တာ၀န်ဗျ
ဘုရားပွဲရပ်ဆိုတာ ရွာကသူဌေး
သူကြွယ်တွေ ရွာရဲ့မျက်နှာဖုံးတွေ
စုပေါင်းပြီး ထမင်းရုံကြီးနှစ်ရုံ
ဆောက်ပြီး အရပ်လေးမျက်နှာက
လာသမျှလူတွေကို ထမင်းကို
ဆာတဲ့အချိန်၀င်စား ပျက်သွားတယ်
လို့ကိုမရှိဘူး အချိန်ပြည့်ကျွေးတာ
ဒီေန့ကြက်သားနဲ့ဆို နောက်နေ့၀က်သား အလျှံပယ်ကိုကျွေးတာ
ကျုပ်တို့လဲ အဲ့ရက်တွေကျ ပင်ပန်း
ကျတယ် တစ်ရွာလုံးပဲ ဒါပေမဲ့
ပင်ပန်းတာကို သတိမရကျဘူး
အပျော်တွေစုနေတဲ့အချိန် ဘုရားပွဲ
ရက်လုံးလုံးပြီးမှသာ လူတွေက
ပင်ပန်းတယ်လို့ငြီးကျတာ
အခုလဲ ဘုရားပွဲရက်ဆိုတော့
ကိုယ့်တာ၀န် ကိုယ်စီမလစ်ဟင်းရ
အောင်လုပ်နေကျတာပေါ့
လူတွေကလဲ စည်းကားလိုက်တာ
ကြက်ပျံမကျပဲ ကျိတ်ကျိတ်တိုး
ဈေးပွဲတော်ကြီးကလဲ မျက်စိတစ်ဆုံး
ရွာတွေ ရွာတွေကလဲ နွားလှည်းကိုယ်
စီနဲ့ ရောက်လာကျတာပေါ့
ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်
အချောအလှတွေကလဲ သူ့ထက်ငါ
အလှပြိုင်စွာနဲ့ ရွာတိုင်းရွာတိုင်းက
ကာလသား ကာလသမီး ကွမ်းတောင်
ကိုင် ပန်းတောင်ကိုင်တွေရဲ့အလှက
မြင်ရတာဟာ ရောင်စုံခြယ်ထားတဲ့
ပန်းခင်းကြီးထဲရောက်နေသလိုပဲ
အလှခြင်းကိုယ်စီက တမူးထူးကျ
တယ်ဗျ
တချို့တွေဆို ဘုရားပွဲသုံးညမှာတင်
ချစ်ခင်စုံမက်လို့ ဖူစာဖက်သွားကျ
သူတွေလဲ ဒုနဲ့ဒေးပဲ
အဲ့ဒီလိုအကြောင်းဖန်လာသူတွေထဲ
ကျုပ်သူငယ်ချင်း ကိုထွန်းမောင်လဲ
ပါလာတယ်ဗျ
ဘုရားကြီးရွာက ကွမ်းတောင်ကိုင်
မြညိုနဲ့ ချစ်ကြိုးသွယ်သွားတယ်ဗျ
မြညိုက ဘုရားကြီးရွာမှာတင်
သူ့ရဲ့အလှက သတင်းကြီးတာမဟုတ်
ဘူး အနီးနားမှာလဲသတင်းကြီးလို့
ကာသသားတွေရဲ့ ပါးစပ်ဖြားမှာ
ရေပန်းစားနေသူလေးပေါ့ဗျာ
ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်
ပါတဲ့ သိပ်မှန်တဲ့စကားဗျာ
ဒီလူ မြညိုရဲ့အလှမှာ မျော့ပါပြီး
ဧည့်ခံကြိုဆိုရေးမှာတောင် မြညို
အနားကမခွါပဲ မြညိုတစ်ယောက်ထဲ
ဧည့်ခံနေလို့ ကျုပ်တောင်သတိပေး
ရသေးတယ်ဗျ
ဘုရားကြီးရွာက ကျုပ်တို့ရွာနဲ့ဆို
ခြားမှာရွာကြီး၇နှစ်ရွာလောက်ခြား
တော့ နွားလှည်းနဲ့သွားရင်တောင်
တစ်နေ့ခရီးသွားရတယ်
ဘုရားပွဲသုံးရက်မှာ မြညိုနဲ့အဆင်
ပြေတော့ ကျုပ်ဆီကို
အားရ၀မ်းသာနဲ့ အခုလိုလာပြောတယ်ဗျ
မောင်သိန်း မောင်သိန်း ငါလူပျိုသိုး
ကြီးဘ၀က ကျွတ်တော့မယ်ကွ
နောက်ဆိုရင် မင်းပဲလူပျိုကြီး
ဘ၀နဲ့ကျန်ရစ်ခဲ့ပေတော့
ကျုပ်လဲ ဘာဖြစ်လို့လဲဗျလို့
