြားဖူးသည့်မီးဝင်းဝင်းတောက်နေသည့်မျက်လုံးဆိုတာဒါမျိူ းဖြစ်မည်ဟုထင်မိ၏ထိုဘီလူးလေးကဒေါ်အာစာအားကြည့်လိုက်ရာဒေါ်အာစာအသဲများအေးကနဲဖြစ်သွား၏ဒီလောက်ကြောက်လန့်စရာဘီလူးကလေးအားမိမိမွေးခဲ့သည်ဆိုတာကိုယုံနိုင်စရာမရှိပေ

ဒေါ်အာစာသူမမွေးသည့်ဘီလူးခြောက်အားကြည့်မိစဉ်ကအခြောက်မို့လို့လားမသိကြောက်စရာကောင်းလှသည်မထင်မိပေမဲ့အခုလိုဘီလူးပုံအစစ်အားမြင်လိုက်ရသည့်အခါမကြောက်တတ်သောဒေါ်အာစာကိုယ်တိုင်ပင်မကြောက်စဖူးကြောက်နေမိ၏သူမစိတ်ခြောက်ခြားနေတုန်းဘီလူးကလေးဆီမှအသံထွက်လာ၏

””’ကျူ ပ်ဗိုက်ဆာတယ်—–””
ဘီလူးကလေး၏ကွဲရှရှအက်တက်တက်အသံကြီးကြောင့်ဒေါ်အာစာတကိုယ်လုံးတုန်သွားပြန်ကာထစ်ထစ်ငေါ့ငေါ့ဖြင့်ပြန်ဖြေလိုက်သည်။
””’အမေ—-အမေ—မီဖိုးချောင်ထဲမှာစားစရာသွားယူပေးရမလား—ဘာစားချင်တာလဲ””’
‘ဒေါ်အာစာအမေးကိုဘီလူးလေးကဒေါသသံဖြင့်ပြန်ဖြေလိုက်သည်။
””’ကျူပ်ကလူသားစားချင်တာ—လူအသဲအမြစ်ဝမ်းတွင်းသားကလီစာတွေစားချင်နေတာခင်ဗျားရှာမကြွေးလဲရတယ်ခင်ဗျားတို့တအိမ်သားလုံးအရင်စားပြီးမှတစ်ရွာလုံးကိုကျူ ပ်စားမယ်—-ကျူပ်ကိုအရင်ဆုံးမသတ်ခိုင်းတဲ့အတွက်ခင်းဗျားကိုတော့အရင်မစားသေးဘူး—ခင်ဗျားကကျူပ်အမေဖြစ်နေတာကိုးးး””
ဘီလူးလေးကကြောက်လန့်ဖွယ်ချိန်းခြောက်ကာဒေါ်အာစာအခန်းထဲကထွက်၍သွား၏ဘီလူးလေးထွက်သွားသောခြေသံသည်အတော်ပင်ပြင်းကာဘီလူးခြေလှမ်းတိုင်းအိမ်ပင်သိမ့်ခနဲသိမ့်ခနဲတုန်သွား၏

””’ဒုန်းးးးးဒုန်းးးးဒုန်းးးးး””
ဒေါ်အာစာဘဝမှာအလွန့်ထိတ်လန့်စွာဘုရားသခင်အားတလိုက်မိ၏
””’ဘုရားသခင်ကယ်တော်မူပါ””’
ထို့နောက်ဒေါ်အာစာသည်ဘီလူးကလေးဘယ်ထွက်သွားသလဲလိုက်ကြည့်မည်ဟုဆိုကာထရင်းအိမ်ခန်းထဲကထွက်လိုက်ရာတစ်အိမ်လုံးမှောင်မဲနေ၏သူမမျက်လုံးထဲဘာမှမမြင်ရသဖြင့်ဦးရောဘတ်အားအော်ခေါ်လိုက်၏

”’ ကိုရောဘတ်—-ကိုရောဘတ်””’
ဒေါ်အာစာကတကြော်ကြော်ခေါ်ရင်းအိမ်မက်ဆိုးကလန့်နိုးသွားလေသည်ထိုအခါအပြင်တွင်မှောင်မဲနေတာကြောင့်သူမခေါင်းအုံးဘေးမှဓတ်မီးအားစမ်းကာအရင်ဆုံးသူနဘေးနားတွင်ထားသောဘီလူးခြောက်ကလေးအားဓတ်မီးဖြင့်ထိုးကြည့်လိုက်၏

