။အဘယ်ကြောင့်ဆိုသော်သူကြီး၏တပည့် ငပြဲအား သရဲတစ်ကောင်မှဝင်ပူးနေသည်မဟုတ်ပါလား။ မြသန်းလည်း လူများသွားနေကြသော ငပြဲအိမ်သို့ သွားနေသည်။ ငပြဲ၏အိမ်သို့ရောက်သောအခါ ငပြဲမှာ မျက်ထောင့်နီကြီးနှင့် အံကြိတ်နေ၏။ရွာသူရွာသားများထဲမှ သိနားလည်သော လူကြိးတစ်ယောက်က မေးလိုက်၏။ ” မင်းဘယ်သူလဲ ဘာကြောင့် ဒီလို လုပ်တာလဲ” ငပြဲမှာ ဘာမှမပြောချေ။ထို့ကြောင့်  ထပ်မေးလိုက်ရပြန်၏။ “အခု ပူးကပ်နေတာ ဘယ်သူလဲ ဘာကြောင့် သူ့ကိုအခုလို ဝင်ပူးနေရတာလဲ ” ”  ငါ့နာမည် ကျွဲနီ ဒီကောင် ငါနေတဲ့နေရာကိုလာပြီး စော်ကားတယ် ငါသတ်မယ်သူ့ကို” ငပြဲက ပြောနေရင်း လူအုပ်အားကြည့်လိုက်၏။သူသည် မြသန်းကိုတွေ့လိုက်သောအခါ ...

မိမိကင်မရာမျက်နှာပြင်လေးအတွင်းရှိ အစောပိုင်းကရိုက်ကူးလာသော မိန်းကလေး၏ဓာတ်ပုံလေးအားကြည့်ရင်း ပြုံးနေမိ၏။ ထိုအချိန်၌ ” မောင်အောင် အိမ်ပေါ်မတက်ပဲ ကွပ်ပျစ်ပေါ်မှာ ဘာတွေကြည့်ပြီးပြုံးနေတာတုံး “ ” ဟို…အယ်…ဒီလိုပါဒေါ်လေး ဓါတ်ပုံပြိုင်ပွဲအတွက် ရိုက်ကူးထားတဲ့ ပုံလေးတွေကြည့်နေတာပါ “ ” ငါ့တူလေးက ဓါတ်ပုံတွေကြည့်ရင်း ပြုံးနေတယ်ဆိုတော့က … မဟုတ်မှလွဲရော မိန်းကလေးပုံတွေမဟုတ်လား “ ” ဟဲ…ဟဲ ..ဟုတ်တယ်ဒေါ်လေးရေ ဒေါ်လေးပြောတဲ့မိန်းကလေးပုံပဲဗျ….မိန်းကလေးမှ တခြားမိန်းကလေးမဟုတ်ဘူး ဒေါ်လေးတို့ရွာသူပဲဗျို့.. “ ” ဟေ ဟုတ်လား … အဒေါ့်ကိုပြပါအုံး  “ ဟုပြောကာ  ဒေါ်နန်းမူတစ်ယောက်လည်း ...

သူ၏ သောက်ဖော် သောက်ဖက် ဖြစ်သူ ချက်ဖောင်းမှာတော့ ပြေကြီးအား ပြုံးကာကြည့်ရင်း “မင်းအတော်သောက်နိုင်တာပဲ … ပြေကြီးရ … အေ့ ” “ဟက်ဟက် … ဒါလောက်ကတော့ အပျင်းပါ ချက်ဖောင်းရာ ….” ပြေကြီး ထိုသို့ပြောလိုက်တော့ ချက်ဖောင်းလည်း စောဒက တက်ကာ ပြေကြီး၏ အနာဟောင်းကို ဆွသည့် စကားတစ်ခွန်းက မထင်မှတ်ဘဲ ပြော ထွက်မိ‌ တော့သည်။ “ဒါတောင် … ဟိုးတစ်လောက … သူကြီးသား ထွန်းရွှေ နဲ့ ထန်းရည် ...

မည်သည့်စကားမှမပြောကြပဲ နုတ်ဆိတ်လို့သာ လမ်းလျှောက်နေကြသည် ၊ အတန်ကြာသောအခါ ချောင်းဟမ်သံတချက်ပေးပြီး ဦးအုန်းမှ စကားဆိုလာသည်     “အဟမ်း… ကောင်လေး လူဆိုတာ သေမျိုးကွ မင်းလည်း သေမယ် ငါလည်းသေမယ် နောက်‌ကကောင်တွေလည်း သေမဲ့ကောင်တွေ”     ဦးအုန်း၏ စကားကြောင့် နောက်မှ လမ်းလျှောက်နေသော ဖိုထွေးသည် ၊ ဦးအုန်း၏ နောက်ကျောကို ကြည့်ပြီးမဲ့ပြူံတချက်ပြုံးလိုက်သည် ၊ ဦးအုန်းသည် သူအားမကျေမနပ်ဖြစ်နေသော ဖိုးထွေးအား သူမမြင်ပါ ထို့ကြောင့် ဆက်ပြီး စကားဆို လေသည်     “ကောင်လေး မင်း ...