မေးလိုက်တော့
ငါ့ကို မြညိုက ချစ်တယ်တဲ့ကွ
ကျုပ်လဲ ဟုတ်လို့လားဗျာလို့
နောက်ပြီး ထပ်မေးလိုက်တော့
ကိုထွန်းမောင်က မျက်နှာကြီး
ပြုံးစိစိနဲ့ တကယ်ပြောတာ
ငါ့ကောင်ရ ငါ့ကိုချစ်တယ်တဲ့
ကျုပ်လဲအေးပါဗျာ ဒါဆိုလဲ
အခွင့်ရေးရတုန်းမြညိုကိုယူနိုင်
အောင်သာလုပ်ပေတော့လို့
တစ်ခါထဲ မြောက်ပေးလိုက်တယ်
ကိုထွန်းမောင်လဲ ကျေနပ်သွားတယ်
ငါသူ့ကို ယူနိုင်အောင်ကြိုးစားမှာလို့
ပျော်ပြီး ပြန်ပြောတယ်
ဒီလိုနဲ့ ဘုရားပွဲသုံးညပြီးတော့
မြညိုလဲသူ့ရွာ သူပြန်ပြီပေါ့
အဲ့မှာ ပြသနာက စတာပဲဗျို့
ကိုထွန်းမောင်တစ်ယောက်
တောကျီးကန်းကြီးကို ရင်ခွဲပြီး
ဆားသိပ်ထားသလို မနေနိုင်
မထိုင်နိုင် တစ်မှိုင်မှိုင် တစ်ထွေထွေ
ဖြစ်ပြီး လွမ်းနာကျပြီပေါ့ဗျာ
ဒီလူမစားနိုင်မအိပ်နိုင်နဲ့ ပိန်ချုံးလို့ဗျ
အချစ်ရဲ့အဆိပ်က အင်မတန်မှပြင်း
တယ်
ဒါကြောင့် လူပျိုကြီးဘ၀နဲ့အေးဆေး
မနေပဲ ထိုင်နေတုန်းက အကောင်း
အခုထမှ အကျိုးဖြစ်ပြီ
ကျုပ်လဲ မကြည့်ရက်တာနဲ့
အားပေးစကားသွားပြောရတာပေါ့
ဘာမှစိတ်မညစ်ပါနဲ့ ခဗျားချစ်သူ
ကောင်မလေးရှိတဲ့ရွာကို ကျုပ်အား
တာနဲ့ လိုက်ပို့ပေးမယ် ဟိုမှာ
ကျုပ်အမျိုးတွေရှိတယ်အသိတွေ
ရှိတယ် တည်းခိုချင်တဲ့ အိမ်မှာ
ကြိုက်သလောက်နေလို့ရတယ်လို့
ပြောလိုက်တော့
ဒီလူ ၀မ်းသာပြီး မောင်သိန်းတကယ်
လားတဲ့
ကျုပ်လဲတကယ်လို့ပြောတော့
အားရ၀မ်းသားနဲ့ ပျော်မြူးလို့ဗျ
ခဗျားတို့လဲအသိပဲ ယောက်ျားလေးဆိုတာက ကိုသာ မဆွံ့ရင်နေမယ်
ကိုယ့်သူငယ်ချင်းတွေအဆင်ပြေမယ်
ဆို မိန်းမခိုးလို့ထမီထုပ်ပဲ လိုက်ပို့ရပါ
စေ အားတက်သရော် ကူညီကျတာ
အမှန်ပဲမို့ ကျုပ်လဲမနေသာတော့ပဲ
ဘုရားကြီးရွာကို ကျုပ်အလုပ်အား
တော့ ကိုထွန်းမောင်ကိုနွားလှည်းနဲ့
လိုက်ပို့ရတာပေါ့
ကျုပ်တို့ရွာက မနက်စောစောထွက်ခဲ့
တာဝောာင်ဘုရားကြီးရွာကို
နေ့လည်၂ချက်တီးမှရောက်တယ်ဗျို့
ဟိုရောက်တော့ အရီးမပုတို့အိမ်မှာ
တည်းခိုရတာပေါ့
အရီးကလဲကျုပ်တို့လာတော့ ၀မ်းသာစွာကြိုဆိုပါတယ်
ဧည့်၀တ်ပြုလိုက်တာမှ အထူးပြော
စရာကိုမလိုပါဘူး ကျုပ်နဲ့ကိုထွန်း
မောင်ကိုလဲ ပျော်သလောက်သာနေတဲ့
လာရင်းကိစ္စမေးတော့ ကျုပ်လဲ
မြညိုကိုတွေ့ချင်လို့ ဟော့ဒီက
အရီးတူက ပူဆာလို့ ရောက်လာခဲ့
တာလို့ပြောတော့ အရီးမပုကပြုံးလို့ဗျ
ကိုထွန်းမောင်ကတော့ ရောက်တာနဲ့
ထမင်းတောင်မစားရသေးဘူး
