ရမယ်။ သွားရရင်လည်း အောက်တိုဘာလလောက်မှာ သွားရမယ်။ အမေရိကား ရောက်တဲ့အခါမှာ ‘C စာလုံး၊ ‘G’ စာလုံး ၊ S စာလုံး၊ ‘L’ စာလုံးစတဲ့ မြို့တွေမှာ နေရလိမ့်မယ်” ဟု ပြောလိုက်ရင် သက်မှူးခင်က… “အများကြီးဖြစ်နိုင်တယ် အဘ၊ ကာလီဖိုးနီးယားမှာက သမီးရဲ့ သူငယ်ချင်း ကောင်မလေးတစ်ယောက် နာမည်ကြီး အဆိုတော် ဖြစ်နေတယ်။ သူ့ကို ချိတ်ရင်ချိတ်ရမှာ။ လောစ်အိန်ဂျလစ်မှာက ဘွိုင်းဖရန့် (Boy friend) တစ်ယောက် ဆူရှီထမင်းလိပ်ဆိုင်ကြီး ဖွင့်ထားတယ်။ ဆန်ဖရစ်စစ္စကိုမှာက သမီးမေမေရဲ့ငယ်ရည်စားတစ်ယောက် ...

ပေါ်ထပ်က။ မျက်စိ ဖြင့် တပ်အပ်မြင်ရသည်လည်း မဟုတ်။ ကိုယ့်ကိုလည်း အန္တရယ်မပြု။ ဘာမှကြောက်စရာ မရှိဟုပင် ပြုံးရွှင်ကာ ရယ်ပွဲဖွဲ့ကြသည်။ တစ်ခုသောညတွင် ဆူညံသံတွေက ပိုထွက်လာ သဖြင့် အောက်ထပ်မှနေ၍ တင်မေထွန်းက “ဟေ့ ဆူနေတာ နည်းနည်းတော့ များနေပြီနော်၊ ဘယ်လိုဖြစ်နေတာလဲ၊ ငါတို့အကြောင်း သိ သွားမယ်” ဟု အော်ဟစ်ခြိမ်းခြောက်လိုက်သည်။ ဒီတော့မှ ပိုဆိုးလာသည်ဟု ပြောရပေတော့မည်။ ကြမ်း ပြင်ကို ဖနောင့်နှင့် ပေါက်သည်။ နံရံတွေကို ရိုက်နှက်သည်။ ဒီလိုတော့ ဘယ်ရမလဲ။ စူပါ စတားလေးယောက်ဟာကို။ ...

ညည်း မှတ်မိလား ညည်းတို့အဘွားတုန်းကလဲ အသိမြန်လို့ မဟုတ်ရင် ဌေးဌေးလဲ သေ မှာ…” “ဟုတ်တယ်နော် ဦးလေး စိုးမောင်က အဖွားလို ဖြစ်နေတာပေါ့နော်…..”(ကျွန်မတစ်ခါရေးဖူးတဲ့ အစွယ်မပါဘဲ သွေးစုတ်တဲ့ ဖုတ်ကောင် အကြောင်းပေါ့) “အန်တီမြ ဖွားလေးတို့ဘာပြောပြော သမီးက မယုံဘူး ဒါ့ကြောင့် သမီးကို ဘာမှ မပြောနဲ့ ဖိုးဖိုး က ဘာမှ မဖြစ်ဘူး ဘာမှလဲ ထုတ်စရာမလိုဘူး… ယုံလဲမယုံဘူး ဖွားဖွားကလဲ သူ့ဘာသာ သေတာ ဖိုးဖိုးနဲ့မဆိုင်ဘူး…”…..သူ့သဘောက အဲ့လိုဆိုတော့ ကျွန်မတို့လဲ ဘာမှမတတ်နိုင်ဘဲ ရက်လည်ပြီးတော့ ...