ထိုအခါမယုံနိုင်ဖွယ်အဖြစ်အားမြင်လိုက်ရသည်ဘီလူးခြောက်ကလေးသည်သူမထားသည့်နေရာတွင်မရှိတော့ပေဒေါ်အာစာရင်တွေအရမ်းခုန်၍သွားကာဦးရောဘတ်အားပြောမည်ဟုဆိုပြီးအိမ်ရှေ့ခန်းသို့ထွက်၍လာ၏အိမ်ရှေ့ခန်းတွင်အိပ်သောဦးရောဘတ်အားဓတ်မီးနှင့်ထိုးကြည့်လိုက်သည့်အခါဒေါ်အာစာတစ်ယောက်သွေးပျက်ဖွယ်မြင်ကွင်းအားမျက်ဝါးထင်ထင်မြင်လိုက်ရသည်။

ဦးရောဘတ်ကိုယ်ပေါ်တွင်ဘီလူးကလေးသည်တက်ခွထားကာချက်ကိုဖောက်၍တစုံတရာအားစားသောက်ထားပုံရကာပါးစပ်တွင်သွေးများပေနေသည်ဦးရောဘတ်ကတော့မျက်လုံးကြီးအပေါ်သို့လန်နေကာမလှုပ်မယှက်ဖြစ်နေပုံအရတော့အသက်မရှိလောက်ဟုထင်မိ၏ဘီးလူးကလေးသည်သွေးပေနေသောပါးစပ်ဖြင့်ဒေါ်အာစာအားလှည့်ကြည့်သည်ကိုတွေ့လိုက်ရသဖြင့်ဒေါ်အာစာငယ်သံပါအောင်ကုန်းအော်လိုက်၏

”””လာကြပါအုံးးးးးးလာကြပါအုံးဒီမှာလူသတ်နေပါတယ်—-ဦးဘေတ်ကိုသတ်နေပါတယ်””’
ဒေါ်အာစာလဲအော်ရင်းမေ့လဲသွား၏ရွာထဲကလူတွေလဲဒေါ်အာစာအော်သံကြောင့်ထိတ်လန့်တကြားဖြင့်မိမိတို့အိမ်မှာရှိသောရရာလက်နက်များစွဲကိုင်ကာဓတ်မီးတစ်ဝင်းဝင်းနှင့်ဒေါ်အာစာအိမ်သို့ပြေးလာကြကုန်၏

————-

””’ ဒေါ်အာစာ—–ဒေါ်အာစာသတိရပြီလား”””
ဒေါ်အာစာသတိရတော့တစ်အိမ်လုံးဘက်ထရီမီးချောင်းများထိန်လင်းနေကာရွာကလူများလဲအတော်စုံနေပြီဖြစ်သည်ဒေါ်အာစာသတိရသည်နှင့်ဦးရောဘတ်အားသတိရသွားကာ
””ကိုရောဘတ်—-ကိုရောဘတ်ရော””’
ဒေါ်အာစာမေးသည်ကိုရွာသားများကဘယ်သူမှပြန်မဖြေကြဒေါ်အာစာကငေါက်ကနဲထထိုင်ကာပတ်ဝန်းကျင်အားကြည့်လိုက်ရာသူမဘေးမလှမ်းမကမ်းတွင်ဗိုက်ပေါက်ကာသေနေသောဦးရောဘတ်အလောင်အားတွေ့လိုက်ရသဖြင့်ယူကြုံးမရအပူလုံးကြွစွာအော်ငိုလိုက်၏

””’အမလေးကိုရောဘတ်ရှင်သေရတာကျွန်မကြောင့်—-ကျွန်မပရောဂကြောင့်သေရတာကျွန်မသာရှင့်စကားနားထောင်ပြီးအကောင်းဆိုးဝါးဘီလူးခြောက်ကိုမွေးကထဲကသတ်လိုက်ရင်ဒီလိုအဖြစ်ဆိုးကြုံရမှာမဟုတ်ပါဘူးတော်”’
ရွာသားများလည်းအခုမှဇတ်ရည်လည်သွားကြ၍တစ်ယောက်တစ်ပေါက်မေးကြ၏

””ဟာဒါဆိုဦးရောဘတ်ကိုသတ်တာဘီလူးခြောက်ပေါ့””
””’ကိုယ့်အဖေတောင်ကိုယ့်ပြန်သတ်တဲ့မကောင်းဆိုးဝါးပဲရှေ့ဆက်ထားရင်အားလုံးဒုက္ခရောက်တော့မပေါ့””
””’ဦးရောဘတ်ကိုသတ်တာဒေါ်အာစာကိုယ်တိုင်မြင်လို့လား””
””” ဖြစ်နိုင်တယ်ဘီလူးသတ်လို့ဗိုက်ပေါက်ပြီးသေနေတာပေါ့”’
””အခုအမြန်သာသတ်ပစ်လိုက်ပါဗျာ””’
”’ ဘီလူးဆိုမှတော့စိုစိုခြောက်ခြောက်သတ်ပြစ်လိုက်တာအကောင်းဆုံးပဲ ””
ရွာသားများကဆူညံစွာတစ်ယောက်တစ်ပေါက်ပြောနေသံများကဒေါ်အာစာအတွက်ပို၍ခံပြင်းသွားစေသည်။
ဒေါ်အာစာကဦးရောဘတ်အလောင်းအားဖက်၍ငိုနေရာမှရုတ်တရက်ထလိုက်ကာထဘီကိုတိုတိုပြင်ဝတ်၍သူမအခန်းထဲဝင်သွား၏ခဏအကြာသူမပြန်ထွက်လာတော့လက်ထဲတွင်ဘီလူးခြောက်ကလေးပါလာ၏