တယ်၊ ဒါကြောင့် သူတော်စင်ကြီးက ကျွန်မတို့ညီအမတွေကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ကျုုပ်လည်း သူတို့ကိုမဝံ့မရဲနဲ့ကြည့်လိုက်မိတယ်ဗျ၊ မိန်းကလေးငါးယောက်ရဲ့ခေါင်းမှာ အိုးတွေကိုယ်စီရွက်ထားတယ်ဗျ၊ မြေအိုးတွေကလည်း ခုခေတ်အိုးတွေနဲ့မတူဘဲ အဝကျယ်ကျယ် ခပ်တုတ်တုတ်အိုးတွေပါ။ အိုးတွေကိုလှမ်းကြည့်တာနဲ့တင် အိုးအဝက အပူငွေ့တွေထွက်နေတာကို အတိုင်းသားမြင်ရပါတယ်ဗျာ၊ တစ်ခါတစ်ခါ အိုးထဲကနေ မီးတောက်တွေဟုန်းခနဲတောက်သွားပါသေးတယ်၊ အဲဒီအိုးတွေကို ခေါင်းဖုမပါဘာမပါနဲ့ ရွက်ထားကြတဲ့မိန်းကလေးတွေကိုကြည့်ရင်း သူတို့ဘယ်လောက်တောင်ပူလောင်လိုက်မလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ “မင်းတို့ အဲဒီအိုးတွေကို ချလို့မရဘူးလား” “ချလို့မရပါဘူးရှင်၊ ဒီအိုးတွေက ကျွန်မတို့ရဲ့ခေါင်းပေါ်မှာ ကပ်နေသလိုမျိုးပါ” “အင်း၊ တော်တော်ဒုက္ခကြီးတာပဲ၊ ကဲ ကဲ မင်းတို့ရဲ့ခေါင်းပေါ်က မီးတောက်တွေအကုန်ငြိမ်းပြီးတော့ မင်းတို့တွေအကုန်လုံး ...

ပန်းတက်ဖို့ ငကြည် ခေါင်းဆောင်၊ ခွေးတွေကို သမင် မခြောက်မချင်း အသံမထွက်စေနဲ့။ ပိုက်စောင့်က နှစ်ယောက်နေခဲ့။ ငမှတ်က ပိုက်ဘယ်ဘက်က စောင့်၊ ညာဘက်က ငပိုင် စောင့်၊ သမင်မိရင် ဓားလှံနဲ့ လက်နောက်ထိုး၊ ပိုက်မတိုးမချင်း လူကို သမင် မမြင်စေနဲ့။ အဲ ငလုံးက ငမှူးကို တွဲခေါ်၊ ပိုက်ဝ သမင် ရောက်ရင် လူရော ခွေးပါ ဝိုင်းမိပစေ။ လူက သာခွေယိုင်နွမ်း လုပ်မနေနဲ့၊ စတော့” ငမှူးမှလွဲလျှင် အားလုံး သမင်လိုက် အတွေ့အကြုံ ...

ပြီပေါ့ဗျ။ ကျုပ် မျက်စိဖွင့်ကြည့်လိုက်ပြီး… “ဟာ ကိုဘပွားကြီး လာ ထိုင်လေဗျာ” “ငါ မင်းကို လိုက်ရှာတာ ကျောင်းဝင်း တစ်ဝင်းလုံးကို နှံ့နေတာကွ၊ မင်းအိမ် လည်း ရောက်ပြီးပြီ” ကျုပ် သူ့ကို ကြည့်လိုက်တော့ ပုဆိုး ဟောင်း အင်္ကျီဟောင်းနဲ့ဗျ။ခေါင်းပေါ် မှာ ဝါးဖတ်ဦးထုပ်ဆောင်းလို့။ ဒီလူအလှူ လာတာ မဟုတ်ဘူးထင်တယ်လို့ ကျုပ် တွေးလိုက်မိတယ်။ ကျုပ်လည်း အိပ်နေ ရာကနေ လူးလဲထလိုက်တယ်။ ကိုဘ ပွားကလည်း ကျုပ်အိပ်နေတဲ့ ကွပ်ပျစ် မှာ ဝင်ထိုင်သဗျ။ “ကိုဘပွား ...

