သည်တောင်ပို့တခုထဲမှထွက်လာကာ
ကုလားနှင့်ကုလားမဖြစ်သွားလေသည်နှစ်ယောက်လုံးသည်ကုလားဝတ်စုံဖြူများဝတ်ဆင်ထားကြသည်။
ဒေါ်ရင်ရင်လဲအလန့်တကြားဖြစ်သွားကာသူ့အားအန္တရယ်ပေးမည်စိုး၍အိမ်ထဲဝင်ရန်ဟန်ပြင်လိုက်ရာ
ထိုမြွေမောင်နှံသည်ဒေါ်ရင်ရင်အားစကားပြောလိုက်သည်။
””’ငါတို့ကနင့်ကိုဘာအန္တရယ်မှမပေးပါဘူး——နင်ညစဉ်ညတိုင်းဘုရားရှိခိုးအမျှဝေနေလို့—-သာဓုခေါ်ရပါတယ်အဲအတွက်နင့်ကိုကျေးဇူးတင်ပါတယ်——ငါတို့မောင်နှံကဒီခြံထဲမှာစောင့်နေရတဲ့မြွေမောင်နှံပါပဲ———ခြံထောင့်ကတောင်ပို့ကလေးထဲမှာငါတို့နေပါတယ်———-””’
ထိုသို့ပြောကာမူလမြွေပုံစံများပြောင်းသွားကာတောင်ပို့လေးထဲသို့ဝင်သွားလေသည်။
ဒေါ်ရင်ရင်မနက်မိုးလင်းတော့အိမ်မက်ကိုမှတ်မိနေသည်သူမသမီးကလေးတွေကလဲငယ်သေးတော့စိုးရိမ်နေမိသည်။
တရက်တွင်ဒေါ်ရင်ရင်အိမ်တွင်အငယ်ဆုံးသမီးကလေးနှင့်နှစ်ယောက်ထဲကျန်ခဲ့လေသည်။
နေခင်းဘက်တွင်သားအမိနှစ်ယောက်ခဏအိပ်ပျော်သွားကြသည်သူမအိပ်ပျော်နေတုန်း
သမီးကလေးရီသံကြောင့်လန့်နိုးသွားကာကြည့်လိုက်တော့သမီးကလေးသည်အနားတွင်မရှိပေ
ဒါနဲ့အိမ်ခြံထဲလိုက်ရှာကြည့်ရာအလွန်ထိတ်လန့်စရာအဖြစ်အားမြင်လိုက်ရလေသည်။
သမီးကလေးသည်ခြံထောင့်ကတောင်ပို့နားရောက်နေကာကလေးနဲ့ခပ်လှမ်းလှမ်းတွင်မြွေကြီးနှစ်ကောင်သည်
တလံလောက်ခါးမတ်ကာပါးပျဉ်းများခွက်နေအောင်ထောင်ထားကာဘယ်ညာယိမ်းပြီးကနေသယောင်လှုပ်ရှားနေသည်ကို
သမီးကလေးကကြည့်ကာသဘောကျစွာအော်ရီနေခြင်းဖြစ်သည်။ဒေါ်ရင်ရင်လဲသမီးကလေးအား
အမြန်ပြေးခေါ်လိုက်လေသည်ရင်တုန်ပန်တုန်ဖြစ်သွားကာအလွန့်လန့်သွားမိလေသည်။
မြွေများကသူတို့သားအမိအားဘာအန္တရယ်မှမပေးပဲအေးဆေးစွာတောင်ပို့ထဲပြန်ဝင်သွားလေသည်။
ဒေါ်ရင်မကြာမကြာခြံထဲတွင်ထိုမြွေနှစ်ကောင်အားမြင်ရပေမဲ့အန္တရယ်မပေး၍ဒီအတိုင်းထားလိုက်သည်။
တရက်တွင်ဒေါ်ရင်ရင်ကခြံထဲအဝီစိရေတွင်းတူးရန်ရေတူးဆရာများအားခေါ်၍အပ်လေသည်။
နောက်ရက်တွင်ရေတွင်းတူးသူများရောက်လာကာရေတွင်းတူးရန်နေရာရွေးကြလေသည်။
ထိုနေ့တနေ့လုံးနေရာအတိအကျမရသေးသောကြောင့်နောက်ရက်ကန်တော့ပွဲပေးကာ
ရေစတူးရန်ပြန်သွားကြလေသည်။အဲဒီညမှာပဲဒေါ်ရင်ရင်ထူးဆန်းသောအိမ်မက်ကိုမက်လေသည်။
