ငါးလေးတွေ ဖြစ် သွားတာတွေကျုပ်ရေးခဲ့ဖူးပါတယ်။ အရီးမယ်ခက ယာတွေအများကြီး ပိုင်တာဗျ။ ပဲနှုတ် နှမ်းနှုတ်လုပ်ဖို့ ရွာထဲမှာ လူငှားလို့ မရဘူးလေဗျာ။ အရီးဆိုရင် လူတွေ ရှောင်ကြတာ။ အရီးကလည်း ရွာထဲက လူတွေက ဘယ်တော့မှ မခေါ်ဘူးဗျ။ သူတူတွေ တူမတွေကပဲ သူ့ပဲတွေ နှမ်းတွေကို သိမ်းပေးရ။ သူတို့သိမ်းလို့ မနိုင်တော့ဘူးဆိုရင် အရီးမယ်ခက ညဘက်ကြီး ယာထဲကို ထွက်သွား ရောဗျ။ မနက်မိုးလင်းလို့ သူ့တူတွေတူမတွေ ယာထဲဆင်းလာပြီဆိုရင် ပဲတွေ နှမ်းတွေက အားလုံး နှုတ်ပြီးသားတွေတဲ့ဗျာ။ နှုတ်ယုံတင်မကပဲ အဆင်သင့် ...

ကျန်ခဲ့သည်။ ထိုအခါမျိုးဆိုငိုအားထက်ရယ်အားသန်ရမလိုပင်။ “””တံခါးလေးဖွင့်တာကြာလိုက်တာကိုထွန်းရယ်”””” မိန်းမဖြစ်သူမိပုအသံကြောင့် အတွေးများလွင့်စင်ကာဝါးထရံ တံခါးကိုဖွင့်လိုက်သည်။ “””အူးးးးးးးဝူးးးးးးဝူးးးးးး”” ထိုစဉ်ခွေးအူသံကြောင့်ကြက်သီးများပင်ထလာလေသည်။ခွေးအူသံကဆွဲဆွဲငင်ငင်နိုင်လှလေသည်။ “”ကိုကြီးထွန်းကျုပ်ပါဘကြိုင်””” အမှောင်ထဲကမဲမဲ သဏ္ဌာန်ကဘကြိုင်ဟု ဆိုလာသဖြင့်ဝါးလှေကားလေးမှအိမ်အောက်ဆင်းလိုက်သည်။ “”ဟာဒီချိန်ကြီးအင်္ကျီမပါဘာမပါ ဘာလဲမင်းမိန်းမခင်နုအိမ်ပေါ်ကနှင်ချပြန်တာလားး””” “”ထုံးစံအတိုင်းပေါ့ကိုကြီးထွန်းရာ””” ဘကြိုင်ကစိတ်ပျက်သံဖြင့်ညည်းညူပြောလေသည်။ တကယ်တော့ဘကြိုင်ကသူ့ညီတစ်ဝမ်းကွဲဖြစ်သည်။ ထိုစဉ်နှာခေါင်းဝသို့ပုပ်အဲ့အဲ့အနံ့ကတိုးဝင် လာလေသည်။ထွန်းလူက “””ဟေ့ကောင်မင်းရေမချိုးဘူးလားကွ””” “”အိမ်ပေါ်ကဆင်းလာတာ နှစ်ရက်ရှိပြီဗျာရေမချိုးပဲအရက်ချည်းသောက်နေတာ ဒီလောက်တော့ရှိမှာပေါ့”” ထွန်းလူစိတ်ထဲထင်လို့လားမသိ အမှောင်ထဲတွင်ဘကြိုင်အသားမှာပိုမိုနက်ကြုတ်နေပြီး မျက်လုံးများကပိုတောက်နေသယောင်။ “”ထမင်းမစားသေးဘူးမှလား အိမ်ပေါ်တက်ခဲ့ကွာတူတူစားရအောင်””” “””နေပါစေကိုကြီး ကျုပ်တစ်ကိုယ်လုံးညစ်ပတ်နေတာ မတက်တော့ဘူး”” “””ငါ့ပုဆိုးလဲလည်းရတာပဲကွာ:-)””” ဘကြိုင်က “””နေပါစေဗျာကွပ်ပစ်မှာပဲအိပ်တော့မယ်””” ဘကြိုင်ဆိုရင်ဇနီးကလည်းကြည့်မရတာမို့ ထပ်မခေါ်ဖြစ်တော့။ထမင်းတစ်ပန်းကန်နှင့် နေ့လည်ကသူကွန်ပစ်ရာကရလာသော ငါးကိုဆီတစ်စက်နှစ်စက်ဖြင့်ချက်ထားသော မိပုလက်ရာဖြင့်ထည့်ပေးလိုက်သည်။ သူ့လုံချည်အဟောင်းတစ်လုံးလည်းပေးလိုက်သည်။ ...