သူ့ကောင်မလေးဆီကို လူပျိုလှည့်
ချင်တာမှ ဖင်တကြွကြွကိုဖြစ်နေတယ်
အေးဆေးမှသွားဖို့မနည်းကို
ပြောပြရတယ်
ဒီလိုနဲ့ ထမင်းတွေဘာတွေစားပြီး
အရီးမပုနဲ့စကားစမြည်းပြောပြီး
ခဏနေတော့ ကျုပ်တို့မြညိုတို့
အိမ်ဘတ်ကို ထွက်ခဲ့ကျဝာယ်
မြညိုကလဲ ကျုပ်တို့ရောက်လာတဲ့
သတင်းကို ဘယ်လိုကြားထားလဲ
မသိဘူး
အိမ်ပေါ်ကိုစတက်ထဲက ဖျာတွေ
အဆင့်သင့်ခင်းထားပြီး လဖ္ဘက်သုပ်
နဲ့အကြမ်းရေဗန်းလေးကိုအစဉ်သင့်
ပြင်ထားတယ်ဗျ
အေးပေါ့ မိန်းမကြိုက်တော့မျှော်လိုက်တာ ဆိုတဲ့စကားအတိုင်း
သူလဲကိုထွန်းမောင်ကို မျှော်နေရှာ
မှာပေါ့
မြညိုရဲ့ အဖေ ဦးမောင်အေးကလဲ
လွတ်သဘောကောင်းတာဗျ
စကားပြောလဲဖော်ရွေတယ်
သူ့အမေအရီးလေးမတင်ကတော့
အလှုသွားနေလို့ မရှိဘူးတဲ့
ဦးမောင်အေးက ကျုပ်တို့နဲ့စကား
ခဏပြောပြီး ကိစ္စရှိလို့ဆိုပြီး
အပြင်ထွက်သွားပြန်တယ်
အိမ်မှာမြညိုရဲ့ သူငယ်ချင်း ထွေးမြနဲ့
ခင်လှရယ်ပဲ အဖော်အနေနဲ့
ကျန်ခဲ့တော့တယ်
ကျုပ်လဲရိပ်မိပါတယ် ဦးမောင်အေး
က တမင်ရှောင်ထွက်ပေးတာကို
ကျုပ်လဲ အခြေနေကြည့်ပြီး
ခင်လှနဲ့ထွေးမြကို ငါ့လဲနင်တို့
ရွာကို မရောက်တာကြာလို့
ဘိုးသာ၀တို့အိမ်ကိုသွားဖို့ မမှတ်မိ
တော့လို့ လိုက်ပြပေးပါလားလို့
ပြောတော့ ဟိုနှစ်ယောက်ကလဲ
ကိုကြီးမောင်သိန်း သွားရအောင်လေတဲ့
ကျုပ်လဲ သွားဖို့အထမှာ
ကိုထွန်းမောင်က သူ့ကိုလဲမထားခဲ့ပါ
နဲ့သူလဲလိုက်ပါရစေဆိုပြီးမတ်တပ်
အထမှာ ခင်းထားတဲ့ ဖျာကြီးက
ကိုထွန်းမောင်ရဲ့ ဖင်နဲ့ကပ်နေတာဗျို့
ကျုပ်လဲ အတော့်ကိုမျက်လုံးပြူး
သွားတယ်ဗျ
ခင်လှက အခုလိုပြောတယ်ဗျ
ကဲပါကိုကြီးထွန်းမောင်ရယ် နေခဲ့
လိုက်ပါ ခင်လှတို့မကြာခဲ့ပြန်လာမှာ
ပဲလို့ ရယ်ပြီးပြောတယ်ဗျ
ကိုထွန်းမောင်က ကပ်နေတဲ့ဖျာကို
ရှက်ရှက်နဲ့ လက်နဲ့ဖြုတ်နေသေးတယ်
ဖျာကြီးက နည်းနည်းမှကိုမခွါဘူး
ဆရာကြီးဦးရန်သိန်းပြောဖူးတာကို
ကျုပ်အမှတ်သွားရတယ်ဗျ
စုန်းကဝေတွေက လူကိုကျီစယ်တဲ့
သဘောအနေနဲ့ ပညာနည်းနည်းပြ
ထားရင်အခုလိုဖြစ်တယ်လို့
ဆရာကြီးက သူ့ငယ်ဘ၀ရဲ့အကြောင်း ကျုပ်ကိုပြောဖူးတာကို
ကျုပ်သွားသတိရသွားတယ်
မြညိုတို့သုံးယောက်မှာ ပညာသယ်
တော့ပါနေပြီဆိုတာ ကျုပ်သိလိုက်
ပြီ
ကျုပ်လဲခင်လှနဲ့ထွေးမြတို့နဲ့အတူ
အိမ်ထဲက ထွက်လာခဲ့လိုက်တယ်
ခင်လှက ကျုပ်ကိုကြည့်ပြီး
ကိုကြီးမောင်သိန်း အစောက
ဖြစ်သွားတာကို ဗွေမယူနဲ့နော်တဲ့
ကျုပ်လဲဘာကိုလဲ ခင်လှလို့
