ထန်းလျက်ချောင်း
လာဝယ်တာလား”
“ဟုတ်တယ် ဒေါ်မြရဲ့ “
“တာတေရယ် ထန်းလျက်ချောင်းဝယ်တာများ
စောစောလာရောပေါ့ ပြီးတော့ တစ်ယောက်တည်း”
“ဟုတ်တယ် ဒေါ်မြရဲ့ “
ကျုပ်က ဒေါ်မြကို ရယ်ပြရင်း ပြန်ပြောလိုက်တယ်
“ရပါတယ် အရီးမြရဲ့ ၊ ကျုပ်က မကြောက်တတ်ပါဘူး”
“မကြောက်တတ်တာတော့ ကောင်းပါတယ်
ဟဲ့ နေဦး ဟိုတစ်နေ့ညက ဒီတစ်ဝိုင်းကျော်မှာ
နေတဲ့ ပြူးကျယ်မ ၊မြောက်ဘက်ကန်ကြီးနားမှာ
တစ်ဆေနဲ့ တွေ့လာလို့တဲ့ ၊ နင်ပြန်ရင် အဲဒီ့ဘက္က
မပြန်နဲ့ ကြားလား တာတေ”
“ဟုတ်ကဲ့ အရီး၊ ဒီမွာ ဘကြီးပေးလိုက်တာ
ခုနှစ်ကျပ်ခွဲ ရော့ “
ကျုပ်က ထန်းလျက်ချောင်းဖိုး ခုနှစ်ကျပ်ခွဲကို
ပေးလိုက်တယ်။ ခဏေနေတာ့ မအေးတအေးလေးမှာအတိုင်းတန်နဲ့ တိုင်းပြီး ထန်းလျက်ချောင်းလေးတွေလိုက်ဖြတ်ကြတယ်။ ဒါပေမယ့် ပူသေးတော့
ကျုပ်မှာ စောင့်နေရတာပေါ့ဗျာ။ လုံးလုံး
အေးသွားတော့မှ ကျုပ်ကို ထန်းလျက်ချောင်းတွေ
ထုတ်ပေးတယ်။ သတင်းစာစက္ကူကြီးနဲ့
ပတ်တာပေါ့ဗျာ။
“တာတေ ဘကြီးကိုပြောလိုက် ပိုပေးလိုက်တယ်လို့ “
“ဟုတ်ကဲ့ အရီးမြ ကျုပ်ပြောလိုက်မယ်၊
ကဲ သွားပြီဗျို့”
“အေး အေး သြားဟဲ့ တာတေ၊ အရီးမြတစ်ယောက်ကို
လိုက်ပို့ခိုင်းရမလား “
“ဟာ မပို့ရပါဘူးဗျာ၊ရပါတယ်၊ ကျုပ်ပြန်ဝံ့ပါတယ်”
“အေးအေး ဒါဆိုလည်း ပြန်၊ အော် ဟို
မြောက်ဘက်ကန်ကြီးဘက်က မပြန်နဲ့ တာတေ”
“မျပန္ဘူး မျပန္ဘူး အရီးမြစိတ်ချ”
ဒေါ်မြကြီးက ကျုပ်ဆို လွှတ်ခင်တာဗျ။
ဘကြီးအတွက် ထန်းလျက်ချောင်း ဝယ်နေကြ
ဆိုတော့ ကျုပ်ကို သိနေတာ ကြာပြီ။နေ့ခင်းဘက်
ဆိုရင်တော့ ဈေးထဲမှာ ရောင်းတာ။
ကျုပ်ပဲ သွားသွားဝယ်ရတယ်။
ကျုပ်ဘကြီး ထန်းလျက်ချောင်းကြိုက်ချက်ကတော့
ကမ်းကုန်တယ်ဗျာ။ တစ်ချို့တွေကဆိုရင်
ဘယ်လိုတောင် ပြောတယ်ထင်လဲ။
“တာတေရာ မင်းမှာ ဒေါ်မြကြီးထန်းလျက်ချောင်း
