ဒေါ်စိန်ဥက လှမ်းခေါ်ပြန်၏။ “ ဆရာကြီးက ဘယ်ကများ ဒန့်သလွန်သီးတွေ ရခဲ့တုံး ” “ နတ်တလင်းက ဧည့်သည်တွေ ယူလာတာဗျ ” “ ဒါနဲ့များ လျှောက်ရောင်းနေရသေးလား၊ အလကားပေးရောပေါ့ ဟဲ… ဟဲ ” “ ယူလေဗျာ၊ ဘယ်နှတောင့် ယူမတုံး ” “ အလကား ပြောတာပါရှင်၊ သူများလိုပဲ ၀ယ်ရမပေါ့၊ ဘယ်လိုရောင်းတုံး ” “ မအေးသာက တစ်မတ် ခြောက်တောင့်ဆစ်လို့ ခြောက်တောင့်ပဲ ပေးခဲ့တယ် ” “ ...

ဘာလုပ်ရမှန်းမသိဘူးပေါ့၊ ဒါနဲ့ဖိုးတရုတ်ကိုဝိုင်းထမ်းပြီးတော့ သူ့အိမ်ကိုလိုက်ပို့ကြတာပေါ့ဗျာ။ သူ့အိမ်ရောက်တော့ ပိုပိုဆိုးလာတယ်ဗျ၊ ဖိုးတရုတ်မှာ ငိုပြီးတော့ လူးလိမ့်နေတာပဲ။ ဒါနဲ့ ရွာက ဆေးဆရာကြီးကို ပင့်ရတာပေါ့။ ဆေးဆရာကြီးက လာကြည့်တော့လည်း ဘာမှသိပ်မထူးခြားဘူး၊ ဆေးဆရာကြီးက သေချာစမ်းသပ်ကြည့်ပေမယ့် လေလဲမဟုတ်၊ ဓါတ်သဘောလဲမဟုတ်ဘဲ အဖြေရှာမရဘူးဖြစ်နေတာပေါ့၊ ဒါနဲ့ ဆေးဆရာကြီးက ပယောဂလို့ ယူဆပြီးတော့ ပယောဂစစ်ကြည့်တာပေါ့။ ကျုပ်တို့ငယ်ငယ်က ဗိန္ဓောဆေးဆရာကြီးတွေဆိုတာ အထက်လမ်းတွေဘာတွေလည်း အနည်းအကျဉ်းတတ်ကြတယ်ဗျ၊ တော်ရုံဖမ်းစားတာဆိုရင် သူကုရင်ပြီးတယ်၊ ဒါနဲ့ ဖိုးတရုတ်ကိုပယောဂစစ်မယ်လဲဆိုရော ဖိုးတရုတ်က ရုတ်တရက်လေးဖက်ကောက်ထောက်လိုက်ပြီးတော့ ခွေးလိုအူတယ်ဗျာ၊ ကျုပ်တို့လည်း မျက်မြင်မို့လို့ အံ့သြနေမိတာပေါ့။ အူတာမှဗျာ ...

တာ၀န်ဗျ ဘုရားပွဲရပ်ဆိုတာ ရွာကသူဌေး သူကြွယ်တွေ ရွာရဲ့မျက်နှာဖုံးတွေ စုပေါင်းပြီး ထမင်းရုံကြီးနှစ်ရုံ ဆောက်ပြီး အရပ်လေးမျက်နှာက လာသမျှလူတွေကို ထမင်းကို ဆာတဲ့အချိန်၀င်စား ပျက်သွားတယ် လို့ကိုမရှိဘူး အချိန်ပြည့်ကျွေးတာ ဒီ‌‌ေန့ကြက်သားနဲ့ဆို နောက်နေ့၀က်သား အလျှံပယ်ကိုကျွေးတာ ကျုပ်တို့လဲ အဲ့ရက်တွေကျ ပင်ပန်း ကျတယ် တစ်ရွာလုံးပဲ ဒါပေမဲ့ ပင်ပန်းတာကို သတိမရကျဘူး အပျော်တွေစုနေတဲ့အချိန် ဘုရားပွဲ ရက်လုံးလုံးပြီးမှသာ လူတွေက ပင်ပန်းတယ်လို့ငြီးကျတာ အခုလဲ ဘုရားပွဲရက်ဆိုတော့ ကိုယ့်တာ၀န် ကိုယ်စီမလစ်ဟင်းရ အောင်လုပ်နေကျတာပေါ့ လူတွေကလဲ စည်းကားလိုက်တာ ကြက်ပျံမကျပဲ ကျိတ်ကျိတ်တိုး ...