မသိဟန်ဆောင်ပြီး ပြန်မေးလိုက်တော့
ခင်လှက ဘာမှမဟုတ်တော့ပါဘူးတဲ့
သူ့ရဲ့စကားကိုလျော့ချသွားတယ်
ဒီလိုနဲ့ကျုပ်လဲ ဘိုးသာ၀တို့အိမ်မှာ
စကားပြောနေလိုက်တော့
စိတ်ထဲမှာတော့ ကိုထွန်းမောင်ကို
အဆင်ပြေပါ့မလားဆိုတဲ့အတွေးနဲ့
နည်းနည်းတော့ စိတ်ပူမိတာတော့
အမှန်ပဲ
ဒီလိုနဲ့ညနေစောင်း မိုးမချုပ်တချုပ်
ကျတော့ မြညိုတို့အိမ်မှာ
ကိုထွန်းမောင်ကို ၀င်ခေါ်လိုက်တယ်
အရီးလေးမပုတို့အိမ်ရောက်တော့
အရီးလေးကိုပြောပြတော့
အရီးလေးက ကိုထွန်းမောင်နောက်ဖေး သွားနေတုန်း
ကျုပ်ကို အခုလိုတိတ်တဆိတ်ပြောတယ်ဗျ
မောင်သိန်း မင်းမြညိုရဲ့အကြောင်းကို ဘာသိထားလဲတဲ့
ကျုပ်လဲမသိပါဘူးအရီးလို့ပြောတော့
အရီးမပုက အေး ဒီကိစ္စကိုပြောဖို့
ငါ့အနေနဲ့ ပြောပြဖို့တော့ခက်သား
ကျုပ်လဲဘာအရေးကြီးကိစ္စမို့လဲ
အရီးရဲ့အားမနာပဲကျုပ်ကိုပြောပါလို့
ပြောတော့
အရီးမြက သက်ပြင်းတစ်ချက်ကို
ခပ်ပြင်းပြင်းချပြီး
မြညိုက ဘိုးစဉ်ဘောင်ဆက်က
စုန်းပညာကို အမွေဆက်ခံသူပဲ
သူ့ရဲ့အလှတွေကလဲ အရမ်းလှနေတဲ့
အကြောင်းရင်းက စုန်းပညာကြောင့်
လို့ လူတွေရဲ့ တိတ်တဆိတ်ပြောနေ
ကျတာကို ကြားနေရတယ်
အရင်တုန်းက ဒီကောင်မလေးက
သာမန်အလှပဲကွဲ့ ငါလဲသိတယ်
ဒါပေမဲ့လွန်ခဲ့တဲ့ နှစ်ထဲက မြညို
တစ်ယောက် အသည်းအသန်
နာမကျန်းဖြစ်တယ်လို့
ရွာထဲမှာ နာမည်ကြီးပြီး
သုံးလလောက် အိမ်ထဲအိမ်ပြင်လုံး
လုံးမထွက်ဘူးတဲ့
သူနေကောင်းလို့ လူတွေနဲ့ပြန်တွေ့တော့ အခုလိုထူးခြားတဲ့အလှနဲ့
ရွာရဲ့ထိပ်တန်းကွမ်းတောင်ကိုင်
ဖြစ်သွားတယ်ကွဲ့
အဲ့နောက်မှာ သူ့ကိုရွာထဲက
ကျော်အောင်ဆိုတဲ့ ကာလသားက
အရမ်းကြိုက်ပြီးအရူးမူးဖြစ်နေတယ်
ဒါကိုသိတဲ့ ကျော်အောင်ရဲ့မိခင်က
သိတော့ သူ့သားကျော်အောင်ကို
နင်စုန်းမလင်ဖြစ်ချင်လို့လား
ဘယ်လောက်လှလှ မြညိုနဲ့ဆို
သဘောမတူဘူးပြောလိုက်တာကို
မြညိုသိသွားတော့ သူ့သိက္ခာကိုချ
တယ်ဆိုပြီး ကျော်အောင်ရဲ့အမေကို
ရန်တွေ့တယ်တဲ့
တစ်ယောက်တစ်ခွန်းစကားများကျပြီး သုံးရက်လောက်ကြာတော့
ကျော်အောင်ရဲ့အမေက အကောင်း
ကြီးကနေ အောင့်တယ် အောင့်တယ်
ထဖြစ်လို့ ညဘတ်ကြီး ဆေးရုံပို့
တော့ လမ်းမှာတင်ဆုံးသွားတယ်
အဲ့နောက်ပိုင်း ရွာကလူတွေက
မြညိုရဲ့အကြောင်းကို
ရဲရဲဝံ့ဝံ့ မပြောရဲကျတော့ဘူး
အရီးမပုက ကျုပ်ကိုရှင်းပြတယ်ဗျ
ကျုပ်လဲအတော့်ကိုအံ့အားသင့်သွား
တယ်
ဒီလိုကိစ္စတွေလဲ ရှိသေးတာပဲလို့