ဝင်ထိုင်လိုက်ပြီး “ဟာ၊ မမကြီးကလည်း၊ သားက အခုမှ ရှစ်တန်းပဲရှိသေးတာ၊ ဆော့အုံးမှာပေါ့” ထိုအခါ အိမ်နောက်ဖေးမှ မိခင်ဖြစ်သူ ဒေါ်၀တုတ်က လက်ဆေးရေထည့်ထားသည့် ကော်ဇလုံကလေးကိုင်လာပြီး ထွက်လာလေသည်။ “ဆော့တာလဲ ဆော့တာပေါ့သားရယ်၊ မင်းဟာက ထမင်းမေ့ဟင်းမေ့နဲ့၊ ထမင်းစားဖို့တောင် လိုက်ခေါ်နေရတယ်ဆိုရင် မဟုတ်သေးဘူးနော်” ဖိုးသားလည်း မိခင်ချပေးသည့် လက်ဆေးရည်ခွက်အတွင်းသို့ ညာဖက်လက်ကိုနှစ်လိုက်ပြီး ပွတ်ဆေးနေရင်း အိမ်နောက်ဖေးကိုတစ်ချက်ကဲကြည့်လိုက်ကာ “ဒါနဲ့အမေ၊ ခုနက အိမ်ပေါ်တက်လာတာ ဘယ်သူလဲ” ဒေါ်၀တုတ်ရော၊ အမကြီးမနှင်းရော ဖိုးသားကို အံ့ဩစွာဖြင့်ကြည့်နေလေသည်။ “ဟဲ့ ဘယ်သူလာလို့လဲ” “ဟာဗျာ၊ သားခြေလက်ဆေးနေရင်း ယောက်ျားကြီးတစ်ယောက် ...

နေရာထိုင်ခင်းပေးရင်း…. “ဘယ့်နဲ့လဲဗျို သူကြီး … ဟိုအကောင်တွေ ဘယ်ပြေးတယ်ကြားရသလဲ။ ကျုပ်တို့ရောက်စ ပွဲဦးထွက် တိုက်ပွဲပြီးကတည်းက ဒီအကောင်တွေ တချိုးထဲလစ်ပြီထင်တယ်…” မျက်နှာမှ ချွေးများကို ဂျပန်ပုဝါညစ်ညစ်နှင့် သုတ် လျက် ကြီးကန် သူကြီးသည်… “ဟုတ်ကဲ့ ပြေးတာကတော့ဧကန်ပါဘဲ။ မိတ္ထီလာ နယ်ဘက်ကို ဒလကြမ်း ထွက်ပြေးကြတယ်လို့ သူတို့ကို တွေလိုက်ကြတဲ့ နတ်ထုံးမှော်ရွာသားတွေ သတင်းလာပို့တယ် ခင်ဗျ။ ဘယ်နဲ့ သူတို့ မကြောက်ဘဲနေပါ့မလဲ စစ်ဗိုလ်ကြီးရာ။ စစ်ဗိုလ်ကြီး ရောက်မဆိုက်ဘဲ သူတို့စခန်းကို သတင်းရလို့ တက်ဝိုင်းပြီး ဆော်ထည့်လိုက်တာ သူတို့ဂိုဏ်းက ...