ထန်းလျက်ချောင်း လာဝယ်တာလား” “ဟုတ်တယ် ဒေါ်မြရဲ့ “ “တာတေရယ် ထန်းလျက်ချောင်းဝယ်တာများ စောစောလာရောပေါ့ ပြီးတော့ တစ်ယောက်တည်း” “ဟုတ်တယ် ဒေါ်မြရဲ့ “ ကျုပ်က ဒေါ်မြကို ရယ်ပြရင်း ပြန်ပြောလိုက်တယ် “ရပါတယ် အရီးမြရဲ့ ၊ ကျုပ်က မကြောက်တတ်ပါဘူး” “မကြောက်တတ်တာတော့ ကောင်းပါတယ် ဟဲ့ နေဦး ဟိုတစ်နေ့ညက ဒီတစ်ဝိုင်းကျော်မှာ နေတဲ့ ပြူးကျယ်မ ၊မြောက်ဘက်ကန်ကြီးနားမှာ တစ်ဆေနဲ့ တွေ့လာလို့တဲ့ ၊ နင်ပြန်ရင် အဲဒီ့ဘက္က မပြန်နဲ့ ကြားလား တာတေ” “ဟုတ်ကဲ့ ...

ကုန်သည်။ မနက်ခင်း ချက်ချိန် ပြုတ်ချိန် စျေးဝယ်ချိန်ကိုက်ပြီး ရွာထဲ ဝင်လာသည်။ ရောင်း၍ ရသမျှပိုက်ဆံနှင့် အိမ်အတွက် လိုအပ်သော ဆန်ဆီဆား ဝယ်သည်။ ပိုက်ဆံ ပိုပိုသာသာ ရပါက …နှစ်ရက် သုံးရက်စာလောက်အောင် ဝယ်ခြမ်းသွားလေ့ရှိသည်။ သည်နေ့ မှတ်ကြီး ရွာထဲဝင်လာတော့ ငါးတစ်ပိဿာ ကျော်ကျော်ပါလာသည်။ ငါးဆယ်သားခန့် ငါးပတ် တစ်ကောင်ပါသည်။ မည်သည့်အိမ်မှ မဝင်သေးဘဲ ဒေါ်မြရီအိမ်သို့ အရင်ဝင်လိုက်သည်။ “ဒေါ်လေးမြ …ဒေါ်လေးမြ” ဒေါ်မြရီ၏ အရိပ်အယောင် မမြင်သဖြင့် အိမ်ထဲလှမ်း၍ အသံပြုလိုက်သည်။ “ဟော …မှတ်ကြီး၊ ...

ကျုပ်အကြောင်း သိပြီးသား ပဲဗျာ။ ကျုပ်ဆရာကြီးဘိုးလူပေ ရောက်တယ် ဆိုကတည်းက တနေရာကို ခရီးထွက်တော့ မယ်ဆိုတာ တွက်ပြီးသားပေါ့ဗျာ။ ကိုစံအေးက ကြာကြာမနေနိုင်ဘူးဗျ။ ဖင်တကြွ ကြွဖြစ်နေတာဗျို့။ ကြာရင်လည်း အိမ်ပြန်ရောက် ရင် အငေါက်ခံရဦးမှာလေဗျာ။ ကျုပ်လည်း ချက် ချင်း ထပြီး လိုက်လာခဲ့တယ်။ နှင်းတောထဲမှာပဲ တိုးပြီးသွားရတာပေါ့ဗျာ။ ဘိုး စံမောင်တို့ အိမ်ကြီးပေါ်ကို တက်လိုက်တော့ ဘုရားစင်ရှေ့မှာ ဘိုးလူပေက ပုတီးစိပ်နေ တယ်ဗျ။ သျှောင်တစောင်းလေး ထုံးထားတဲ့ ဘိုးလူပေကတော့ ဒီအရွယ်အတိုင်းပဲဗျ။ ခဏ ကြာတော့ ဘိုးလူပေက ...