ကောက်ချက်ချရတာပေါ့
ဘာပဲဖြစ်ဖြစ် ကိုထွန်းမောင်ကို
တော့ သေချာချော့ပြောပြမယ်လို့
ကျုပ်စိတ်ထဲမှတ်ထားလိုက်တယ်
ဒီလိုနဲ့ ရွာအပြန်လမ်းမှာ ကျုပ်
ကိုထွန်းမောင်ကို မြညိုက
စုန်းပညာအမွေဆက်ခံထားတဲ့
အမြင့်ဆုံးပညာသယ်စုန်းမတစ်
ယောက်ဖြစ်ကြောင်းပြောပြလိုက်
တယ်ဗျ
ကိုထွန်းမောင်က ဒါကြောင့်ဖျာကြီးက ကျုပ်ကိုဆွဲကပ်နေတာ
မြညိုကထလို့ရပြီလို့ပြောမှပဲ
ခွါကျသွားတာကိုး
ကိုထွန်းမောင်က ခေါင်းလေးညိတ်ကာနဲ့ကျုပ်ကို ပြောနေတယ်
မောင်သိန်း ငါမြညိုကိုချစ်ပေမဲ့လဲ
သူ့ကစုန်းပညာတွေကို အမွေရထားတဲ့ စုန်းမဖြစ်နေတယ်
ပြီးတော့ ငါသူ့ကိုယူလိုက်ရင်
ငါကစုန်းမလင်ဖြစ်ပြီး ငါ့သားသမီး
တွေရရင်လဲ သူကစုန်းပညာကို
လက်လွဲပေးဦးမှာ
ဒါဆိုငါတို့အမျိုးတွေကစုန်းမျိုးတွေ
ဖြစ်ကုန်မှာပေါ့
ငါသူ့ကိုလဲအရမ်းချစ်တယ်
သူ့ရဲ့စုန်းပညာတွေကိုလဲမနှစ်သက်ဘူး ငါဘယ်လိုလုပ်သင့်လဲ
ငါ့ကောင် ငါ့ကိုအကြံပေးပါဦးတဲ့
နောက်ဆုံးတော့ ကျုပ်ဘက်ကို
ပြသနာလှည့်လာတယ်ဗျ
ကျုပ်လဲအကောင်းဆုံးစဉ်းစားပြီး
မြညိုကိုမေ့နိုင်ရင်မေ့လိုက်
မဟုတ်ရင်သူ့ကို ငါ့ကိုချစ်ရင်နင့်ရဲ့
ပညာတွေကိုစွန့်လို့ ချော့ပြောလို့
အကြံပေးလိုက်တယ်
ဒီလိုနဲ့ရွာထိပ်ကိုကျုပ်တို့ရောက်တော့
ရွာထိပ်က ကုက္ကိုလ်ပင်ကြီးရဲ့အကိုင်း
မှာ လူတစ်ယောက်ငုတ်တုတ်ထိုင်နေ
သလားမှတ်ရတယ် ကြီးမားတဲ့
ငှက်မဲကြီးတစ်ကောင်က ကျုပ်တို့ကို
ကြည့်ပြီး ဂီးးးးဂီးးးးနဲ့အော်
နေတယ်
ကျုပ်သိလိုက်လေပြီ
ဒါကမကောင်းတဲ့နိမိတ်တစ်ခုဆိုတာ
အရှေ့ကိုလှည်းကိုဆက်မောင်းတော့
ခပ်ဝေးဝေးကနေလှမ်းတွေ့နေရတယ်
ကျွဲနက်ကြီးတစ်ကောင် ကျုပ်တို့ဆီ
တည့်တည့်လာနေတယ်ဗျ
နည်းတဲ့အကောင်းကြီးလားဗျာ
ဂျိုကားကားကြီးနဲ့ မျက်လုံးနီနီကြီး
နဲ့ နွားလားကြီးလောက်ကိုရှိတယ်
ကျုပ်လှည်းကနွားတွေကလဲ နှာတွေမှုတ်ပြီးခွါတွေယက်နေတယ်ဗျ
ကျုပ်ကြည့်နေစဉ်မှာပဲ ကျွဲနက်ကြီးက ကျုပ်တို့လှည်းတည့်တည့်ဆီသို့
ဒုန်းစိုင်းပြေးလာပြီဗျို့
ကျုပ်လဲသွားလေရာအမြဲစောင်ထား
တဲ့ ကျုပ်ရဲ့သက်စောင့်အင်းတော်ကြီးကို လွယ်အိတ်ထဲက ထုတ်ပြီး
ဇဗ္ဗူဒီပါမန္တန် တိဌတု တည်ပါစေဆို
ပြီး အော်ရွတ်လိုက်ပြီး အင်းတော်ကြီးကို ကျွဲနက်ကြီးဆီကိုပစ်ထည့်
လိုက်တယ်ဗျို့
အုန်းးးးးးဆိုတဲ့အသံကြီးနဲ့အတူ
လှည်ဘီးလုံးလောက်ရှိတဲ့မီးခိုးလုံးကြီးက ကောင်းကင်ပေါ်သို့ တက်သွားတယ်ဗျ
