ကျပ်ဘကြိုင်ပါ

ကျန်ခဲ့သည်။
ထိုအခါမျိုးဆိုငိုအားထက်ရယ်အားသန်ရမလိုပင်။
“””တံခါးလေးဖွင့်တာကြာလိုက်တာကိုထွန်းရယ်””””
မိန်းမဖြစ်သူမိပုအသံကြောင့်
အတွေးများလွင့်စင်ကာဝါးထရံ
တံခါးကိုဖွင့်လိုက်သည်။
“””အူးးးးးးးဝူးးးးးးဝူးးးးးး””
ထိုစဉ်ခွေးအူသံကြောင့်ကြက်သီးများပင်ထလာလေသည်။ခွေးအူသံကဆွဲဆွဲငင်ငင်နိုင်လှလေသည်။
“”ကိုကြီးထွန်းကျုပ်ပါဘကြိုင်”””
အမှောင်ထဲကမဲမဲ သဏ္ဌာန်ကဘကြိုင်ဟု
ဆိုလာသဖြင့်ဝါးလှေကားလေးမှအိမ်အောက်ဆင်းလိုက်သည်။
“”ဟာဒီချိန်ကြီးအင်္ကျီမပါဘာမပါ
ဘာလဲမင်းမိန်းမခင်နုအိမ်ပေါ်ကနှင်ချပြန်တာလားး”””
“”ထုံးစံအတိုင်းပေါ့ကိုကြီးထွန်းရာ”””
ဘကြိုင်ကစိတ်ပျက်သံဖြင့်ညည်းညူပြောလေသည်။
တကယ်တော့ဘကြိုင်ကသူ့ညီတစ်ဝမ်းကွဲဖြစ်သည်။
ထိုစဉ်နှာခေါင်းဝသို့ပုပ်အဲ့အဲ့အနံ့ကတိုးဝင်
လာလေသည်။ထွန်းလူက
“””ဟေ့ကောင်မင်းရေမချိုးဘူးလားကွ”””
“”အိမ်ပေါ်ကဆင်းလာတာ
နှစ်ရက်ရှိပြီဗျာရေမချိုးပဲအရက်ချည်းသောက်နေတာ
ဒီလောက်တော့ရှိမှာပေါ့””
ထွန်းလူစိတ်ထဲထင်လို့လားမသိ
အမှောင်ထဲတွင်ဘကြိုင်အသားမှာပိုမိုနက်ကြုတ်နေပြီး
မျက်လုံးများကပိုတောက်နေသယောင်။
“”ထမင်းမစားသေးဘူးမှလား
အိမ်ပေါ်တက်ခဲ့ကွာတူတူစားရအောင်”””
“””နေပါစေကိုကြီး ကျုပ်တစ်ကိုယ်လုံးညစ်ပတ်နေတာ
မတက်တော့ဘူး””
“””ငါ့ပုဆိုးလဲလည်းရတာပဲကွာ:-)”””
ဘကြိုင်က
“””နေပါစေဗျာကွပ်ပစ်မှာပဲအိပ်တော့မယ်”””
ဘကြိုင်ဆိုရင်ဇနီးကလည်းကြည့်မရတာမို့
ထပ်မခေါ်ဖြစ်တော့။ထမင်းတစ်ပန်းကန်နှင့်
နေ့လည်ကသူကွန်ပစ်ရာကရလာသော
ငါးကိုဆီတစ်စက်နှစ်စက်ဖြင့်ချက်ထားသော
မိပုလက်ရာဖြင့်ထည့်ပေးလိုက်သည်။
သူ့လုံချည်အဟောင်းတစ်လုံးလည်းပေးလိုက်သည်။
ဇနီးသည်ကဘယ်သူလဲဘာညာမေးကာ
တဖျစ်တောက်တောက်လုပ်နေသေးသည်။
မိပုအလွန်လည်းမဟုတ်ပါ
ဘကြိုင်ဆိုတဲ့ကောင်က မိန်းမသာယူထားသည်။
လက်ကြောတင်းတဲ့ကောင်မဟုတ်။
ခင်နုလုပ်စာထိုင်စားကာအရက်ကလေးတမြမြနှင့်
ဖြစ်သလိုနေသည်။