ဆယ်တန်းအောင်ပြီး PPTTတက်နေပြီတဲ့နော်။ဒါဆို နင့်အသက်လည်း မငယ်လောက်တော့ဘူး။ နင်ဒီကလေးမကိုဆက်ပြီးမနှောင့်ယှက်ပါနဲ့တော့။ဒီလိုလုပ်လို့လည်းမသင့်ပါဘူး။သူ့ခန္ဓာကိုထဲက ထွက်သွားပေးပါတော့” “ငါထွက်မပေးနိုင်ဘူး” “နင်ဘာလိုချင်လဲ။ဘာစားချင်လဲ။ ငါတို့အကုန်လိုက်လျောပေးမယ်” ဦးမျိုးက ယင်းသို့ဆိုလာတော့ ယုသန္တာကိုယ်ထဲဝင်ပူးနေသည့်ဒေါ်ငွေရီက “ငါလိုချင်တာက ဒီကလေးမကိုဘာစာမှသင်မပေးဘဲအိမ်ပြန်လွှတ်ပေးစေချင်တယ်။ ငါစားချင်တာကလည်း ဒီကလေးမရဲ့အသားပဲ” “ဘာ” ဦးမျိုးထိတ်လန့်ပြီး ထအော်မိသလို၊အနားမှGuideလည်းလန့်ဖျပ်သွားမိသည်။ ပြီးနောက် ဦးမျိုးက “နင်ဒီကလေးမကို ဒီလောက်စားချင်နေရင် စားလေ။ဘာလို့မစားတာလဲ” “ငါစားလို့မရသေးဘူး။အရင်တုန်းက ငါသူ့ကိုပြုစားခဲ့သေးတယ်။ အဲဒီတုန်းက ဘုန်းကြီးနဲ့အခြားပယောဂဆရာတွေပြန်ကုပေးတာကြောင့်ငါ့ပယောဂကနည်းနည်းလေးပဲကျန်တော့တယ်။ဒါကြောင့်အခုငါဝင်ပူးတာနုနုလေးပဲပူးလို့ရတာ။တကယ်ဆိုတအား ကြမ်းကြမ်းပူးချင်တာ” ဒေါ်ငွေရီက ယင်းသို့ပြောနေခိုက်တွင် တိုင်ကပ်နာရီမှညဆယ့်တစ်နာရီထိုးသံမြည်လာသည်။ ‘ဒင် ဒင်.ဒင်’ ထိုအခိုက်မှာပင် မြသန္တာ၏မိဘနှစ်ပါးလည်း အဆောင်ပေါ်သို့ရောက်လာကြသည်။ ၎င်းတို့နေထိုင်သည့်ရွာနှင့်ဤကျောင်းအဆောင်သည် အလွန်ဝေးကွာသော်လည်း ဆင်းရဲလွန်းသဖြင့်လာစရာလှည်းမရှိဘဲ ...

စားသေးဘဲ သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ပစ်လိုက်၏။ ထိုအခါ ရေမြွေက မသေမရှင်ဖြစ်နေသော ဖားကို မြွေသူတော်ကြီးပါးစပ်နားသို့ ချပေးနေပြန်၏။ ထိုအခါမှာလည်း မြွေသူတော်ကြီးက ရေမြွေယူလာပေးသော ဖားကို မစားဘဲ ငြင်းပယ်သည့်သဘောနှင့် တစ်ဖက်သို့ ခေါင်းလှည့်သွားပြန်၏။ ရေမြွေကမူ နောက်တစ်ခါ ဖားကိုကောက်ကိုက်ပြီး မြွေသူတော်ကြီး ပါးစပ်နား ချပေးပြန်သည်။ ဤတစ်ခါလည်း မြွေသူတော်ကြီးသည် ရေမြွေကိုက်ချီ လာပေးသော ဖားကို မစားဘဲ တစ်ဖက်သို့ သူ့ခေါင်းကို ရွှေ့ထားလိုက်ပြန်၏။ “ဘယ်လိုပါလိမ့်” ဟု မကြုံစဖူး ထူးကဲလှသောအဖြစ်ကို ဦးထွန်းလှက အံ့သြတကြီး ငေးကြည့်နေမိသည်။ ...

အူမယ် ။ ခွေးတွေ ဟောင်မယ်။ ငှက်ဆိုးတွေ ထိုးမယ်။ အဲဒီကနေ တစ်မြို့လုံးလိုလို နာဖျားမကျန်းဖြစ်ပြီး လူတွေတစ်ယောက်ပြီး တစ်ယောက်သေမယ်ပေါ့ခင်ဗျာ…” “ဟ…သင်္ချိုင်းပြောင်းတဲ့ကိစ္စက ဒီလောက်တောင်ကြီး ကျယ်သလားဗျ…” “ဒါကတော့ ဗိုလ်ကြီးပဲ စဉ်းစားကြည့်လေ။ လူ့လောကမှာ အုပ်ချုပ်သူအဆင့်ဆင့်ရှိသလို သူတို့တစ္ဆေလောကမှာလည်း အုပ်ချုပ်တဲ့ အကြီးအကဲရှိမှာပဲ။သူ့ကိုအလေးထားပြီး အသိပေးတော့ ကောင်းတာပေါ့” “ဟုတ်ပါပြီဗျာ သင်္ချိုင်းရွှေ့ရင် ဒီအချက်ကိုလည်း စဉ်းစားပါ့မယ်…” “နောက်ပြီး ကျန်သေးတယ် ဗိုလ်ကြီး…” “ဘာများလဲဗျ” “သင်္ချိုင်းပြောင်းတဲ့အခါ သင်္ချိုင်းဟောင်းက သရဲတစ္ဆေ နာနာဘာဝတွေ တစ်ကောင်တစ်မြီးမှ မကျန်ဖို့လည်း အရေးကြီးတယ်။ တစ်ကောင်ကျန်နေရင်တောင် ...