ဟော့ မီးခိုးလုံးကြီးပျောက်သွားလို့
ကျုပ်ကြည့်လိုက်တော့ ငှက်ပျောတုံး
ကြီးကို မိန်းမထမီ အထပ်ဆင်စတွေ
နဲ့ပတ်ထားတယ်ဗျ
ကျုပ်သိလိုက်တယ် ဒါကတိုက်ကျွဲ
ကြီးဆိုတာကိုပေါ့
ထိုစဉ်မှာပဲ တောက်ခေါက်သံကို
ကျယ်လောင်စွားကြားလိုက်ရတယ်
ကျုပ်ကြည့်လိုက်တော့ ကိုထွန်းမောင်
ကမျက်လုံးကြီးပြူးပြီး မျက်ထောက်
နီနီကြီးနဲ့ ကျုပ်ကိုစိုက်ကြည့်နေတယ်
ပြီးတော့ သူ့ရဲ့လက်ကြီးတွေက
ကွေးကောက်လာပြီး အရှိန်ပါလှတဲ့
အဟုန်နဲ့ သူ့လက်ကြီးက ကျုပ်ဆီကို
လာရိုက်ထည့်လာတယ်
ကျုပ်လဲသတိထားပြီး ခန္ဓာကိုယ်ကို
နောက်ကိုသိမ်းရှောင်လိုက်တော့
ကျုပ်ကိုမထိပဲ လှည်းဘောင်ကိုသွား
ထိတာ အကာတွေကျိုးပဲ့ကုန်တယ်ဗျ
ကျုပ်လဲ အိတ်ထဲကအသင့်ပါလာတဲ့
ဆရာဦးမြသာပေးထားတဲ့ သံသေ
ပုတီးကုန်းကိုယူပြီး ကိုထွန်းမောင်
လည်ပင်းကိုဆွဲထားပေးလိုက်တော့
နောက်ကိုလဲသွားပြီး လူကတော့
ဓာတ်လိုက်သလို တွန့်လိမ်နေတယ်
ကျုပ်လဲအိမ်ကို တန်းမမောင်းပဲနဲ့
ရွာဦးကျောင်းကို လှည်းကိုအမြန်
မောင်းရတာပေါ့
ကျောင်း၀ကို ရောက်တော့ ကပ္ပိယ
ကြီးက မောင်သိန်း အရေးကြီး
သုပ်ပြာနဲ့ ဘာဖြစ်လာတာလဲတဲ့
ကျုပ်လဲကပ္ပိယကြီး ကိုထွန်းမောင်
ကို တစ်စုံတစ်ယောက်က နှောက်ယှက်နေတာ ပုံမှန်အသိစိတ်
ပျောက်နေလို့ဗျ
ကျုပ် ကိုထွန်းမောင်ကို နွားလှည်း
ပေါ်က ပွေ့ချပြီး ကျောင်းရှေ့က
ညောင်စောင်းလေးမှာ တင်ထား
လိုက်တယ်
ထိုအခါ ကပ္ပိယကြီးရွှေမိုး လို့
ခေါ်သံကြားလို့ကြည့်တော့
ရွာဦးကျောင်းဆရာတော်ကြီးဗျ
ကပ္ပိယကြီးဦးရွှေမိုးလဲ ဘုရားဆိုပြီး
ဆရာတော်ကြီးထံ အပြေးသွားတယ်
အနားရောက်တော့ ဆရာတော်ကြီး
က ကွမ်းတယာကို ကပ္ပိယကြီးကို
ပေးလိုက်ပြီး ကျောင်းပေါ်သို့
ပြန်ကြွသွားတယ်ဗျ
ကပ္ပိယကြီးလဲ ဆရာတော်ကြီးပေးတဲ့
ကွမ်းကို နည်းနည်းဝါးပြီး
ကိုထွန်းမောင်ပါးစပ်ထဲခွံထည့်ပေး
လိုက်တော့
ကိုထွန်းမောင်သတိရလာတယ်
ကပြာကယာနဲ့ မောင်သိန်း ငါဘာဖြစ်တာလဲတဲ့
ကျုပ်ကိုမေးတယ်ဗျ ကျုပ်လဲခဗျား
လူစိတ်ပျောက်ပြီးကျုပ်ကိုတိုက်ခိုက်
နေလို့ ဒီခေါ်လာတာလို့ ဖြေပြီး
ခဗျားကို မြညိုဘာလုပ်လိုက်လဲလို့
တစ်ဆက်ထဲမေးလိုက်တယ်
ကိုထွန်းမောင်က မင်းတို့ထွက်သွားပြီး မြညိုက ငါ့ကိုအဖုံးအုပ်ထားတဲ့
ကြွေခွက်ထဲက ရေနွေးကိုပေးပြီး
သူ့ကိုချစ်ရင် အဲ့ဒါကိုသောက်ပြဆိုလို့
ငါလဲသောက်လိုက်တာ အဲ့ဒါသောက်ပြီးတော့ ငါဘာမှမသိတော့ဘူး