တစ်ခါတစ်ခါခင်နုနင်ချလျှင်ဒီလိုပဲ
ရောက်ရောက်လာတတ်သည်။
အိမ်အောက်အဖီကလုံလုံခြုံခြုံရှိတာမို့
ဘကြိုင်လိုကြုံရာကျပမ်းနေသော:-)
သူအဖို့ကျောချစရာဟန်ကျလောက်သည်။
စားသောက်ပြီးဘကြိုင်ရှိရာအဖီအောက်ကိုကြည့်လိုက်တော့
အိပ်နေပြီ။ ထွန်းလူတို့လည်းတစ်နေ့တာ
ပင်ပန်းသမျှအိပ်စက်ခြင်းဖြင့်အနားယူတော့မည်။
မနက်လင်းတော့
ဘကြိုင်တစ်ယောက်ဘယ်အချိန်ထသွားသည်မသိ။
စတီးပန်ကန်နှင့်ညကသူပေးသောသူ့
လုံချည်ကတော့ကွပ်ပျစ်တွင်ဒီအတိုင်းရှိနေတာတွေ့ရသည်။
~~~~~~~~~~~~~~~~

{၂}

~~~~~~~~~
နေကအတားအဆီးမရှိပူနေတာမို့
အင်္ကျီပါးလေးသာဝတ်ထားသောထွန်းလှ
ကျောမှာမဲပြောင်နေလေသည်။
ခဲကျင်သမားးရေပန်းထိုးသမားး
ပေါက်တူးကိုင်သမား
များဖြင့်တာဝန်ကိုယ်စီမအားလပ်ကြ။
ခဲမိုင်းတွင်းထဲမှအပေါ်မော့ကြည့်လိုက်ရင်တော့
ထီးအနက်ကြီးဆောင်း၍မျက်စိနှလုံးသာပေါ်သော
နေပူဒဏ်ကိုကာကွယ်ထားသောအဝတ်အစားများနှင့်
နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့်မန်နေဂျာ
များကအခန့်သားကြည့်နေတာတွေ့ရသည်။
ရေပန်းထိုးသော
ဖိုးထင်မှာ
ထွန်းလှနားကပ်ကာ
“”””ထွန်းလှရေဘကြိုင်မင်းဆီရောက်လာသေးလား
ညကငါ့နားလာအိပ်သွားတယ်
သူ့မိန်းမနှင်ချပြန်ပြီထင်တယ်”””
“””ဟာ့ငါ့ဆီလည်းဟိုနေ့ကရောက်လာတယ်”””
“”ဒီကောင်ကလည်းကွာ
မိန်းမရလာတာတော်အချိုးကမပြောင်းဘူး””
“”ဘယ်တတ်နိုင်မလဲကွာ သူ့အကျင့်နဲ့သူ”””
“””အေးကွာ”””
“””ဟိုနှစ်ယောက်စကားများမနေနဲ့လေ”””
အလုပ်သမားခေါင်းကိုစိန်မာန်မဲလိုက်တာကြောင့်
စကားစပြတ်သွားရသည်။
ဒီလိုနဲ့ဘကြိုင်မှာတစ်ပတ်အတွင်း
ဟိုအိမ်တက်လိုက်။ဒီအိမ်သွားလိုက်နှင့်
ဒီတစ်ခါမိန်းမနဲ့ပြန်ခေါ်တာကြာလှသည်ထင်မိသဒီ။
ဘကြိုင်အဓိကသွားတဲ့နေရာက
သူနှင့်ပတ်သက်ရင်းနှီးသူများဆီသာဖြစ်သည်။
~~~~~~~~~~~~~~

{၃}

ဇာတ်သိမ်း
~~~~~~~~~~~~~

တစ်နေ့
နေဝင်ရီတစ်ရောအချိန်
ထွန်းလူမှာအလုပ်ကပြန်လို့ခါးပင်မဆန့်သေး