ဘူး….ဒါတွေကို ခုအချိန်ထိလိုက်သင်ပေးနေရအောင်လဲညည်းကလေးမဟုတ်တော့ဘူး….အသက်ဖြင့် .(၂၀)ကျော်နေပြီး” “ဟုတ်ပါပြီး…ဟုတ်ပါပြိး.သဇင်အမှားပဲ…..ထားလိုက်တော့”ပြောရင်းဖြင့်….သဇင်တစ်ယောက်. ကလေးတစ်ယောက်လို .စိတ်ဆိုး၊စိတ်ကောက်စွာဖြင့်အိမ်ပေါ်သို့ပြေးတတ်သွားခဲ့လေသည်။ ပြေးတတ်သွားတဲ့.သမီးလေးကိုကြည့်ပြီး. ဒေါ်ခင်မမ..စိတ်မကောင်းဖြစ်ရပြန်လေသည်။ “ခက်တော့တာပဲ…ဒီကလေးမနဲ့တော့… ငါ..မရှိတော့ရင်၊ညည်းဘယ်လိုနေမလဲ…. ဘဝကိုဘယ်လိုဖြတ်သန်းမလဲ..” လင်ယောက်ကျားဖြစ်သူက..အလိုလိုက်သမျှ… သမီးလေးဘဝတော့..ရှေ့ဆက်မတွေးဝံ့စရာပဲ.. ဘာပဲဖြစ်ဖြစ် လမ်းမှန်ရောက်အောင်ပို့ပေးရမှာ ပဲ။ ထိုသို့တွေးတောရင်…ဝယ်လာတဲ့..ဟင်းများ.ချက်ပြုတ်ကာ….ယာခင်းဘက်သို့ထွက်လာခဲ့လေသည်…..ပိုးအနည်းငယ်ကျနေတာကြောင့်. …ပိုးကျတဲ့..အပင်များ.ခုတ်လှဲသင့်တဲ့အပင်ကိုခုတ်လှဲ..ပိုးချသင့်တဲ့အပင်ကိုပိုး ချ စသည့်ဖြင့်…တနေ့ကုန်..အလုပ်ရူပ်နေလေသည်။ .အိမ်ပြန်ရောက်တော့..သမီးဖြစ်သူက.ဆီးကြိုနေတယ်။ “အမေရယ်..မိုးချုပ်လိုက်တာ” “ဟုတ်ပ..သမီးရယ်…ယာခင်းပိုးကျလို့…အဲ့တာ..လုပ်နေရတာ.နဲ့မိုးချုပ်သွားတယ်…” “ဟုတ်လားမေမေ..ဒီဲလ လဲအသီးအထွက်နူန်း နည်းမယ်ထင်တာပါပဲ…ဘာပဲဖြစ်ဖြစ်. အမေကို. .ဒီလိုမျိုးတစ်ယောက်တည်း..ပင်ပင်ပန်းပန်း လုပ်နေတာသမီးဖြင့် မကြည့်ရဲ့တော့ဘူး.အမေကို ..ကူလုပ်ပေးမယ်…..” “ပါတယ်ကွယ်.ကျောင်းစာသာကျတ်စမ်းပါ.. ညည်းပညာတတ်ဖြစ်တော့..ငါ.ပင်ပန်းရကျိုးနပ်ပါတယ်အေ။” “မဟုတ်တာအမေရယ်…..ဘာပဲဖြစ်ဖြစ်. အိမ်လုပ်ငန်း.တော့.သမီးကူလုပ်ပေးမယ်….. ကျောင်းပြီးလို့ဘွဲ့ရရင်တော့..မေမေ..ဒီလုပ်ငန်း တွေမလုပ်နဲ့တော့နော်။ သမီးပညာကြီးဖြစ်လို့ အလုပ်ရရင် အမေကိုတလှည့် ...