အိမ်မက်ထဲတွင်မြွေနှစ်ကောင်သည်အိမ်ရှေ့ခြံထောင်နားကမာလကာပင်နားတွင်
ပါးပျဉ်းထောင်နေကာမြေကြီးကိုပေါက်လိုက်ကာပါးစပ်ထဲမှရေများမှုတ်ထုတ်နေသည်ကိုအဆန်းတကျယ်မြင်ရသည်။
ဒေါ်ရင်ရင်လဲရေတူးရန်နေရာပြသည်ဟုယူဆကာရေတူးသမားများလာတော့ထိုနေရာအား
ပြလိုက်၍ရေတူးရန်အဆင်ပြေသွားလေသည်။ရေလဲကြည်လင်ကာရေထွက်အားကောင်းလေသည်။
တရက်တွင်ဒေါ်ရင်ရင်ကခြံထဲအဝတ်လျှော်ရင်းပတ္တမြားလက်စွပ်ကလေးသည်ရေထဲရောပါသွားကာ
ပျောက်သွားလေသည်လိုက်ရှာသော်လည်းမတွေ့တော့ပါဒေါ်ရင်ရင်လဲအလွန်စိတ်မကောင်းဖြစ်သွားသည်။
မိဘအမွေပေးလိုက်သောလက်စွပ်ကလေးမို့အလွန်နှမြောမိလေသည်။
တပတ်လောက်နေတော့ဒေါ်ရင်ရင်နေ့လယ်ဘက်အိပ်ပျော်နေရင်းအိမ်မက်မက်ပြန်သည်။
သူ့မအိမ်မက်ထဲတွင်ခြံထဲကရေဆင်းမြောင်းကလေးဘေးတွင်မြွေတကောင်သည်ခွေနေသည်။
ဒေါ်ရင်ရင်ကရေနဲ့လှမ်းပက်လိုက်သည့်အခါမြွေသည်ထိုနေရာလျှော၍ထွက်သွားရာ
မြွေခွေသွားသောနေရာအောက်နားတွက်လက်စွပ်ကိုပြန့်တွေရသောကြောင့်ဒေါ်ရင်ရင်ဝမ်းသာသွားရင်း
အိမ်မက်ကလန့်နိုးသွားလေသည်သူမကနိုးတာနဲ့ချက်ချင်းထိုနေရာသို့သွားကာ
ရှာကြည့်ရာရေမြောင်းစပ်တွင်ရွံ့များပေနေသောလက်စွပ်ကလေးအားပြန်တွေ့ရလေသည်။
ဒေါ်ရင်ရင်ကဝမ်းသာကာမြွေများအားကျေးဇူးတင်သည့်အနေဖြင့်နောက်တရက်ရပ်ကွက်ထဲသို့
နွားနို့လာရောင်းသောကုလားကြီးဆီမှနွားနို့တပိသာဝယ်ကာမြွေနှစ်ကောင်ရှိရာတောင်ပို့နားတွင်
ဇလုံတလုံးနှင်ချထားပေးလိုက်သည်မနက်မိုးလင်းတော့နွားနို့များတစက်မှမရှိတော့ပါ
တရက်တွင်ဒေါ်ရင်ရင်သည်အလူအတန်းဝါသနာပါသည့်အလျှောက်ရပ်ကွက်ထဲက
အိမ်တအိမ်တွင်ကြွနေသောပဲခူးဘက်မှဆရာတော်ကြီးအားသွားဖူးလေသည်လူကများတော့
ဒေါ်ရင်ရင်ကလူအုပ်နောက်နားကဆရာတော်အားဦးချလိုက်သည်ထိုအချိန်တွင်ဆရာတော်က
ဒေါ်ရင်ရင်အားလှမ်း၍ကြည့်ကာမိန့်လိုက်သည်။
”’ဟိုနောက်ဆုံးကဝိသာခါကျောင်းအမငါ့လာဖူးတယ်ဟေ့—-မရှိရင်တောင်ချီးပြီးလူ မဲ့လူစားမျိူးဟ—မမြင်ဘူးရင်ကြည့်ထားကြဟေ့—”””
ဒေါ်ရင်ရင်းလဲတခါမှမမြင်ဘူးပဲသူမအကြောင်းသိနေသောကြောင့်ဆရာတော်ကြီးးအားအလွန်ကြည်ညှိမိလေသည်။