အမြတ်တနိုးနဲ့ ဝတ်ဆင်းထားလေ့ရှိသည် အခု သူမြင်နေရသော သူ့ အလောင်းလက်မှာ မရှိတော့ပေ။ ….ဟာ….ငါ့ကိုဝတ်ပေးထားတဲ့….အဝတ်အစားတွေ ကလဲ….အပေါစားတွေပါလား…..ငါဝတ်နေကြ…. ဘန်ကောက်ပုဆိုးနဲ့ ….တိုက်ပုံလေးတောင်…. မပါ တော့ပါလား……ငါ့လက်စွပ်လည်း….မရှိတော့ဘူး… ဦးထိန်ဝင်း နှမြောတသဖြစ်လျှက် ကြည့်နေစဥ်မှာပဲ။ …ကဲ…..ကဲ….အားလုံးပဲ….မြေမြုပ်ကြရအောင်….. ထိုသို့ပြောပြီး သူအခေါင်းအံဖုံးအား ပြန်ပိတ်ပြီး မြေကျင်းထဲသို့ ကြိုးဖြင့် ချနေတာကို ကြည့်ရင်း ရင်ထဲ ပြောမပြတတ်သော ဆို့နင့်ကြေကွဲခြင်းတို့ ဖြင့် ဦးထိန်ဝင်း မျက်ရည်ကြရ၏။       လရောင် ရေးရေးအောက်မှာ ညက အိပ်မောကြ နေလေပြီ စမ်းတဝါးဝါးဖြင့် ဦးထိန်ဝင်း လျှောက်လာ ခဲ့သည့် ...

ကျေမနပ်နဲ့ခံလိုက်ရတာမြင်တော့ အားရလိုက်တာဗျာ၊ ကျုပ်လည်း ဦးဖိုးစီကိုအရင်ကထက် ပိုပြီးအားကိုးသွားတာပေါ့။ ဒါနဲ့ ကျုပ်တို့အိမ်ကိုခေါ်လာခဲ့တယ်။ “အမေရေ၊ ဧည့်သည်ပါတယ်ဗျို့” ကျုပ်အသံကြားတော့ အမေကပြေးထွက်လာတယ်။ “ဟဲ့သား၊ ဘယ်သူတွေကိုခေါ်လာတာလဲ” “ဒီလူက မောက်ရွာက ဆရာကြီးဦးဖိုးစီပါအမေရဲ့၊ အထက်ဂိုဏ်းဆရာတစ်ယောက်ပေါ့အမေရာ” အမေက ဦးဖိုးစီကိုကြည့်ပြီး နည်းနည်းတော့ ရိုရိုသေသေဖြစ်သွားတယ်။ “ကျွန်မတို့ရွာကို ဘာအကြောင်းနဲ့များရောက်လာတာလဲ ဆရာကြီးရှင့်” ဦးဖိုးစီက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ “အေးကွယ်၊ ဟောဒီရွာက ခုနစ်ရက်သားသမီးတွေကို ကယ်တင်ရအောင်လာခဲ့တာပဲ၊ ဒါနဲ့ ကျုပ်ဒီအိမ်မှာတည်းလို့ အဆင်ပြေရဲ့လား၊ အဆင်မပြေရင် ကျုပ်ရွာပြင်ဇရပ်မှာသွားနေပါ့မယ်” အမေက ပျာပျာသလဲနဲ့ “မဟုတ်တာပဲဆရာကြီးရယ်၊ ဆရာကြီးလိုလူက ကျွန်မတို့အိမ်မှာတည်းမယ်ဆိုတာနဲ့တင် ...