သွားသွားဝယ်ရတာ ပင်ပန်းပါတယ်ကွာ၊
မင်းဘကြီးကလည်း လူပျိုကြီး၊
ဒေါ်မြကြီးကလည်း အပျိုကြီးပဲကွ၊
တူတွေတူမတွေနဲ့နေတာလေ။
မင်း ဘကြီးကို ဒေါ်မြကြီးနဲ့ ပေးစာလိုက်ကွာ၊
ဒီတော့မှ ထန်းလျက်ချောင်းတွေ ကြိုက်သလောက်
နှိုက်စားပေတော့ပေါ့ကွာ၊ မင်းလည်း
ထန်းလျက်ချောင်း ဝယ်ရတဲ့ဒုက္ခက
ငြိမ်းရောပေါ့ကွာ”
ကျုပ်တို့လမ်းထဲက ကိုတင်သိန်းတို့၊
ကိုခင်သိန်းတို့ ပြောတာဗျ။ ဒီလူတွေက
လွှတ်နောက်တဲ့လူတွေဗျို့။
ဒေါ်မြကြီးအိမ်က ထွက်လာတဲ့အချိန် လမ်းပေါ်မှာ
နှင်းတွေ ပိတ်နေပြီဗျို့။ ဝေးဝေးကိုတောင်
မမြင်ရတော့ဘူး။ ဒေါ်မြကြီးက မြောက်ဘက်ကန်က
မပြန်နဲ့လို့ပြောမှ ကျုပ်က မြောက်ဘက်ကန်ကို
ခြေဦးလှည့်ပြီးသားဗျ။
တာတေဆိုတဲ့ ကျုပ်က ဒါမျိုးကြားလိုက်ရင်
စပ်စုချင်တဲ့စိတ်က ထိန်းလို့ရတော့တာ မဟုတ္ဘူးဗ်။
ဒီလိုဗျို့။ ကျုပ်တို့ မြို့မှာက သောက်ရေကန်ကြီး
နှစ်ကန်ရှိတယ်။ တစ္ကန္က မြို့အရှေ့ဘက်မှာဗျ။
အဲ့ဒီကန်ကြီးကို အရှေ့ကန်လို့ ခေါ်ကြတယ်။
နောက်တစ်ကန်က မြို့ရဲ့ မြောက်ဘက်မှာဗျ။
ဒါကြောင့် ဒီကန္ကို မြောက်ကန်လို့ ခေါ်ကြတယ်။
ဒီကန်ကြီးနှစ်ကန်မှာ နာမည်ဆိုင်းဘုတ်တွေတော့
ရှိသားဗျ။အရှေ့ကန်ကို ကန်တော်ကြီးလို့
ခေါ်ပြီး၊ မြောက်ကန်ကို ‘နန္ဒာကန်’လို့ခေါ်တယ်။
ဒါပေမယ့် မြို့က လူတွေက အဲ့ဒီနာမည်တွေ
ဘယ်သူမွ မခေါ်ကြပါဘူးဗျာ။ အရှေ့ကန်နဲ့
မြောက်ကန်လို့ပဲ ခေါ်ကြတယ်။
ကျုပ်မြောက်ကန်ဘက်က ပြန်လာတာဗျ။
တခွားလမျးတော့ ရှိတယ်ဗျ။
သီတာလမ်းက ထွက်ပြီး အနောက်ဘက်ချိုးချရတယ်။
ပြီးရင် ‘ဇေယျဝတီကျောင်းလမ်း’လို့ခေါ်တဲ့
လမ်းအတိုင်း ထောင်တက်လိုက်ရင် ကျုပ်ဘကြီး
နေတဲ့ ‘ရေပူတွင်း’ရပ်ကွက်ကိုရောက်တယ်
ဒါပေမယ့် အဲဒီ့လမ်းက လမ်းရှည်တာပေါ့ဗျာ။
မြောက်ဘက်ကန်ဘောင်ကနေ လျှောက်လိုက်ရင်