ဆရာတော်ကြီးမိန့်သောအကြောင်းများသည်အလွန်မှန်နေသဖြင်နောက်တနေ့မနက်အာရုံဆွမ်း
ကပ်ရန်အိမ်ကိုပင့်ခဲ့လေသည်။ဒေါ်ရင်ရင်ကဆရာတော်ကြီးအားမုန့်ဟင်းခါးဆွမ်းကပ်ရန်
တညလုံးမအိပ်ပဲတစ်ယောက်ထဲချက်ကာအဆင့်သင့်ပြင်ထားလေသည်။
မနက်ဆရာတော်ကြီးကြွလာကာဒေါ်ရင်ရင်အိမ်တွင်အာရုံဆွမ်းဘုန်းပေးပြီးခြံနှင့်အိမ်ထဲမှာရှိသော
မကျွတ်မလွတ်သူများရှိပါကဖယ်ရှားပေးရန်ထည့်၍ရွတ်ဖတ်ပေးကာပြန်ကြွသွားလေသည်။
ဆရာတော်ကြီးပြန်ကြွသွားမှဒေါ်ရင်ရင်လဲတညလုံးမအိပ်ရသေးတော့မှေးကနဲအိပ်ပျော်သွားလေသည်။
ဒေါ်ရင်ရင်အိပ်ပျော်နေတုန်းခြံထဲတွင်ကုလားမိသားစုများဆူဆူညံညံဖြင့်ပစ္စည်းများအား
လှည်းပေါ်တင်ကာမျက်ရည်များသုတ်ကာငိုနေကြသည်ဒါနဲ့ဒေါ်ရင်ရင်လဲသူတို့နားသွားကာ
””ရှင်တို့ကဘာလို့ငိုနေကြတာလဲ—–ဘယ်သွားကြမလို့လဲ””’
”” ‘ငါတို့ကိုအထက်လူကြီးကဒီခြံထဲကထွက်ခိုင်းလို့ပြောင်းကြမလို့ပါ—–ငါတို့ကဒီမှာနေလာတာကြာပြီ——”’
ကုလားမတစ်ယောက်ကငို၍ဒေါ်ရင်ရင်အားဝမ်းနဲစွာပြောလိုက်တော့သနားတတ်၍စိတ်ကောင်းရှိသော
ဒေါ်ရင်ရင်ကအလွန်စိတ်မကောင်းဖြစ်သွားလေသည်ဒီအချိန်တွင်သူတို့ထဲမှခေါင်းဆောင်ဖြစ်ပုံရသော
ကုလားကြီးကအော်ပြောလ်ုက်သည်။
””ကဲဟေ့—-ပစ္စည်းတွေမြန်မြန်သယ်ကြ—–ငိုမနေကြနဲ့—–ပုဂ္ဂိုလ်ထူးကပြောင်းလို့ဆိုမှတော့—–ပြောင်းရတော့မှာပေါ့””
ထိုကုလားမိသားစုများလည်းပစ္စည်းများသိမ်းကာဒေါ်ရင်ရင်ရှေ့ကဝမ်းနဲဟန်ဖြငြ့်ခံထဲကထွက်သွားကြလေသည်။
ဒေါ်ရင်ရင်လဲတရွေ့ရွေ့ျ့ဝေးသွားသောကုလားမိသားစုများအားကြည့်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။
အဲဒီအချိန်ကထဲကဒေါ်ရင်ရင်အိမ်ထဲကုလားများမမြင်တွေ့ရတော့ပါ
တနေ့မှာတော့ဒေါ်ရင်ရင်တို့အိမ်နောက်ဘေးခြံသို့လူသစ်များပြောင်းလာကြလေသည်။
ထိုအိမ်တွင်ခပ်ဆိုးဆိုးကောင်ကလေး၃ယောက်ပါလာကာဆူညံ၍ဝိုင်းဒိုင်းကြဲနေသည်။
ထိုကောင်ဆိုးကလေးသုံးယောက်ပြောင်းလာသည့်နေမှစ၍အေးချမ်းနေသောရပ်ကွက်သည်
မုန်းတ်ုင်းဝင်မွှေသွားသလိုမအေးချမ်းတော့ပါရပ်ကွက်ထဲကလူငယ်များနှင့်မကြာခဏရန်ဖြစ်လိုက်
တခြားရပ်ကွက်ကကလေးများနှင့်ရန်ဖြစ်လိုက်သူတို့အချင်းချင်းနပန်းသတ်လိုက်ဖြင့်ဆူညံ၍နေလေသည်။