ဘီလူးခြောက်ပါးစပ်တွင်သွေးစသွေးနများတွ့နေရ၏အားလုံးကဒေါ်အာစာဘာလုပ်မလဲလို့စိတ်ဝင်စားစွာကြည့်နေကြ၏ဒေါ်အာစာကြည့်ရသည်မှာစက်ရုပ်တရုပ်လိုလှုပ်ရှားနေကာနောက်ဖေးကသစ်သားပြားတစ်ပြားသွားယူလိုက်၍အိမ်လယ်တွင်သစ်သားပြားပေါ်၌ဘီလူးခြောက်အားတင်လိုက်၏

ထို့နောက်ထရံမှာထိုးထားသောဓားမအားဆွဲယူလိုက်ကာဘီးလူးခြောက်အားအားပါးတရခုတ်လိုက်၏ဒေါ်အာစာကြည့်ရသည်မှာသွေးအေးအေးနှင့်ငါးခြောက်ထိုင်ခုတ်နေသည့်နှယ်ဘီလူးခြောက်အားသုံးပိုင်းခုတ်လိုက်ရာခေါင်းတခြားကိုယ်တခြားသုံးပိုင်ပြတ်သွား၏ဒေါ်အာစာဒေါသများကအားပြင်းစေသည်မို့တစ်ချက်ခုတ်လိုက်တိုင်းသစ်သားပြားထဲနစ်ဝင်သွားသောဒါးအားမနဲပြန်ဆွဲထုတ်ရ၏

ရွာသားများကဘီးလူးခြောက်အပိုင်းများအားမီးရှို့ပစ်ရန်ပြောသော်လည်းဒေါ်အာစာကလက်မခံ
””ဒီမကောင်းဆိုးဝါးကကျွန်မတိုမိသားစုနဲ့တကွတရွာလုံးဒုက္ခပေးဘို့ရောက်လာတာလေအခုအိမ်မှာဦးရောဘတ်လဲမရှိတော့ဘူးဒီတော့သူ့ကိုတစ်သက်လုံးဒီခြံထဲမှာအစောင့်အဖြစ်ထားရမယ်””

ရွာသားများဝိုင်းတားပေမဲ့ဒေါ်အာစာကခေါင်းမာစွာပဲရွာထဲကနတ်ဆရာနှင့်အစီအရင်များလုပ်ကာသူမအိမ်ခြံဝင်းတစ်ထောင့်စီတွင်ဘီလူးခြောက်အပိုင်းတစ်ပိုင်းဆီမြုပ်လိုက်လေသည်။

ရွာထဲကလူအများလဲဦးရောဘတ်နာရေးအားဝိုင်းကူလုပ်ပေးကာနောက်တနေ့တွင်အလောင်းအားအားချင်းမီးသဂြိုလ်ပစ်လိုက်ရသည်ဒေါ်အာစာကတော့သူမယောင်္ကျားသေတာသူမကြောင့်ဟုဆိုကာနောင်တရလျက်ရှိနေသည်ဦးရောဘတ်နာရေးကိုတော့ကရင်ထုံးစံအတိုင်းပြုလုပ်ကြ၏အဲဒီနောက်ပိုင်းမှာတော့ဒေါ်အာစာတို့မိသားစုသည်ရွာထဲမှာသိပ်မနေတော့ရွာပြင်ကသူတို့လယ်ထဲတွင်တဲထိုးကာသွားနေကြသည်။

ဒီလိုနဲ့အချိန်တွေပြောင်း၍နှစ်တွေကြာလာသည့်အခါဒေါ်အာစာကရွာထဲကသူမအိမ်အားရောင်းပြစ်လိုက်သည်နောက်ဝယ်လိုက်သူများပြောစကားအရလပြည့်လကွယ်ညများတွင်ခြံထဲ၌ဘီလူးတစ်ကောင်အားတွေ့ကြရသည်ဆို၏

စာဖတ်သူဆွေသဟာများရွင်လန်းချမ်းမြေ့ပါစေ

တိမ်လွှာမိုး