အနီးလေးဗျ။ ကန်ဘောင်ဆုံးတာနဲ့ ဆေးရုံနဲ့
ရဲစခန်းဘက်ကို ရောက်မယ်။ ရဲစခန်းကျော်တာနဲ့
တောင်ကွေ့လိုက်ရင် သဇင်လမ်း၊ ခွာညိုလမ်း၊
ဂန္ဓမာလမ်း၊ နှင်းဆီလမ်း၊ ခတ္တာလမ်းတို့ဆိုတဲ့
ပန်းနာမည်နဲ့လမ်းတွေရောက်ရောဗျ။
အဲဒီ့လမ်းတွေထဲက ကြိုက်တဲ့လမ်းကနေ
ဖြတ်လျှောက် ဘကြီးနေတဲ့ သရက်တောလမ်းကို
ပေါက်တာချည်းပဲဗျ။ ကျုပ် ကန်ပေါင်ပေါ်ကို
တက်ခဲ့တယ်။ နေ့ဘက်ဆိုရင်တော့ ဒီလမ်းပေါ်မှာ
စက်ဘီးတွေ ဘယ်ပြတ်လိမ့်မတုံးဗျာ။
ခုတော့ အချိန်က မရွိ။
နှင်းတွေက ပိတ်နေအောင်ကျနေတော့
လူသြားလူလာ မရှိသလောက်ကိုဖြစ်နေတာဗျို့
ကျုပ်ကတော့ လွတ်အိတ်ကလေး စလွယ်သိုင်းပြီး
ဘကြီးရဲ့ထန်းလျက်ချောင်းထုတ်ကို ပွေ့လို့ပေါ့ဗျာ။
ကျုပ် ကန်ဘောင်အလယ်လောက်ရောက်တော့
ကန်ဘောင်မှာ စိုက္ထားတဲ့ ‘ဂဠုန်လက်သည်းပင်’
အောက်မှာ မိန်းကလေးတစ်ယောက်ဗျ။
ကန်ဘောင်ကို ခြေထောက်ချပြီးထိုင်နေတာ။
ဆံပင်ကို နောက်တွဲဆီးထားတယ်။
ကျောတစ်ဝက်လောက်အထိ ဆံပင်က
ကျနေတယ်။ သူငိုနေတာဗျ။
ရှိုက်သံထွက်နေတယ်။ ကျုပ်ရပ်ပြီးနားထောင်တယ်။
ဟုတ်ပါ့ဗျာ။ ငိုနေတာမှ ရှိုက်ကြီးတငင်ကို
ငိုနေတာဗျ။ ဒီနေရာမျိုး ဒီလိုအချိန်မှာ လာငိုနေတယ်
ဆိုတော့ တော်တော်ကို အပူကြီးလို့ ဖြစ်မှာပေါ့ဗျာ။
ရည်းစားနဲ့ကွာတာလား။
လင်မယားကွဲတာလား။ တစ်ခုခုပဲနေမှာလို့
ကျုပ်တွေးပြီး ဆက်လျှောက်တယ်။ ဒါပေမယ့်
တစ်လှမ်းနှစ်လှမ်းလောက် လျှောက်ပြီးတာနဲ့
ကျုပ်တုံ့ကနဲရပ်သွားတယ်။
ဒီလောက်ရှိုက်ကြီးတငင်ငိုနေပုံလောက်ရင်
ရေထဲခုန်ချပြီး သေကြောင်းကြံစည်မှာ စိုးရတယ္ဗ်။
ကျုပ်ချက်ချင်း နောက်ပြန်လှည့်လိုက်တယ်။
ဘာဖြစ်လို့တုံးဆိုတော့ မနှစ်က ဒီလိုအချိန်မှာပဲ
မိန်းမတစ်ယောက် မြောက်ကန်ထဲကို
ခုန်ချပြီး သက်သေသွားဖူးတယ်။