အခုမှပဲ သတိရလာတာကွ
ကိုထွန်းမောင်စကားဆုံးတော့ ကပ္ပိယကြီးက မင်းအရမ်းမိုက်တဲ့ကောင်ပဲ
ငါထင်တာမမှားဘူးဆိုရင် မင်းကို
ဟိုက ဆေးခပ်ပြီးညို့ယူပြုစားလိုက်
တာကွဲ့
အဲ့လိုလုပ်ထားရင် မင်းမြင်သမျှကို
သူမြင်ပြီး မင်းကြားသမျှကို သူကြား
ရတယ်ကွ
ကပ္ပိယကြီးပြောမှပဲ ကျုပ်သဘော
ပေါက်တော့တယ် ကိုထွန်းေမာင်နဲ့ကျုပ်
အပြန်ခရီးမှာမြညိုအကြောင်းတွေ
ပြောနေတာကို သူအကုန်သိလို့
ကျုပ်တို့ကိုတိုက်လိုက်တာကိုး
ကျုပ်စကားမဆုံးသေးဘူး
သပိတ်လုံးလောက်ပမာဏခန့်ရှိတဲ့
မီးလုံးကြီးက ကျုပ်တို့တည့်တည့်ကို
ပျံဝဲလာတယ်ဗျ
ကပ္ပိယကြီးက သာသနာ့နယ်ထဲကို
ထင်ရာစိုင်းပြီး၀င်လာတဲ့ သင့်ရဲ့မူလ
ငါဆရာတွေ့အောင်ရုပ်လုံးပြစမ်းဆို
ပြီး အာဏာစက်ပြန်လိုက်တော့
မီးလုံးကြီးက ဝဲပျံရာမှ မြေပြင်သို့
ထိုးဆင်းလာတယ်ဗျ
အမလေး ဘုရား ကျုပ်ပါးစပ်က
ဘုရားတရတဲ့အထိပဲ ဖြစ်သွားတယ်
မီးလုံးကြီးက လူအသွင်ပြောင်းသွား
တော့ မြညိုဖြစ်နေတယ်ဗျ
မြညိုက ဟားးးဟားးးးး ကိုထွန်းမောင် ရှင်က ကျမရဲ့အချစ်ကို
တန်ဖိုးမထားဘူး ကျမချစ်သလောက်ရှင် မချစ်ဘူး
အဲ့တော့ ရှင့်ရဲ့ဇီဝိန်ကိုချုပ် ဝိညာဉ်ကို
ဘယ်မှမသွားနိုင်အောင် ဖမ်းထားပြီး
ကျမအနားမှာ တစ်သက်လုံးနေခိုင်း
မယ် ရှင်နဲ့မောင်သိန်းပြောတာတွေကို
အကုန်ကြားသိပြီးပြီ
မြညိုဆိုတဲ့ မိန်းမက ကိုယ့်ပညာကိုလဲမစွန့်လွတ်ဘူး ရှင်းကိုလဲမစွန့်လွတ်
ဘူး ရှင်လျက်ထားတာကိုမနေရင်
သေလျက်ထားပြီးခေါ်ထားရမှာပေါ့
ဟားးးး ဟားးးး ဟားးးးမှညိုက
မာန်အပြည့်နဲ့ပြောပြီးရီနေတာဗျ
သူ့စကားဆုံးတော့ ကိုထွန်းမောင်က
တုန်ရီနေသောအသံဖြင့် မြညို
မင်းက သိပ်အတ္တကြီးပြီး သိပ်ကြောက်ဖို့ကောင်းတဲ့မိန်းမပါလားတဲ့
ထိုအခါ ကပ္ပိယကြီးက သင်က
ငါဆရာအရှေ့ရောက်နေတာတောင်
မာန်မချပဲ မကောင်းမှုတွေဆက်လုပ်
ဖို့ကြံနေသေးတယ် ဟုတ်လားဆိုပြီး
သူ့ပါးစပ်ထဲက အရောင်တစ်လျှက်
လျှက်နဲ့ မန်ကျည်းစေ့ခန့်ပမာဏရှိတဲ့
ဓာတ်လုံးလေးကိုထုတ်လိုက်ပြီး
မြညိုဆီသို့ ပစ်လိုက်လေတယ်
မြညိုကလဲ ထန်းသီးလုံးလောက်ရှိတဲ့
မီးလုံးတွေနဲ့ ဆက်တိုက်ဆိုသလို
ကပ္ပိယကြီးဘတ်သို့ ပြန်ပစ်လေတယ်
ထိုအချင်းရာနှစ်ခု ဆိုင်တွေ့တော့
မိုးဂျိမ်းသံအလား အော်မြည်သံကြီး
ကမြေကြီးပါတုန်သွားလေတယ်
ခဏနေတော့ မြေကြီးပေါ်မှာ
သွေးအလိမ့်လိမ့်နဲ့ လဲကျနေတဲ့မြညို
ကို တွေ့တော့ ကိုထွန်းမောင်တစ်