ဖိုးထင်အပြေးအလွှားရောက်လာကာ
“””ဟေးးးထွန်းလူဟောဟဲ”””
ဖိုးထင်မှာအပြေးလာခဲ့ပုံရသည်။
“”ဘာဖြစ်တာလဲကွ”””
“””ညကညီပုတို့ညကတောလမ်းကနေခဲခိုးသွားတာ
တောထဲမှာအလောင်းတစ်လောင်းတွေ့လို့တဲ့
ညကကြောက်ပြီးသေချာမကြည့်ပဲ
ပြန်ပြေးလာကြတယ်တဲ့”””
“”ဟေဟုတ်လာ””””
“””အေးခုလူစုထားကြပြီ”””
ထွန်းလူလည်းမိပုကိုကလေးတွေဂရု
စိုက်ရန်မှာလိုက်ကာ
“”ဖိုးထင်””နှင့်လိုက်ခဲ့သည်။
အားလုံးလူတစ်ဆယ့်ငါးယောက်လောက်ရှိမည်။
ညီပုကိုတွေ့တော့
“”ဟေ့ကောင်သေချာလို့လားကွာ”””
ညီပုက
“”သေချာတယ်ဗျာဒီကောင်တွေမေးကြည့်
ပုပ်တောင်နေပြီလားမသိဘူး
အနံ့ဆိုးတာဗျာ”””
အချိန်ဆွဲမနေတော့ဘဲညီပုတို့သွားခဲ့သော
လမ်းအတိုင်းတစ်ဖွဲ့လုံးရှေ့ဆက်လိုက်သည်။
ဝက်သစ်ချပင်ကြီးနားရောက်တော့
ညီပုက”””””ညကတွေ့တာဒီနားဗျ”””
“””ဟာ့ဘာမှမရှိပါလားးး””””
“””အနံ့လေးတော့ရရ”””
ဖိုးထင်ပြောရင်းခြေထောက်ကတစ်စုံတစ်ခု
တိုက်မိသလိုယင်မဲရိုင်းကြီးဝဲကနဲထပျံသွားတာမို့
ငုံ့အကြည့်
“””လခွမ်းခေါင်းပြတ်ကြီးးးးး””””
ဖိုးထင်မှာငယ်သံပါအောင်အော်ကာ
ထခုန်လေတော့သည်။
ဟုတ်သည်အားလုံးဝိုင်းအုံကြည့်လိုက်ရာတစ်ကယ်ပင်
ခေါင်းပြတ်ကြီး။
အုပ်စုနဲ့ဆိုတော့အသည်းမငယ်ကြတော့။
အနံ့ကမခံသာအောင်ဆိုးတာမို့
နှာခေါင်းကိုပါလာသောအင်္ကျီများချွတ်ကာအုပ်လိုက်ကြသည်။
ခေါင်းပြတ်ကြီးမှာ
မျက်လုံးနေရာတွင်လောက်ကောင်ကြီးများမွစိထနေလေပြီ။
တစ်ချို့နေရာတွင်အသားစများပင်ပဲ့ပါနေတာမို့
ရုပ်ကိုခန့်မှန်းလို့မရတာမို့
မည်သူဆိုတာမပြောနိုင်ကြ။
သစ်ပင်ပေါ်တွင်ကြိုးကွင်းတွဲလောင်းတွေ့တာမို့
ဆွဲကြိုးချသေကြောင်းခန့်မှန်းရသည်။
ရက်ကြာလာတာမို့ဆွဲကြိုးချသေသည်နှင့်ဇက်ပြုတ်သွားပြီဖြစ်သည်။
ထို့ကြောင့်ခန္ဓာကိုယ်ဆွဲအားနှင့်
ဆွဲကြိုးချသောနိုင်လွန်ကြိုးအကြီးစားက
ပုပ်ပွလာသောအသားကိုဖြတ်တောက်ကာ
ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်သွားစေလေသည်။
“””ဟေ့တစ်ပိုင်းရှာကြပါဦး””””