အဖွဲ့တွေ့ခွဲပြီးလိုက်ကြတယ်။ မြောက်ဘက်က ဇေယျဝတီ၊ တောင်ဘက်မှာရှိတဲ့ညောင်ပင်သာ၊ ကညွတ်ကွင်းမြို့တွေကိုလည်း ကားလမ်းပိတ် ဆို့ပြီး ရှာဖွေပေးဖို့ အကြောင်းကြားတယ်။ အစွမ်းကုန်ကြိုးစားအားထုတ်ကြပေမဲ့ အခြေအနေကမကောင်းဘူးဖြစ်နေတယ်။နေ့လယ်ခင်းအချိန်အထိ ထွက်ပြေးတဲ့တရားခံမနဲ့ ပတ်သက်ပြီး ဘာသတင်းမှမရဘူး။ ညနေ(၃)နာရီလောက်မှာ လူတစ်ယောက်မြို့နယ်ရဲတပ် ဖွဲ့မှူးအိမ်ရောက်လာတယ်၊ သတင်းတစ်ခုပေးတယ်၊သတင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ တရားခံနဲ့ပတ်သက်တဲ့ သတင်းတော့မဟုတ်ဘူး။ နတ်ဆရာမတစ်ယောက်ရဲ့ သတင်း၊ ဖြူးမြို့တောင်ဘက်အထွက် ကားလမ်း၊ ရထားလမ်း အရှေ့ဘက်မှာ ကရင်ရွာကြီးတစ်ရွာရှိတယ်။ အဲဒီကရင်ရွာကြီးမှာ ထူးဆန်းတဲ့နတ်ဆရာမ တစ်ယောက်ရှိတယ်။ နတ်ဟောတာ အံဩစရာကောင်းလောက်အောင် မှန် တယ်ဆိုတဲ့သတင်း၊ ““ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သွား ဖြစ်အောင်သွားပြီး ...

မိခင်​စြ်သူ ဒေါ်စံကိုညည်းသံကြီးဖြင့်ပြောလိုက်သည်။ “အမေရေ..ကျွန်တော်တော့အခြေအနေမကောင်းတော့ဘူးထင်တယ်” “ဟဲ့ ဘာဖြစ်လို့လဲ” “မြို့ပေါ်ကစျေးထဲရောက်တော့ အနာထဲအညော်ဝင်သွားလို့ မနည်းအားတင်းပြီး ဒီလိုပြန်မောင်းလာရတယ်” ယင်းသို့ပြောပြီးသည့်နောက် ကိုဝင်းဖေသည်ထိုနေရာ၌ပင်လဲကျကာသတိလစ်သွားသည်။ “ဟဲ့..လုပ်ကြပါဦး ‘ ဒေါ်စံလည်း အော်ဟစ်ပြီး အကူအညီတောင်းလေရာ ဦးဝင်း​ကြိုင်လဘ်းအိမ်ပေါ်မှပြေးဆင်းလာပြီး ကိုဝင်းဖေကို တတ်သလောက် မှတ်သလောက်ပြုစုပေးသည်။ ယင်းလည်းဝင်းကိုဖေမှာသတိပြန်မရသေးသည်မို့ လှည်းကိုပြန်လည်ပြင်ဆင်ကာ သပြေကုန်းဆေးရုံသို့ပို့ကြသည်။ သို့သော်ဆေးရုံသို့ရောက်တော့ ကိုဝင်းဖေမှာ အသက်မရှိတော့ချေ။ ထို့နောက် အလောင်းကိုညတွင်းချင်းပြန်သယ်လာကြသည်။ ထိုစဥ်က ရွာအပြင်တွင်သေသည့်မသာကိုရွာထဲပြန်မသွင်းရ။ခိုက်တတ်သည်ဟု အယူအဆရှိကြသောကြောင့် အလောင်းကိုရွာအပြင်တွင်သာအစောင့်အချို့ဖြင့်ထားလိုက်ကြရတော့သည်။ မနက်နေထွက်ချိန်သို့ရောက်သည်နှင့်တပြိုင်နက် အလောင်းကိုမြေမြုပ်လိုက်ကြတော့သည်။ ထိုနေ့မှစပြီး ပြဿနာက ကြီးမားလာလေတော့သည်။ ++++++++++++++++++++++ ကိုဝင်းဖေ၏အလောင်းကိုမြေမြုပ်ပြီးသည့်နောက် ထိုရွာထဲတွင် ...