လူတော့ မပါဘူးဗျ။ ဖမ်းမိတဲ့လူတွေကလည်း မကျေနပ်ဘူးပေါ့ဗျာ၊ ဒါနဲ့ကျုပ်တို့ကိုလက်ညှိုးထိုးပြီးတော့ “သူတို့လည်းပါတယ်၊ သူတို့ညီအကိုလည်း ဖဲရိုက်တဲ့အထဲပါတယ်” “သူတို့လည်းပါတယ်ဆိုပဲ၊ သူတို့ပါဖမ်းကွာ” “ဟာ၊ ဟေ့လူတွေ၊ မလုပ်၊ မလုပ်ကြနဲ့လေ” ရဲတပ်သားတွေက ကျုပ်တို့ညီအကိုကိုပါ ဖမ်းပါရောဗျာ၊ ပြီးတော့ ကျုပ်တို့ဖဲရိုက်တဲ့လူတစ်သိုက်ကို အတွဲလိုက်ကြီးဖမ်းခေါ်သွားကြပါရောဗျာ။ အချုပ်ထဲရောက်တော့ ဖဲသမားတွေက ကျုပ်တို့ညီအကိုကို ထိုးမယ်ကြိတ်မယ်လုပ်နေကြလို့ ကျုပ်တို့ကိုသပ်သပ်ခွဲပြီး ချုပ်ထားရတယ်ဗျာ၊ ဟိုလူတွေက ကျုပ်တို့ကိုတစ်ဖက်အချုပ်ခန်းထဲကနေကြည့်ပြီးတော့ မျက်လုံးတွေပြူးပြ၊ လက်သီးတွေထောင်ပြနဲ့မို့လို့ ရဲတပ်သားတွေက တော်တော်ကြိမ်းမောင်းယူနေရတယ်ဗျ။ “အဲဒါအကိုကြီးကြောင့်၊ အကိုကြီးအကြံကောင်းလို့ အခုတော့ ငွေလည်းဆုံး၊ အဖမ်းလည်းခံရပြီမဟုတ်လား” အကိုကြီးကတော့ မျက်နှာငယ်ကလေးနဲ့ “ဒါထက်ပိုဆိုးတာက ...

ဒီတောင်ဝှေးနဲ့ဝင်ရိုက်မှ ဖုတ်ကောင်ထွက်ပြေးတာ၊ ဖုတ်ကောင်ထွက်ပြေးတော့ ငါစုန်းပညာတစ်ခုကိုခြေရာခံမိတယ်ကွ၊ အဲဒီစုန်းပညာကတော့ ခုနကပြောတဲ့ ဗာလိစုန်းပညာပေါ့ကွာ” “ကျုပ်နားလည်ပြီဗျ၊ ဒါဆိုရင် စုန်းတွေက လူတွေကိုသူတို့စုန်းပညာနဲ့ သေအောင်လုပ်တယ်၊ လူတွေက သေပြီဆိုပြီးမြေချလိုက်တော့မှ အဲဒီလူကိုဖုတ်သွင်းပြီး ခိုင်းချင်ရာခိုင်းတဲ့သဘောပေါ့” “ဟုတ်တော့ဟုတ်လောက်တယ်ကွ” “ဒါဆို ခုနက ဖုတ်ကောင်ဘာဖြစ်သွားသလဲဗျ” “ဘာဖြစ်ရမှာလဲကွာ၊ ငါလည်း မင်္သကာတာနဲ့ ငါ့ခေါင်းစွဲ အထက်ဝိဇ္ဇာကြီးကိုမေးကြည့်ရတာပေါ့၊ သူက ငါ့ကိုဗာလိစုန်းအကြောင်းပြောပြတယ်၊ ငါလည်း ရွာသားတွေကို လွန်ခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က သေထားတဲ့လူရှိသလားဆိုတော့ မိန်းကလေးတစ်ယောက်သေဖူးတယ်လို့ပြောတယ်၊ သူတို့မြှုပ်ထားတဲ့နေရာကို ပြန်သွားကြပြီး မြေပုံကိုဖော်ကြည့်တော့မှ ပျဉ်ခေါင်းထဲမှာ ဖုတ်ကောင်ကြီးက ဘေးစောင်းလှဲအိပ်နေသကွ၊ ဖုတ်ကောင်ဆိုတာ အိပ်နေတဲ့အချိန် ...