“””ဒီမှာတွေ့ပြီ”””
တောင်ခါးပန်းစောင်းလိုနေရာလေးမှခေါင်းမပါသော
အလောင်းကိုတွေ့သွားချိန်မှာတော့ထွန်းလူမှာ
ပါးစပ်ဟောင်းသွားသလို
ဖိုးထင်အပါအဝင်
ဘကြိုင်ဒီတစ်ပတ်အတွင်းသွားခဲ့သော
ဘကြိုင်၏သောက်ဖော်သောက်ဖက်များပါပါးစပ်ဟောင်းသွားကြသည်။
ထို့နောက်တစ်ညီတစ်ညွတ်တည်းရေရွတ်လိုက်ကြသည်။
“””ဒါဒါဘကြိုင်”””””
ဟုတ်သည်။ခေါင်းမပါသော
အလောင်းကောင်တွင်ဝတ်ထားသော
လုံချည်မှာအသားရောင်အစင်းနှင့်နဂိုအနီရောင်
ဖြစ်ဟန်တူသောကရင်လုံချည်အမဲရောင်
ဘက်ကူးနေပြီဖြစ်သောနီညိုရောင်။
ဘကြိုင်လာခဲ့သော
အိမ်တိုင်းထိုလုံချည်နှင့်ချည်း”””
သတ္တိကောင်းသောလူငယ်အချို့ကမယူကာ
ခေါင်းပြတ်အနားကပ်ထားလိုက်သည်။
အနံ့ကမခံသာအောင်ဆိုးတာမို့
ဝေးဝေးရှဲသွားကြသည်။
ရွာသား၃ယောက်အားရွာလူကြီးနှင့်
ဘကြိုင်၏ ဇနီးဖြစ်သူခင်နုထံအကြောင်းကြားစေလိုက်လေသည်။
များမကြာမီခင်နုနှင့်ရွာလူကြီးများရောက်လာလေသည်။
ခင်နုမှာ
“”””အဖြစ်ဆိုးလှချည်လားကို ဘကြိုင်ရယ်
ရှင့်ကိုတကယ်သေလိုက်ဖို့ခင်နုမပြောပါဘူး
အီးးးးဟီးးးးး”””
ထို့နောက်ခင်နုမှာဘကြိုင်သည်အိမ်ကဆင်းသွား
သည်မှာတစ်ပတ်လောက်ရှိပြီဖြစ်ကြောင်း
ဒီကြားထဲအိမ်မပြန်ကြောင်းရှင်းပြလေသည်။
ဘကြိုင်အားစိတ်ဆိုးမာန်ဆိုးဖြင့်
“”နင်သေမှအေးမယ်ပြန်မလာနဲ့”””
ဟုပြောမိကြောင်းပြောလေသည်။
ထို့ကြောင့်မူးမူးနှင့်ထင်သလိုလုပ်လိုက်ခြင်းဖြစ်တန်ရာသည်။
ခင်နုဆီတော့ပြန်မသွားပေမယ့်
ထွန်းလူဖိုးထင်နှင့်သူသွားသော
သောက်ဖော်သောက်ဖက်မိတ်ဆွေများမှာပြန်စဉ်းစားရင်း
ကျောထဲစိမ့်လာခဲ့ကြသည်။
ထိုနေ့မှာပင်လူသေမှုမို့ရဲစခန်းအမြန်အကြောင်းကြားကာ
ခွင့်ပြုမိန့်ရသည်နှင့်
အလောင်းအားသရဏဂုံတင်ကာ
ပုပ်ပွနေပြီဖြစ်သော
အမြန်သဂြိုလ်လိုက်ရလေတော့သည်။
ဘကြိုင်အားးရေစက်ချအမျှဝေပြီးသည့်တိုင်
ထိုတောလမ်းအားယောင်၍ပင်အသုံးမပြုကြတော့ပေ။

 

The end.

Writer’ Mon Mon Khaingအားလေးစားလျက်