သည်တောင်ပို့တခုထဲမှထွက်လာကာ ကုလားနှင့်ကုလားမဖြစ်သွားလေသည်နှစ်ယောက်လုံးသည်ကုလားဝတ်စုံဖြူများဝတ်ဆင်ထားကြသည်။ ဒေါ်ရင်ရင်လဲအလန့်တကြားဖြစ်သွားကာသူ့အားအန္တရယ်ပေးမည်စိုး၍အိမ်ထဲဝင်ရန်ဟန်ပြင်လိုက်ရာ ထိုမြွေမောင်နှံသည်ဒေါ်ရင်ရင်အားစကားပြောလိုက်သည်။ ””’ငါတို့ကနင့်ကိုဘာအန္တရယ်မှမပေးပါဘူး——နင်ညစဉ်ညတိုင်းဘုရားရှိခိုးအမျှဝေနေလို့—-သာဓုခေါ်ရပါတယ်အဲအတွက်နင့်ကိုကျေးဇူးတင်ပါတယ်——ငါတို့မောင်နှံကဒီခြံထဲမှာစောင့်နေရတဲ့မြွေမောင်နှံပါပဲ———ခြံထောင့်ကတောင်ပို့ကလေးထဲမှာငါတို့နေပါတယ်———-””’ ထိုသို့ပြောကာမူလမြွေပုံစံများပြောင်းသွားကာတောင်ပို့လေးထဲသို့ဝင်သွားလေသည်။ ဒေါ်ရင်ရင်မနက်မိုးလင်းတော့အိမ်မက်ကိုမှတ်မိနေသည်သူမသမီးကလေးတွေကလဲငယ်သေးတော့စိုးရိမ်နေမိသည်။ တရက်တွင်ဒေါ်ရင်ရင်အိမ်တွင်အငယ်ဆုံးသမီးကလေးနှင့်နှစ်ယောက်ထဲကျန်ခဲ့လေသည်။ နေခင်းဘက်တွင်သားအမိနှစ်ယောက်ခဏအိပ်ပျော်သွားကြသည်သူမအိပ်ပျော်နေတုန်း သမီးကလေးရီသံကြောင့်လန့်နိုးသွားကာကြည့်လိုက်တော့သမီးကလေးသည်အနားတွင်မရှိပေ ဒါနဲ့အိမ်ခြံထဲလိုက်ရှာကြည့်ရာအလွန်ထိတ်လန့်စရာအဖြစ်အားမြင်လိုက်ရလေသည်။ သမီးကလေးသည်ခြံထောင့်ကတောင်ပို့နားရောက်နေကာကလေးနဲ့ခပ်လှမ်းလှမ်းတွင်မြွေကြီးနှစ်ကောင်သည် တလံလောက်ခါးမတ်ကာပါးပျဉ်းများခွက်နေအောင်ထောင်ထားကာဘယ်ညာယိမ်းပြီးကနေသယောင်လှုပ်ရှားနေသည်ကို သမီးကလေးကကြည့်ကာသဘောကျစွာအော်ရီနေခြင်းဖြစ်သည်။ဒေါ်ရင်ရင်လဲသမီးကလေးအား အမြန်ပြေးခေါ်လိုက်လေသည်ရင်တုန်ပန်တုန်ဖြစ်သွားကာအလွန့်လန့်သွားမိလေသည်။ မြွေများကသူတို့သားအမိအားဘာအန္တရယ်မှမပေးပဲအေးဆေးစွာတောင်ပို့ထဲပြန်ဝင်သွားလေသည်။ ဒေါ်ရင်မကြာမကြာခြံထဲတွင်ထိုမြွေနှစ်ကောင်အားမြင်ရပေမဲ့အန္တရယ်မပေး၍ဒီအတိုင်းထားလိုက်သည်။ တရက်တွင်ဒေါ်ရင်ရင်ကခြံထဲအဝီစိရေတွင်းတူးရန်ရေတူးဆရာများအားခေါ်၍အပ်လေသည်။ နောက်ရက်တွင်ရေတွင်းတူးသူများရောက်လာကာရေတွင်းတူးရန်နေရာရွေးကြလေသည်။ ထိုနေ့တနေ့လုံးနေရာအတိအကျမရသေးသောကြောင့်နောက်ရက်ကန်တော့ပွဲပေးကာ ရေစတူးရန်ပြန်သွားကြလေသည်။အဲဒီညမှာပဲဒေါ်ရင်ရင်ထူးဆန်းသောအိမ်မက်ကိုမက်လေသည်။ အိမ်မက်ထဲတွင်မြွေနှစ်ကောင်သည်အိမ်ရှေ့ခြံထောင်နားကမာလကာပင်နားတွင် ပါးပျဉ်းထောင်နေကာမြေကြီးကိုပေါက်လိုက်ကာပါးစပ်ထဲမှရေများမှုတ်ထုတ်နေသည်ကိုအဆန်းတကျယ်မြင်ရသည်။ ဒေါ်ရင်ရင်လဲရေတူးရန်နေရာပြသည်ဟုယူဆကာရေတူးသမားများလာတော့ထိုနေရာအား ပြလိုက်၍ရေတူးရန်အဆင်ပြေသွားလေသည်။ရေလဲကြည်လင်ကာရေထွက်အားကောင်းလေသည်။ တရက်တွင်ဒေါ်ရင်ရင်ကခြံထဲအဝတ်လျှော်ရင်းပတ္တမြားလက်စွပ်ကလေးသည်ရေထဲရောပါသွားကာ ပျောက်သွားလေသည်လိုက်ရှာသော်လည်းမတွေ့တော့ပါဒေါ်ရင်ရင်လဲအလွန်စိတ်မကောင်းဖြစ်သွားသည်။ မိဘအမွေပေးလိုက်သောလက်စွပ်ကလေးမို့အလွန်နှမြောမိလေသည်။ တပတ်လောက်နေတော့ဒေါ်ရင်ရင်နေ့လယ်ဘက်အိပ်ပျော်နေရင်းအိမ်မက်မက်ပြန်သည်။ သူ့မအိမ်မက်ထဲတွင်ခြံထဲကရေဆင်းမြောင်းကလေးဘေးတွင်မြွေတကောင်သည်ခွေနေသည်။ ဒေါ်ရင်ရင်ကရေနဲ့လှမ်းပက်လိုက်သည့်အခါမြွေသည်ထိုနေရာလျှော၍ထွက်သွားရာ မြွေခွေသွားသောနေရာအောက်နားတွက်လက်စွပ်ကိုပြန့်တွေရသောကြောင့်ဒေါ်ရင်ရင်ဝမ်းသာသွားရင်း အိမ်မက်ကလန့်နိုးသွားလေသည်သူမကနိုးတာနဲ့ချက်ချင်းထိုနေရာသို့သွားကာ ရှာကြည့်ရာရေမြောင်းစပ်တွင်ရွံ့များပေနေသောလက်စွပ်ကလေးအားပြန်တွေ့ရလေသည်။ ဒေါ်ရင်ရင်ကဝမ်းသာကာမြွေများအားကျေးဇူးတင်သည့်အနေဖြင့်နောက်တရက်ရပ်ကွက်ထဲသို့ နွားနို့လာရောင်းသောကုလားကြီးဆီမှနွားနို့တပိသာဝယ်ကာမြွေနှစ်ကောင်ရှိရာတောင်ပို့နားတွင် ဇလုံတလုံးနှင်ချထားပေးလိုက်သည်မနက်မိုးလင်းတော့နွားနို့များတစက်မှမရှိတော့ပါ တရက်တွင်ဒေါ်ရင်ရင်သည်အလူအတန်းဝါသနာပါသည့်အလျှောက်ရပ်ကွက်ထဲက အိမ်တအိမ်တွင်ကြွနေသောပဲခူးဘက်မှဆရာတော်ကြီးအားသွားဖူးလေသည်လူကများတော့ ဒေါ်ရင်ရင်ကလူအုပ်နောက်နားကဆရာတော်အားဦးချလိုက်သည်ထိုအချိန်တွင်ဆရာတော်က ...