ယောက်ပြေးထူလေတယ်
ထိုအခါ ကပ္ပိယကြီးက မန္တန်တစ်ပုဒ်ကို ရွတ်လေရာ မန္တန်ဆုံးသည်နှင့်
တပြိုင်နက် မြညိုရဲ့ပတ်လည်မှာ
မီးတွေလောင်နေတဲ့ စည်းကြီးဖြစ်နေ
တယ်
မြညို ဤစည်းသည် အခြားမဟုတ်
စုန်းကဝေ အောက်လမ်းအစရှိတဲ့
ပညာရပ်တွေရှိတဲ့သူတွေကို
လောင်ကျွမ်းစေတဲ့ အစီစိငရဲမီးလျှံ
စည်းဖြစ်ပေတယ် သင့်ရဲ့အသက်ကို
ရှင်ချင်သေးရင် တက်မြောက်ထားတဲ့
ပညာစက်တွေကို ကုန်စင်အောင်
ထုတ်ခဲ့ပြီးမှ သာမန်မိန်းကလေးအဖြစ်မှသာ စည်းအတွင်းက
ထွက်ခွါနိုင်လိမ့်မယ် ပညာသယ်အဖြစ်နဲ့ နေရင်တော့ မီးလျှံတွေ
မီးတောက်တွေက သင်သေဆုံးတဲ့အထိလောင်ကျွမ်းစေလိမ့်မယ်
ကပ္ပိယကြီးဦးရွှေမိုးရဲ့စကားဆုံးတော့ အားးးးပူလိုက်တာ
ကယ်ကျပါဦးဆိုတဲ့မြညိုရဲ့အော်သံ
ကိုကြားရလေတယ်
ထိုအခါမြညိုက ငါ့ပညာတွေကို
ငါမစွန့်နိုင်ဘူး ငါ့ရဲ့လှပမှုတွေက
ငါ့ရဲ့ပညာတွေရှိမှ ဖြစ်မှာ
ငါမစွန့်နိုင်ဘူး လုံး၀ကိုမစွန့်နိုင်ဘူး
အပူဒဏ်ကို ခံစားနေရင်း
ငြင်းဆန်လေတယ်
ထိုအခါ ကိုထွန်းမောင်က မြညိုရယ်
အကို ဒီတစ်သက်မင်းတစ်ယောက်ထဲ
ကို တစ်ဘ၀လုံးရည်စူးကာချစ်တာပါ
ခေါင်းမမာပါနဲ့ မင်းရဲ့အလှတွေမရှိလဲ
မင်းကိုအမြဲချစ်နေမှာပါ မင်းရဲ့ပညာ
တွေကိုစွန့်လွတ်လိုက်ပါလို့
တောင်းပန်လေတယ် ထိုအခါ
ဆရာတော်ကြီးက ကြွလာပြီး
လူ့ဘ၀ကိုရလာရင် အိုနာသေရမှာက
ဓမ္မတာပဲ ဘာကြောင့်လောကနိယမ
တရားကိုဆန့်ကျင်ပြီး မကောင်းတဲ့
ပညာသယ်ဘ၀နဲ့ အသက်ရှင်နေထိုင်
ချင်ရတာလဲ အဲ့လိုနေခြင်းသည်
ယခုလဲ မကောင်း နောင်သံသရာ
အဆက်ဆက်တိုင်မကောင်းတာမို့
စွန့်လွတ်လိုက်ပါလို့ ဘုန်းကြီးမေတ္တာ
ရပ်ခံပါတယ် ဒကာမလေးမြညို
ဆရာတော်ကြီးကိုလက်အုပ်ချီကာ
စွန့်လွတ်ပါ့မယ်ဘုရားတဲ့
အဲ့တော့မှ တစ်ဟုန်းဟုန်းထတောက်နေတဲ့ မီးများသည် သူ့အလိုလို
ငြိမ်းအေးသွားတော့သည်
မြညိုလဲပညာတွေစွန့်လွတ်လိုက်သည်နဲ့ အရင်လို မြင်သူငေးအလှ
မျိုးကို မပိုင်ဆိုင်ရပေမဲ့
သဘာ၀အလှနဲ့ လောကနိယာမအတိုင်း သာမန်မိန်းကလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အလှမျိုးနဲ့ပဲ
ကျုပ်သူငယ်ချင်း ကိုထွန်းမောင်နဲ့
လက်ထပ်ကာ ပျော်ရွှင်ချမ်းမြေ့
ရိုးရှင်းလှတဲ့ မိသားစုဘ၀နဲ့
နေသွားတာပေါ့ဗျာ။
စာဖတ်သူများအား ကျေးဇူးအထူး
တင်ရှိပါသည်။
နောက်လဲများများရေးပေးမှာမို့
ကျုပ်ကိုလဲအားပေးကျပါဦးဗျို့။
(ကပ္ပိယလေး ကြွက်ပုတ်)
Leave a Reply