ညည်း မှတ်မိလား ညည်းတို့အဘွားတုန်းကလဲ အသိမြန်လို့ မဟုတ်ရင် ဌေးဌေးလဲ သေ မှာ…”
“ဟုတ်တယ်နော် ဦးလေး စိုးမောင်က အဖွားလို ဖြစ်နေတာပေါ့နော်…..”(ကျွန်မတစ်ခါရေးဖူးတဲ့ အစွယ်မပါဘဲ သွေးစုတ်တဲ့ ဖုတ်ကောင် အကြောင်းပေါ့)
“အန်တီမြ ဖွားလေးတို့ဘာပြောပြော သမီးက မယုံဘူး ဒါ့ကြောင့် သမီးကို ဘာမှ မပြောနဲ့ ဖိုးဖိုး က ဘာမှ မဖြစ်ဘူး ဘာမှလဲ ထုတ်စရာမလိုဘူး… ယုံလဲမယုံဘူး ဖွားဖွားကလဲ သူ့ဘာသာ သေတာ ဖိုးဖိုးနဲ့မဆိုင်ဘူး…”…..သူ့သဘောက အဲ့လိုဆိုတော့ ကျွန်မတို့လဲ ဘာမှမတတ်နိုင်ဘဲ ရက်လည်ပြီးတော့ ..စိတ်မကောင်းစွာနဲ့ပဲ.ပြန်လာခဲ့ရတယ် ဒီလိုပြန်လာခဲ့တာ သူမအတွက် ကံမကောင်းချင်းဖြစ်နေလိမ့်မယ်ဆိုတာ ကျွန်မ ကြိုသိခဲ့မယ်ဆိုရင် ကျွန်မ တခါတည်း ဦးလေးကို ဖုတ် ထုတ်ဖို့ အတင်းပြောခဲ့မှာပါ……ရန်ကုန်ပြန်ရောက်တာ ၂ ပတ်ရှိတော့….”ဟဲလို မြမြရေ ထူးပြန်ပြီဟ”……
အညာက ဖုန်းလာပါပြီ……
” ဘာလို့လဲ အဒေါ်”..
” ဒီကို လာခဲ့အုန်း ကျုပ်တို့ ရွာတော့ ရွာနာတော့မယ်..”
ပြေးရပြန်ပါပြီ……
ရောက်တာနဲ့ တန်းပြီးအဒေါ်က “စိုးမောင် မြေးလေး ဆေးရုံ တင်ထားရတယ် ဒီနေ့ စိုးမောင်ကို ဖုတ် ထုတ်မယ် သူ့မြေးမလေးလဲ သေပြီး ဖုတ်ဝင်နေတယ်….”
ကျွန်မ နားအတော်ရှုပ်သွားတယ်….
ကျွန်မဦးလေးကို ရွာထဲက လူကြီးတွေ ဖမ်းချုပ်ထားတယ် နောက်ပြီး ဆန်မန်းတွေလဲ အိမ်ခန်းအရှေ့အနောက် တစ်နေရာမကျန်အောင် ဖျန်းထားကြတယ် “ငါ့အောက် က အရွက်တွေ ထုတ်ပေးကြ”အာဂေါင်ကိုခြစ်ပြီးကြောက်စရာ အသံကြီးနဲ့ တကယ် ပင် ကြက်သီးတွေထမိတယ်…..သိပ်မကြာခင်မှာ အရမ်ကို ဆိုးဆိုးဝါးဝါး အပုတ်နံ့ ထွက်လာတယ်…” ဖုတ်ကတော့ ထွက်သွားပြီ သူဒီအိမ်ထဲက ထွက်လိုရမှာမဟုတ်ဘူး ရွာသားတွေ အပြင်ထွက် ဒီအိမ်ကိုမီးရှို့ပြီး ဖုတ်ကိုသတ်ရမယ်….” တ စ တ စ နဲ့လောင်မြိုက်သွားတဲ့ ဦးလေး တို့အိမ်ကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်….” ဦးလေးရဲ့ မြေးမလေးကော”…
“ဆေးရုံပေါ်မှာ သူကတော့ ဒီတိုင်း အမဲသားတောင်းတဲ့ဖုတ် ထင်တာပဲ ညနေစောင်းရင် အမဲသားတောင်းတယ်….”