ရည်းစားကိစ္စလိုလို ပြောကြတာပဲ။
“ဒီမွာ အစ္မ ကျုပ်နာမည်တာတေပါ။
ကျုပ်ဘာကူညီရမလဲ အစ္မ ။ပြောပါ။
ဒီလောက် ငိုမနေပါနဲ့ အစ်မရယ်”
ကျုပ်က ငိုနေတဲ့အမျိုးသမီးနဲ့ လက်တစ်ကမ်းကွာ
လောက်အထိ ကပ်ပြီး ပြောလိုက်တာဗျ။
အမျိုးသမီးကတော့ ငိုတုန်းပါပဲဗျာ။
ရှိုက်ကြီးတငင်ငိုနေလိုက်တာဗျ။
တစ္ကိုယ္လုံး သိမ့်သိမ့်တုန်နေတော့တာပါပဲဗျာ။
“တိတ်ပါ အစ်မရယ် ဒီလောက်ထိလည်း
ဘဝကိုအရှုံးမပေးပါနဲ့ဗျာ”
ကျုပ်လည်း တတ်သရွေ့မှတ်သရွေ့စကားလုံးတွေနဲ့
ပြောပြီး နှစ်သိမ့်လိုက်တာပေါ့ဗျာ။ အမျိုးသမီးရဲ့
ငိုသံက နဲနဲလျော့သွားတယ်။ကျုပ်လည်း
နဲနဲအားတက်လာပြီး ထပ်ပြောလိုက်တယ်။
“မငိုပါနဲ့တော့ အစ်မရယ် ၊ ကျုပ်က
ဘဝကို အရှုံးပေးတာမျိုး မကြိုက်ဘူးဗျ။
မနှစ်တုန်းက ဒီလိုအချိန်မှာပဲ ဟောဒီ့
မြောက်ကန်ကြီးထဲကို ရုပ်ချောချော
အစ်မတစ်ယောက် ခုန်ချပြီး ကိုယ့်ကိုယ်ကို
အဆုံးစီရင်သွားခဲ့ဖူးတယ်၊ ဒါမျိုးက
မဖြစ်သင့်ဘူးဗျ။ ဒါဟာ လောကကို
အရှုံးပေးတာဗျ”
ဟောလှည့်လာပြီ လှည့်လာပြီ၊ ကျုပ်ဘက်ကို
ဖြည်းဖြည်းလေးလှည့်လာပြီ။ ကျုပ်စိတ်ထဲ
ကျေနပ်သွားတယ်ဗျ။ ငိုနေတဲ့အစ်မက
ကျုပ်ပြောတာကို သဘောပေါက်သွားပုံပဲဗျို့။
ဟောလက်နှစ်ဖက်နဲ့အုပ်ထားတဲ့ မျက်နှာ
ပေါ်က လက်တွေကို ဖယ်လိုက်တယ်။
“ဟာ အောင်မလေးဗျ”
ကျုပ် အော်လိုက်တဲ့ အသံက နှင်းတွေကို
ဖောက်ထွက်သွားရောဗျို့။ မျက်နှာက ဗြောင်ကြီးဗျ။
မျက်စိရော နှာခေါင်းရော ပါးစပ်ရော ဘာမွမရွိဘူး။
“တဈေဆတဈေဆ”
ကျုပ်ပါးစပ်က အော်မိအော်ရော အော်ပြီး
လှည့်ပြေးခဲ့တာဗျို့။
“ဟဲ့ ကောင်လေး၊ ရေထဲခုန်ချတာ ငါဟဲ့ ငါ”
ဘဲဥလို ပြောင်ချောနေတဲ့ မျက်နှာကြီးနဲ့
မိန်းမက ကျုပ်ကိုအော်ပြောလိုက်တဲ့
အသံက အေနာက္ကေန ကျုပ်ကို ဆောင့်တွန်း
လိုက်သလိုပဲဗ်ာ။ ကန်ဘောင်အတိုင်း