သတ်မှတ်လေခါ မနက်လင်းသည်နှင့် အထက်လမ်းဆရာတစ်ဦးဦးနှင့် ထပ်မံပြသရမည်ဟု တွေးထားခဲ့လေသည်။ ×××××× ယနေ့။ ယနေ့ဟာ ကျွန်ုပ်၏အားလပ်ရက်လေးဟုပင် သတ်မှတ်စေနိုင်သည်။ ကျွန်ုပ်သည် ယခုနှစ်အတွက် မတတ်ဖြစ်ပဲ နားထားခဲ့သော ဓာတုဗေဒ ဒုတိနှစ်အဝေးသင်အား ပြန်လည်တတ်ရောက်နေရသည်။ ထို့ကြောင့် ယနေ့ဟာ တနင်္ဂနွေနေ့ရက်ပင်ဖြစ်ပြီး ကျောင်းမှပြန်ရောက်လာခါ အိမ်ရှေ့ခန်းလေးအတွင်းတွင် ခေတ္တထိုင်နေမိခဲ့သည်။ ”ဆရာရှိလား…” ”သြော်!… ဟုတ်ကဲ့ခင်ဗျ ရှိပါတယ်” ”ခဏထိုင်ဦးနော်” ဆရာဟူသည် ကျွန်ုပ်၏ဖခင်ဖြစ်သူအား ထိုသူများမှ ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ကျွန်ုပ်၏ဖခင်ဖြစ်သူသည် တိုင်းရင်းမြန်မာအရိုးကြောကု ဆေးဆရာတစ်ဦးဖြစ်သည့်အလား၊ အထက်ဂိုဏ်းဆရာကြီးတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်ဖြစ်သူနှင့် ရင်းနှီးကျွမ်းဝင်သော ...

ထူးဆန်းစွာ ရိုက်ခတ်ထားလေ၏။ “ဒါက ရေတွင်းပျက် သပ်သပ်ပါ ဆရာဘမောင်ရယ် … ရေလည်း မထွက်တာ ကြာပြီလေ … အဲ့တော့ အပေါ်ကနေ ခုလို အဆင်ပြေသလိုလေး ပိတ်ထားလိုက်တာပါ ” “အော် … ရေတွင်းပျက်ကလေးကိုး ” “ရေ အတွက်ကတော့ … ပူစရာမလိုပါဘူး … အနောက်က တွင်းကတော့ ရေကြောရှိတယ် … ဆရာဘမောင် … အကြိုက်သာ သုံးပေတော့ ” “အမလေး … ကျေးဇူးပါဗျာ … ကျုပ်တို့ ...

မိုး၏ ခြေလှမ်းမှာလည်း သူ့အစ်ကိုနည်းတူ အလိုလို ရပ်သွားပြန်လေသည်။ “အစ်ကို … ဘာလဲဟင်” ဘာမိုးက သူ့အစ်ကိုကို လေသံတီးတိုးနှင့် မေးလိုက်၏။ ဤသည်ကို ဘာဟိုးကနှုတ်ဖြင့်မပြော၊ ကိုင်လာသော ဝါးပြောင်းရှည်နှင့်သာ ရှေ့ကချုံပုတ်တစ်ခုကို ထိုးပြလိုက်သည်။ သူ့အစ်ကို ဝါးပြောင်းနှင့်ထိုးပြလိုက်သော ချုံပုတ်ဆီသို့ ဘာမိုး အကြည့်ရောက်သွား၏။ ချုံပုတ်ထဲမှ တစ်ထွာလောက်ထွက်နေသော မြွေအမြီးပိုင်းတစ်ပိုင်းသည် ချုံပုတ်ဘေးရှိ မြက်ခြောက်တောကို တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ “မင်းမြင်တယ်နော် …” ဘာဟိုးက ခေါင်းငဲ့စောင်း၍ ဘာမိုးကို မေး၏။ သူ့အစ်ကို အမေးကို ဘာမိုးက ခေါင်းညိတ်ပြရုံသာပြလိုက်ပြီး ...