တနေ့တွင်ဒေါ်ရင်ရင်အတွက်စိတ်မကောင်းစရာဖြစ်လာသည်။
နေ့ခင်ဘက်ဒေါ်ရင်ရင်အိမ်အလုပ်များလုပ်နေခိုက်တွင်အိမ်နောက်ဖေးမှဆူဆူညံညံအသံများ
ကြားသဖြင့်ထွက်၍ကြည့်ရာခြံစည်းရိုးပေါ်တက်နေသောဒေါ်ရင်ရင်ခြံထဲကမြွေနှစ်ကောင်ကို
အိမ်နောက်ဖေးအိမ်ကလူဆိုးသုံးယောက်ကတွေ့သွား၍မြွေများအားရိုက်သတ်ရာတကောင်သည်လွတ်သွားကာ
တကောင်သည်သေသွားလေသည်မြွေသေကိုထိုလူဆိုးသုံးကောင်ကချက်စားပြစ်လိုက်ကြသည်။
ဒေါ်ရင်ရင်လဲအလွန်စိတ်မကောင်းဖြစ်သွားကာသတ္တဝါတခုကံတခုလို့သာသဘောထားလိုက်ရသည်။
ထိုနောက်ဒေါ်ရင်ရင်စိတ်ထဲသေသွားသောမြွေသည်အထီးလားအမလားသိချင်နေသည်။
ထိုညမှာတော့ဒေါ်ရင်ရင်ဝမ်းနည်းစရာကောင်းသောအိမ်မက်ကိုမြင်မက်လေသည်။
အိမ်မက်ထဲတွင်တောင်ပို့ထဲမှဒဏ်ရာများသွေးအလိမ်းလိမ်းနဲ့မြွေတကောင်သည်ထွက်လာပြီး
ကုလားတယောက်ဖြစ်သွားကာမျက်ရည်များစီးကျနေသည်ကိုမြင်ရလေသည်ဒီအခါမှ
သေသွားသောမြွေသည်မြွေမဖြစ်မှန်းဒေါ်ရင်ရင်သိရကာစိတ်မကောင်းဖြစ်ရပြန်သည်။
ဒေါ်ရင်ရင်ထိုညမှာတော့ဘုရားရှိခိုးပြီးခြံထဲကအစောင့်အရှောက်များအားအထူးမေတ္တာပို့မိလေသည်။
နောက်တရက်တွင်နောက်ဖေးအိမ်ထဲမြွေဝင်ကာအကြီးကောင်အားမြွေပေါက်ခံရသည့်
အတွက်တအိမ်လုံးဆူညံနေကြသည်မြွေပေါက်ခံရသူအားဆေးရုံပို့ရင်းပေါက်သောမြွေအား
ရိုက်သတ်ကာယူသွားကြသည်ဟုဆိုပါသည်ထိုကောင်ဆိုးကလေးလဲဆေးရုံရောက်တော့ဆုံးသွားလေသည်။
ဒေါ်ရင်ရင်လဲသိလိုက်ပြီသူတို့နောက်ထပ်သတ်လိုက်သောမြွေသည်မြွေထီးဖြစ်မည်ဆိုတာကိုအတတ်သိနေသည်။
နောက်ရက်မှာတော့ဒေါ်ရင်ရင်ညဘက်အိမ်မက်မက်ပြန်သည်ဒီတခါအိမ်မက်ထဲတွင်
တောင်ပို့နားတွင်ကုလားနှင့်ကုလားမမောင်နှံနှစ်ဦးသည်ဒေါ်ရင်ရင်အားနုတ်ဆက်လေသည်။
””ငါတို့သွားရတော့မယ်—–နင်ပေးတဲ့အမျှလဲရပါတယ်—–နင့်ကိုကျေဇူးတင်ပါတယ်””’
ထိုသို့ပြောကာပျောက်ကွယ်သွားကြလေသည်။ဒေါ်ရင်ရင်လဲစိတ်မကောင်းစွာကြည့်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။
အဲဒီနောက်ပိုင်းမှာတော့ဒေါ်ရင်ရင့်ခြံထဲမြွေမောင်နှံကိုှမမြင်တွေ့တော့ပါအိမ်မက်လဲမမက်တော့ပါ။
မြွေမောင်နှံလဲဘဝပြောင်းသွာပြီဟုထင်မိပါသည်။
ပြီး
D Moe Moe
Leave a Reply