ဦးဆောင်ထွက်ခဲ့တာပေါ့ဗျာ။ ထွက်လာရင်းနဲ့ လမ်းမှာလည်း စကားပြောဖြစ်ကြတာပေါ့။ “ကျုပ်တို့ရွာကို နောက်ဆို မကြာမကြာလာရောင်းနော် ပန်းညို၊ သြော် ဒါနဲ့ ပန်းညိုအသက်က ဘယ်လောက်ရှိပြီလဲ” “နှစ်ဆယ့်သုံးပါ” ကျုပ်ကလည်း နှစ်ဆယ့်နှစ်ကျော်လို့ နှစ်ဆယ့်သုံးထဲရောက်နေပြီလေဗျာ၊ အသက်အရွယ်ကတော့ မတိမ်းမယိမ်းပေါ့။ “ဒါနဲ့ ကလေးကရောဘယ်အရွယ်တုန်းဗျ” “ပန်းညိုအသက် ဆယ့်ငါးနှစ်ကျော် ဆယ့်ခြောက်နှစ်လောက်မှာပဲ အိမ်ထောင်ကျပါတယ်၊ ကလေးးက အိမ်ထောင်သက်တစ်နှစ်မှာ မွေးတာဆိုတော့ အခုဆိုရင်တော့ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးပါ” “သြော် . . .” ပန်းညိုမျက်နှာက မသာမယာဖြစ်သွားတာနဲ့ ကျုပ်လည်း ဆက်မပြောဖြစ်တော့ပါဘူးဗျာ၊ ဒါနဲ့ပဲ ရွာထဲအမဲသားကြိုက်ကြတဲ့ ...

နှိမ်နင်းလို့ ရလိမ့်မယ်လို့တော့ ဘုန်းကြီး မထင်ဘူးကွဲ့” “တစ်ရွာလုံးက စုန်းတွေကို နှိမ်နင်းဖို့ မဟုတ်ပါ ဘူးဘုရား၊ အဲဒီရွာမှာရှိတဲ့ စုန်းမတစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးကို သွားပြီးယူဖို့ပါဘုရား” “ဟေ” “ဗျာ” ဆရာတော်ကလည်း အံ့သြပြီး ‘ဟေ’ကနဲ အော် လိုက်သဗျ။ကျုပ်ကလည်း လန့်ပြီး ‘ဗျာ’လို့ အော် လိုက်မိတယ်။ ဆရာနွံဖက ကျုပ်ဘက်ကို လှည့် ပြီးကြည့်တယ်။ ဆေးလိပ်ခွက်ထဲမှာ ထည့်ထား တဲ့ သူ့ရဲ့ဆေးတံကို ယူပြီး ဆေးပြာတွေ ခေါက် ချတယ်။ ပြီးတော့ ဗာဂျီးနီးယား ဆေးမှုန့်တစ်ဆုံ ထပ်သိပ်ပြီး ...

သွားဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် နေကဝင်တော့မှာဆိုတော့လည်း အမြန်သွားဖို့ အရေးကြီးနေသည် မဟုတ်ပါလား။ ဒီတော့လည်း ခြေလှမ်းတွေကို မြှင့်တင်ပြီး လျောက်ခဲ့လိုက်ပါတော့တယ်။   ဒီလိုနဲ့ မြေနီလမ်းလေးအတိုင်း တစ်ယောက်ထဲ လျောက်လာခဲ့ရင်း ဟိုဟိုဒီဒီ ကြည့်မိလေတော့ လမ်းဘေး တစ်ဖက်တစ်ချက်မှာ လူနေ အိမ်ခြေဆို၍ ဘာကိုမှ မတွေ့ရခဲ့ပေ။ တောခြံတွေနဲ့ သစ်ပင်ဝါးပင်တွေသာ အုတ်အုတ်ဆိုင်းဆိုင်း ဖြစ်နေပြီး တောတန်းလေးကသာ ကြီးစိုးလို့နေပါတယ်။ မကြာခင် နေရောင်ပျောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်ထဲမှာ စိုးရွံ့မှုတော့ ဖြစ်နေမိပါတယ်။ ဒါကလည်း လူ့သဘာဝပါ။ ဘယ်လောက်ပဲ မကြောက်ဘူးပြောပြော ခုလိုလူသူမရှိတဲ့ ...