မြေကြီးပေါ်ကိုမှ ခြေကျသေးရဲ့လား
မသိဘူးဗ်။ လေထဲမှာ လွင့်သွားနေသလိုပဲ။
ကန်ဘောင်ဆုံးလို့ လမ်းပေါ်ရောက်တော့လည်း
ကျုပ်ဆက်ပြေးတယ်။ ခပ်ဝေးဝေးမှာ မီးရောင်
လက်လက်ကလေးတွေ့ရတယ်ဗျ။ ကျုပ်စိတ်ထဲမှာ
အားတက်ြသားလိုက္တာဗ်ာ။ အဲဒီ့ မီးရောင်ရှိတဲ့ဆီကို
ကျုပ်ဆက်ပြေးတယ်။
ဟာ အကြော်တဲလေးဗျ။ ရေနံဆီမီးခွက်ကြီး
ထွန်းလို့ အကြော်သည် အဘွားကြီးက
ဆိုင်သိမ်းပြီး မီးခဲတွေကို ရေနဲ့ဖျန်းနေတာဗျ။
မီးကိုရေနဲ့ဖျန်းတဲ့ ‘တရွဲရွဲ’အသံကို ကျုပ်ကြားရတယ်။
ထွာဆိုင်လောက်ရှိတဲ့ သစ်မောင်းသားတိုင်နဲ့ ဆောက်ထားတဲ့အကြော်တဲရဲ့တိုင်တစ်လုံးကို
ကျုပ်က ပြေးဖက်လိုက်တယ်။
“ဟဲ့ သူငယ် ဘာဖြစ်လာတာတုန်း”
“တစ်ဆေဗျ တစ်ဆေ ကျုပ်ကို တစ်ဆေခြောက်လိုက်လို့ဗျ”
“ဟေ့ ဘယ်နေရာမှာတုန်း”
“မြောက်ကန်ကြီးရဲ့ ကန်ဘောင်ပေါ်မှာဗျ”
“ဟင်ဘယ်လိုများ ခြောက်လိုက်လို့
ဒီလောက်လန့်လာတာတုန်း သူငယ်ရယ်”
အကြော်သည် အဖွားကြီးက ခါးကြီးကုန်းကုန်းနဲ့
မီးဖိုထဲက လှမ်းမေးတာဗျ။
“မပြောပါနဲ့တော့ အဖွားရယ် ကန်ဘောင်ပေါ်မှာ
မိန်းမတစ်ယောက် ငိုနေတာတွေ့လို့ မငိုဖို့၊
ဘဝကို အရှုံးမပေးဖို့ ကျုပ်ကပြောတာဗျ။
ပြီးတော့ မနှစ်တုန်းက မိန်းမတစ်ယောက်
ကန်ဘောင်ထဲခုန်ချပြီး သေခဲ့တဲ့အကြောင်းလည်း
ပြောပြပြီး နှစ်သိမ့်လိုက်တာဗျ”
“အေး သူငယ်လေးပြောတာ ဟုတ်သားပဲ”
“အဲဒါ အဲဒါ သူ့ သူ့မျက်နှာ”
“ဟေ သူမျက်နှာက ဘာဖြစ်လို့တုန်း”
“သူ့မျက်နှာကို ကျုပ်ဘက်လှည့်လိုက်တာ၊
အောင်မလေး ပြောရင်းနဲ့တောင် ကျုပ်ကြက်သီးတွေ
ထလာပြီး အဖွားရေ “
“ဆက်ပြောပါဟဲ့ “
အဖွားကြီးက မီးခဲတွေ ငြှိမ်းရင်းမေးတာဗျ။
“သူမျက်နှာမှာ မျက်စိတွေ၊ ပါးစပ်တွေ နှာခေါင်းတွေ
ဘာမွမပါဘဲ ဗြောင်ကြီးဗျ။ ဘဲဥကြီးလိုပဲ ၊
ဗြောင်ချောကြီးဗျ အဖွားရဲ့ “