“ဘယ်လိုဖြစ်ကြတာတုန်း ကျွန်မ ပြန်သွားတာတောင်မကြာသေးဘူး” “ဒီလိုအေ ကျုပ်တို့လဲ ခလေးမကို သူ့အဖိုး ဖုတ် ထုတ်ဖို့ပြောပေမယ့် မရဘူး နောက်ပိုင်းသူ အိပ်ရာထဲ လဲတော့ ငွေခင် လိုပဲ အားမရှိသလို ဖြူဖတ်ဖြူရော်နဲ့ ဒီကြားထဲ ငါတို့လဲ နေတွေပူတော့ မနက် မလင်းခင် ကြက်သွန်ခင်းသွား ညမိုးချုပ်မှ ပြန်လာတာ ဒါ့ကြောင့် သူကို သတိမရဘူး နောက်နေ့ ကျုပ် ညဖက်ကြီး အပေါ့သွား တော့ စိုးမောင်မြေးမ တောင်ပိုင်းအိမ်က ကြက်တွေ အစိမ်းစားနေတယ်လေ အဲ့တာကြောင့် တစ်အိမ်ထဲမှာ တစ်လ ထဲ ၃ လောင်းဖြစ်မှာဆိုးလို့ ခလေးမကို ဆေးရုံပို့ပြီး ဆေးရုံမှာပဲဖုတ် ထုတ်ကြဖို့ စီ စဉ်ထားတာ အခု ဆေးရုံသွားကြမယ် လာ……..”
“ဟင်…………”
ကျွန်မ သက်ပြင်းအရှည်ကြီးချ လိုက်မိတယ်…… ခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပါပြီ……
“ငါ အမဲသား စားချင်တယ် ငါ့ကို အမဲသားကျွေး….ငါလက်တွေ ကြိုးဖြေပေး…..”
“လာ ကုန်ပြီလား စိုးမောင် အခြေ အနေကော….” ” လောက်တွေတောင် တက်နေပြီ အနံ့တွေ မခံနိုငိတော့လို့ အိမ်ပါ မီးရှို့ပြီး ဖုတ်ကိုပါ တက်ပလိုက်တယ်..ဒီ ခလေးကို ခဏ တုတ်ထား ကြ ကုတင်အောက်မှာ ခုံ ဖိနပ်နဲ့ သြဇာရွက်တွေ ထည့်လိုက်ဦးမယ်…”ကုတင်အောက်မှာ ခုံဖိနပ်ကို တစ်ဖက်ကို မှောက် ကျန်တစ်ဖက် ကို ပက်လက်ထားပြီး သြဇာရွက်ကို သူအိပ်တဲ့ အိပ်ယာအောက် မှာထည့်လိုက်တာနဲ့ အသံနက်ကြီးဖြင့် “အားးးး” ဟုအော်ကာ တစ်ကိုယ်လုံး လူးလှိမ့်ပြီး..မကြာခင်မှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ် ပဲကျန်တော့တယ်………….သူကတော့ သေတာ သိပ်မကြာသေးလို့ထင်တယ် အရမ်း ရုပ်ပျက်ဆင်းပျက်မဖြစ်သေးဘဲ ပုပ်စော်တော့ တော်တော်နံနေပါပြီ အဲ့တာကြောင့် ချက်ချင်း သဂြိုလ်လိုက်ကြရတယ် ရွာမှာလဲ အသံမစဲ ပဌာန်း ပွဲကြီးကို ချက်ချင်းစီစဉ် ကြပါတယ်…
#Credit
Leave a Reply