*ဘုန်းကြီးတစ္ဆေ*📖📖📖 *****************      ” ဒုန်း..”      ” ဟဲ့…ပလုတ်တုတ်…”      ညဉ့်နက်သန်းခေါင် ကျောင်းခေါင် ထုပ်တန်းအပေါ်ဆီက တစ်စုံတစ်ရာ ပြုတ်ကျလာတဲ့အသံက ကျယ်လောင်စွာ။      ဒီအသံကြောင့် အရှင်ဓမ္မသီလ လန့်ပြီးတောင် အော်မိလိုက်ရဲ့။ အသံက သူကျိန်းစက်ရာ အိပ်ရာ ခြေရင်းဘက် မလှမ်းမကမ်းက ထွက်လာတာရယ်။      မှန်အိမ်ကို မီးစာတင်ပြီး အရှင်ဓမ္မသီလ အသံလာရာကို လှမ်းကြည့်လိုက်တယ်။ ခြေရင်းဘက်မှာ ဟာလာဟင်းလင်း၊ ဘာမှရှိမနေဘူး။      ” ကြောင်တွေဘာတွေ ခုန်ချတာပဲ ဖြစ်မှာပါ…” ...

ကားလမ်းပေါ်သို့တက်လာခဲ့သည်။ မိမိတို့ယူခဲ့သောပစ္စည်းတွေကို ကားပေါ်တင်ကာ ဟိုင်းဝိုင်းလမ်းအတိုင်းမောင်းလာခဲ့ကြသည်။ ယခု သူတို့မှာ…… သာသာယာယာဖြင့်ကားကို မောင်းလာကာ ကိ်ုယ့်စိတ်ကူးကိုယ်စီ ဖြင့်တွေးနေကြလေသည်။ထိုသို့ဖြစ်ရခြင်းမှာ သူတို့တွက် ကံကောင်းမှုလား ကံကောင်းဆိုးမှုလား ဝေခွဲမရတော့ချေ။ ထိုသို့လုပ်ခြင်းမှာ အလွန်ပင်မှားလေသည်ဟု ယူဆလေသည်။ သို့ဖြင်တိုယိုတာကား ဟိုင်းဝေးလမ်း၌် တရိပ်ရိပ်သွားနေသည်။ “ဟေ့ရောင် ရှေ့မှာ လူတစ်ယောက် ကားတားနေတယ်” “ဘယ်မှာလဲ……မတွေ့ဘူးကွ” တင်မောင်မှာ မတွေ့သဖြင့် ဟိုကြည့်သည်ကြည့်ဖြစ်နေလေသည်။ “မင်း အမြင်မှာတာနေမှာပါကွာ…..” “မဟုတ်ဘူး ငါသေချာမြင်လိုက်တာ ” “မဟုတ်မလွဲရော ငါတို့ တွေ့ခဲ့တဲ့ ကားအက်စ်စီတက်ထဲက ကောင်မလေးလားမသိ” “ဟေ့ရောင် မနောက်နဲ့နော် ...

ပါစေ••• ငဌေးတို့ကမကြောက်သေးဘူးး သွားပြီကိုရဲဒင်ရေ””” “”အေးကွာ•••သတိတော့ထားကွာ””” “”အေးဆေးပါပဲဗျာ””” မောင်ဌေးစိတ်ထဲ••• ဒီလူပျိုကြီးလျှာရှည်ရန်ကော တွေးမိသေးသည်။ မောင်ဌေးတို့အိမ်နဲ့ဆိုဆိပ်ကမ်းကဝေးတာမို့ ဆိုင်ကယ်ယူလာရသည်။ ဆိုင်ကယ်အပ်စရာနီးနီးနားနားဆိုလို့လည်း ဒီလူကြီးအိမ်သာရှိသည်။ ခုလည်းသူ့ကိုချွန်လွတ်လိုက်သေးသည်။ ဘာတဲ့တစ္ဆေသရဲ၊ စိတ်ကိုမဝင်စားတာ မောင်ဌေးဘဝမှာမိန်းမကလွဲလျှင် ဘာမှမကြောက်တာဖြစ်သည်။ မကြာမီ•••ကိုရဲဒင်ပြောသောလမ်း ကြားကိုရောက်လာလေသည်။ “”‘ဟားးးးဟားးးး တစ္ဆေလေးတွေ သရဲ•••လေးတွေ ဒီမှထမင်းထုပ်တွေအများကြီးကွ ငါတို့အိမ်လိုက်ခဲ့ကွာ””” မောင်ဌေးကမူးလဲမူးနေတာမို့ ပါးစပ်ကပေါက်ကရအော်ကာ•••• သဘောတကျအော်ရယ်ပစ်လိုက်သည်။ ထိုစဉ်ဆိုင်ကယ်မှာနောက်ကတစ်စုံ တစ်ယောက်ဆွဲလိုက်သလို ဆိုင်ကယ်ကတဖွတ်ဖွတ်အသံ မြည်ကာစက်ရပ်သွားလေသည်။ “”ဟာ•••ဘာလဲကြာ””” စက်ကနိုးမရနိုင်ဘဲရှိကာ••• စက်နိုးပြန်တော့လည်း••• ဆိုင်ကယ်ကလေးလံကာ••• ထင်သလောက်မသွား။ လိပ်သာသာတွားရင်းဖြင့်ပင်••• အိမ်သို့ရောက်လာရသည်။ အိမ်ရှေ့တွင်••• ခါးထောက်လျက်သားနှင့်••• ...