အရီးမယ်

ငါးလေးတွေ ဖြစ်
သွားတာတွေကျုပ်ရေးခဲ့ဖူးပါတယ်။

အရီးမယ်ခက ယာတွေအများကြီး ပိုင်တာဗျ။
ပဲနှုတ် နှမ်းနှုတ်လုပ်ဖို့ ရွာထဲမှာ လူငှားလို့
မရဘူးလေဗျာ။

အရီးဆိုရင် လူတွေ ရှောင်ကြတာ။ အရီးကလည်း
ရွာထဲက လူတွေက ဘယ်တော့မှ မခေါ်ဘူးဗျ။

သူတူတွေ တူမတွေကပဲ သူ့ပဲတွေ နှမ်းတွေကို
သိမ်းပေးရ။ သူတို့သိမ်းလို့ မနိုင်တော့ဘူးဆိုရင်
အရီးမယ်ခက ညဘက်ကြီး ယာထဲကို ထွက်သွား
ရောဗျ။ မနက်မိုးလင်းလို့ သူ့တူတွေတူမတွေ
ယာထဲဆင်းလာပြီဆိုရင် ပဲတွေ နှမ်းတွေက
အားလုံး နှုတ်ပြီးသားတွေတဲ့ဗျာ။

နှုတ်ယုံတင်မကပဲ အဆင်သင့် ပုံထားပြီးသား
ဗျ။ နှမ်းဆိုလည်း ထောင်ပြီးသားဗျ။

အဲ တစ်ခုတော့ရှိသဗျ။နှမ်းတွေပဲတွေ အားလုံးကို
သိမ်းပြီးပြီဆိုရင်တော့ အရီးမယ်ခက အိုးကြီးတွေ
နဲ့ အမဲသားတွေ အပြည့်ချက်တာဗျို့။

ကျုပ်က လှည်းမောင်းရတာပေါ့ဗျာ။ လှည်းပေါ်မှာ
ထမင်းအိုးဟင်းအိုးတွေ တင်ပြီး ရွာပြင်ထွက်။
ရွာပြင်မှာ ငှက်ပျောဖက်တွေခင်းပြီး ထမင်းနဲ့
အမဲသားဟင်းကို ဖက်တွေပေါ်မှာ လိုက်ပုံရတာဗျာ။

ပြီးတော့ အရီးမယ်ခက ကျွေးတော့မွေးတော့
တာပဲဗျို့။ သူ့ယာကို ကူသိမ်းပေးတဲ့ ကောင်တွေ
ဖြစ်မှာပေါ့ဗျာ။အရီးမယ်ခကတော့ ပါးစပ်က
ပွစိပွစိနဲ့ ပြောတာဗျ။

ကျုပ်ကတော့ ဘာမှ မမြင်ရဘူး။ အားလုံးကိစ္စ
ပြီးသွားရင်တော့ ကျုပ်က ကျန်နေတဲ့ဖက်ရွက်
တွေကို မြေကျင်းနက်နက်တူးပြီး မြှုပ်ပေးရ
တယ်ဗျ။ ထနောင်းကုန်း တစ်ရွာလုံးက အရီး
မယ်ခကို စုန်းမကြီးဆိုပြီး ဝိုင်းပယ်ထားကြပေ
မယ့် အရီးမယ်ခကတော့ သူ့ယာတွေ အများ
ကြီးကို အဆင်ပြေပြပဲ လုပ်ကိုင်နေတာပဲဗျို့။

တစ်ရက်ကြတော့ အရီးနဲ့ကျုပ်နဲ့ မီးလောင်ကုန်းက
ပြန်လာတဲ့လမ်းမှာ ကျုပ်တို့ရှေ့တည့်တည့်ကနေ
မြွေကြီးတစ်ကောင်ပြေးလာတာနေကို တွေ့လိုက်
ရတယ်ဗျ။

မြွေကဖြူတူတူကြီးဗျ။လူကြီးလက်မောင်းလောက်
ရှိတယ်။ အံသြစရာကောင်းတာက ခေါင်းမှာ
နီရဲနေတဲ့ အမောက်ကြီးပါတယ်ဗျ။

“တာတေ ရပ်နေ”

လို့ အရီးမယ်ခက ကျုပ်ကိုပြောပြီး သူရောကျုပ်
ရော ရပ်နေလိုက်ကြတယ်ဗျ။ ကောင်းကင်ကို
မော့ကြည့်တော့ သိန်းငှက်တစ်ကောင်ဗျ။ သြော်
ဒါကြောင့် ဒီမြွေကြီး အသက်လုပြေးတာလို့
ကျုပ်တွေးလိုက်တယ်ဗျ။

အရီးမယ်ခက ချက်ချင်းပဲ ကောင်းကင်က သိန်း
ငှက်ကြီးကို လက်ညှိုးနဲ့ထိုးပြီး မြေကြီးပေါ်ကို
ဖနောင့်နဲ့ ပေါက်ချလိုက်ရောဗျ။

“ဖုန်း”

ဟာ…သိန်းငှက်ကြီး မြေပေါ်ကို ပြုတ်ကျသွားပြီဗျို့။

ဟော…အမောက်နီတဲ့မြွေကြီးက အရီးမယ်ခကို
ခေါင်းလေးနှိမ့်ပြီး အရိုအသေ ပေးသလို လုပ်တယ်
ဗျ။ ပြီးတော့ ကျုပ်တို့ ရှေ့ကနေ လမ်းဘေးကို
ဆင်းပြီး ထွက်သွားတယ်။

“အရီး ဟိုသိန်းငှက်ကြီး သေသွားပြီလား”

“မသေပါဘူးဟယ်…သူ့ကိုငါသေအောင် မလုပ်ပါဘူး
ခဏကြာရင် သတိရပြီး ထပျံသွားမှာပါ။ငါဒီလိုမှ
မလုပ်ရင် ဟိုနဂါးသေမှာဟဲ့”

“ဟဲ့ အဲဒါ နဂါးလား အရီး”

“နဂါးလေ တာတေရယ် ခေါင်းပေါ်မှာ အမောက်
အနီကြီး မတွေ့ဘူးလား”

“တွေ့တယ်အရီး ကျုပ်က နဂါးဆိုတာ အကောင်
ကြီး အကြီးကြီးမှတ်လို့”

“ဒါက နဂါးမျိုးနွယ်ပေါ့ဟယ်၊ ဟိုအကောင်သိန်း
ငှက်ကလည်း ဂဠုန်မျိုးနွယ်ပေါ့တာတေရယ်”

ဒီတော့မှ ကျုပ်လည်း နဂါးမျိုးနွယ် ဂဠုန်မျိုးနွယ်
တွေကို သိသွားတာဗျ။

ခဏကြာတော့ ကျုပ် နောက်ကို လိုက်ကြည့်
လိုက်တယ်။

“ဟာ…ဟိုမှာ သိန်းငှက်ကြီး ထပျံသွားပြီး အရီး”

“အေး…သွားပစေ သွားပစေ”

လို့ အရီးက ပြောလိုက်ရောဗျို့။

အဲဒီနေ့က အရီးမယ်ခကို့ သူ့အိမ်ရောက်အောင်
ပြန်ပို့ပြီးမှ ကျုပ်အိမ်ကို ပြန်ခဲ့တယ်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ စိတ်ရွှင်လန်းကြပါစေ