“ဟေ ဟုတ္လား၊ ဒါဆိုရင် ဒီလိုမျက်နှာမျိုး
ထင်ပါရဲ့ သူငယ်ရယ် “
“ဟာ အောင်မလေး ဗြောင်ချောကြီးပါလား”
အဖွားကြီးက ပြောပြောဆိုဆိုနဲ့ ကျုပ်ဘက်ကို
လှည့်ပြလိုက်တယ်ဗျ။ အောင်မလေးဗျာ။
အဖွားကြီးမျက်နှာမှာလည်း မျက်စေ့တွေ၊
နှာခေါင်းတွေ ပါးစပ်တွေ မပါဘူးဗ်။
ဘဲဥလို ဗြောင်ချောကြီးပဲ။
ပြေးပြီဗျို့။ ပြေးပြီ။ ကျုပ်လွင့်နေအောင်ကို
ပြေးတာဗျို့။
“ဟဲ့ သူငယ်ရဲ့၊ ဒါကြောက်စရာလားကွဲ့ “
အဖွားကြီးက ကျုပ်ကို အော်ပြောလိုက်သေးသဗျ။
နှင်းတွေကလည်း ပိတ်နေအောင်ကို ကျနေတာဗျို့။
ကျုပ်လည်း မှန်းသန်းပြေးရင်း ကျုပ်ဘကြီးအိမ်
ဆိုပြီး ဝင်လိုက်တာ သူများအိမ်ဖြစ်နေရောဗျာ။
ဒါပေမယ့် ကျုပ်သူငယ်ချင်း စိန်ဖေတို့အိမ်ဖြစ်
နေလို့ တော်သေးတာပေါ့ဗျာ။
“ဟဲ့ တာတေပါလား၊စိန်ဖေဆီ့ လာတာလား။
မောကြီးပန်းကြီးနဲ့ ဘယ်ကနေတောင်ပြေးလာရတာတုန်း”
ကျုပ် ဘာမှမပြောနိုင်တော့ဘူးဗျာ။
ခုံတန်းလျားလေးမှာ ဝင်ထိုင်ရင်း အမောဆို့မတတ်
ဖြစ်နေတာဗျ။
“ဟဲ့ ဟဲ့ စိန်ဖေ ရေခပ်ခဲ့စမ်း မြန်မြန်”
“ဖြေးဖြေးသောက် တာတေ၊ ဖြေးဖြေးသောက်”
စိန်ဖေအပြေးအလွှားခပ်လာတဲ့ ရေကို
ဖြေးဖြေးသောက်လိုက်တော့မှ တဖြေးဖြေး
အမောပြေလာတော့တာဗျို့။
“မင်း ဘာဖြစ်လာတုန်းကွ တာတေရ “
စိန်ဖေအဘ ဦးညွှန့်ဆိုင်က မေးလို့ ကျုပ်က
အဖြစ်အပျက်ကို ခပ်တိုတိုဖြေပြလိုက်တယ်။
ခဏေနေတာ့ စိန်ဖေရဲ့ အဘက ကျုပ်တို့
အိမ်ဝအထိ လိုက်ပို့ပေးတယ်။
ကံကောင်းလို့ဗျို့။ ဘကြီးဝယ်ခိုင်းတဲ့
ထန်းလျက်ချောင်းတွေ တစ်ချောင်းမှကျမကျန်ခဲ့ဘူးဗျ။
* ပြီးပါပြီ
#စာဖတ်ပရိတ်သတ်များအားလုံးစိတ်ရွှင်လန်းချမ်းမြေ့ကျပါစေခင်ဗျာ.. 🙏
မူရင်းရေးသားသူ – #ဆရာတာတေအားလေးစားလျက်
#ဇာတ်လမ်းလေးအားကြိုက်နှစ်သက်ရင် Like&Shareလေးလဲလုပ်ပေးသွားအုံးနော်
😍😘
Leave a Reply